အောက်လမ်းဘိုးထင် နှင့် သူရဲကောင်း

အကြံအစည်ဖြစ်ရွာထဲ လှည့်နေကြချင်းဖြစ်သည်  ။  ဖိုးထွေး နှင့် မောင်ဘိုးထင် ရွာလမ်းအတိုင်း လျှောက်သွားနေရင်း ရေအိုးကို ခေါင်းပေါ်ရွက်လာသော မိန်းမပျိုလေးတသိုက် နှင့် ဆုံရာ  ရှေ့ဆုံးမှ ‌မိန်းကလေးမှာသူတို့အား ပြုံးရယ်လျက်

    “ဖိုးထွေး နဲ့ ဘိုးထင် ဘယ်ကပြန်လာတာလဲ “

    “ဒီးတိုင်းပါပဲ ဟိုသွားဒီသွား”

    “အေးအေး သီတင်းကျွတ် ငါတို့အိမ်မှာ မုန့်ဖက်ထုပ် လုပ်မှာ လာစားနော် “

    “အေးပါဟ လှရင်ရ လာမှပေါ့”

    ရှေ့ဆုံးမှ လှရင်ဟု အမည်ရသော မိန်းမးကလေးမှ ထိုသို့ပြောလိုက်ရာ လှရင်၏ နောက်မှ သန်းမြဆိုသော မိန်းမပျိုလေးမှလည်း

    “ဖိုးထေ‌ွး ငါတို့ အိမ်မှာလည်း ရွှေကြည်မုန့် လုပ်မှာ လာစား”

    ‌”အေးပါဟ “

    ဖိုးထွေးသည် ပြုံးပြုံး နှင့် သဘောကျနေလေ၏ ၊ မိန်းခလေးများသည် ဘိုးထင်နှင့် ဖိုးထွေးအား နုတ်ဆက်ပြီး ထွက်သွားချိန်တိုင်အောင် ဖိုးထွေးသည် မိန်းကလေးများ၏ နောက်ကျော ကိုကြည့်ကာ

    “တောက် “

    မိန်းကလေးများ၏ နောက်ကျောကို ကြည့်ရင် း ဖိုးထွေးမှ တောက်တချက်ကို ပြင်းစွာ ခေါက်နေလေရာ ဘိုးထင်သည် ဖိုးထွေး၏ မိန်းကလေးများအား  ငေးမောနေသော မျက်နှာကို တလှည့် ရေအိုးရွက်သွားသော မိန်းက‌ေလးများကို တလှည့် ကြည့်ကာ

    “ကိုဖိုးထွေ သတိထားဦး ခင်ဗျာဟာက လွန်လွန်းတယ် မမိကျော့ ကို ကျုပ်သွားတိုင်လိုက်ရမလား “

    “ဟကောင် ငါ တောက်ခေါက်ပြီး ကြည့်နေတာ မကောင်းတဲ့ စိတ်ကြောင့် မဟုတ်ပါဘူးကွာ “

    “ပေါက်ကရ ကျုပ်ကို  ကိုဖိုးထွေး အကြောင်း မသိတဲ့ လူမှတ်လို့ ”

“တကယ်ပါကွာ ငါတောက်ခေါက်ရတဲ့ အကြောင်းက ငါတို့ရွာက အပျိုလေးတွေ ရေအိုးကြီးတွေ ရွက်ပြီး ပင်ပင်ပန်းပန်း ရေခပ်နေရတာ မကြည့် ရက်လို့ပါကွာ “

    မောင်ဘိူးထင် မည်သည့် စကားမှ‌မပြော မိန်းက‌ေလးများ လမ်းချိုးထဲ ဝင်သွားသည့် အထိ နောက်က ငေးနေသော ဖိုးထွေးကို မျက်မှောင် ကြုက်ကြည့်နေစဉ် ၊ ဖိုးထွေးမှ စကားဆိုလာသည်

    “ဘိုးထင်ရေ မင်းငါ့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တယောက် ဖြစ်ရတာ ဘယ်လောက် အနေကျပ်တယ်ဆိုတာ မင်းသိနိုင်မယ်မထင်ဘူး”

    “ဘာပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲ  “

    “အိုး…သနားစရာ ဘိုးထင် ငါနဲ့ အနီးကပ်နေပြီး ငါ့အကြောင်းကို မသိဘူးကို အင်းပေါ့ ရတနာထုပ်ကို တန်းဖိုးမသိတဲ့ လူက ဘယ်တန်းဖိုးထားတက်မလဲ ကွ”

    အမြင်ကပ်စရာ လေသံ အမြင်ကပ်စရာ ဟန်ပန်ကြောင့် မောင်ဘိုးထင် စိတ်အတော်ထိန်းထားလိုက်ရသည် ၊

    “ပြောပါဦး ကိုဖိုးထွေးက ဘယ်လို လုပ်ပြီး နှင်းဆီခိုင် ဖြစ်သွားရတာလဲ “

    “ဟာ မင်းခုထိ မသိသေးဘူးကို ငါပြောပြမယ် ‌အစောက ရေခပ်တဲ့ ငါနဲ့ အရွယ်တူနဲ့ ငါထက်ကြီးတဲ့ လူတွေပါတယ် မဟုတ်လား “

    “ပါတယ်လေ “

    “အဲ့ထဲက မိန်းကလေး လေးယောက်က ငါ့ကို ကြိုက်နေတာကွ”

    “ဟာ ဟုတ်ကော ဟုတ်ရဲ့လားဗျာ “

    “ဘိုးထင်ရာ ဖိုးထွေးပါကွ သေချာတယ် အဲ့ထဲက လေးယောက်က ငါ့ကို ကြိုက်နေတာ ရှေ့ဆုံးက မုန့်ဖတ်ထုပ် လာစားခိုင်းတဲ့ တယောက်က ငါ့ကို အပျိုစကားကို ပြောချင်နေပုံရတယ် “

    “အမ လှရင်ကို ပြောနေတာလား “

    “ဟုတ်တယ် လေ လှရင်ကော  မသန်းမြကော ငါ့ကိုကြိုက်တာ အတော်ဆိုးနေပြီ ကျန်တဲ့ နှစ်ယောက်ကလည်း ငါ့ကို ကြည့်ကြည့် နေတာ မင်းမသိလို့ “

    “ဟာ ကိုဖိုးထွေးကလည်း ကျုပ်ကိုလည်း သူတို့ ကြည့်တာပဲ ခင်ဗျားပြောပုံ အရဆို ကျုပ်ကိုလည်း ကြိုက်နေတာပေါ့ “

    “မင်းကိုကြည့်တာမှန်ပေမဲ့ မတူဘူးကွ မင်းမသိပါဘူးကွာ လာလာ သွားကြရအောင် “

    မောင်ဘိုးထင်သည် ဖိုးထွေးကို မကျေနပ်ပေ အဘယ်ကြောင့်ဆိုသော သူတို့ နှင့် စကားပြောနေသော မိန်းကလေးငါးယောက် အနက် လေးယောက်က သူ့အား ကြိုက်နေသည် ဆိုတာ တော့ ဘယ်လို နည်း နဲ့ မှ မဖြစ်နိုင်ပေ အနောက်ဆုံးမှ မတင်ဝင်းသည် သာ သူအားမကြိုက်ဘူးဟုပြောသည် မတင်ဝင်းကသူအားကြိုက်‌ေနသည်ဟု မပြောချင်းမှာလည်း  ကလေးအမေ ဖြစ်နေလို့သာ  လွှတ်ပေးလိုက်ချင်း ဖြစ်သည် ၊ ဘာပဲ ဖြစ်ဖြစ် မောင်ဘိုးထင် စိတ်ထဲမှာ တအံု့နွေးနွေးနှင့် ဖိုးထွေးကိုကြည့်ကာ ကြည့်ကာ နှင့် သူတို့သွားရမည် နေရာသိူ့ သာ သွားနေကြပါလေတော့သည်။

    ▪️အခန်း-၃

    မောင်ဘိုးထင်တယောက် လှရင်တို့ ရေခပ်သွားမည်လမ်းမှ စောင့်နေသည် ၊ မနေ့က ဖိုးထွေးပြောစကားများကို သူ မယုံပေ ထို့အတွက် ဖိုးထွေးအား  လှရင်တို့ တကယ် ကြိုက်နေလားဆိုတာ မေးမည်ဖြစ်၏၊ မကြာလှသော အချိန်‌တွင် လှရင်တိုတသိုက် ရေအိုးလေးတွေခါးမှာပိုက်ပြီး ခေါင်းမီးသုတ် လုပ်မည်တဘက်လေးများကို ပုခုံးပေါ်တင် ပြီးစကားတပြောပြော နှင့် သူ့အနားရောက်လာ၏

“ဘိုးထင်လေး တယောက်တည်း ဘာလုပ်နေတာလဲ “

    “အမလှရင်တို့ကို စောင့်နေတာပေါ့ဗျာ “

    “ဘာဖြစ်လို့လဲ ဘိုးထင်ရဲ့”

    “မေးစရာ ရှိလို့ ဗျ”

    “အေး မေးလေ ‘

    မောင်ဘိုးထင် သည် လှရင်မှမေးဟုပြောသော အခါ ဝမ်သာသွားပြီး

    “အမလှရင်တို့ ကိုဖိုးထွေးကို ကြိုက်နေတာလား”

    “ဘာလို့လဲ ဘိုးထင် နင်မေးတာခဲ အဆန်းပါလား “

    “ကိုဖိုးထွေးက အမတို့ လေးယောက်လုံးက သူ့ကိုကြိုက်နေတာတဲ့ အမလှရင်က သူကိုအပျိုစကားပြောတော့မယ်ဆိုပဲ “

    “ဟားးဟားးး ဟားး”

    လှရင်တို့သည် လက်တဖက်ကရေအိုးကို ပိုက်ထားရင်း ကျန်လက်တဖက်နှင့် ဗိုက်ကို ဖိပြီး အားရပါးရရယ်မောနေလေရာ မောင်ဘိုးထင် ကြောင် အန်းအန်း ဖြစ်နေရင်း

    “အမ တို့ ဘာလို့ရီနေကြတာလဲဗျ “

    မောင်ဘိုးထင်၏ အမေးကို ရယ်နေရင်း  လှရင်မှ ပြန်ဖြေလေသည်

    “နင့် ဖိုးထွေးကလည်း လောဘကြီးလိုက်တာ  တယောက်တောင်မဟုတ်ဘူး လေးယောက်တောင် ဟိုက မတင်ဝင်းကိုကော သူကို့ကြိုက်နေတယ်လို့မပြောတာတော်သေး’

    “အဲ့တာတော့ မပြောဘူးဗျ”

    “နင့် ဖိုးထွေးက သူ့ကို ကြည့်ပြီး ပြုံးပြတဲ့ သူဆို သူကြိုက်တယ်ထင်နေတာ မဟုတ်လား ဒီလူပျိုပေါက်တွေက ဒီလိုပါပဲ “

    “အဲ့တာဆို မကြိုက်ဘူပေါ့ “

    “ဘိုးထင်ရယ် တို့ရွာမှာ ယောက်ျားဆိုလို့ ဖိုးထွေးတယောက်ထဲရှိရင်တော့ ကြိုက်ရင် ကြိုက်မှာပေါ့ဟယ် ခစ်ခစ် “

    “အဲ့တာဆို အမလှရင်နဲ့ ဟောဟိုက အမသန်းမြက သူကို့ ဘာလို့ မုန့်လာစားဖို့ခေါ်ရတာလဲ “

    “ဟဲ့ဘိုးထင် ဖိုးထွေးကို မကြိုက်ပေမဲ့ အလိုက်သင့် ဆက်ဆံရတယ် ဟဲ့ သူအမေက စပါးပေး ပေးနေတာ တော်ကြာ ဒီကောင်ပေါက်ကရ သူ့မိဘတွေကို မချွန်ဘူးလို့ပြောနိုင်လား “

    “ဪ ဒါကြောင့်ကို “

    မောင်ဘိုးထင် ခေါင်းတညိတ်ညိတ်နှင့် ပျိုးတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး အကြောင်းကို သိလိုက်ချိန် လှရင်တို့ အပျိုတသိုက် သည်လည်း ‌ေမာင်ဘိုးထင်ကို နုတ်ဆက်လို့ ရေခပ်ရန်ထွက်သွားကြပါလေတော့သည် ။

    ▪️အခန်း-၄

    “ဟားးးဟားးးဟားးးသူ့ကိုသူ အထင်ကြီးနေတဲ့ ကိုဖိုး‌”

    “ငနာကတော့ သေတော့မှာပဲ “,

   မောင်ဘိုးထင်ပြောစကားကို နားထောင်ပြီး  တဟားဟားရယ်ကာ အသံကျာ်ကြီူနှင့် စကားပြောနေသော အောင်သန်း၏ ပါစပ်ကို သာအေးမှလက်နှင့်ပိတ်လိုက်ပြီး

    “မင်းက အကင်းကို မပါဘူး အဲ့တာကြောင့် တချို့နေရာတွေမင်းကို မခေါ်တာ “

    ဆရာကြီးလေသံဖြစ် ဩဝါဒချွေနေသော သားအေးအား အောင်သန်းမှ ဇက်ကလေးပုပြီး ငြိမ်သွားကာ ခေါင်းညိတ်ပြီး အသိအမှတ်ပြုနေပေသည် ၊ သာအေးပြောတာ မှန်ပေသည် မောင်ဘိုးထင်တို့ အဖွဲ့တွင် ဖိုးထွေး ၊ သာရ၊ သာအေး၊ပေတူ း တို့သာအတွဲများသည် ၊ ကျန်သောသူများနှင့် အတော်ကို ရင်နှီးပေမဲ့ သိပ်မတွဲပေ ၊ ယခု အောင်သန်းအား ‌သာအေး ဆူနေချင်းမှ အပင်အောက်တ‌ွင်ရှိနေသော ဖိုးထွေးအား ဟားတိုက်မိမလို့ဖြစ်သောကြောင့် ဖြစ်သည်၊  မောင်ဘိုးထင်တို့ သရက်ပင်ပေါ်မှာစကားပြောနေစဉ် သရက်ပင် အောက်မှ ဖိုးထွေး‌ရဲ့ စကားသံက ပေါ်လာသည်

    “ဟေ့ကောင်တွေ တိုးတိုး နဲ့ ငါတို့ အတင်းပြောလို့ပြီးရင် ဆင်းခဲ့ကြ ပြောစရာရှိတယ် “

    မောင်ဘိုးထင်တို့ ဖိုးထွေးစကားကြားသောအခါ သရက်ပင်အောက်သို့ဆင်းလာကြပြီး ဖိုးထွေးတို့ နှင့် မျက်နှာ ချင်းဆိုင်မှာ ထိုင်လိုက်ကာ

    “ကျုပ်တို့ရောက်ပြီ ကိုဖိုးထွေး “

    “အေး ငါနဲ့ သာရက မင်းတို့ ထက်အသက်ကြီးတယ်ဆိုတော့ အတွေ့အကြုံလည်း ပိုနေပြီ ပြီးတော့ မင်းတို့ ထက်အရင်ထမင်းစားတာဆို‌တော့”

    “ကိုဖိုးထွေး အရစ်ရှည်မနေနဲ့ ပြောစရာရှိတာ‌ေပြာဗျာ နေကစောင်းနေပြီ တော်ကြာ နွားသွင်းချိန်‌ေရာက်တောင် လိုရင်းမရောက်ဖြစ်နေမယ် “

    “အေး မင်းတို့က ပညာရှိစကားဆို အဲ့လိုပဲ အလေးမထားဘူး နားထောင်ကြ ငါတို့ ရွာနီးချုပ်စပ်တွေကို ဓားပြတိုက်ခံရတယ်ဆိုတာ ကြားတယ် မဟုတ်လား “,

    “ကြားတယ် အဘပြောတယ်ဗျ”

    “အေး ငါတို့က တို့ရွာကို ကာကွယ်ရမယ် “

    “နေပါဦး အဲ့တာက ကိုဖိုးထွေး အဖေ လုပ်ရမှာ မဟုတ်လား “

    “,မင်းတို့ကလည်းကွာ တယောက် တလက် ကျောင်းသားလက် ဆိုတာ မကြားဖူးဘူးလား “

    “အင်း ကြားဖူးတယ် “

    “အေး တို့နွားကျောင်းသားတွေကလည်း တလက် ပါဝင်ရမယ်လေ အဲ့တာမှ တို့ရွာသားတွေ ဒုက္ခမရောက်မှာ မဟုတ်လား”,

    မောင်ဘိုးထင်တို့ ငိုင်နေသည် ဖိုးထွေးပြောသည့် တယောက်တလက် ကျောင်းသားလက်ဆိုသည်မှာ နွား‌‌ေကျာင်းသားကို ဆိုလိုချင်းမဟုတ်ဘူးဆိုတာ သူတို့သိသည် သိူ့ပေမဲ့ သူတို့လည်း ဘယ်ကျောင်းသားကို ပြောမှန်းမသိ၍ သာ ငြိမ်နေလိုက်ပြီး ဖိုးထွေး နောက်ထပ်ပြောမဲ့ စကားကို သာ နားထောင်နေလိုက်သည် ၊ဖိုးထွေးသည် ဆက်ပြီးစကားဆိုလာသည်

    “ငါတို့ ရွာကို ကာကွယ်ဖို့ သူရဲကောင်း အဖွဲ့ ဖွဲ့မယ် မင်းတို့ပါကြမလား “,

    “သူရဲကောင်းဆိုတာ ဘာပြောတာလဲဗျ”

    ပေတူးသည် သူရဲကောင်းဆိုသည် စကားရပ်ကို နားမလည်၍ ဖိုးထွေးအားမေးလိုက်ရာ ဖိုးထွေးသည် မောင်ဘိုးထင်တို့ အားလုံးကို အ ရန်ကော ဟု သဘောရသော အကြည့်နှင့်ကြည့်ကာ

    “မှတ်ထားကြ သူရဲကောင်းဆိုတာ ဟိုဟာကွာ  ဟိုလေ လူအများကြီးကို ကာကွယ်တာကွာ “

    “ကိုဖိုးထွေးက ဆရာကြီးလည်း လုပ်ချင်တယ် သေချာလည်း မပြောပြတက်ဘူး “

    ပေတူး၏ မကျေမနပ်စကားကြောင့် ဖိုးထွေးသည် မကြည်သလို ပေတူးကို ကြည့်လိုက်ပြီး

    “ငါ သူရဲကောင်းရွေးမယ် ပါမဲ့ကောင်တွေကို တပတ်ကို ကြက်ကာလားသားချက် တခါကျွေးမယ် “

    “ပါမယ် ပါမယ် “

    မောင်ဘိုးထင်တို့အားလုံး သူရဲကောင်းအဖွဲ့ထဲ ပါမည်ပြောရာ ဖိုးထွေးသည် လက်ကို ကာပြလိုက်ပြီး

    “နေဦး နေဦး ဒီတိုင်းပါလို့မရဘူး ရွေးရဦးမှာ ငါတို့ စမ်းသပ်တာကို အောင်တဲ့ ကောင်ကသာ သူရဲကောင်းအဖွဲ့ ထဲ ပါရမယ်  ဘိုးထင်က ဟိုပညာတက်တယ် ဆိုတော့ သူရဲ ကောင်းရွေးချယ်ပွဲမှာ မအောင်လည်း  မင်းက ငါတို့ကို ကူညီနိုင်မဲ့ နည်းကို ဦးအုန်းဆီက သင်ထားရမယ် “

    မောင်ဘိုးထင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်၊ ထိုနောက်သာအေးသည်

    “ကိုဖိုးထွေး သူရဲကောင်းဘယ်လို ရွေးမှာလဲ “

    “ငါ့ အဘ ငါ့ကိုပြောဘူးတာတော့ သူရဲကောင်းရွေးရင် လက်မထိပ်ကို သံရိုက်ပြီး မတွန့်တဲ့သူကို ရွေးတယ်လို့”

    “ကျုပ်တို မပါတော့ဘူး “

    “ဟုတ်တယ် ကျုပ်လည်း မပါဘူး သူရဲကောင်းရွေးတဲ့ သံရိုက်တဲ့ ဒဏ်ရာနဲ့ အဖျားတက်မှာ သေချာတယ် ကျုပ်တို့မပါတော့ဘူး”

    မောင်ဘိုးထင်တိူ့သည် ဖိုးထွေး၏ စကားမဆုံးခင် သူရဲကောင်း အရွေးခံပွဲ မစခင် နုတ်ထွက်နေကြရာ  ဖိုးထွေးမှ ပြာပြာသလဲ နှင့်

    “ဟာ ငါ့ကောင်တွေရ သံနဲ့တော့ မရိုက်ပါဘူးကွာ သဘောပြောတာပါ “

    “အဲ့တာဆို ဘယ်လိုရွေးမှာလဲ “

    “ရွေးချယ်မှူကို ကိုင်တွယ်မှာကတော့ ငါတို့ရဲ့ သူရဲကောင်းကြီး သာရ ပဲကွ”

    သာရသည် ၊ဖိုးထွေး၏ စကားကြောင့် ပြုံးပြုံးကြီးလုပ်နေလေရာ အောင်သန်းမှ အသံလေးလေးကြီးဖြစ်

    “ကိုသာရက ဘယ်လိုလုပ် သူရဲကောင်းဖြစ်တာလဲဗျာ “

    “ဟအောင်သန်းရ သာရကသူရဲကောင်းကွ ငါမိကျော့ကို ဘင်ဂျိုနဲ့ သီချင်းသွားဆိုတုန်းက မိကျော့အဘ လေးဂွနဲ့ လှမ်းထုတာ ဒီကောင့်ရင်ဘက်ကို မှန်တာ ဒီကောင်  တွန့်တောင် မတွန့်ဘူး အဲ့တာကြောင့် ဒီကောင်သာရ က သူရဲကောင်းပေါ့ကွာ “

    မောင်ဘိုးထင်တို့ ခေါင်းတညိတ်ညိတ်နှင့် သာရကို အားကျသော အကြည့် သို့တည်မဟုတ် လူမိုက်ဟုသော အကြည့်နှစ်မျိုးနှင့် ကြည့်နေလေရာ သာရသည် ချောင်းတချက်ဟမ်းလိုက်ကာ

    “အဟမ်း သူရဲကောင်းလောင်းလျာတို့ “

    “ကျုပ်တို့ကို ပြောတာလား”,

    “အေးလေ”

“ဟုတ်ဟုတ် ဆက်ပြော “,

    “အေးအေး”

   မောင်ဘိုးထင်၏ အမေးကို သာရဖြေပြီး သူ၏ စကားကို ဆက်လေတော့သည်

    “အဟမ်း အဟမ်း သူရဲကောင်းလောင်းလျာတို့ မနက်ဖြန်ငါတို့ သူရဲကောင်းအဖွဲ့ရဲ့ သူရဲကောင်းတွေကို ရွေးမယ် “,

    “ဘယ်လို‌ေရွးမှာလဲ “

    “အရွေးခံမဲ့သူက ကျောပေးပြီး အတန်လှမ်းတဲ့နေရာမှာ ရပ်နေရမယ် “

    “ရပ်ပြီး ဘာလုပ်ရမှာလဲ “

    “ငါတို့က လေးဂွနဲ့ ပစ်မယ် မတွန့်တဲ့ကောင်က သူရဲကောင်းပဲ “

    “,ခင်ဗျားတို့က လက်ကန်းတွေ  မတော်လို့ မျက်လုံး  နဲ့ ခေါင်း မှန်ရင် ဘယ်လို လုပ်မလဲ “,

    သာအေးမှ ထိုသို့ပြောသောအခါ  ဖိုးထွေးသည်

    “အဲ့အတွက် မပူနဲ့ ငါကြိုတွေးထားတယ် ခွဲတောင်းကို ခေါင်းးစွပ်ပေးထားမယ် “

    “ဟာ မလုပ်ချင်ပါဘူးဗျာ လောက်စာလုံး မှန်ရင် သက်သာမှာ မဟုတ်ဘူး “

    “မင်းတို့ အဲ့လိုပြောမယ်မှန်းသိလို့ ငါ့အဘအိမ်က ကြက်တကောင် သာရအိမ်က ကြက်တကောင် နှစ်ကောင်ကို သူရဲကောင်းတွေကို ထန်းရည်အချို နဲ့ ကြိုဆိုပါမယ် “

    “ထန်းရည်နဲ့က ကြက်ကြော်မှ  လိုက်တာ ဗျ”

    “တကောင်ကြော်မယ် တကောင်ချက်မယ်ကွာ “

    မောင်ဘိုးထင်တို့ တွေးနေကြသည် လောက်စာ တချက် မှန်ရုံနဲ့ ကြက်သားစားရမည့်အရေး သူတို့တွေးနေသည် ၊ သူတို့စိုးရိမ်နေသည့်အချက် တချက်ရှိသည် ထိုအရာက အခြားမဟုတ် ‌သူတို့အားလေးဂွ နှင့် လှမ်းပြစ်မည် အကွာအဝေး ဖြစ်သည် ‌နီးနီးလေးက လှမ်းပြစ်က ကြက်သားစားရတာ နဲ့ မကာ မိဖြစ်မှာ လည်း ကြောက်နေလေရာ မောင်ဘိုးထင်မှ

    “ဒါနဲ့ ကိုဖိုးထွေးတို့က ဘယ်နားက ပစ်မှာလဲ “

    ဖိုးထွေး ခဏတွေးနေလိုက်ပြီး လယ်ကွင်းပြင်ကို ကြည့်ကာ  လက်ညိုးထိုလိုက်ပြီး

    “ဒီကနေ ဟို ကန်သင်းလောက် “

    “ဟာ နီးတာပေါ့ ခင်ဗျားတို့ အပစ်ခံကြည့်ပါလား “

    “အဲ့တာဆိုလည်း ဒေါ်သန်းမေ လယ်အစပ်ကွာ “

    မောင်ဘိုးထင်နှင့် ဖိုးထွေး နေရာ သတ်မှတ်နေစဉ် သာရမှ ဖိုးထွေးကိုကြည့်ကာ

    “ဖိုးထွေး မင်းဟာက ပစ်ရင် မှန်ကော မှန်ပါ့ဦးမလားဟ အဲ့လောက် အဝေးကြီး “

    “မှန်ပါတယ်ကွာ  “

    “မှန်ရင်တောင် ဒီကောင်တွေ တွန့်မတွန့် မြင်ရပါမလား “

    “မင်းအဲ့ကောင်တွေအနားသွားကြည့်လေ “

    “ဟာ မင်းကလည်း မင်းလက်ကြီးကိုက ယုံရတာမဟုတ်ဘူး ဒီကောင်တွေကို မမှန်ပဲ  ငါ့လာမှန်ရင် ဘယ်လို လုပ်မလဲ “

    သာရ၏ စကားကြောင့် မောင်ဘိုးထင်တို့သည် သူရဲကောင်းဖြစ်ပြီးပြီဟုပြောသော သာရ ဆီသို့ အကြည့်များ‌ေရာက်ရှိသွားကြပါလေတော့သည်။

    ▪️အခန်း

    မောင်ဘိုးထင်သည် ဦးအုန်းအား ထုံစံအတိုင်းသိတက် လိမ်မာနေလေရာ ၊ ဦးအုန်း တယောက် မောင်ဘိုးထင်ကို ကြည့်ကြည့်ကာ နှင့် တခုခုကို ထိတ်လန့်နေပုံပေါ‌်နေသည်။  ထို့နောက် ဦးအုန်းသည် စိတ်ထဲ မှာ ရှိသည့် အတိုင်း ပါးစပ်မှ ပွင့်လာတော့သည်

    “ကောင်လေး ဘိုးထင် မင်းငါ့ကို ဒီလောက်ဂရုစိုက်နေရင် ငါမျက်ခုံးတွေ လှုပ်လှုပ်လာတယ်နော် “

    “အော် အဘရယ်  တအိမ်ထဲ အတူနေတဲ့ ကျုပ်တို့ နှစ်ယောက်က  ဒီလောက်မှ ကြင်ကြင်နာနာ မရှိလို့ရင် အဆင်ပြေပါ့မလားဗျာ အဘ ညောင်းကိုက်နေလာ ကျုပ်နှိပ်ပေးမယ် “

    “ရတယ် မညောင်းဘူး နှိပ်ပေးချင်း နှိပ်ပေး ငါကမင်းကို နှိပ်ပေးရမှာပါ “

    “ဟာ အဘကလည်း ငရဲ ကြီးအောင်”

    “အောက်လမ်းက ငရဲကြီးမှာ ကြောက်နေသေးတယ် “

    “အဘက ကျုပ်ကို ဘာလို့နှိပ်ပေးချင်နေတာလဲ”

    “မင်းက တနေ့ကုန် ရွာရိုးကိုးပေါက် လျှောက်သွားနေတဲ့ကောင် မိုလို့ပေါ့ဟ “

    “ဟ အဘကလည်းဗျာ ကျုပ်ဇက်ကျောဆွဲပေးမယ် “

    အကြံကြီးသော မောင်ဘိုးထင်သည် ဦးအုန်းအား ဇက်ကျောလေး ဆွဲပေးလိုက် ပခံုးလေးနှိပ်ပေးလိုက်နှင့် သူသိချင်သော ပညာရပ်များကို မသိလိုက်မသိဖာသာမေးမြန်နေလေသည် ၊ဦးအုနး်သည်က မျက်လုံးလေး မှေးပြီး ဇိမ်ခံရင်း မောင်ဘိုးထင်မေးသမျှကို ဖြေကြားနေပါလေတော့သည်။

    ▪️အခန်း

    ဖိုးထွေးနှင့် သာရ၏ ပေပင်ရွာ သူရဲကောင်းရွေးပွဲက စတင်နေပြီ ဖြစ်သည် ၊ ဖိုးထွေးသည် လေးဂွကို လောက်စာထည့်ပြီးကိုင်ထားကာ သာအေးအား အရင် သူပြောသည့် နေရာသို့ သွားခိုင်းလိုက်သည် ၊ ထို့နောက် ခွဲတောင် တလုံးကို ယူသွားခိုင်းပြီး ခေါင်းကို စွပ်ပြီး ရပ်နေစေသည်

    “သာအေး ငါပစ်တော့မယ် နော် မင်းမတွန့်နဲ့ ကြားလား “

    “ပစ်မှာ မြန်မြန်ပစ် ဗျာ”

    “အေးပါဟ “

    ဖိုးထွေးသည် လေးဂွကို ဆွဲပြီး ပစ်လိုက်ရာ သာအေးအားမထိပေ ထိုအခါသာအေးသည်

    “ရပြီ မမှန်တာ တော့ ကျုပ်လည်း မတက်နိုင်ဘူး “

    သာအေးသည် ခွဲတောင်းကို ချခဲ့ပြီး ဖိုးထွေးတို့အနား ပြန်လာကာ

    “ကျုပ်သူရဲကောင်းဖြစ်ပြီနော် “

    “အေးပါကွာ “

    ထို့‌ေနာက် ပေတူး မောင်ဘိူးထင် ပြီးနောက် ဖိုးထွေးကိုယ်တိုင်တို့အား လောက်လေးဂွနှင့် အပြစ်ခံပြီးလောက် သူရဲကောင်း အဖြစ်သို့ ရောက်ရှိကုန်ရာ သာရ နှင့် ဖိုးထွေးယူလာသော ကြက်ကြော် ကြက်သားချက် ထန်းရည်ချိုတို့ နှင့် အောင်ပွဲခံနေကြပါလေတော့သည်။

မောင်ဘိုးထင်တို့ သောက်စားနေကြစဉ် အောင်သန်းတယောက် လွယ်အိတ်ကို လွယ် လောက်လေးဂွကို လက်က ကိုင်ပြီး အမောတကော နှင့်  အပြေးရောက်လာကာ

    “ကိုဖိုးထွေး ကိုဖိုးထွေ ကျုပ်တို့ရွာဘက်ကို  “

    အမောတကော ပြေးလာသော အောင်သန်းအား မောင်ဘိုးထင် သည်  ထန်းရေချိုလေးတခွက် ကမ်းလိုက်ပြီး ကြက်‌ေကြာ်လေးအား ‌ဖဲ့ပေးလိုက်၏  အောင်သန်း သည် မောင်ဘိုးထင် ကမ်းပေးသော ထန်းရည် ကို ယူသောက်လိုက်ပြီး  ကြက်ကြော်ကြိ စားလိုက်ကာ နောက်တခွက် ထပ်တောင်းပြီး အလယ်မှ ကြက်ကြာ်ကို ဖဲ့ပြီး မြည်းဘလိုက်ကာ အတန်ကြာမှ

    “ဟာ ကိုဖိုးထွေး။ရွာဘက်ကို ဓားပြတွေ လာနေတယ် “

    “ဟ မင်းရောက်‌ေရာက် ချင်းဘာလို့မပြောတာလဲ ကွာ”

    “ပြောမလို့ပဲလေဗျာ  ထန်းရည်နဲ့ အမြည်းက ကောင်းနေလို့ ပါ”

    “တောက် ဒီအငတ်က လည်းတမျိုး”

    ဖိုးထွေသည် အောင်သန်းကို မာန်မဲ လိုက်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေစဉ် မောင်ဘိုးထင်မှ

    “ကိုဖိုးထွေးတို့ ဘာမှ မပူနဲ့ ခင်ဗျားတို့ ကျုပ်ကို ယုံတယ် မဟုတ်လား ကျုပ်တို့ ဓားပြတွေကို သွားချကြအောင် “

    “ငါတို့ မှာက  လေးဂွပဲပါတာလေ သူတို့က ဘာတွေ ပါမှန်းမသိဘူး “

    ဖိုးထွေး နှင့် မောင်ဘိုးထင် ပြောနေချိန် အောင်သန်းသည်

    “ဓားပြက လေးယောက်ဗျ ဓားတွေကိုင်ထားကြတာ နွားးနှစ်ကောင်ကုိ လည်း ဆွဲလာသေးတယ် “

    “ဘယ်နားမှာလဲ “

    “အမေကြီး ငယ်လေးအကွက် ဘက်မှာ “

    “ရွာနဲ့ လှမ်းတော့ လှမ်းတယ် ငါတို့ သွား ကြမယ် “

    ဖိုးထွေးတို့သည် ဟေ့  ဝါး  အော်၍ အားမာန်တင်းလိုက်ပြီး အောင်သန်းခေါ်ရ‌ေနာက်သိူ့ လိုက်ပါသွားပါလေတော့သည်။

    ▪️အခန်း

    မောင်ဘိုးထင်တို့ အတန်ကြာ လမ်းလျှောက်ပြီးသော အခါ အောင်သန်းမှ ကျွန်မနိုင်ပင်များကြားထဲ  ဝပ်နေစေသည် မောင်ဘိုးထင်တို့လည်း ဝပ်လိုက်၏ သူတို့၏ မလှမ်းမကမ်း လှည်းလမ်းတွင် ဓားများကို ကိုင်ဆောင်ထားသော လူမျာသည် အောင်သန်းပြောသော လေးယောက် မဟုတ်ပဲ ငါးယောက်ဖြစ်သည် ၊ ဓါးများကိုတော့ တယောက်‌တချောင်းကိုင်ထားကြပြီး ဓားပြများထဲမှ တယောက်၏ လက်တွင်တော့ ပုဆိုးနှင့် ထုပ်ထားသော  အထုတ်တထုတ်အား ကိုင်ထားရာ  ‌ဖိုးထွေးသည် တိုးတိုးနှင့်

    “ဟေ့ကောင်တွေ အဲ့ ဟိုလူကိုင်ထားတဲ့ ပုဆိုးထုပ်ထဲက သေနတ်တွေဖြစ်မယ် “

    “ဟုတ်လောက်တယ် ငါတို့ ဘယ်လို လုပ်မလဲ ဖိုးထွေး “

    ထိုအခါ ဖိုးထွေးသည် မောင်ဘိုးထင် ဘက်လှည့်ပြီး မျက်စာ ပစ်လိုက်ကာ

    “မနေ့က ကျုပ်အဘပြောထားတဲ့  သရဲပူးပြီး ခိုင်းတဲ့ နည်းတော့ ရှိတယ် ခင်ဗျားတို့ ကို ဝင်ပူးမှာ ဘယ်လိုလဲ လုပ်ရဲလား “

    မောင်ဘိုးထင်စကားကြားသောအခါ သူတို့အားလုံး တယောက်မျက်နှာ တယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်၊ ထိုအခါါ မောင်ဘိုးထင်သည် သစ်ရွက် တရွက်ကို ခူးကာ သူမှအပ ကျန်သူများ၏ လက်‌ေချာင်းထိပ် လေးကို ဖောက်ပြီး သွေးစလေးများ အနည်းငယ် ထည့်ကာ လေသံတိုးတိုးနှင့်

    “ကိုဖိုးထွေးတို့ ကျုပ် ခဏနေပြန်လာခဲ့မယ် ဒီကပဲစောင့် “

    “အေးအေး မြန်မြန်တော့ပြန်လာ “,

    မောင်ဘိုးထင် ထွက်သွားလိုက်သည် အတန်လှမ်းသော နေရာရောက်သော အခါ သရဲ သဘက်များကို မြင်နိုင်စေရန် မတ္တန်တပုဒ်ကို  ရွတ်လိုက်ပြီး သူ၏ လက်ညှိုးဖြစ် သူ၏ ခြေမှ ခြေစာ မှုန့် အနည်းငယ် ကို ယူကာ ကွင်းလိုက်သည် ထိုအခါ သစ်ပင် များတွင် ထိုင်သူ ထိုင် သစ်ကိုင်းမှာ ဇောက်ထိုး နေသူက နေ နှင့် သရဲ တစ္ဆေ များစွာကို တွေ့ရသည် ၊ မောင်ဘိုးထင်အား သူတို့ကို မမြင်ဘူးအထင် နှင့် ဂရုပင်မစိုက်ပေ သူအတန်ကြာ သစ်ပင် အရိပ်များကို လိုက်ကြည့်နေရာ ကြီးမားသော ညောင်ပင်ကြီး တပင်အ‌ေရာက် ခက်ထန်ကြမ်းတန်းသည့် ဟန်နှင့် သရဲကြီးငါးကောင် ထိုင်နေလေသည် ၊ မောင်ဘိုးထင် ထွေထွေ ထူးထူး စဉ်း စားမနေတော့ပဲ သွေးများထည့်ထားသော သစ်ရွက် ကိုယူကာ

    “ဟ‌ဲ့ သ‌ရဲတွေ နင်တို့ နဲ့ ကမ်းလှမ်းစရာ ရှိတယ် “

    မောင်ဘိုးထင်၏ စကားကြားသောအခါ သရဲကြီးများသည် မောင်ဘိုးထင်ကို ကြည့်ပြီး

    “မင်းက တို့ကို မြင်ရတာလား”

    “အေးမြင်ရတယ် မင်းတို့ ငါခိုင်းတာ လုပ်ရင် မင်းတို့အားလံုးကို  အမဲသား သုံးပိဿကျွေးမယ်”

    “မင်းတကယ်ပြောတာလား “

    “အေးတကယ်ပြောတာ “

    “အဲ့တာဆိုလုပ်မယ် ဘာလုပ်ရမှာလဲ “

    “ဒီသွေးတွေ ရဲ့ ပိုင်ရှင်တွေကို မင်းတို့ ဝင်ပူးကြ ပြီးရင် ငါဘာလုပ်ရမယ်ဆိုတာ  ခိုင်းမယ် “

    မောင်ဘိုးထင်သည် သွေးများထည့်ထားသော သစ်ရွက်အား သရဲကြီးများရှေ့ ချပေးလိုက်ရာ သရဲကြီးများသည် သစ်ရွက်ကို ဝိုင်းပြီး နမ်းလိုက်ပြီး အရိပ်ပမာ လျှင်မြန်စွာ နှင့်  ပြေးထွက်သွားကြပါလေတော့သည်။

    ▪️အခန်း

    မောင်ဘိုးထင် ညောင်ပင်အောက်မှ သရဲများနှင့် အပေးအယူတည့်ပြီး၍  ဖိုးထွေးတို့ရှိသော နေရာကို ပြန်လာသောအခါ ဖိုးထွေးတို့ ငါးယောက်လုံးသည် မက်တပ်ရပ်လျက်ရှိနေပြီး မျက်ထောင့်များနီရဲကာ ‌ေချွများပြန်နေလေသည် နေပုံထိုင်ပုံများသည် လည်း လူကြမ်းကြီးများနှင့် တူနေလေရာ သရဲများဝင်ပူးနေသည်ဆိုတာ မောင်ဘိုးထင်သိလိုက်သည် ထို့နောက်မောင်ဘိုးထင်သည် ဝင်အပူးခံနေရသော ဖိုးထွေးတို့ ကုိကြည့်ကာ

    “မင်းတို့ကို ခိုင်းမယ် ဆိုတာ ဟိုလူတွေကို နိုင်အောင် ချခဲ့ သတ်တော့ မသတ်နဲ့ ကြားလား “။

ဝင်ပူးခံနေရသော ဖိုးထွေးတို့သည် ဓားကိုင်ထားသော ဓါးပြ ငါးယောက်ဘက်သို့ ပြေးဝင်သွားပြီး မယုံကြည်နိုင်လောက်အောင် လျင်မြန်‌ေသာအရရှိန်နှင့်  ဓါးများကိုယ် ရိုက်ပုတ်ဖယ်ရှားကာ အမှောက်သိပ်လိုက်‌ကြတော့ ခဏ လေးနှင့် ဓားပြများ မှောက်သွားချိန် ဝင်ပူးခံနေရသော ဖိုးထွေးတို့ သည် တယောက်ကို တယောက်ကြည့်ကာ  ဓားများကို ကောက်ကိုင်လိုက်ပြီး

    “ဟားးးဟားးး မိုးသီးတို့ ဓားကိုင်လို့ရနေပြီဟေ့ ဟေ့ကောင်တွေ ငါတို့တွေ ဓါးမကိုင်ရတာဘယ်လောက်ကြာပြီလဲ  ငါတို့ အခု ဓါးပြသွားတိုက်ကြမယ် ငါ့ရဲ့ စည်းမျဥ်းအတိုင်း လူမသတ်ရဘူး မုဒိမ်းမကျင့်ရဘူး ကြားလား “

    “ဟုတ်ကဲ့ပါ ဗိုလ်မိုးသီး”

    မောင်ဘိုးထင် ချွေး‌များပြန်နေပြီ  ဖြစ်သည် လူဓားပြ ရန်က ကင်းပြန်သော လည်း သရဲ ဓားပြများက ကြမ်းနေချေပြီး အခုအချိန် သွားတားရင် ဓားနောက် နဲ့ ထုလိုက်မှဖြစ် ဂိနေနိုင်သည်၊  ဦးအုန်းပြောသော သူတို့ဝါသနာကို သိရမယ် ဆိုသော အချက်ကို မေ့ပြီး ပူခိုင်းလိုက်မိသည် ၊ ယခု သရဲများ၏ ဝါသနာက ဓားပြတိုက်ချင်းဖြစ်လေရာ မောင်ဘိုးထင် ကြံရာ မရသည်အဆုံး ဦးအုန်းဆီသို့သာ အပြေးလှမ်းလိုက်ရပါလေတော့သည် ။

    ▪️အခန်း

    မောင်ဘိုးထင်သည် ဦးအုန်းအား အပြေးလေးသွားပြောပြီး ချိန်တွင်တော့  အိမ်တွင် ဦးအန်ုးက ရှိမနေပါ ၊ မောင်ဘိုးထင် မည်သို့ လုပ်ရမည်နည်းဟု တွေးကာ ဟိုသွားလိုက်ဒီသွားလိုက် လုပ်နေရာ တနာရီမျှ ကြာချိန်တွင် ဦးအုန်းပြန်ရောက်လာသည် ၊ မောင်ဘိုးထင်သည် ဖြစ်ပျက်သမျှ အကုန်ပြောလိုက်သော အခါ ဦးအုန်းသည် သူ၏ လွယ်အိတ်ကို လွယ်ပြီး ထွက်သွားတော့သည် ၊ မောင်ဘိုးထင် လိုက်မည်ပြုရာ

    “ကောင်လေး မင်းအိမ်မှာပဲနေ တကယ့်ကောင်တွေ ငါကလည်း  ဇက်ကျောဆွဲတာ ခံမိလိုက်တာကိုက ငါ့အပြစ်”

    ဦးအုန်းတယောက်  သူ့ကိုယ်သူ အပြစ်တင်ကာ ရွာထဲ ထွက်သွားတော့ သည်  တန်းလျားတွင်တော့ မောင်ဘိုးထင် သည်   ထိုင်ရမလို ထရမလို  နှင့် မထိုင်နိုင်ပဲ   ထလိုက် ထိုင်လိုက်ပြုလုပ်နေ၏ နောက်ဆုံး ထိန်းမရသည့် အဆုံး  ရွာထဲ သို့လိုက်သွားလိုက်ပါလေတော့သည် ၊ ရွာထဲတွင် ဟိုးလေးတကြော်ဖြစ်နေသည် ရွာလူကြီးသား ဖိုးထွေးဦးဆောင်ပြီး သာရနှင် ကလေးများ ဓားပြတိုက်သည် ဟုသတင်းဖြစ်သည် ၊ ထိုသတင်းကြား၍ မောင်ဘိုးထင်သည် ရွာလူးကြီးအိမ်သွားစဉ် ထိတ်တုံး တခုတွင် သာရ နှင့် ဖိုးထွေး ကျန်ထိတ်တုံးတွင် သာအေး ပေတူး နှင့် အောင်သန်း တို့ ဖြစ်ပြီး မျက်ကွင်း တဖက်စီညိုနေလေသည် ၊ မောင်ဘိုးထင် သေချာကြည့်သော အခါ လင်သီးနှင့်ထိုးခံထားရပုံပေါ်၏ ၊ ဖိုးထွေး နှင့် သာရတို့ သည် မောင်ဘိုးထင်ကို မြင်သော အခါ ဖိုးထွေးမှ တန်းးလျားတွင် ထိုင်နေသော သူ၏ အဘအား

    “အဘ အဘ ကျုပ်တို့ ဆရာကြီးလာပြီ ကျုပ်တို့ကို သူခိုင်းတာ “

    ဖိူထွေး၏ စကားကြောင့် မောင်ဘိုးထင် ကြောင်ငေးနေစဉ် ရွာလူကြီး‌ေရာက်လာပြီး ဖိုးထွေးတို့ နှင့် အတူ ထိတ်တုံး ခက် ခံလိုက်ရပါလေတော့သည် ၊ ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင် သူတို့ နှင့် ထိတ်တံုးခက် ခံရကာမှ  အညိုအမဲ စွဲနေသော မျက်လံုးနှင့် သူ့အားကြည့်လိုက်ပြီး ပြုံးပြကာ

    “ဘိုးထင်ငါတို့ သူရဲကောင်း ဖြစ်ပြီလား “

    “လာမရွဲ့ နဲ့ ဗျာ အခု ကိစ္စက ကျုပ်တယောက်ထဲ ကြောင့် မဟုတ်ဘူး “

    “မင်းမှ အပြစ်မရှိဘူး အပြစ်ရှိတာ ဟိုငနွားအောင်သန်းလေး တို့ရွာက ခိုးသွားတဲ့ နွားကို  နွားသူခိုးနဲ့ပါ မိလို့ ရွာပြန်လာပို့တာကို ဓားပြဆိုပြီး ပြတဲ့အဲ့ကောင်ကြောင့် “

    “ပြီး‌‌ေတာ့ မင်းလည်း ဘာထူးလဲ ဓားပြသရဲကိုမှ ငါတို့ကို ပူခိုင်းရတယ်လို့ ဘိုးထင်ရယ် “

    “ဘာဖြစ်လို့လဲ ကိုသာရ “

    “ရွာဝင်ဝင် ချင်းက ငါကြိုက်နေတဲ့ မိချိုရဲ့အဘကို ငါဓါးပြတိုက်ရင် ဓားနောင့် နဲ့ ထု လိုက်မိယ်တဲ့ကွာ ငါ နဲ့ မိချိုလေးဝေးပါပြီကွာ “

    သာရသည် ဝမ်းနည်းကြေကွဲစွာပြောနေ၏ မောင်ဘိုးထင်မှာ ထိတ်တုံးခက်ခံထားရသော  သာအေး ပေတူး နှင့် အောင်သန်းတို့ကို ကြည့်လိုက်သည့်အခါ သူ့အား ပြုံးပြနေသည်မို့ စိတ်သက်သာရရသွားချိန် ဦးအုန်းရောက်လာကာ မောင်ဘိုးထင်တို့အား

    “ဟေ့ကောင်တွေ ငါ ရွာလူကြီးကို သေချာပြောခဲ့ တယ် မင်းတို့ကာ မနက်ဖြန်မှ လွှတ်လိမ့်မယ် ကောင်လေး ဘိုးထင် မင်းက ဒီလောက်အစွမ်းပြချင်နေတာ မင်းကို စုန်းးတွေပေါ်တဲ့ သဲကုန်ရွာကို အလုပ်ခိုင်းဦးမယ် မင်းဘေးက ကောင်နှစ်ယောက်ကိုပါ ခေါ်သွား ကြားလား “

    မောင်ဘိုးထင် ခေါင်းညိတ်ပြီးသာ အသိအမှတ်ပြုချိန် ဦးအုန်းသည် ဆက်ပြီးစကားဆိုလာသည်

    “တော်သေးတာပေါ့ကွာ စည်းရှိကမ်းရှိတဲ့ ဓားပြတွေ ဝင်ပူးလို့သာပဲ လူသတ် မုဒိမ်းကျင့် တဲ့ ဓားပြတွေသာဝင်ပူးလို့ကတော့ မင်းတို့ ဒုက္ခရောက်ပြီ ဒါတောင် ရွာထဲက လူငယ်‌ငါ‌း‌ေယာက်လောက် သွားကျွတ်ကုန်သေးတယ် ဟိုကောင်သာရ မင်းနဲ့ သာအေးက အဆိုးဆုံးတဲ့ တွေ့သမျှ နရင်းကြည့်ရိုက်နေတာတဲ့ကွာ “

    မောင်ဘိုးထင်တို့ ငြိမ်‌ေနလိုက်သည် ၊ ဖိုးထွေးသည်  ထိတ်တုံးမှ ထွင်းထားသော စာကိုကြည့်လိုက်သည် ရေအိုးစင်ရွာ ဆိုသည်ကိုမြင်သောအခါ သူတို့အား
ထိတ်တုံးခတ်ဖို့ မလောက်‌ေသာ‌ ကြောင့် ရေအိုးစင်ရွာမှ ထိတ်တုံးကို လှည်းနဲ့ သွားသယ်ပြီး သူတို့အားခတ်ထားသော သူ၏ အဘ ရွာလူကြီးမျက်နှာ ကြီးကို မြင်ယောင်မိသည် ၊ ထိုနောက် ဘယ်သူမပြု မီ မီမှု စကားအတိုင် သူရဲကောင်း ခေါင်းဆောင် ဖြစ်ချင်သည့် အတွေးကို နောင်တ ရနေမိပါလေတော့သည် ။

    ▪️အောက်လမ်းဘိုးနှင့် သူရဲကောင်း သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့်  စုန်းရွာ ဟူသော ဇတ်လမ်းလေးအား တင်ဆက်‌ေပးပါမည်။

📝မောင်တင်ဆန်း