ဝါးဘီလူးတောင်

ပင်ကျရည်ကို မနား
တမ်းမော့လိုက်ပြီး ပဲကြီးလှော်နှစ်စေ့၊သုံး
စေ့ကို ကောက်ဝါးပစ်လိုက်တယ်။

“ငါ ဒီတစ်ခါ တောတက်တာ မုဆိုးတစ်ရာ
မှာ တစ်ယောက် မတွေ့ဘူးတဲ့ ငှက်တစ်
ကောင် တွေ့ခဲ့တယ်ကွ”

ဒီတစ်ခါတော့ ကိုတောင်လုံးရဲ့စကားကို
စိတ်ဝင်စားသွားတာ ကျုပ်ဗျ။တာတေဆို
တာ လွှတ်စပ်စုတဲ့ကောင်လေဗျာ။

“မုဆိုးတွေတောင် မမြင်ဘူးတဲ့ငှက်ဆို
တော့ ဘာငှက်များတုန်းဗျ ကိုကြီးတောင်
လုံးရဲ့”

ကျုပ်က တအံ့တသြနဲ့ မေးလိုက်တာဗျ။
ကျန်တဲ့ကောင်တွေကလည်း တစ်ယောက်
တစ်ပေါက်နဲ့ မေးကြတာပေါ့ဗျာ။

“သိန်းငှက်လား”

“လင်းယုန်လား”

“အောက်ချင်းလား”

“ဝန်ပိုငှက်လား”

“ဟကောင်တွေရဲ့ မုဆိုးတစ်ရာ
မှာတစ်ယောက် မမြင်ဖူးပါဘူးဆို
မှတော့ ဒီငှက်တွေ ဟုတ်မလားကွ။
မင်းတို့ပြောတဲ့ ငှက်တွေကမုဆိုး
မပြောနဲ့နွားကျောင်းသားတွေတောင်
မြင်ဖူးတဲ့ငှက်တွေပဲဟာ”

“ဒါဆိုရင် ကိုကြီးတောင်လုံးပြောတဲ့
ငှက်က ဘာငှက်တုန်းဗျ”

ဒီတော့မှ ဒီကောင်တွေက မေးတာဗျ။
ကျုပ်ကလည်း ကိုကြီးတောင်လုံးပြော
မယ့်ငှက်ကို သိချင်ပေမယ့် သူတို့တစ်
ယောက်နဲ့ တစ်ပေါက်နဲ့ မေးနေကြတာ
ကို စောင့်နေရတာပေါ့ဗျာ။

“ငါတွေ့တဲ့ငှက်က ငေါင်းငှက်ကွ”

“ဗျာ…ငေါင်း…ဟုတ်လား ကိုကြီး
တောင်လုံး ငူတို့၊ ငုံးတို့ပဲ ကြားဖူး
တာဗျ။ ငေါင်းဆိုတာ တစ်ခါမှကို
မကြားဘူးပါဘူးဗျ”

ကျုပ်က အံ့သြပြီး ပြောမိလိုက်တာဗျ။

“ငါပြောပါရောလား တာတေရာ၊ မင်း
မပြောနဲ့ မုဆိုးတစ်ရာမှာ တစ်ယောက်
မမြင်ပါဘူးဆို၊ ငါလည်း အရင်တုန်းက
ငါ့အဘတို့လို မုဆိုးအိုကြီးတွေ ပြောတာ
ဆိုတာသာ ကြားဘူးတာကွ၊သူတို့လည်း
တွေ့ဖူးတာ မဟုတ်ဘူး၊ ပုံပြင်လိုလို
ဒဏ္ဍာရီလိုလိုပဲ ကြားဖူးကြတာ။ ငါ
သာ တကယ်တွေ့လာတာ”

“ဟာ …ဟုတ်လား ကိုကြီးတောင်လုံးရဲ့
ပြောပါဦးဗျ၊ဘယ်မှာ တွေ့လာတာတုန်း”

“ဒီလိုဟေ့ ငါက သားကောင်ကြီးကြီး
ပစ်ချင်နေတာနဲ့ အလယ်ရိုးမပေါ်က
ရေပြာအိုင်တောကို တက်တာကွ၊ရေ
ပြာအိုင်နားမှာက ရေသောက်ဆင်းတဲ့
သားကောင်တွေကို ညဘက်ချောင်း
ပစ်ရင် ရတတ်တယ်”

“ရေပြာအိုင်ဆိုတာ ဘာတုန်းဗျ
ကိုကြီးတောင်လုံးရ”

ကျုပ်ကလည်း စိတ်ဝင်စားပြီဆိုရင်
မေးတော့တာဗျို့။

“ရေပြာအိုင်ဆိုတာ ဆင်ခေါင်းတောင်
ကြီးပေါ်မှာရှိတာကွ၊ ဆင်ခေါင်းတောင်
ဆိုတာက ဆင်ကြီးတစ်ကောင်ရဲ့ခေါင်း
ကြီးနဲ့တူတဲ့ တောင်ထွတ်ကြီးရှိနေလို့ကွ၊
တူတာမှ တော်တော့်ကို တူတာကွ၊နား
ရွက်ကြီးနှစ်ဖက်ရော၊ နှာမောင်းကြီး တွဲ
လောင်းကျနေတာရော ဆင်ရဲ့ခေါင်းကြီး
နဲ့ရော တော်တော့ကို တူတာပါကွာ၊အဲဒီ
ဆင်ခေါင်းတောင်က ရေအိုင်ကြီးတစ်
အိုင်က အမြဲတမ်း ရေတွေ ပြာနေတာ
ကွ၊ အဲဒီရေပြာအိုင်ကြီးကို အမှီပြုပြီး
နေတဲ့ တောတိရစ္ဆာန် အစုံရှိတာဟေ့၊
တောတိရစ္ဆာန်တွေစားတဲ့ သစ်သီးဝလံ
ဆိုတာလည်း အမျိုးစုံကို ရှိတာကွ၊ ဒါ
ပေမဲ့ ဆင်တို့၊ ကျားတို့၊ ကျားသစ်တို့လို
မြွေဆိုးကြီးတွေလို တိရစ္ဆာန်ရိုင်းတွေ
လုံးဝမရှိဘူးကွ၊ ဒါပေမဲ့ ငါကတော့ည
အိပ်စောင့်ပစ်တာဆိုတော့ သစ်ပင်ကြီး
ကြီးရွေးပြီး နေ့ခင်းကတည်းကလင့်ထိုး
ထားရတာပေါ့ကွာ။ဝါးတွေကလည်းပေါ
တော့ လင့်စင်ထိုးရတာလည်း တော်
တော် လွယ်သားဟေ့”

“ညဘက်ဆိုတော့ အမဲပစ်ရတာ
မြင်ရလို့လား ကိုကြီးတောင်လုံးရဲ့”

“လသာတော့ တစ်တောလုံးလင်းနေ
တာကွ၊ ငါတို့မုဆိုးမျက်လုံးနဲ့ဆိုတော့၊
သစ်ရွက်ကလေး လည်တာကအစ မြင်
နေတာပေါ့ကွာ၊ သန်းခေါင်လောက်ကျ
တော့ ရေပြာအိုင်မှာ သားကောင်မျိုးစုံ
ရေသောက်ဆင်းကြရောဟေ့၊ ငါလည်း
စိတ်တိုင်းကျမတွေ့သေးတော့ မပစ်ဘဲ
ကို စောင့်နေတာကွ”

ကျုပ်ရော ကျန်တဲ့ကောင်တွေရော
ကိုတောင်လုံးရဲ့စကားကို စိတ်ဝင်စား
နေကြပြီဗျို့။ ကိုတောင်လုံးရဲ့အုန်းမှုတ်
ခွက်ထဲကို ထန်းရည်မပြတ်အောင် ဖြည့်
ပေးကြတယ်။ ကိုတောင်လုံးက အုန်း
မှုတ်ခွက်ကိုယူပြီး တကျိုက်ကျိုက်နဲ့
မော့တယ်။ ပြီးမှ စကားဆက်တာဗျ။

“သန်းခေါင်ကျော်တော့မှ ဆတ်ဖားကြီး
တစ်ကောင် ရေပြာအိုင်ကို ရေသောက်
ဆင်းလာတယ်ကွ၊ ငါ လင့်စင်ထိုးထား
တဲ့ သရက်ဖြူပင်ကြီးအောက်က ထွက်
လာတာကွ၊ လရောင်မှာ ထင်းနေတာ
ပဲ။ပစ်ကွင်းကလည်း လွှတ်ကောင်းတာ
ဟေ့။ ရေမသောက်ခင် ဆတ်ဖားကြီးက
ခေါင်းကြီးမော့ပြီး နားစွင့်တယ်။အနံ့ခံ
တာပေါ့ကွာ၊ ငါလည်း ဒူးလေးကြိုးကို
အသံမမြည်အောင် ကြိတ်ပြီးတင်လိုက်
တယ်။ ပြီးတော့ ကျည်တောက်ထဲက
အဆိပ်လူးထားတဲ့ မြားတစ်ချောင်းကို
ထုတ်ပြီး ဒူးလေးရဲ့မြားမှာတင်လိုက်
တယ်။ ငါ့ဒူးလေးက မြားဖုံးပါပြီးသား
လေကွာ တာတေမြင်ဖူးပါတယ်”

“မြင်ဖူးတာပေါ့ ကိုကြီးတောင်လုံးရ”

“ဆတ်ဖားကြီးတစ်ကောင်ကို ဒီလောက်
ကပ်ပစ်ရတာမျိုး ငါ့တစ်သက်မှာ တစ်ခါ
မှ မကြုံဖူးပါဘူးကွာ”

“ရွှီး…”

“မြားတံထွက်သွားတာနဲ့ ရှေ့လက်နှစ်
ချောင်း ခွေကျပြီး လဲသွားတော့တာပါ
ပဲကွာ၊ ငါ့မြားက ဆတ်ကြီးရဲ့ နှလုံးကို
တစ်ချက်တည်းဖောက်သွားတာကွ၊ပြီး
ပြီပေါ့ကွာ။ မနက်မိုးလင်းမှပဲ ဆတ်ကို
ဖျက်ပြီး သယ်တော့မယ်လို့ တွေးလိုက်
တယ်။ သစ်ပင်ကိုမှီပြီး ခဏလောက်
အိပ်မက်လို့ စိတ်ကူးလိုက်ပြီး မှေးနေ
တာကွ ပါလာတဲ့ စောင်ကြမ်းလေး
ခြုံလို့ပေါ့ကွာ”

“ဖျန်း…ဖျန်း…ဖျန်း”

“ငါ လန့်ပြီး ပိတ်ထားတဲ့ မျက်လုံး
ဖွင့်ကြည့်လိုက်တယ်ဟေ့”

“ဟာ …”

“ငါ့ပါးစပ်က ယောင်ပြီးတော့ကို အော်
လိုက်မိတာကွ”

“ဘာ …ဘာမြင်လို့တုန်းဗျ၊ ကိုကြီး
တောင်လုံး ဘာကိုမြင်ရလို့တုန်း”

ကျုပ်ကလည်း သိချင်စိတ်ကို အောင့်
မထားနိုင်တော့ဘူးဗျို့။အလောတကြီး
ကို မေးလိုက်မိတာဗျ။

“လူကြီးကွ”

“ဘာ …လူကြီး ဟုတ်လား၊ ဘယ်က
ရောက်လာတဲ့လူတုန်းဗျ”

“ဟာ …မဟုတ်ဘူး၊ မဟုတ်ဘူး၊
ငှက်ကြီးကွ”

“ဗျာ …ငှက်ဟုတ်လား ကိုကြီးတောင်
လုံး ကျုပ်တော့ ဘာမှကို နားမလည်
တော့ဘူးဗျ”

ဟိုကောင်တွေကတော့ ထန်းရည်ကို
တစ်ခွက်ပြီး တစ်ခွက်သောက်နေကြ
တာဗျို့။ ကျုပ်ကတော့ ထန်းရည်ဆီ
ကို စိတ်မရောက်တော့ဘဲ ကိုတောင်
လုံးပြောတာကိုပဲ စိတ်ဝင်စားနေတော့
တာဗျို့။ကိုတောင်လုံးကလည်း အရေး
ထဲမှာ ထန်းရည်မော့နေရောဗျို့။ကျုပ်
က ကိုတောင်လုံးကို ထပ်ပြီး မေးလိုက်
တယ်ဗျ။

“ကိုတောင်လုံး တွေ့ခဲ့တာ လူလား၊
ငှက်လားဗျ”

“လူငှက်ကြီးကွ”

“ဗျာ…ဟင်…ဗျို့ …ဟာ”

ဟိုကောင်တွေပါ အံ့သြကုန်ပြီဗျို့။
မျက်လုံးကြီးတွေပြူးပြီး ကိုတောင်
လုံးကို ဝိုင်းကြည့်နေကြရောဗျ။

“အတောင်ပံခတ်သံကြားလို့ ငါမျက်
လုံးဖွင့်ကြည့်လိုက်တော့၊ ရေပေါ်မှာ
ရှပ်ပြေးပြီးလာတာကွ။ အတောင်ပံ
တွေလည်း တဖျန်းဖျန်းခတ်နေတယ်။
ပုံစံက လူကွ၊ အရပ်လေးပေလောက်
ရှိမယ်၊ မျက်နှာကလည်း လူ့မျက်နှာ
ပဲ။ ကိုယ်လုံးကလည်း လူကိုယ်လုံးကွ။
ငှက်မွေးတွေတော့ ဖုံးနေတယ်၊ ရင်
အုပ်ကားကားနဲ့ လက်နှစ်ဖက်နေရာ
မှာတော့ အတောင်ပံကြီးတွေ ပါတယ်။
မျက်လုံးကလည်း လူမျက်လုံးအတိုင်း
ပဲ။ ဒါပေမဲ့ နှုတ်သီးပါတယ်။

ထူးဆန်းတာက ခြေထောက်ကလည်း
လူခြေထောက်ပဲ။ငှက်မွေးတွေတော့
ဖုံးနေတာပေါ့။ ဒါပေမဲ့ ခြေထောက်က
တစ်ချောင်းတည်းကွ၊ အလယ်တည့်
တည့်မှာ ပေါက်နေတာ။ ခြေချောင်း
တွေက ငှက်ခြေချောင်းတွေပဲ။

ငှက်ခြေသည်းကြီးတွေလည်း ပါတယ်။
ခြေတစ်ချောင်းတည်းဆိုတော့ ခုန်ပြီး
ပြေးရတာပေါ့ကွာ။ ဒါပေမဲ့ တော်တော်
ကို မြန်တာကွာ။ ကမ်းစပ်ရောက်တော့
ပြေးသွားလိုက်တာ ရိပ်ကနဲ ရိပ်ကနဲကို
နေတာဟေ့။ ရေပေါ်ကို ရှပ်ပြေးရင်းနဲ့
ခြေထောက်က ငါးခပ်ရွယ်ရွယ်တစ်
ကောင်ကို မိအောင် ကုပ်လာတာပေါ့။

အဲဒီငါးကို ရေပြာအိုင်အစပ်မှာ ချထား
ပြီး စိမ်ပြေနပြေကို စားတော့တာကွ၊
နှုတ်သီးချွန်နဲ့ ပေါက်ပေါက်ပြီးစားနေ
တာ။ နောက်ကကြည့်ရင် လူတစ်
ယောက်၊ ငှက်တောင်ကြီးခြုံပြီး မတ်
တတ်ရပ်နေတဲ့အတိုင်းပါပဲကွာ။ရှေ့
ကကြည့်ရင်တော့ ရင်အုပ်ကားကား
နဲ့ ရောမခေတ်က စစ်သူကြီးတစ်
ယောက် ရပ်နေသလိုပါပဲကွ။

ငါဆိုတော့ ထူးဆန်းတဲ့ ဒီသတ္တဝါကို
ကြည့်ပြီး ကြောက်တောင်လာတယ်
ကွ။ ပထမတော့ မြားနဲ့ ပစ်ဖို့ စိတ်ကူး
သေးတယ်ဟေ့၊ နောက်တော့မှ ငါ့
အဘ မုဆိုးကြီး ပြောတဲ့ စကားကို
နားထဲမှာ သွားကြားတော့တာ။

“ငါ့သား တောထဲတောင်ထဲမှာ ငေါင်း
များတွေ့လို့ကတော့ ဘယ်တော့မှ
မသတ်မိစေနဲ့ကွဲ့။သူ့အသားကို စား
လည်း မစားလေနဲ့၊ ငေါင်း ခြေတစ်
ချောင်း မစားကောင်းဆိုတာ မှတ်
ထားပေတော့၊ ငေါင်းဆိုတာ ငှက်
တော့ ငှက်ပဲကွ၊ ဒါပေမဲ့ လူနဲ့တူ
တဲ့ ငှက်ကွ၊ အင်မတန်ရှားတယ်။
အဘလည်း မတွေ့ဖူးပါဘူး။တို့
ရှေ့က မုဆိုးကြီးတွေ မှာခဲ့တဲ့အ
တိုင်း ပြန်ပြောပြတာပါကွာ”

လက်စသတ် ဒါ အဘပြောတဲ့ ငေါင်း
ဆိုတာပဲလို့ တွေးမိသွားပြီး မုဆိုးတစ်
ရာမှ တစ်ယောက် မမြင်ဖူးတဲ့ ငေါင်း
ငှက်ကြီးကို မျက်တောင်မခတ် ကြည့်
နေတော့တာပေါ့ကွာ၊ စောစောကမိတဲ့
ငါးကို စားလို့ကုန်ရော ဒီကောင် ရေ
စပ်ကို ခုန်ဆွ ခုန်ဆွနဲ့ ဆင်းလာပြန်
ရောဟေ့၊ ရေပြာအိုင်ထဲကို ငြိမ်ပြီး
စိုက်ကြည့်နေတာဟေ့ တော်တော်
ကြာတယ်။ နောက်တော့ အိုင်ထဲမှာ
ငါးပွက်တာလည်း မြင်ရော…

“ဖျန်း ဖျန်း ဖျန်း ဖျန်း”

ဒီကောင် အတောင်တွေ တဖျန်းဖျန်း
ခတ်ပြီး ရေပေါ်မှာ ရှပ်ပြေးပြန်ရော
ဟေ့၊ ရပြန်ရောကွ၊ နောက်ထပ်ငါး
တစ်ကောင်။ စောစောက ငါးထက်
တောင် ကြီးသေးတယ်ဟေ့။ ပြေး
ပြန်ရောကွ၊ ကမ်းစပ်မှာ ပြေးသွားပြီး
ခြေထောက်နဲ့ ကုပ်ဖမ်းလာတဲ့ငါးကြီး
ကို နှုတ်သီးကြီးနဲ့ တပေါက်ပေါက်
ပေါက်ပြီး စားတော့တာဟေ့။ငါးလည်း
ကုန်ရော ငေါင်းကြီးက ဘာလုပ်တယ်
ထင်လဲ၊ ရေအိုင်စပ်မှာ လျှောက်ပြေး
နေတာဟေ့။ပထမတော့ ဒီကောင်
ဘာလုပ်တာပါလိမ့်လို့ ငါလည်း ကြည့်
နေတာပေါ့ကွာ၊ နောက်တော့မှ မြင်
တာဟေ့။ ဟား ဟား ဟား ဟား”

“ဟင်…ဘာတုံးဗျ၊ ကိုကြီးတောင်လုံးရဲ့”

ကိုတောင်လုံးက စကားမဆက်သေး
ဘဲ တဟားဟားနဲ့ ရယ်နေရောဗျို့။
ပြီးတော့မှ ပြောတာဗျ။

“ငေါင်းကြီးက ယုန်နက်ကလေးတစ်
ကောင်နဲ့ ရေပြာအိုင်စပ်မှာ အပြေးပြိုင်
နေတာဟေ့”

“ဟာ”

“ငါ့စိတ်ထင်တော့ အဲဒီငေါင်းနဲ့ ယုန်
နက်ကလေးနဲ့က ဒီနေရာမှာ အခုလို
ပဲကစားနေကျဖြစ်မယ်ကွ၊ မနက် အ
ရုဏ်တက်ကာနီးတော့မှ ဒီကောင်ကြီး
က ခုန်ဆွ ခုန်ဆွနဲ့ပြေးပြီး ပျံတက်သွား
တာကွ၊ ပျံကာနီး ရေပြာအိုင်ပေါ်မှာ နှစ်
ပတ်လောက် ဝဲနေသေးတာ။ ပြီးတော့မှ
အရှေ့ဘက်ကို ပျံထွက်သွားတာကွ၊ ငါ့
တစ်သက်တော့ ဒီငေါင်းကြီးကို မေ့မှာ
မဟုတ်တော့ဘူး တာတေရ”

“ကိုကြီးတောင်လုံး မပြောနဲ့၊ ကျုပ်တောင်
ကြားရတာနဲ့ အံ့သြလိုက်တာဗျာ၊ လူနဲ့ချွတ်
စွပ်တူတဲ့ ငေါင်းငှက်ဆိုတာကို ခုမှပဲ ကျုပ်
ကြားဖူးတော့တာဗျ”

“သြော်…ပြောပါရောလား၊ ငါ့လူရာ၊
မုဆိုးတစ်ရာမှာတောင် တစ်ယောက်
မမြင်ဘူးပါဘူးဆို”

“လူတစ်ပိုင်း ငှက်တစ်ပိုင်းကြီးလားမှ
မသိတာဗျာ၊ ငေါင်းကြီးက ယုန်နဲ့တောင်
အပြေးပြိုင်တမ်း ကစားနေတယ်ဆိုတော့
အသိဥာဏ်ရှိလို့နေမှာဗျ”

သိန်းေ်ကလည်း ဝင်ပြောသေးဗျ။ တခြား
ကောင်တွေကလည်း တစ်ယောက် တစ်
ပေါက် ဝင်ပြောကြရောဗျို့။

“နို့ နေပါဦး ကိုကြီးတောင်လုံးရဲ့၊ငေါင်း
နဲ့ ယုန်နဲ့ အပြေးပြိုင်တော့ ငေါင်းရှုံးမှာ
ပေါ့ဗျ၊ သူက ခြေထောက်တစ်ချောင်း
ပဲ ရှိတာလေ။ ယုန်က ခြေထောက်နှစ်
ချောင်းမို့လား၊ ပြီးတော့ ယုန်ဆိုတဲ့
သတ္တဝါက ပြေးတဲ့နေရာမှာ လွှတ်
မြန်တာလေဗျာ”

ကျုပ်တို့ ရွာတောင်ပိုင်းက ကျော်မောင်
ဆိုတဲ့ကောင်က ထန်းရည်လေး မူးမူးနဲ့
ဝင်ပြီးမေးတာဗျ။

“အေးကွ၊ ကျော်မောင်မေးတာ ဟုတ်
သား၊ကိုကြီးတောင်လုံးလည်း မင်းတွေး
သလို တွေးမိလို့၊ လင့်စင်ပေါ်မှာ ထိုင်
လျက်နဲ့ သေသေချာချာ ကြည့်တာ
မောင်ရေ၊ ပြေးတဲ့အခေါက်တိုင်း ငေါင်း
ကြီးပဲ နိုင်တာကွ၊ ငေါင်းက ခြေတစ်
ချောင်းသာ ဆိုတယ်၊ရိပ်ကနဲ ရိပ်ကနဲ
နေတာကွ၊ လွှတ်မြန်တဲ့ကောင်ပါကွာ”

“အေးဗျ ဘယ်ဒေသကများ ရောက်
လာတာလဲ မသိဘူးနော်”

မျက်ပြူးအစ်ကို အောက်ဆင့်ဆိုတဲ့
ကောင်ကလည်း မျက်လုံး ပုတ်ခတ်
ပုတ်ခတ်လုပ်ပြီး ဝင်ပြောသေးတယ်
ဗျို့။ ဒီကောင်က အမဲခြောက်ကလေး
လှမ်းနှိုက်ရင်းပြောတာဆိုတော့ မြောက်
ပိုင်းက ကိုဘိုကေက အောက်ဆင့်ကို
နောက်ရောဗျို့။

“ဟကောင် အောက်ဆင့်ရဲ့၊ ဒီအမဲ
ခြောက်ကို ပြောတာလား၊ ဒါတော့
ထန်းသမား ဖိုးလုံးကို မေးမှသိရမှာ
ပေါ့ကွ၊ သူ ဘယ်က ဝယ်လာတာ
တုံးဆိုတာ”

“ဟာဗျာ၊ ကိုကြီးဘိုကေကလည်းဗျာ၊
ကျုပ်က အမဲခြောက်ကို ပြောတာ မ
ဟုတ်ဘူးဗျ၊ ကိုကြီးတောင်လုံး ပြော
တဲ့ ဝေါင်းကြီးကို ပြောတာဗျ”

“ဟား၊ ဟား ၊ ဟား၊ ဟား၊ ဟား”

ထန်းရည်ဝိုင်းတစ်ဝိုင်းလုံး ထရယ်
ကြတော့တာပေါ့ဗျာ။

“ဟကောင် အောင်ဆင့်ရဲ့၊ ‘ဝေါင်း’
မဟုတ်ပါဘူးကွ၊ ‘ငေါင်း’ပါ”

“ဟင် ဟုတ်လား၊ ကိုကြီးတောင်လုံး
ပြောတာကို ကျုပ်နားထဲမှာ ‘ဝေါင်း’
လို့ချည်း ကြားနေတာဗျ”

မျက်ပြူးအစ်ကို အောင်ဆင့်က နားနည်း
နည်းလေးတယ်ဗျ။ ကျုပ်တို့ပြောတာကို
မကြားတဲ့အခါဆိုရင် နားနောက်မှာ၊ သူ့
လက်ဝါးလေးနဲ့ ကာပြီး နားထောင်တာ
ဗျ။ထန်းရည်ဝိုင်းက ခဏလေးတိတ်သွား
တယ်။ထန်းရည်ခွက်ကို လှည့်ပြီးသောက်
နေကြတာဗျ။ပြီးတော့ ငှက်လိုလို၊ လူလို
လို၊သတ္တဝါအကြောင်းကိုလည်း တွေးနေ
ကြတယ် တူပါရဲ့ဗျာ။

ကျုပ်နားထဲမှာတော့ ကိုကြီးတောင်လုံး
ရဲ့အဘပြောတယ်ဆိုတဲ့။”ငေါင်း ခြေ
တစ်ချောင်း မစားကောင်း”ဆိုတာကို
ပဲ ကြားနေတာဗျ။

“လာမယ့်တစ်ပတ်ကြာရင်တော့ ဘယ်
သူမှ မသွားရဲတဲ့ ဝါးဘီလူးတောင်ကို
တက်ပြီး အမဲပစ်မလို့ကွ”

ကိုတောင်လုံးက ဆေးပေါ့လိပ်ကလေး
ဖွာရင်း ပြောတယ်ဗျ။

“ဟာ ကိုကြီးတောင်လုံးကလည်း ဝါး
ဘီလူးတောင်ဆိုတာ ဘယ်သူမှ တက်
ဝံတာ မဟုတ်ဘူးဗျ၊ကျုပ်တို့အဘလည်း
အမြဲပြောတယ်၊ ဝါးဘီလူးတောင်ကို
ဘယ်တော့မှ မတက်ဖို့ပေါ့ဗျာ”

ဘန့်ဘွေးကုန်းက သိန်းဇော်ကလည်း
ကိုကြီးတောင်လုံးကို ပြောတယ်

“အဲဒါ ပြောတာပေါ့ သိန်းဇော်ရ၊ မင်း
တို့ ငါတို့ရွာမှာရော အနီးအနားက တ
ခြားရွာတွေမှာရော ရှေးကလူကြီးတွေ
မှာခဲ့လို့ ဆိုပြီး ဝါးဘီလူးတောင်ကို မ
သွားရဘူးပဲ မှတ်ထားတာကွ။ ဘာဖြစ်
လို့ မသွားခိုင်းတာလဲလို့ မေးရင် ဘယ်
သူမှ တိတိကျကျ ပြောနိုင်တာ မရှိဘူး
ကွ။ ငါကတော့ မြားလုပ်ဖို့ ဝါးကောင်း
ကောင်းလိုချင်ရင် အဲဒီတောင်ကို တက်
ပြီး ခုတ်တာပဲကွ။ တစ်ခါတစ်လေ ဝါး
ခုတ်ရင်း ယုန်နှစ်ကောင် သုံးကောင်
လောက်တောင် ပစ်ခဲ့သေးတယ်။ အဲ
ဒီတောင်ကို လူတွေ မရောက်တော့
တောကထူပြီး ပိတ်နေတာ။ သား
ကောင်ဆိုတာ ပေါမှပေါပဲဟေ့။
ဒီဘက်တောင်တွေမှာက သားကောင်
နည်းနည်း ရှားနေတယ်ကွ။ ဒါကြောင့်
ဝါးဘီလူးတောင်ကို တက်မှကိုဖြစ်မှာ”

“ကိုကြီးတောင်လုံး ခင်ဗျား တကယ်
ဝါးဘီလူးတောင်ကို တက်မှာလား”

ကျုပ်က ကိုတောင်လုံးကို အားတက်
သရော မေးလိုက်ရောဗျို့။

“ဟာ တာတေကလည်း တက်ပါမယ်
ဆိုမွကြာ”

“ဒါဆိုရင် ကျုပ်အဖော်လိုက်ခဲ့မယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဖူးဘူး
ဗျ၊ လူကြီးတွေက မသွားဖို့ အမြဲတား
တဲ့ အဲဒီနေရာကို ရောက်အောင်သွား
ပြီး ကြည့်ချင်နေတာကြာပြီဗျ။ပြီးတော့ ကိုကြီးတောင်လုံးနဲ့ဆိုရင် ကျုပ်က မ
လိုက်ရဲစရာ အကြောင်း ဘာမှမရှိဘူး
ပေါ့ဗျာ”

ကျန်တဲ့ကောင်တွေက ကျုပ်ကို ကြည့်
ပြီး ခေါင်းညိတ်ကြတယ်။

“တာတေရာ မင်းကတော့ စပ်စုရမယ်
ဆိုရင် ဝါးဘီလူးတောင်လောက် မဟုတ်
ဘူး၊ တာဝတိ ံသာနတ်ပြည်အထိ တက်
ဆိုလည်း တက်မယ့်ကောင်ပဲ”

ကိုဘိုကေက ကျုပ်ကို မှတ်ချက်ချတယ်။
ထန်းရည်ဝိုင်းသိမ်းတော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ဝါးဘီလူးတောင်တက်ဖို့ အစီအ
စဉ် ဆွဲကြတယ်။

“ကဲ တာတေ၊ မင်းလိုက်ဖို့ အဆင်သင့်
ပြင်ထား၊ အခု လာမယ့် အင်္ဂါနေ့မှာ
မနက်စောစောထပြီး ဝါးဘီလူးတောင်
တက်ကြမယ်”

“စိတ်ချ ကိုကြီးတောင်လုံး၊ တာတေတို့
က ဒါမျိုးဆိုရင် ဝီရိယရှိပြီးသားဗျ။ ဒါပေ
မဲ့ အိမ်က အဘတို့ အမေတို့ မသိအောင်
တော့ သွားရမှာဗျ။ ဝါးဘီလူးတောင်ကို
မတက်ဖို့ ပြောတဲ့ အထဲမှာ ကျုပ်အဘ
လည်း ပါတယ်ဗျို့။ တခြားတောင်ကို
လမ်းပြပြီး ပြောရမှာပေါ့ဗျာ”

အင်္ဂါနေ့ ရောက်တော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ချိန်းထားတဲ့ ရွာပြင်မှာ ဆုံပြီး
ရိုးမဘက်ကို သုတ်ခြေတင်ခဲ့ကြတာ
ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် ဆုံတာ
နဲ့ ကပ္ပလီစုကို ဦးတည်လိုက်တယ်။
ရွာထဲတော့ မဝင်ဘူးဗျ။ရွာပြင်က ပဲ
ခင်းကို ဖြတ်လျှောက်ကြတယ်။ အ
လယ်ရိုးမကို ကပ္ပလီစုနောက်ကျော
က တက်ရင် ဝါးဘီလူးတောင်ကို
အနီးလေးဗျ။

ကိုတောင်လုံးက မုဆိုးပဲဗျာ။ လမ်းက
တော့ ကျွမ်းပြီးသားဗျ။ နေထန်းတစ်
ဖျားရောက်တာနဲ့ ကျုပ်တို့နှစ်ယောက်
တောင်သုံးလုံးကျော်ပြီး ဝါးဘီလူးတောင်
တစ်ဝက်တောင် ရောက်လို့ဗျ။

တောင်ထိပ်မရောက်ခင်မှာ ကိုတောင်
လုံးက ခဏလောက်နားခိုင်းတယ်။ပြီး
တော့ သူယူလာတဲ့ ကောက်ညှင်းပေါင်း
နဲ့ ယုန်သားကင်ကို ကျွေးတယ်။ ကို
တောင်လုံးဆိုတဲ့လူက အမဲရအောင်
ပစ်နိုင်ရုံတင်မကဘူးဗျ။ အမဲကို အရ
သာရှိအောင်လည်း ချက်တတ်ပြုတ်
တဲ့လူပါဗျာ။

ကျုပ်တို့နှစ်ယောက် စားသောက်ပြီး
တာနဲ့ တောင်ပေါ်ကို ဆက်ပြီးတက်
ကြတယ်။ တစ်နေရာရောက်တော့
ကိုတောင်လုံးက တုံ့ကနဲ ရပ်လိုက်
တယ်။နောက်က လိုက်လာတဲ့ ကျုပ်
ကိုလည်း လက်ကာပြပြီး ရပ်ခိုင်းလိုက်
တယ်။ ယုန်ကျားကြီးဗျ။ ခြံကွယ်မှာ
ဝပ်ပြီး မြေကြီးထဲက သစ်ဥတစ်မျိုး
ကို ယက်ထုတ်ပြီး စားနေတာဗျ။

မျက်စိကလည်း ဟိုကြည့်ဒီကြည့်နဲ့
ပေါ့ဗျာ။ ဒါပေမဲ့ လူနှစ်ဖက်လောက်
ရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးနောက်
မှာ ကွယ်နေတဲ့ ကျုပ်တို့ကိုတော့ ယုန်
ကြီးက မမြင်ဘူးဗျ။ ကိုတောင်လုံးက
ယုန်သားလွှတ်ကြိုက်တဲ့ လူဆိုတာ
ကျုပ်က သိပြီးသားဗျ။ကျည်တောက်
ထဲက မြားတစ်ချောင်းကို တန်းပြီးဆွဲ
ထုတ်တော့တာဗျို့။

“ဖုန်း၊ အစ်”

“ဟာ”

ကိုတောင်လုံး မြားထုတ်ပြီးရုံပဲ ရှိသေး
တယ်။’ဖုန်း’ဆိုတဲ့ အသံကြီး ကြားလို့
ကျုပ်တို့နှစ်ယောက် လှမ်းကြည့်လိုက်
တော့ ‘အစ်’ဆိုတဲ့ အော်သံကြီးနဲ့ ယုန်
ကြီးက စန့်စန့်ကြီး ဖြစ်နေရောဗျို့။
‘ဟာ’ဆိုတာက ကျုပ်ပါးစပ်က အံ့သြ
ပြီး ထွက်သွားတဲ့ အသံဗျ။

“ဟင်”

ဒါကတော့ ကိုတောင်လုံး ပါးစပ်က
ထွက်လာတဲ့ အာမေဋိတ်သံဗျ။ ကျုပ်
ကတော့ အံ့သြလွန်းလို့ အသံတောင်
မထွက်နိုင်တော့ပါဘူးဗျာ။ ပါးစပ်ကြီး
ပဲ ဟနေတော့တာဗျို့။ ဘာဖြစ်လို့တုံး
ဆိုတော့ မြေကြီးပေါ်မှာ စန့်စန့်ကြီးဖြစ်
နေတဲ့ ယုန်ကျားကြီးကို တစ်ယောက်
ယောက်က ဆွဲယူသွားလို့ဗျို့။

ဆွဲယူသွားတာက ဘာတုံးဆိုတာကို
ကျုပ်ရော ကိုတောင်လုံးရော မမြင်
လိုက်ရဘူးဗျ။ ယုန်ကြီး ပျောက်သွား
တာပဲ ကျုပ်တို့ မြင်လိုက်ကြရတာ။
ကျုပ်တို့နှစ်ယောက် လန့်ပြီး ညောင်
မုတ်ဆိတ်ပင်ကြီးဘေးမှာ ကပ်နေ
လိုက်ကြရောဗျို့။

ဒါပေမဲ့ ယုန်ကို ရိုက်သတ်ပြီး ဆွဲယူ
သွားတဲ့ မမြင်ရတဲ့ သတ္တ္တဝါက ကျုပ်
တို့ကို တွေ့မနေနိုင်ဘူးလား။ ကျုပ်
တို့ကသာ သူ့ကို မတွေ့ရတာလေ
ဗျာ။ကျုပ်တွေးသလိုပဲ ကိုတောင်လုံး
လည်း တွေးမိပုံရတယ်ဗျ။ ဒီလူ မျက်
နှာတော်တော်ပျက်နေတယ်။

” တာတေ မင်း ပြန်ချင်လား”

“ဟာ ကိုကြီးတောင်လုံးကလည်းဗျာ
တောင်ပေါ်တောင် ရောက်ပြီးမှတော့
လက်ချည်းဘာလို့ပြန်မှာတုံးဗျာ”

ကျုပ်စကားကို ကြားတော့ ကိုတောင်
လုံး အံ့သြသွားပုံပဲဗျ။

“တာတေ ဒါကြောင့်လည်း မင်းက
တာတေ ဖြစ်နေတာကိုး၊ နို့ နေပါဦး
ကွ။ မင်းမှာ ကြောက်တဲ့စိတ်နည်း
နည်းမှကို မရှိတာလား”

ကိုတောင်လုံးက ကျုပ်ကို မေးတယ်

“ကိုကြီးတောင်လုံးရာ၊ ကျုပ်လည်း
လူပဲဗျာ၊ ကြောက်တာပေါ့၊ကြောက်
တာမှ သူများတွေထက်တောင် ပိုဦး
မယ်၊ ဒါပေမဲ့ကျုပ်က လွှတ်သိချင်
တာဗျ၊ အဲဒီစိတ်ကစေ့ဆော်တိုက်
တွန်းနေလို့ ကျုပ်မှာ ကြောက်ရမှန်း
မသိအောင် ဖြစ်နေတာ ထင်ပါရဲဗျာ”

“ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြ
မြာတုံး”

“ကိုကြီးတောင်လုံး လာခဲ့တဲ့ ရည်
ရွယ်ချက်အတိုင်း သားကောင်ကြီး
ကြီး ရအောင်ပစ်ပေါ့ဗျာ။ ကျုပ်တို့
နှစ်ယောက် သားကောင်ထမ်းပြီး
ပြန်ကြတာပေါ့”

“အေး ကောင်းပြီ၊ ဒါဆို တောင်ထိပ်
ရောက်အောင် တက်ကြမယ်ကွာ”

ကျုပ်တို့နှစ်ယောက် တောင်ပေါ်ကို
ဆက်တက်လာတယ်။လူအရောက်
အပေါက်နည်းတဲ့တောင်ဆိုတော့
လမ်းမရှိဘူးဗျ။ ကိုတောင်လုံးရော
ကျုပ်ရော ဓါးတစ်ယောက်တစ်ချောင်း
လမ်းထွင်ပြီး တက်ခဲ့ရတာဗျ။

“ဗျော၊ ဗျော၊ ဗျော”

“ဟ၊ ဘာတုံး”

ကျုပ်တို့ရှေ့တည့်တည့် ဆယ်ကိုက်
လောက်မှာ တောတိုးပြီး ပြေးသွားတဲ့
အသံဗျ။ တိုးသွားတဲ့ သတ္တဝါက တော်
တော် ကြီးကြီးမားမား ဖြစ်မယ်ဗျို့။ကျုပ်
စိတ်ထင်တော့ ပြောင်ကြီးတစ်ကောင်
လောက်ရှိမယ် ထင်တယ်။

“ကိုကြီးတောင်လုံး၊ ဘာကောင်တုံးဗျ”

“မသိဘူးကွ တာတေရ၊ တော်တော်
တော့ ကြီးတဲ့ပုံပဲ”

ကျုပ်တို့နှစ်ယောက် ရှေ့ဆက်တိုးတယ်။
နည်းနည်းလောက် ရှေ့ဆက်တိုးမိတော့
ကိုတောင်လုံးက တုံ့ကနဲ ရပ်သွားတယ်ဗျ။

“ဟာ တာတေ၊ ဟိုမှာ ဟိုမှာ”

“ဟင်၊ ဘယ်မှာတုံး၊ ဘာတုံး”

ကိုတောင်လုံးက ကျုပ်တို့ရှေ့ သုံးကိုက်
လောက်ကို လက်ညှိုးထိုးပြတယ်။

“ဟာ၊ ဒါ စောစောက ဆွဲသွားတဲ့
ယုန်ထင်တယ် ကိုကြီးတောင်လုံး”

သွေးသံရဲရဲနဲ့ ယုန်သေကြီးက အပိုင်း
ပိုင်းပြတ်လို့ဗျ။

“သေချာတာပေါ့ကွာ၊ ကြည့်စမ်း
တာတေ၊ ယုန်ကို စားတာ တစ်မျိုး
ကြီးပဲကွ”

“ဟင်၊ ဘယ်လိုကြောင့်တုံးဗျ”

“တောကောင်စားတာက ဒီပုံစံ မဟုတ်
ဘူးကွ၊ အရေခွံကို ဖောက်ပြီးစားတာ၊
တစ်ဖက်တည်းပဲ ပေါက်ရမှာ၊ အခုဟာ
က လူကိုက်စားသလို စားထားတာ တာ
တေရ၊ ဒါ ဘယ်လိုသတ္တဝါများ စားထား
တာတုံး မသိဘူးကွ၊ စောစောက တော
တိုးသွားတဲ့ အသံကတော့ နည်းနည်း
နောနောအကောင် မဟုတ်ဘူးကွ၊အေး
ဘာပဲဖြစ်ဖြစ် သတိတော့ထားတော့
တာတေရေ”

ကိုတောင်လုံးက ကျုပ်ကို သတိပေး
တယ်ဗျ။ ကျုပ်ကလည်း တွေးနေတာ
ပါဗျာ။ ယုန်ကိုစားပြီး တောတိုးထွက်
သွားတဲ့ သတ္တဝါဟာ ဘယ်လိုသတ္တဝါ
ဖြစ်မယ်ဆိုတာ ကျုပ်လည်း မှန်းလို့မရ
ဘူးဗျ။ ဒီလိုနဲ့ ကျုပ်တို့တောင်ထိပ်ကို
ရောက်လာတယ်။ဝါးဘီလူးတောင်ထိပ်
ရောက်တော့ ကျုပ်တော်တော်အံ့သြ
သွားတယ်။တစ်တောင်လုံး ဝါးပင်တွေ
ချည်းပဲဗျ။ ဝါးမှ အမျိုးစုံပေါက်တာဗျို့။
ဝါးဘိုးဝါးကတော့ ပိုများတယ်ဗျ။ကျုပ်
တို့လည်း ဝါးရုံတွေကြားမှာ တောတိုး
ရင်း သွားနေကြရတာပေါ့ဗျာ။

“ဟာ တာတေ၊ ဒီမှာ ဒီမှာ”

ကိုတောင်လုံးက တုံ့ကနဲ ရပ်လိုက်ပြီး
ကျုပ်ကို ပြောတာဗျို့။

“ဘာတုံး ကိုကြီးတောင်လုံး”

ကိုတောင်လုံးက ရှေ့ခပ်လှမ်းလှမ်းက
မြေကြီးပေါ်ကို လက်ညှိုးထိုးပြတယ်။
ကျုပ်က ဘာတုံးလို့မေးရင်း ရှေ့တိုး
ပြီး ကြည့်လိုက်တယ်။

“ဟာ ခြေရာကြီးပါလား”

ဟုတ်ပါ့ဗျာ၊ ခြေရာကြီးမှ နည်းတဲ့ခြေ
ရာကြီး မဟုတ်ဘူးဗျ။လူခြေရာကြီးဗျို့။
ဒါပေမဲ့ ခြေရာက စကောချပ်လောက်
ရှိတာဗျို့။ ကျုပ်ခြေရာနားကို ကပ်ပြီး
သေသေချာချာ ကြည့်လိုက်တယ်။
ဖနောင့်တိုတိုကြီးဗျ။

ခြေချောင်းနေရာက တစ်ချောင်းချင်း
ကွဲနေတာ မဟုတ်ဘူး။ ခြေချောင်းတွေ
ငါးချောင်းလုံး ပူးနေတာဗျ။ ခြေရာနှစ်
ခုရဲ့ အကွာအဝေးကို ကျုပ်တိုင်းကြည့်
တော့ ငါးပေလောက် ကွာတယ်။ ပေနဲ့
ဆိုရင် ခုနှစ်ပေလောက် ကွာတာဗျ။ခြေ
တစ်လှမ်းနဲ့ ခြေတစ်လှမ်းကြား ခုနှစ်ပေ
ကွာနေတာဆိုတော့ ဒီလူရဲ့ အရပ်ဟာ
ဆယ့်နှစ်ပေလောက်တော့ အနည်းဆုံး
ရှိမယ့်ပုံပဲဗျို့။

“တာတေ၊ ဒါ ဘာတုံး”

“ကျုပ်အထင်ပြောရရင်တော့ ဧရာမ
လူကြီးတစ်ယောက်ဗျ”

“ဟေ ဟုတ်လား၊ ဒီလောက်ကြီးတဲ့
လူဆိုတာ ရှိပါ့မလားကွ တာတေရ”

“အင်း၊ ထူးတော့ ထူးဆန်းတာပေါ့
ကိုကြီးတောင်လုံးရာ”

ကျုပ်က ခြေရာနောက်ကို လိုက်တယ်။
ဒီတစ်ခါတော့ ကိုတောင်လုံးက ကျုပ်
နောက်ကဗျ။ ကျုပ်က ရှေ့ကသွားနေ
တာ ခြေရာဆုံးတော့ ဧရာမဝါးရုံကြီး
တစ်ခုဆီကို ကျုပ်တို့ရောက်သွားတယ်။

“ဟာ တာတေ၊ ဟိုမှာ ဟိုမှာ”

အလန့်တကြား ပြောလိုက်တဲ့ ကို
တောင်လုံးအသံကို ကြားတော့
ကျုပ်ဖြင့် ကြက်သီးတွေတောင်
ဖျန်းကနဲ ထသွားတယ်ဗျို့။

“ဟင်၊ ဘာတုံး၊ ဘာတုံး”

“ဟိုမှာကွ၊ ဝါးပင်ကြီး၊ ဝါးပင်ကြီး”

“ကိုကြီးတောင်လုံးကလည်းဗျာ၊
ဝါးပင်များ အထူးအဆန်းလုပ်လို့ ”

“မဟုတ်ဘူး တာတေရ၊ ငါပြောတဲ့
ဝါးပင်က ဟိုမှာကွ”

ကျုပ်က ကိုကြီးတောင်လုံးပြတဲ့ဘက်
ကို လှမ်းကြည့်လိုက်တယ်။

“အို”

ကျုပ်စိတ်ထင်ပြောရရင်တော့ ကျုပ်
မျက်လုံးတွေဟာ ပုစွန်မျက်လုံးလိုကို
ပြူးထွက်သွားတယ် ထင်တာပဲဗျာ။
ကျုပ်တစ်သက်မပြောနဲ့၊ ကျုပ်ကိုမွေး
တဲ့ ကျုပ်အဘနဲ့ ကျုပ်အမေတစ်သက်
တောင်မှာ မြင်ဖူးမှာ မဟုတ်ဘူးဗျ။ဝါး
ပင်ကြီးဗျာ။ယောက်ျားကြီး ငါးယောက်
လောက် လက်ချင်းဆက်ပြီး ဖက်လို့
ရတဲ့အရွယ်ဗျ။

ပြောရရင်တော့ ယောက်ျားကြီး ငါး
ဖက်စာပေါ့ဗျာ။ကျုပ်မော့ကြည့်တယ်။
ဝါးပင်ရဲ့ အမြင့်က တစ်တောလုံးကို
ကျုပ်ထွက်သွားတာဗျို့။ သေသေချာ
ချာ ကြည့်တော့မှ ကျုပ်တို့လိုက်နေ
တဲ့ ဧရာမလူခြေရာကြီးက အဲဒီဝါးပင်
ကြီးမှာ ဆုံးသွားတာဗျ။ ကျုပ်ကို ဘိုး
ပေတလူ ပြောဖူးတယ်။ဘုံဘဝချင်း
မတူတဲ့ သတ္တဝါတွေဟာ တစ်နေရာ
တည်းမှာ အတူတူ သွားလာနေကြ
ပေမယ့် တစ်ယောက်နဲ့ တစ်ယော
က် မမြင်ကြရဘူးတဲ့ဗျ။

အခုလည်း ဒီလိုဖြစ်နေပြီထင်တယ်
ဗျို့။စကောလောက်ကြီးတဲ့ ခြေရာ
ပိုင်ရှင်ကြီးကလည်း ကျုပ်တို့နားမှာ
သွားလာနေပေမယ့် ကျုပ်တို့ကို မြင်
ပုံမရဘူးဗျ။ ကျုပ်တို့ကလည်း သူ့ကို
မမြင်ဘူး။ ဒါဆိုရင် သူနဲ့ ကျုပ်တို့နဲ့
ဟာ ဘုံဘဝချင်း မတူကြလို့ရှိမှာဗျ။
တာတေဆိုတဲ့ ကျုပ်ကလည်း ဘာမ
ဆို တွေ့ချင်မြင်ချင် ကြည့်ချင်တဲ့
အကောင်ဗျ။

ကိုတောင်လုံး လွယ်ထားတဲ့ ရေဘူး
ကို ကျုပ်တောင်းလိုက်ပြီးတော့ စ
လွယ်သိုင်းလွယ်ထားတဲ့ ဆေးလွယ်
အိတ်ထဲက ကျောက်ပျဉ်ချပ်တစ်ချပ်
ကလေးကို ထုတ်ယူလိုက်တယ်။
ကျုပ်လည်ပင်းမှာ ဆွဲထားတဲ့ အိတ်
ရှုံ့ကလေးထဲက မျက်ကွင်းဆေးကို
ထုတ်ယူလိုက်တယ်။ ကျောက်ပျဉ်
ပေါ်မှာ သွေးပြီး ကျုပ်မျက်လုံးတွေ
ကိုလည်း ကွင်းလိုက်တယ်။

“ကဲ ကိုကြီးတောင်လုံး၊ ရှေ့ဆက်
တိုးဗျာ၊ ခင်ဗျားဒူးလေးမှာ မြားအ
ဆင်သင့် ထည့်ထားဗျာ”

ကိုကြီးတောင်လုံးက သူ့ဒူးလေးကို
လေးကြိုးတင်ပြီး အဆိပ်လူးမြား
တစ်ချောင်းကို အဆင်သင့်ချိန်ပြီး
ကိုတောင်လုံးက ရှေ့ကသွားပြီး
ကျုပ်က နောက်ကလိုက်တယ်။
ဧရာမဝါးပင်ကြီးကိုကျော်ပြီး ခြေ
လှမ်းသုံးဆယ်လောက်သွားမိတော့
ကိုတောင်လုံးက မြေပြင်ပေါ်ကို
ဖြတ်ကနဲ ထိုင်ချလိုက်တယ်။

“ကိုကြီးတောင်လုံး ဘာတုံးဗျ”

“ဆတ်ကြီးက ဟိုရှေ့နားလေးမှာ
တင်ကွ”

ဟုတ်ပါ့ဗျာ။ ဆတ်ဖားကြီးဗျို့။အတော်
လေး ကြီးသားဗျ။ ကိုကြီးတောင်လုံးက
ခြုံကြီးထဲကနေ အသံမမြည်အောင်တိုး
ပြီး ဆတ်နဲ့ နီးနိုင်သမျှ နီးအောင် တိုး
သွားတယ်။ဟော မုဆိုးထိုင်ထိုင်ပြီး ဒူး
လေးကို ချိန်ပြီဗျို့။ ဆတ်က သစ်တို
သီးတွေ စားနေတာဗျ။ ကိုတောင်လုံး
ကို နည်းနည်းမှကို သတိထားမိပုံ မ
ပေါ်ဘူး။ ကိုတောင်လုံးက ဒူးလေးကို
စိတ်တိုင်းကျချိန်တယ်။ ချိန်လို့ ကျေ
နပ်ပြီဆိုတော့မှ…

“ဝှစ်”

ပစ်ပြီဗျို့။ ပစ်ပြီ။ မြားက လေးညှိုက
နေ ကန်ထွက်သွားတယ်။’ဝှစ်’ကနဲ
မြည်ပြီး ပြေးထွက်သွားတဲ့ မြားက
ဆတ်ရဲ့လက်ပြင်ကို ဖောက်ဝင်သွား
တယ်ဗျ။ဆတ်က လန့်ပြီး ထခုန်တယ်
ဒါပေမဲ့ ကိုတောင်လုံးက ဒေါင်းသည်း
ခြေအဆိပ်သုံးတာဆိုတော့ ရှေ့ကို
ခြေတစ်လှမ်း နှစ်လှမ်းပဲ ပြေးနိုင်
တယ်။ ဆတ်ကြီးက ဘုန်းကနဲ လဲ
ကျပြီး အကြောတွေ ဆွဲနေတယ်ဗျ။

ကိုတောင်လုံးက အနေတော်ဝါးတစ်
လုံးခုတ်လိုက်တယ်။ပြီးတော့ နွယ်ကြိုး
ဆွဲတယ်။ဆတ်ကလည်း ငြိမ်သွားပြီ။
ခြေနှစ်ချောင်းနဲ့ လက်နှစ်ချောင်းကို
နွယ်ကြိုးနဲ့ ခိုင်ခိုင်ချည်ပြီး ဝါးလုံးလျှို
တယ်။ သူနဲ့ ကျုပ်နဲ့ ရှေ့နောက်ထမ်း
ဖို့ပေါ့ဗျာ။ မုဆိုးဆိုတော့ သားကောင်
ရတာနဲ့ ပျော်နေတာဗျို့။ဘာကိုမှ သ
တိမရတော့ဘူး။ ဒီတုန်းမှာပဲ ဝါးတော
ကြီး တစ်ခုလုံး လေမတိုက်ဘဲ တဝေါ
ဝေါ မြည်လာရောဗျို့။

“ဟာ ဘာဖြစ်တာတုံးဗျ”

“တာတေ သတိထားတော့၊ ဒါ တော
ခြောက်တာကွ”

တဝေါဝေါမြည်တဲ့ အသံက အရှေ့
ဘက်က ထွက်လာလိုက်၊ အနောက်
ဘက်ရောက်သွားလိုက်၊ တောင်ဘက်
က မြည်လိုက်၊ မြောက်ဘက်က မြည်
လိုက်နဲ့ ဖြစ်နေတာဗျို့။ ကျုပ်ကလည်း
မျက်ကွင်းဆေးကွင်းထားတာဆိုတော့
အရပ်လေးမျက်နှာကို လိုက်ကြည့်တာ
ပဲဗျ။ ဒါပေမဲ့ ဘာကိုမှ မမြင်ဘူး။ဟော
ရပ်သွားပြီဗျို့။တောခြောက်တဲ့အသံ
တွေ ရပ်သွားပြီး…

“ဝေါင်း ဝေါင်း ဝေါင်း”

“ဟာ ဒါကျားသံမို့လားဗျ ကိုကြီးတောင်
လုံးရဲ့”

“အေး ဟုတ်တယ် တာတေ၊ ဒါပေမဲ့
ဒီတောထဲမှာ ကျားမရှိဘူးကွ၊ ဒါလည်း
တောခြောက်တာပဲဖြစ်မယ်”

ကျုပ်လည်း ကျားဟိန်းတဲ့အသံကို
နားစွင့်နေရတာပေါ့ဗျာ၊ ကျားက
ကျုပ်တို့နဲ့ နီးလာပြီဗျ

“ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း”

ဟိန်းတဲ့အသံက တဖြည်းဖြည်း ကျုပ်
တို့နဲ့ နီးလာပြီး ကျုပ်တို့ကို လှည့်ပတ်
ချောင်းနေတဲ့ ပုံစံဗျ။

“တာတေ မကြောက်နဲ့၊ ဒါ ကျားမဟုတ်
ဘူး၊ နာနာဘာဝ လှည့်စားတာကွ”

“မကြောက်ပါဘူး ကိုကြီးတောင်လုံးရဲ့”

မကြောက်ဘူးလို့သာ ပြောရတာဗျ။
ကျားတစ်ခါဟိန်းတိုင်း ကြက်သီးတွေ
တဖျန်းဖျန်းထသွားတာဗျို့။

“ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဖျန်း ဖျန်း ဖျန်း”

ဟာ ငှက်ဆိုးသံကြီးဗျ။ အတောင်ပံခတ်
တဲ့ အသံကလည်း တော်တော်ကို ကျယ်
တာ။ တော်တော်ကိုကြီးတဲ့ ငှက်ဆိုးကြီး
ဖြစ်မယ်ဗျ။

“ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ”

ဟာ လေတွေတိုက်ပြီဗျို့။တစ်တောလုံး
တစ်တောင်လုံးမှာရှိတဲ့ သစ်ပင်၊ ဝါးပင်၊
မှန်သမျှ ယိမ်းထိုးနေတော့တာဗျို့။ ပြင်း
လိုက်တဲ့လေဗျာ။ ကျုပ်နဲ့ ကိုတောင်လုံး
ဆိုတာ လေထဲ လွင့်ပါမသွားအောင်
လက်ကောက်ဝတ်အရွယ်လောက်ရှိ
တဲ့ နွယ်ပင်ကြီးတွေကို ဖက်ထားရတာ
ဗျ။ ခဏနေတော့ လေငြိမ်သွားတယ်။

“ကဲ တာတေ၊ ငြိမ်တော့သွားပြီဟေ့၊
ငါရှေ့က ထမ်းမယ်၊ မင်း နောက်က
ထမ်းကွာ”

ကိုတောင်လုံးက ပြောပြောဆိုဆိုနဲ့
ဝါးလုံးလျှိုထားတဲ့ ဆတ်ကြီးကို ထမ်း
မလို့ လုပ်တယ်။ မြားကျည်တောက်
ရော ဒူးလေးရော သူ့ကျောမှာ လွယ်
ထားတယ်။ သူရော ကျုပ်ရော လက်
ထဲမှာတော့ ဓါးတစ်ချောင်းစီ ကိုင်ထား
တာပေါ့ဗျာ။

တောင်ပေါ်တက်လာကတည်းက
ကျုပ်တို့က သစ်ပင်တွေကို ဓါးထစ်ပြီး
လမ်းမှတ်ခဲ့တာလေဗျာ။ လမ်းမှားစရာ
တော့ ဘာမှမရှိဘူးဗျ။ ကျုပ်လည်း ဝါး
လုံးကို နောက်က ဝင်ထမ်းလိုက်တယ်။
ဆတ်က ရှေ့တစ်ယောက် နောက်တစ်
ယောက် ထမ်းတာတောင်လေးတုန်းပဲ
ဗျ။ ကျုပ်တို့နှစ်ယောက် မနည်းကို ထမ်း
ရတာဗျို့။ဆတ်ကြီးထမ်းပြီး နှစ်ယောက်
သား သုတ်ခြေတင်လိုက်တာ နာရီဝက်
လောက်ကို မနားတမ်းပဲဗျ။

“တာတေရေ၊ ခဏနားကြရအောင်
ကွာ၊ တော်တော်လည်း ခရီးပေါက်
လောက်ပါပြီ”

ကျုပ်တို့နှစ်ယောက် ဆတ်သေကြီးကို
မြေကြီးပေါ်မှာ ချပြီး နားလိုက်ကြတယ်

‘ဟာ”

ကိုတောင်လုံးရဲ့ အလန့်တကြား
အော်သံကြီးဗျ။

“ဟင်၊ ဘာတုံးဗျ ကိုတောင်လုံးရဲ့”

” တာတေ၊ မင်း သေသေချာချာကြည့်
လေ၊ ငါတို့နာရီဝက် ခရီးနှင်တာတောင်
နဂိုနေရာမှာပဲ ရှိနေတာ၊ ဒီနေရာက
ရွေ့မှ မရွေ့ဘဲကွ’

“ဟင်၊ ဟာ ဟုတ်သားပဲဗျ၊ ကျုပ်တို့
နဂိုနေရာမှာပဲ ရွေ့မှ မရွေ့တာ ဒါ
ဘယ်လို ဖြစ်တာတုံးဗျ”

“အေး၊ ငါ့ရဲ့ မုဆိုးသက်တမ်းတစ်
လျှောက်မှာတော့ ဒါမျိုး တစ်ခါမှ
မကြုံဖူးဘူး တာတေ”

ကျုပ် စဉ်းစားတယ်။ ဘာလုပ်ရင်ကောင်း
မလဲ ဆိုတာပေါ့ဗျာ။ ကျုပ်လိုပဲ ကိုတောင်
လုံးလည်း စဉ်းစားတယ်ဗျ။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ အီး၊ အီး၊
ဟီး ဟီး ဟီး ဟီ”

ဟာ ဝါးပင်ကြီးတစ်ပင်တည်း လှုပ်နေ
တာဗျို့။ စောစောက ကျုပ်ပြောတဲ့
ယောက်ျားကြီး ငါးဖက်စာလောက်ရှိတဲ့
ဝါးပင်ကြီး လှုပ်နေတာဗျ။ တစ်ပင်တည်းကို
ကွက်ပြီးလှုပ်နေတာ။ပြီးတော့ ရယ်သံကြီး
ထွက်လာတယ်။ ရယ်သံကလည်း တခြား
က လာတာမဟုတ်ဘူး။

အဲဒီဧရာမဝါးပင်ကြီးထဲက ထွက်လာတာ
ဗျို့။ ကျုပ် ကိုတောင်လုံးကို လက်တို့လိုက်
တယ်။ မှင်တက်မိပြီး ကြောင်တောင်တောင်
ကြီး ကြည့်နေတဲ့ ကိုတောင်လုံးက ဒီတော့
မှ သတိဝင်ပြီး ထပြေးရောဗျို့။ကျုပ်လည်း
သူ့နောက်က လိုက်ပြေးရတာပေါ့ဗျာ။ဒါပေ
မဲ့ ခြေလှမ်းနှစ်ဆယ်လောက် ပြေးပြီးတာနဲ့ …

“ကိုကြီးတောင်လုံး နေဦးဗျ၊ ကျုပ်
ကြည့်ချင်သေးတယ်၊ ဒါ ဘာတုံးဆို
တာ၊ သိကိုသိရမှ ဖြစ်မှဗျ”

“ဟာ ဖြစ်ပါ့မလား တာတေ၊ ဒါ စောစော
က ငါတို့တွေ့တဲ့ ခြေရာအကြီးကြီးနဲ့ အ
ကောင်ကြီးဖြစ်မယ်ကွ”

“သိပ်သေချာတာပေါ့ ကိုကြီးတောင်လုံး
ရာ၊ ဒါပေမဲ့ ဒါ ဘာကောင်ဆိုတာတော့
ကွဲပြားအောင် ကျုပ်ကြည့်ရမှဖြစ်မယ်”

“ဟီး၊ ဟီး၊ ဟီး၊ ဟီး ၊ အီး”

ဟာ ခုန်ထွက်လာပြီဗျို့။ ရမ်းခါနေတဲ့
ဧရာမဝါးပင်ကြီးထဲက ခုန်ထွက်လာတာ
ဗျ။ ဟာ နည်းနည်းနောနော အကောင်
ကြီးမှ မဟုတ်တာဗျာ။ အရပ်က ဆယ့်
ငါးပေလောက် ရှိမယ်။ ခေါင်းကြီးက
တင်းတောင်းနှစ်လုံးစာလောက် ရှိမယ်
ဗျ။ ဆံပင်နီနီကြီးတွေက ခေါင်းကြီးပေါ်
မှာ ပွထနေတာဗျို့။

နဖူးကြီးက မောက်မောက်ကြီးဗျ။ နှာ
ခေါင်းကလည်း ကောက်ကောက်ကြီး
ဗျ။မျက်လုံးကြီး တစ်လုံး တစ်လုံးဆို
ရင်ဟင်းရည်သောက်ပန်းကန်လုံးကြီး
လောက် ရှိတာဗျ။ မျက်လုံးနီနီကြီး
တွေက ပြူးထွက်နေတာဗျ။ ကိုယ်
လုံးကြီးက ရာဝင်ပုတ်လောက်ရှိ
မယ်။ခြေထောက်ကြီးတွေက အ
နည်းဆုံး ထန်းပင်လုံးလောက်
တော့ ရှိတယ်ဗျ။

လက်မောင်းကြီးတွေကလည်း ထန်း
ပင်အရင်းလောက် ရှိတယ်ဗျို့။ပါးစပ်
ကြီးက ပြဲပြီး အစွယ်ကြီးတွေက ဘေး
ကို ကောက်ထွက်လို့ဗျာ။ ပါးစပ်ကြီး
ဟထားလိုက်တာ လျှာကြီးရော ပါး
စပ်ကြီးရော နီရဲနေတာဗျို့။တစ်ကိုယ်
လုံးကို အမွှေးညိုညိုကြီးတွေ ဖုံးနေ
တာဗျ။ ဒါ မျောက်ဝံကြီးလားလို့ ကျုပ်
ကြည့်နေတာ။

“ကိုကြီးတောင်လုံး မြင်လား၊ ဟို
အကောင်ကြီးကို ”

“ဟေ၊ ဘယ်အကောင်ကြီးတုံး၊
ငါ ဘာကောင်မှ မမြင်ပါဘူးကွ
တာတေရ”

ဒီတော့မှ သတိရသွားတာဗျို့။ကျုပ်
က မျက်ကွင်းဆေးကွင်းထားလို့ မြင်
တာပဲ။

ဒီတော့မှ ကျုပ်သဘောပေါက်သွား
တာဗျို့။ဒါ ဘီလူးပဲ။ ဒီကောင်ကြီးက
လည်းလူကို မမြင်ရဘူးဗျ။လူကလည်း
ဒီကောင်ကြီးကို မမြင်နိုင်ဘူး။ ဒါဆိုရင်
စောစောက ကျုပ်တို့ကို ခြောက်လှန့်
ထုတ်တာ လူနံ့ရလို့ပဲ ဖြစ်မယ်၊ မြင်
တော့ မမြင်နိုင်ဘူးဗျ။

ကိုတောင်လုံးပစ်တဲ့ ဆတ်ဖားကြီးကို
စားချင်လို့ဗျ။ လူနံ့ကလည်း ရတော့
ဒီကောင် ဝါးပင်ကြီးထဲက ထွက်မလာ
ရဲဘဲ လူတွေကို ခြောက်လှန့်ထုတ်တာ
ဖြစ်မယ်။ ကျုပ်တို့ ထွက်ပြေးတော့မှ
အနံ့ပျောက်သွားလို့ ဝါးပင်ကြီးထဲက
ခုန်ထွက်လာတာဗျ။

ဟော သွားပြီဗျို့။ ကိုတောင်လုံး ပစ်
ထားတဲ့ ဆတ်သေကြီးဆီကို။ ဟာ
ဆတ်ကြီးကို လက်တစ်ဖက်တည်းနဲ့
ဆွဲယူလိုက်ပြီဗျို့။ ဆတ်ကို လက်တစ်
တည်းနဲ့ ပွေ့ထားတာဗျို့။ သူပွေ့တာ
တော့ ဆတ်ဖားကြီးက ဆိတ်ကလေး
တစ်ကောင်လောက်ပဲ ထင်ရတာဗျ။
စောစောက ကျုပ်တို့နှစ်ယောက် ထမ်း
တာတောင် မနည်းထမ်းရတဲ့ အကောင်
လေဗျာ။ ကျုပ် ခုမှ တွေးမိသွားတာဗျ

ကိုတောင်လုံး ပစ်လိုက်တဲ့ဆတ်ဖားကြီး
ကို ဒီကောင်တွေ့သွားတဲ့ အချိန်မှာ လူ
နံ့ကိုလည်း ရသွားလိမ့်မယ်ဗျ။ ဒါကြောင့်
ဆတ်ကြီးကို လူတွေ မယူနိုင်အောင်ဆို
ပြီး ဒီကောင်ကြီး လုပ်ထားတာ ဖြစ်မယ်
ဗျ။ ကျုပ်တို့နှစ်ယောက်က ဆတ်ဖားကြီး
ကို ဝါးလုံးနဲ့ လျှိုထမ်းပြီး နာရီဝက်လောက်
သွားတာတောင် ဒီနေရာကမရွေ့နိုင်တာ
ဒီကောင်ကြီး လက်ချက်ဆိုတာ သေချာ
တာပေါ့ဗျာ။

“ဟေ့ကောင် တာတေ၊ ဆတ်ကြီး
ပျောက်သွားပါရောလား၊ ဘယ်
ရောက်သွားတာတုံး”

ဒီတော့မှ ကျုပ်က ကိုတောင်လုံးကို
ပြောပြတာဗျ။

“ကိုတောင်လုံး ဘီလူးကြီးဗျ၊ နည်းတဲ့
အကောင်ကြီး မဟုတ်ဘူး”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ပြေးမှပဲ
တာတေ”

“မပြေးနဲ့ ကိုကြီးတောင်လုံး၊ ဒီကောင်
ကြီးက လူကို မမြင်နိုင်ဘူးဗျ၊ အနံ့
လောက်ပဲ ရတာဗျ။အခု ကျုပ်တို့က
လေအောက်ရောက်နေတော့ ကျုပ်
တို့အနံ့ကို ဘီလူးကြီး မရနိုင်တော့
ဘူး ကိုကြီးတောင်လုံး မကြောက်နဲ့”

ဟာ ဘီလူးကြီးက သူ့ခေါင်းကြီးကို
အပေါ်မော့ပြီး…

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး”

“အောင်မယ်လေးကွာ၊ အသံကြီးက
ကြောက်စရာ ကောင်းလိုက်တာ
တာတေရာ”

ဟော ဘီလူးကြီးက ဆတ်တစ်ကောင်
စားရတော့မှာမို့ ပျော်ပြီးအော်ဟစ်နေ
တာဗျို့။ဟော ခုန်ပြီ၊ ခုန်ပြီ။

ဟာ ပျောက်သွားပြီဗျို့။ ဘီလူးကြီးက
တစ်ချက်တည်း ခုန်ပြီး ဝါးပင်ကြီးထဲ
ဝင်သွားတာဗျို့။ ခုမှပဲ တစ်တောလုံး
ငြိမ်သွားတော့တာဗျို့။

“ကိုကြီးတောင်လုံးရဲ့ ဆတ်ဖားကြီး
တော့ ပါသွားပြီဗျ”

“ဟာ ပါသွားပါစေ တာတေရာ၊ လူ
တွေ ဘာမှမဖြစ်တာဘဲ တော်လှပါပြီ
ကွာ ဘီလူးကြီး အခု ဘယ်ရောက်
သြားတုံး”

“ဟို ဝါးပင်ကြီးထဲဝင်ပြီး ပျောက်သွား
ပြီဗျ၊ အဲဒီဝါးပင်ကြီးက ဒီဘီလူးကြီးရဲ့
ဗိမာန်ကြီး ထင်တယ်ဗျ”

“အေး ဟုတ်နိုင်တယ်ကွ၊တို့ဘိုးဘွားတွေ
လက်ထက်ကတည်းက တစ်ယောက်
ယောက်က ဒီဘီလူးကြီးကို မြင်ဖူးပုံရ
တယ်ကွ၊ ဒါကြောင့် ဒီဘီလူးကြီးကို ဝါး
ဘီလူးကြီးလို့ခေါ်ပြီး ဒီတောင်ကိုလည်း
ဝါးဘီလူးတောင်လို့ ခေါ်ခဲ့တာ ဖြစ်မယ်
ကွ၊ ဒီတောင်မှာ ဒီဘီလူးကြီး ရှိနေတာ
သိလို့သာ သားစဉ်မြေးဆက် ဒီတောင်
ကို မတက်ဖို့ လက်ဆင့်ကမ်းပြီး မှာခဲ့
ကြတာပေါ့ တာတေရာ”

“ဒီလိုဆိုရင်တော့ ကိုကြီးတောင်လုံးနဲ့
ကျုပ်လည်း ဒီတောင်ကို မတက်ကြဖို့
သားစဉ်မြေးဆက် မှာကြရတော့မှာ
ပေါ့နော်”

“အေးပေါ့ကွ၊ တာတေရ”

နေမဝင်ခင်မှာပဲ ကျုပ်နဲ့ ကိုကြီးတောင်
လုံး ထနောင်းကုန်းကို ဘေးမသီ ရန်မခ
ပြန်ရောက်ခဲ့ကြတယ်။

ပြီးပါပြီခဗ်ာ

စုန်းကိုး မှော်ကိုး ကဝေကိုး စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ