အစွဲကြီးတဲ့သရဲ

မြင့်သူ ပိတ်စပေါ်မှာ
ကပ်ကျေးကို ရုတ်တရက် ကောက်ယူပြီး အား
ကုန် ဆောင့်ထိုးပစ်လိုက်သည်။

“အား”

ခါးမှ ကပ်ကျေးတစ်ဝက်ခန့် စိုက်ဝင်သွားသည်။

“ကောင်မ နင့်ကို ငါသတ်ပြီးမှ သွားမယ်”

“ကဲ…ကြာ…ကဲကြာ”

“စွပ်…စွပ်…””အား”

သူ့လက်ထဲက ဓားမြှောင်နဲ့ အနီးကပ်ရှိနေသော
မမြင့်သူကို အသက်ပျောက်သည်အထိ စိတ်
လွတ်လက်လွတ် ထိုးစိုက်နေသည်။

အသက်ပျောက်သွားမှ လက်က လွှတ်လိုက်
သည်။ သူ့လက်ထဲမှ အောက်သို့ ခွေကျသွား
သည်။

ထိုစဉ် သူ့မျက်လုံးက အခန်းထောင့်မှာ ထိုင်ပြီး
မျက်လုံးပြူးကာ ကြည့်နေသည့် ကလေးမ
လေးကို တွေ့လိုက်သည်။ သို့ကြောင့် လက်
ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
ကလေးမလေးအနီးသို့ လျှောက်သွားသည်။

“နင်ကို ဒီအတိုင်းထားခဲ့လို့ မဖြစ်ဘူး၊ နုတ်ပိတ်
ခဲ့မှ ရန်အေးမယ်”

“သေနာကောင် ငါ့သမီးကို မထိနဲ့”

သူ့နောက်မှ အမျိုးသမီးတစ်ယောက် ကျော
ပေါ်ခုန်တက်ခွစီးကာ ရန်ပြုတော့သည်။ အ
ခန်းထဲမှာ လူပိုမရှိပါပဲ ကျောပေါ်ခုန်တက်လာ
သော အမျိုးသမီးက မည်သူလဲ၊ သူသတ်လိုက်
သော အမျိုးသမီးက ကြမ်းပြင်ပေါ်မှာ ခွေခွေ
လေးရှိနေသည်။

“သေနာ နင်ကို ငါသတ်မယ် ငါ့သမီးကို လက်
ဖျားနဲ့တောင် ထိခွင့်မပေးဘူး”

ကျောပေါ်က အမျိုးသမီးမရှိတော့ပဲ သူ့ရှေ့
မှာ ရုတ်တရက်ပေါ်လာသည်။

“ဟင်… သ…သရဲမ”

သူသတ်ပစ်လိုက်သော အမျိုးသမီးကို တွေ့
လိုက်ရ၍ ထိတ်ထိတ်လန့်လန့်နှင့် ထအော်
လိုက်စဉ် အမျိုးသမီးလက်က သူ့မျက်နှာဆီ
ရောက်လာပြီး နောက်သို့ ဆောင့်တွန်းလိုက်
သည်။ တိုင်မှာ ပစ္စည်းချိတ်ရန် ရိုက်ထား
သော လေးလက်မ သံငုတ်က သူ့နောက်စေ့
အတွင်းသို့ စိုက်ဝင်သွားတော့သည်။

ဦးခေါင်းထဲ သုံးလက်မခန့် ဖောက်ဝင်သွား
သည်။ ထိုလူလည်း အသံတစ်ချက်ပင် မထွက်
နိုင်တော့ပဲ အသက်ပျောက်သွားသည်။ ငြိမ်း
ငြိမ်းလေးလည်း လူဆိုးကြီး မလှုပ်မရှား ရှိ
နေသည်ကို မြင်မှ အရုပ်လေးကို ပွေ့ပြီး မိခင်
ဖြစ်သူ အနီးသို့ ရောက်လာသည်။

“မေမေ….မေမေ….
မေမေ…မေမေ…ဘာဖြစ်နေတာလဲ”

“ဟီး….ဟီး….ဟီး”

စျေးဝယ်ရန် ရောက်လာသော အမျိုးသမီးတစ်
ယောက်ကြောင့် လူတွေသိကုန်သည်။ မကြာခင်
ရဲများလည်း ရောက်လာသည်။

“ကဲ…မဆိုင်တဲ့လူတွေ အားလုံး အပြင်ထွက်ကြ
ပါ၊ ပစ္စည်းတွေလဲ လျှောက်မကိုင်နဲ့၊ ခြေရာလက်
ရာ ပျက်ရင် သဲလွန်စပျောက်သွားလိမ့်မယ်”

“ကဲ… စစ်ဆေးချက် ယူကြရအောင်”

ရဲများ စစ်ဆေးချက်ယူနေစဉ် ငြိမ်းငြိမ်က မိ
ခင်ဖြစ်သူ၏ လက်ကို ဆွဲထားသည်။ အားလုံး
စစ်ချက်ယူပြီး သွားပြီ။ အိမ်မှာ ကိုယ်ခွဲမရှိ၊
အမေတစ်ခု၊ သမီးတစ်ခုတည်းသမားများ
ဖြစ်ကြောင်း ရဲအုပ်ဇော်ချင်းက သိလိုက်ရ
သည်။ ကလေးမလေး ရှေ့ခရီးအတွက် အ
ကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမည်ဟူ
သောစိတ်နှင့် ကလေးမလေးကို ဆွဲခေါ်
လိုက်သည်။

“လာ…ကလေး…ဦးတို့နဲ့ လိုက်ခဲ””

“မေ…မေ…သမီးတို့အိမ်ပြန်မယ်”

“အိမ်မပြန်နဲ့ ဦးတို့နဲ့လိုက်ခဲ့”

ရဲအုပ်ဇော်ချင်းက ငြိမ်းငြိမ်းသူလေးလက်ကို
ဆွဲလိုက်သည်။

“ငါ့သမီးလက်ကိုလွှတ်”

“ဟင်”နား နားကပ်အော်လိုက်သည့် အသံမျိုး
ရဲအုပ်ဇော်ချင်း ကြားလိုက်သဖြင့် လက်ကို
ရုတ်ပြီး နောက်ဆုတ်လိုက်သည်။ တပ်ကြပ်
ပြုံးချိုက ကလေးမလေးလက်ကို ဆွဲမည်
အပြု…..

“နေဦး….ပြုံးချို စောစောက ဘာကြားလို့လဲ”

ရဲအုပ်ဇော်ချင်း ရှင်းပြမနေတော့….

“ကလေးကို ဒီအတိုင်း ခေါ်လို့မဖြစ်ဘူး၊ သူ့
အမေဆီက ခွင့်တောင်းရမယ်”

“ကလေးလေးကို ကောင်းကောင်းမွန်မွန် ပြုစု
ပျိုးထောင်မယ့်နေရာမှာ ထားပေးမယ်၊ ငါ
တို့နဲ့ စိတ်ချလက်ချ ထည့်လိုက်ပါ”

ထိုသို့ ခွင့်တောင်းပြီး ခေါ်တော့ ဘာသံမှ မကြား
ရတော့၊ အလောင်းနှစ်လောင်းကို ဆေးရုံသို့
ယူသွားပြီး ကလေးမလေးကို ရဲအုပ်ဇော်ချင်း
ခေါ်သွားတော့သည်။

xxxxxxx

မသန္တာတစ်ယောက် ကော်ဖီဖျော်ရင်း မျက်ရည်
ကျနေသည်။ စီးပွားရေးအတွက် စိတ်မညစ်ရ။
မိဘများထားပေးခဲ့သော အမွေအနှစ်က
မသန္တာ တစ်သက်စားမကုန်။

အချစ်ရေး အိမ်ထောင်ရေး ကျမှ ကံမကောင်း
လွန်ခဲ့သော ဆယ်လခန့်က ကြုံဆုံ ချစ်ကြိုက်ခဲ့
သော ကိုမျိုးကို လူကောင်း မျိုးသန့်အထင်နှင့်
နှင့် အယုံကြီးယုံကာ မျက်စေ့စုံမှိတ်ပြီး လက်
ထပ်ခဲ့သည်။

သူ့မျိုးရိုး သူ့ဇစ်မြစ်ကို မစုံစမ်း၊ မလေ့လာခဲ့၊
အိမ်ထောင်ပြုပြီးမှ လူဆိုး လူမိုက် မှန်းသိလိုက်
သည်။ နေ့စဉ် အိမ်ထောင်သည်မရှိ တစ်လကို
တစ်ပတ်ခန့် အိမ်မှာမနေ။ ယခု ညက ရေကြီး
သုတ်ပြာရောက်လာသည်။ ရောက်တုန်း မိမိမှာ
ကိုယ်ဝန်သုံးလရှိနေပြီဟု အသိပေးလိုက်သည်။
ကိုယ်ဝန်ရှိမှန်းသိလျှင် အသွားအလာလျော့ရန်
ရည်ရွယ်ပြီး ပြောလိုက်ချင်းဖြစ်သည်။

“တောက်…ဒီမှာ ခေါင်းမီးတောက်နေရတဲ့အထဲ
အိမ်ကပြသာနာက ထပ်ထိုးရသေးတယ်…မင်း
ရဲ့ကိုယ်ဝန်ကို မွေးမနေနဲ့ ဖျက်ချလိုက်”

“ဘာ…ဘာပြောတယ်”

“ဖျက်ချလိုက်”

“ရှင်…လူမှ ဟုတ်သေးရဲ့လား”

“ငါ…စိတ်ညစ်မခံနိုင်ဘူး ချုပ်ချုယ်တာမခံနိုင်
ဘူး…ကလေးအကြောင်းပြပြီး ငါ့ကို ဟိုမသွား
နဲ့ ဒီမသွားနဲ့ လုပ်ချင်လို့လား၊ ငါ့ပြဿာနနဲ့
ငါ ခေါင်းရှုပ်နေတယ်၊ အဲဒီ ဗိုက်ထဲကလေး
ကို ကြည့်ရှင်းပစ်လိုက်”

“ရှင်…တာဝန်မယူချင်ဘူးလား၊ ရတယ် ရှင့်အ
တွက် တာဝန်မဖြစ်စေရဘူး၊ ကိုယ်ဟာကိုယ့်
မွေးမယ်”

“ဒါဆို ကလေးအကြောင်း လာပြီး ဇယားရှုပ်
မနေနဲ့၊ ငါအပြင်သွားဦးမယ် ဒီည ပြန်မလာဘူး”

ယောက်ျားဖြစ်သူထံမှ စကားကုန်ကြားလိုက်
သည်။ ကိုမျိုး အိမ်ထဲက ထွက်ပြီး ကားမောင်း
ထွက်သွားသည့်အသံကြားလိုက်ရသည်။ မ
နက်စာအတွက် ကော်ဖီဖျော်ရင်း မိမိအပေါ်
အကြင်နာ ကင်းမဲ့လွန်းသော ယောက်ျားဖြစ်
သူအား ကိုယ်ဝန်နှင့် မိမိအပေါ်စိတ်ဝင်စားရန်
စည်းရုံးကြည့်၍မရ။

ကိုယ်ဝန်ဖျက်ချရန်ပင် တောင်းဆိုနေသည်။
တလိမ့်လိမ့် စီးကျနေသော မျက်ရည်များကို
သုတ်ရင်း စားပွဲမှာထိုင်ပြီး ပေါင်မုန့်မီးကင်ကို
ထောပတ်အနည်းငယ်သုတ်ကာ ထိုင်စားနေ
သည်။ နေ့ခင်းဘက်အရောက် ရေချိုးချင်
စိတ်ပေါက်လာသဖြင့် ရေချိုးခန်းထဲက ဝင်
ကာ ရေချိုးနေလိုက်သည်။

ရေချိုး ဆပ်ပြာအဆီပုလင်းကို စင်ပေါ်လှမ်း
တင်လိုက်စဉ် ဘေးမှာတင်ထားသော ဆပ်ပြာ
တုံးက အောက်သို့ ပုလင်းနှင့် တိုက်မိပြီး ကျ
သွားသည်။ ရေကို နာရီဝက်နီးပါးစိမ်ပြီး ချိုး
နေလိုက်သည်။ ရေတဝချိုးပြီး ရေများစင်
အောင် သုတ်ကာ အဝတ်လဲ ဝတ်လိုက်သည်။

အားလုံးပြီးတော့ ရေချိုးခန်းအပြင်ထွက်ရန်
တံခါးဆီအလာ ရေချိုးခန်းအလယ်ရောက်
နေသော ဆပ်ပြာတုံးကို နင်းမိပြီး ခြေပစ်လက်
ပစ် လဲကျတော့သည်။

“ဝုန်း” “အား”

ခြေထောက်နှစ်ဘက်နောက်သို့ ပစ်ချော်ထွက်
သွားပြီး ကျောက်ပြားပေါ် ဝမ်းလျားမှောက်လဲ
ကျစဉ် ခေါင်းနှင့် အုတ်နံရံမစောင့်မိရန် လက်
နှင့် ထောက်လိုက်သည့်အတွက် ဗိုက်နှင့်ကြမ်း
ပြင်ကျောက်ပြား မိတ်ဆက်သွားသည်။

အတွင်းက ချော်လဲကျသံကြောင့် အိမ်ဖော်အ
ဖြစ် အတူနေ မအေးမိ အပြေးအလွှားရောက်
လာသည်။ တံခါးဖွင့်ပြီး အထဲဝင်လာသည်။

မသန္တာ နာကျင်လွန်းသဖြင့် သတိမေ့နေသည်။
သတိရတော့ ဆေးရုံပေါ်ရောက်နေသည်ကို
သိလိုက်သည်။

“မမ…ကလေးပျက်ကျ သွားပြီးတဲ့”

“ဟင်”

ခင်ပွန်းသည်က ဖျက်ချခိုင်းသော ကလေး ကံမ
ကောင်းစွာနဲ့ သဘာဝတရားက ပျက်စီးအောင်
ဖျက်ပစ်လိုက်ပြီ။ မသန္တာ မျက်ရည်ကျရပြန်ပြီ။
မိမိရင်သွေး မိမိကိုယ်တိုင်ရအောင် မွေးမည်ဟု
ဆုံးဖြတ်ချက်ကို အခိုင်အမာ ချပြီးကာမှ သက်
သေမပြလိုက်ရသည့်အတွက် ယူကျုံးမရ ကျ
ခဲ့ရသော မျက်ရည်ဖြစ်သည်။

ဆေးရုံမှာ တစ်ပတ်ခန့်နေပြီး ကျန်းမားရေး
ကောင်းလာသဖြင့် ဆင်းခွင့် တောင်းပြီး အိမ်
ပြန်လာခဲ့သည်။ ဆေးရုံတက်နေစဉ် တစ်ပတ်
အတွင်းမှာ ယောက်ျားဖြစ်သူထံမှ သတင်းဆိုး
ကြားလိုက်ရသည်။

ဒုစရိုက်သမား အချင်းချင်းစားကျက်လုရာမှာ
လူသုံးယောက်သတ်လိုက်သဖြင့် ရဲနှင့်တိုးကာ
မောင်မျိုး အဖမ်းခံလိုက်ရသည်။ လူသုံးယောက်
သတ်လိုက်သဖြင့် လွတ်လမ်းရှိတော့မည်မဟုတ်၊
ခင်ပွန်းသည် သတင်းကြားတော့၊ မသန္တာ မျက်
ရည်တစ်စက်ပင် မကျမိ၊ ဝဋ်ကြွေးကုန်ပြီဟု
သာ စိတ်ထဲ သတ်မှတ်ထားလိုက်သည်။

အိမ်ပြန်ရောက်ခဲ့ပေမယ့် အိမ်မှာ ကပ်နေချင်
စိတ် မရှိသည့်အတွက် အစ်ကိုကြီးရှိရာ ဒဂုံအ
ရှေ့ပိုင်း စက်မှုဇုံသို့ ထွက်လာခဲ့သည်။ မိသား
စု စီးပွားရေး ဖြစ်သည်။ နှစ်ဧက ကျယ်သော
မြေကွက်ပေါ်မှာ ရုံသုံးရုံ တည်ဆောက်ထားပြီး
အလုပ်သမား နှစ်ရာကျော်နှင့် ရသစုံမုန့်လုပ်
ငန်း လုပ်ကိုင်နေသည်။

စက်ရုံကို အစ်ကိုကြီးက တာဝန်ယူ ဦးစီးလုပ်
ကိုင်နေသည်။ အစ်ကိုကြီးက အိမ်ထောင်မရှိ
သူ လူပျိုကြီး ဖြစ်သည်။ မိဘလက်ငုတ်ကို
တိုးတက်အောင် ကြံဆောင်လုပ်ကိုင်နေခြင်း
ဖြစ်သည်။ မသန္တာမှာ မုန့်လုပ်ငန်းအပြင်
ပိုက်ဆံမရသော လူမှုကူညီရေး အဖွဲ့တစ်ခု
လည်း ရှိသေးသည်။

သူကဲ့သို့ပင် ပိုက်ဆံရှိ၊ ဝါသနာတူ သူငယ်ချင်း
သုံးယောက်၊ ငွေကြေးစိုက်ထုတ် မတည်ပြီး
မိဘမဲ့ ကူညီကယ်ဆယ်ရေး ဂေဟာတစ်ခု
တည်ထောင်ထားသည်။

ထိုဂေဟာမှာ တစ်ပတ်ကို တစ်ရက် ပုံမှန်ရုံး
ထိုင်ပေးရသည်။ ဂေဟာမှာ ကလေး ငါးဆယ်
နီးပါးရှိသည်။ ဝန်ထမ်းလေးယောက်နှင့် ဂေ
ဟာအုပ်ချုပ်သူ ပင်တိုင်တစ်ယောက်ရှိသည်။
အပြင်က စေတနာရှိ၍ လှူဒါန်းသော ငွေနှင့်
သူငယ်ချင်းသုံးယောက် ဘဏ်အပ်ငွေမှရသော
အတိုးနှင့် ဂေဟာကို လည်ပတ်နေခြင်းဖြစ်သည်။

စနေနေ့တိုင်း သူငယ်ချင်းသုံးယောက် ဂေဟာ
မှာ ပုံမှန်ဆုံကြသည်။ ဂေဟာ၏ လိုအပ်မှု
တိုးတက်မှု အားလုံး စစ်ဆေးဆုံးဖြတ်ကြသည်။

နေ့ခင်း တစ်နာရီ ဆုံကြသည်။ ယနေ့ စနေနေ့
မသန္တာ မနက်ကတည်းက စက်ရုံရောက်နေ
သည်။ စက်ရုံမှာ နေ့လည်စာ စားပြီး မိဘမဲ့
ဂေဟာသို့ ထွက်လာခဲ့သည်။ ဂေဟာရောက်
တော့ သူငယ်ချင်းသုံးယောက် ဆုံကြသည်။

မသန္တာဆေးရုံတက်နေစဉ် သူငယ်ချင်းများ
နေ့စဉ်ရောက်လာပြီး အားပေးကြသည်။

“ဒီနေ့ နားချင်နားဦးလို့ ပြောထားတဲ့ဟာ လာ
ဖြစ်အောင် လာသေးတယ်”

“ငါ အိမ်မှာ နေချင်စိတ်မရှိဘူး ပပရယ် ငါ
မနက်ကတည်းက အိမ်ကထွက်ပြီး စက်ရုံ
ရောက်နေတာ”

“ဘာထူးခွားလဲ”

“ဂေဟာကို ကလေးမလေးတစ်ယောက် ရောက်
လာတယ်၊ သူ့အဖေက သူတစ်နှစ်သမီးမှာ ဆုံး
သွားတယ်၊ အမေက ပြီးခဲ့တဲ့…ဆယ်ရက်လောက်
က ဆုံးသွားတယ် “

“သူ့မှာ ဆွေမျိုး သားချင်းမရှိဘူးလား”

“မရှိဘူးလို့ ရဲအုပ်ကပြောတာပဲ သူ့အဖေက
အသက်ခံလိုက်ရတာ သူ့မျက်စေ့အောက်မှာ
အမေဖြစ်သူကို ဓားနဲ့ ရက်ရက်စက်စက် အ
ထိုးခံနေတာမြင်ပြီး အကြောက်လွန်သွားလို့
လား မသိဘူး၊ ဂေဟာကို ရောက်ကတည်းက
စကားမပြောဘူး…ဘယ်သူနဲ့မှာလဲ ဝင်ကစား
ဘူး၊ တစ်ယောက်ထဲနေတာပဲ…ဟိုမှာ သစ်ပင်
အောက်က ခုံပေါ်မှာ ထိုင်နေတာ သူလေးပေါ့
အသက်က လေးနှစ်သာသာပဲ ရှိတယ်”

အပေါ်ထပ်က မှန်ခန်းဖြစ်သဖြင့် အောက်ဘက်
ရှိ အားလုံးကို မြင်နေရသည်။

“ခလေး လေးက ရုပ်ရည်သန့်သန့်လေး အချော
လေးပဲ”

မသန္တာက ကလေးမလေးကို ကြည့်ပြီး မှတ်
ချက်ပေးသည်။ ထိုစဉ် သူတို့စားပွဲဝိုင်းကို
အသက်အစိတ်ခန့် အမျိုးသမီးတစ်ယောက်
ရောက်လာသည်။ ဂေဟာအုပ်ချုပ်ရေးမှူး
လည်း မသန္တာတို့နှင့် အတူ ထိုင်နေသည်။

“ကဲ…မျိုးမျိုးခင်… အဲဒီ ခုံမှာထိုင်”

“ကျမကို ခေါ်တာ ကိစ္စရှိလို့လား”

“အဲဒီအပြောတွေကို မကြိုက်တာ၊ ဘာပြောမလဲ
ဆိုတာ ခဏသည်းခံ စောင့်ဦးပေါ့ ခေါ်ရတာက
တော့ ကလေးတွေအပေါ် ပြောဆို ဆက်ဆံသံ
တွေ အပြောများလာလို့ သတိပေးချင်လို့ ခေါ်
လိုက်တာ…ပြီးခဲ့တဲ့ရက်တွေကတည်းက ကလေး
တွေကို ဆဲတယ်။ ရိုက်တယ်လို့ကြားတယ်၊ မ
နေ့က ရေချိုးတဲ့နေရာမှာ ဆဲဆိုရိုက်နှက်နေ
တယ်လို့ကြားတယ်၊ ဒီကို ရောက်လာတဲ့က
လေးတွေဟာ ဆွေမျိုးလဲ ခိုကိုးစရာမရှိ၊ အမိ
အဖလဲ မရှိ၊ စိတ်အားငယ်ပြီး ရောက်လာကြ
တာ၊ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ အနာဂတ်ကို
ကောင်းမွန်လှပအောင် ပြုစုပျိုးထောင်ပေးကြ
ရမှာ၊ သူတို့လေးတွေ အားကိုးစရာမရှိပါသေး
လားလို့ အသိဝင်အောင် စိတ်စေတနာသန့်သန့်
နဲ့ အကူအညီပေးရမှာ…အလုပ်ကို စလက်ခံက
တည်းက ဒီလိုစိတ်ဓာတ်ရှိပါ့မယ်ဆိုလို့ အစ်မ
တို့က လက်ခံခဲ့တာ အချိန်ရှိပါသေးတယ်၊ က
လေးတွေအပေါ် အတတ်နိုင်ဆုံး သည်းခံပြီး
အကြင်နာစိတ်နဲ့ ပြုစုပျိုးထောင်ပေးပါ ဘယ်
လိုလဲ အစ်မတို့ပြောတာ လက်ခံလား”

“ဟို…သည်းခံနိုင်ခြင်း မခံနိုင်ခြင်းဆိုတာ လူ
တိုင်းမှာ သူ့အတိုင်းအတာနဲ့ သူရှိတယ်၊ ကျမ
ကတော့ သည့်ထက်ပိုပြီး သည်းမခံနိုင်တော့ဘူး”

“အေးလေ ဒါက မင်းအပိုင်းပဲ၊ ဒို့ကတော့ မင်း
စဉ်းစားချိန် တစ်ပတ်ပေးလိုက်မယ်၊ တစ်ပတ်
အတွင်း မင်းကလေးတွေအပေါ် ဆက်ဆံရေး
မပြောင်းနိုင်ဘူးဆိုရင် မင်းအစား တစ်ယောက်
ခေါ်ရတော့မှာပေါ့”

“ဟုတ်ကဲ့ ဒါဆို သွားလို့ရပြီလား”

“အေး အေး ရပြီ”

မျိုးမျိုးခင်ဆိုသော အမျိုးသမီးလည်း အုပ်ချုပ်
ရေးမှူးနှင့် စကားအခြေအတင်ပြောပြီး ဘယ်သူ့
ကိုမှ နှုတ်မဆက်ပဲ ထိုင်ရာက ထသွားသည်။
မသန္တာအပြင်သို့ ကြည့်လိုက်သည်။ ခုံတန်းပေါ်
ထိုင်နေသော ကလေးမလေးကို မတွေ့တော့။

ထိုအချိန် မျိုးမျိုးခင် အခန်းထဲက မကျေနပ်သော
စိတ်နှင့် ထွက်လာစဉ် အခန်းထောင့်ချိုးအတိုင်း
ဝင်လာသော ငြိမ်းငြိမ်းလေးကို မြင်လိုက်သဖြင့်
ဒေါသစိတ်တို့ ကလေးမလေးအပေါ် ကျရောက်
သွားသည်။

“ရုပ်ကိုက မှုံကုပ်ကုပ်နဲ့ မေးလို့မပြော၊ ခေါ်လို့
မထူး၊ စိတ်ရှိလက်ရှိ ပါးနားပိတ်ရိုက် ပစ်ချင်
တယ်”

ပါးစပ်ကပြော လက်က ရွယ်လိုက်စဉ် ရုတ်တ
ရက် ရွယ်နေသောလက်ကို နောက်မှ ဆောင့်ဆွဲ
လိုက်သဖြင့် မျိုးမျိုးခင် ပက်လက်လဲကျသွား
သည်။

“အား…လွှတ်…လွှတ်”

မသန္တာတို့ သူငယ်ချင်းသုံးယောက်နှင့် ဂေဟာ
အုပ်ချုပ်ရေးမှူးတို့ ထိုင်နေရာ စားပွဲအနီးသို့
ပက်လက်ဒရွတ်တိုက် ဆွဲသွားခြင်းကို ခံလိုက်
ရသည်။ ဆွဲနေသူကို မည်သူမျှ မမြင်ရ။ အ
ခန်းထဲမှာ လက်ကို မလွှတ်ပဲ ရှေ့နောက်ဝဲယာ
ဒရွတ်တိုက် ဆွဲခြင်းခံနေရသည်။

ခုံများနှင့် ပစ်ရိုက်လိုက်သည်။ ဗီရိုများနှင့် ပစ်
ရိုက်သည်။ မျိုးမျိုးခင် အကြောက်လွန်ပြီး အ
သံပင် မထွက်နိုင်တော့။ မသန္တာတို့လည်း ထိတ်
လန့်ပြီး အခန်းထောင့်မှာ ပြေးကပ်နေကြသည်။

ပြတင်းပေါက်အနီးသို့ မျိုးမျိုးခင်ကို ဆွဲခေါ်
သွားသည်။ မျိုးမျိုးခင်၏ ခန္ဓာကိုယ်ကြီး မြောက်
တက်သွားသည်။ ထိုမှ တစ်ဖန် လေထဲလွင့်ကာ
အဆောက်အဦးနှင့် ဆယ်ပေခန့်အကွာရှိ ပိ
တောက်ပင် ဂွဆုံပေါ် ပစ်ကျသွားသည်။

သစ်ပင်ပေါ်မှ တစ်ဆင့် မြေပြင်ပေါ်ကျကာ
အသက်သေဆုံးသွားသည်။ မကြာခင် ဂေဟာ
သို့ ကိုလှရွှေများ ရောက်လာကြသည်။

“လူက တိုက်ပေါ်ကကျရင် တိုက်အခြေက
ကွာလှ သုံးပေ…လေးပေါ့၊ အခု ဆယ်ပေလောက်
ရောက်နေတယ်ဆိုတော့ မယုံနိုင်စရာပဲ”

“ကျမတို့ အားလုံးရှေ့မှာတင် ပြတင်းပေါက်က
လွှင့်ပစ်လိုက်ရတာ”

“ဒီအဆောင်မှာ ထူးထူးခြားခြား ဘာဖြစ်သေးလဲ”

“ဘာမှ မထူးခြားဘူး ဒါ ပထမဆုံးပဲ”

“သတိတော့ ထားနေကြပေါ့…ထူးခြားရင် အကြောင်းကြားပါ”

“ဟုတ်ကဲ့”

ရဲကားပြန်ထွက်သွားသည်။

ညနေ ငါးနာရီခန့် မသန္တာဂေဟာမှ ပြန်ခဲ့သည်။

ညနေ ထမင်းစားချိန်ရောက်ပြီဖြစ်၍ ငြိမ်းငြိမ်း
တစ်ယောက်ထဲ ထမင်းစားဆောင်သို့ ထွက်လာ
သည်။ သူ့ရှေ့မှ သူ့အရွယ် ကောင်လေးတစ်
ယောက်နှင့် သူ့ထက် တစ်နှစ် နှစ်နှစ်ခန့်မျှကြီး
မည့် မိန်းခလေးတစ်ယောက်တို့ ရပ်နေသည်။

ငြိမ်းငြိမ်း သွားမည့်ရှေ့က ပိတ်ရပ်နေသည်။
ငြိမ်းငြိမ်းက ကွေ့ရှောင်မည်ပြုပြီး တစ်ဖက်သို့
ခြေလှမ်းလိုက်စဉ် ထိုဘက်သို့ နှစ်ယောက်သား
လိုက်ရွှေ့ကြသည်။

“ပေးစမ်း…နင့်လက်ထဲက အရုပ်”

အကြီးမလေးက ငြိမ်းငြိမ်း လက်ထဲက အရုပ်
ကို ဆွဲလုသည်။ ငြိမ်းငြိမ်းက အရုပ်က လက်
ကမလွှတ်။

“နင့်ကို အရုပ်ကြီးနဲ့ မြင်ရတာ မျက်စေ့နောက်
တယ်”

ခက်ထန်သော အသံနှင့်အတူ သွေးတွေမြင်မ
ကောင်းအောင် ပေကျံနေသော အမျိုးသမီး
ကြီးတစ်ယောက်ကို မြင်လိုက်သဖြင့် ကလေး
နှစ်ယောက် ကြက်သေသေပြီး ကျန်ရစ်သည်။

သရဲမကြီး ပျောက်သွားပေမယ့် မလှုပ်မယှက်
ရှိနေသည်။ ငြိမ်းငြိမ်းက သူတို့အနီးမှ ထွက်
သွားသည်။ ငြိမ်းငြိမ်းက ထိုအမျိုးသမီးကို
မမြင်၊ ထမင်းစားခန်းထဲ ဝင်သွားသည်။

“ဟေ့ကောင် မျိုးလွင် ဘာရပ်နေတာလဲ”

နောက်မှ ရောက်လာသော ကောင်လေးက အကြောက်လွန်ပြီး ရပ်နေသော မျိုးလွင် ပုခုံး
အား ပုတ်လိုက်မှ အသိပြန်ဝင်ကာ လမ်း
လျှောက်၍ ရသွားတော့သည်။

xxxxx

တနလ်ာနေ့ ဂေဟာမှာ တစ်နေ့တာ တာဝန်ထမ်း
ဆောင်ရန် မသန္တာ ထွက်လာခဲ့သည်။ ညကတည်း
က ဆုံးဖြတ်ထားသည်။ မကြာခင်ကမှ ရောက်
လာသော ငြိမ်းငြိမ်းလေးကို အိမ်မှာ ခေါ်ထား
ရန် ဖြစ်သည်။ ဂေဟာစည်းကမ်းရှိသည်။

ကလေးတစ်ယောက်ကို ခေါ်ချင်တိုင်း ခေါ်ခွင့်
မရှိ။ အုပ်ချုပ်ရေးပိုင်းကို အသိအမှတ်ပေးပြီး
စာချုပ်စာတမ်းနှင့်သာ ခေါ်ခွင့်ရှိသည်။ ထိုက
လေး၏ ပညာရေး၊ လူမှုရေးကအစ တာဝန်
ယူရမည်။ ဂေဟာမှသော်လည်းကောင်း ဌာန
ဆိုင်ရာမှ သော်လည်းကောင်း အချိန်မရွေး
အစစ်ဆေးခံနိုင်ရမည်။

ထိုကိစ္စအားလုံး မသန္တာစီစဉ်ထားသည်။ ညနေ
အပြန် ကလေးမလေးကို ခေါ်သွားရမည်။ ကိစ္စ
အားလုံး စီစဉ်ပြီးသည်နှင့် ငြိမ်းငြိမ်းကို စာချုပ်
စာတမ်းနှင့် မွေးရန် အိမ်သို့ ခေါ်လာခဲ့သည်။

ကားပေါ်သာပါလာသည်။ စကားတစ်လုံးမှ
မပြော။ ပြုံးလည်း မပြုံး။ ပြောတဲ့အတိုင်းတော့
နားထောင်သည်။ အိမ်နားရောက်တော့ စတိုး
ဆိုင်တစ်ဆိုင်မှာ ကားရပ်ပြီး ကလေးအသုံးအ
ဆောင်များ ဝယ်ရန်နှင့် အိမ်မှာ လိုအပ်သော
မုန့်အချို့ဝယ်ရန် ကားပေါ်က ဆင်းမည်အပြု…

“သမီးလေး…ကားပေါ်က ထိုင်စောင့် အန်တီ
စားစရာဆင်းဝယ်လိုက်ဦးမယ်”

ထိုမျှမှာပြီး ကားပေါ်က ဆင်းခဲ့သည်။ ဆိုင်ထဲ
မှာ လိုအပ်တာ ရှာဖွေပြီး တစ်ခုချင်း ဝယ်နေ
သည်။ ထိုအချိန် အပြင်မှာ ရပ်ထားသော ကား
အနီးသို့ အရက်မူးသမားတစ်ယောက် ရပ်လာ
ပြီး အထဲကို ကြည့်လိုက်စဉ် ကလေးတစ်ယောက်
ထဲ တွေ့သဖြင့် ကားတံခါးဖွင့်ပြီး အထဲဝင်
လိုက်သည်။

ကားဒက်ဘုတ်ကို ဖွင့်ပြီး တန်ဖိုးရှိသည့် ပစ္စည်း
ကို ရှာဖွေနေစဉ် အေးစက်သော လက်ကြီးဖြင့်
မျက်နှာကို လာထိသဖြင့် လှည့်ကြည့်လိုက်ရာ
သွေးချင်းချင်းနီနေသော မျက်နှာကြီးနှင့် သရဲ
မကို မြင်လိုက်သည့်အတွက် ကြောက်ကြောက်
လန့်လန့်နှင့် ထအော်ပြီး ကားပေါ်မှ ဆင်းပြေး
တော့သည်။

“သရဲ…သရဲ…ကားပေါ်မှာ သရဲ”

ထိုလူအော်သံကြောင့် ပိုက်ဆံရှင်းနေသော
မသန္တာကြားသွားသည်။ မသန္တာလည်း ပြန်အမ်း
သော ပိုက်ဆံကိုပင် ညမယူတော့ပဲ ဆိုင်ထဲမှ
ပစ္စည်းများ ဆွဲပြီး ပြေးထွက်လာခဲ့သည်။

ကားထဲမှာ ဘာမှမရှိ။ မသန္တာကားမောင်းပြီး
ထိုနေရာမှ ထွက်လာခဲ့သည်။ အိမ်သို့ရောက်
တော့ ခြောက်နာရီထိုးပြီ။ မအေးမိ တံခါးလာ
ဖွင့်ပေးသည်။ မအေးမိက အိမ်ကိစ္စ စိတ်ချ
ရသည်။ ဤအိမ်ခြံဝန်းအတွင်းမှာပင် သူ့ကို
မွေးဖွားခဲ့သည်။

မသန္တာမိဘလက်ထပ်ကတည်းက မအေးမိ၏
မိဘများ အိမ်ကြီး၏တာဝန်ကို ယူခဲ့ကြသည်။
မသန္တာမိဘများ မဆုံးခင် မအေးမိ မိဘများ
ဤခြံကြီအတွင်းမှာပင် တစ်ယောက်ပြီး တစ်
ယောက်ဆုံးသွားသည်။

ရှစ်နှစ်သမီးအရွယ် ရှိသေးသော မအေး
မိကို မသန္တာတို့က တာဝန်ယူခဲ့သည်။

ကြမ်းတိုက် အမှိုက်လှဲကအစ ခိုင်းစရာမလို
အောင် ခြေလက်ပေါ့စွာ လုပ်ကိုင်ပေးသည်။
မသန္တာမိဘများဆုံးတော့ မအေးမိ ဆယ့်လေး
နှစ်သမီးအရွယ်ရှိပြီး ယခုမသန္တာက မအေးမိ
တာဝန်ကို ဆက်ယူခဲ့သလို မသန္တာ၏ ကိစ္စ
မှန်သမျှ မအေးမိက တာဝန်ယူခဲ့သည်။

အိမ်မှုကိစ္စမှန်သမျှ ဘာမှ ပြန်မကြည့်ခဲ့ရ။
သူ့အတွက် သတ်မှတ်ပေးထားသော အခကြေး
ငွေကို တစ်နှစ်စာ တစ်နှစ်စာ ပေါင်ပြီး ဘဏ်မှာ
ထည့်ထားပေးသည်။ စားရေးသောက်ရေး
နေထိုင်ရေး အဝတ်အစားကအစ မသန္တာက
လိုလေးသေးမရှိ ဖြည့်စွက်ပေးထားသည်။

ခု…ဆယ်ရှစ်နှစ်ရှိပြီ၊ ရုပ်ရည်မှာ အမိအဘ
များက အညာသူ အညာသားများဖြစ်၍ မ
လှမပ၊ သမီးဖြစ်သူက မြို့ရောက်တောသူ
ပုံပေါက်နေသည်။

ကိုယ်လုံးကိုယ်ပေါက်က ပိန်ပိန်ပါးပါးဖြစ်သည်။
ပေါ့ပါးသွက်လက်သည်။ မအေးမိက မသန္တာ
လက်ထဲမှ အိတ်များကို ယူလိုက်ပြီး အိမ်ထဲဝင်
သွားသည်။မသန္တာက ငြိမ်းငြိမ်းနှင့်အတူ အိမ်
ထဲဝင်လိုက်လာခဲ့သည်။

“မအေးမိ ပြီးရင် လာခဲ့ဦး”

“ဟုတ်ကဲ့ မမ”

ခဏကြာတော့ မအေးမိ ဧည့်ခန်းထဲရောက်
လာသည်။

“ဒါ…မမတို့နဲ့ အတူနေမှာ…ကိုယ်ညီမလေးလို
သဘောထား ဟုတ်လား၊ စိတ်တိုင်းမကျလို့
ဆူတာဆဲတာ မလုပ်ရဘူးနော် ဟုတ်လား
ဒီကလေးအတွက် မမ မခိုင်းပဲ ဘာမှ မလုပ်
ပေးနဲ့ မမခိုင်းမှ လိုအပ်တာလုပ်ပေးဟုတ်လား”

“ဟုတ်ကဲ့ မမ”

“ကဲ…မမတို့ ရေချိုးပြီးရင် ထမင်းစားမယ်
နောက်နာရီဝက်ကြာရင် ထမင်းပြင်လိုက်
ဟုတ်လား”

မအေးမိ နောက်ဘက်ထွက်သွားသည်။

မသန္တာလည်း ငြိမ်းငြိမ်းကို ခေါ်ပြီး အိမ်ပေါ်
ထပ်သို့ တက်လာခဲ့သည်။ မသန္တာအိပ်ခန်းနှင့်
ကပ်ရက်အခန်းမှာ ငြိမ်းငြိမ်းအိပ်ရန် နေရာ
ပေးသည်။

“သမီး ဒီအိပ်ယာမှာ အိပ် ဟုတ်လား၊ အန်တီ
ဟိုဘက်အခန်းမှာ အိပ်မယ်၊ အပေါ့အပါးသွား
ချင်ရင် အန်တီကို နှိုး၊ ဘယ်အချိန်ဖြစ်ဖြစ်
နှိုး၊ အိမ်သာက ဒီတည့်တည့် သွားတာနဲ့
ရောက်တယ်”

ငြိမ်းငြိမ်းက ဘာမှ မပြောပဲ ကုတင်ပေါ်တက်
ထိုင်သည်။

“ရေချိုးမယ်၊ ပြီးရင် ထမင်းစားမယ်၊ လာထ”

မလှုပ် ထိုင်ရာမှမထ

“ရေမချိုးချင်ဘူးလား အန်တီဝယ်လာတဲ့ အ
ဝတ်အစားအသစ်လေးတွေ ဝတ်ရအောင် ရေ
ချိုးလိုက် ဟုတ်လား”

ထိုအခါမှပင် ငြိမ်းငြိမ်း ရေချိုးရန် လိုက်လာခဲ့
သည်။ ရေချိုးပေးပြီး ဆိုင်က ဝယ်လာသော
အက်ျီအသစ်လဲဝတ်ပေးလိုက်သည်။

ရေချိုးထမင်းစားပြီးတော့ ခုနှစ်နာရီခွဲပြီးပြီ။
ငြိမ်းငြိမ်းကို အိပ်ခန်းထဲ လွှတ်လိုက်ပြီး စား
ပွဲမှာ ထိုင်ကာ စာရင်းဇယားများလုပ်နေသည်။
ငွေကြေးကိစ္စများမှန်သမျှ စက်ရုံမန်နေဂျာ
ပို့ပေးသဖြင့် သေချာစစ်ဆေးပြီး စာရင်းသွင်း
သိမ်းဆည်းနေသည်။

ညရှစ်နာရီခွဲတော့ အလုပ်ခဏရပ်ပြီး ငြိမ်းငြိမ်း
အခန်းတံခါး ဖွင့်ကာ ဝင်ကြည့်သည်။ ထားသည့်
အတိုင်း မီးမှိတ်၍ စားပွဲပေါ်မှ မီးအိမ်ကလေး
ဖွင့်ပြီး အိပ်ပျော်နေသည်။

အရုပ်ကလေးကိုတော့ လက်ကမလွှတ်၊ မသန္တာ
စောင်ကို ခြုံပေးလိုက်သည်။

“ဟင်”

အနီးက အရိပ်တစ်ခု ဖြတ်သွားသည်ဟု စိတ်မှာ
ထင်လိုက်သဖြင့် လှည့်ပတ်ကြည့်သည်။ ဘာမှ
မတွေ့။ ခဏရပ်နေပြီး အခန်းထဲက ထွက်ခဲ့သည်။
လက်တော့ကို သိမ်းပြီး အိပ်ရန် ကုတင်ပေါ်တက်
လိုက်သည်။

“ဒုန်း…ဂလုံး…ဂွမ်း”

“ဟင်…ဘာတွေ ကျတာလဲ”

ကုတင်ပေါ်မှ ပြန်ဆင်းပြီး အိပ်ခန်းအပြင်ထွက်
ခဲ့သည်။ ငြိမ်းငြိမ်းအခန်းဖွင့် လိုက်သည်။ငြိမ်း
ငြိမ်းလည်း အိပ်ပျော်နေသည်။ အောက်ထပ်
ဆင်းလာပြီး မအေးမိ အခန်းတံခါးဖွင့်ကြည့်
လိုက်သည်။ မအေးမိလည်း အိပ်ပျော်နေပြီ။
ဘာတွေကျတာလဲ ရှာမတွေ့သဖြင့် အပေါ်
ထပ်သို့ ပြန်တက်ခဲ့သည်။

“ဟင်း….ဒီကလေးမလေးရဲ့ အမေများ ဒီအိမ်
အထိ လိုက်လာတာလား မသိဘူး…သူပါလာ
တယ်ဆိုတာ သိရအောင် အသံပေးတာများ
လား”

အတွေးပေါင်းစုံတွေးရင်း အိပ်ပျော်အောင်
အိပ်လိုက်တော့သည်။ မနက်လင်းတော့ မအေး
မိ လုပ်ပေးထားသော မနက်စာကို စားကြသည်။
ထုံးစံအတိုင်း သွားနေကျ စက်ရုံသို့ သွားရမည့်
နေ့ဖြစ်သည်။

ငြိမ်းငြိမ်းလေးကို ခေါ်သွားရန် စိတ်ကူးလိုက်
သည်။ စက်ရုံက ထုတ်သော မုန့်များကို ငြိမ်း
ငြိမ်းကို စားခိုင်းရမည်။ အိမ်မှာ စက်ရုံက
ထုတ်သောမုန့်များကို မထား၊ ငယ်စဉ်ကတည်း
က စားလာခဲ့ရ၍ ရိုးအီနေပြီး မိတ်ဆွေများကို
လက်ဆောင်ပေးစရာရှိမှသာ အိမ်သို့ ယူလာ
တတ်သည်။

ငြိမ်းငြိမ်းကြိုက်နှစ်သက်သည် ဆိုပါက အိမ်
သို့ ယူလာခဲ့ရမည်။ နေ့ဆယ်နာရီခွဲခန့် စက်ရုံမှာ
ပြဿနာဖြစ်သည့်အသံ ရုံးခန်းထဲက ထွက်
လာသည်။ သန္တာနှင့် အစ်ကိုကြီးတို့ ရုံးခန်းမှာ
လုပ်ငန်းအကြောင်း ပြောစရာရှိ၍ မုန့်ထုပ်
ရုံမှ အလုပ်သမလေးတစ်ယောက်နှင့် ငြိမ်း
ငြိမ်းကို ထည့်ပေးလိုက်သည်။

ကလေးကို စိတ်ရှည်ရှည် ဆက်ဆံရန် မအော်
မငေါက်ရန် အသေအချာမှာလိုက်ကာမှ ဘာ
မေးမေး မရသဖြင့် ထိုအလုပ်သမလေးက
စိတ်မရှည်တော့၍ ခေါင်းကို တစ်ချက်ခေါက်
လိုက်သည်ဆိုသည်။

ငြိမ်းငြိမ်းကြိတ်ပြီး မျက်ရည်ကျနေသည်။

“တိတ်…စမ်း…မျက်ရည်မကျနဲ့၊ အခုသုတ်လိုက်
ငါထပ်ခေါက်မိတော့မယ်”

သူ့စကားဆုံးရုံသေးသည်။ အလုပ်သမလေး
အပေါ်ကို မြောက်တက်သွားပြီး စက်ရုံမှ အ
ပြင်သို့ ထိုးထွက်နေသော တံတားတန်းနဲ့
ခေါင်းကို ဆွဲဆောင့်နေသည်။

“လွှတ်…လွှတ်”

“ဘယ်လိုဖြစ်လို့ မြောက်တက်နေတာလဲ”

မသန္တာကို သတင်းလာပို့သဖြင့် ရုံးခန်းထဲက
ထွက်ပြီး လိုက်လာခဲ့သည်။

“မမြင့်သူ…လွှတ်ပေးလိုက်ပါ ငြိမ်းငြိမ်းလည်း
ဘာမှမဖြစ်ပါဘူး၊ လွှတ်ပေးလိုက်ပါ”

ထိုအခါမှ အောက်ကို နိမ့်ကျလာပြီး လူတစ်
ရပ်ခန့် အမြင့်ရောက်မှ လွှတ်ချလိုက်သည်။

“ငါ သေသေချာချာ မှာလိုက်တာကို နားမ
ထောင်ဘူး၊ နင် ငြိမ်းငြိမ်းကို ဘာလုပ်လဲ
မှန်မှန်ပြော”

“ဘာမှမလုပ်ပါဘူး”

“ဘုန်း”

“အား”

ထိုမိန်းကလေးကို ခြေနှင့်ပစ်ကန်လိုက်သည့်အ
လား နောက်ဘက်တစ်လံခန့် ရွေ့လျားသွားသည်။

“နင်ညာနေရင် ပိုဆိုးလိမ့်မယ် အမှန်ပြောမှ
ငါ တောင်းပန်လို့ရမှာ”

ကျ..ကျမ ဆဲပြီး သူ့ခေါင်းကို ခေါက်လိုက်မိ
ပါတယ်၊ နောက်တစ်ကြိမ်ခေါက်မယ်အလုပ်
မှာ အခုလို လုပ်တာခံလိုက်ရတာပါပဲ”

“ဒီကလေး အမေက အသတ်ခံရပြီး ဆုံးတာ
မကြာသေးဘူး၊ တစ်ယောက်ထဲ ကျန်ခဲ့တဲ့
သမီးကို စိတ်မချလို့ လိုက်စောင့်ရှောက်နေ
တာ၊ ငါ ကိုယ်တိုင် သားသမီးအရင်းလို
ဂရုစိုက်နေတာတောင် စိတ်မချနိုင်လို့ သွား
လေရာ လိုက်နေတာ…ကလေးကို မအော်
မငေါက် မရိုက်ဖို့ မှာလိုက်ရက်နဲ့ နားမထောင်
ဘူး၊ ငါအရောက်မြန်လို့၊ ကဲ အားလုံးမှတ်
ထား၊ ဒီကလေးက အစ်မနဲ့ အတူနေမှာ၊
အစ်မစက်ရုံလာရင် ပါလာချင်ပါလာလိမ့်
မယ်၊ ကလေးနဲ့ ဆက်ဆံရင် ကြင်ကြင်နာနာ
ဆက်ဆံပေးပါ…ကလေးရဲ့ ခံစားချက်ကို
နားလည်ပေးကြပါ၊ ကဲ…ဘာမှမဖြစ်တော့
ဘူး၊ နောက်တစ်ခါ မဖြစ်စေနဲ့ ကြားလား”

“ဟုတ်….ဟုတ်ကဲ့”

မသန္တာလည်း ငြိမ်းငြိမ်းကို လက်ဆွဲ၍ ရုံးခန်း
ထဲ ခေါ်လာခဲ့သည်။ ညနေ ငါးနာရီ စက်ရုံမှ
အိမ်သို့ ပြန်လာခဲ့သည်။

အိမ်ကို ငြိမ်းငြိမ်းရောက်ပြီး ဆယ်ရက်ခန့်
အရောက် ပြဿနာဖြစ်တော့သည်။ မအေးမိ
တစ်ယောက် အသေအချာမှာထားသည့်
စကားကို မသိမဟုတ် သိသည်။

စိတ်မရှည် သည်းမခံနိုင်တော့သည့်အတွက်
အော်ငေါက် တွန်းထိုးလုပ်သည်။ ပါးစပ်က
လည်း ဆဲလိုက်သေးသည်။ ထိုအချိန်မှာပဲ
မအေးမိ ဆံပင်ကို ဆွဲပြီး ကြမ်းပြင်နှင့် နဖူး
ကို အချက်များစွာ ဆွဲဆောင့်နေသည်။

သရဲမကို အသေအချာ မြင်နေရသည်။

“အား….အား”

ခွပ်…ခွပ်

နဖူးမှ အရည်ခွံများ စုတ်ပြတ်သတ်ပြီး သွေးများ
မြင်မကောင်းအောင် စီးကျလာသည်။ မအေးမိ
သတိမေ့သွားသည်။ ငြိမ်းငြိမ်းလေး မအေးမိကို
မိခင်ဖြစ်သူ ဆုံးမနေသည်ကို မမြင်။

ခေါင်းကို ဆောင့်နေသည်ကိုတော့ သိသည်။
ထိုအချိန် အပြင်မှာ မသန္တာပြန်ရောက်လာသည်။
သတိမေ့မြောနေသော မအေးမိကို တွေ့သဖြင့်
ဆေးခန်းသို့ ပို့ရတော့သည်။

ဦးခေါင်းအနည်းငယ် အက်သွားသည်အသား
အရည်များ စုတ်ပြတ်ကုန်သည်။ အသက်အ
န္တရယ် မစိုးရိမ်ရသဖြင့် အထူးကု ဆေးခန်းမှာ
ထားခဲ့ရသည်။

အိမ်ပြန်ရောက်တော့ မှောင်နေပြီ၊ ညစာအတွက်
စီစဉ်ပေးပြီး ငြိမ်းငြိမ်းရှေ့ချပေးလိုက်သည်။

“စား သမီးလေး ဗိုက်ဆာနေပြီလား”

ငြိမ်းငြိမ်းက တစ်ဇွန်းခပ်စားစဉ်…

“ပူသေးတယ်သမီး မှုတ်ပြီးစား”

ဇွန်းကို ပြန်ချလိုက်သဖြင့် မသန္တာက ဇွန်းနှင့်
ခပ်ပြီး ပါးစပ်နှင့် မှုတ်ကာ ငြိမ်းငြိမ်းကို
ကျွေးသည်။

တစ်ဇွန်း…နှစ်ဇွန်း…သုံးဇွန်းမြောက်အရောက်
ပုဂံကို ဆောင့်တွန်းပြီး စားပွဲမှထကာ အိမ်အ
ပေါ်ထပ် တက်သွားသည်။

မသန္တာ စားစရာပြီးအောင် စားပြီး သိမ်းဆည်း
ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အိပ်ခန်း
ထဲ မဝင်သေးဘဲ ငြိမ်းငြိမ်းအခန်းတံခါးကို
ဖွင့်ကာ အထဲဝင်ပြီး စောင်ဆွဲခြုံပေးလိုက်သည်။

“သမီးလေး ဗိုက်ဆာနေမှာပေါ့ ထပြီးစား
ဦးလေး… အိပ်မပျော်သေးမို့လား”

ဘာမှမပြောပဲ ငြိမ်နေသဖြင့် အိပ်ခန်းအပြင်
ပြန်ထွက်လိုက်သည်။

တံခါးကို အပြင်ကဆွဲပြီး စေ့ထားမည်အပြု

ဝုန်း

အတွင်းမှ တံခါးကို ဆောင့်ပိတ်လိုက်သဖြင့်
တံခါးကို လက်နှင့် မထိရသေးခင်မှာပင်
ပိတ်သွားသည်။

မိမိအခန်းသို့ ခြေလှမ်းမည်ပြင်ရင် ရင်ထဲမှ
သည်းခံနိုင်စွမ်းတို့ သိုသိပ်ထားခြင်းငှာ
မစွမ်းသာတော့။

တံခါးအနီးထိုင်ချပြီး အားရပါးရ ငိုရှိုက်လိုက်
သည်။

“ငါ့ရဲ့ကလေးပျက်ကျသွားလို့ သားသမီးချင်း
ကိုယ်ချင်းစာစိတ်နဲ့ ကြင်ကြင်နာနာ ဆက်ဆံ
ခဲ့တယ်၊ သမီးရင်းနဲ့ မခြား ဂရုစိုက်ခဲ့တယ်
ဒီလောက်မေတ္တာရင်းနဲ့ ဆက်ဆံနေတာ ဘာ
ကို အလိုမကျဖြစ်ပြီး ဆန်ကျင်နေတာလဲ၊
ငါ့ထက် ဘယ်သူပိုကောင်းနိုင်မလဲ၊ နင့်အ
မေက နင့်ကို ချစ်တာ…အချစ်စစ်အချစ်မှန်
ဟုတ်လို့လား၊ ကိုယ့်သမီးကို လူမုန်းအောင်
လူတွေရွံကြောက်ကြီး ဖြစ်အောင် လိုက်လုပ်
နေတာ…ကလေးတွေ လူငယ်တွေဆိုတာ
မှားတတ်ကြတာပဲ…ဒါကို သည်းခံနိုင်စွမ်း
မရှိဘူး…ဒီကလေးကို ငါဘယ်လို စောင့်
ရှောက်ရတော့မလဲ၊ ငါ့ကို လွတ်လပ်ခွင့်
ပေးပါ မမြင့်သူ ၊ ငြိမ်းငြိမ်းကလဲ ဘာကို
မကျေမနပ်ဖြစ်နေတာလဲ ပွင့်ပွင့်လင်းလင်း
ပြော ကလေးမဟုတ်တော့ဘူး ရှေ့နှစ်
ကျောင်းနေရတော့မှာ…ဟီး…ဟီး…ဟီး”

စိတ်ရှိလက်ရှိ ပြောဆိုပြီး တံခါးဝမှာ ထိုင်ပြီး
ငိုနေသည်။

တစ်ဖက်သို့ စောင်းအိပ်နေသော ငြိမ်းငြိမ်း
တံခါးဘက် မျက်နှာလှည့်လာသည်။ မသန္တာ
ရဲ့နောက်မှာ သရဲမ မမြင့်သူ ရပ်နေသည်။

မသန္တာလည်း မျက်ရည်သုတ်ပြီး ထိုင်ရာမှ
ထလိုက်သည်။ အိပ်ခန်းထဲ ဝင်ခဲ့သည်။

ငြိမ်းငြိမ်းလည်း တံခါးအနီးမှ အသံပျောက်
သွားသဖြင့် အိပ်ယာပေါ်ပြန်အိပ်ရန် ပြင်
လိုကျစဥျ….

“ဟဲ့… ထစမ်း”

လူမမြင်ရပဲ အသံသာ ကြားလိုက်သည်။

“မေမေ….မေမေ….သမီးမေမေ့ကို အရမ်း
လွမ်းတယ်”

“အမေ…သမီးအနားမှာ ရှိတယ်၊ သမီးအမေ့ကို
တမ်းတ မနေနဲ့တော့ အမေက သေသွားပြီ
သမီးနဲ့အတူ အမြဲ နေလို့မရဘူး သမီးအပေါ်
ကောင်းတဲ့ အန်တီကို အပြစ်မမြင်ရဘူး…
သမီးလိုက်ပြီး ဆန့်ကျင်နေတာ မှားတယ်၊
သမီးအန်တီကျေနပ်အောင် သွားတောင်း
ပန်လိုက်၊ အမေလဲ သမီးအတွက် စိတ်ချ
သွားပြီး…သွားအခုထိ အန်တီကို တောင်း
ပန်ပြီး အတူတူအိပ်…ဒါမှ အမေဝမ်းသာမှာ”

“အမေ ဘယ်မှာ မသွားပါနဲ့… သမီးနဲ့ နေရမယ်”

ထိုအချိန် မမြင့်သူ ပုံပေါ်လာသည်။ ကြောက်
စရာ သွေးတွေနဲ့ ရုပ်မဟုတ်….

“မေမေ အတူနေချင်တာပေါ့ ဒါပေမယ့် မေမေ
က လူမဟုတ်တော့ဘူး မေမေနဲ့ သင့်တော်တဲ့
နေရာ သွားရတော့မှာ…သွား…သမီး မေမေစိတ်
ချမ်းသာတာ မြင်ချင်တယ်ဆိုရင် အန်တီကို
သွားတောင်းပန်ပြီး အန်တီနဲ့ အတူတူအိပ်”

“ဟီး…ဟီး…သ…သမီးသွားပါ့မယ်”

မမြင့်သူ ထိုင်ရာက ပျောက်သွားသည်။ ငြိမ်း
ငြိမ်းလည်း အရုပ်လေးကို ပွေ့ပြီး မသန္တာ
အခန်းထဲ ဝင်သွားသည်။

“အန်…အန်တီ သမီး”

“သမီး…အိပ်မပျော်ဘူးလား”

“သ…သမီးတောင်းပန်ပါတယ်…သမီးနောက်
ကို မမိုက်ရိုင်းတော့ပါဘူး…အန်တီပြောစကား
နားထောင်ပါမယ်”

“လာ အန်တီ ဘေးမှာ သမီးလာအိပ်”

အန်တီသန္တာ၏အကြင်နာ ရင်ခွင်ထဲ တိုးဝင်
ခဲ့သော ငြိမ်းငြိမ်းပျောက်ဆုံးသွားသော
မိခင်ကို ပြန်ရှာတွေ့လိုက်သကဲ့သို့ ခွန်အား
တွေ ပြည့်လာတော့သည်။

အနီးမှာ ရပ်ကြည့်နေသော မမြင့်သူလည်း
သမီးလေး အတွက် စိတ်ချသွားပြီဖြစ်၍
အိမ်ကြီးထဲမှ အပြီးတိုင် ထွက်လာခဲ့တော့
သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Pageကိုlike &followလေးလုပ်ပေးချင်းဖြင့်အားပေးကြပါ😍