တင်းပုတ်ကြီးနဲ့ ထုသတ် လိုက်ပါရောလားဗျာ” “အို ဖြစ်မှဖြစ်ရလေကွာ၊ အင်း ဒီလိုင်းတွေက တော်ရုံတန်ရုံစရဏနဲ့ မရဘူးကွ” ပြောရင်းနဲ့ ကိုဂျာအေးက သူ့နှုတ်ခမ်းမွှေးကြီးကို လက်နဲ့ သပ်လိုက်သေးသဗျ။ “နို့ ကိုဂျာအေး အခု ဘာတွေလုပ်နေတုန်းဗျ” “ငါ ရန်ကုန်မှာနေတာကွ တာတေရ၊ ရန်ကုန်မှာ ပရိတ်ဘောဂဆိုင် တည်ထားတယ် ငါက လက်သမားမို့လားကွ၊ အခုလို ကြီးပွားလာတော့ ငါတတ်တဲ့ပညာနဲ့ပဲ လုပ်ရကိုင်ရတာပေါ့ကွာ “ “ဟာ ကောင်းတာပေါ့ ကိုဂျာအေးရာ၊ သိပ်ကောင်းတာပေါ့ဗျာ၊ နို့ အိမ်ထောင်ရက်သားရော ကျပြီလားဗျ” “မကျပါဘူးကွာ၊ ငါက ...
မြင့်သူ ပိတ်စပေါ်မှာ ကပ်ကျေးကို ရုတ်တရက် ကောက်ယူပြီး အား ကုန် ဆောင့်ထိုးပစ်လိုက်သည်။ “အား” ခါးမှ ကပ်ကျေးတစ်ဝက်ခန့် စိုက်ဝင်သွားသည်။ “ကောင်မ နင့်ကို ငါသတ်ပြီးမှ သွားမယ်” “ကဲ…ကြာ…ကဲကြာ” “စွပ်…စွပ်…””အား” သူ့လက်ထဲက ဓားမြှောင်နဲ့ အနီးကပ်ရှိနေသော မမြင့်သူကို အသက်ပျောက်သည်အထိ စိတ် လွတ်လက်လွတ် ထိုးစိုက်နေသည်။ အသက်ပျောက်သွားမှ လက်က လွှတ်လိုက် သည်။ သူ့လက်ထဲမှ အောက်သို့ ခွေကျသွား သည်။ ထိုစဉ် သူ့မျက်လုံးက အခန်းထောင့်မှာ ထိုင်ပြီး မျက်လုံးပြူးကာ ကြည့်နေသည့် ...
မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဦးခင်ရီတို့အိမ်သို့ထွက်လာခဲ့သည်။ ၎င်း၏အိမ်သို့ရောက်တော့ ဇနီးဖြစ်သူ ဒေါ်သန်းဌေးကိုအခန့်သင့်တွေ့ရသည်။ ဒေါ်သန်းဌေးသည် မနေ့ကကောက်လာသည့်ရေသန့်ဘူးခွံ၊ပုလင်းခွံများကိုအသန့်စျေးဖြင့်ရောင်းနိုင်ရန် ဆေးကြောနေလေသည်။ မမျိုးမျိုးကိုမြင်တော့ ဒေါ်သန်းဌေးက “ကလေးမ ဘာကိစ္စလဲ” ယင်းသို့မေးတော့ မမျိုးမျိုးက သူမ မက်ခဲ့သည့်အိပ်မက်အကြောင်းကိုအကျဥ်းချုပ်ပြောပြလိုက်ပြီး “အဲဒါပါပဲ။ဦးကြီးခင်ရီက သူ့အတွက် ဘုန်းကြီးတွေကို ဆွမ်းနဲ့သင်္ကန်းကပ်ပေးဖို့မှာလိုက်လို့လာပြောတာပါ” “အေးအေး ငါလုပ်လိုက်မယ်” ယင်းသို့တုံးတိပြောပြီး ဘူးခွံတွေသာဆက်လက်ဆေးကြောနေလေသည်။ မမျိုးမျိုးလည်း ပြန်လှည့်ထွက်လာခဲ့သည်။ နောက်ပိုင်းတွင်တော့ တကယ်ရော လုပ်ဖြစ်ရဲ့လားဆိုတာ သူမလည်းမသိရချေ။ +++++++++++++++++++++++++++++ မမျိုးမျိုး ဆယ့်ရှစ်နှစ်အရွယ်သို့ရောက်လာတော့ လူတစ်ယောက်ကို ခဏခဏအိပ်မက်မက်သည်။ ထိုလူသည်ရှပ်အင်္ကျီအဖြူလက်တိုကိုနှင့်တကွ ကွက်စိပ်ပုဆိုးကိုသေသေသပ်သပ်ဝတ်ဆင်ထားလေသည်။ ထိုလူကို အပြင်တွင်တစ်ခါမှမမြင်ဖူးချေ။ ...
ပေးရတာလေအမေရာ။ တခြားသူတွေ ကျိုခိုင်းရင် စိတ်မ ရှည်ကြတော့ မီးပြင်းတွေ ပေးလိုက်ရင် ဆေးအာနိသင် ပျက်မှာဆိုးလို့တဲ့ဗျို့” “အင်း…နင့်ဆရာတော်ကလည်း တာတေမှ တာတေ ဖြစ်နေတာနော်။ ကြည့်လေ ဆေး ကျိုတာတောင် တာတေကျိုမှ စိတ်တိုင်းကျ တာ ” ကျုပ်အမေပြောတာကို နားထောင်ရင်း နဂါးဆေးပေါ့လိပ်ကလေးဖွာနေလိုက်တယ်။ အမေပြောတာ ဟုတ်တော့လည်းဟုတ်သားဗျ။ သြော် …ဆရာတော်လည်း သက်တော်ကလေးရလာတော့ လူကြီးတွေ ရဲ့ သဘာဝကို ပြောင်းလာတာနေမှာပေါ့လို့ ကျုပ်တွေးလိုက်မိတယ်။ “တာတေရေ…တာတေ” “ဟဲ့ …ဘယ်သူတုံးတာတေ၊ ဝိုင်းဝက ခေါ်နေတာ” အမေက မျက်မှောင်ကလေးကြုပ်ပြီး ...
သေနတ်နဲ့လှမ်းပစ်တာနဲ့ မတက်ရဲဘဲ အိမ်ကိုပဲဝိုင်းထားရတယ်ဗျ” ဦးစံခိုင်တစ်ယောက် စိတ်ပူပန်သွားပြီး “ဘယ်လိုလုပ်ရမလဲကွာ၊ ဒီမှာကလေးက မွေးနေပြီကွ” ခင်ကြိုင်က “ထားလိုက်ပါသူကြီးရယ်၊ ခုနကပဲ ကလေးငိုသံကြားရပြီမဟုတ်လား၊ ခေါင်းထွက်နေရင်မကြာဘူးမွေးပါပြီဗျ၊ ရွာအရေးက အရေးကြီးပါတယ်ဗျာ” ဦးစံခိုင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် “ဟေ့ကောင်ခင်ကြိုင် မင်းသေသေချာချာစောင့်ကြည့်ထား၊ ကလေးမွေးပြီးရင် ဘာလေးမွေးတယ်ဆိုတာ ငါ့ကိုလာပြောစမ်းကွနော်” သူကြီးဦးစံခိုင်တစ်ယောက် သူဝတ်ဆင်ထားသည့် တောင်ရှည်ပုဆိုးကြီးကို ခါးတောင်းကျိုက်လိုက်ပြီးနောက် အိမ်ပေါ်မှပြေးဆင်းသွားလေရာ ဖိုးခွေးက သူကြီးကိုကြည့်ရင်း “သူကြီး၊ ဘာလက်နက်မှ မယူတော့ဘူးလားဗျ” “မယူတော့ပါဘူးကွာ၊ ဟေ့ကောင်ဖိုးခွေး မြန်မြန်လာကွ” သူကြီးဦးစံခိုင် ရွာအတွင်းသို့ အပြေးတစ်ပိုင်းဖြင့် ပြေးထွက်လာခဲ့သည်။ ဦးဘောဂတို့မှာ ...
မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလိုလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့နည်းများ ပါသေးလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေသည်။ ထို့ကြောင့် ကျွန်ုပ်က .. “ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတာဘူး၊ ဒါတွေ ဘယ်ပါပါ့မလဲ” ဟု ပြန်၍ပြောလိုက်လေသည်။ ထိုအခါ မုတ်ဆိတ်ဖြူကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ ပရုတ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း ...
မြေကြီးများနှင့် ရောလုံးနေသည့် မျက်နှာသုတ်ပဝါ အသေးလေးတစ်ထည်ကို တွေ့ရသည်။ မျက်နှာသုတ်ပဝါ ကလေး၏ အလယ်မှာ လက်ညှိုးလုံးခန့် မီးလောင်ပေါက်တစ်ခုရှိ၏။ ဆက်လက်၍ကြည့်လိုက်သောအခါ သေသူ၏ လက်ထဲမှာ ဆုပ်ထားသည့် ပစ္စည်းတစ်ခု၊ ယူကြည့်လိုက်တော့ အပြာရောင် ကော်ကြယ်သီးတစ်လုံး။ တွေ့ရှိ သက်သေခံပစ္စည်းများအား စနစ်တကျသိမ်းဆည်း၍ သက်သေ ခံ စာရွက်မှာ ဖြည့်စွက်သိမ်းဆည်းလိုက်သည်။ ရဲလုပ်ထုံးနှင့်အညီ မှတ်တမ်း တင်ဓာတ်ပုံများကို ရှုထောင့်အသီးသီးမှ ရိုက်ယူလိုက်သည်။ ပတ်ဝန်းကျင်ကို ဆက်လက် စူးစမ်းလေ့လာလိုက်သောအခါ အလောင်းမြှုပ်သည့်နေရာနှင့် ပေ (၂၀)ခန့်အကွာ မြေပြင်မှာ နီရဲသော သွေးကွက် များနှင့် ...
နောက်နေသူဖြစ်သည်။ “ဒေါ်မြကျင် မနက်ဆွမ်းဟင်းကောင်းကောင်းချက်နော် အခုတော့ ဆေးလိပ်တစ်လိပ်လောက် ပေးသောက်ပါဦး” “အင်း သည်အိမ်ရောက်ရင် ဗိုက်ထဲတစ်ခုခု မထည့်ရရင် မပြန်တဲ့ကောင် တစ်ခုခုမှ မရရင် ရေဖြစ်ဖြစ် သောက်သွားရမှ” “ဟဲဟဲဦးလေးတင်ဒို့ အစ်မမြင်ကျင်တို့လို သဒ်ဓါတရားကောငျးတဲ့ လင်မယား နောက်ကို သည့်ထက်ပိုပြီး ချမ်းသာအုံးမှာ” “အောင်ဝင်း” “ဗျာ’ “ဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက်ဆေးလိပ် တစ်လိပ် ပေးလိုက် မီးခြစ်ပါ တစ်ခါတည်း ယူခဲ့ကြ” “ဦးပုတင်ကြီးရောက်လာရင် တယ်အလုပ်ရှုပ်တာပဲ” “လူကြီးတွေရဲ့ သဒ်ဓါတရားကို မင်းကဖျက်ဆီးဦးမလို့လားကွ” “ကိုယ်ဟာကိုသောက်ချင်ရင် ကိုယ်ဟာကိုယ် ယူသောက်တာမဟုတ်ဘူး အင်း ...
စုန်းတွေတောင် ဒီ သစ်ခေါင်းပေါက် ဖိုးဝေကို ကြောက်နေရတယ် ၊ “ “သူက ဘာလို့ နှောက် ယှက်နေတာ လဲ ဗျ “ “ငါလည်း မသိပါဘူးကွာ ဒီကောင်လေး ရဲ့ ပါရမီကတော့ အံ့မခန်းပဲကွ အဲ့ဒါေကြာင့် တော်တော် များများ အေမှာင် ပညာသည် တွေက သစ်ခေါင်းေပါက် ဖိုးဝေကို ဆုံးမပေးဖို့ ငါ့ကို ပြောထားတာ သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ မင်းအရွယ် လောက်ပဲ ရှိဦးမယ် “ ...
ရောက်လာတယ် သူကပယောဂတွေကုတတ်တယ် သူအိမ်ရောက်တာနဲ့ကျနော်ကိုလာကြည့်တော့ မဟုတ်သေးဘူးဒါကရိုးရိုးတန်းတန်းဖြစ်တဲ့ရောဂါမဟုတ်ဘုူး ငါ့တူလေးစုန်းစာဖြစ်နေတာစုန်းစာဆိုတာ စုန်းတွေစားတဲ့အစားအစာပေါ့ ကျနော်အဖေကိုခေါ်ပြီးပြောတယ် အဖေကလည်းခွင့်ပြုတယ်အထက်လမ်းဖြင့်ကုဖို့ကို မထူးတော့ဘူး ကောင်းမယ်ဆိုဘာဖြစ်ဖြစ်လုပ်မယ်ပေါ့ ညရှစ်နာရီလောက်ပေါ့ ဦးလေးက ဘေးမှာထိုင်ပြီးကျနော် နဖူးကိုကိုင်ပြီးဘုရားစာရွှတ်နေသည် ကျနော်အားပြည့်လာသလိုခံစားနေရသည် ဦးလေးဘုရားစာရွှတ်နေတုန်း ဘယ်ဘက်ကမှန်းမသိတဲ့ မိန်းမတယောက်ရဲ့ကျယ်လောင်စွာအော်ရီသံကို ပတ်ဝန်းကျင်တခုလုံးကြားလိုက်ရသည်သူရီသံက အတော်ခြောက်ခြားဖို့ကောင်းတယ်ဗျ အားလုံးကြားရသည် ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည် ရီသံမာခနနေတော့ပျောက်သွားပြန်သည် ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ ငါကယ်လို့မရတော့ဘူးပြောတော့အမျိုးတွေကော မိသားစုတွေကောအားလုံးငိုကြကုန်သည် အမေကဦးလေးကို ငါ့သားကိုရအောင်ကယ်ပေးပါ လို့ပြောပြီးငိုနေရှာတယ် ဒါနဲ့အိမ်ဘေးကအဖိုးတယောက်ရောက်လာပြီး ကျနော်အဖေအား မင်းရဲ့သားကို ငါသိတဲ့ ဆရာတယောက်နားသွားကုကြည့်ပါလား ပြောလာတော့သည်အားလုံးကလည်းကုကြည့်ရန်တိုက်တွန်း ကြတော့သည် ခုတော့ညနက်နေပြီ ဘယ်လိုလုပ်မလည်း ...