ချစ်ခြင်းရဲ့အလွန်

ငါတို့မိန်းကလေးတွေပဲ မျက်ရည်နဲ့မျက်ခွက်နဲ့ ကိုဖြစ်လို့*

နဒီ တစ်ယောက် ပါးစပ်ကနေတစ်ယောက်ထဲ ပေါက်ပေါက်ဖောက်လိုက် ထမင်းစားလိုက်နဲ့ကို ဟန်ကျလို့နေလေ၏

ထမင်းစားလို့ပြီးနောက် နဒီဟာ ပန်းကန်တွေကိုဆေးဖို့ ပန်ကန်းဆေးတဲ့နေရာဆီသွားလေ၏

*ကဲ စားပြီးတော့လဲ ဆေးရတော့တာပဲ
ပန်းကန်ပဲသစ္စာရှိတယ်
စားပြီးတာနဲ့တန်းဆေး ဟုတ်နေတာပဲ*

နဒီ တစ်ယောက် ထိုသို့ပြောနေခိုက်

×
ဝုန်းးးးးးဒုန်းးးးးဂလောင် •••••••••×

မီးဖိုချောင်ထဲက အိုးတွေခွက်တွေ ပန်းကန်တွေကို ပစ်ချနေသည့်အသံပင်၊

*ဟင် ဘာသံပါလိမ့် *

အဆောင်ငှားနေသူအားလုံးကလဲ ထိုအသံကိုကြားသွားသည်မို့ မီးဖိုချောင်ရှိရာသို့ ခပ်သွက်သွက်လေးလာကြသည်

နဒီ ကလဲ မီးဖိုချောင်ရှိရာသို့ အမြန်သွားခဲ့သည်

*ဟယ် လူတွေလဲစုံလို့ပါလား
ဘာဖြစ်တာလဲ သိကြလား
အသံတစ်ခုကြားလိုက်လို့*

အဆောင်ငှားနေသူတစ်ဦးထဲမှ မီးဖိုချောင်ထဲသို့လက်ညှိုးထိုးပြလိုက်သည်

နဒီတစ်ယောက် လက်ညှိုးထိုးပြရာသို့ကြည့်လိုက်ရာ

*အမလေးးးဒါကဘယ်လိုဖြစ်နိုင်မှာလဲ*

မြင်လိုက်ရသည်ည်ကားးးမီးဖိုချောင်တစ်ခုလုံးမှာရှိတဲ့ အိုးတွေ ၊ပန်းကန်တွေ အကုန်လုံး ပွကြဲ၍ ကွဲကြေ နေ၏

အဆောင်မှူး ဒေါ် သဇင် အား ရောက်လာပြီး

×ဘယ်လိုဖြစ်ကြတာလဲ ဟယ် အသံကြားလို့လာကြည့်တာ
အိုးးကွယ် မီးဖိုချောင်ထဲကပစ္စည်းတွေအကုန်ကြဲလို့နေပါလားးး
ကဲကဲ အကုန်လုံး အန်တီနဲ့အတူဝိုင်းရှင်းပေးကြပါအုံး×

ဒေါ်သဇင် နှင့်အတူ အဆောင်သူတွေအကုန်လုံးဟာ မီးဖိုချောင်အတွင်းကို ချက်ချင်းရှင်းလင်းလိုက်ပါတော့သည်

ည၏အချိန်သို့ရောက်ချေပြီ

အူးးးးးးးးးးဝူးးးးးးးးးးအူးးးးးးးဝူးးးးးးးးးးးးး

ခွေးအူသံများပင်ဖြစ်သည်

*အားးခွေးတွေကဘာလို့များဒီလောက်တောင်အူနေရတာလဲ အိပ်ပျော်နေခါမှ *

နဒီ တစ်ယောက် အိပ်ချင်မူးတူးနဲ့ ခွေးတွေကိုပြောနေခြင်းဖြစ်၏

မျက်လုံးများကိုအတင်းဖွင့်၍ ရေသောက်ဖို့အိပ်ယာထဲမှ နဒီတစ်ယောက် ထလေ၏

*ဟယ် ဆု မအိပ်သေးဘဲ အခုထိ ဘာထိုင်လုပ်နေတာတုန်းးး*

အိပ်ယာပေါ်မှာ ထိုင်နေသော သူငယ်ချင်းဖြစ်သူ ဆု အား မေးလိုက်ခြင်းဖြစ်သည်

•အိပ်မပျော်လို့ပါဟာ ခွေးတွေကလဲ အူလိုက်တာ ဆူညံနေတာပဲ•

*ဟုတ်ပါ့ဟယ် မသိရင် သရဲတွေ့လို့များအသဲသန်ဟောင်နေကြတာလားမသိဘူး*

နဒီ က ထိုသို့ပြောလိုက်ချိန် ဆု တစ်ယောက် ကြောက်ရွံ့သွားသည့်ပုံစံဖြစ်သွားသည်

*ဘာမှမကြောက်နဲ့ ဆု တခါတလေ ဖြစ်တတ်ပါတယ် လာအိပ်ကြရအောင်လေ မနက်ကျောင်းသွားမယ်မဟုတ်လား
အယ် နေအုံးး နဒီ အပေါ့သွားအုံး
ဆုရောလိုက်အုံးမလားးး*

•မလိုက်တော့ဘူး နဒီ
ဆု အိပ်ရင်းနဲ့ပဲစောင့်နေမယ်နော်•

*အိပ်ပျော်အောင်အိပ်နော်
သွားလိုက်အုံးမယ်*

နဒီတစ်ယောက် အိမ်သာရှိရာသို့ ဓာတ်မီးလေးကို ထိုးကာ သွားလေ၏

×ရှပ်•••••••••ရှပ်••••••••••ရှပ်•••••••••••×

တစ်ယောက်ယောက်လိုက်လာသည့်အသံပင်

နဒီတစ်ယောက်အနောက်လှည့်ကြည့်သော်လည်းမည်သူမျှမရှိ၊

နဒီတစ်ယောက် အိမ်သာတံခါးကို ဖွင့်ဖို့အလုပ်

နဒီ ၏ လက်အား အေးစက်နေသော လက်ကလှမ်းကိုင်လိုက်ခြင်းကြောင့်

*အမလေးးးးးးးး*

အသံကျယ်လောင်စွာအော်မိလိုက်၏

နည်းနည်းတော့ နဒီတစ်ယောက် ထိတ်လန့်််သွားသည်

ထိုအကြောင်းအရာကို နဒီက မည်သူမျှကိုမပြောပြခဲ့ချေ၊

ည၏အချိန်ကိုကျော်လွန်၍ နံနက်ခင်းအချိန်သို့​ေရာက်လာလေပြီ

ကျေးငှက်တို့ရဲ့ ဘာသာဘာဝ သီဆိုသံလေးတွေကလဲ နံနက်ခင်းအလှတရားကို ဂုဏ်ဖော်ပေးနေသလို

ဆောင်းရာသီရဲ့ အလှတရား ဖြစ်တဲ့ မြူခိုးလေးတွေဟာ ရစ်ဆိုင်းလို့ ပတ်ဝန်းကျင်ကိုပင် အလှပုံဖော်ပေးလို့နေ၏

နံနက်ခင်းဝယ် ပထမဆုံးကြားရသောအသံက
အဆောင်မှူး ဒေါ်သဇင်ရဲ့အသံပင်

°ကဲ ကလေးတို့ရေ ဒီနေ့က အန်တီရဲ့ ၅၂နှစ်မြောက်မွေးနေ့ရက်မြတ်လေးဖြစ်တယ်
အဲ့တာကြောင့် ကျောင်းကပြန်လာရင် ဒီနေ့ ည ကလေးတို့ကို မွေးနေ့ ပါတီလေးကျင်းပပေးမလို့
ဘယ်လိုလဲသဘောတူကြလား°

ဒေါ်သဇင် ဟာ ကြည်နူးပီတိဖြစ်တဲ့ပုံနဲ့ ပျော်ရွှင်စွာကို အားရပါရပြောလေ၏

အဆောင်သူတွေကလဲ ပျော်ရွှင်လို့နေကြ၏

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာလိုက်ရာ ညချမ်းအချိန်သို့ပင်ရောက်ရှိလို့လာလေ၏

•ကဲ သမီးတို့ရေ အောက်မှာအဆင်သင့်ဖြစ်ပြီနော် စားဖို့သောက်ဖို့အတွက်ပြင်ဆင်ပြီးပြီ ဆင်းလာကြတော့ကွယ်•

ဒေါ်သဇင်ရဲ့ ခေါ်သံကြောင့် အဆောင်သူလေးတွေ အကုန်ဆင်းကြ၏

*ကဲ ကဲ ထိုင်ကြ ထိုင်ကြ
စိတ်ကြိုက်စားနော် အဝစားး*

*အဝစားမှာတော့မပူရဘူး အန်တီရေ
စိတ်ကြိုက်စားမှာ*

`ဒီ အပျိုကြီး မ နဒီ့ကိုတော့ယုံပြီးသားပါ တော်´

အဆောင်သူလေးတွေဟာ စနောက်ာက်နေရင်း စားကြသောက်ကြလေ၏

•ဆု သမီး ထည့်စားလေ အန်တီ့ကိုအားမနာာနဲ့နော် မွေးနေ့ဆိုတော့လဲ ပျော်ပျော်ပါးပါးပေါ့အေ
ကဲကဲစားကြ ထည့့်စားကြ•

ဒေါ်သဇင်ရဲ့ မွေးနေ့မှာ ဒံပေါက်ရယ် ရေခဲမို့ရယ်
ကြက်သားတွေကတော့ရှယ်ကောင်းပေါ့

အဆောင်သူလေးတွေကို အပျိုကြီးဒေါ်သဇင်ဟာ ရှေးဟောင်းနောက်ကြောင်းတွေ ပြောပြရင်း တဝါးဝါးတဟားးကိုရယ်နေကြလေ၏

•နေအုံး ရှိပါသေးတယ်
အန်တီ ကျောင်းက ပြန်တော့ အန်တီ့ကောင်လေးက စာထည့်ပေးလိုက်တာ
အိမ်ကမေမေတို့က စည်းကမ်းတအားတင်းကြပ်တာလေ ၊
အိမ်ပြန်ရောက်ပြီဆိုတာနဲ့ လွယ်အိတ်တွေ ၊အိုးးကွယ် တစ်လုံးအကုန်စစ်တာ
အဲ့တော့ အန်တီက အန်တီ့ကောင်လေးပေးတဲ့ စာကို ဖင်ကြားထဲညပ်သွားရတယ်
အခန်းထဲလဲရောက်မှ ပြန်ထုတ်ရတယ်
အဲ့သလို အန်တီတို့ခေတ်တုန်းက•

×ဟားးးးးးးးဟားးးးးးးးးးးးဟားးးးး×

အဆောင်သူလေးတွေဟာ ထရယ်ကြပါလေရော

•အဲတာကြောင့် ယောကျာ်းလေးတွေကနောက်ပိုင်းအန်တီနဲ့ဆိုဝေးဝေးရှောင်ကြတယ်လေ အိမ်မပိုင်တဲ့ကောင်းမလေးပါဆိုပြီး၊
အဲ့တာနဲ့အခုလိုအပျိုကြီးဖြစ်နေရတာပေါ့ကွယ်းးး•

စကားတပြောပြောနဲ့စားသောက်ရာ အချိန်အားဖြင့် ည၉ခွဲခန့်ပင်ရှိလို့နေလေ၏

ပန်းကန်တွေခွက်တွေ ကို ဒေါ်သဇင်နှင့်အတူ အဆောင်သူလေးတွေဟာ ဝိုင်းဝန်းကာသိမ်းပေးနေလေ၏

ထိုအချိန်

°အန်တီ ဆု နေသိပ်မကောင်းလို့ အခန်းထဲကိုအရင်ပြန်နှင့်မယ်နော်°

•အေးအေး သွားလေသွား
ဆေးလေးဘာလေးသောက်အိပ်အုံးးနော်•

*ဟုတ်ကဲ့ *

ဆု ဟာ နေသိပ်မကောင်းတာကြောင့် အခန်းထဲသို့အရင်ပြန်နှင့်လိုက်သည်

စားပွဲဝိုင်းကပန်းကန်တွေအကုန်လုံးကိုအဆောင်သူလေးတွေဟာဆေးကြောပေနေကြ၏

•သမီး နန်းသူ စားပွဲပေါ်မှာ ကြက်သားဟင်းပန်းကန်တစ်လုံးကျန်ခဲ့တယ်
အန်တီ့ကိုသွားယူပေးအုံးနော်•

“ဟုတ်ကဲ့ အန်တီ သမီး သွားယူလိုက်မယ်´´

နန်းသူ ဟာ အိမ်ရှေ့သို့ထွက်ကာ စားပွဲပေါ်က ကြက်သားဟင်းပန်းကန်လုံးကို သွားယူလေ၏

နန်းသူတစ်ယောက် အိမ်ရှေ့သို့အရောက်ာက်

အသံပင်မထွက်ရဲ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ကြောက်လန့့်ပြီးမတ်တပ်ပင်စုံရပ်နေမိလေ၏

•သမီး ဆောင်း နန်းသူ ပြန်မလာသေးပါလား သွားကြည့်ပါအုံး •

ဆောင်း ဟာ မီးဖိုချောင်ထဲမှထွက်ကာ အိမ်ရှေ့သို့ထွက်ပြန်၏

အရှေ့သို့အရောက် နန်းသူ ကျောက်ရုပ်ပမာရပ်နေသည်ကိုမြင်တော့
ဆောင်းဟာ ခေါ်ဖို့ဟန်ပြင်ဖို့လုပ်နေစဥ် မျက်လုံးဟာ စားပွဲဝိုင်းသို့ ရုတ်တရက်ကြည့်မိသောအခါ

အသံပင်မထွက်ရဲ ပါးစပ်ကိုသာ လက်ဖြင့် အုပ်ထားနေမိတော့သည်

နန်းသူနဲ့ ဆောင်းဟာ မျက်လုံးချင်းပဲကြည့်နေမိတော့သည်

မီးဖိုချောင်ထဲမှာ ပန်းကန်တွေအကုန်သာဆေးကြောလို့ပြီးသွားတယ် နန်းသူနဲ့ ဆောင်း က ကြက်သားပန်းကန်လုံးကို အခုထိမယူလာသေးတာကြောင့် ဒေါ်သဇင်နှင့်အတူ အဆောင်သူအားလုံးဟာ အရှေ့သို့ပြိုင်တူထွက်လာကြလေ၏

အရှေ့သို့အရောက် မတ်တပ်ရပ်နေသော နန်းသူနှင့် ဆောင်းကို ဒေါ်သဇင်က ခေါ်ဖို့အလုပ်

အဆောင်သူ လေးတွေ ဟာ စားပွဲဝိုင်းအလယ်မှာ ဇော်ထိုးကြီး ကြက်သားဟင်းတွေစားနေတဲ့ သရဲကြီးကို တွေ့သွားလေ၏

သ သ သရဲ သရဲးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ထိုသို့ အော်ဟစ် လိုက်သောအခါ

ဇော်ထိုးကြီးဖြစ်နေတဲ့သရဲဟာ အော်ဟစ်နေတဲ့ဘက်ကို မျက်လုံးနီနီရဲရဲဖြင့် လှည့်ကာ ပျောက်ကွယ်သွားလေတော့၏

အားလုံးလဲ​ကြောက်လန့်ကုန်ကြလေ၏

နေ့ရက်ဆက်တိုက်တိုင်းလိုလိုပင် ​အမျိုးသမီးအဆောင်ကြီးမှာ ခြောက်လန့်မှုတွေစတင်ခဲ့ပါတော့သည်

အူးးးးးဟူးးးးးးးးးးအူးးးးးဝူးးးးးးးး

°ဟဲ့ ဆောင်း နင်ကလဲ မပြီးသေးဘူးလားးအပြင်မှာခွေးတွေကလဲ ဆက်တိုက်အူနေတာ
ကျောစိမ့်လာပြီ ဟ°

•ခဏလေးပါ နန်းရယ် ဗိုက်တအားနာနေလို့ပါ ခဏလေးပါပဲနော် •

°မြန်မြန်လုပ်ဒါဆိုလဲ အပြင်မှာတစ်ယောက်ထဲ နေနေရတာ°

•အေးပါဟယ် လုပ်ပါ့မယ်•

နန်းတစ်ယောက် သူငယ်ချင်းဖြစ်သူကိုအိမ်သာရှေ့ကနေ စောင့်နေလေ၏

ပေါက် ပေါက် ••••••••••••

°အာ ဘယ်ကရေကကျရပြန်တာလဲ ဒီညနှင်းလဲသိပ်မကျပါဘူး•

နန်းဟာပြောပြောဆိုဆိုနဲ့အပေါ်ကိုမော့ကြည့်လိုက်ရာ

အိုးးးးနည်းတာကြီးမဟုတ်ဘူး သစ်ပင်ပေါ်ကနေဇောက်ထိုးကြီး ဆံပင်တွေက ရှည်လို့မျက်လုံး၂ဖက်ကလဲနီရဲလို့
နန်း တစ်ယောက် အသံတောင်မထွက်နိုင်တော့ပဲ အဆောင်ဘက်ကို ပြေးပါတော့သည်

အခန်းထဲကိုပြေးဝင်ကာ စောင်ခေါင်းမူးခြုံကာ ဇောချွေးတွေပြန်ပြီးတစ်ကိုယ်လုံးတုန်ရီနေပါတော့သည်

သူငယ်ချင်းဖြစ်သူ ဆောင်းကတော့ အိမ်သာထဲမှာကျန်ရစ်ခဲ့လေ၏

•နန်းရေ ခဏလေးပါနော် ငါဝမ်းသွားနေပြီဟ
ခဏလေးပါနော်•

×အင်းအင်း×


နင့်အသံကြီးကလဲ မတင်မကျနဲ့ ခဏလေးပါနောက်ညတွေမခေါ်တော့ပါဘူး•

သူငယ်ချင်းဖြစ်သူ နန်းက စကားပြောတာစိတ်မပါတဲ့အသံဆိုပြီး ဆောင်းတစ်ယောက်စိတ်ထဲခုသွားလေ၏

အချိန်အနည်းငယ်ကြာတော့ ဆောင်း ဟာ အိမ်သာထဲကထွက်လာဖို့ပြင်လိုက်သည်

တံခါးကအနည်းငယ်ကြပ်နေသည်မို့

•နန်းရေ ငါ့ကို တံခါးကူဆွဲပေးပါအုံး ကြပ်နေလို့•

အပြင်ဘက်ကနေ တံခါးကို ကူဆွဲပေးလိုက်သည်

ဆောင်းတစ်ယောက် အပြင်သို့အရောက်တွင်

•ဟယ် နန်း ရေ ဟော မြန်ချက်ဘယ်ရောက်သွားလဲမသိဘူးအခုပဲတံခါးကိုဖွင့်ပေးပြီး•

ဆောင်းဟာ ပြောပြောဆိုဆိုနဲ့ အိမ်တံခါးကို ပြန်ဆွဲပိတ်ဖို့ ပြင်လိုက်စဥ်

မြင်လိုက်ရသည့်မြင်ကွင်းက
အိမ်သာတံခါးမှာ ကိုယ်လုံးကပတ်လက်အနေထား ဇောက်ထိုးကြီးနဲ့ ဆောင်း ကို ကြည့်နေတာ ကို
ဆောင်းဟာ မြင်သွားခဲ့လေ၏

ငယ်သံပါအောင်အော်ဟစ်ကာ အဆောင်ထဲသို့ပြေးဝင်လာပါတော့သည်

ဆောင်းရဲ့အော်သံကြောင့် ဒေါ်သဇင်ရော အဆောင်သူတွေအကုန်လုံးပါ နိုးလာကြသည်

•သမီး ဆောင်း ဘာဖြစ်လာတာလဲ ညကြီးအချိန်မတော် ဘာဖြစ်လို့လဲ•

အဆောင်မှူးဒေါ်သဇင်က မေးလိုက်သည်

°သ သ သရဲ ဇောက်ထိုးကြီး
ဇောက်ထိုးကြီးနဲ့ ကြည့်နေတာ
ကြောက်စရာကြီးးအီးးဟီးးး•

ဆောင်းဟာပြောရင်းနဲ့ငိုနေပါတော့သည် အသားတွေလဲတဆက်ဆက်တုန်ရီနေ၏

•နဒီ ဘုရားစင်ကရေမန်းလေး အန်တီ့ကိုသွားယူပေးပါကွယ်•

`ဟုတ်ကဲ့ အန်တီ´

ရေမန်းနဲ့ ဆောင်းကို သပ်ပေးလိုက်သည်

•အိမ်သာသွားတာ တစ်ယောက်ထဲသွားရသလားဆောင်းရယ် အဖော်ခေါ်သွားလေ နန်းရော မလိုက်ပေးဘူးလား•

°နန်းလဲဘယ်ရောက်သွားလဲမသိဘူး သမီးနဲ့အတူရှိနေတာစောနက°

`နေနေ နဒီပဲ သွားကြည့်လိုက်မယ် ´

နဒီဟာ နန်း ရဲ့အခန်းကိုအမြန်လေးသွားကြည့်လိုက်သည်

စောင်ခေါင်းမူးခြုံက တဆက်ဆက်တုန်ရီနေတဲ့ နန်းကို တွေ့လိုက်ရသောအခါ

ဒေါ်သဇင်တို့ကို လှမ်းခေါ်ခဲ့သည်

အကုန်လုံးလုံး နန်းရဲ့အခန်းထဲသို့ရောက်လာကြသည်

•သမီးးနန်း
နန်း အန်တီခေါ်တာကြားလား •

တော်တော်နဲ့ပြန်မထူး၊

ဒေါ်သဇင်ဟာ ရေမန်းနဲ့ နန်းကိုပတ်ဖျန်းလိုက်သည်

အဲ့တော့မှ

×သ သ သရဲ ဇောက်ထိုးကြီး နန်းကြောက်တယ် နန်းမနေရဲတော့ဘူးဒီမှာ အီးးဟီးးး×

ဒေါ်သဇင် ဟာ ထိုကိစ္စအတွက် အလွန်ပင်စိုးရိမ်လို့နေပေ၏

ဒီလိုခြောက်လန့်နေရင် အဆောင်ကနာမည်ပျက်ဖို့ပဲရှိတော့တာကို ဒေါ်သဇင်သိနေ၏

ထို့ကြောင့် ဒေါ်သဇင် ယုံရတဲ့ ဆရာမကြီးတစ်ဦးဆီမှာ ဒေါ်သဇင်ဟာ မေးမြန်းဖို့ဆုံးဖြတ်လိုက်သည်

ဒေါ်သဇင်ဟာ သမီးလေးအရင်းလို ချစ်ရတဲ့ နဒီ့ကိုပါအဖော်ခေါ်သွားသည်

ဆရာမကြီးဖြစ်သူ ဒေါ်လွန်းဝေ အိမ်သို့ရောက်သော်

ဒေါ်သဇင်ဟာ အကျိုးကြောင်းဖြစ်စင်ကိုအကုန်ပြောပြလိုက်သည်

အာရုံခံကြည့်ပြီးသောအခါဝယ်

×နင်တို့ အဆောင်မှာ ရောက်နေတဲ့ နာနာဘာဝက အစွမ်းအရမ်းထက်နေတယ်
ဘာလို့ဆို သူ့ရဲ့အမုန်းတရားတွေက သူ့ရဲ့မကောင်းတဲ့စွမ်းအားတွေကိုပိုတိုးအောင်လုပ်နေတယ်
လွယ်လွယွနဲ့မောင်းထုတ်လို့မရဘူး ×

•ဒါဆိုဘယ်လိုများဆက်လုပ်ရမလဲဆရာမကြီး•

×ငါ့အာရုံထဲမှာ အငြိတစ်ခုကိုမြင်နေရတယ်
ဒါပေမယ့်မသဲကွဲဘူးဖြစ်နေတယ်
အဲ့ဒီအငြိကြောင့် နင်တို့အဆောင်ကို နာနာဘာဝအကောင်ကြီးကရောက်နေတာ
သူသေထားတာမကြာသေးဘူး
ဒါပေမယ့် အစွမ်းအရမ်းထက်နေတယ် သတိတော့ထားကြ ၊ နောက်ဆို အသက်ပါ ပါနိုင်တဲ့ထိ ဖြသ်လာနိုင်တယ်
ငါးခုံမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်မှာမြင်ယောင်နေတယ်ဟေ့×

•သမီးတော်တို့ကို ကူညီပါအုံးဘယ်လိုလုပ်ရမလဲဆိုတာ •

×အခုတော့မကူညီနိုင်သေးဘူး
အာရုံထဲမှာ အငြိ ကို မပေါ်ဘူး ဝါးနေတယ်
လောဆယ်ဘာ မှမလုပ်ထားတာပိုကောင်းတယ်
မတောက်တခေါက်နဲ့လုပ်တော့မှ အသက်ပါထွက်နိုင်တယ် ၊ ချည်မန်းကွင်းလေးတွေယူသွားအဆောင်ကလူကုန်ဝတ်ဆင်ထားခိုင်းလိုက် အန္တရာယ်ကင်းအောင်×

•ဟုတ်ကဲ့ ဆရာမကြီး•

ဒေါ်သဇင်နဲ့နဒီလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အဆောင်သို့ပြန်ခဲ့ကြသည်

ဆရာမကြီးပေးလိုက်သော ချည်မန်းကွင်းတွေအား အဆောင်သူအားလုံးကိုပေး ကာ ဝတ်ဆင်ခိုင်းလိုက်သည်

•ဆု ဒီမှာ ချည်မန်းကွင်း ညဘက်တွေ အပြင်ထွက်ရင် အန္တရာယ်ကင်းအောင်လို့ ဝတ်ထားနော်•

°တကယ်လား နဒီ °

•တကယ်ပေါ့ ဆု ရဲ့ ဝတ်ထားနော်•

°အေးအေး ဒါဆို ငါဝတ်ထားလိုက်မယ်နော်°

•ဒါနဲ့ ဆု
အမွှန်းကို မတွေ့ရတာအတော်ကြာနေပြီ
သူကျောင်းများထွက်သွားတာလားမသိဘူး•

°မသိပါဘူးဟာ သူ့အကြောင်းငါမကြားချင်ဘူး°

•အင်းပါ ဒါဆို ဆုလဲအိပ်တော့နော် မနက် ကျောင်းသွားရအုံးမှာဆိုတော့ လေ•

°အင်းအင်း ဒါဆို ဆုအိပိပြီနော် °

အဆောင်ဖော်သူငယ်ချင်း၂ယောက် အိပ်ဖို့ပြင်လိုက်ပြီး အဆောင်ခန်းကမီးလုံးလေးကိုပိတ်လိုက်လေ၏

ဝေါးးးးးးးဝေါးးးးးးးးးးဝေါးးးးးးးးးးးးးးးးး

ဆောင်းလေပြေညင်းနှင့်အတူတိုက်ခတ်လာသောလေကြောင့် အအေးဓာတ်လေးက အရသာပိုနေသည်

နဒီတစ်ယောက် ပြတင်းပေါက်ပွင့်နေတာကြောင့် အိပ်ယာထဲမှ ထပြီး ပြတင်းပေါက်လေးကိုပိတ်ဖို့ဟန်ပြင်နေစဥ်

အဆောင်ရဲ့ ဒန်းပေါ်တွင် ကျောပေးကာထိုင်နေသော မိန်းကလေးတစ်ယောက်ကို ဝိုးတဝါးတွေ့လိုက်လေ၏

မျက်လုံးတွေကိုသေချာစွာပွတ်ပြီးကြည့်တော့ ထိုမိန်းကလေးဟာ မရှိတော့ပေ၊

ရုတ်တရက်အနောက်ကနေလှမ်းပုတ်လိုက်သောလက်ကြောင့် နဒီတစ်ယောက် တုန်လူပ်သွားသည်

°နဒီ နင်မအိပ်သေးဘူးလား
ပြတင်းပေါက်နားမှာဘာလုပ်နေတာလဲ°

ဆု ရဲ့အသံကြောင့် နဒီတစ်ယောက် စိတ်မတုန်လူပ်တော့ပေ

•လန့်သွားတာပဲ ဆုရယ်
အိပ်နေတာ ဆု ရဲ့ ပြတင်းပေါက်ကပွင့်ပြီး လေအေးတွေတိုက်နေတော့ချမ်းလို့နိုးသွားတာ
အဲ့တာနဲ့ပြတင်းပေါက်ထပိတ်တာ•

°ကဲ ကဲ အိပ်တော့ °

•ကောင်းပါပြီ ဆု ရယ် •

သူငယ်ချင်း၂ယောက်ဟာ ဆောင်းတွင်းရဲ့အအေးဓာတ်ကြားမှာ စောင်လေးဖြင့်အနွေးဓာတ်ယူကာကွေးကွေးလေးပြန်အိပ်နေကြပါတော့သည်

ကျိ•••••••ကျိ••••••ကျိ••••••••••

ငှက်ကလေးများ၏ အော်မြည်သံပင်ဖြစ်သည်

ဝန်းကျင်တစ်ခုလုံး မြူတွေရစ်ဆိုင်းလို့ နေမင်းကြီးကနေရာယူဖို့ ကြိုးပမ်းနေတဲ့အချိန်ပင်ဖစ်သည်

•အားးးးးးးးးးဝါးးးးးးးးဘယ်ချိန်တွေတောင်ရှိပြီလဲမသိဘူး ကျောင်းသွားဖို့ပြင်ဆင်မှ•

နဒီ တစ်ယောက် မျက်လုံးများပင်အတင်းဖွင့်ကာ အိပ်ယာမှထလေတော့သည်

•ဟင် ဆု ရော
အစောကြီးကျောင်းသွားပြန်တာလား
အခုတလော ဆု ကိုကြည့်ရတာ တမျိုးပဲ
မနက်ဆိုသိပ်မတွေ့ရဘူး ညဘက်လောက်ပဲသူနဲ့တွေ့ဖြစ်တော့တယ်
အော် မိန်းကလေးတွေဘဝ ဘာမဟုတ်တာနဲ့လဲ ကွဲရပြန်ပြီအသဲ
နောက်ဆို ကလီစာတွေ၊ကျောက်ကပ်တွေပါ ကျွမ်းလိမ့်မယ်
တကယ်ပါတကယ် ငါ့လိုအပျိုကြီးလုပ်ဖို့စိတ်ကူးကြစမ်းပါ အေးဆေးပဲနော် ဟွန်းဟွန်းး•

နဒီတစ်ယောက် အိပ်ယာသိမ်းရင်း ပွစိထိုးနေလိုက်ရာ ကျောင်းသွားဖို့နောက်ကျလို့သွားသည်

အတန်းထဲသို့ရောက်သောအခါ

×သမီး နဒီ
ဆု ပြန်မလာသေးတာလား ကျောင်းပဲနှစ်ဝက်ကျိုးတော့မယ် အခုထိအတန်းချိန်လာမတတ်သေးဘူး
သူနဲ့အဆက်သွယ်ရလား×

နဒီတစ်ယောက် အံ့ဩစွာဖြင့်

•တီချယ် ဆု ကကျောင်းစဖွင့်ထဲကပြန်ရောက်နေတာလေ တီချယ် သူနေ့တိုင်းကျောင်းသွားတယ် တီချယ် သူ့မေဂျာ ချိန်လာမတတ်တာလား•

×အေးသမီး သူနဲ့တွေ့ရင် ပြောလိုက်ပါအုံး စာမေးပွဲကတဖြေးဖြေးနီးကပ်လာပြီလို့×

•ဟုတ်ကဲ့ တီချယ် •

နဒီတစ်ယောက် တွေဝေသွားခဲ့သည်

သူငယ်ချင်းဖြစ်သူ မနက်အစောကြီးတိုင်းမရှိတော့တာရယ်

အဆောင်မှာလဲ ညတိုင်းလိုလိုခြောက်လန့်မှုတွေကဖြစ်နေတာရယ်ဆိုတာကတော့

*ချစ်ခြင်းရဲ့အလွန်*

ပရတို

အပိုင်း(၂)

နဒီတစ်ယောက် အတွေးတွေဝင်ကာ လေးမိူင်စွာနဲ့ပဲ အဆောင်သို့ပြန်လာခဲ့သည်

ဒေါ်သဇင်ဟာ နဒီ့ရဲ့ပုံကိုကြည့်ပြီး

•သမီး နဒီ မျက်နှာလဲ မကောင်းပါလား
ဘာများဖြစ်လာလို့လဲ•

°အန်တီရေ ဆု အကြောင်းတွေးလာမိလို့ပါ°

•ဆု လား ဆုဘာဖြစ်လို့လဲသမီး
မနက်ကတောင် အစောကြီး သူထွက်သွားတာအန်တီတွေ့လိုက်တယ်°

°သူထွက်တာသွားတာ ကျောင်းစဖွင့်ထဲကအခုချိန်ထိ အတန်းချိန် တစ်ချိန်မှ လာမတတ်ဘူးတဲ့ တီချယ်ကပြောလိုက်တယ်°

•ဟယ် ဒီကောင်မလေးအခုထိကျောင်းမရောက်ဘူးဆိုတော့ သူဘယ်တွေများသွားနေတာပါလိမ့်
လာရင်သေချာမေးကြည့်ပါအုံးသမီးရယ်
ဒီအဆောင်မှာက ကိုယ့်သားသမီးတွေလိုအန်တီကသဘောထားထားဆိုတာတော့ စိတ်ပူရတယ်သမီးရယ်•

°ဟုတ်ကဲ့ပါ အန်တီ သမီး ဆုလာရင်မေးလိုက်ပါအုံးမယ်၊ သမီးအခန်းထဲသွားတော့မယ်နော်°

•အေးအေး သမီးသွား အနားယူတော့•

နဒီဟာ လေးလေးမိူင်မိူင်နဲ့ပဲ အခန်းထဲသို့ဝင်သွားလေသည်

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာလိုက်ရာ ည၏အချိန်သို့ပင်ရောက်ရှိလာသည်

သို့သော်လည်း ထိုည တွင် ဆု ပြန်မရောက်ခဲ့ချေ

နဒီတစ်ယောက် စိတ်ပူလွန်သွားသည်

ဒေါက် ဒေါက် ဒေါက်••••

အခန်းတံခါးကို တစ်စုံတစ်ယောက်လာခေါက်သောအသံပင်၊

နဒီတစ်ယောက် အခန်းတံခါးကို ဖွင့်လိုက်တော့

•သမီးနဒီ ဆု ကိုမတွေ့မိပါလား အဆောင်တံခါးလဲပိတ်တော့မယ် သူ့ကိုအခုထိမတွေ့မိသေးဘူး•

°ဟုတ်တယ် အန်တီ
ဆု အခုထိပြန်မလာသေးဘူး ဘာတွေရောက်နေလဲမသိဘူး စိတ်ပူမိတယ် အန်တီရယ်°

•အေးကွယ် အန်တီလဲ စိတ်ပူနေတယ်
အစစအရာရာဘေးကင်းဖို့ပဲ မျှော်လင့်ရတော့မှာပဲ
ကဲကဲ သမီးလဲ အိပ်တော့နော် အန်တီတံခါးပိတ်ခဲ့မယ်•

°ဟုတ်ကဲ့ပါ အန်တီ°

နဒီ တစ်ယောက် ညည့်နက်နေပြီဖြစ်တာကြောင့်
စိတ်လေးလံစွာပဲ အနားယူပြီးမှေးစက်လိုက်သည်

ဝေါးးးးးးးးးးဝေါးးးးးးးးဝေါးးးးးးးး

အေးစိမ့်သောလေအေးတွေက နဒီ့၏ ပါးပြင်ထက်တွင် နေရာအပြည့်ယူနေသောကြောင့် နဒီတစ်ယောက် နိုးသွားသည်

•အားးပြတင်းပေါက်ကလဲ ပွင့်နေပြန်ပြီ•

ပြတင်းပေါက်ပွင့်နေတာကြောင့် နဒီတစ်ယောက် ပြတင်းပေါက်ကိုပိတ်ဖို့ပြတင်းပေါက်နားကိုသွားခဲ့သည်

•ဟင် ဟိုနေ့ညက တွေ့ခဲ့တဲ့ မိန်းကလေးပဲ
သူဘယ်သူပါလိမ့်•

ဒန်းပေါ်တွင် ကျောပေးကာထိုင်နေသော မိန်းကလေးကို နောက်ထပ်တစ်ဖန်တွေ့မြင်လိုက်ခြင်းပင်၊

ကျောပေးထားရာမှ တဖြေးဖြေး ပြတင်းပေါက်ဘက်သို့ မျက်နှာဟာလှည့်လာနေသည်

နဒီတစ်ယောက် စိုက်၍ပင်ကြည့်နေတော့သည်

မြင်လိုက်ရသည်ကား မျက်နှာပြောင်ချောကြီးပင်

နဒီတစ်ယောက် အနည်းငယ် ထိတ်လန့်သွားသည်

သို့သော် နဒီက ကြောက်လန့်ခြင်းသိပ်မရှိပေ

ပြတင်းပေါက်ကိုပိတ်ကာ ရေသောက်ဖို့အတွက် ရေသန့်ဘူးလေးကိုလှမ်းယူလိုက်သည်

ရေသန့်ဘူးလှမ်းယူ လိုက်ချိန်

အလွန်ပင်အေးစက်နေသော လက်မဲကြီးတစ်စုံက နဒီ၏ လက်ကိုလှမ်းကိုင်လိုက်သည်

ရုတ်တရက်ဆိုတော့ နဒီတစ်ယောက် အလွန်ပင်ထိတ်လန့်သွားသည်

•ဟူးးးးးစိတ်လျော့နဒီ စိတ်လျော့ နင်စိတ်ထင်နေတာ
နင်ဘာမှမဖြစ်ဘူး •

နဒီတစ်ယောက် ကိုယ့်ကိုယ်ကို စိတ်လျော့ဖို့တွန်းအားပေးကာ စောင်ခေါင်းမူးခြုံ၍ပြန်အိပ်လို့နေလေတော့သည်

နောက်တစ်နေ့သို့ရောက်သော်

•အန်တီ ဘယ်သွားမလို့လဲ •

°အန်တီအပြင်ခဏသွားမလို့ ချက်စရာပြုတ်စရာလေးတွေသွားဝယ်ရအုံးမယ်လေ°

•ဒါနဲ့ ဒီရက်ပိုင်းတောင် အဆောင်မှာ ဘာခြောက်လန့်မှုမှမရှိတော့ဘူးနော်•

°ဟုတ်တယ် သမီးရေ ထူးဆန်းတယ်
ဆရာမကြီးပေးတဲ့ အဆောင်ကြိုးလေးတွေကြောင့်များလားမသိပါဘူးကွယ်°

•ဟုတ်လောက်မယ် အန်တီ
ဟုတ်ဟုတ် အန်တီလဲသွားတော့လေ
သမီးလဲကျောင်းသွားတော့မယ်•

°အေးအေးသမီး ဂရုစိုက်သွားအုံးနော်°

နဒီတစ်ယောက်လဲ ဆု ရဲ့အကြောင်းပဲအချိန်နှင့်အမျှတွေးလာခဲ့ရာ ညရောက်တာတောင်စာပင်မကျက်နိုင်သေး

ထိုနေ့ည နဒီတစ်ယောက်အိပ်မပျော်

ဆောင်းလေပြေညင်းနှင့်အတူ ပြတင်းပေါက်နားမှာ လက်ကလေးကိုပိုက်လို့ ဒန်းပေါ်ကိုငေးကြည့်နေလေ၏

ဒေါက်•••••ဒေါက်•••••••ဒေါက်•••

ညကြီးအချိန်မတော် တံခါးလာခေါက်သံကြောင့်
နဒီတစ်ယောက်အနည်းငယ်တော့ထိတ်လန့်သွား၏

သို့သော်လည်းနဒီဟာ တံခါးကိုအသာလေးသွားဖွင့်လိုက်သည်

•ဟင် ဆု
ဆု ရယ် စိတ်တွေပူလိုက်ရတာ
အချိန်လဲမနည်းတော့ပါလား
လာလာ အထဲကိုအမြန်ဝင်•

နဒီတစ်ယောက် ဆု ရဲ့လက်ကိုဆွဲကာ ဆုကိုထိုင်ခုံပေါ်သို့ထိုင်ခိုင်းလိုက်သည်

•ဆု
ဆု ဘယ်တွေများသွားနေတာလဲ
နဒီ စိတ်ပူနေတာအခုထိပဲ အိပ်လို့တောင်မပျော်ဘူးဆုရယ်
ညီမတွေလိုနေလာတာဆိုတော့ စိတ်တအားပူမိတယ်ဆုရယ်•

ဆုတစ်ယောက်ဘာတစ်ခွန်းမျှပင်ပြန်မပြော
မျက်နှာလေးကညိုးနွမ်းလို့နေလေ၏

•ဆု
တစ်ခုခုရှိရင် နဒီ့ကိုအားလုံးရင်ဖွင့်နိုင်တယ်
နဒီနဲ့ဆုနဲ့ကြားမှာ ပုန်းကွယ်ထားစရာဘာစကားမှမရှိသလောက်ပါပဲဆုရယ်•

×အဟင့်ဟင့်းးးးးးအဟင့်×

ဆု ရဲ့မျက်ဝန်းထက်မှ မျက်ရည်တွေဟာ စမ်းချောင်းထဲမှာစီးဆင်းနေသလို ရေပမာ စီးကျလို့နေလေ၏

•ဆု ရယ်
အဲ့လောက်တောင် ရင်ထဲမှာ ပြည့်ကြပ်နေတာလား
နဒီ့ကိုအခုပြောပြနော် မငိုနဲ့တိတ်တိတ်•

ဆု ဟာ တရိူက်ရိူက်နဲ့ငိုကြွေးနေလေ၏

•ဆု နဲ့ ဆုကောင်လေး အတော်ပြသနာတတ်ထားတာလား
ဘာလဲ သူသစ္စာဖောက်သွားတာမလား
နဒီ သူ့ကို ပါးသွားရိုက်ပေးရမလားပြော•

*မဟုတ်ဘူး နဒီ မဟုတ်ဘူးးးးးးအီးးဟီးးးး*

•ဆု ရယ် ငိုတာတော့ငိုတာပေါ့
ဒါပေမယ့် ရင်ထဲမှာ ပြည့်ကြပ်နေလောက်တဲ့ထိဘာလို့များ တင်းထားရတာလဲ•

နဒီဟာ ဆုရဲ့ဆံပင်လေးတွေးကို သပ်ပေးကာ နှစ်သိမ့်လို့ပေးနေ၏

•ဒါနဲ့ ဆု ကျောင်းလဲမတတ်ဘူးဆို မေဂျာဆရာမက နဒီ့ကိုပြောလိုက်တယ်•

*ဟုတ်တယ် နဒီ ငါကျောင်းမတတ်တော့ဘူး*

•ဘယ်လို ဆု
ဆု ကျောင်းမတတ်ရင် ဆုရဲ့ မိဘတွေ မျှော်မှန်းထားတာတွေ သူတို့မျှော်လင့်ထားတဲ့ ဘွဲ့ယူချိန်လေးကို ဆု ကဘယ်လိုများတွေးရက်လိုက်တာလဲကွယ်
ဆု သိပ်မိုက်မဲတာပဲ•

*ဟုတ်တယ် ဆု က သားသမီးကောင်းမဟုတ်ဘူး
ဆု က သမီးမိုက်
အရာအားလုံးက ဆုကြောင့်ဖြစ်ရတာ
ဆု ကြောင့် ဆုကြောင့် အားးးးးးအီးးဟီးးး*

ဆု ဟာ ဘာတွေဖြစ်နေတယ်ဆိုတာကိုလဲ ပြောမပြ

ငိုယိုနေရုံပဲရှိတော့တယ်


ဆု စိတ်ကိုအေးအေးထား
အခု ဆုကို နဒီ ဘာလုပ်ပေးရမလဲပြော
ဘာကူညီပေးရမလဲ နဒီအကုန်လုပ်ပေးမယ်•

ဆု ဟာ နဒီကို မော့ကြည့်လိုက်သည်

ညိှးငယ်နေသောမျက်နှာဖြင့်

*တကယ်လား နဒီ*

•တကယ်ပေါ့ ဆု ရဲ့
ပြော ဘာလုပ်ပေးရမလဲ•

*ဆု ရဲ့•••••••••••အားးးးးးးးအားးးးကြောက်ပါပြီ
မလုပ်ပါနဲ့ ကြောက်ပါပြီ••••••••*

•ဆု သတိထားအုံး ဆုရယ်
ဆု ဆု •••••••

ဆု ဟာ အခန်းပြင်သို့ကြောက်လန့်စွာဖြင့် ပြေးထွက်သွားလေတော့သည်

အချိန်အားဖြင့်လဲ အတော်ပင် ညည့်နက်နေလေပြီ

နဒီလဲ အခန်းပြင်သို့လိုက်ကြည့်တော့လဲ မည်သူမျှပင်မရှိတော့ပေ၊

•ဆု ဆုရေ ဆု•••

တိတ်ဆိတ်လွန်းသည့်အချိန်တွင် နဒီရဲ့ အသံက ကျယ်လောင်စွာပင်ည၏အချိန်တွင် ထိုးထွက်နေလေတော့သည်

ဒေါ်သဇင်ဟာ နဒီရဲ့အသံကို ကြားသွားသည်မို့အခန်းထဲကနေထွက်လို့လာနေသည်

°သမီး နဒီ ညကြီးအချိန်မတော်ကွယ်
ဘာတွေဖြစ်နေတာလဲ အသံကြားလို့အန်တီလဲထွက်လာတာ°

•ဆု ဆု ပြန်လာတယ်အန်တီ
အခုသူပြန်ထွက်သွားတယ် ရှာလို့လဲမတွေ့တော့ဘူး•

နဒီဟာ ဒေါ်သဇင်ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်

°အေးကွယ် ဒီကောင်မလေးမှာ တစ်ခုခုကိုဖုံးကွယ် ထားတာရှိနေတယ်
အဲ့တာကိုသိမှ အန်တီတို့လဲ ဘာဆက်လုပ်ပေးရမလဲဆိုတာ သိမှာ သမီးရယ်°

•ဟုတ်တယ် အန်တီ သူအတော်လေး ခံစားမှုတွေက ရင်ထဲမှာ အတော်ပြည့်ကြပ်နေပုံရတယ် •

ကွှီးးးးးကွှီးးးးးကွှီးးးးးးးးးး

ဒန်းလူပ်ရှားနေသောအသံပင်

ဒေါ်သဇင်နဲ့ နဒီဟာ အသံကြားရာသို့ကြည့်လိုက်သောအခါ

ဒန်း ပေါ်တွင်မည်သူမျှပင်မရှိ
သို့သော် ဒန်းက အလိုလို တစ်ယောက်ယောက်စီးနေသကဲ့သို့ပင် ရွေ့လျားလို့နေလေ၏

ဒေါ်သဇင်နဲ့ နဒီလဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိတော့သည်

°အခု ဖြစ်နေတဲ့အရာတွေက သွေးရိုးသားရိုးတော့ဖြစ်နိုင်လောက်ဘူးနော် သမီး°

•ဟုတ်မယ် အန်တီ
နဒီလဲ တွေးမိတယ်
ညတိုင်း အဲ့ဒီဒန်းမှာ မိန်းကလေးတစ်ယောက် အမြဲ ထိုင်နေတာကိုတွေ့ရတယ်
ဒီနေ့ကတော့ ဘာမှမတွေ့ရပဲ အခုလို တွေ့ရတာပဲအန်တီ•

°အန်တီ တို့ ဘာဆက်လုပ်ရင်ကောင်းမလဲ သမီး°

•အန်တီ ရဲ့ ဆရာမကြီးဆီ မနက်ဖြန် တစ်ခေါက်ထပ်သွားကြည့်ကြမလား•

°သွားကြည့်ကြတာပေါ့ သမီး
တစ်ခုခုတော့သိရရင်လဲ မဆိုးပါဘူး°

နောက်နေ့သို့ရောက်သော်

×လာကြ လာကြ ဒီမှာထိုင်×

°ဟုတ်ကဲ့ ဆရာမကြီး°

ဒေါ်သဇင်နဲ့ နဒီ ဟာ ဆရာမကြီးဒေါ်လွန်းဝေ ထိုင်ခိုင်းတဲ့နေရာမှာ ထိုင်နေခဲ့ကြ၏

×အဆောင်ရဲ့အခြေနေက ငြိမ်သက်နေပါတယ်
အခုဘာကိစ္စများလဲ ဆရာမကြီးကိုပြောပါအုံး×

°အဆောင်မှာတော့ အရင်လို မခြောက်လှန့်တော့ပါဘူး
ဒါပေမယ့် တစ်ခုခုက သွေးရိုးသားရိုးမဟုတ်တာကိုခံစားမိလို့ပါဆရာမကြီး
ညညဆို အဆောင်အောက်ကဒန်းပေါ်မှာ ကောင်မလေးတစ်ယောက် အမြဲထိုင်ထိုင်နေတယ်
မနေ့ညကတော့ ဒန်းပေါ်မှာဘယ်သူမှမရှိဘဲ ဒန်းကအတော်လေးလူပ်ရှားနေတယ်°

×ဒါဆို ငါ အာရုံခံကြည့်ပေးမယ် ခဏလေး×

ဆရာမကြီးဒေါ်လွန်းဝေဟာ ဘုရားစင်ရှေ့တွင် ထိုင်ကာ အာရုံခံကြည့်နေလေတော့သည်

` ငါ့ကို သွားခွင့်ပေးပါ
ငါတောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေးပါ´

“လွယ်လွယ်နဲ့များ နင့်ကို လွှတ်ပေးမယ်ထင်နေလား
နင့်လိုလူမျိုးကို ငါမယုံဘူး နင်ငါ့ရဲ့ အကျဥ်းသားအဖြစ် ဘဝဆက်တိုင်းနေရမယ်
အဲ့တာနငသြိထားးးးးးးးးးး
သွားနင်ကြိုက်တဲ့နေရာကိုသွားးးးလွတ်မြောက်ဖို့အတွက်မကြိုးစားနဲ့ နင်ဒီထက်မကနာကျင်ရမယ်
နင့်ဝိဉာဥ်အေးချမ်းမယ်မထင်နဲ့ ဟားးးးးဟားးးးး´´

*အငြိ
မင်း နဲ့ပတ်သတ်နေတယ်ကောင်မလေးးး*

•ရှင်••••••••••••••

နဒီတစ်ယောက် အံ့ဩသွားသည်

•သမီးဟုတ်လား ဆရာမကြီး•

×ဒီ နာနာဘာဝက အစွမ်းတအားကြီးနေတယ်
ဒါပေမယ့် ခံစားမိသလောက် မင်းနဲ့ပတ်သတ်နေတယ်
ချုပ်နှောင်ခံထားရတဲ့ ဝိဉာဥ်ကို မြင်ခွင့်မပေးဘူး
သူ့ကိုဝိုးတဝါးပဲ မြင်နေရတယ်
သူ့လက်ဖဝါးမှာ မင်းနာမည်ရေးပြထားတယ်×

•ဒါ ဒါ ဒါဆို ဆု များလားး
အားးမဖြစ်နိုင်ပါဘူးးးဆု မဟုတ်လောက်ဘူး•

နဒီဟာ ပြောရင်း မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေကစီးကျလို့နေလေတော့သည်

°ကျေးဇူးတင်ပါတယ် ဆရာမကြီး
ဘာပဲဖြစ်ဖြစ် သဲလွန်စလေးရတော့ ဝမ်းသာလှပါပြီ
ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံးးး

ဒေါ်သဇင် နဒီ့ကိုခေါ်ကာ အဆောင်သို့ပြန်ခဲ့လေ၏

အဆောင်သို့ရောက်သောအခါ

နဒီနဲ့ဒေါ်သဇင်ဟာ အဆောင်ရဲ့ဧည့်ခန်းတွင် ထိုင်ကာ

°အခု ဖြစ်ရပ်က ဆု နဲ့များ ပတ်သတ်နေများလားသမီးနဒီ°

•သမီးဖြင့်မယုံနိုင်သေးဘူး အန်တီ
မနေ့ကမှဆု နဲ့တွေ့ထားတာ •

°စိတ်ကိုအေးအေးထားပြီး အဖြေကိုရှာကြည့်ရင် အကောင်းဆုံးပဲ သမီးနဒီ°

•သမီး အနားယူဖို့လိုမယ်ထင်တယ် အန်တီ အခုထိတော့သမီးလက်ခံလို့မရသေးဘူး •

°ကောင်းပါပြိ သမီး အနားယူလိုက်ပါ
ဘာမှလဲလျှောက်တွေးမနေနဲ့အုံးနော်
ကဲသွားသွား°

လေးလံသောခြေလှမ်းများနဲ့ အိပ်ခန်းဆီသို့သွားလေ၏

အဆောင်ပြန်ရောက်ထဲက မှေးခနဲအိပ်ပျော်ရာကနေနိုးလာတော့ အချိန်အားဖြင့် ည၁နာရီ ခန့်ပင်ရှိလို့နေသည်

နဒီ တစ်ယောက် မျက်လုံးများကိုအသာပွတ်ကာ ရေသန့်ဘူးလေးကိုယူကာရေသောက်လိုက်၏

ရေသောက်ပြီးတဲ့နောက် နဒီဟာ ပြတင်းပေါက်အနားသို့သွားကာ ပြတင်းပေါက်တံခါးလေးကိုအသာဖွင့်လိုက်သည်

ထင်တဲ့အတိုင်းပါပဲ ဒန်းပေါ်တွင်ကျောပေးကာထိုင်နေသော မိန်းကလေးကို နဒီ မြင်တွေ့ရပြန်သည်

ဒီတစ်ခါတော့နဒီဟာ ပြတင်းပေါက်ကနေမကြည့်တော့ပဲ တိတ်တဆိတ် အဆောင်အောက်သို့ဆင်းသွားခဲ့သည်

ဒန်းအနားကိုရောက်တော့ ကျောပေးတဲ့မိန်းကလေးကို နဒီခေါ်ဖို့ကြိုးစားခဲ့သည်

ခေါ်ဖို့ဟန်ပြင်နေစဥ်မှာပင် ကျောပေး၍နေသောမိန်းကလေးဟာ နဒီ၏ဘက်သို့တဖြေးဖြေးလှည့်လာလေ၏

ထိုမိန်းကလေးဟာ တခြားသူမဟုတ် ဆု ပင်ဖြစ်သည်

မျက်ဝန်းအိမ်တွင် သွေးများစီးကျနေသည် တစ်ခုခုကိုပြောချင်နေသည့်ဟန်ပင်

သို့သော် ဆု ဟာ ​ပြောဖို့ဟန်ပြင်နေပေမယ့် ပြောလို့မရတဲ့အနေထားပုံစံပင်၊

ထို့နောက် ဆု ဟာ ဒန်းပေါ်ကနေ ပျောက်ကွယ်သွားလေ၏

ထိုအခြေနေကို နဒီ လက်ခံရမလား ၊လက်မခံသင့်လား ဝေခွဲမရ ၊အံကိုကြိတ်ကာ ရှုံးမွဲချငိုကြွေးနေပါတော့သည်

•မဖြစ်နိုင်ဘူး
ဆု မသေဘူး မလားဆု
မဖှစနြိုငဘြူးးးးအီးးးဟီးးးးးးးးးးးးးဆုရေ အီးးဟီးးးးးးဟငြးးးးးးး•

ထိုသို့ နဒီတစ်ယောက် ဒန်းလေးကိုကိုင်ကာငိုနေစဥ်
အနောက်ကနေ နဒီ့့ရဲ့ပုခုံးလေးကို တစ်စုံတစ်ယောက်ကဖြေးညင်းစွာကိုင်လိုက်သည်

ထိုသူကတခြားသူမဟုတ် အဆောင်မှူးဒေါ်သဇင်ပင်ဖြစ်သည်

°သမီး နဒီ
သမီးလက်ခံသင့့်ပြီကွယ်
အကောင်းဆုံးကတော့ အန်တီတို့မနက်ဖြန်ကစပြီး ဆုရဲ့သတင်းမှန်သမျှကို လိုက်လံစုံစမ်းကြဖို့လိုတယ် ဒါမှ သမီးသူငယ်ချင်း ဆု ကို သမီးကူညီပေးနိုင်မှာလေ သမီးရဲ့°

ဒေါ်သဇင်ဟာ နဒီ့ကိုအဆောင်ထဲသို့ပြန်ခေါ်သွားလေ၏

*ချစ်ခြင်းရဲ့အလွန်*

ပရတို

ဇာတ်သိမ်းပိုင်း

နောက်နေ့ မနက်သို့ရောက်သော်

နဒီဟာ ဆု ရဲ့သူငယ်ချင်းတွေဆီ ဆုအကြောင်းတွေလိုက်လံ၍စုံစမ်းပါတော့သည်

သတင်းတော့ထွေထွေ ထူးထူး မသိရသေး

သို့သော် ဆု သူငယ်ချင်းတွေ ပြောပုံအရ ဆို ဆု နဲ့ အရမ်းပဲခင်မင်မှုရှိတဲ့ သင်းဆွေ ဆိုတဲ့ မိန်းကလေးဆီမှာတော့ သဲလွန်စ တစ်ခုတော့ရနိုင်ချေရှိလိမ့်မယ်ဆိုပြီး နဒီဟာ ထိုမိန်းကလေးနေတဲ့ နေရာသို့လိုက်သွားလေ၏

ဒေါက် ဒေါက် ဒေါက်•••••••

သင်းဆွေ ဆိုတဲ့ မိန်းကလေးအိမ်ရဲ့ တံခါးကို နဒီဟာခေါက်နေခြင်းဖြစ်သည်

ခဏအကြာတွင် သင်းဆွေ ဟာ တံခါးလာဖွင့်လေ၏

×ဘာကိစ္စများရှိလို့လဲ ရှင့်×

•ဟုတ်ကဲ့ ကျွန်မ နာမည် နဒီ ပါ
တနည်းအားဖြင့် ဆု ရဲ့ သူငယ်ချင်း ပါ•

သင်းဆွေ တစ်ယောက် ထိတ်လန့်သွားပုံဖြစ်သွားသည်

×အော် ဟုတ် ဟုတ် ကဲ့ လာပါ အိမ်ထဲဝင်လေ×

နဒီလဲ အိမ်ပေါ်သို့တတ်သွားခဲ့သည်

•လာရင်းကတော့ ဆု အကြောင်းလေးမေးချင်လို့ပါ•

×ဆု နဲ့ ကျွန်မနဲ့က ဘာမှမပတ်သတ်ဘူးနော် ဘာမှလဲ မလုပ်ထားဘူး×

နဒီတစ်ယောက် သင်းဆွေ စကားပြောပုံက မူသိပ်မမှန်တာကို သတိမိထားလိုက်သည်

•ဒီက ညီမနဲ့ ဆု က သိပ်ခင်ကြတဲ့ သူငယ်ချင်းတွေဆိုတာ အစ်မ သိထားပါတယ်
အခုကလဲ ဆု ပျောက်နေတဲ့ ကိစ္စမို့လို့ ညီမလေးများ တစ်စုံတစ်ခုကိုသိထားမလားလို့ လာမေးရုံပါ•

×ကျွန်မ ဘာမှမသိဘူး
ဆု နဲ့လဲ မတွေ့တာကြာပြီ
ဒါပဲမလား ကျွန်မ အပြင်သွားစရာရှိတယ် အချိန်မရဘူး×

•ဟုတ်ကဲ့ ကျွန်မကို ခွင့်ပြုပါအုံး•

နဒီဟာ သင်းဆွေရဲ့အိမ်ထဲကနေ ပြန်ထွက်လာခဲ့သည်

သင်းဆွေရဲ့ ပုံက တစ်ခုခုကိုများသိနေတဲ့ပုံစံမျိုးဟာ နဒီတစ်ယောက် ယူဆ လိုက်၏

ထို့ကြောင့် နဒီဟာ သင်းဆွေရဲ့လူပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပါတော့သည်

မနက်ပိုင်းတွေ ကတော့ ဘာထူးခြားမှုမှမရှိတာကို နဒီ သဘောပေါက်လိုက်သည်

ထို့ကြောင့် ညပိုင်းတွေမှာများ ထူးခြားမှုရှိမလားဆိုပြီ နဒီတစ်ယောက် ညဘက်တွေပါ သင်းဆွေကို စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်

နဒီနှင့်အတူ အဆောင်က မိန်းကလေး နန်း နဲ့ ဆောင်း ပါအတူတူရှိလေ၏

ထိုနေ့က လပြည့်ည လဲဖြစ်သည်

တပိုတွဲလ ဆိုတော့ကား ညဘက်တော့အအေးဓာတ်လေးတွေက နေရာ ယူ ၊

မြူလေးတွေ ရစ်ဆိုင်းလို့ လမင်းကြီးရဲ့ အလင်းရောင်ဟာ မြေပြင်ဝယ်ဖြာကျလို့နေလေသည်

ည၏အချိန်ဆိုတော့ကား ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့နေလေရဲ့

ထွက်လာပါပြီ သင်းဆွေတစ်ယောက် ၊

လက်ထဲဝယ် အထုတ်လေးတစ်ထုတ်ကို ကိုင်ဆောင်ကာ လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီးလေးအသုံးပြုလို့၊

သင်းဆွေ ရဲ့ အနောက်က နေ နဒီတို့အဆောင်သူ၃ယောက်ဟာ ခပ်ခွာခွာကနေ မသိမသာလိုက်လာခဲ့ရာ

ယိုယွင်းပျက်စီးနေသော အဆောက်အအုံတစ်လုံးနားအရောက်တွင် သင်းဆွေဟာ ဘေးဘီကိုတစ်ချက်ဝှေ့ကြည့်ပြီးနောက် မှောင်မဲနေသော
အဆောက်အဦးထဲသို့ဝင်သွားလေ၏

နဒီတို့တွေလဲ အနောက်ကနေတိတ်တိတ်ကလေးလိုက်ဝင်သွားလေ၏

သင်းဆွေဟာ ယိုယွင်းပျက်စီးနေသော အဆောက်အအုံထဲမှ အခန်းငယ်လေးတစ်ခုဆီသို့ဦးတည်၍ဝင်သွားခဲ့သည်

တံခါးကိုတော့ ပြန်၍မပိတ်ဘဲ ဟရုံလေး ဟထားခဲ့၏

အခန်းထဲတွင် ဝူးးးဝါးးးးဝူးးဝါးးးဆိုတဲ့အသံတွေက အပြင်သို့အနည်းငယ် ဟိန်းထွက်လာ၏

နဒီတို့တွေလဲ ကြားနေရ၏

ထိုအချိန် သင်းဆွေရဲ့အသံဟာ ထွက်ပေါ်လာသည်

°မင်းဆွေ မင်းစိတ်ကိုမင်းထိန်းစမ်းပါ
မင်းစိတ်ကိုမင်းအေးဆေးငြိမ်းအောင်ထားပါဟယ်
ငါ့မောင်အခုလိုဖြစ်နေရတာ ငါကမကြည့်ရက်ဘူးဟဲ့ မင်းဆွေရဲ့°

`သွားမလာနဲ့ မလာကြနဲ့ သစ္စာမရှိကြဘူး
မိန်းမတွေသစ္စာမရှိကြဘူးးးမလာကြနဲ့ ထွက်သွား ထွက်သွားးး
မိန်းမတွေကိုအရှင်မထားဘူး
ဟုတ်တယ် အရှင်မထားဘူးးးးးဟားးးးဟားးးးးးးးးး
´

°မင်းဆွေ မောင်လေး စိတ်ကိုအေးဆေးထားပါဟယ်
ငါနင့်ကိုဘယ်လိုကယ်ရမလဲ
ငါ့မောင် တစ်ခုခုဖြစ်မှာ အမ မလိုလားဘူးမောင်လေးရယ်
ဖေဖေနဲ့ မေမေရယ် သမီးတို့မောင်နှမအဖြစ်ကိုလာကြည့်လှည့်ပါအုံးးးးအီးးဟင်းးးးးးးးးးး°

သင်းဆွေ တစ်ယောက် သူမရဲ့မောင်လေးရဲ့ အရူးတစ်ပိုင်းဖြစ်နေတဲ့ပုံကိုကြည့်ပြီး အလွန်ပင်ဝမ်းနည်းနေရှာသည်

မိဘတွေမရှိတော့တာကြောင့် မောင်နှမ၂ယောက်ထဲ ကြိုးစားကာဘဝကိုရပ်နေရရှာသူများဖြစ်သည်

`ဆု ဆုရေ အချစ်ရယ်
မင်းကို မောင် ကသိပ်ချစ်တာ ဆု ရဲ့
အဲ့တာမင်းသိလား ဆု
ဟားးးးဟားးးးးးးသေကြစမ်း သစ္စာမရှိတဲ့မိန်းမ
အားးးးဟားးးးးးးးးးးးဟားးးးးးးးးအီးးဟငွးးးးးးးဆု ကှာ မငွးသိပရွကစွကတွယွ
မငွးးးကှားးးးးးး´

°မောင်လေးရယ် ဖြစ်မှဖြစ်ရလေ ကွယ်°

သင်းဆွေတစ်ယောက် စိတ်မသက်မသာ သက်ပြင်းချလို့နေလေတော့သည်

`မမ မောင်လေး ဆုကိုတွေ့ချင်တယ်
ဆု ကို အရမ်းတွေ့ချင်တယ် မမ´

မင်းဆွေ တစ်ယောက် မူမမှန် ၊ ညိုးငယ်နေသောမျက်နှာဖြင့် သူ၏အမဖြစ်သူ သင်းဆွေကိုပူဆာနေ၏

`အေးပါကွယ် မမ မင်းကို ဆု ရှိတဲ့နေရာဆီခေါ်သွားပေးမယ်နော်
ပြီးရင်တော့ ထမင်းလေးနဲ့ ဆေးလေးသောက်ရမယ်နော် ကြာလား ´

°ဟုတ်မမ ခေါ်သွားပေးပါနော်°

အပြင်ထွက်လာမှာသိတာကြောင့် နဒီတို့သည် တနေရာမှာဝင်ပုန်းနေကြသည်

သင်းဆွေတို့ မောင်နှမ ၂ယောက်သည် ခန်းချင်းကပ်နေသည့် နောက်ထပ်တစ်ခန်းထဲသို့ဝင်သွားလေ၏

တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် အပုတ်အနံ့တွေက နေရာအနှံကို လွှင့်ပျယ်လာပါတော့သည်

နဒီတို့၃ယောက်လဲ အတော်ပင်အနံ့ကိုမခံနိုင်ကြ
သို့ပေမယ့်လဲ အကြောင်းရင်းကိုသိရဖို့ကအဓိကဖြစ်တာကြောင့် သင်းဆွေတို့ဝင်သွားတဲ့ အခန်းနားသို့ တိတ်တိတ်လေးသွားတာ ချောင်းကြည့်နေကြရသည်

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နဒီတို့အကုန်လုံး ဆွံ့အ သွားကြသည်

ကုတင်ပေါ်မှာ ဆု ရဲ့အလောင်းပင် သွေးတွေလဲပေပွလို့
ရုပ်ပျက်ဆင်းပျက်အနေအထားပင်ရှိလို့နေသည်

နဒီတစ်ယောက် သူမ၏ချစ်ခင်ရဆုံးသူငယ်ချင်းကိုအခုလိုတွေ့ရတော့ မျက်ရည်တွေကိုထိန်းမနိုင် ၊
အသံမထွက်အောင်လဲ နေနေရသေး၏

`ဆု အချစ်ကလေးရေ
မောင့်ကို ထကြည့်ပါအုံး
မင်း မောင့်အနားကနေ ဘယ်မှမသွားရဘူးနော် နော်လို့
မောင်ကလေ မင်းကို သိပ်ချစ်တာကွ
ဒါပေမယ့် မင်းက မင်းက သစ္စာမရှိတဲ့မိန်းမ၊သေစမ်းကွားးးးးးအားးးးးးးးသေစမ်းကွားးး´

မင်းဆွေ တစ်ယောက် အရူးတစ်ပိုင်းလုံးလုံးပင်ဖြစ်လို့နေလေ၏

ဘေးက အမ ဖြစ်သူ သင်းဆွေကတော့ သူမ၏မောင်လေးကိုမျက်လုံးအဝိုင်းသားနဲ့စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေလေတော့သည်

ခဏအကြာတွင် သင်းဆွေဟာ သူမ၏မောင်လေးအားအခန်းထဲသို့ပြန်ခေါ်ကာ ထုတ်ထဲမှ ဆေးထိုးအပ်ဖြင့် မောင်ဖြစ်သူကို ထိုးလိုက်သည်

မင်းဆွေလဲတဖြေးဖြေးနဲ့ ငြိမ်ကျသွားပြီးအိပ်ပျော်သွားလေတော့သည်

ထိုအခါမှ သင်းဆွေ ဟာ တံခါးသေချာစွာပိတ်၍သူမ၏အိမ်သို့ တိတ်တဆိတ်ပြန်သွားခဲ့လေ၏

နဒီတို့လဲ အဆောင်မှူးဒေါ်သဇင်အားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏

ထို့နောက် ဒေါ်သဇင်ဟာ ရဲစခန်းသို့ ဖုန်းဆက်ကာ နဒီတို့ရှိတဲ့နေရာသို့ ချက်ချင်းပဲလိုက်လာကြ၏

အလောင်းရှိတဲ့နေရာသို့ ရဲအရာရှိများအား လိုက်ပြခဲ့သည်

နဒီကတော့ ဖြေမဆည်နိုင် သူငယ်ချင်းဖြစ်သူရဲ့ အဖြစ်ကိုကြည့်ပြီး ငိုကြွေးလို့နေလေတော့သည်

အားလုံးကလဲ ဝမ်းနည်းနေကြသည်

မင်းဆွေကိုလဲ ဆေးရုံကားပေါ်သို့တင်ကာ ဆေးရုံသို့အရင်ပို့ဆောင်လိုက်ကြ၏

သင်းဆွေ ရဲ့အိမ်ကို ရဲတွေနဲ့နဒီတို့လဲလိုက်ကာ အိမ်ကိုပြပေးခဲ့သည်

သင်းဆွေ ကို လဲ အမှုစစ်ဖို့အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့လေတော့သည်

အမှုမှန်ပေါ်ပေါက်ဖို့အတွက် သင်းဆွေကိုလဲစစ်ဆေးမြန်းခဲ့ကြသည်

သင်းဆွေရဲ့ ထွက်ဆိုချက်အရ

°ကျွန်မ မင်းဆွေနဲ့ပတ်သတ်လို့သိတာက
သူအမြဲတမ်းသွားနေကျ အဆောက်အအုံဟောင်းဆီကို ကျွန်မအဲ့ဒီနေ့က လိုက်သွားခဲ့တယ်
ဘာလို့ထိုနေရာကိုသိတာလဲဆိုတော့ ကျွန်မတို့ ငယ်ငယ်လေးထဲက မိဘတွေဆုံးပါးသွားတာကြောင့် စိတ်ဓာတ်ကျတဲ့အခါမျိုးပဲ ဖြစ်ဖြစ် ပျော်တဲ့အခါမျိုးပဲဖြစ်ဖြစ် ထိုနေရာမှာပဲ သွားနေတတ်ကြလို့ပါ
မင်းဆွေဟာ အဲ့ဒီနေ့ညက ပြန်မလာဘူး
ကျွန်မသိနေတယ် သူအဲ့ဒီနေရာပဲသွားလောက်တယ်ပေါ့
သူစိတ်ညစ်စရာတစ်ခုခုကြုံနေရလို့လား တွေးတောရင်း အဲ့ဒီအဆောက်အုံပျက်ကြီးဆီ ကျွန်မလိုက်သွားခဲ့တယ်°

သင်းဆွေဟာ သူမြင်ခဲ့သမျှကိုအကုန်ပြောပြလို့နေလေ၏

°မောင်လေးရေ မင်းဆွေ
မင်းဆွေ ရေ မင်းဒီမှာရှိနေလား
မမ ခေါ်နေတယ်လေ ကြားလားး°

`မမ ••••••••´

မင်းဆွေတစ်ယောက် သူ၏အမဖြစ်သူ သင်းဆွေဆီ ကလေးတစ်ယောက်လို ပြေးကာ ရင်ခွင်ထဲကို တိုးဝှေ့ကာ ငိုနေပါတော့သည်

°မောင်လေးး မင်းဘာဖြစ်လဲ မမကိုပြောပြ
စိတ်ညစ်စရာရှိရင် မမကို ရင်ဖွင့်ပါကွယ်
မင်းငိုရင် မမလဲ ငိုချင်တယ်ဟဲ့ မင်းဆွေရဲ့°

`သေကုန်ပြီ
သသှေားကှပှီ ဟားးးးဟားးးအီးးးဟငွးးးးးးးးး´

°မင်းဆွေ ငါ့မောင် မမကိုသေချာပြောစမ်းပါဟယ် ရင်ထိတ်လိုက်တာ°

`မောင်လေးရဲ့ ချစ်သူ ဆု ဆုသေပြီဟားးးးးးဟားးးး`

°ဘယ် ဘယ် သူသတ်တာလဲ ••••••°

`သစ္စာမရှိတဲ့မိန်းမ ကို ကျွန်တော်သတ်လိုက်တာ
သေသွားပြီ သေသွားးပြီ´

°ဖြစ်မှဖြစ်ရလေ မင်းဆွေရယ်
မင်းထောင်ကျမှာမကြောက်ဘူးလား ဟဲ့
ပြေးကြည့်မှ ဒီမောင်လေးတစ်ယောက်ထဲရှိတာ ငါဘယ်လိုဖြေဆည်ရမလဲဟဲ့°

ကလေးတစ်ယောက်လို အမဖြစ်သူရင်ခွင်ထဲမှာ တိုးကာ စိတ်တွေမူမမှန်ဖြစ်နေတဲ့ မောင်ဖြစ်သူကိုချစ်တာကတစ်ကြောင်း ၊ မောင်ဖြစ်သူကိုသနားပြီး ထောင်ကျသွားမှာကလဲတစ်ကြောင်း ဖြစ်တာကြောင့် ကျွန်မ ဆုရဲ့အလောင်းကို မောင်လေးစိတ်တိုင်းကျ ကုတင်ပေါ်မှာပဲ တင်ထားပေးခဲ့တယ်

ကျွန်မသိတာ ဒါအကုန်ပဲ အပြစ်ရှိသမျှ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လို့ရပါပြီ°

×ကဲ ကောင်းပါပြီ
ကျန်တာ ဆရာတို့ဆက်လက်ဆောင်ရွက်လိုက်ပါ့မယ်
အခုလို ပြောပြပေးတဲ့အတွက် ဒီက ညီမကိုကျေးဇူးတင်ပါတယ်×

°ရပါတယ်ရှင် အခုလို ဖုံးကွယ်ထားမိတာကိုပဲအပြစ်တွေကြီးနေလှပါပြီ°

×သူ့ကို အချုပ်ခန်းထဲ ပြန်ထည့်ထားလိုက်ပါ×

အဆောင်မှူးဒေါ်သဇင်နဲ့နဒီအပါအဝင် အဆောင်သူအားလုံးတို့ဟာ ဆု အလောင်း ရှိတာ ဆေးရုံသို့လိုက်သွားကြ၏

အလောင်းကို ရေခဲတိုက်ထဲသို့ထည့်ထားတာကြောင့် ရေခဲတိုက်ထဲသို့ခဏလောက်ဝင်ဖို့ ဆေးရုံးရှိတာဝန်ရှိသူတွေကိုခွင့်တောင်းခဲ့ကြ၏

ဆေးရုံးရဲ့ရေခဲတိုက်မှာတာဝန်ကျနေတဲ့သူက

`ခ ခ ခဗျားတို့ဘာဝင်လုပ်မလို့လဲ`

အဆောင်မှူးဒေါ်သဇင်မှ

•အန်တီတို့ ရဲ့ တူမလေး ဆုရဲ့အလောင်းကိုခဏလောက်လာကြည့်တာပါကွယ်•

`ခ ခ ခဗျားတို့ ဝင်ရဲပါ့မလား´

ရေ
ခဲတိုက်စောင့်ဖို့တာဝန်ကျသူဟာ ကြောက်လန့်နေပုံရသည်

•အော် တူလေးရယ် လူဆိုတာ မွေးဖွားပြီးရင်သေဆုံးရမှာပဲလေ
ဒါကဓမ္မတာပဲ အန်တီတို့မကြောက်ပါဘူl•

`ခဗျားတို့သဘော ဗျာ ပြီးမှ ကျူပ်ကမပြောဘူးလို့မပြောနဲ့နော်´

ထိုစကားကြောင့် အနည်းငယ်တော့ တွေဝေသွားကြသည်

သို့သော်လည်းဝင်ရမှာဆိုတော့ လဲ ရေခဲတိုက်တံခါးကို ဒေါ်သဇင်ဟာ ဖွင့်လိုက်သည်

ဒေါ်သဇင်ဟာ အထဲကိုအရင်ဝင်မကြည့်ပဲ

°သမီးတို့ရေလာကြ သိပ်တော့မကြောက်နဲ့အုံး
ဟယ် ဝင်လာကြလေ အော်လာပါမကြောက်နဲ့ °

ဒေါ်သဇင် ခေါ်ပေမယ့် နဒီတို့တွေဟာ ရှေ့ဆက်မတိုးရဲ တစ်ခုခုကိုတွေ့ထားသည့်ပုံမျိုးဖြစ်နေကြကုန်၏

ဒေါ်သဇင်ဟာ ​ကလေးတွေရဲ့အနေအထားကိုရိပ်စားမိပြီး ရေခဲတိုက်ထဲသို့ကြည့်လိုက်ချိန်မှာတော့

°အမလေးးးးးးးးးးးးးးးးး°

ဒေါ်သဇင်ဟာ ချက်ချင်းဆိုသလို တံခါးကိုဆွဲပိတ်လိုက်ပါတော့သည်

မြင်လိုက်ရသည်ကား

ဆု ရဲ့ အလောင်းပေါ်ကနေဇောက်ထိုးကြီး ကြည့်နေသော နာနာဘာဝကြီးအား မြင်တွေ့ခဲ့ခြင်းဖြစ်လေ၏

ရေခဲတိုက်စောင့်သူအား ဒေါ်သဇင်မှ မေးမြန်းခဲ့သည်

`အခုတော့ခဗျားတို့ယုံပြီလား
ကျွန်တော့် နေလာခဲ့သမျှဘဝတစ်လျှောက် လုံး အခုလိုမဖြစ်ဖူးဘူးဗျ
ဒီအလောင်း စရောက်ထဲက ရေခဲတိုက်ကိုသွင်းသွင်းပြီးချင်းပဲ အခုလိုဇောက်ထိုးကြီးနဲ့ အမြဲနေနေတာကိုတွေ့ရတော့တာပဲ
ကျွန်တော်ဖြင့် မဝင်ရဲလောက်အောင်ပါပဲဗျာ´

ဆု ရဲ့သေဆုံးမှုက ပြီးဆုံးသွားခဲ့ပြီလို့ထင်ခဲ့ပေမယ့့်
ဇာတ်လမ်းကမပြီးသွားခဲ့ပါဘူးးးး

နဒီဟာ ဆု ရဲ့ ချစ်သူအမွှန်းအကြောင်းကို ထပ်မံစုံစမ်းခဲ့ရပြန်ပါသည်

စုံစမ်းသလောက်အရတော့ ပျောက်ဆုံးနေသည်ဟုပဲ သိခဲ့ရ၏

•အန်တီ အမွှန်းက ပျောက်နေတာအတော်ကြာပြီလို့​သိရတယ်
အန်တီဘယ်လိုထင်မြင်မိလဲ•

°အန်တီ စိတ်ထင်အမွှန်းက ဟိုနာနာဘာဝကြီးများလားးးး
ဆုနဲ့ပတ်သတ်တာဆိုလို့ မင်းဆွေရယ် အမွှန်းရယ်ပဲရှိတာလေ°

•ဟုတ်တယ်နော် အန်တီ ဖြစ်နိုင်ချေရှိတယ်
သေချာဖို့တော့လိုတယ် အန်တီ
ဆရာမကြီးဆီ အခုသွားကြည့်ကြမလားအန်တီ•

°ကောင်းတယ် သမီး သွားကြမယ်°

ဒေါ်သဇင်နဲ့ နဒီဟာ ဆရာမကြီးဒေါ်လွန်းဝေ ဆီ သွားခဲ့ကြ၏

ထိုသို့ရောက်သော်

အမလေးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒေါ်သဇင်နဲ့နဒီရဲ့ ပြိုင်တူ အော် လိုက်သည့်အသံပင်ဖြစ်သည်

ဆရာမကြီး ဟာ အိမ်လည်ခေါင်တွင် ဆွဲကြိုးချလျှက်သားကြီးသေဆုံးနေတာကို တွေ့လိုက်ရ၏

ရဲစခန်းကို ချက်ချင်းဖုန်းဆက်ကာ ခေါ်လိုက်ရ၏

နဒီတို့လဲ တွေးရကြပ်ဖြစ်လာကြ၏

ဆု ရဲ့အလောင်းကိုလဲ သဂြိုလ်လို့လဲမရသေး

နဒီတစ်ယောက် အတွေးနယ်ပယ် ထဲမှာ အိပ်ပျော်သွားခဲ့လေ၏

`ဆု ဆု သတ်တာမဟုတ်ဘူးနော်
အမွှန်းး အမွှန်းးထပါအုံးးးး ဆု မရည်ရွယ်ပဲ ဖြစ်သွားတာပါ
သွေးတွေကလဲထွက်နေတယ်
အမွှန်း အမွှန်းထပါအုံးးး´

နဒီတစ်ယောက် ချွေးတွေပြန်ကာ လန့်နိုးသွားခဲ့သည်

ခုံပေါ်မှာတင်ထားတဲ့ ရေသန့်ဗူးကို လှမ်းယူကာ ရေကိုအမြန်သောက်လိုက်သည်

ထိုအချိန်းးးးးးးး

ကျွီ••••••••ကျွီ•••••••••

ဒန်းစီးနေသည့်အသံပင်

နဒီတစ်ယောက် ပြတင်းပေါက်ကနေမကြည့်တော့ပဲ
ချက်ချင်း အဆောင်အောက်သို့ ပြေးဆင်းသွားပါတော့သည်

ဒန်းပေါ်တွင် မည်သူမျှပင်မရှိ ဒန်းကလူပ်နေဆဲပင်

•ဆု ဆု မလားးး
ဆု ပြော နဒီ ဘာလုပ်ပေးရမလဲ
ဆုပြောမှ နဒီ ကူညီပေးနိုင်မှာဆုရဲ့
ဆုကိုပြောပါ •

နဒီပြောနေတုန်း ဆု ရဲ့ဝိဉာဥ်ဟာ ဒန်းပေါ်တွင်ပေါ်လာခဲ့သည်

°နဒီ °

•ဟင် ဆု
ဆု ရယ် ဘာတွေဖြစ်ကုန်ရတာလဲ
ရင်နာလို့မဆုံးဘူးဆုရယ်
ပြော နဒီကို ပြော ဘာလုပ်ပေးရမလဲ•

ဆု ပြောဖို့ ရွယ်နေတုန်း နာနာဘာဝကြီးဟာ ရုတ်တရက်ပေါ်လာပြီး ဆု ကို ဆွဲခေါ်ဖို့လုပ်ပါတော့သည်

ထိုအချိန် နဒီ မှ

•အမွှန်းးးးးး
နင် အမွှန်းးမလားးး•

နာနာဘာဝကြီး နဒီ့ဘက်ကို လှည့်ကြည့်လိုက်သည်

မျက်လုံးနီရဲတွေကြား သွေးတွေစီးကျနေတာကို နဒီ မြင်သွားခဲ့သည်

ထိုအချိန် ဆု ထံမှ

×ကျောင်းရဲ့အနောက်မှာ••••••••••••×

နာနာဘာဝကြီးဟာ ဆု အား ဆွဲခေါ်ကာပျောက်ကွယ်သွားလေတော့၏

•ဆု ဆု
ကျောင်း အနောက်
ကျောင်း အနောက်မှာ သဲလွန်စ တခုခုတော့ရှိမယ်ထင်တယ်•

နဒီဟာ ဒေါ်သဇင်အား ပြောပြလိုက်ပြီး

မနက်မိုးလင်းသည်နှင့် ကျောင်းအနောက်သို့
အဆောင်သူအားလုံးရယ် ဒေါ်သဇင် ရယ် နဒီတို့ဟာ ချက်ချင်းသွားခဲ့ကြသည်

အချိန်တော်တန်ကြာထိ ရှာသော်လည်းဘာတစ်ခုမှမတွေ့၊

•အန်တီ အခုထိ ဘာတစ်ခုမှလဲမတွေ့သေးပါလား
နည်းနည်းထပ်ရှာကြည့်ကြမလား•

°ထပ်ရှာကြည့်တာပေါ့ကွယ်•••°

“နဒီ နန်းရဲ့နှာခေါင်းထဲမှာ အပုတ်နံ့ရနေတယ်
အာလုံးရလား´´

အားလုံးဟာ

×ဟုတ်တယ် အပုတ်နံ့ရနေတယ်×

°ဒါဆို တစ်ခုခုတော့ရှိနိုင်တယ် ရှာကြရှာကြ°

အချိန်အနည်းငယ်အကြာတွင် နွယ်ပင်တွေ၊သစ်ခိုင်းတွေနဲ့အုပ်နေသော အလောင်းတစ်လောင်းကိုတွေ့ခဲ့ရသည်

အပုတ်နံ့တွေကလဲ တထောင်းထောင်းထနေလေပြီ

°သမီးနဒီ စခန်းကို ဖုန်းအခုခေါ်°

နဒီဟာစခန်းကိုဖုန်းခေါ်ကာ ရဲတွေကိုခေါ်လိုက်၏

အလောင်းအား ရဲတွေမှဓာတ်ပုံရိုက်ကာ သေချာကြည့်ရူ့ပြီးနောက်
အလောင်းရဲ့ရင်ဘက်မှာ `ဆု´ဆိုတဲ့နာမည်လေးတွေ့ခဲ့ရ၏

အမွှန်း ရဲ့ အလောင်းဆိုတာ သေချာသွားခဲ့လေပြီ

ထို့နောက် အမွှန်းရဲ့အလောင်း ကို ဆု ရဲ့အလောင်းထားတဲ့ရေခဲတိုက်ထဲပဲ ထည့်ထားရပြန်သည်

အလောင်း၂လောင်းကို သဂြိုလ်ဖို့အတွက် ပြင်ဆင်သော်လည်း သဂြိုလ်လို့မရနိုင်သေးပင်

အမွှန်းရဲ့ ဝိဉာဥ်က သဂြိုလ်ခွင့်မပေးပဲ သောင်းကျန်းလို့နေလေတော့သည်

ထိုကိစ္စကတော့ ရဲတွေကဘာမှတော့မလုပ်နိုင်တော့ချေ
သဘာဝလွန်ဖြစ်ရပ် ဖြစ်နေတာမို့
ဒါက တရားသဘောနဲ့သာ ပြုလုပ်ရတော့မယ့်ကိစ္စရပ်တစ်ရပ်ဖြစ်နေတော့၏

သေဆုံးသူရဲ့ မိဘတွေကလဲ ဝမ်းနည်းပူဆွေးလို့နေကြ၏

°သမီးနဒီ အန်တီနဲ့ ခဏလိုက်ခဲ့ကွယ်
အန်တီတို့ ရဲ့ ရွာဦးဆရာတော်ရောက်နေတယ်
ဆရာတော်ဘုရားကိုပဲ အားထားရတော့မယ်ထင်တယ်သမီး°

•တစ်နည်းနည်းပေါ့အန်တီရယ်
သူတို့အဖြစ်တွေလဲ တကယ်ကိုဆိုးလှပါတယ်•

နဒီဟာ စိတ်မကောင်းစွာနဲ့ပဲ ဒေါ်သဇင်နဲ့အတူ လိုက်သွားခဲ့လေသည်

ဆရာတော်ဘုရားဆီရောက်တော့ အကျိုးကြောင်းပြောပြကာ အကူညီတောင်းခံလေ၏

××အိမ်းးကွယ် အစွဲ တွေ ၊အငြိုးတွေ ၊အမုန်းတရားတွေ ၊ချစ်ခြင်းတရားတွေက အစွန်းရောက်သွားရင် အန္တရာယ် မီးတွေဖြစ်ကုန်ရောပေါ့
ကဲကဲ ဘာမှမပူပါနဲ့ ဆရာတော်ဘုရား ဒကာမတို့နဲ့အတူအခုပဲလိုက်ခဲ့ပါ့မယ်××

°တငပွါ့ဘုရားးးးးး°

ဆရာတော်ဟာ ဆေးရုံသို့ ချက်ချင်းလိုက်ပါလာခဲ့သည်

ရေခဲတိုက်နားသို့ ရောက်သော်

အထဲတွင် အမွှန်းရဲ့ဝိဉာဥ်ဟာ သောင်းကျန်းပါတော့သည်

ဆရာတော်ဟာ မတုန်လူပ် ၊တည်ငြိမ်သော စိတ်နဲ့ ရေခဲတိုက်အနားတစ်ဝိုက်လုံးကို ပရိတ်ကြိုးဖြင့် ပတ်ထားလိုက်သည်

ထို့နောက် ဆရာတော်ဟာ ရေခဲတိုက်အခန်းထဲသို့ဝင်သွားခဲ့သည်

ဆရာတော်လဲ အဝင် ရေခဲတိုက်တံခါးကြီးဟာ
ဒုန်းးးးခနဲ ဆိုပြီး ပိတ်သွားပါတော့သည်

အပြင်မှာ ကျန်ခဲ့တဲ့သူတွေကလဲ ကြောက်တဲ့သူကကြောက်၊ စိတ်ဝင်တစားကြည့်နေကြသည်

××ဒကာလေးးစိတ်ကိုလျော့လိုက်ပါတော့
ဒီအချစ်အတွက်နဲ့ပဲ ဒကာလေးဘဝပူလောင်ခဲ့ရတယ်
အဲ့ဒီအချစ်ကြောင့်ပဲ ဒကာလေး သေဆုံးခဲ့ရတယ်
အခုလဲဒကာလေး ပူလောင်နေရတုန်းပဲမဟုတ်လား
ဒကာလေး ကိုယ် ဒကာလေးအေးချမ်းမှုအစစ်မှန်ကိုမရှာတော့ဘူးလား
အိမ်းးကွယ် လောကီရေးရာမှာ ဘုန်းဘုန်းဝင်မပါချင်ပါဘူးကွယ်
ဒကာလေးအသိတရားရသင့်နေပြီကွဲ့
ဒုက္ခပေးမှန်းသိလျက်နဲ့ ဒုက္ခပေးတဲ့သူအနားမှာ နေနေတာဟာ ဘယ်သူ့အပြစ်မှမဟုတ်ဘူး
ဒကာလေးရဲ့အပြစ်ပဲ ကွဲ့ •••´´

ဆရာတော်ဟာ အမွှန်းကို တရားချလိုက်ပါတော့သည်

အမွှန်းရဲ့ဝိဉာဥ်ဟာ ညိုးငယ်စွာဖြင့်

`ဘုန်းဘုန်းဘုရား တပည့်တော်မှားမှန်းသိပါပြီ
တပည့်တော် ပူလောင်နေရပါတယ်ဘုရား
တပည့်တော် တကယ်အေးချမ်းမှုအစစ်မှန်ကိုလိုချင်နေပါပြီဘုရားးးးလိုချင်နေပါပြီးးအီးးဟင်းးးးး´

××ဘုန်းဘုန်း ကူညီပေးပါ့မယ်ဒကာလေးး
ဒီဒကာမလေးရဲ့အလောင်းကိုရော ဝိဉာဥ်ကိုပါ လွတ်မြောက်ခွင့်ပေးလိုက်ပါဒကာလေး××

`တပည့်တော်နားလည်ပါပြီဘုရား
လွတ်မြောက်ခွင့်ပေးပါတယ်´

ထို့နောက်မှာတော့ ရေခဲတိုက် တံခါး ဟာ ပြန်ပွင့်သွားခဲ့လေတော့သည်

××ဒကာတို့ ဒကာမတို့ အလောင်းတွေကို သဂြိုလ်ဖို့လုပ်တော့ အချိန်မနှောင်းခင်လေး××

တာဝန်ရှိသူတွေဟာ အလောင်းတွေကိုချက်ချင်းမီးသဂြိုလ်ခဲ့ကြလေ၏

ထို့နောက်ဆရာတော်လဲ ပြန်ကြွသွားခဲ့သည်

၇ရက်မြောက်နေ့ဆွမ်းသွပ်တော့ ဆရာတော်ဟာတစ်ဖန်ပြန်လာပြီး ရေစက်ချ အမျှဝေကာ တရားပြခဲ့သည်

ဆု နဲ့ အမွှန်းတို့ဝိဉာဥ်၂ခုဟာ အရင်လို အမုန်းတွေ မရှိတော့ပဲ အေးချမ်းစွာ ဘဝတစ်ပါးကိုကူးပြောင်းဖို့ အချိန်ကိုစောင့်နေကြတော့သည်

•ဆု နဲ့ အမွှန်း တို့ကောင်းရာဘုံဘဝကိုရောက်ကြပါစေလို့ နဒီဆုတောင်းပေးပါတယ်
ဪ အချစ် အချစ် အချစ်မီးတွေက တကယ်ပဲကြောက်စရာကောင်းပါလားနော်
ချစ်နေရင်တော့ သူတို့မဟုတ်သလိုနဲ့
မချစ်တော့ရင် အပူမီးကြီးက စတင်လောင်ကျွမ်းတော့ပါလား
သစ္စာတရားဆိုတာကို နားမလည်တဲ့သူနဲ့တွေ့နေသရွေ့ အခုလို ဖြစ်ရပ်မျိုးတွေကဖြစ်ဖို့များနေအုံးမှာပဲ၊
တစ်နည်းအားဖြင့် ချစ်ခြင်းရဲ့အလွန် မှာ ဖြစ်သွားတဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ•

နဒီတစ်ယောက် စိတ်ထဲရေရွတ်ရင်း စိတ်မကောင်းစွာနဲ့ပဲအုတ်ဂူလေးကိုကျောခိုင်းကာ သုသာန်မှ ထွက်ခွာ၍သွားပါတော့သည်။

ပြီးပါပြီ။

စာဖတ်သူများကိုအစဥ်လေးစားလျှက်။

လိုအပ်ချက်များစွာဖြင့်••••

နှောင်းနွေ (ကိုယ်တိုင်ရေး)