အကြံအစည်ဖြစ်ရွာထဲ လှည့်နေကြချင်းဖြစ်သည်  ။  ဖိုးထွေး နှင့် မောင်ဘိုးထင် ရွာလမ်းအတိုင်း လျှောက်သွားနေရင်း ရေအိုးကို ခေါင်းပေါ်ရွက်လာသော မိန်းမပျိုလေးတသိုက် နှင့် ဆုံရာ  ရှေ့ဆုံးမှ ‌မိန်းကလေးမှာသူတို့အား ပြုံးရယ်လျက်     “ဖိုးထွေး နဲ့ ဘိုးထင် ဘယ်ကပြန်လာတာလဲ “     “ဒီးတိုင်းပါပဲ ဟိုသွားဒီသွား”     “အေးအေး သီတင်းကျွတ် ငါတို့အိမ်မှာ မုန့်ဖက်ထုပ် လုပ်မှာ လာစားနော် “     “အေးပါဟ လှရင်ရ လာမှပေါ့”     ရှေ့ဆုံးမှ လှရင်ဟု ...

ဝင်ထိုင်လိုက်တာပေါ့ “မဆိုးပါဘူးကွာ ဒါနဲ့ကံကမင်းဘက်ကို လိုက်တယ်နော်” “ဟေဘာဖြစ်လို့လည်းဟ” “မင်းပဲစဉ်းစားကြည့်လေ အဓိကသူကမင်းမဟုတ်လား လေးနဲ့ပစ်တာမှန်ခဲ့ရင်တောင်ငါ့ကိုမမှန်သင့်ဘူးမင်းကိုမှန်သင့်တာခုတော့အလကားနေရင်းလေးပစ်ခံထိလာရတယ်” ကျုပ်ပြောလိုက်တော့လည်း ဖိုးတုတ်ကသွားဖြီးရင်းနဲ့ “ငါလည်း ရွေဉကိုပြောထားပေမယ့်ငနဲမကကြောင်လျှာသီးတွေစားပြီးအစောကြီးအိပ်နေတာတဲ့ကွအဲ့တာကြောင့်ငါတို့လေးပစ်ခံထိတာငါတောင်းပန်ပါတယ်သာလှရာ” “ရပါတယ်ကွာမလိုပါဘုးဒါနဲ့မင်းကဘယ်အချိန်ရွေဉနဲ့တွေ့လိုက်တာလည်း” “ခုနက လေးတင်ကွ ဒေါ်ဘုမ ဆိုင်မှာစျေးဝယ်ရင်းတွေ့တာ” “အော်ခုလေးတင်ဘကြီးလ​ွန်းတင်ပြန်သွားတယ်ကွငရုတ်မျိုးတွေလာမေးတာ” “ငါမြင်လိုက်တယ်ကွဘကြီးလွန်းတင်ရှိနေလို့ငါမဝင်လာတာငါ့ကိုမသိပေမယ့်ရှိန်နေရတယ်ဟ” “အေးပါကွာဒါနဲ့မင်းခုလာတာဘာကိစ္စလည်းကွ” “မင်းကိုဉီးကြီးမောင်ကခေါ်ခိုင်းလိုက်လို့ကွ ငါကလည်းမင်းဆီလာမလို့ဆိုတော့အတော်ဖြစ်သွားတာပေါ့” “နေပါအုံးဉီးကြီးမောင်ကဘာလုပ်ဖို့ခေါ်တာလည်း” “အဲ့တာတော့ငါလည်းမသိဘူးကွဉီးကြီးမောင်ခေါ်ခိုင်းလို့ပြောပြတာ” “အော်အေးအေးဒါဆိုလည်းငါသွားလိုက်အုံးမယ်မင်းကောလိုက်အုံးမလား” “မလိုက်တော့ပါဘူးကွာ ငါကလည်းမင်းကိုလာတောင်းပန်တာအိမ်မှာကလည်းလုပ်စရာတွေရှိသေးတယ်ကွ” “ဖိုးတုတ်ရာတောင်းပန်စရာလိုလိုလားကွာအချင်းချင်းတွေပဲရပါတယ်ငါလည်းသွားလိုက်အုံးမယ်ကွမင်းလည်းပြန်မယ်ဆိုပြန်လေကွာ” “အေးအေးဒါဆိုလည်းငါပြန်လိုက်အုံးမယ်” ဖိုးတုတ်ကလည်းခြံထည်းကထွက်သွားတာပေါ့ “အဖေ့ကျုပ်ရွာထည်းခနသွားလိုက်အုံးမယ်ဗျဉီးကြီးမောင်ခေါ်ထားလို့” အိမ်ပေါ်ကဆင်းလာတဲ့အဖေ့ကိုလည်းကျုပ်ကပြောလိုက်တာပေါ့ “အော်အေးအေးသွားလေသားရဲ့အဖေအိမ်မှာရှိပါတယ်” ကျုပ်ကလည်းရွာလမ်းမအတိုင်းဉိးကြီးမောင်အိမ်ကိုလည်းထွက်လာခဲ့တာပေါ့ “ဗျို့ဉီးကြီးမောင်…” “သာလှဝင်ခဲ့လေငါအထည်းမှာရှိတယ်” ကျုပ်ခေါ်လို်က်တော့လည်း အိမ်ထည်းကဉီးကြီးမောင်ရဲ့တုံ့ပြန်သံကိုလည်းကြားရတာပေါ့ ကျုပ်ကလည်း အိမ်ထည်းကိုဝင်လာခဲ့တယ် ...

ဘကြိီးလွန်းတင်အမိန့်အရလူ ၁၀ယောက်ကိုရှာခေါ်ပြီးတော့လည်း ဉီးကြီးမောင်အိမ်ကိုပြန် လာခဲ့တယ် “ကဲကဲအားလုံးကွပ်ပြစ်မှာခနထိုင်ကြအုံးအားလုံးကိုပြောစရာလေးရှိလို့ပါ..ပြောစရာဆိုတာထက်အကူညီတောင်းတာဆိုရင်တော့ပိုမှန်ပါလိမ့်မယ်” ဘကြီးလွန်းတင်ကလည်း ကျုပ်အပါအဝင်လူ၁၀ယောက်ကိုကွပ်ပြစ်မှာထိုင်ခိုင်းပြီးတော့လည်းစကားစတာပေါ့ “သူကြီးကဘာအကူညီလိုအပ်လို့လည်းပြောပါကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ်” တစ်ခါကမုဆိုးဟောင်းကြီး ဉီးစောထူးဝါးကပြောလိုက်ခြင်းလည်းဖြစ်ပါတယ် “တခြားတော့မဟုတ်ပါဘူးဉီးကြီးမောင်အတွက်ဒီတစ်ညလောက်ကာကွယ်ပေးစေချင်လို့ပါ” “” “နေပါအုံးဗျဉီးကြီးမောင်ကဘာဖြစ်လို့လည်း” “ဒါကဒီလိုရှိပါတယ် ဉီးကြီးမောင်ကမှော်ပညာတတ်တယ်ဆိုတာကိုကျုပ်တို့ပေါက်လှမှာမသိသူတစ်ဝက်လောက်ပဲရှိပါတယ် ဉီးကြီးမောင်ကရွာအတွက်အမြဲရှိနေသူဆိုတာလည်းသိကြမယ်ထင်ပါတယ် ခုတော့ဉီးကြီးမောင်ဒဏ္ရာပြင်းပြင်းထန်ထန်ရထားတယ် ပညာပြိုင်တဲ့အခါရတဲ့ဒဏ္ရာမို့သာမန်ဆေးတွေနဲ့မကုပဲညသန်းခေါင်မှာပြောင်ကင်းစေနို်င်တဲ့ဆေးနဲ့ကုမှာဖြစ်ပါတယ် ဒီတော့ဆေးကလည်း ပညာရပ်တွေအစီအမံတွေနဲ့လုပ်ထားတာမို့မကောင်းစိုးဝါးများကအချိန်မရွေးနှောက်ယှက်နိုင်တယ်ဒီအတွက်ကာကွယ်ပေးဖို့ပါ” ဘကြီးလွန်းတင်ပြောလိုက်တော့မှလည်းအားလုံးကရှင်းသွားကြတယ်လေ “ဒီလိုဆိုရင်လည်းကောင်းပါပြီကျုပ်တို့ကာကွယ်ပေးမယ် ဉီးကြီးမောင်အတွက်ဒီလောက်ကလေးပြန်လုပ်ပေးရတာဘာမှမဖြစ်ပါဘူး” ရွာသားများကလည်းဉီးကြီးမောင်ကိုချစ်ကြခင်ကြတာကြောင့် ကျုပ်တို့ကိစ္စကလည်း အလုပ်ဖြစ်သွားတာပေါ့ “ဉီးလေးတက်ခါးဆေးကိုအဆင်သင့်လုပ်မထားဘုးလား” ကျုပ်ကလည်းလူများကြားမှထွက်ပြီးတော့လည်းဆေးဆရာဉီးတက်ခါးဆီကိုသွားမေးလိုက်တာပေါ့ “မရဘူးသာလှရဲ့..ဆေးကချက်ချင်းပဲသုံးလို့ရတာကြိုတင်စိီမံထားလို့မရဘူးဒါပေမယ့်ကျောက် ဓနိပင်ရဲ့ပင်စည်ကိုလက်နှစ်သစ်လောက်ဖြတ်ယူခဲ့ ဓနိပင်ကိုတော့ကြိုပြီးလုပ်ထားလို့ရတယ်” ကျုပ်ကည်းဉီးတက်ခါးဘေးမှခွာကျောက် ​ဓနိပင်ဆီကိုသွားပြီးတော့လည်း လက်နှစ်သစ်လောက်ဖြတ်လိုက်တာပေါ့ “ဉီးလေးတက်ခါးဒီမှာကျောက်ဓနိပင် ဗျ” ကျုပ်ကလည်း ကျောက်ဓနိပင်ရဲ့ပင်စည်ခုတ်ထားတာကိုဉီးတက်ခါးလက်ထည်းထည့်လိုက်တာပေါ့ ​ ကျောက်ဓနိပင် ...

နေသောမောင်အေးကိုကြည့်ရင်း… “မောင်အေး…မင်း ဘဘနောက်ကိုလိုက်ခဲ့မလား” “ဗျာ…တကယ်ပြောတာလားဘဘ… ဘဘကရောကျုပ်ကိုတကယ်ခေါ်မှာလား” ဟု…ပလုပ်ပလောင်းဖြင့်မောင်အေးကမေးသည်။ အဘိုးအိုကခေါင်းညိတ်ပြီး… “တကယ်ပြောတာ… ဘဘမင်းကိုဘဘတတ်ထားတဲ့ပညာတွေသင်ပေးမယ်… ဒါဆိုမင်းဘဝအခုလိုတွေထပ်ဖြစ်တော့မှာမဟုတ်ဘူး မောင်အေးရဲ့…” “ဒါဆို…ကျုပ်လိုက်မယ်ဘဘ” မောင်အေးစကားကြောင့်အဘိုးအိုကပြုံးသွားသည်။ “အေး…အေး…ဘဘနာမည်ကိုလဲမှတ်ထားပေါ့ကွာ… ဘဘရဲ့နာမည်က သက်ရှည်တဲ့ကွ… အများခေါ်တာက​တော့ဘိုးသက်ရှည်ပေါ့ကွာ…” “ဟုတ်ကဲ့ဘဘ…” ထိုသို့ဖြင့် နောက်တစ်နေ့နံနက်ရောက်လေတော့… မောင်အေးသည် ဘိုးသက်ရှည်ခေါ်ရာသို့ အတူလိုက်ပါသွားခဲ့တော့၏။ ********************************* သရက်တောရွာလေးသည်အိမ်ခြေအနည်းငယ်သာရှိသော ရွာလေးတစ်ရွာဖြစ်၏။ သရက်တောရွာ၏မြောက်ဘက်၌ ဝက်လူးအိုင်ရွာနှင့် တောင်ဘက်၌ကျွန်းစုရွာဆိုပြီးရွာနှစ်ရွာရှိပေသည်။ “ဟဲ့ငအောင်…ကျွန်းစုရွာကိုသွားမှာဆိုရင်တော့ မိုးမချုပ်ကြနဲ့နော်…အဲ့သည်ရွာမှာအခုတလော လူသေတာတွေများနေတယ်” “လူသေတာများဘာဆန်းလို့တုန်းအရီးရဲ့” “နင်က…တောတက်နေလို့မသိတာငအောင်ရဲ့… အရင်ရက်ပိုင်းကဆိုရင် ကျွန်းစုရွာမှာ မိုးလင်းတာနဲ့လူသေအလောင်းတွေကိုတွေ့နေရတာ… သေတာမှဓားနဲ့အပိုင်းပိုင်းခုတ်ထားတာတဲ့ဟဲ့… ဒီသတင်းတွေကြားကြားခြင်းဘယ်သူမှ ညဆိုအိမ်အပြင်မထွက်ရဲကြဘူး… ...

ဒီမှာအင်းချထားတဲ့စာရွက်တစ်ရွက် ငါတို့သုံးယောက်က ဒီစာရွက်ပေါ်မှာ လက်ညိုးတစ်ချောင်းဆီထိထားပြီးတော့ အနားမှာရှိတဲ့ဝိညာဉ်တစ်ကောင်ကောင်ကိုဆက်သွယ်ပြီးသိချင်တာတွေမေးမှာ ဘယ်လိုလဲမင်းစိတ်ဝင်စားလား ခန့်နောင် ”   “စိတ်ဝင်စားတယ်ကွာ”   “ဒါဖြင့်စလိုက်ကြတာပေါ့ ဖိုးမောင်ပြတင်းပေါက်တွေဖွင့်ထားလိုက် ကစားပွဲစတော့မယ်။   “အိုကေဗျား ခဏလေးပဲစောင့်”   ဖိုးမောင်လည်းလျင်မြန်သွက်လက်စွာ ဖြင့်အခန်းပြတင်းပေါက်များအား ဖွင့်လိုက်သည်။   “ကဲ…မင်းတို့နှစ်ယောက်က ဒီစာရွက်အပေါ်မှာလက်ညိုးလေးတွေ ထိထားကြ၊အဆင်သင့်ဖြစ်ရင် ငါစတော့မယ်။   “Readyပဲ ”   “အိုကေစတော့”   “ဤအနီးအနားပတ်ဝန်းကျင်တွင် ပရလောကသားများရှိပါသလား”   စည်သူကအသံကျယ်ကျယ်ဖြင့် ထပ်မံပြောလိုက်သည်။   “ဤအနီးအနားပတ်ဝန်းကျင်တွင် ပရလောကသားများရှိပါသလား၊ ...

“မကပ်နဲ့၊ ဒီလူရဲ့အနားကို မကပ်ကြနဲ့” ကျုပ်အော်ပြောလိုက်တော့ လူတွေအားလုံးက ကျုပ်ကိုဝိုင်းကြည့်နေကြသဗျာ၊ ဒီအချိန်မှာပဲ လူသေကောင်ကြီးက သူ့အနားထိုင်နေတဲ့ သူ့မိန်းမရဲ့လည်ပင်းကို အတင်းဖက်ကိုက်တော့တာပဲဗျာ၊ ရုတ်တရက်ဆိုတော့ ဟိုမိန်းမလည်းမရှောင်နိုင်ဘူးဗျာ၊ လူသေကောင်က တက်ခွပြီးတော့ကို ကိုက်ထည့်တာဗျာ၊ သွားတွေဆိုရင် ချွန်ထက်နေပြီးတော့ သင်တုန်းဓါးကြီးတွေအလားမှတ်ရတယ်၊ အဲဒီမိန်းမလည်း အော်လိုက်တာမှ ငယ်သံပါတယ်ဗျာ၊ လည်ပင်းက သွေးကြောမကြီးပေါက်ထွက်သွားတော့ သွေးတွေပန်းထွက်လာတာ မြင်မကောင်းဘူး။ ကျုပ်လည်း လက်ထဲကတောင်ဝှေးတဲ့ ဒီလူရဲ့ကျောကုန်းကို ဘုန်းခနဲရိုက်ထည့်လိုက်တယ်ဗျ၊ ကျုပ်ရိုက်လိုက်တော့ ဒီလူက ကျောကော့သွားပြီး အရှေ့ကိုငိုက်စိုက်ကျပြီးတော့ လဲကျသွားတယ်၊ လူတွေအားလုံးလည်း ထိတ်လန့်နေကြပြီဗျာ၊ ခုနက မိန်းမကြီးကို သူ့အိမ်သားတွေက ...

မွန်မြတ်ပါပေတယ်ကွာ” ပေါက်ကျိုင်းက မြင်းလှည်းမောင်းရင်း “ဒါနဲ့ခုနက စကားပြန်ဆက်ရရင်တော့ ရွှေစည်းခုံစေတီကြီးတည်တဲ့အချိန်က စပြောရမှာပဲဗျာ၊ အနော်ရထာမင်းကြီးက သီဟိုဠ်ကျွန်းက ဘုရင်ကအကူအညီတောင်းလို့ အကူအညီပေးခဲ့တယ်ဆိုပဲဗျ၊ အဲဒီသီဟိုဠ်မင်းကြီး ပထမဝိဇယဗာဟုက အနော်ရထာမင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားတစ်ဆူကို လက်ဆောင်ပြန်ပေးခဲ့တယ်ပေါ့ဗျာ၊ အနော်ရထာမင်းကြီးက စွယ်တော်ကို နန်းတော်ရှေ့မှာ ရတနာပြဿဒ်နဲ့ကိုးကွယ်ခဲ့တယ်၊ ဒီအခါ မင်းဆရာဖြစ်တဲ့ ရှင်အရဟံက အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့ “ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ ...

သည်နှင့် ပညာရပ်များ မရှိတော့ဟု အရပ်သုံးစကားသည်က လွယ်ကူမနေပေ။ဆူးတချောင်း စူးနေက ထိုစူးအား ဖယ်ပစ်ဖို့ရာအတွက် လိုအပ်သည်များရှိသည်။ဆူးစူးခံရသော ကာယကံရှင်သည်လည်း ဆူး၏အတိမ်းအနက်အလိုက် ဆူးနုတ်ချိန် နာကျင်မှုသည်က ရှိပေသည်။မနှုတ်ဘဲထားက အထမ်းထက် အဆွဲလေး ဖြစ်နိုင် သည်ပင်။ထို့ကြောင့် ဦးဝင်းမြင့်သည် အခါအခွင့်သင့်သည်နှင့် ဇနီးဖြစ်သူ၏ပညာရပ်များ စွန့်လွှတ်နိုင်ရန် ဦးဖိုးဝေအား ပင့် ဆောင်လာခြင်းဖြစ်သည်။ဦးဝင်းမြင့်သည် အတွေးပေါင်းစုံနှင့် ငြိမ်သက်နေချိန် အိမ်ဝိုင်းအ၀တွင် အမျိုးသမီးတဦး ပေါ် လာလေသည်။ထိုအမျိုးသမီးသည် အသက်အားဖြင့် လေးဆယ်ကျော်အရွယ်မျှသာရှိပြီး ဆံပင်ကို ဖားလျားချထားကာ ထမိန်တိုတိုဝတ်ထားပြီး မျက်နှာသည် မာ‌ကျောခက်ထန်လှသည်။ထို့နောက် အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ထိုင်နေသော ...

အမူအရာကို မောင်က တွေ့လိုက်ပါတယ်။ “ဘာဖြစ်တာလဲ” မောင်က ကျွန်မ လှမ်းကြည့်မိတဲ့နေရာကို လှည့်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူမ အိမ်ပေါ်က ဆင်းသွားတာ ကျွန်မ တွေ့လိုက်တယ်။ “ဘာလဲကွာ-မကလည်း ထမင်းစားနေတာ ဟိုကြည့်ဒီကြည့်နဲ့” မောင် ပြောတာ နားထောင်ရင်း ကျွန်မ စိတ်တွေလွင့်ဝေနေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ ...

ဘာဖြစ်လို့လဲဆရာရဲ့ဘယ်လိုတူးတူး ရတယ်မလား အဓိကက အလောင်းပေါ် လာဖို့ပဲမဟုတႅား “မရဘူးကွ အလောင်းဖော်တယ်ဆိုတာ ခြေရင်းကနေပဲတူးပြီးဖော်ရတယ်ကွ “သြော် ဒီလိုလား ဟုတ်ကဲ့ဆရာသိပါပြီ” ကျော်သူကဖြေလိုက်သည်။ “ဟေ့ ကောင်လှနိုင်တူးလေကွာ ဘာငေး နေတာလဲ “တူး တူး ပါ့မယ်ကွာ ကျော်သူရ” “ဒုတ် ဒုတ် ဒုတ်” ••••• …ညအချိန်တိတ်ဆိတ်နေတုန်းမှာ မြေတူးသံကတစ်ဒုတ်ဒုတ်ကြားနေရသည် လောလောလက်လက်မြေပုံဖြစ်တဲ့ အတွက်သိတ်မတူးလိုက်ရပေ ခဏအတွင်းမှာအခေါင်းပုံးပေါ်လာသည် အခေါင်းပုံးဆိုပေမယ့် အဖြစ်သာလုပ်ထားသည့် ပျဉ်ကြမ်းဖြစ်တဲ့အတွက်ကြောင့် အလွယ်တကူဖွင့်လို့ရနေသည် “ကဲ အခေါင်းပုံး ကိုဖွင့်လိုက်ကြ” “ကျီ ဗျစ် ဒုန်း” သံတူရွင်းဖြင့်ကလော်လိုက်တော့ ...