မဖဲဝါတွေ့ဖူးသောဖိုးအောင်မြတ်

ယူကာ ကျော်မောင့်ရှေ့သို့ချပေးလိုက်လေသည်။

“ကဲ ကျော်မောင် အမောပြေ လက်ဖက်ကလေးစား အကြမ်းရည်လေးသောက်လိုက်အုံး ပြီးမှလာရင်းကိစ္စဆိုကွာ”

ကျော်မောင် က လက်ဖက်သုပ်တစ်ဇွန်းစားပြီး ရေနွေးကို တဖူးဖူးမှုတ်သောက်နေလေသည်။ ထို့နောက်လာရင်းကိစ္စအားဆိုလေ၏

“ဒီလိုကွ အောင်မြတ်ရ. မင်းဟိုဘက်ရွာက ဒေါ်တင်စိန်ကိုသိတယ်မလား”

”ဒေါ်တင်စိန်ဆိုတာ ဟိုတလောက ပိုးထိလို့ဆုံးသွားတဲ့
အောင်မောင်းရဲ့မိန်းမလား”

”အေးကွ ဟုတ်တယ်”

”နို့ ဘာဖြစ်လို့တုန်းကျော်မောင်ရ”

“အောင်မောင်းက အစိမ်းသေဆိုတော့ မကျွတ်ဘူးဟေ့ ဒေါ်တင်စိန်တို့အိမ်ကိုလည်း မကြာခဏဆိုသလိုလာတယ်တဲ့ကွ  လာတိုင်းလည်း မိန်းမရေ သမီးလေးရေဆိုပြီး အော်ခေါ်နေတာတဲ့ ဒေါ်တင်စိန်တို့ခင်မျလည်း စားကောင်းချင်းမစားရအိပ်ကောင်းချင်းမအိပ်ရနဲ့ နေ့တိုင်းလိိုလိုမျက်ရည်နဲ့မျက်ခွက်ကွ”

“နို့ မင်းတို့က အမျှတွေဘာတွေ မဝေဘူးလားကွ”

”ဟာ အမျှဝေတာမှနှစ်ခါတောင်ရှိပြီကွ အဲ့ဒါကိုမကျွတ်တာ “

”မင်းက အဲ့ကိစ္စပြောချင်လို့လာတာလားကွ”

”မဟုတ်ဘူးကွ အောင်မောင်းက အမျှဝေလဲမကျွတ်တော့ သူဘာဖြစ်ခြင်လဲ
ဘာကို အစွဲလမ်းကြီးနေတာလည်းဆိုတာ ငါတို့က မသိတော့ ရွာကလူတွေနဲ့ ဒေါ်တင်စိန်တို့အိမ်ပေါင်းပြီး ဆရာတစ်ယောက်ပင့်လိုက်တယ်ကွ အဲ့ဆရာက
ရွာမှာနတ်ဝင်သည်ရှိလားလို့မေးတော့ ငါတို့ကလည်းမရှိဘူးလို့ဖြေလိုက်တယ်
အဲ့ဒါဆိုရင် သတ္တိကောင်းကောင်းနဲ့ တနင်္ဂနွေသားနှစ်ယောက်ရှာပေးဆိုတာနဲ့
ငါက မင်းကိုပြေးမြင်တာဟေ့ အခုလာရင်းကိစ္စက မင်းကိုလာခေါ်တာ”

”မင်းတို့ရွာမှာ တနင်္ဂနွေသားတွေမရှိတော့ဘူးလားကွ”

”ဟကောင် အောင်မြတ်ရ ဟိုဆရာက ဘာလုပ်မယ်မှန်းမသိတော့ မလိုက်ရဲကြဘူးကွ လိုက်မယ်လုပ်တော့လဲ မိဘတွေက ခွင့်မပြုကြဘူးလေ”

”အေးပါ ဒါနဲ့နောက်တစ်ယောက်ကဘယ်သူလဲ “

”မင်းတို့ရွာက အာကြီးပဲလေ “

”ဟကောင်ရ အာကြီးက အာပဲရှိတာ ဒါ့ကြောင့်လဲ တစ်ရွာလုံးက
အာကြီးဆိုပြီးနာမည်ပြောင် ပေးထားတာပေါ့ကွ”

”ဟုတ်လား အဲ့ဒါမှဂွပဲကွာ ဆရာကြီး​က နှစ်ယောက်ရှာခိုင်းတာကွ”

”ဒီလိုလုပ်ကွာ မင်းရယ်ငါရယ် ဟိုဘက်ရွာကိုသွားမယ် မင်းပြောတဲ့ ဆရာကြီးကို တစ်ယောက်ထဲရလားအရင်မေးလိုက်မယ် မရရင်လဲ ငါပါကူရှာပေးမယ်”

ထို့နောက် ဘိုးအောင်မြတ်နဲ့ကျော်မောင်တို့လည်း ရှားစောင်းကန်ကျေးရွာကို လှည်းနဲ့ထွက်လာခဲ့လိုက်တယ်။  လှည်းနဲ့သွားတာဆိုတော့ ဘယ်လောက်မှမကြာဘူး နေ့ခင်း၂နာရီလောက်ကျ ရွာကိုရောက်ပြီ။ ဘိုးအောင်မြတ်တို့လည်း ရွာလူကြီးအိမ်မှာ ဆရာကြီးတည်းတယ်ဆိုလို့ ရွာလူကြီးအိမ်ဘက်ကိုထွက်လာခဲ့လိုက်၏။

“ဗျို့ သူကြီး သူကြီး”

”ဟေ့ ကျော်မောင်လားကွ လာလေအိမ်ပေါ်တက်ခဲ့”

ဘိုးအောင်မြတ်နဲ့ကျော်မောင်တို့လည်း သူကြီးအိမ်ပေါ်သို့တက်ခဲ့လိုက်၏။ ဘုရားစင်ရှေ့၌ လွယ်အိပ်တစ်လုံးဘေးတွင်ချကာ ထိုင်နေတဲ့လူကြီးအားဘိုးအောင်မြတ်တစ်ယောက်အကဲခတ်နေလေသည်။ သူ၏ရှေ့တွင်လည်း ရှားစောင်းကန်ကျေးရွာ သူကြီးက ထိုင်နေလေသည်။

“ကဲ ကျော်မောင်လာထိုင်  အောင်မြတ်
အမောပြေအကြမ်းရည်လေးသောက်ကွာ ”

“ဟုတ်ကဲ့သူကြီး”

“အောင်မြတ် မင်းလည်း အောင်မောင်းအကြောင်းသိပြီးလောက်ရောပေါ့”

”ဟုတ်ကဲ့ သူကြီး ကျုပ်သိသင့်သလောက်သိပြီးပါပြီ”

”ဒါနဲ့ကျော်မောင် မင်းကို နှစ်ယောက်ရှာခိုင်းလိုက်တာလေ ဘယ်လိုဖြစ်ပြီး အောင်မြတ်တစ်ယောက်တည်းလည်းဟ”

”ကျန်တဲ့ တစ်ယောက်က ရှာမရလို့ သူကြီးရေ “

ထိုအခါ အိမ်ဦးခန်းတွင်ထိုင်နေသော ဥပဓိရုပ်ကောင်းကောင်းနဲ့
လူကြီးမှဝင်ပြောလေ၏။

“ရပါတယ် သူကြီး ဒီသူငယ်တစ်ယောက်တည်းနဲ့တင် ရပါတယ် “

“ဟုတ်ကဲ့ပါဆရာကြီး ဆရာကြီး  ရရင်လဲရပါတယ်”

”ကဲ ဒီကမောင်အောင်မြတ် နော်”

”ဟုတ်ကဲ့ဆရာကြီး ကျုပ်နာမည်အောင်မြတ်ပါ”

”ဟုတ်ပြီ ကျုပ်ကိုတော့ ဦးဒိဗ္ဗလို့ခေါ်နိုင်တယ်
မောင်ရင်ကို ခေါ်ခိုင်းလိုက်တာက. သင်းချိုင်းအရှင်မ မဖဲဝါကိုပင့်ပြီး အောင်မောင်း ဟာ ဘာကိုအစွဲအလမ်းကြီးပြီး မကျွတ်နိုင်ရတာလဲဆိုတာမေးဖို့ပဲ”

”ဗျာ “

ထိုအခါ ဘိုးအောင်မြတ် အနည်းငယ်မျှတော့ လန့်သွားလေ၏။  ငယ်စဥ်ကတည်းက မဖဲဝါဆိုတာ ကြားဖူးနားဝပဲရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ယခုအခါ ကိုယ်တိုင်ကြုံရတော့မယ်ဆိုတော့ အနည်းငယ်မျှတော့ လန့်မိသွား၏။

“ဘာလို့လဲ မောင်အောင်မြတ်ရဲ့ ကြောက်လို့လား”

”မဟုတ်ပါဘူး ဆရာကြီး မဖဲဝါဆိုတာ ပုံပြင်တစ်ခုလိုပဲသိဖူးပြီး အခုကိုယ်တိုင်ကြုံရတော့မှာဆိုတော့ နည်းနည်းတော့ လန့်သွားလို့ပါ”

”မလန့်ပါနဲ့ မောင်အောင်မြတ်ရဲ့ ဆရာကြီး မင်းကိုအဆောင်တစ်ခုပေးထားမယ် အဲ့ဒီအဆောင်က သရဲ၊ တစ္ဆေ၊ မြေဖုတ်၊ ပြိတ္တာ၊ ဘယ်မကောင်းဆိုးဝါးမှ မောင်ရင်အနားကို မကပ်နိုင်စေရဘူးကွဲ့ အတင့်ရဲပြီးလာကပ်ရင်တော့ ငရဲမီးတမျှလောင်ကျွမ်းဖို့သာပြင်ပေတော့ဟေ့”

”ဟုတ်ကဲ့ဆရာကြီး ကျုပ်ဘယ်အချိန်သွားရမလဲဆိုတာကိုသာပြောပါ”

”ညနေ၇နာရီလောက်သွားကွဲ့ ပြီးတော့ အောင်မောင်းက ဘာကိုအစွဲအလမ်းကြီးပြီး မကျွတ်နိုင်တာလဲဆိုတာမေးခဲ့ ဪသူကြီး ဆန်တစ်ပြည်ချက်နဲ့ အမဲသား တစ်ပိဿာလောက်ရရင် လုပ်ပေးထားစမ်းပါ”

”ဆန်တစ်ပြည်ချက်က တော့ရပါတယ်ဆရာကြီး အမဲသားကျတော့ “

”ဟာ သူကြီး ရွာတောင်ပိုင်းက ဒေါ်ကြင်မြတို့ အိမ်မှာ အမဲပေါ်တယ်ဗျ
သူကြီးဘာမှစိတ်မပူနဲ့”

ထို့နောက် အမဲသားတစ်ပိဿာနဲ့ ဆန်တစ်ပြည်ချက်ကိုညနေ၅နာရီလောက်ကျချက်လိုက် ကြသည်။ အကုန်လုံးအဆင်သင့်ဖြစ်သော်အခါ ဘိုးအောင်မြတ်ကို ဆရာကြီးဦးဒိဗ္ဗမှ မျက်ကွင်းဆေးကွင်းပေးလေ၏။ အဆောင်ဟုခေါ်သော ကြိုးအနီလေးကိုလည်း လက်မောင်း၌ချည်ပေးလိုက်တယ်။

ည၇နာရီခန့် ဘိုးအောင်မြတ် တစ်ယောက် ထမင်းတောင်းထမ်းကာ ရှားစောင်းကန်ကျေးရွာ ၏ ရွာသင်းချိုင်းထဲသို့ဝင်လာလေ၏။ ထို့နောက် ဂူကြီးကြီးပေါ်၌ ဆန်တစ်ပြည်ချက်နဲ့အမဲသားတစ်ပိဿာကို အောက်က ငှက်ပျောရွက်များခံ၍
အပေါ်မှအကုန်လုံးပုံလိုက်လေ၏။ ဘိုးအောင်မြတ်တစ်ယောက် မျက်ကွင်းဆေးကွင်းထား၍ နာနာဘာဝများအားတွေ့နေရလေသည်။အဝေးမှလှမ်းကြည့်နေကြခြင်းဖြစ်၏။

မကြောက်တက်တဲ့ ဘိုးအောင်မြတ်တောင်မှ အနည်းငယ် ကြောက်ချင်လာ၏။
ထို့နောက် ကြောက်စိတ်များကို ချက်ချင်းဖယ်ကာ လုပ်စရာရှိတဲ့အလုပ်ကိုသာ ဆက်၍လုပ်နေလေသည်။ ထမင်းဟင်းများပုံပြီးသောအခါ ဖလားတစ်လုံးထဲသို့ ရေများခပ်ထည့်လိုက်ပြီး ဂူပေါ်သိူ့တင်ထားလိုက်၏။ ဖယောင်းတိုင်ငယ်တစ်ချောင်းကိုလည်း ဂူပေါ၌ ထွန်းထားလိုက်သည်။

“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ မြောက်ဓူဝံ သင်းချိုင်းတစ်ရာကို အပိုင်စားရတဲ့ သင်ချိုင်းရှင်မကြီး မဖဲဝါခင်မျ ကျွန်တော် မောင်အောင်မြတ်မှ စားပွဲသောက်ပွဲများဖြင့်ပင့်ဖိတ်ပါတယ် ရောက်ရာအရပ်ကနေ အမြန်ဆုံးကြွလှမ်းလာခဲ့ပါသင်းချိုင်းအရှင်မကြီးခင်မျာ”

ဘိုးအောင်မြတ်လည်း ဆရာကြီးဦးဒိဗ္ဗ သင်ပေးလိုက်တဲ့အတိုင်း ပင့်ဖိတ်လိုက်သည်။ တစ်ခါပင့် မကြွသေး နှစ်ခါပင့် သုံးခါပင့် လေးခါမြောက်ကြတော့ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ခွေးအူသံကြီး အားကြားလိုက်ရသည်။ ဘိုးအောင်မြတ်လည်း အစက ရွာထဲကခွေးများ အူသည်ဟုထင်၏။ ထို့နောက်သေချာနားထောင်သောအခါ သင်းချိုင်းအတွင်းက ကြားရမှန်းသိလိုက်သည်။

မကြာပါ ခွေးအူသံမှာ တဖြည်းဖြည်းနီးလာပြီး ဂူတွေပေါ်ကနေ လာနေတဲ့ မဖဲဝါအား ဘိုးအောင်မြတ်တစ်ယောက် တွေ့လိုက်ရ၏။  အရပ်ဆယ်ပေမျှရှိပြီးမျက်လုံးများကအကြမ်းရည်သောက်ပန်းကန်လုံးများအထိပြူးကျယ်နေသည်။  မဖဲဝါ၏ ခွေးကြီးနက်ကျော်မှာလည်း နွားပေါက်တစ်ကောင်လောက်ကို ထွားကြိုင်းလှ၏။

ဂူပေါ်တွင် ချထားသော ထမင်းဟင်းများကို မဖဲဝါမှ တစ်ချက်မျှကြည့်ပြီး  ဆောင့်ကြောင့်ထိုင်ကာ စားနေလေ၏။ နက်ကျော်ကိုလည်း အမဲရိုးများချကျွေးလေသည်။  စားသောက်ပြီးသွားလို့ ရေသောက်နေစဥ် ဘိုးအောင်မြတ်ကိုကြည့်လိုက်သည်။

“ဟဲ့ အောင်မြတ် ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ”

”ဒီလိုပါ သင်းချိုင်းအရှင်မ မဖဲဝါ အခုဒီရွာမှာ ပိုးထိလို့ဆုံးသွားတဲ့ အောင်မောင်း ဆိုတဲ့လူရှိပါတယ် သူက အမျှဝေတော့လဲ မကျွတ်ပါဘူး
အဲ့ဒါ ဘာကိုစွဲလမ်းပြီးမကျွတ်တာလဲဆိုတာ မဖဲဝါသိရင်ပြောပြပေးပါလို့ “

”အောင်မောင်းက ပစ္စည်း ကိုစွဲလမ်းနေတာဟဲ့ သူ မြုပ့်ပြီးဖွက်ထားတဲ့ ပစ္စည်း တွေကို သူ့မိသားစုသိစေချင်လို့ ညတိုင်းလာနေတာဟဲ့ ဒါကိုနင်တို့က အောင်မောင်းက ခြောက်တယ်ထင်နေကြတာ “

”ဟုတ်ကဲ့ပါ သင်းချိုင်းအရှင်မကြီး ဒါနဲ့ အောင်မောင်း  ​က သူ့ပစ္စည်းတွေ ဘယ်မှာမြုပ့်ထားတာပါလဲခင်မျ”

“သူတို့ဝိုင်းရဲ့ အနောက်မြောင်ထောင့်ဘက်မှာ ကြက်စူပင်ကြီးရှိတယ် အဲ့အပင်ခြေကနေတောင်ဘက်ကို ဆယ်လှမ်းလျောက် ဆယ်လှမ်းပြည့်ရင် အဲ့နေရာကို တူးလိုက် နင်တို့တွေ့လိမ့်မယ် ပြီးတော့ ပစ္စည်း တွေကိုထုခွဲရောင်းချပြီးရင် အောင်မောင်းအတွက်အမျှဝေလိုက် သူကျွတ်လိမ့်မယ် “

မဖဲဝါက ထိုသို့ပြောသွားပြီး ဂူတွေပေါ်တရွေ့ရွေ့ပြန်သွားလေသည်။ ဘိုးအောင်မြတ်လည်း ဆရာကြီးဦးဒိဗ္ဗ ဆီသို့ပြန်လာခဲ့၏။ ဆရာကြီးဦးဒိဗ္ဗမှ မအိပ်သေးပဲ ဘိုးအောင်မြတ်အား စောင့်နေလေသည်။  ဘိုးအောင်မြတ်လည်း မဖဲဝါပြောလိုက်တဲ့အတိုင်း အကုန်ပြန်ပြောပြလိုက်၏။

******************

“ဒါဆိုဘိုး ဘိုးက မဖဲဝါကိုမြင်ဖူးတယ်ပေါ့နော် “

”မြင်ဖူးတာပေါ့ မောင်သူရရဲ့  “

”ဪ”

”ဘိုးလည်း ဆရာကြီးဦးဒိဗ္ဗ ကိုမဖဲဝါပြောလိုက်တဲ့အတိုင်း အကုန်ပြန်ပြောလိုက်တယ် နောက်တစ်နေ့ကျ ပစ္စည်းတွေ ရလို့ ထုခွဲရောင်းချပြီး
အောင်မောင်း အတွက် အလှူအတန်းလုပ်ပြီး အမျှပေးဝေလိုက်တယ်
နောက်တော့ အောင်မောင်း တစ်ယောက် ​ကျွတ်သွားတယ်နဲ့တူပါတယ် ခြောက်တာလန့်တာ တစ်ခါမှမဖြစ်တော့ဘူး”

သူရတို့လည်း  သန်းခေါင်ကြက်တွန်မှပြန်သွားကြလေ၏။ သူတို့၏ ခေါင်းထဲ၌လည်း မဖဲဝါကိုတွေ့ချင်မြင်ချင်စိတ်များက တစ်ဖြည်းဖြည်း ကြီးထွားလာလေသည်။

#ပြီးပါပြီ။

စာရေးသူ ဝန်ခံချက်။မဖဲဝါပင့်သောနေရာတွင်
ဆရာတာတေရဲ့စာအုပ်မှ ရေးသားထားချင်းဖြစ်ပါသည်။

စိတ်ကူးအတွေးပုံရိပ်သာဖြစ်ပါသည်။
အမှားတစ်စုံတစ်ရာ ပါပါက ခွင့်လွတ်နားလည်သည်းခံပေးပါ။
စာရေးသူစာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)