အင်းဝိဇ္ဇာ

စုန်းတွေတောင် ဒီ သစ်ခေါင်းပေါက် ဖိုးဝေကို  ကြောက်နေရတယ် ၊ “

    “သူက ဘာလို့ နှောက် ယှက်နေတာ လဲ ဗျ “

    “ငါလည်း မသိပါဘူးကွာ ဒီကောင်လေး ရဲ့ ပါရမီကတော့ အံ့မခန်းပဲကွ  အဲ့ဒါ‌ေကြာင့် တော်တော် များများ အ‌ေမှာင် ပညာသည် တွေက သစ်ခေါင်း‌ေပါက် ဖိုးဝေကို ဆုံးမပေးဖို့ ငါ့ကို ပြောထားတာ သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ မင်းအရွယ် လောက်ပဲ ရှိဦးမယ် “

    “ဟုတ်လား ကျုပ်က ဘယ်လို ကူညီရမှာလဲ ဗျ”

    “အဲ့တာကို နောက်မှ ပြောမယ်ကွာ အခုတော့ ဦးအုန်း ပြန်လာရင် မင်းငါ့နောက် လိုက်ခဲ့ ဖို့ ခွင့်တောင်းရဦးမယ် ‘

    “ကျုပ်က ဦးပွကြီး နောက် လိုက်ရမှာလား “

    “အေးပေါ့ “

    ထို့‌‌ေနာက် အင်းဝိဇ္ဇာနှင့် မောင်ဘိုးထင်တို့ ဦးအုန်း အလာကို စကားတပြောပြော နှင့် စောင့်နေကြပါလေတော့သည် ။

    ◾အခန်း-၂

    ဦးအုန်း၏ အိမ်ရှေ့တန်းလျားတွင် ထိုင်နေသော အင်းဝိဇ္ဇာသည် ဦးးအုန်း ပြန်အလာကို ရေနွေးကြမ်း သောက်ရင်း စောင့်နေလေသည် ၊ အတန်ကြာသောအခါ ဦးအုန်းသည်  သူ၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်၊ ထို့နောက်
အင်းဝိဇ္ဇာသည် ဦးအုန်းထံမှ မောင်ဘိုးထင်ကို သူနှင့် အတူခေါ်သွားဖိုး ခွင့်တောင်းလေ၏၊

    “ကိုအုန်း ကျုပ် ‌ဒီကောင်လေးကို ခဏ ခေါ်သွားချင်တယ် “

    “အင်း ကောင်လေး လိုက်ချင်တယ် ဆိုရင်တော့ ခေါ်သွားပေါ့ အင်းဝိဇ္ဇာ “

    “ကောင်လေးက လိုက်မယ် ပြောပါတယ် “

    “လိုက်မယ် ဆိုရင်တော့ ခေါ်ပေါ့ဗျာ “

    ထို့‌ေနာက် ဦးအုန်းသည် မောင်ဘိုးထင်ဘက်လှည့်ကာ

    “ကောင်လေး အင်းဝိဇ္ဇာနောက်လိုက်ရင်  သူဆီက ပညာ ကောင်းကောင်း ယူခဲ့ ကြားလား “

    “ဟုတ်ကဲ့ပါ အဘ “

    ထို့‌ေနာက် အင်းဝိဇ္ဇာသည် ဦးအုန်းအားနုတ်ဆက်ကာ မောင်ဘိုထင်ဘက်သို့ လှည့်လိုက်ပြီး

    “ကောင်လေးရေ နေလေး မပူခင် သွားကြတာပေါ့ ငါတို့ အခုသွားရမဲ့ နေရာက ရိုးမတောကြီးကိုလေ”

    “ဟုတ်ကဲ့ ဦးပွကြီး သွားကြတာပေါ့ဗျာ “

    ထို့‌ေနာက် အင်းဝိဇ္ဇာ ဦးဆောင်မှု ဖြစ်မောင်ဘိုးထင်သည် အင်းဝိဇ္ဇာ ၏ နောက်မှ လိုက်ပါသွားပါလေတော့သည် ။

    ◾အခန်း

    အင်းဝိဇ္ဇာ ပွကြီး နှင့် မောင်ဘိုးထင် ခရီးသွားရာ တရက်မျှရှိပြီ ဖြစ်သည် ၊ ရွာတရွာပြီး တရွာကို ကျော်ကာ ခရီးဆက်လာ ရာ  တွေ့သည် ဇရပ် များတွင် အိပ်ကြရသည် ၊ အစားဆင်းရဲ အနေဆင်းရဲ လှသော ကြောင့် မောင်ဘိုးထင်သည် သူ၏ စိတ်ထဲတွင် အင်းဝိဇ္ဇာ လုံးဝ ဖြစ်ချင်သည် စိတ် ဆန္ဒ မရှိပေ ၊  အင်းဝိဇ္ဇာမှ အင်းရေးဆွဲနည်း သင်ပေးသည်ကိုပင် အကြောင်းပြချက် အမျိုးအမျိုး ပေးကာ ငြင်ပယ်နေသည် ၊ သို့ပေမဲ့ အင်းဝိဇ္ဇာသည် လက်မလျှော့ မောင်ဘိုးထင်အား သူ၏ အင်းအကြောင်းကို ခရီးသွားရင်း အမြဲပြောပြ‌‌နေသည်၊ ထို့ကြောင့် မောင်ဘိုးထင်သည် အင်းဝိဇ္ဇာ ပွကြီးကို ကြည့်ကာ

    “ဦးပွကြီး အင်းဝိဇ္ဇာဆိုတာ ဘာလဲ ဗျာ  ဦးပွကြီးက တကယ် အင်းဝိဇ္ဇာလား “

    ‌မောင်ဘိုးထင်၏ စကားကြောင့် အင်းဝိဇ္ဇာပွကြီးသည် မောင်ဘိုးထင်ကို  စောင်းငဲ့ကြည့်က တချက်ပြုံးလိုက်ပြီး

    “ကောင်လေး တကယ်တော့ ငါက အင်းဝိဇ္ဇာမဟုတ်ဘူး ကျွမ်းကျွမ်း ကျင်ကျင် တက်မြောက်ထားတဲ့ အဆင့်ပဲ ရှိသေးတယ် အရပ် စကားပုံ နဲ့ ပြောမယ် ဆို အနူတောမှာ လူချောပေါ့ကွာ တကယ့်ပညာရှင် ဝိဇ္ဇဓိုရ် ကြီးတွေရဲ့ ခြေမှုန့် လောက်တောင် မရှိပါဘူး ငါနဲ့ တွေ့ဘူးတဲ့ သူတွေက ငါ့ရဲ ကျွမ်းကျင်ပြီး ပေတံမလိုပဲ အင်းဆွဲနိုင်တဲ့ ပုံစံကို ကြည့်ပြီး အင်းဝိဇ္ဇာလို့ ခေါ်ကြတာ ငါလည်း အစက မခေါ်ဖို့ တားပါသေးတယ်ကွာ နောက်တော့လည်း အဲ့လို အခေါ်ခံရတာတောင် အရသာ တွေ့ သလို ဖြစ်လာတယ် ကောင်ရေ “

    “ဪ အဲ့လိုလား “

    “ကောင်းလေး ဝိဇ္ဇာဆိုတာ လွယ်လွယ် နဲ့ မဖြစ်ကွာ ငါလို ကြံပွသည် လုပ်လိုက် နွားပွဲစား လုပ်တဲ့သူက ဂန္ဓာရီဝိဇ္ဇာ ထဲမှာပါတဲ့ အင်းဝိဇ္ဇာ ဖြစ်မတဲ့လား ကောင်ရယ် မင်းတို့အောက်လမ်း
တွေ စုန်းတွေ ကဝေတွေ ကြားမှာတော့ ငါက အင်းဝိဇ္ဇာကြီးပေါ့ ကွာ တကယ် လက်တွေ့တော့ ဟားးးးဟားးးဟားး”

    ဦးပွကြီးသည် သူအင်းဝိဇ္ဇာ မဟုတ်ကြောင်းကို မြိန်ရည်ချက်‌ရည်ဖြစ် ပြောနေလေသည် ၊ သူပြောသည်က မှန်ပေသည် ၊ အင်းဝိဇ္ဇာဆိုသည် မှာ ဂန္ဓာရီ ဝိဇ္ဇာစားရင်းဝင် ဖြစ်၍ လွယ်လွယ် နှင့် မဖြစ်နိုင်ပေ ၊  အင်းကွက်ချရာ နှင့် အင်းဆန်ထည့်ရာမှာ ကျွမ်းကျင်လွန်းသလို ငါးပါးသီလ လုံသော ဦးပွကြီး၏ အင်းသည် အစွမ်းထက်လွန်းသည့်အတွက်  သာမာန်လူသားများနှင့် အမှောင်ပညာသည်များက အင်းဝိဇ္ဇာဟု သမုတ်ကြချင်းပေ ၊မည်သို့ဆိုစေကာမူ မောင်ဘိုးထင်သည်  ဦးပွကြီးကိုတော့ လေးစားမိသည် ၊ သူတက်ထားသော ပညာဖြစ် ငွေရှာက ငွေများရနိုင်ပေမဲ့ သူမရှာပါ မတော်လောဘဖြစ်ရသော ငွေသည် သူအတွက် အကျိုးမဖြစ်နိုင်ဟု ပြောဘူးသလို နာမည် သေမှ ငွေရသည့် အလုပ်မျိုးသူမလုပ်ဟု ယတိပြတ်ဆိုလေသည် ၊မောင်ဘိုးထင် အင်းဝိဇ္ဇာ ပွကြီးကြောင်းတွေး နေစဉ် ဦးပွကြီးမှ သူ့အားစကားဆိုလာလေသည်

    “ကောင်လေး ဟေ့ကောင်လေး ‘

    “ဗျ ဗျာ”

    “မင်းဆိုသည်မှာလည်း တွေးလိုက် ငေးလိုက်ရန်ကော “

    “ဦးပွကြီးအကြောင်းတွေးနေတာပါ ဗျာ ပြီး‌တော့  ဦးပွကြီးနဲ့ ကျုပ် အဘ ဘယ်လို သိတာလဲဆိုတာ သိချင်နေတာ “

    “အဲ့တာတွေက နောက်မှ ပြောမယ် ငါတို့ သွားရမဲ့ ရိုးမတောထဲ ရောက်ခါနီးပြီး အဲ့ မှာ ပညာသည်တွေကြည့်နေတဲ့ ရွာရှိတယ်ကွ ငါပြောတဲ့ သက်ခေါင်းပေါက် ဖိုးဝေက အဲ့ရွာက ပညာသည်တွေကို ဒုက္ခပေးမယ် သတင်းကြားထားလို့ ငါ့ကိုခေါ်ထားတာဟေ့ “

    ‌ေမာင်ဘိုးထင်သည် ဦးပွကြီး ပြောပြော နေသော သူနှင့် ရွယ်တူ သစ်ခေါင်းပေါက် ဖိုးဝေ ကို အတော် အထင်ကြီးနေမိသည် ၊ သူအရွယ်လေး နှင့် စုန်းတွေ ကဝေတွေသည် သူ့အား ကြောက်ရသည့်အတွက် ဦးပွကြီးကို ကာကွယ်ဖို့ ခေါ်ရသည် မဟုတ်ပါလား ၊ ထို့နောက့် ဦးပွကြီးသည် စကားဆက်ဆိုလာလေသည် ၊ ‌

    “ကောင်လေး ငါတို့ ဒီညတော့  ထုံးစံ အတိုင်း ဇရပ်မှာ အိပ်ရမယ်ဟေ့ အခု ဇရပ်ကတော့ ရွာနောက်ဘက်က သင်္ချိုင်းက ဇရပ်ပေါ့ကွာ မင်းက ရွာထဲသွား ရော့ ငွေ နှစ်ကျပ် “

    “ထမင်းဖြူ နဲ့ အကြော်ပဲ မဟုတ်လား “

    “ဒါပဲ ပေါ့ကွာ ထမင်းဆိုင်”

    “ထမင်းရောင်းတဲ့ဆိုင်  မရှိရင် အိမ်တအိမ်  ဝင်ပြီးဝယ် ဒါပဲ ထက်ပြောမှာ မဟုတ်လား “

    “ဘိုးထင် မင်းကို ခေါ်လာရတာ သိပ် အသုံးဝင်တယ်ကွာ “

    “ဘာအသုံးဝင်တာလဲ ထမင်းတောင်း ခိုင်တာနဲ့ အကြော် ဝယ်ခိုင်းတာကိုလား “

    ‌”ဟာ မင်းကလည်းကွာ “

    မောင်ဘိုးထင်သည် ဦးပွကြီး၏ နောက်ထပ်စကားကို မစောင့် ရွာထဲသို့သွားပြီး  ထမင်းဖြူ နှင့် အကြော် သွား၍ ဝယ်လိုက်ပါလေတော့ သည် ။

    ◾အခန်း-၃

    မောင်ဘိုးထင်သည်  ညနေအချိန် ရွာသင်္ချိုင်း  ဇရပ်မှ နေ၍ ရွာလေးထဲသို့ တယောက် တည်း သွားနေသည် ၊ ရွားလမ်းတလျှောက် လိုက်ကြည့်ရာ ဈေးသည်ဟု၍ မတွေ့ပေ သူဟိုကြည့် ဒီကြည့်နှင့် ရွာလယ်လမး်အတိုင်း လမ်းလျှောက်နေစဉ် သူ၏ရှေ့တည့်တည့်တွင် ရေအိုး ရွက်လာသော အမျိုးသမီးကြီးတဦးအား မေးလိုက်လေတော့သည်

    “ဗျို့ အရီးလေး ဒီရွာလာမည်က ဘာတဲ့လဲဗျ”

    “ဂွေးကောက် ရွာ “

    “ဗျာ ဘာ ဘာရွာ “

    “ဂွေးကောက်ရွာလို့ပြောတာ ကောင်လေးရဲ့ “

    “အရီးတို့ ရွာနာမည်ကြီးကလည်း ပေးစရာရှားလို့ ဗျာ “

    “အဲ့တာတော့ ငါလည်း မသိဘူး  ရှေးလူကြီးတွေပြောတာတော့ ရွာအဝင်မှာ ဂွေးပင်ကောက် ကြီး ရှိလို့ ဂွေးကောက်ရွာ လို့ ပေးတယ်ဆိုပဲ “

    “ဟ ကျုပ်တို့ ရွာအဝင်က လာတာ ပါ ဘာဂွေးပင် ကောက်ကြီး မှ မတွေ့ပါဘူး ဗျာ ”

    “တယ် ဒီကောင်လေးကတော့ လျှာအတော်ရှည်  အဲ့အပင်ကြီးက ငါတို့ငယ်ငယ်တည်းက မရှိတော့တာဟဲ့ သေချာတာတော့ ဂွေးပင်ကော က် ရှိခဲ့တယ် “

    “အေးပါဗျာ အရီးရဲ့ ဂွေး ကောက်”

    “ဟဲ့ကောင်လေး နင်ဘာစကားပြောတာ လဲ “

    “အပင်ထည့်ဖို့မေ့သွားလို့ပါဗျာ ကျုပ်သိချင်တာ က အကြော် ရောင်းတဲ့ သူမရှိဘူးလားဗျ ကျုပ်ထမင်းကော အကြော်ကော ဝယ်ရမှာ “

    “အကြော်သည်က ငါ့အိမ်နားမှာပဲဟဲ့ လိုက်ခဲ့ ထမင်းဖြူကတော့ တို့ရွာမှာ မရောင်းဘူး ငါပေးလိုက်ပါမယ် နင့်ကြည့်ရတာ ဒီနယ်က မဟုတ်ဘူးထင်တယ် “

    “မဟုတ်ဘူးဗျာ ကျုပ်က ပေပင်ရွာက “

    “ပေပင်ရွာဆို အဝေးကြီးပဲ လာလာ  အကြော် ကြော်တဲ့ မကုလားမ က ငါ့အိမ်နောက်ဘက်မှာပဲ “

    မောက်ဘိုးထင်အား ပြောပြောဆိုဆို ရေအိုးရွက်ထားသော အရီးသည် ရှေ့မှ သွားရာ  မောင်ဘိုးထင်သည်လည်း ထိုအရီး၏နောက်မှ နေ၍ လိုက်သွားလိုက်ပါလေတော့သည် ။

    ◾အခန်း-၄

    မောင်ဘိုးထင်သည် လမ်းမှာတွေ့သော အရီးတ‌‌ေယာက်ထုပ်ပေးလိုက်သည် အင်းဖက်နှင့် ထမင်းထုပ်ကိုကိုင်ထားသည် ထိုအရီးသည် သဘောကောင်းလွနး်လှသူဖြစ်ကာ ထမင်းတင်မက သူ၏ အိမ်တွင်  ချက်သော ဟင်းပါ ထည့်ပေးလိုက်သေးသည် ၊ ငွေပေးက ငွေ‌ေပးရမလားလို့ စိတ်ပင် ဆိုးနေလေရာ ငွေကို မပေးရဲတော့ပေ၊ ထို့နောက်  အရီးအိမ်၏ နောက်ဘက်တွင် ရှိ‌ေသာ အကြော်ရောင်းသည် မကုလားမ  အကြော်ဖိုဘေးတွင် ထိုင်နေလေ၏ ၊ မကုလားမသည် စင်စစ် ဗမာအမျိုးသမီးကြီးဖြစ်သည် ၊ ရွာထဲက အသားအမဲသူများထဲမှ အမဲတကာထိပ်ခေါင်ဖြစ်နေ၍ ထိုနာမည်ကို ရချင်းဖြစ်သည် မကုလားမသည် အသားသာမဲသည် စိတ်နှလုံးက အတော်ဖြူသည့် ဟန်က အတိုင်းသာ‌ေပါ်နေလေသည်၊ အဘယ်ကြောင့်ဆိုသော သူမ၏ မျက်နှာတွင် ပေါ်နေသည်ထက် သူမ၏ ယောက်ျားဖြစ်သော ဘူးသီးလှီး နေသည် လူကြီး၏ ပြောစကားကြောင့်ဖြစ်သည်

    “တို့မိန်းမ ကုလားမတို့ကတော့ ရွာကလူတွေက အ‌ေကြာ်တွေ တန်တယ် တန်တယ်ဆိုတာနဲ့ ငါ့ဘူးစင်က ဘူးသီးလည်း ကုန်တော့မယ် အခုထိအမြတ်ကမရဘူး ငါမှာ‌ေတာ့ ဘူးသီးလှီး ဆန်မှု့န် ကြိတ်ရတာနဲ့ လူလည်း လူရုပ်မပေါ်တော့ဘူး  အကြော်ကြီးတွေက အကြီးကြီး တန်လိုက်တာ လို့ပြောလိုက်တာ နဲ့ ‌ဇကောနဲ့ အကြော်မှား ကြော်လားထင်ရတယ် နောက် နှစ်တော့ ဒီအိမ်ရှိရင်ကံကောင်း “

    “တော်ကလည်း ရှေ့မယ် ဈေးဝယ်သူရှိနေတာကို ဘာတွေ လျှောက်ပြောနေတာလဲ မလှူနိုင်ရင် ဈေးရောင်းတဲ့ “

    “အေးပါဟာ အေးပါ ငါ့က လယ်လုပ် လိုက်ရ နင့် အကြော် ကြော်တာကို ကူလိုက်ရနဲ့ ငါတော့ တဖြည်းဖြည်း နဲ့ လုံးပါးပါးပြီ’

    မကုလားမသည် သူမ၏နောက် စားပွဲခုံတွင် ဘူးသီး လှီးနေသော သူမ၏ ‌ေယာက်ျားအား မျက်စောင်းတချက်ထိုးကာ မောင်ဘိုးထင်ကို ကြည့်ပြီး

    “ငါတူက ဒီနယ် က မဟုတ်ဘူးထင်တယ် “,

    “ဟုတ်တယ် ဗျ ကျုပ်က ပေပင်က “

    ” လေးကြီးကတော့ ကြားတောင် မကြားဖူးဘူး”

    “အင်း အတော် လှမ်းတာကို ဗျ”,

    “,ကဲ ဆီပူတော့မယ် ခဏပဲစောက့်  ဒီနေ့ အကြော် ကြော် တာ နောက်ကျတယ် ကွဲ့ “

    “ဟုတ် ရပါတယ်ဗျ “

    “မင်းတို့ ဘယ်မှာ တည်းနေတာ လဲကွ”

    ဘူးသီးလှီးနေသော လူကြီးသည် မောင်ဘိုးထင်အားမေးလိုက်ချင်းဖြစ်သည်

    “ရွာနောက်ဘက်က ဇရပ်မှာ နေမလို့ပါ “

    “ဟာ ဘယ်ဖြစ်မလဲ မင်းတို့ တည်းစရာ မရှိရင် ငါ့အိမ် လာတည်း ကြားလား “

    “အဖော် တယောက်ပါသေးတယ် သူက အင်း ပညာတွေကို အတော် တော်တဲ့ သူတ‌ေယာက်ဗျ “

    “အင်းဆို တာ ဘာလဲ ကွ ‘

    “ကျုပ်လည်း သိပ်မသိပါဘူးဗျာ အကွက်လေးတွေထဲ ဂဏနး်တွေ ရေးနေတာပဲ “

    “ဟို သရဲတွေဘာတွေ ထုတ်နိုင်လား”

    “ထုတ်နိုင်လောက်တယ်ဗျ “

    “ထုတ်နိုင်တယ်ဆိုရင်တော့ တို့ကို ကူညီ စမ်းပါဦး”

    “ဘာလို့လဲ  ဦးလေး “

    “မင်းကို ထမင်းပေး တဲ့ အိမ်အရှေ့က အိမ်မှာ ညနေဆို သရဲ ဝင်ဝင် ပူးနေလို့ဟေ့ အဲ့တာ ကူညီနေတာ နဲ့ အကြော် ကြော်တာ နောက်ကျနေတာ “

    “ဘယ်လို ဝင်ပူးတာလဲဗျ “

    “မသိပါဘူးကွာ ညနေဆိုရင် ဒီကောင်က အရက်တပုလင်း နဲ့ ကြက်တကောင် ကျွေးရတယ် အဲ့လို ကျွေးရင် ကောင်းသွား ပြန်ရော  အထက်လမ်း ဆရာတွေလည်း ဆုံနေပြီ အခုတိ အရှင်းမပျောက်သေးဘူးဟေ့ “

    “ကျုပ်ကို လိုက်ပြပါလား ဦးလေး ကျုပ်က ဆရာတွေ အနောက်မှာ လိုက်နေတာဆိုတော့ နည်းနည်းတော့ နားလည်နေပြီ “

    မောင်ဘိုးထင်၏ စကားကြောင့် အကြော်သည် ဒေါ်ကုလားမ နှင့် သူမ၏ ‌ေယာကျာ်းသည် တ‌ေယာက် မျက်နှာ‌တယောက်ကြည့်လိုက်ကာ မကုလားမ မှစကားဆိုလိုက်သည်

    “ကိုသောင်းဟန် ကောင်လေး  ကြည့်ရတာတေ့ သာမာန် ကလေး တ‌ေယာက် ပံုတော့ မဟုတ်ဘူး ရှင်သွားပြပေးလိုက်ပါလား ဘူးသီးလည်းလှီးလို့ ပြီးပြီ ဆိ‌ုတော့”

    “အေး အေး ငါသွားပြလိုက်မယ် “

    ထို့နောက် ဦးသောင်းဟန်သည် မောင်ဘိုးထင်ကို ခေါ်ကာ သရဲဝင်ပူသည်ဆိုသော လူ၏ အိမ်သို့ ထွက်ခွာသွားကြပါလေတော့သည်။

    ◾အခန်း-၅

    မောင်ဘိုးထင်သည် သူ၏ ခြေစာမှုန်ကို မျက်လုံးတွင် ကွင်းပြီး သရဲ တစ္ဆေများကို  မြင်နိုင်စွမ်း အောင်ပြုလုပ်လိုက်သည် ၊ ဦး‌ေသာင်းဟန်သည် သရဲဝင်ပူးသောသူ၏ အိမ်ဝိုင်းထဲသို့ ဝင်လိုက်၏၊ သူတို့ အိမ်ဝိုင်းထဲ ဝင်လိုက်သည် နှင့် အသက်အရွယ် ငါးဆယ်ကျော် အမျိုးသမီးကြီးတဦးသည် ဧည့်ဝတ်ပြုလေသည်

    “သောင်းဟန် လာလာ  ငါလည်း နင်တို့ နဲ့ အိမ်နောက်က မမုန်းတင် တို့ကိုပဲ အားကိုး နေရတာ “

    ထိုအမျိုးသမီးကြီးပြောသော မမုန်းတင်ဆိုသူမှာ မောင်ဘိုးထင်အား ထမင်းပေးသော အရီးဖြစ်သည် ၊ဦးသောင်းဟန်သည် ထိုအမျိုးသမီးကြီးကို စကားပြန်ပြောလေသည်

    “ရပါတယ် အမကြီးရ ဒါနဲ့ တင်‌ထူး ကောင်းသွားပြီလား “

    “အခု‌ေတာ့ အရက် နဲ့ ကြက်ကြော်ကို စားနေတာပဲ ငါလည်းဟယ် အရက် နဲ့ ကြက်ကြော် ဖိုးနဲ့ တင် မလွယ်တော့ဘူး ဒီကောင်ကို ပူးတဲ့ သရဲကလည်း အချေအနေကြည့်တက်သား ငါငွေ ပျက်နေပြီဆို ငြိမ်နေတာ ငွေလေးများ ရွှင်လာပြီဆို ဒင်းက ပူးပြီ “

    “အင်း သရဲကော ဟုတ်ရဲ့လား အရီး”

    မောင်ဘိုးထင်မှ  ဝင်ရောက် မေးမြန်းသောအခါ အမျိုးသမီးကြီးသည် ဦးသောင်းဟန်ကို ကြည့်ကာ

    “သောင်းဟန် ဒါ ဘယ်က က‌ေလးလဲဟဲ့ “

    “ရွာဇရပ်မှာ တည်းနေတဲ့ အင်း ဆရာဆိုလား ဘာလား သူရဲ့ တပည်ပါ “

    “အော် သရဲ ထင်တာပါပဲကွယ် အစက အရီးလည်း မယုံဘူး ဒီကောင်က ထိုင် ရက်သားကြီး‌ နာက်ကျွမ်း ပြစ်ပြလိုက်တော့ အရီး ယုံသွားတာ အိမ်တိုင် တွေလည်း ဖက်တက်တယ် ပြီးတော့ အထုတ်တန်းတွေ ပေါ်ကလည်း ခုံချနေတာ “

    “ဟုတ်လား အဲ့တာ ဆို ကျုပ်  အပေါ်တက် ကြည့်လို့ ရမလား “

    “ရတယ် ရတယ် “

    မောင်ဘိုးထင်သည်  ဦးသောင်းဟန် နှင့် အတူ အိမ်ပေါ်သို့ တက်ကြည့်လိုက်သည် ၊ အိမ်ပေါ်တွင်‌ေတာ့  မည်သည့် တစ္ဆေ သရဲမှ မရှိပေ အိမ်အနေအထားကို ကြည့်လိုက်သော ၊ အိမ် အထုတ်တန်း နှင့် အိမ်ကြမ်းပြင်က သိပ်မမြင့်ပေ  အိမ်သည် ပျဉ်ထောင် ပျဉ်ခင်းအိမ် ဖြစ်ကာ အထုတ်တန်းမှ အောက်သို့ ခုန်ချက သူပါ ခုန်ချနိုင်သည် ဟုတွေးလိုက်မိသည် ၊ အိမ်တိုင် တွင် လည်း မသိ မသာ အထစ်ကလေးများထစ်ထားသည်ကို မောင်ဘိုးထင် တွေ့လိုက် ရပြန်သည် ၊  အိမ်ဦးခန်းတွင်တော့ သကောင့်သား သရဲပူသူသည် အရက် နှင့် ကြက်ကြော် ဖြစ် စည်းစိမ် ယစ်နေလေသည် ၊ မောင်ဘိုးထင်သည် အိမ်ပိုင်ရှင် အရီးကို ကြည့်ကာ

    “အရီးသားက အရင်က အရက်သောက်တက်လား “,

    ” သောက်တက်တယ် အရက်ကြွေးတွေ တင်လို့  အရက်ဆိုင်ကတောင် အရီးဆီ အ‌ေကြွးတောင်းသေးတယ် အရီးက ဆပ်စရာလား အေ “

    “အိမ်ထုတ်တန်းပေါ်တက် တာ ဒီတိုင်က‌ေနတက်တာလား အရီး “

    “ဟုတ်တယ် “

    “အရီး အိမ်မှာ  ဝက်ဆီ ရှိလား ‘

    “ရှိတော့ မရှိဘူး ရှာလိုက်မယ် “

    “အင်း အဲ့တာဆို ကျုပ်ဆရာသမားဆီ ခဏသွားပြီး အင်းတောင်း လိုက်ဦးမယ် ချက်ချင်းပြန်လာခဲ့မယ် နော် “

    “အေးအေး ကောင်လေး “

    မောင်ဘိုးထင်သည် အိမ်ပိုင်ရှင် အရီး နှင့် ဦ‌းသောင်းဟန်ကို နုတ်ဆက်ကာ ဦးပွကြီးရှိသော ဇရပ်သို့  ထမင်းထုပ်ကို ဆွဲကာ ထွက်လာလိုက်တော့သည် ၊ သကောင့်သား အရက်သမားသည်က ကြက်ကြော်လေး ကိုက်လိုက် အရက်လေးမော့လိုက်နှင့် သူ၏ အမေနှင့် ဦးသောင်ဟန်ကိုပင် ဂရုမစိုက်နိုင် ဖြစ်နေပါလေတော့သည် ။

    ◾အခန်း-၆

    “ကောင်လေး ကြာလိုက်တာကွာ ငါက မင်းကို ထမင်း နဲ့ အကြော် ဘဝ ရောက်နေပြီတောင်ထင်တာ “

    “အဲ့တာ နောက်မှ ပြော ရော့ဒီမှာအကြော် နဲ့ ထမင်း ကျုပ်ကို တခု လောက်ကူညီဦး ဦးပွကြီး “

    “ဘာတွေကူ ညီရမှာ လဲကွ “

    “ရွာထဲ မှာ လူပူး‌တ‌ေယာက်  သရဲဝင် ပူးတယ် ဆိုပြီး လုပ်စားနေတယ်ဗျ ကျုပ် ပညာနဲ့ ကြည့်တော့ ဘာသရဲ မှ မရှိဘူး အဲ့တာ ကျုပ် ဘယ်လို လုပ်ရမလဲ “

    “သူပူးတဲ့ ပုံစံကို မင်းသိလား “

    “သိတယ် အိမ်တိုက်ကိုအထစ် တွေ ‌ထစ်ပြီး အိမ်ထုတ်တန်းပေါ် တက်ပြီး ခုန် ချပြလိုက် ထိုင်ရက် ခုန်ပြလိုက် ဂျွန်းပြစ် ပြလိုက်လုပ်ပြီး လုပ်စားနေတာ “

    “အေး မင်ကအတော်ကို လျှင်တဲ့ ကောင်ပဲ လူပူးရဲ့ အထာကို ချက်ချင်း သိတယ် မင်းတော်တယ် “

    ထို့‌ေနာက်   ဦးပွကြီးသည် သူ၏လွယ်အိတ်ထဲမှ ဆီစိမ် စက္ကုလေး တရွက်ကို ပေးကာ

    “ရော့ ဘိုးထင် မင်း ဒီ အင်းကို အဲ့ကောင်နားထားလိုက် သူဝင်ပူး‌ေယာင်‌ေဆာင်တာနဲ့ သူရဲ့ မျက်လုံးထဲမှာ ဒီအင်းက အင်းစောင့်ကို မြင်နေရလိမ့်မယ်  မြင်နေရတာနဲ့ အင်းစောင့်က အဲ့ကောင်ကို ခြိမ်းခြောက်လိမ့်မယ် ဒီကောင် နောက်တခါ ဟန်မဆာင်ရဲ စေရဘူး စိတ်ချ “

    မောင်ဘိုးထင်သည် ဦးပွကြီးပေးသော အင်းစာရွက်လေးကို ယူကာ ရွာထဲ သို့ အသောနှင်း သွားပါလေတော့သည် ။

    ◾အခန်း-၇

    ‌ေမာင်ဘိုးထင်သည် သရဲပူးသည်ဟု  ဟန်‌ေဆာင်သော သူ၏ အိမ်သို့ ပြန်ရောက်လာ၏ ၊ သူပြန်ရောက်ချိန်တွင်‌ေတာ့ အိမ်ရှင် အရီး နှင့် ဦးသောင်းဟန်သည် ဝက်ဆီခဲ များအား အသင့် ရှာထားပြီ ဖြစ်သာ ၊ ထို့‌ေနာက် မောငဘိုးထင်သည် ဝက်ဆီခဲများကို ယူကာ လူပူး တက်နေကြ အိမ်တိုင်ကို သုပ်လိမ်း ထားလိုက်သည် ၊ လူပူးသည် မောင်ဘိုးထင်တို့ ပြုလုပ်နေသည်ကို သိပ်ဂရုမစိုက်ပေ အိမ်သည်  ကျယ်သည့်အတွက် သတိမထားမိတာလည်း ဖြစ်နိုင်၏ ၊ မောင်ဘိုးထင်သည် တိုင်အား ဝက်ဆီ သုပ်ပြီးသော အခါ လူပူးအနားသို့သွားပြီး

    “အကို ကြီး “

    “ဟေ့ ဘယ်သူလဲ ကွ “

    “ကျုပ် အကိုကြီးက  စားလှ သောက်လှချည်လား “

    “တယ် ငါ့ကို များ ပြောဝံ့နေတယ်ပေါ့ သေချင်နေပြီ ထင်တယ် “

    “ခင်ဗျားက သရဲလား  ဒါမှ မဟုတ် သရဲ ပူချင်ယောင် ဆောင်ပြီး စားနေ သောက်နေတာ လား “

    မောင်ဘိုးထင်၏ စကားကြောင့် သရဲဝင်ပူးဟန် ဆောင်ပြီး ကြက်ကြော် နှင့် အရက်ကို အေးအေးစေးစေး စားသောက်နေသော အရက်သမားသည်  မျက်နှာ တချက် ပျက်သွား၏ ၊သို့ပေမဲ့ ပျက်သွားသည့် မျက်နှာကို ပြန်ထိန်းကာ

    “တောက်  ငါ့ကို များ မယုံ မကြည် ငါ့အကြေညက်း ပြရသေးတောပေါ့ လေ”

    လူပူသည် သူထစ်ထားသော အိမ်တိုင်သို့ သွားပြီး တက်လိုက်လေသည် ၊ သို့ပေ မဲ့ အိမ်တိုင်သည် ချောနေ၍ ခြေမလေးနှင့် အထစ့်လေးကို အားပြုတက်နေပေမဲ့ တက်မရ ချောချော ကြနေလေရာ ဆက်ပြီး  မတက်တော့ပဲ  အိမ်တိုင်ကို ကြည့်လိုက် မောင်ဘိုးထင်ကို ကြည့်လိုက် နှင့်

    “ဝက်ဆီတွေ အိမ်တိုင်ကို ဘာလို့ သုပ်ထားတာလဲဟေ့ ငါ့ကို မခန့်တာ လား “

    “သရဲ ပူးတယ်ဆို အဲ့အိမ်တိုင်မှာ ဘာဖြစ်ဖြစ် တက်နိုင် ရမယ် မဟုတ်လား “

    “တယ် ဒီကောင်တော့ ငါ လုပ်လိုက်ရ သေတော့မယ် “

    လူပူးသည်  ရှက်ရမ်းရမ်းကာ မောင်ဘိုးထင်အနားသို့ သရဲ ပူးဟန်‌ေဆာင်ကာ ရန်ပြုဖို့ တက်လာ၏၊  ထိုအခါ  မောင်ဘိုးထင်သည် လူပူး၏ ရှေ့သို့ ဦးပွကြီး ပေးသော အင်း‌ လေးအားပစ်ချလိုက်ရာ လူပူးသည် ထိုအင်းကွက် ကို သေချာကြည့်‌ေနရင်း တဖြည်းဖြည်း ကြောက်ရွံဟန်ပေါ်လာလေသည် ၊ ထို့‌ေနာက် ဒူးထောက်ထိုက်ချလိုက်ကာ

    “နောက် နောက် ကျုပ် ဒီလို မလုပ်‌ေတာ့ပါဘူး ခွင့် ခွင့် လွှတ်ပါ “

    “တကယ် မလုပ်တော့ပါဘူး တင်းပုတ်ကြီး နဲ့ မထုပါနဲ့ ‌ဗျာ  “,

    လူပူးသည် အင်းကွက်နေရာကို ကြည့်ကာ ကြောက်လန့် လွန်းလှ၍ ကျင်ငယ်များပင် ပါချနေလေသည်  ထို့‌ေနာက် တယောက်တည်း  စကားများလည်းဆို နေလေသည်၊

    “မ မလုပ်‌ေတာ့ပါဘူး ကြောက်ပါတယ် ဗျာ “

    “မသောက်‌ေတာ့ပါဘူး  တကယ် မသောက်တော့ပါဘူး‌ “

    အိမ်ရှင် အရီး နှင့် ဦးသောင်းဟန် သည် ထင်မှတ် မထား‌ေသာ အဖြစ်ကြောင့် ကြောင်‌ေငးနေပြီး မောင်ဘိုးထင်ကိုလည်း အထင်မသေးဝံ့တော့ပေ ထို့နောက် မောင်ဘိုးထင် သည်  အင်းစက္ကွုကို ယူကာ အိမ်ရှင် အရီးကို ပေးလိုက်ပြီး

    “အရီး  အရီးရဲ့သား နောက်တခါ ဝင်ပူးပြီး အရက် နဲ့ ကြက်ကြော် တောင်းရင် ဒီအင်းသာ ရှေ့ချလိုက်ကြားလား အရီး “

    “အင်း အင်း ကောင်လေး “

    “အ‌ဲ့တာဆို လည်း ကျုပ်ပြန်ဦးမယ် အရီးရေ မနက်ဖြန် ရိုးမတောထဲ ဝင်ရဦးမှာ မို့ ဗျို့ “

    “အေးအေး ကောင်လေး လိုအပ်တာ ရှိရင် အရီးကို ပြောပါ အခု အရီး ငွေဘယ်လောက် ပူဇော် “

    “ဟာ ဘာတွေ ပြောနေ‌တာလဲဗျာ ကျုပ်က စေတနာ နဲ့ ကူညီတာပါ၊  ဦးလေးသောင်းဟန်  လေးကြီး အကြော်သည်ကို လည်း နုတ်ဆက်တယ် လို့ ပြောပေးပါဦးဗျာ  ပြီးတော့ ကျုပ်ကို ထမင်းထုပ်ပေးတဲ့ အရီးကို လည်း ကျုပ်သွားတော့မယ်ဆိုတာ  တခါတည်းပြောပေးစမ်းပါဦး ကျုပ်ပြန်တော့မယ်”

    မောင်ဘိုးထင်သည် ပြောပြောဆိုဆို အားလုံးကို နုတ်ဆက် ကာ ဦးပွကြီးရှိသော  ဇရပ်သို့ ပြန်လိုက်ပါလေတော့သည် ။

    ◾အခန်း-၈

    ဦးပွကြီး နှင့် မောင်ဘိုးထင်သည် ဇရပ်မှာ  တညအိပ်ကာ မနက်စောစော ဝေနီဝေလင်းအချိန် ထလို့  ရိုးမတောကြီး ဘက်သို့ ထွက်လာလိုက်ကြသည်  ၊ အချိန်အတော်ကြာ တောကြီးထဲ ခရီး နှင်သောအခါ တေယာသည်  နက်သည်ထက် နက်လာ၏ ၊ မောင်ဘိုးထင်၏  စိတ်ထဲတွင် ယခုလိုတောနက်ကြီးထဲတွင် ရွာ ရှိကော ရှိပါ့မလားလို့လည်း တွေးနေမိသည် ၊ မကြားသောအချိန်တွင် သူတို့၏ မလှမ်းမကမ်းတွင် လင်းတကြီး နှစ်ကောင် ပျံသန်းနေလေရာ မောင်ဘိုးထင်သည် သူ၏လွယ်အိတ် ထဲမှ လေးဂွကို ထုတ်ကာ အလျှင့်အမြန်ပစ်လိုက်ရာ ဦးပွကြီးတားချိန် မရလိုက် လောက်စလံုးသည်ကာ လင်းတကြီး ၏ နောက်ပိုင်းသို့ ထိမှန်သွားလေရာ  ပျံသန်းနေသော လင်းတကြီး  သည် နှစ်ချက် သုံးချက်မျှ အော်ပြီး ပျံသန်းသည်နေရာမှ အောက်သို့ ပင် နိမ့်၍ ပျံ‌ေနရလေသည် , ဦးပွကြီးသည် ကြောင်ငေး နေရင် သူတို့ ရှေ့မှ ပျံသန်းနေသော လင်းတ နှစ်ကောင်အနက် ခယို ခယိုင် လင်းတကြီးကို တလှည့် ‌လေးဂွကိုင်ထားသော မောင်ဘိုးထင်ကို တလှည့်ကြည့်ကာ ဦးပွကြီးသည်  မောင်ဘိုးထင်၏ နားရင်းကို တချက်အုပ်လိုက်ပြီး

    “ခွီးတယ် မှ ပဲ အဲ့တာ တို့ကို လမ်းပြတဲ့ စုန်းတွေဟ မင်းလုပ်တာ ဟိုစုန်း‌ေတွ သေတော့မှာပဲကွာ “

    “သိမှ မသိပဲဗျာ ကြိုပြီးပြောထားမှပေါ့ဗျာ  ကျုပ်က ငှက်ပစ်နေကြဆို‌ေတာ့  ရှေ့မလှမ်းမကမ်းမှ ကားတားကားတား ကြီး ပျံနေတော့ စိတ်ဘယ်ထိန်းနိုင် မလဲဗျ “

    မောင်ဘိုးထင်သည် နားရင်း အအုပ်ခံလိုက်ရသဖြင့် မကျေမနပ်နှင့် ဦးပွကြီးကို စကားပြန်ဆိုနေလေသည် ၊ထို့နောက် မကြာသောအချိန်တွင် သူတို့ နှစ်ယောက်  ရွာလေး တရွာ၏ ရွာအဝင်သို့  ရောက်လာကြ၏ ၊ ရွာအဝင်တွင်တော့ ခေါင်းမွေးများတကောင်းလုံးဖြူနေပြီး တောင်‌ေဝှးတချောင်းကို ကိုင်ထားသော အဖွားအိုနှင့် သူမ၏ဘေးတွင် သာမာန် မိန်းကလေးများဝတ်သည် ဖျင်ကြမ်း  ထမိန် အင်္ကျီလေးနှင့် လုံမပျိုလေးညနှစ်ယောက်  နှင့် အတူ သူတို့ အားစောင့်နေလေသည် ၊ ထိုထဲ မှလုံမပျိုလေးသည် လက်တဖက်ဖြစ် သူမ၏ တင်ပါးကို ပွတ်ကာ မျက်နှာ  မသာမယာ နှင့် မောင်ဘိုးထင်ကို မြင်သောအခါ မျက်စောင်း ထိုးကာ ကြည့်နေလေသည် ၊ ဦးပွကြီးသည်  ထိုအမျိုး သမီးး သုံးဦး နားရောက်သောအခါ အလယ်၌ရှိသောဆံပင်ဖြူနေသော မိန်းမကြီးသည် ဦးပွကြီးကို ကြည့်၍ ရိုသေစွာ စကားဆိုလာသည်

    “အင်းဝိဇ္ဇာဆရာပွ ရောက်လာလို့ ကျမတို့ အတိုင်းမသိကျေးဇူးတင်ပါတယ် “

    “ရပါတယ် ကဝေပျံမယ်ဖြူ ခင်ဗျားတို့က လူတွေ နဲ့ ဝေးရာမှာ နေပြီးး လူတွေကို ဒုက္ခမပေးလို့ ခင်ဗျားတို့ကို ဒုက္ခလာပေးမဲ့သူကို ကျုပ်နှိမ်နှင်းပြီး ကူညီရချင်းပါ “

    “ဒါနဲ့ ဟောဟိုက ကောင်လေးက ဘယ်သူလဲ “

    “အဲ့တာ ငအုန်းရဲ့ တပည် ‌ဘိုးထင်တဲ့ ဒီလမ်းခရီးမှာ ကျုပ်တ‌ေယာက်ထဲ ပျင်းလို့ သူ့ကို ခေါ်လာတာ “

    ‘တောက်  ဘိုးထင် လက်သရမ်းချက် နည်းနည်းလေး လွဲသွားလို့ကံကောင်းတယ် တော် “

    ကဝေပျံ မယ်ဖြူနှင့် ဦးပွကြီး စကားပြောနေစဉ် မောင်ဘိုးထင်ကို မျက်စောင်းထိုးနေသော ကဝေပျိုမလေးမှ ဘိုးထင်ကို ကြည့်ပြီး မ‌ကျေမနပ် စကား ပြောလိုက်ရာ အားလုံးပြုံးစိစိ နှင့် ဖြစ်ကုန်၍ ကဝေပျိုမလေး  ရှက်သွားကာ ထိုနေရာ မှ ပြေးထွက် သွားလေသည် ၊မကြာသော အချိန် တွင် ထိုက‌ေဝပျိုမလေး ပြေးထွက်သွားသော နေရာမှ အသံ တသံပေါ်လာလေသည်

    “သခင်မကြီးကယ် ကယ် ပါဦး”

    ထိုအသံကြောင့် ကဝေပျံ မယ်ဖြူ အပါအဝင် အားလုံး အသံလာရာဆီသို့ ပြေးလွှားသွားလိုက်ကြလေတော့သည် ။

    ◾အခန်း-၉

    ယောင်ပေစူးနှင့်  ပုဆိုး အပို တကွင်းကို စလွယ်သိုင်းထားသော ကောင်လေးတ‌ေယာက်သည် ကဝေပျိုမလေး၏  ဦးခေါင်းကို ခြေဖြစ် နင်းထားလေသည်  ကဝေပျိုမလေးသည် ကြောက်လန့်လွန်း၍ တုပ်တုပ် ပင် မလှုပ်ရဲပေ မလှုပ်အောင်လည်း ထိုကောင်လေးသည် ငေါက်ငမ်းထားချင်းဖြစ်သည်

    “စုန်းမ မလှုပ် နဲ့ လှုပ်လို့ကတော့ နင့်ခေါင်းကို ငါမနင်းပဲ ဆင်ကို နင်းခိုက်လိုက်မယ် ကြားလား “

    ဦးပွကြီးနှင့် မောင်ဘိုးထင်တို့ ရောက်သွားသော အခါ ယောင်ပေစူး နှင့် ကောင်လေးသည် သူဆို့အားလံုးကို ကြည့်ကာ

    “ကဲ စုန်းမ တွေ စုန်းတွေ ဒီနေ့ နင်တို့ ပညာတွေ အကုန်လုံးကို ဖျက်စီးပစ်မယ် ငါအဘ မသေခင် နင်တို့ကို မသတ်ရဘူးလို့ မှာထားလို့ ငါ အသတ်တော့ သေအာင် မသတ်ဘူး နင်တို့ ရဲ့ ပညာတွေ အကုန် လုံးကို  ငါဖျက်စီး ပြစ်မယ် ”

    “‌ဟဲ့ ကောင်လေး နင်က သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ လား “

    “နင်တို့က ငါ့ နာမည်တောင်သိနေမှကို  ကဲဆိုင်ရာ စုန်းတွေ အကုန်လုံးကို လက်နောက်ပြန် ကြိုးနဲ့တုတ်စမ်း “

    သစ်ခေါင်းပေါက် ဖိုးဝေ ၏ စကားဆံုးသည် နှင့် ကဝေပျံမယ်ဖြူ အပါအဝင် သူမဘေး‌တွင် ရှိသော  ကဝေပျိုလေးသည်လည်း လက်နောက်ပြန်သွားကာ ကြိုးတုပ်သည်အလား လှုပ်၍ မရတော့ပေ ၊  ထို့နောက် သစ်ခေါက်ပေါက် ဖိုးဝေသည်  မည်သို့မှ မဖြစ် ဒီအတိုင်းသူအား စူးစိုက်ကြည့်နေသော ဦးပွကြီး နှင့်မောင်ဘိုးထင်အား အံဩစွာ ငေးကြည့်နေရင်း

    “မင်း မင်းတို့က ဘာမှ မဖြစ်ဘူးလား “

    “ကဲ  ကောင်လေး မင်းရဲ့ ဒေါသတွေကို ဘာလို့ အပြစ် မရှိတဲ့ စုန်းတွေ အပေါ် ပုံချနေတာလဲ “

    “ဘာအပြစ် မရှိရမှာလဲ စုန်းဆို ဘယ်စုန်းမှ အပြစ်မကင်းဘူး ကျုပ်က ဒီစုန်းတွေကို သတ်ချင်တာ “

    ‌သစ်ခေါင်းပေါက် ဖိုးဝေသည် ဒေါသ တကြီးပြောကာ စုနး်မလေးကို နင်းထားသော သူ၏ ခြေထောက်ကို ပို၍ အားထည့်လိုက်ရာ စုးန်းမလေးမှာ စူးဝါးစွာအော်ဟစ် ငိုကျွေးနေလေသည်၊ ဦးပွကြီးသည် ဆက်၍ ရပ်မကြည့်နိုင်တော့ပဲ သူ၏ လွယ်အိတ်ထဲမှ အင်းတချက်ကို ထုတ်ကာ နဖူးမှာ တည်၍ ‌သစ်ခေါင်းပေါက် ဖိုးဝေ အရှေ့  ပစ်ချလိုက်ရာ အင်းစာရွက်ထဲမှာ သံခေါင်းစွပ်  စွပ်ထားပြီး ကျယ်သော ပါးစပ်မှ အစွယ် များကားထွက်နေပြီး ‌ေရွှရောင်ချပ်ဝတ် တန်းဆာကို ဝတ်ထားသော ပုဂိ္ဂုလ်သည် နှစ်ဖက်အသွားရှိသော သံလျက်ကိုကိုင်ကာ သစ်ခေါင်းပေါက် ဖိုးဝေ အနားတိုးကပ်လို့သွားလေသည် ၊ သစ်ခေါင်းပေါက် ဖိုးဝေသည်  သူ့အနားတိုးလာသော ထူးဆန်းသည့် ပုဂ္ဂိုလ်အား လက်ညှိုးထိုးကာ

    “ဆိုင်ရာ အဲ့ အကောင်ကြီးကို ကြိုးတုပ်စမ်း”

    “ဆင်ပိုင် ဆင်နဲ့ နင်းစမ်း “

    “လှံပိုင် လှံနဲ့ ထိုးစမ်း “

    သစ်ခေါင်းပေါက် ဖိုးဝေ မည်သို့သော အမိန်ပေးခိုင်စေကာ မှု ဦးပွကြီး ပစ်လိုက်သော အင်းထဲမှ အင်းစောင့်ကြီးသည် သူအနားသို့ တဖြည်းဖြည်း တိုးတိုး လာပြီး ကိုင်ထားသော သံလျက်ကြီးကို မြှောက်ပြီး ခုတ်ရန် ဟန်ပြင်လိုက်ချိန် ‌ ပတ်ဝန်းကျင်တခုလုံး ရွှေရောင်များ ဝင်းထိန်သွားကာ အားလုံး၏ မျက်လုံးများမှိတ်လိုက်ကြရသည် ၊ မျက်လုံးပြန်ဖွင့်သောအခါ သစ်ခေါင်းပေါက် ဖိုးဝေ အနားတွင် အလင်းရောင်များ ဝင်းလက်နေသော ဆရာတော် တပါးအား ဖူးတွေ့လိုက်ရ၏ ၊ ဆရာတော်ကို မြင်သော အခါ အင်းစောင့်ကြီးနှင့် ဦးပွကြီးသည်  မြေပြင်တွင် ငုတ်တုတ်ထိုင်လိုက်ပြီး ဆရာတော်အား ဦးချကန်‌ေတာ့လိုက်ကြသည် ၊ စုန်းက‌ေဝများနှင့် မောင်ဘိုးထင်တို့သည်  ဦးချ ကန်တော့ချင်းမရှိ  ငေး၍ သာကြည့်နေလေသည် ၊ ထို့‌ေနာက်ဆရာတော်သည် ကြည်လင်သော အသံဖြစ် ဦးပွကြီးကို ကြည့်ကာ မိန့်တော်မူလေသည်

    “ဒကာကြီး ဒီကလေးကို ခွှင့်လွှတ်လိုက်ပါ ဆရာတော် ဒီကလေးကို ခေါ်သွားပါမယ် နောင်တချိန် ဒီကလေးက လောကကို ကောင်းကျိုးပြုမဲ့ သူမို့ ဒကာကြီး မေတ္တာထားပေးပါ နောက်တခါ အေးချမ်းစွာ နေတဲ့ ပညာသည်တွေကို မနှောက်ယှက်ရအောင် ဘုန်းကြီး ဆုံးမထားပါမယ် “

    “တင်ပဘုရား တပည်တော်လည်း ကလေးကို နတ်ဘီးလူးစောင့် တဲ့ အင်း နဲ့ မတိုက်သင့်ပါဘူး ဘုရား ဟိုက စုန်းမလေး အော်ဟစ်ငိုကျွေးသံကြောင့် သတိ လွတ်သွားတာပါ “

    “နားလည်ပါတယ် ကဲကဲ  ဘုန်းကြီးတို့ ကြွလိုက်ပါဦးမယ် “

    ဆရာတော်သည် ထို့မျှသာမိန့်ဆိုပြီး သစ်ခေါင်းပေါက် ဖိုးဝေအား လက်မှဆွဲကာ ရွှေရောင်များဝင်းလက်သွားပြီး ပျောက်ကွယ်လို့သွားပါလေ‌တော့သည်။

    ◾အခန်း-၁၀

    ဦးပွကြီး နှင့်  မောင်ဘိုးထင်သည် ကဝေပျံမယ်ဖြူတို့ နေသော စုန်းရွာမှ ခေတ္တ ခဏသာ နားပြီး  ပြန်ထွက်လာသည် ၊ တောကြီးထဲမှ ပြန်ထွက်သည် လမ်းပြသော  ကဝေပျို မလေးတို့သည် အလာတုန်းကလို လင်းတ အဖြစ်ပြောင်းပြီး ရှေ့မှ လမ်း မပြရဲ‌ေတာ့ပေ ၊ သာမာန် လူသားရုပ်နှင့်သာ ရှေ့မှ လမ်းပြနေလေသည်  ၊ သို့ပေမဲ့လည်း ရှေ့မှသွားနေရသည်ကို စိတ် သိပ်လုံပေါ်မပေါ် နောက်သို့ ပြန်ပြန်လှည့်ကြည့်နေလေရာ မောင်ဘိုးထင် စိတ် မရှည်ဖြစ်လာပြီး

    “အမတို့ကလည်း လာတုန်းက ပစ်မိတာက ငှက်ကြီးတွေပုံစံ မို့ပါ ဒီလို ငါးရံကိုယ်လုံးလေးတွေကို‌ေတာ့ ကျုပ်ကပစ်ပါ့မလား ဗျာ “

    မောင်ဘိုးထင် ၏ စကားကြားသောအခါ ကဝေမလေး နှစ်ယေက် မျက်လုံးပြူးသွာကာ ချက်ချင်း သွားနေရမှ ရပ်လိုက်ပြီး မောင်ဘိုးထင်ကို ကြည့်၍ စကားဆိုလာလေသည်

    ” နှာဘူးလေး လိုက်မပို့‌ေတာ့ဘူး”

    ထိုသို့ပြောဆိုကာ နောက်ကြောင်း ပြန်လှည့်ပြေးလေတော့သည် ၊ ‌ေမာင်ဘိုးထင်သည် ပြန်ပြေးသွားသော ကဝေးပျိုလေး နှစ်‌ေယာက်အား။  နားမလည်နိုင်စွာ ကြည့်ကာ

    “ဘာဖြစ်သွားကြတာလဲ ဦးပွကြီးရာ “

    “ဘာဖြစ်ရမှာလဲ  ငါးရံကိုယ်တွေ ဘာတွေ မင်းက ဘယ်လို လုပ်သိတာ လဲ”

    “အဘ ပြောတာလေဗျာ အစောက အမတို့လို့ တွန့်တွန့်လေးတွေက ငါးရံကိုယ်လေးတွေတဲ့ဗျ”

    “ကောင်းကွာ လိုက်လည်း  လိုက်တဲ့ ဆရာတပည်တွေ ကဲ ကဲ ကောင်လေး ငါ့ သတင်း ရထားတရှိတယ်ည မင်းတို့ ရွာကို လူလိမ် ဝင်မယ် တဲ့ကွ အဲ့တာ မင်းတို့ ကောင်တွေ ဂရုစိုက်လိုက်ကြဦး”

    မောင်ဘိုးထင်သည် ဦးပွကြီးပြောသော ရွာသို့ လူလိမ်ဝင်မည်ဆိုသော စကားကြောင့် မည်သို့သောလူလိမ်းနည်းဟုတွေးရင်း ပေပင်ရွာသို့ အပြန်ခရီး  အမှောင်လောကသားများအခေါ် တကယ့် အင်းဝိဇ္ဇာမဟုတ် သည့် အင်းဝိဇ္ဇာပွကြီး နှင့် အတူ စကားတပြောပြော နှင့် ပြန်နေကြပါလေတော့သည် ။

    ◾အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် နတ်ကလိမ် အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးသွားပါမည် ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း