ပါလာရတာလဲ….” ” မေးမနေပါနဲ့တော့အမေရာ….သားချစ်သူစိတ်ဆင်းရဲတာမမြင်ချင်ဘူး….” ” စိတ်ဆင်းရဲစေချင်လို့အမေမေးတာမဟုတ်ဘူးသား…ဒီကောင်မလေးရဲ့မိဘတွေကကော ဒီကိစ္စကိုသဘောတူမတဲ့လား….အမေတို့ရဲ့အခြေအနေကို ကောင်မလေးမိဘတွေကသိပြီးပြီလား…. သူများသားသမီးကိုယူထားရင် သူ့မိဘအိမ်လောက်မသာရင်တောင် အဲထက်မလျော့ရဘူးသားရဲ့….ခုအမေတို့အခြေနေက….အဟင့်….” ဒေါ်မြဆင့်ကပြောရင်း ရှိုက်သံထွက်ကာပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာခဲ့သည်။ သားဖြစ်သူအရွယ်ရောက်ပြီကို သိသော်လည်း စားဝတ်နေရေးကရှိသေးသည်။ တစ်နေ့လုပ်မှတစ်နေ့စားရသူများပေမို့ အနေအစားဆင်းရဲသည်။ ” ကဲပါအမေရယ်….သားတာဝန်ယူနိူင်လို့ခေါ်လာခဲ့တာပေါ့….အမေ့ကိုရော ချယ့်ကိုရော မပင်မပန်းဘဲ လူလည်းလှ ဝမ်းလည်းဝ ထားနိူင်အောင်သားကြိုးစားပါ့မယ်….” ” အမေရယ် မငိုပါနဲ့ ဘယ်လိုအခြေနေဘဲဖြစ်ဖြစ် မောင်ရှိရင်သမီးနေနိူင်ပါတယ်… သမီးကိုလည်း အမေ့သမီးအရင်းတစ်ယောက်လိုပြောဆိုဆုံးမပေးပါ….” ” အေးပါကွယ်….သားတို့သမီးတို့ပင်ပန်းလာကြရောပေါ့ နားလိုက်ကြပါဦး ….အမေလည်းနေမကောင်းလို့ခနနားလိုက်ဦးမယ်…” ဒေါ်မြဆင့်က ဝမ်းနည်းသည့်အမူအရာဖြင့် တဘက်သို့လှည့်ကာ အိပ်နေလိုက်၏။ ************************** ...
မစွံပါဘူးဗျာ” ဟု ကျွန်ုပ်က အားမနာတမ်းပြောလိုက်လေ၏။ ထိုအခါ ဦးမိုးက … “ခေတ်မီတဲ့ လူတော်တော်များများဟာ သူတစ်ပါးရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အပြစ်တင်လေ့ မရှိဘူးဗျာ။ ထားပါတော့လေ။ ခင်ဗျားက ရင်းနှီးတဲ့သဘောနဲ့ ပြောတာကိုး။ ဒါပေမဲ့ ကျုပ်လုပ်ငန်းကိုတော့ ကျုပ်က အမွန်မြတ်တယ်လို့ ထင်နေတာဗျ။ လူတော်တော်များများဟာ ကိုယ့်အသက်ကို ချောင်ချောင်လေး မွေးနေကြရတယ်။ အန္တရာယ်မရှိတဲ့အလုပ်တွေ ရွေးပြီး လုပ်နေကြတယ်။ ကျုပ်က အဲဒီလို မလုပ်ချင်ဘူး။ အခက်အခဲတွေနဲ့ စွန့်စားပြီးမှ ကျုပ်ရဲ့ အသက်ကို မွေးချင်တယ်။ သူ့အသက်၊ ကိုယ့်အသက်လုပြီးရှာရတဲ့ ထမင်းကိုမှ ...
သူငယ်ချင်း” ခွန်းလှလဲ သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ပြီး ရဲစခန်းအရှေ့က သစ်ပင်အောက်မှာ ထိုင်စောင့်နေတဲ့ အောင်မြတ်သာတို့ရှိရာကို ထွက်လာခဲ့လိုက်တယ်။ ++++++ ဆတ်ဖလူးပင်တွေ အများအပြားပေါက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ်မှာ နေချင့်စဖွယ် ဆောက်လုပ်ထားတဲ့ တဲအိမ်တစ်လုံးရှိနေခဲ့တယ်။ တဲအိမ်ရဲ့အပြင်ဘက်မှာတော့ ယောင်္ကျားလေးဝတ် အင်္ကျီအချို့ကိုလှမ်းထားပြီး တဲရဲ့အနောက်ဘက်မှာတော့ ကြည်လင်နေတဲ့ရေတွေအပြည့်ဖြည့်ထားတဲ့ ကျောက်စည်တစ်လုံး။ “ ဘကြီး… ဗျို့ ဘကြီး” တဲအပြင်ကနေ လှမ်းခေါ်နေတဲ့အသံကြောင့် အထဲကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာပြီး “ မောင်သံတိုင်ပါလား… ဘာကိစ္စများရှိလို့လဲ” “ ကျွန်တော်တို့ ဒီမှာဆက်နေလို့ အဆင်မပြေတော့ဘူးထင်တယ်” “ ...
ငါတို့မိန်းကလေးတွေပဲ မျက်ရည်နဲ့မျက်ခွက်နဲ့ ကိုဖြစ်လို့* နဒီ တစ်ယောက် ပါးစပ်ကနေတစ်ယောက်ထဲ ပေါက်ပေါက်ဖောက်လိုက် ထမင်းစားလိုက်နဲ့ကို ဟန်ကျလို့နေလေ၏ ထမင်းစားလို့ပြီးနောက် နဒီဟာ ပန်းကန်တွေကိုဆေးဖို့ ပန်ကန်းဆေးတဲ့နေရာဆီသွားလေ၏ *ကဲ စားပြီးတော့လဲ ဆေးရတော့တာပဲ ပန်းကန်ပဲသစ္စာရှိတယ် စားပြီးတာနဲ့တန်းဆေး ဟုတ်နေတာပဲ* နဒီ တစ်ယောက် ထိုသို့ပြောနေခိုက် × ဝုန်းးးးးးဒုန်းးးးးဂလောင် •••••••••× မီးဖိုချောင်ထဲက အိုးတွေခွက်တွေ ပန်းကန်တွေကို ပစ်ချနေသည့်အသံပင်၊ *ဟင် ဘာသံပါလိမ့် * အဆောင်ငှားနေသူအားလုံးကလဲ ထိုအသံကိုကြားသွားသည်မို့ မီးဖိုချောင်ရှိရာသို့ ခပ်သွက်သွက်လေးလာကြသည် နဒီ ကလဲ မီးဖိုချောင်ရှိရာသို့ အမြန်သွားခဲ့သည် ...
ပါစေ။ ကုသိုလ်ပြုသမျှ အားသည်သာဓုခေါ်ပါသည်။ သာဓု-သာဓု – သာဓု” ဟုအမျှပေးဝေ၊သာဓုခေါ်ဆိုပြီးသည့် နောက်တိုးစည်ဘုရားကိုဝတ်ပြုကန်တော့သည်။ ထိုစဉ်တိုးစည်၏နှာခေါင်းတွင်းသို့ သင်းပျံ့ သည့် မွှေးရနံ့တစ်ခု တိုးဝင်မွှေးရနံ့သည် သင်းပျံ့၏။ ကြည်နူးစိတ်၊ သင်းပျံ့သည့် မွှေးရနံ့ကြောင့် သူရင်ထဲ၌ ချမ်းမြေ့သလိုခံစားလိုက်ရ၏။ ထိုကြောင့်တိုးစည်အသာအယာ လှည့်ကြည့်လိုက်၏။ “အို” သူ့ရင်ထဲ၌ အံ့ဩသလို ခံစားလိုက်ရပြီး ဒုတိယသံပါ ထပ်ကြည့်လိုက်မိ၏။ ထိုအခါ အံ့ဩမိသည့်အသွင်သဏ္ဌာန်ကို သူ ပီပြင်စွာ မြင်တွေ့လိုက် ရ၏။ အခြားမူမဟုတ်။ နွဲ့နွဲ့လျလျ သူ့အနားတွင် ရပ်နေသူတစ်ဦးကို မြင်လိုက်ကတည်းက သုံးတောင်ဝတ် မိန်းကလေးတစ်ဦးဟု ...
အမေခူးနိုင်ပါတယ်” “မင်းကဘာလုပ်နေလို့လည်း” “ကျွန်မမအားဘူးရှင့် ည၇နာရီကား လာတော့မယ်လွတ်သွားလို့မဖြစ်ဘူး” “မင်းဇာတ်လမ်းကတော်တော်အရေးကြီး တယ်ပေါ့ နေနေငါ့ဘာသာငါခူးစားလို့ရတယ်” ကိုစိုးခင် ကမိန်းမဖြစ်သူ မတင်မေ၏ စိတ်ကိုသိ၍ဘာမှပြန်မပြောဘဲ အိမ်နောက်ဘက်သွားကာရေချိုးနေလိုက်သည်။ ၁၅မိနစ်ခန့်ကြာတော့ ဒေါ်ခင်မေနှင့်မြေးလေး လမ်းထိပ်မှပြန်လာကြသည်။ “သြော် သားတောင်ပြန်ရောက်နေပြီလား “ဟုတ်တယ် အမေအခုလေးမှရေချိုးပြီးတယ်” “ထမင်းစားမယ်မလား အမေခူးထားလိုက်မယ်” “ဟာ နေပါစေ အမေ ကျွန်တော့်ဘာသာ ကျွန်တော်ခူးပါ့မယ်” “ဘယ်ဟုတ်မလဲ ခဏလေးစောင့်နော် အမေခူးပေးမှာပေါ့” “အင်းပါ အမေ့သဘောပါ အမေကစားပြီးပြီလား” “မစားရသေးပါဘူးသားရယ် ” “ဒါဖြင့်တစ်ခါတည်းဝင်စားလေအမေကလည်း “နေပါ သားပြီးမှစားပါ့မယ် “ဘယ်ဟုတ်မလဲ လူကြီးကနောက်ဆုံးမှစားလို့ ...
ရှိကြတာကိုး…..” “ကဲ…ကြားသလား. နန်းကြိုင်…နင့်ကြောင့်ငါတ်ို့ပါအပြောအဆိုခံနေရတယ်..အဲ့တော့နင့်အပြစ်နင်သိတယ်နော်… သွား ကြိမ်လုံးယူခဲ့” “ဟုတ်…….” နွားရိုက်ရန်ထားသော ကြိမ်လုံးအား နန်းကြိုင်သွားယူပေးရသည်။ ထိုကြိမ်လုံးကို ဒေါ်အေးမာကနန်းကြိုင်ဆီမှ ယူလိုက်ပြီး… “ဒီမှာ…တော့်သားအတွက် ကျုပ်ရိုက်ပေးမယ်… ဒီလိုဆိုရင်တော်ကျေနပ်မလား” ဟုမေးလေတော့ အစောကအမျိုးသမီးမှခေါင်းငြိမ့်ပြလေသည်။ “ထဘီကိုလှန်ထား” နန်းကြိုင်သူ၏ထဘီကို လက်ဖြင့်ခြေသလုံးပေါ်အောင်လှန်ပေးထားရသည်။ “ရွှမ်း…….” “အ….” “ရွှမ်း…..” “အ….” “အသံမထွက်နဲ့….” “ရွှမ်း…” “ရွှမ်း ….” အသံမထွက်နှင့်ဟုပြောလေတော့ နန်းကြိုင် နာကျင်သမျှကို အံကြိတ်ကာနေရသည်။ နန်းကြိုင်၏မျက်နှာအထက်မှာတော့ အိုးမဲများ…မျက်ရည်စီးကြောင်းများဖြင့်ရှုပ်ပေလို့နေလေသည်။ အားရအောင်ရိုက်နှက်ပြီးလေတော့ အစောကအမျိုးသမီးလည်းပြန်သွားတော့သည်။ ဒေါ်အေးမာက မတ်တပ်ရပ်နေသေးသော နန်းကြိုင်အား….. “ငါရွာထဲသွားဦးမယ်…ညည်းနွားစာကျွေးထားလိုက်… ...
ဆိုင်ရှင်အဒေါ်ကြီးက ကျွန်တော်တို့ကိုကြည့်ရင်း မျက်နှာစိမ်းနေလို့ထင်ပါ့ စကားစမြည်ပြောလာပါလေရော ။ ” ငါ့တူတို့ တူမတို့က ဒီလမ်းထဲမှာပဲ နေကြတာလားကွယ့် … အော် စိတ်တော့မရှိပါနဲ့ကွယ် မျက်နှာစိမ်းနေလို့ အဒေါ်ကမေးမိတာပါ …” ” ဟုတ်ကဲ့ ရပါတယ် အဒေါ်ရဲ့ … ကျွန်တော်တို့က ဒီနေ့မှ ဒီလမ်းထဲပြောင်းလာကြတာလေ… ဟိုးဘက်နားလမ်းအစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အောက်ထပ်မှာခနဌားနေကြတာပါအဒေါ်ရေ ” ကျွန်တော့စကားအဆုံးအဒေါ်ကြီးမျက်နှာမှာ အမည်ဖော်ရခက်တဲ့ အရိပ်တစ်ချို့ဖြတ်ပြေးသွားတာကို ကျွန်တော်မြင်လိုက်ရတယ်…။ ”ဟင် လမ်းစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ဟုတ်လား ” ”ဟုတ်တယ်လေ အဒေါ်ရဲ့ ဘာဖြစ်လို့လဲဟင်” ...
ပိုပိုရော သူရော အိမ်မှာပဲ စာလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကဆိုတော့ အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။ ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။ “မေမေ ခွေးတွေက ဘာလို့ တအားအူနေတာလဲ မသိဘူးမေမေရယ်။ ပိုပိုစိတ်ထဲမှာ ...
ပြူးပြူး၊ နှာခေါင်းကကြီးကြီး။ ဒီကြားတည်းမှာ ခန့်ညားအောင်ဆိုပြီး နှုတ်ခမ်းမွှေးကလည်း ထားလိုက်သေးသဗျ။ သူ့နှုတ်ခမ်းမွှေးကြီးကလည်း အပြားကြီးကြီး ဆိုတော့ ခန့်ညားတာ မခန့်ညားတာတော့ မသိဘူး သူ့မျက်နှာကြီးကတော့ ကြောက် စရာ တော်တော်ကောင်းတာဗျို့။ ပရောဂ ချွတ်ပြီဆိုရင် … “အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင် တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း ပုန်းခြင်း၊ ခိုခြင်း ကပ်နေခြင်း မရှိစေရ၊ ဆရာ့ ဆရာကြီးတွေရဲ့ တပည့်ကျော် ငါဆရာပေသီးရဲ့အမိန့် အခု ချက်ချင်း ချင်းဆိုချင်း၊ နင်းဆိုနင်း၊ ဝင်ဆိုဝင်၊ ကပ်ဆိုကပ်၊ ပူးဆိုပူး၊ ဗျမ်း……” ...