ဒီမှာအင်းချထားတဲ့စာရွက်တစ်ရွက်
ငါတို့သုံးယောက်က ဒီစာရွက်ပေါ်မှာ
လက်ညိုးတစ်ချောင်းဆီထိထားပြီးတော့
အနားမှာရှိတဲ့ဝိညာဉ်တစ်ကောင်ကောင်ကိုဆက်သွယ်ပြီးသိချင်တာတွေမေးမှာ
ဘယ်လိုလဲမင်းစိတ်ဝင်စားလား
ခန့်နောင် ”
“စိတ်ဝင်စားတယ်ကွာ”
“ဒါဖြင့်စလိုက်ကြတာပေါ့
ဖိုးမောင်ပြတင်းပေါက်တွေဖွင့်ထားလိုက်
ကစားပွဲစတော့မယ်။
“အိုကေဗျား ခဏလေးပဲစောင့်”
ဖိုးမောင်လည်းလျင်မြန်သွက်လက်စွာ
ဖြင့်အခန်းပြတင်းပေါက်များအား
ဖွင့်လိုက်သည်။
“ကဲ…မင်းတို့နှစ်ယောက်က
ဒီစာရွက်အပေါ်မှာလက်ညိုးလေးတွေ
ထိထားကြ၊အဆင်သင့်ဖြစ်ရင်
ငါစတော့မယ်။
“Readyပဲ ”
“အိုကေစတော့”
“ဤအနီးအနားပတ်ဝန်းကျင်တွင်
ပရလောကသားများရှိပါသလား”
စည်သူကအသံကျယ်ကျယ်ဖြင့်
ထပ်မံပြောလိုက်သည်။
“ဤအနီးအနားပတ်ဝန်းကျင်တွင်
ပရလောကသားများရှိပါသလား၊
အကယ်၍ရှိတယ်ဆိုပါကကျွန်တော်
တို့နဲ့စကားပြောအောင်လာခဲ့ပါ
ဖိတ်ခေါ်ပါတယ် ”
ရုတ်တရက်လေပြင်းတစ်ချက်
တိုက်ခက်သွားလေသည်။
ခန်းစည်းလိုက်ကာများတဖျပ်ဖျပ်
လူးလွန့်သွားလေသည်။
စည်သူ၊ခန့်နောင်နှင့်ဖိုးမောင်လည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ပြီးအခြေအနေကိုစောင့်နေလိုက်သည်။
“ကျွန်တော်ဖိတ်ခေါ်တာကိုလက်ခံတယ်ဆိုပါက စားပွဲခုံကို၂ချက်ပုတ်ပြပါ”
“ဘုံး ဘုံး”
“ဟင်…”
“ဟာ…”
ဖိုးမောင်နှင့်ခန့်နောင်တို့ မျက်လုံးပြူးကာအံ့သြသွားကြသည်။
အကောင်အထည်မမြင်ရပဲ
စားပွဲခုံမှလက်ဖြင့်ရိုက်နှက်သည့်အသံ
၂ချက်အားကြားလိုက်ရသည်။
“အခုရောက်လာတာ အမျိုးသားလားအမျိုးသမီးလား
အမျိုးသားဆိုရင်စားပွဲခုံကို၃ချက်ပုတ်ပြပါ၊အမျိုးသမီးဆိုပါက ၂ချက်ပုတ်ပြပါ”
“ဘုံး ဘုံး ဘုံး”
စားပွဲခုံးအားထုနှက်သည့်အသံ
၃ချက်တိတိထွက်ပေါ်လာသည်။
စည်သူတို့သူငယ်ချင်းတစ်စုလည်း
ရောက်ရှိလာသည့်ပရလောကသားမှာ
အမျိုးသားဖြစ်နေမှန်းသိလိုက်ကြသည်။
“ဖိုးမောင် မင်းသိချင်တာမေးလေ”
“အေး”
“အဟမ်း…ကျွန်တော်သိချင်တစ်ခု
မေးပါရစေ။
ကျွန်တော်စိတ်ဝင်စားနေတဲ့ ပန်းနုမှာ
ချစ်ရတဲ့ချစ်သူရှိပါသလား အကယ်၍
ချစ်ရတဲ့သူရှိပါက စားပွဲခုံအား၂ချက်ပုတ်ပြပါ”
ဖိုးမောင်၏မေးခွန်းဆုံးသွားသည်နှင့်
စားပွဲခုံကြီးထဲမှထုနှက်သံနှစ်ချက်
ကြားလိုက်ရသည်။
ဖိုးမောင်လည်းသူလိုချင်သည့်
အဖြေရလိုက်ပြီမို့ ပြုံးပျော်နေမိသည်။
“ခန့်နောင်မင်းအလှည့် မင်းမေးချင်တာမေးလေကွာ ”
“ကျွန်တော်မေးခွန်းတစ်ခုလောက်
မေးပါရစေ။ဒီနှစ်ဆယ်တန်းကိုနှစ်ချင်းပေါက်
ကျွန်တော်အောင်နိုင်မလား
အောင်မည်ဆိုပါက စားပွဲခုံကို၃ချက်ပုတ်ပြပါခင်ဗျာ”
“ဘုံးဘုံးဘုံး”
“ဟားသုံးချက်တီးတယ်ဟ
ဒါဆိုဒီနှစ်ဆယ်တန်းအေးဆေးအောင်ပြီ
ပေါ့ ”
ခန့်နောင်ကသူ့ဆန္ဒပြည့်ဝတော့မည်မို့
ဝမ်းသာနေမိသည်။
“စည်သူမင်းရောမေးလေကွာ”
“အဟမ်း အဟမ်း
ကျွန်တော်တစ်ခုလောက်မေးပါရစေ
အခုရောက်နေတဲ့ပရလောကသားဟာ
ကျွန်တော်တို့နဲ့နေချင်ပါသလား”
“ဟာဟေ့ကောင် စည်သူ
ဘာတွေလျှောက်မေးနေတာလဲ”
“ဟုတ်သားပဲ စည်သူကလည်း
ဘာတွေမေးနေတာလဲ”
“ဟာအသာနေစမ်းပါ
မင်းတို့ကလည်းအပျော်ပေါ့ကွာ”
“ကျွန်တော်တို့နဲ့နေချင်တယ်ဆိုရင်
စားပွဲခုံကို၄ချက်တိတိပုတ်ပြပါ”
“ဘုံးဘုံး ဘုံးဘုံး”
“ဟာ…လေးချက်တီးတယ်ကွ။
ဒုက္ခပါပဲ စည်သူရာ တော်ကြာပြန်ခိုင်းဖို့
ခက်နေမှဖြင့်”
“ဘာမှမဖြစ်ပါဘူးကွာ
သူလည်းဒီနေ့ညပြီးရင် ပြန်ရမှာပါ
ဘာမှပူမနေနဲ့ ဖိုးမောင်။
“ပြန်မယ်ဆိုရင်တော်သေးတာပေါ့ကွာ
တော်ကြာမပြန်ပဲအိမ်မှာသောင်တင်
နေမှဖြင့် ဒုက္ခ”
“ကဲ…မင်းဘာမှကြောက်မနေနဲ့
ငါသူ့ကိုပြန်ပို့လိုက်မယ် စိတ်ချ”
“အဟင်း…ကျွန်တော်ထပ်ပြီးပြောပါရစေ
သင်ဟာကျွန်တော်တို့နဲ့အတူနေခွင့်
မရှိသည့်အတွက်ဒီညပြီးရင်သင်လာရာ
လမ်းအတိုင်းပြန်ရပါမည်။
ကျွန်တော်ပြောတာကိုသဘောတူ
လက်ခံတယ်ဆိုပါက စားပွဲခုံကို
တစ်ချက်ပုတ်ပြပါ ”
သူငယ်ချင်းသုံးယောက် ထွက်ပေါ်လာမည့်အသံအားနားစွင့်
နေမိကြသည်။
အချိန်အတော်ကြာသည်အထိ
ဘာသံမှထွက်မလာသဖြင့် ဖိုးမောင်နှင့်ခန့်နောင်တို့နှစ်ဦး
ချွေးများထွက်လာကြသည်။
“ဟေ့ကောင် စည်သူ ဘာသံမှမကြားတော့ဘူးကွ။
မင်းပြောတာကိုလက်ခံပုံမရဘူး
ဒီမှာနေတော့မှာလားမသိဘူးကွာ
စိတ်ညစ်တာပါပဲ။
“ဘာသံမှမကြားဘူးဆိုတာက
သူပြန်ထွက်သွားလို့ဖြစ်မှာပါ
ူသူငယ်ချင်းရာ ဘာမှတွေးပူမနေနဲ့
ဟုတ်ပြီလား သူလည်းသူ့လမ်းသူ
သွားလိမ့်မယ် ကြည့်နေ”
“ကဲ…ညဉ့်လည်းနက်လှပြီ
အိပ်ကြရအောင်ကွာ ”
ခန့်နောင်ကစကားဖြတ်ပြောလိုက်
သဖြင့်အိပ်ရန်ပြင်ဆင်လိုက်ကြသည်။
============
နောက်တစ်နေ့မနက်ရောက်တော့
ခန့်နောင်နှင့်စည်သူလည်းကိုယ့်အိမ်ကို
ပြန်ခဲ့ကြသည်။
ဖိုးမောင်၏မိဘများလည်း အလှူပွဲပြီး
ညနေခင်းတွင်အိမ်သို့ ပြန်ရောက်လာကြ
သည်။
“သားရေ ဖိုးမောင်”
“ဗျာ…အမေ”
“ရေခဲသေတ္တာထဲက အမဲသားတွေ
ဘယ်ရောက်သွားတာလဲသား သားတို့
မနေ့ညကစားလိုက်တာလား”
“မစားပါဘူးအမေရဲ့ အစိမ်းတွေမလို့
ဒီအတိုင်းပဲထည့်ထားတာပါအမေရဲ့
သေချာကြည့်ပါဦးရှိမှာပါ”
“သေချာရှာပြီးပြီ မရှိဘူး
ကြောင်တွေဘာတွေစားတယ်
ပြောရအောင်လည်း ရေခဲသေတ္တာကိုသူတို့မှမဖွင့်နိုင်တာ။
ဘယ်လိုလုပ်မရှိတော့လဲ”
“သားလည်းမသိဘူးအမေ
သားတို့မစားဘူးအမေ”
“အေးပါ မင်းမစားဘူးဆိုတာသိပါတယ်
အမေကမစားလိုက်ရပဲပျောက်သွားလို့
နှမြောနေတာ။
“ဘယ်တတ်နိုင်မလဲ မိန်းမရယ်
ထပ်ပြီးဝယ်ဖို့ပဲရှိတော့တာပေါ့ကွာ”
“အင်းပေါ့တော် မရှိမှတော့
ဝယ်ရတော့မှာပေါ့ရှင် ”
ရေခဲသေတ္တာထဲမှအမဲသားများ
ထူးဆန်းစွာပျောက်ဆုံးသွားသည့်
အတွက်ဖိုးမောင်လည်းအဖြေရှာ
မရပေ။
ညရောက်တော့ဟင်းကျန်များကို
အုပ်ဆောင်းဖြင့်သေချာအုပ်ပြီးထား
လိုက်သည်။
သားအမိ၃ယောက်စားစရာရှိတာစား
လုပ်စရာရှိတာလုပ်ပြီးအိပ်ရာထဲ
အသီးသီးဝင်ခဲ့ကြသည်။
ညသန်းခေါင်ခန့်ရောက်တော့
မီးဖိုထဲမှအသံဗလံများကြားသဖြင့်
ဖိုးမောင်၏မိခင်လည်းအိပ်ရာထဲမှ
ထလာခဲ့သည်။
မီးဖိုချောင်သို့အသံမပေးပဲခပ်ဖွဖွ
နင်းလျှောက်လာခဲ့သည်။
လက်ထဲတွင်လည်းကြောင်ရိုက်ရန်
အတွက်တုတ်လုံးတစ်ခုလည်းကိုင်
လာခဲ့သည်။
မီးဖိုချောင်ခလုပ်အားလက်တစ်ဖက်ဖြင့်
ဖွင့်လိုက်သည်။
“ဂျောက်…”
မီးဖိုချောင်မီးလုံးကဝင်းကနဲ
ထိန်လင်းသွားလေသည်။
“ဟင်…သရဲ သရဲ သရဲ”
ဖိုးမောင်၏မိခင်လည်းမြင်လိုက်ရသည့်
မြင်ကွင်းကြောင့်ထိတ်လန့်ကာ
အော်ဟစ်လိုက်လေသည်။
မိခင်ဖြစ်သူ၏အော်သံကြားသဖြင့်
ဖိုးမောင်နှင့်ဖိုးမောင်၏ဖခင်တို့လည်း
အောက်ထပ်သို့အပြေးအလွှား
ရောက်လာကြသည်။
“မိန်းမဘာဖြစ်တာလဲ”
“အမေဘာဖြစ်လို့လဲ”
“သ သ သရဲကြီးကိုမြင်လိုက်တယ်”
“သရဲဟုတ်လား မိန်းမ”
“ဟုတ်တယ် မီးဖိုထဲအသံကြားလို့
ထကြည့်တာ မီးလည်းဖွင့်လိုက်ရော
တစ်ကိုယ်လုံးမည်းတူးနေတဲ့
သရဲကြီးတစ်ကောင်ကိုမြင်လိုက်တယ်။
အုပ်ဆောင်းကိုလှန်ပြီးအုပ်ဆောင်း
အောက်ကဟင်းတွေကို စားနေတာ
ကျုပ်ကိုလည်းမြင်ရောဖျက်ကနဲ
ပျောက်သွားတာပဲ”
မိခင်ဖြစ်သူ၏စကားအားကြားပြီး
ဖိုးမောင်မျက်စိမျက်နှာပျက်နေသည်။
မိမိတို့သူငယ်ချင်းတစ်သိုက်
ပွေလီပေါက်ရှာဆော့ထားသည့်
ကစားနည်းကြောင့်သရဲကအိမ်ပေါ်မှ
မဆင်းပဲသောင်းကျန်းနေလေသည်။
ဖိုးမောင်စိတ်ထဲတွင်တော့
စည်သူအားကြိတ်ဆဲနေမိတော့သည်။
“လာပါမိန်းမရယ် မရှိတော့ပါဘူး
ပြန်အိပ်လိုက် ငါရေမန်းလေးသွားယူ
လိုက်ဦးမယ်။
ဖိုးမောင်၏မိခင်လည်းကတုန်ကယင်
ဖြင့်အိမ်ပေါ်တက်သွားလေသည်။
အိမ်အောက်တွင်တော့ဖိုးမောင်တို့
သားအဖပဲကျန်နေခဲ့တော့သည်။
“ဖိုးမောင်”
“ဗျာအဖေ”
“ငါတို့မရှိခင်ဒီအိမ်မှာဘာတွေဖြစ်ခဲ့လဲ”
“ဘာ ဘာမှမဖြစ်ပါဘူးအဖေရဲ့
တကယ်ဘာမှမဖြစ်ပါဘူး။
“မင်းငါ့မျက်နှာကိုကြည့်ပြော
မင်းတစ်ခုခုကိုဖုံးကွယ်ထားတယ်မလား
အမှန်အတိုင်းပြော။
ငါလက်မပါချင်ဘူး”
“ဟုတ် သားပြောပြပါ့မယ်”
ဖိုးမောင်လည်းဖခင်ဖြစ်သူအား
ကြောက်ရသဖြင့်အဖြစ်အပျက်
များအားပြန်ပြောပြလိုက်သည်။
“ဒါဆိုမင်းတို့ကသရဲခေါ်ကြေး
ဆော့ကြတာပေါ့ ”
“ဟုတ်ပါတယ် အဖေ”
“ငါထတီးလိုက်ရနာတော့မယ်
ဆော့စရာရှားလို့ သရဲခေါ်ကြေးမှ
ဆော့ရသလားကွ။
သရဲကမင်းကိုဂုတ်ချိုးသတ်သွားရမှာ
တကယ်ပဲကွာ တယ်လည်းအပေါက်ရှာတဲ့ကောင်တွေ”
ဖိုးမောင်လည်းအမှားရှိသူမို့
ဘာမှပြန်မပြောနိုင်ပဲ အသာငြိမ်နေရ
သည်။
နောက်နေ့ရောက်တော့
ဖိုးမောင်၏ဖခင်ကအထက်လမ်းဆရာ
တစ်ယောက်အားပင့်ကာ
သရဲနှင်ရတော့သည်။
“ဆရာကြီးကြွပါ ခင်ဗျာ
“ခင်ဗျားသားကအတော့်ကိုပွေလီ
ပေါက်ရှာနိုင်တာပဲ”
“မပြောချင်တော့ပါဘူးဆရာရယ်
သူတို့မလို့ ဒီလိုပေါက်ကရကစား
ကြတယ်လို့ဗျာ”
“သူတို့ကိုလည်းအပြစ်ပြောလို့မရဘူး။
လူငယ်တွေဖြစ်နေတော့
လူငယ်တွေသဘာဝလက်တည့်စမ်း
ချကြတာကိုးဗျ။
ဒါပေမယ့်ပရလောကသားတွေကိုတော့
သွားပြီးမထီမဲ့မြင့်လုပ်လို့တော့မရဘူး
လူမှာလည်းလူ့စည်းဆိုတာရှိသလို
ပရလောကမှာလည်းသူ့စည်းနဲ့သူရှိ
ကြတယ်ကွယ့်။
“ကဲကဲ…ပရလောကသားကို
ဖိတ်ခေါ်ပြီးအကျိုးအကြောင်းပြောရ
တာပေါ့ ”
“အဟမ်း…ဤအိမ်ဤဌာန၌
ရောက်ရှိနေသော ပရလောကသားအား
ငါဆရာ၏အမိန့်ဖြင့် ဖိတ်ခေါ်လိုက်သည်
မည်သူမှတားဆီးပိတ်ပင်ခြင်းမပြုရ
အမိန့် အမိန့် အမိန့် ”
ဆရာကြီး၏အမိန့်သံဆုံးသည်နှင့်
ဖိုးမောင်၏မိခင်ခန္ဓာကိုယ်တစ်ခုလုံး
တုန်ယင်လာပြီးထရယ်လေသည်။
“ဟား ဟား ဟား ဟား”
“ငါ့ကိုခေါ်ပြီးဘာပြောမလို့လဲဟေ့”
ဖိုးမောင်၏မိခင်မှာ ယောကျ်ားအရင့်မာကြီး၏အသံမျိုး
ဖြစ်နေသည်။
ဖိုးမောင်တို့သားအဖနှစ်ယောက်လည်း
တအံ့တသြဖြစ်နေသည်။
“ဆရာခေါ်လိုက်ရတဲ့အကြောင်း
ကတော့
မင်းဘာကြောင့်ဒီအိမ်မှာဆက်ရှိ
နေရတာလဲ။
ဒီအိမ်သားတွေမင်းကြောင့် ထိတ်လန့်နေရတယ်ဆိုသိလား”
“သိတယ် သိတယ် ငါ့ကိုခေါ်ပြီးနေခိုင်းတာကလည်း
သူတို့ပဲ၊ချက်ချင်းပြန်လွှတ်တာလည်း
ဒင်းတို့ပဲ ဒါကြောင့်ငါ့အကြောင်းသိအောင်
ဒီမှာနေပြီးစားသောက်နေတာကွ။
ပရလောကစည်းကိုလာဖောက်လို့
မရဘူးကွ။
“ဒီကလေးတွေကိုယ်စားဆရာကြီး
တောင်းပန်ပါတယ်၊သူတို့ကမသိ
နားမလည်လို့လုပ်မိကြတာပါ။
မင်းကဘယ်မှာနေသလဲဆိုတာ
ဆရာ့ကိုပြောပါဦး”
“ငါကလမ်းထိပ်ကကုက္ကိုပင်ကြီးမှာ
နေလာတာအနှစ်ရာချီနေပြီ။
တစ်ရက်ကငါလမ်းထွက်ပြီးအစာရှာနေတုန်းဒီအိမ်ထဲကခေါ်သံကြားလို့
ငါဝင်လာတာ ငါ့ကိုနေခွင့်ပေးပြီး
ချက်ချင်းပြန်လွှတ်ကြလို့ ဒေါသဖြစ်ပြီး
ဆက်နေနေတာပဲ။
“စိတ်ကိုလျှော့ပါဆရာတောင်းပန်နေပြီပဲ
မသိနားမလည်လို့မှားတဲ့အမှားကို
ကျေအေးပေးပါကွယ်။
ဆရာ့ဘက်ကမင်းကျေနပ်အောင်
ဘယ်လိုလုပ်ပေးရမလဲ ဆရာသူတစ်ပါးကို ထိခိုက်နာကျင်အောင် မလုပ်ချင်ဘူး။
ဒါကြောင့်ဒီအိမ်ကနေအသာတကြည်
ပြန်ပြီးကိုယ်နေထိုင်ရာဌာနမှာ
ပြန်နေပါလို့ မေတ္တာရပ်ပါရစေ”
“သီလသမာဓိနဲ့ပြည့်စုံတဲ့ဆရာ့ကို
အာမခံဝံ့ပါဘူး၊ငါကျေနပ်အောင်တော့
ငါနေထိုင်တဲ့သစ်ပင်အောက်မှာ
အမဲသား၆တုံး ထမင်းဖြူ တစ်ပုံလာချ
ပေးပါ။
ဒီလိုဆိုရင်ငါကျေကျေနပ်နပ်
ခွင့်လွှတ်မယ် နောက်တစ်ခါဒီလိုလုပ်ရင်တော့
ဒီကလေးတွေကိုဝိညာဉ်နှုတ်ဖို့
လက်တွန့်နေမှာမဟုတ်ဘူး။
“ကောင်းပါပြီ ဖြစ်ချင်တဲ့အတိုင်း
ဆရာလုပ်ပေးပါ့မယ်၊နောင်ကိုဒီလို
မဖြစ်ဖို့ဆရာသတိပေးထားပါ့မယ်
မင်းနေထိုင်တဲ့နေရာကိုမင်းပြန်နိုင်ပါပြီ ”
ဆရာကြီးစကားဆုံးသွားတော့
ဖိုးမောင်၏မိခင်လည်းခွေကျသွား
သည်။
သတိပြန်လည်အောင်ပြုလုပ်ပြီး
ဆရာကြီးကိုကန်တော့လိုက်ကြသည်။
“ဖိုးမောင်”
“ဗျာ…ဆရာကြီး”
“ခုနကပြောသွားတာတွေအားလုံး
မင်းလည်းကြားပါတယ်နော်”
“ဟုတ်ကြားပါတယ် ဆရာကြီး”
“နောက်တစ်ခါဒီလိုထပ်မလုပ်ကြနဲ့ကွဲ့
မင်းသူငယ်ချင်းတွေကိုလည်းပြောထား
ပရလောကကိုသွားရှုပ်လို့တော့
မရဘူးအားလုံးဒုက္ခတွေရောက်ကုန်မယ်.
“ဟုတ်ကဲ့ ဆရာကြီး
မှတ်ထားပါ့မယ် နောက်ကိုလည်း
ဒီလိုမဖြစ်စေရပါဘူး။
“ကောင်းပါပြီ
ခင်ဗျားတို့က လမ်းထိပ်ကကုက္ကိုပင်
အောက်မှာအမဲသားစိမ်း၆တုံးထမင်းဖြူ
တစ်ပုံကို သစ်ပင်အောက်မှာသွားပြီးပုံထားလိုက်ပါ
“ဟုတ်ကဲ့ ဆရာကြီးလုပ်လိုက်ပါ့မယ်
ဟိုကောင်ဖိုးမောင် မင်းပါလိုက်ခဲ့
ဒီကိစ္စမင်းကအဓိကပါတယ်။
“ဟုတ်အဖေ ”
ဖိုးမောင်လည်းကိုယ့်အပြစ်နှင့်ကိုယ်
ဖြစ်နေသည့်အတွက် ဘာမှစောဒက
မတက်ဝံ့ပေ။
“ဖိုးမောင် ဟေ့ကောင်ဖိုးမောင်”
“သြော်…စည်သူ မင်းကိုး
ဘာလာလုပ်တာလဲ ”
“ဟဲဟဲ…ငါဟိုကိစ္စလာတောင်းပန်တာကွ
အဲ့သလောက်ဖြစ်သွားလိမ့်မယ်လို့
မထင်ထားဘူး။
တောင်းပန်ပါတယ်ကွာ ငါ့ကြောင့်မင်းအိမ်ကအတော်အဆိုခံ
လိုက်ရမှာပဲ စိတ်မဆိုးပါနဲ့သူငယ်ချင်းရာ”
“ရပါတယ်မဆိုးပါဘူး
အချင်းချင်းတွေပဲ နောက်ကိုတော့
ငါ့ဆီလာရင် မင်းကတိတစ်ခုတော့
ပေးရလိမ့်မယ်ကွ။
“ဟင်.ဘာကတိလဲ ဖိုးမောင်”
“သရဲမခေါ်ကြေး”
“ဟား ဟား ဟား ဟား
အေးပါကွာ ငါကတိပေးပါတယ်
သရဲလုံးဝမခေါ်တော့ပါဘူး။
ငါလည်းလန့်သွားပါပြီ ”
ပြီးပါပြီ။ ။
လက်မလေးတွေနှိပ်ခဲ့ကြနော်.
Leave a Reply