ဥစ္စာစောင့်မ

ပါစေ။ ကုသိုလ်ပြုသမျှ
အားသည်သာဓုခေါ်ပါသည်။
သာဓု-သာဓု – သာဓု”
ဟုအမျှပေးဝေ၊သာဓုခေါ်ဆိုပြီးသည့်
နောက်တိုးစည်ဘုရားကိုဝတ်ပြုကန်တော့သည်။
ထိုစဉ်တိုးစည်၏နှာခေါင်းတွင်းသို့ သင်းပျံ့
သည့် မွှေးရနံ့တစ်ခု တိုးဝင်မွှေးရနံ့သည် သင်းပျံ့၏။
ကြည်နူးစိတ်၊ သင်းပျံ့သည့် မွှေးရနံ့ကြောင့်
သူရင်ထဲ၌ ချမ်းမြေ့သလိုခံစားလိုက်ရ၏။
ထိုကြောင့်တိုးစည်အသာအယာ လှည့်ကြည့်လိုက်၏။
“အို”
သူ့ရင်ထဲ၌ အံ့ဩသလို ခံစားလိုက်ရပြီး
ဒုတိယသံပါ ထပ်ကြည့်လိုက်မိ၏။
ထိုအခါ အံ့ဩမိသည့်အသွင်သဏ္ဌာန်ကို
သူ ပီပြင်စွာ မြင်တွေ့လိုက် ရ၏။ အခြားမူမဟုတ်။
နွဲ့နွဲ့လျလျ သူ့အနားတွင် ရပ်နေသူတစ်ဦးကို
မြင်လိုက်ကတည်းက သုံးတောင်ဝတ်
မိန်းကလေးတစ်ဦးဟု သိလိုက်ရ၏။
သူမသည် တိုးစည်နောက်တွင် ရပ်လျက်လေး
အသင့်ဝယ် သူ၏ရှည် လျားပျော့ပျောင်းနက်
မှောင်သည့် ဆံကေသာက လူးလွန့်နေသည်ကို တွေ့ရ
တိုးစည်က သူမကိုကြည့်ရင်း ထလိုက်၏။
သည်ကနေ့ သူမနှင့် မျက်နှာချင်းဆိုင် ထိုင်
လိုက်ရသလို သင်းပျံ့သော မွှေးရနံ့ကို ရှူရှိုက်လိုက်ရ၏။
ပြီးတော့ – ပျက်လုံး ပျက်ခုံး၊ နှာတံစသည်တို့၏
ကောင်းခြင်းကိုမြင်တွေ့ ရင် အထူးသဖြင့်
သူ၏မျက်ဝန်းအစုံသည် သောက်ရှူးကြယ်
ညီနောင်နှယ် ထွန်းပြောင်နေသည်ကို တွေ့လိုက်ရ၏။
မျက်နှာချင်းဆိုင်မိလျှင် သူက
“လွန်းတင် – နှောက်ယှက်သလိုများဖြစ်သွား
သလား မသိဘူး” သူကအားတုံ့အားနာပြော၏။
တိုးစည်ကသူ၏နီစွေးသောနှုတ်ခမ်းမှလွင်သောစကားသံကို ခံစား
ရင်း ကြည်နူးသွားမိ၏။တိုးစည်က ပြုံးပြီး
“မဖြစ်ပါဘူး။ ဒါထက် …”
သူမက
“ကျွန်မက ရှင်လွန်းတင်ပါ။ ဒီကအစ်ကို
နေ့တိုင်း ဒီမှာ ဘုရားဝတ်ပြု ပုတီးစိပ်တာတွေ့
ရတယ်လေ။ ဒါကိုကြည့်ရင်းစိတ်ထဲ သားသားသလိုခံစားရ
တယ်လေ။ ကိုယ် မလုပ်နိုင်တာကို လုပ်နိုင်
တဲ့ ဒီကအစ်ကိုကို မုဒိတာ ပွားမိပါတယ်”
“အစ်ကို့နာမည်တိုးစည်ပါ၊ ရန်ကုန်က။
ဒီမှာတာဝန်နဲ့ ရောက်လာတာ လေ။ ရှင်လွန်းတင်ကကော …”
“ကျွန်မက ဒိနားကပါ”
ဟုပြောပြီး၊ ဟိုသည်ကြည့်တော့ …
“နောက်မှ တွေ့ကြတာပေါ့နော်။ ရှင်လွန်းတင်
သွားမယ်” ဟု ပြောပြီးထွက်သွား၏။
တိုးစည်သည် ခပ်သွက်သွက်ထွက်သွားသည့်
ရှင်လွန်းတင်၏နောက် ကျောကို ငေးကြည့်နေမိ၏။
လှုပ်ရှားမှုနှင့်အတူ လူးလွန့်နေသည့် ဆံပင်နု
များက ကဗျာဆန်လွန်းဘိ၏ဟု ခံစားမိသည်။
သည်ညက တိုးစည် အိပ်မရ။ ဒါက ဓမ္မတာပင်။
မိန်းမလှကလေးနှင့် ဆုံတွေ့ရတိုင်း ခံစားရသည့်
ယောက်ျားပျိုတို့ဝေဒနာ မဟုတ်လား။
သို့ဖြင့်နောက်တစ်နေ့ ရောက်ခဲ့သည်နှင့်အတူ
ပြုမြဲဝတ်အတိုင်း ဘုရား ရှိခိုး၊ ပုတီးစိပ်၊
မေတ္တာပို့ပြီးလျှင် မွှေးရနံ့ကို တမ်းတရင်း
မျှော်လင့်နေမိ၏။ ဟိုသည် ကြည့်နေမိ၏။
“ရှင် – ရှင်လွန်းတင် – ဒီနေ့ မလာဘူးလား”
သူ စဉ်းစာ၊မ်သလို ဟိုသည် ရှာဖွေနေမိ၏။
ထိုစဉ် သူ့နောက်ဘက်မှ သင်းပျံ့သည့်မွှေးရနံ့
ရလိုက်သဖြင့် သူ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိ၏။
ချိုလွင်သောမျက်နှာနှင့် မျက်နာချင်းဆိုင်
လိုက်ရ၏။ သူပင် – ရှင်လွန်းတင်တည်း။
ပန်းနုရောင်ဝမ်းဆက် ဝတ်ဆင်ထား၏။
ရှည်လျားနက်မှောင်သည့် ဆံကေသာကလေး
လေအသင့်တွင်ကဗျာဆန်စွာ လူးလွန့်နေ၏။ ရှင်လွန်းတင်က
ပြုံး၍- “အစ်ကို− ဘာရှာနေတာလဲ”ဟုမေး၏။
တို၊စည်သည်ခိုးထုပ်၏။ ပြီးမှ …
“ဒါကို – ရှင်လွန်းတင် သိချင်လို့လား”
သူမကခေါင်းညိတ်သည်။
ကိုယ့်ထုံအအ ဖြစ်သွား
“ကျွန်တော်လည်းမလိမ်ချင်ပါဘူး။
ကျွန်တော် – ရှင်လွန်းတင်ကိုရှာနေတာလား
“ဟုတ်လား”
“ဟုတ်တယ် – ရှင်လွန်းတင်။ ပြောရရင်
ရှင်လွန်းတင်က တစ်ခဏနဲ့ တစ်ဘဝကို ပိုင်စိုးနိုင်သူဖြစ်နေလို့လေ”
ရှင်လွန်းတင် ရှက်စနိုး ခေါင်းငုံ့နေ၏။
ထို့နောက် တစ်ဦးကိုတစ်ဦး ပြုံးကြည့်မိသည်။
သို့နှယ်ပင် အချိန်တိုတို နှင့် ခင်ပင်သူဒတွေဖြစ်သွားသည်။
ခွဲခွာခါနီးတိုင်း “ရှင်လွန်းကိုကျွန်တော် မျှော်နေမှာ”
ဟု ပြောဖြစ်၏။ ရှင်လွန်းတင်ကလည်း
“ရှင်လွန်းလည်းအစ်ကို့ကိုအမြဲသတိရနေတာ
“ဒါဟာ – ရှေးရေစက်နေမှာနော်”
မပြောပဲပြုံးသည်။
သည်အပြုံးတွေ နှလုံးသားတွင် မြှုပ်နှံပြီး ပြန်ခဲ့သည်ရည်း။
လောကစဉ်ကမူ တစ်ဦးကိုတစ်ဦး အတွေ့အမြင်
များလာပြီဆိုလျှင် ကြင်နာစိတ် တိုးဝင်ခဲ့သည်မှာ ဓမ္မတာပင်။
ပိုဆိုးသည်က တိုးစည်နှင့် ရှင်လွန်းတင် နေ့စဉ်
တွေ့နေကြပြီး နှစ်ရက် လောက်မတွေ့ရတော့ရင်
ထဲခံစားချက်တစ်မျိုးဖြစ်ခဲ့သည်။ခင်မင်ခြင်းထက်
ပိုသော အချစ်တစ်ခု နှလုံးသားတွင် စိုးမိုးနေပြီဟု သီခဲ့ရ၏။
လွန်းတွင် ရှင်းရှင်းပြောမယ်-အစ်ကို၊ လွန်းတင်ဟာ
နောက်ပွင့်မယ့် ဘုရားမှာ ဖို့အတွက် ရတနာသိုက်ကို
စောင့်နေရတဲ့ သိုက်နန်၊ရှခ်ခဲ။ ကြောင့်
အစ်ကိုနဲ့ လွန်းတင်က ဘရင်းပင်းစပ်လိုမရဘူး။
ပြီးတော့ လွန်းတင်တိုသိုက်က သိုက်ဝေရာအခ
နှင့်အယှက်ကြောင့် ပြောင်းရခတူမယ်၊
ဒါကြောင့် အစ်ကိုကို တွေ့ချင်ပေမယ့် မတွေ့ နိုင်
တော့သလို ကချင် ပေါင်၊စပ်ဖို့လည်၊ မလွယ်တော့တု။
၁ကြောင့်-ဦတခ၊ ဒိသျှလိပ် သဘောထားရအောင်နော်
“ဟုတ်တယ်… ငါလွန်းတင်ကိုချစ်နေမိပြီ။ဒီတစ်
ခါတွေ့ရင် ငါလွန်းတင် ကို ချစ်နေမိပြီကို ပြောရမယ်။
ပြီးတော့ – လက်ထပ်မယ်။ ငါ – လွန်းတင်ကို
ချစ်သလို မခွဲနိုင်တော့ဘူး”ဟုတ်သည်။
ထိုစဉ်နားလည်လိုက်ပြီ။ထိုကြောင့်ညနေရောက်ပြီမို့ပြမြဲဝတ်ကို ပြုပြီး
ရှင်လွန်းတင်ကိုမျှော်နေမိသည်။
မျှော်လင့်ခြင်းကြောင့် ရင်ထဲ မောနေရသလို
သင်းပျံ့သည့်မွှေးရနံ့ကို ရွှရှိုက်လိုက်ရတော့
သူ ပျော်သွား၏။ သင်းရနံ့က နောက်မှာ။
သူ ဆတ်ခနဲ လှည့်ကြည့်လိုက်၏။
ရှင်လွန်းတင်နှင့် မျက်နှာချင်းဆိုင်လိုက်ရ၏။
“လွန်းတင် – မင်းကို – လွန်းတင်ကို မျှော်နေတာ။
နှစ်ရက်လောက် မတွေ့ရတာကို နှစ်ကမ္ဘာလောက်ထင်နေတာ”
“အစ်ကိုရယ် – လွန်းတင်လည်း အစ်ကိုနဲ့ ထပ်တူ
ခံစားရပါတယ်။ ပြီးတော့ – အစ်ကို့ကို လွန်းတင် ပြောစရာရှိနေတယ်”
“ဟုတ်လား – အစ်ကိုနဲ့လွန်းတင်ကစိတ်ချင်းဆက်
နေသလားမသိဘူး။ အစ်ကိုလည်း လွန်းတင်ကို ပြောစရာရှိနေတယ်”
“ပြောလေ…”
“အောက်ဆင်းရအောင် – လွန်းတင်”
ရှင်လွန်းတင်က ခေါင်းညိတ်သည်။ ပြီးနောက်
တန်ဆောင်းအတိုင်း ဘုရားပေါ်မှ ဆင်းခဲ့သည်။
ဘုရားခြေရင်းရှိ ပန်းခြံကလေးဆီသို့ ဝင်လာခဲ့သည်။
မြေပေါ်တွင် ကြွေလွင့်နေသည့် တရုတ်စကားပွင့်
များနှင်းကာ တရုတ်စကားပင်အောက် သို့ဝင်ခဲ့သည်။
တရုတ်စကားနံ့တို့ သင်းပျံ့လို့ရယ် …။
တရုတ်စကားပင်အောက် ရောက်လျှင်
ရပ်လိုက်ကြ၏။ တစ်ဦးကိုတစ်ဦး ကြည့်ရင်း..
“အစ်ကို့ရင်ထဲက လွန်းတင်ကို ပြောချင်
တဲ့စကားကို အရင်ပြောခွင့်ပြုနော်”
တိုးစည်က ပြောလိုက်၏။ ပြီးနောက် – ကိုးစည်က
ရှင်လွန်းတင်၏ လက်ဖမိုးနုနုကလေးအား
ဆုပ်ကိုင်ရင်း လွန်းတင်မျက်နှာကို စေ့စေ့ကြည့်လိုက်၏။
“အစ်ကို က ပြောလေ”
“ပြောမှာပါ။ လွန်းတင် – မငြင်းနဲ့နော်”
“ပြောပါ”
“အစ်ကိုက လွန်းတင်ကို ချစ်တယ်။ လက်ထပ်ချင်တယ်”
ပြောရင်း လွန်းတင်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး
ရင်ခွင်ထဲ နှစ်ထား လိုက်သည်။ ရှင်လွန်းတင်ကမငြင်းပါ။
ရှင်လွန်းတင်က တိုးစည်၏ရင်ခွင်ထဲတိုးဝင်ပြီးဟင်းခနဲတစ်ချက်ရှိုက်၏။
ရှင်လွန်းတင်၏ရှိုက်သံသည်သူ့နှလုံးသားအားသန်လျက်နှင့်ထိုးလိုက်
သလို ရှိ၏။ “ချစ်တယ်ဆိုတာ ငိုဖို့မဟုတ်ဘူးလေ။
ဝမ်းနည်းစရာမှ မဟုတ် တာ”ဟုပြောလိုက်ချင်၏။ မပြောဖြစ်။
“လွန်းတင် – ချစ်တယ်ဆိုတာ ဘာလို့ငိုရတာလဲ။
လွန်းတင်လည်းကိုယ့်ကို ချစ်တယ်မဟုတ်လား။
ဒါဆို ပျော်ရမှာလေ။ မငိုပါနဲ့ – လွန်းတင် ဟု
ကရားရေလွှတ်ပြောမိသည်။
ရှင်လွန်းတင်က တစ်ချက်ရှိုက်ပြီး..
“လွန်းတင် – ဝမ်းနည်းတာက မပျော်လို့
မဟုတ်ပါဘူး။ အစ်ကို့အချစ် ကိုပိုင်ဆိုင်ရလို့ပျော်ပါတယ်။
ဒါပေမဲ့ – လွန်းတင် – မပျော်နိုင်ဘူး – အစ်ကို”
“ဘာ … ဘာဖြစ်လို့လဲ – လွန်းတင်”
ရှင်လွန်းတင်ကသက်ပြင်းရှိုက်ပြီး ဘာဖြစ်လို့
လည်းဆိုရင်ရင်လွန်းတင်ဘဝကိုအစ်ကို့အချစ်
တွေကို ထွေးပိုက်ပိုင်ဆိုင်ပြီး မပျော်နိုင်တဲ့ဘဝမို့ပါ
အစ်ကို”ဟု ပြောသည်။“ဘာဖြစ်လို့ဒီလိုပြောရတာလဲ-လွန်းတင်။
လူ.လူချင်းမတူတာမရှိဘူး။
အချစ်စစ်ဟာ မတူညီတဲ့ဘဝနှစ်ခုကို
ပေါင်းစပ်ဖို့ အနှိုင်းမဲ့အင်အားပါ လွန်းတင်ရယ်”
“မဟုတ်ဘူး – အစ်ကို၊ လွန်းတင်နဲ့အစ်ကို ဘဝ
မတူတာက ညှိမရတဲ့ မတူညီခြင်းပဲ။ ပြောရရင်
လွန်းတင်က လူဆိုပေမယ့် လူအစစ် မဟုတ်ဘူး။
ဖန်ဆင်းထားတဲ့လူ ဖြစ်နေလို့ပဲ- အစ်ကို”
“ဘာ- ဘယ်လို- လွန်းတင်”
“လွန်းတင် ရှင်းရှင်းပြောမယ် အစ်ကို။ လွန်းတင်
ဟာ နောက်ပွင့်မယ့် ဘုရားမှာ လှူဖို့အတွက်
ရတနာသိုက်ကို စောင့်နေရတဲ့ သိုက်နန်းရှင်ပဲ။ ဒါကြောင့်
– အစ်ကိုနဲ့ လွန်းတင်က ဘဝချင်း ပေါင်းစပ်လို့မရဘူး။
ပြီးတော့ လွန်းတင်တို့ သိုက်က သိုက်
ဆရာအနှောင့်အယှက်ကြောင့် ပြောင်းရ
တော့မယ်။ ဒါကြောင့် – အစ်ကို့ကို တွေ့ချင်ပေမယ့် မတွေ့
နိုင်တော့သလို ဘဝချင်း ပေါင်းစပ်ဖို့လည်း
မလွယ်တော့ဘူး။ ဒါကြောင့် – ဒီဘဝ၊ ဒီမျှလို့ပဲ သဘော
ထားရအောင် နော်” “လွန်းတင်ရယ် ….”
တိုးစည် ဘာပြောရမယ်မသိ။ လူစင်စစ်မှ
ကျောက်ရုပ်ဖြစ်သွားသည် ထင်။ ထိုစဉ်
ရှင်လွန်းတင် သူ့ရင်ထဲမှ ပြေးထွက်သွားသည်။
“လွန်းတင် … ရှင်လွန်းတင်” လှည့်မကြည့်။
ကြည့်စမ်း – မျက်စိအောက်မှ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ။
သည့်နောက်ပိုင်း တိုးစည်နှင့် ရှင်လွန်းတင်
မတွေ့ ကြတော့။ တိုးစည် နေ့စဉ်စောင့်သော်
လည်း ရှင်လွန်းတင် ရောက်မလာခဲ့။
ဘုရားဝတ်ပြု၊ ပုတီးစိပ်၊ မေတ္တာပို့၊ အမျှဝေပြီး
သင်းပျံ့သည့်မွှေးရနံ့ကို ရှူရိုက်လိုက်ရသဖြင့် တိုးစည်ပျော်သွားသည်။
ဖျက်ခနဲ ကြည့်လိုက်သော်လည်း ရုပ်သွင်မမြင်ရ။
“လွန်းတင် – မင်းရောက်နေတယ်မဟုတ်လား။
မင်းကို ကိုယ်တွေ့ပါတိုးစည်ပြော၏။ မတွေ့။
သို့သော် အသံကိုမူ ကြားရ၏။
“လွန်းတင်ကို မတွေ့ချင်ပါနဲ့တော့ – အစ်ကို။
ဒါပေမဲ့ -လွန်းတင်ပြော စကားကိုတော့ နားထောင်ပြီး မှတ်ထားပါ”
“လွန်းတင်တို့ လကွယ်ညမှ သိုက်ပြောင်းရမယ်
အစ်ကို။ ဒီလိုသိုက် ပြောင်းတဲ့အခါမှာ ကြေးစည်
သံတွေ ကြားရမယ်။ လှည်းတွန်းသံတွေ ကြား
ရမယ်။ ဒီအချိန် အစ်ကို ထွက်လာခဲ့ပါ။ ဒီအသံ
တွေနဲ့အတူ အစ်ကို မြွေ တစ်ကောင် တွေ့လိမ့်မယ်။
အစ်ကို – ဒီလိုတွေ့ရင် ဒီမြွေကို ရိုက်သတ်လိုက်ပါ။
ဒါဆို – အစ်ကို – များပြားတဲ့ရတနာ တွေ့ရလိမ့်မယ်”
“ဒီလိုရတနာရရင် တစ်ဝက်ကို အချစ်ဆုံးပေး
တဲ့လက်ဆောင်အဖြစ် အစ်ကိုသုံးပြီး တစ်ဝက်
ကို ဘုရားလှူပါ။ ရှင်လွန်းတင်အတွက် အမျှပေးဝေ၊
သာဓုခေါ်ပေးပါ – အစ်ကို၊ အစ်ကိုနဲ့
ချစ်လွန်းတင်နောင်ဘဝမှာနောင်ခန္ဓာနဲ့ ပေါင်းရပါစေ”
ထို့နောက်ဘာသံမှမကြားရတော့။
သင်းပျံ့သည့်မွှေး၊ရနံ့လည်းမရှူရှိုက်ရတော့။
“လွန်းတင် – လွန်းတင်ရယ်”
လကွယ်ည
ရှင်လွန်းတင်နှင့် ဝေးရပြီဆိုသည့်အသိကြောင့်
သူ နှလုံးတွေ ကြေမွ ပျက်သုဉ်းသလို ခံစားရသည်။
ရှင်လွန်းတင်နှင့် ဝေးရပြီဆိုသော အသိကြောင့်
ပျော်ရွှင်မှုတွေ ဆိတ် သုဉ်းနေပြီ။
သို့သော် သူပြောခဲ့သည့်စကားတွေကိုမူ ကြား
ယောင်နေ၏။ “နောင်ဘဝ၊ နောင်ခန္ဒာနဲ့
ပေါင်းကြပါဦးတဲ့လား – ရှင်လွန်းတင်ရယ်”
သူယူကြုံးမရသလို ခံစားရ၏၊
သို့နှင့် လကွယ်ညရောက်သည်ကို အမှတ်ရမိသည်။
ဘာမျှလိုချင် တပ်မက်မှုမရှိသော်လည်း ချစ်သူ
စကားဖြစ်သဖြင့် အလေးအနက် ထားရသည်။
သည်ညက အိပ်မရ၊ နံနက်လင်းအရုဏ်အချိန်။
ထိုစဉ်ကြေးစည်သံ၊ လှည်းမောင်းသံတွေ ကြားရ၏။
တိုးစည် အိမ်ထဲမှ ပြေးထွက်ခဲ့သည်။
လင်းအရုဏ်ကျင်းဝမြို့အလင်းရောင်မပီပြင်
သေး။လူသူအသွားအလာမရှိသေး။
ထိုစဉ်သူ့ရှေ့တွင် ကြီးမားသည့်မြေကြီး
တစ်ကောင်တွေ့လိုက်ရသည်။ “မြွေကြီးမြင်ရင်
သတ်လိုက်ပါ- ကိုယ်။ တစ်ဝက်ကိုသုံးပြီးတစ်ဝက်ကို
ရှင်လွန်းတင်ကို ရည်မှန်းပြီးလှူပါ အမျှပေးဝေသာဓုခေါ်ပ
“နောင်ဘဝ နောင်းစွာနဲ့ ပေါင်းကြစို့”
စကားတွေကိုကြားနေသည်။ သူတွေဝနေရာမှ
ဖျတ်ခနဲ ကြည့်လိုက် တော့ပီပြင်စွာမြင်ရသည့်
မြွေကြီးကတဖြည်းဖြည်းမှုန်ဝါးကာ အပြီးပဲ ပီပြင်တော့၏။
သည်အခါမှ တိုးစည် မြွေကြီးကို ရိုက်လိုက်မိသည်။
ထို့အတူ သူ ရိုက် လိုက်သည့်နေရာတွင်
မြွေကြီးပျောက်သွားပြီး ရွှေတုံးတချို့ကို တွေ့ရ၏။
တိုးစည်ရွှေတုံးများအားကောက်ယူရင်းရင်ထဲလှိုက်မောလာ၏။မျက်
ရည်တို့ တွေတွေကျလာ၏။
“စိတ်ချ – ရှင်လွန်းတင်၊ ဒီရွှေတုံးတွေထုခွဲပြီးကိုယ်
ရှင်လွန်းတင် အတွက် ရည်စူးပြီး အလှူဒါနပြုပါမယ်။
ရှင်လွန်းတင် – သာဓုခေါနိုင်ပါစေ”
“နောင်ဘဝ၊ နောင်ခန္ဒာနဲ့ ပေါင်းရဖို့ – အစ်ကို – မျှော်လင့်နေပါ့မယ် ရှင်လွန်းတင်ရယ်”