မိသည်အထင်နှင့် အစ်ကိုက စိုးရိမ်တကြီး မေးသည်။ “လက်ကိုခုတ်မိတာ မဟုတ်ဘူး အစ်ကို။ ဟို… ဟို မျှစ်အရင်းကို ခုတ်လိုက်တာ သွေး… သွေးတွေ ပန်းထွက်လာလို့” သွေးတွေပေနေသော ဓားနှင့်ပင် ကျွန်တော်သည် စောစောက ကျွန်တော်ခုတ်လိုက်သော မျှစ် ( ဝါးတုတ်) ခြေရင်းကို ထိုးပြလိုက်၏။ “ဟာ” “ဟယ်” ညီအစ်ကိုနှစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မျှစ်ပင်အရင်းတွင် သွေးအလိမ်းလိမ်းနှင့် ရုန်းကန်နေသော မြွေကြီးတစ်ကောင်၏ တစ်ပိုင်းတစ်စကိုယ်သည် သစ်ရွက် ဝါးရွက်ပုံထဲမှဘွားခနဲ ပေါ်လာသည်။ ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။ မြွေကြီးမှာ ...
ယူကာ ကျော်မောင့်ရှေ့သို့ချပေးလိုက်လေသည်။ “ကဲ ကျော်မောင် အမောပြေ လက်ဖက်ကလေးစား အကြမ်းရည်လေးသောက်လိုက်အုံး ပြီးမှလာရင်းကိစ္စဆိုကွာ” ကျော်မောင် က လက်ဖက်သုပ်တစ်ဇွန်းစားပြီး ရေနွေးကို တဖူးဖူးမှုတ်သောက်နေလေသည်။ ထို့နောက်လာရင်းကိစ္စအားဆိုလေ၏ “ဒီလိုကွ အောင်မြတ်ရ. မင်းဟိုဘက်ရွာက ဒေါ်တင်စိန်ကိုသိတယ်မလား” ”ဒေါ်တင်စိန်ဆိုတာ ဟိုတလောက ပိုးထိလို့ဆုံးသွားတဲ့ အောင်မောင်းရဲ့မိန်းမလား” ”အေးကွ ဟုတ်တယ်” ”နို့ ဘာဖြစ်လို့တုန်းကျော်မောင်ရ” “အောင်မောင်းက အစိမ်းသေဆိုတော့ မကျွတ်ဘူးဟေ့ ဒေါ်တင်စိန်တို့အိမ်ကိုလည်း မကြာခဏဆိုသလိုလာတယ်တဲ့ကွ လာတိုင်းလည်း မိန်းမရေ သမီးလေးရေဆိုပြီး အော်ခေါ်နေတာတဲ့ ဒေါ်တင်စိန်တို့ခင်မျလည်း စားကောင်းချင်းမစားရအိပ်ကောင်းချင်းမအိပ်ရနဲ့ နေ့တိုင်းလိိုလိုမျက်ရည်နဲ့မျက်ခွက်ကွ” “နို့ မင်းတို့က ...
ရှိဘူး။ ဒီကောင် ရောက်လာ ပြီးကတည်းက အလုပ်တစ်ခု ရှုပ်လာတယ်” အသက်ငါးဆယ်ခန့်ရှိ လူကြီးတစ်ယောက် ခွေးကြည့်ပေးရန် အိမ်အောက်ဆင်းလာသည်။ အိမ်ခြံဝမှာ ဧည့်သည်နှစ်ယောက်က ခွေးကို ကိုင်ထားပေးသည်နှင့် တွန့်ဆုတ်ခြင်း မရှိဘဲ အိမ်ပေါ်သို့ တက်လာခဲ့ကြသည်။ နောက်မှ အိမ်ရှင်လူကြီး အိမ်ပေါ်လိုက်တက် လာခဲ့သည်။ “ဆရာ ဦးထွန်းမောင် ဟုတ်ပါလား ခင်ဗျာ” “ဟုတ်ကဲ့ …ကျနော်ထွန်းမောင်ပါ” ဆရာဦးထွန်းမောင်လည်း ရောက်လာသူများ ကဲ့သို့ အသက်ငါးဆယ်ကျော်ခန့်ပင်ရှိသည်။ သူတို့ ဆရာဦးထွန်းမောင်ရှေ့မှာ ထိုင်လိုက် ကြသည်။ “ကျနော်တို့က အိမ်မှာ ဆရာမှ ရှိပါ့မလားလို့” ...
ငါနှစ်သောင်းပေးမယ်။မရရင်မင်းကပြန်ပေး” ယင်းသို့စိန်ခေါ်တော့၎င်းက “ငါနိုင်ရင်မင်းငါ့ကိုပိုက်ဆံမပေးနဲ့။ရလာတဲ့ဂျီတွေကို ဖျက်ပြီး စက်သမားတွေ၊ကားသမားတွေကို ချက်ချင်းပြန်ရောင်းပေး။ ဘယ်လိုလဲ” “ဟာ ရတာပေါ့ကွ” မောင်ညွန့်ထိုင်ရာမှ ယိုင်တိုင်တိုင်ဖြင့်ထလိုက်သည်။ ကျွန်တော်တို့စသည့်အချိန်က နေ့လယ်တစ်နာရီထိုးနေပြီမို့ သူ့အတွက် မမှောင်ခင်ဂျီလေးကောင်ရဖို့ဆိုတာ မည်သို့မှမဖြစ်နိုင်ချေ။ တောအုပ်ကြီးဖြစ်နေပြန်သည်မို့ ညနေငါးနာရီဆိုလျှင် မှောင်နေပြီမဟုတ်လား။ ကျွန်တော်တို့နှစ်ယောက် လောင်းကြေးအတည်ပြုပြီးသည့်နောက် မောင်ညွန့်လည်း အမဲပစ်သေနတ်ကိုယူကာ ဆိုင်ကယ်တစ်စီးဖြင့်ထွက်သွားသည်။ နာရီဝက်ခန့်အကြာ၌ ၎င်းသည် ဂျီသေနှစ်ကောင်ကို ဆိုင်ကယ်ပေါ်တွင် ရှေ့နောက်တစ်ကောင်စီတင်ပြီးရောက်လာသည်။ “ကဲ ကိုသန်း ခင်ဗျားစကားအတိုင်း ဒီနှစ်ကောင်ကိုဖျက်ထား” ယင်းသို့ဆိုပြီး ဂျီသေနှစ်ကောင်ကို မြေကြီးပေါ်ပစ်ချကာ ဆိုင်ကယ်ကိုဆက်လက်မောင်းထွက်သွားပြန်သည်။ ကျွန်တော့်မှာမူ ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့သည်။ သို့သော်လည်း ...
ပေးလိုက်ပါသည်။ ကလေးက^•မယ်ယဉ့်လက်ထဲအသံတိတ်နေကာ••• သူကထင်းစည်းနှင့်••• မှောင်နေပြီဖြစ်သော•••တောထဲမှ အမြန်ထွက်လိုက်လေတော့သည်။ “”ဝှီးးးးဖလပ်••ဖလပ်””” တောစပ်အရောက်•••မဲမဲသတ္တဝါ••• များဖြတ်ပြန်သွားတာမို့ခေါင်းငုံ့ရှောင်လိုက်ရသည်။ “”မောင်ကြီး••ဘာလဲဟင်””” “”လင်းနို့တွေထင်တယ်””” ကလေးနှင့်ပတ်သက်၍••• သာလှစိတ်ထဲတထင့်ထင့်။ သွားနေကျလမ်းများမို့အလင်းရောင်အားနည်းနေ ပြီဖြစ်သော်လည်း•••တောလမ်းကလေးကိုဖြတ်ပြီးသည်နှင့် ရွာထဲရောက်လာခဲ့လေသည် ။ “”””အူ••••ဝူးးးးးးဝူးးးးးးး””””” ခွေးများက•သူတို့ကိုမြင်တော့အူလိုက်ကြတာ တစ်ရွာလုံး၏ခွေးများက••• လိုက်ပါအူကြလေသည်။ မယ်ယဉ်ကတော့ကလေးတစ်ဖက်နှင့် အာရုံစိုက်မိပုံရရဲ့လားမသိပေ။ အိမ်ရောက်တော့သာလှမှာ••• အိမ်ပေါ်မတက်ချင်သည်အထိဖြစ်သွားရသည်။ ရေစည်ဆီသွားကာရေကိုအကြာကြီး ချိုးနေလိုက်သည်။ တောထဲတွင်••• အူလှိုက်သည်းလှိုက်ငိုနေသောကလေးက ခုတော့လုံးဝငြိမ်နေလေရာ••• သာလှဘဝင်မကျမိပေ။ “””မောင်ကြီးရေ••• ရှင်မဟင်းမနွေးနိုင်တော့ဘူး••• ထမင်းတော့ခူးထားတယ်စားနှင့်နော် ရှင်မ••မိတင်အေးတို့အိမ်သွားပြီး••• ကလေးနို့သွားတိုက်လိုက်ဦးမယ်”” ခါတိုင်းဇနီးမောင်နှံလက်ဆုံစားနေကျဖြစ်သော်လည်း ခုတော့သာလှတစ်ယောက်ထဲစားရတော့မည်။ ~~~~~~~~~~~~~~~~ {၂} “အူ••••ဝူးးးးးးးဝူးးးးးးးး”” ...
ပင်ကျရည်ကို မနား တမ်းမော့လိုက်ပြီး ပဲကြီးလှော်နှစ်စေ့၊သုံး စေ့ကို ကောက်ဝါးပစ်လိုက်တယ်။ “ငါ ဒီတစ်ခါ တောတက်တာ မုဆိုးတစ်ရာ မှာ တစ်ယောက် မတွေ့ဘူးတဲ့ ငှက်တစ် ကောင် တွေ့ခဲ့တယ်ကွ” ဒီတစ်ခါတော့ ကိုတောင်လုံးရဲ့စကားကို စိတ်ဝင်စားသွားတာ ကျုပ်ဗျ။တာတေဆို တာ လွှတ်စပ်စုတဲ့ကောင်လေဗျာ။ “မုဆိုးတွေတောင် မမြင်ဘူးတဲ့ငှက်ဆို တော့ ဘာငှက်များတုန်းဗျ ကိုကြီးတောင် လုံးရဲ့” ကျုပ်က တအံ့တသြနဲ့ မေးလိုက်တာဗျ။ ကျန်တဲ့ကောင်တွေကလည်း တစ်ယောက် တစ်ပေါက်နဲ့ မေးကြတာပေါ့ဗျာ။ “သိန်းငှက်လား” “လင်းယုန်လား” “အောက်ချင်းလား” “ဝန်ပိုငှက်လား” “ဟကောင်တွေရဲ့ ...
နက်နက်ကြီး ထင်နေရမှာပေါ့။ အခု အဲဒီလို မဟုတ်ဘူးဗျ။ သဲမြေပေါ်မှာ ပါးပါးလေးပဲ ထင်နေတာ။ ကျုပ် လိုက်ပြီး ရေကြည့်တယ် ။ တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု အားလုံးဆယ့်လေးခု။ကျုပ် သေသေချာချာ ကြည့်တော့ ခြေရာက ဘယ်ခြေရာ၊ ညာခြေရာ စုံဗျ။ ခြေရာ ဆယ့်လေးခုဆိုတော့ ခြေလှမ်းခုနှစ်လှမ်း လှမ်းထားတာဗျ။ ခြေရာတစ်ခုနဲ့ တစ်ခုကြား အကွာအဝေးကို ကျုပ် ခန့်မှန်းကြည့်တော့ လက်တံတစ်လံလောက် ခြားတယ်ဗျ။ ဒါဆိုရင် ဒီခြေရာပိုင်ရှင်ဟာ နည်းတဲ့အရပ်ကြီးမှ မဟုတ်တာဗျာ။ ကျုပ်က ဒီအကြောင်း ...
ဆန်အိတ်များပေါ်တွင် အိပ်ပျော်နေကြသည် ထိုအခါ ဖိုးထွေးသည် သာရအား မောင်ဘိုးထင်တို့ကို မျက်စာပြစ်ပြလိုက်ကာ “ကဲ ငါပြောတာ ယုံပြီ မဟုတ်လား ဒီကောင်တွေက အိပ်ဖို့ချောင်းနေတာပါဆို “ “ဒီကောင်တွေ ဒါတော့ လွန်သွားပြီး အသွားတုန်းက လည်းအိပ် အပြန်ကြတော့လည်းအိပ် နဲ့ လာကွားသွားနိုးရအောင် မထူးပါဘူး အဲ့ကောင်တွေကို ပဲ ထမင်းဟင်း ချက်ခိုင်းကွာ ငါတို့ နှစ်ေယာက်က နွားသွားကျောင်းမယ်ဆိုပြီး အိပ်ကြရအောင် “ အချိုးပြောင်းသွားသော သာရအား ဖိုးထွေး သေချာကြည့်လိုက်မိသည် ခုဏကမှ ...
တော့သည်။ နောက်ဆုံးနှစ်ယောက်သား သဘော တူကာယူဖို့ဆုံး ဖြတ်ချက်ချခဲ့ကြသည်။ ငွေအိတ်တွေလဲပါတာကိုတွေ့ရလေသည်။ “တင်မောင်….ဒီစိန်လက်စွပ်ကဖြုတ်မရဘူးဟ ကြပ်နေတာပဲ” “နေနေ ငါဆွဲကြည့်မယ်….” “အား….အား…..ဟူး တော်တော်မာလိုက်တာ အတည်ဝတ်ထားတာလားမသိဘူး ဟာသိပြီ” တင်မောင်မှာမိမိဘောင်းဘီအိတ်ထဲက ခလုတ်နှိပ် ဓားကိုယူ ထုတ်လိုက်လေသည်။ “ဟင် ဘာလုပ်မလို့တုန်း….” “ခုတ်ယူမလို့လဲ…” လှထူးမှာ စိတ်ထဲဘုရားဘုရားတက ကြောက်မိလေတော့သည်။ လောဘစောတွေတတ်နေသော တင်မောင်က ထိုမိန်းကလေး လက်ကိုဓားဖြင့်ခုတ်လှီးကာ စိန်လက်စွပ်ကိုယူလိုက်လေသည်။ သို့ဖြင့် သူတို့နှစ်ယောက်လဲ ကားလမ်းပေါ်သို့တက်လာခဲ့သည်။ မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာ ဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။ ယခု သူတို့မှာ…… သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီ ...
လိုအပ်သည့်များ ပြင်ဆင်ခိုင်းလေသည်။ အမဲပစ်ရာတွင် သုံးသည့်လက်နက်များကို လည်းပြင်ရလေသည်။ ရွာထဲတွင် သာဒင်၊ ထွန်းအောင်၊ တင်ထွန်းတို့ သုံးယောက် အမဲပစ်သွားမည့်ဟု သိရသည့်နှင့် တောကောင်သား လာရောက်မှာသူများက စည်းကားနေတော့သည်။ “ဖြူရေ့.. ဒီတခါ အမဲပစ်ကတော့ ကြာမယ်ထင်တယ်ကွ..” “ဘာလို့လဲတော်..” “အမဲမှာတဲ့လူများတယ်ကွ…” “ရှင်လည်း.အမဲပစ်တာ စွန့်လွှတ်ပါတော့လားရှင်..” “ဘာလို့လဲ.. ဖြူ ရဲ့..” “ဒီ အကုသိုလ်အလုပ်တွေ မလုပ်စေချင်လို့ပါ..” “ဒါပေမဲ့.. ဖြူရယ်.. သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း သိပ်အဆင်မပြေဘူး.. ဒီအလုပ်ကပဲ အဆင်ပြေတာ.. ဖြူလေးလည်း.. သိနေတာပဲ.. ပြီးတော့.. ကိုယ်တို့. ...