ဟန်ကျလို့နေလေ၏ ထမင်းစားလို့ပြီးနောက် နဒီဟာ ပန်းကန်တွေကိုဆေးဖို့ ပန်ကန်းဆေးတဲ့နေရာဆီသွားလေ၏ *ကဲ စားပြီးတော့လဲ ဆေးရတော့တာပဲ ပန်းကန်ပဲသစ္စာရှိတယ် စားပြီးတာနဲ့တန်းဆေး ဟုတ်နေတာပဲ* နဒီ တစ်ယောက် ထိုသို့ပြောနေခိုက် × ဝုန်းးးးးးဒုန်းးးးးဂလောင် •••••••••× မီးဖိုချောင်ထဲက အိုးတွေခွက်တွေ ပန်းကန်တွေကို ပစ်ချနေသည့်အသံပင်၊ *ဟင် ဘာသံပါလိမ့် * အဆောင်ငှားနေသူအားလုံးကလဲ ထိုအသံကိုကြားသွားသည်မို့ မီးဖိုချောင်ရှိရာသို့ ခပ်သွက်သွက်လေးလာကြသည် နဒီ ကလဲ မီးဖိုချောင်ရှိရာသို့ အမြန်သွားခဲ့သည် *ဟယ် လူတွေလဲစုံလို့ပါလား ဘာဖြစ်တာလဲ သိကြလား အသံတစ်ခုကြားလိုက်လို့* အဆောင်ငှားနေသူတစ်ဦးထဲမှ မီးဖိုချောင်ထဲသို့လက်ညှိုးထိုးပြလိုက်သည် နဒီတစ်ယောက် ...

တုန်း ကိုပြူးရောက်လာပြီး “ဟ မြင့်ဆောင် ဦးဘိုးခင်က ပျိုးစည်းနှီးမဝယ်ပဲ မင်းကိုထိုးခိုင်းတာလားကွ” “မဟုတ်ပါဘူးကွာ သူကဝယ်ဖို့ပြောပါတယ် ငါလည်းအားနေတာနဲ့ ရသလောက်ထိုးနေတာပါ ဒါနဲ့ မင်းဒီနေ့ ဘယ်မှမသွားဘူးလားကွ” “အေးကွာ ဒီနေ့ ငါဘယ်မှမသွားဘူး အဲ့ဒါ အားနေတာနဲ့ မင်းဆီထွက်လာတာ” “ဟုတ်လား ဒါဆိုအတော်ပဲကွာ ဒီညမင်းနဲ့ငါ ထိန်ပင်ရွာကို သွားရအောင်” “ဘာလုပ်ဖို့တုန်းကွ” “ဒီလိုကွ ထိမ်ပင်ရွာမှာ ညဘက်ကြီးကြေးစည်တီးပြီး ရွာထဲလျှောက်သွားနေတဲ့အသံ ကြားရလိုတဲ့ကွ အဲ့ဒါ ဦးစိန်တင် လာပြောတာနဲ့ ငါလည်းအခုညလာခဲ့မယ်လို့ပြောလိုက်တယ်” “အေးကွာ ဒါဆိုလဲသွားကြည့်တာပေါ့ ဒါနဲ့ ဘယ်အချိန်လောက်သွားကြမတုန်း” “အင်း ...

တယ်တဲ့လေ..သေဆုံးပြီးသားအောက်မိစ္ဆာအချင်းချင်းတွေ့တဲ့အခါကြရင်တော့အဲ့ဒီ အောက်မိစ္ဆာနှစ်ယောက်ကရေကုန်ရခမ်းတိုက်ကြတာတဲ့” “နေပါအုံးဗျသူတို့ကအတူတူတွေကိုဘာလို့တိုက်ကြတာလည်း” “အဲ့တာကလည်းဒီလိုရှိတယ်အောက်မိစ္ဆာတစ်ကောင်က အခြားအောက်မိစ္ဆာ၄ကောင်ရဲ့​ခေါင်းအခွံကိုရရင်လည်းလူ့ပြည့်ကိုအနှစ်၅၀ပြန်လာလို့ရတယ်” “အော်အဲ့တာကြောင့်အချင်းချင်းတိုက်ကြတာကိုးဒါဆိုဒေါ်ဖွားဆင့်ကအောက်မိစ္ဆာ၄ယောက်ကု်အနိုင်ယူပြီးမှကျုပ်တို့ဆီပြန်ရောက်လာတာပေါ့” “အေးပေါ့ကွာအဲ့လိုပြောရတာပေါ့..မင်းဂဠုန်မိစ္ဆာကိုနိုမ်နင်းလိုက်လို့မဟုတ်ရင်ထင်သလောက်လွယ်ကူမှာမဟုတ်ဘူးကွ” “ထားပါဗျာဒါနဲ့စိုင်းလော့ဖန်တို့ကောမနက်စာစားပြီးကတည်းကပြောက်သွားကြပီနော်” “အေးလေကွာသူတို့ရဲ့အလုပ်သွားလုပ်ကြပီထင်တယ်” “ဒါနဲ့ဉီးလေးေငွပုအိမ်မှာလုပ်စရာရှိသေးလားဗျ” “ဘာဖြစ်လို့လည်းသာလှရဲ့လုပ်စရာရယ်တော့မရှိပါဘူး” “အဖွားနန်းစောမွယ် ဆီကိုသွားမလို့ပါ….အိမ်မှာအလုပ်လေးရှိရင်လုပ်ပေးခဲ့မလို့” ကျုပ်ပြောလိုက်တော့လည်း ဉီးလေးငွေပုကပြုံးရင်းနဲ့ “သွားချင်ရင်လည်းသွားပေါ့ကွာတော်ကြာမှ ဒေါ်နန်း​စောမွယ်နဲ့လည်း​ကြိုက်နေအုံးမယ်နော်” “ဟာဗျာဉီးလေးငွေပုကတော့ပေါက်ကရပြောရော့မယ်ကျုပ်လည်းလူသိပ်မလန်းသေးတော့ဆေးလေးဘာလေးတောင်းရင်းနဲ့သွားမလို့ပါ” “ငါကနောက်တာပါသာလှရာသွားသွား” ကျုပ်ကလည်း ခြံထဲကထွက် အဖွားစောနန်းမွယ်ရဲ့အိမ်ဘက်ကိုလည်းထွက်ခဲ့တာပေါ့ အရင်တစ်ခါကတော့ စိုင်းလောင်တို့ပါတော့မပျင်းရပေမယ့်ဒီတစ်ခါတော့ကျုပ်တစ်ယောက်ထဲဆိုတော့အနည်းငယ်တော့ပျင်းမိသားဗျ “ဟေ့ကောင်မင်းနေအုံး..မင်းနဲ့စာရင်းရှင်းစရာရှိသေးတယ်” ကျုပ်ကလည်း အဖွားစောနန်းမွယ်အိမ်နဲ့ လူနှစ်ခေါ်အကွာလောက်ရောက်တော့လည်း ကျုပ်နဲ့အရင်တစ်ခါ ရန်ဖြစ်ခဲ့ကြတဲ့ လူတစ်စုကလည်း တုတ်ဓားတွေနဲ့လမ်းဘေးခြုံထဲကလည်းကျုပ်ကိုပြောရင်းနဲ့ထွက်လာကြတယ်လေ “အော်ဘယ်သူတွေလည်းလို့…မိတ်ဆွေကြိ်းတွေပဲ” ကျုပ်ကလည်းထိုသူတွေိကိုကြောက်စိတ်မရှိဘူးလေ ထိုသူများကလည်း ကျုပ်ကိုမကြေမချမ်းကြည့်နေကြတာပေါ့ “တိတ်စမ်း..ငါတို့ခုလာတာမင်းကိုအရင်တစ်ခါကိစ္စအတွက်စာရင်းရှင်းဖို့ပဲ..မိတ်ဆွေဖွဲ့ဖို့မဟုတ်ဘုး” “ဒါဆိုလည်းရှင်းစရာရှိတာရှင်းပေါ့ကွာ..ဒါနဲ့မင်းတို့က လက်နက်နဲ့၆ယောက်ငါကလက်နက်မဲ့တစ်ယောက်ဆိုတော့မင်းတို့အတွက်နစ်နာနေပါအုံးမယ်” “ဟာကွာတော်တော်လေရှည်တဲ့ကောင်…ဟကောင်တွေဒီကောင့်ကိုအသေခုတ်ပြစ်ကွာ” ...

လည်း မနေဝံ့ချေ။ “အင်း. . . မြွေလည်းဆုံး၊ ကြက်ခြမ်းသီးလည်း မရ ဖြစ်ပြီဗျို့။ မုဆိုးကြီး စောလူးညည်းတွားရင်း ပြော၏။ “ဒီလောက်လည်း စိတ်မပျက်ပါနဲ့ ဖထီရယ်။ ငါးမြုံး ထောင်ထားတဲ့နား ရောက်လုပါပြီ။ ဒီကနေ့ ဘာသားကောင်မှ မရပေမဲ့ငါးတော့ စားရမှာ သေချာပါတယ်။ တဲစခန်းနားမှာ ရှိတဲ့ တောင်အုန်းအဖူးနဲ့ရောချက်စားမယ်ဗျာ” လင်းမြင့်လှိုင်က သို့နှယ် အားတက်သရော ပြောလာ၏။ ပြီးနောက် သူက ဦးဆောင်တာ ငါးမြုံးများ ထောင်ထားသော မြောင်ကျပ် ကလေးအတွင်းသို့ ဝင်သွားတော့သည်။ မြောင်လေးထဲတွင် ခြေမျက်စိသာသာ ...

ပြောလိုက်ရငြား အဝတ်အစား ဝတ်ဆင်ထားခြင်းတော့ မရှိချေ။ တစ်ကိုယ်လုံး မွှေးနုလေးများတော့ ရှိ၏၊ မျောက်များကဲ့သို့လည်း အမွှေးအမျှင် ရှည်လျား ထူထပ်ခြင်း မရှိချေ။ အသက် `လေးငါးခြောက်နှစ်ခန့် ခန့်မှန်း၍ရသည့် လူကလေးတစ်ယောက် ဖြစ်နိုင်၏။ သို့ဆိုပါလျှင် ကျွန်တော်တို့ လူသတ်မှုဖြင့် ထောင်နန်းစံမြန်း ရပေတော့မည်။ “ဒုက္ခပါပဲ ကိုလင်းရယ်” သို့နှယ် ညည်းလိုက်မိ၏။ “ဘာတတ်နိုင်မှာလဲဗျာ။ တောရဲ့ လှည့်စားမှုကို ကျွန်တော်တို့ခံလိုက်ရပြီပဲ” သို့နှယ် ပြောရင်း လင်းမြင့်လှိုင်က မှောက်လျက် လဲကျသေဆုံးနေသော သတ္တဝါကောင်ကို ဆွဲလှန်လိုက်၏။ “ဟင်..ဟာ” “အလိုလေးဗျာ” နှစ်ဦးသား ...

ငှားသွားလဲ သိလားဗျ “     ဖိုးထွေး၏ အမေးကို ပေါက်တူးထမ်းထားသော လူကြီးသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး နားထောင်ကာ     “သိပြီကော သိပြီ နို့အဲ့တာ လူလိမ်တွေလားဟ “     “ဟုတ်တာပ ဦးလေးရယ် ကျုပ်တို့ ရွာက ဆန်တွေကော ငွေတွေ ကော လိမ်သွားတာဗျို့ “     “မင်းတို့ ရွာက ကောင်တွေ ငါနဲ့တွေ့တာတောင် မပြောဘူးကွာ”     “ရှက်လို့နေမှာပေါ့  ကျုပ်တို့ တောင် မခံချင်လို့ အဲ့လူလိမ်တွေကို ...

သာရအား မောင်ဘိုးထင်တို့ကို မျက်စာပြစ်ပြလိုက်ကာ     “ကဲ ငါပြောတာ ယုံပြီ မဟုတ်လား ဒီကောင်တွေက အိပ်ဖို့ချောင်းနေတာပါဆို “     “ဒီကောင်တွေ ဒါတော့ လွန်သွားပြီး အသွားတုန်းက လည်းအိပ် အပြန်ကြတော့လည်းအိပ် နဲ့ လာကွားသွားနိုးရအောင် မထူးပါဘူး အဲ့ကောင်တွေကို ပဲ ထမင်းဟင်း ချက်ခိုင်းကွာ ငါတို့ နှစ်‌ေယာက်က နွားသွားကျောင်းမယ်ဆိုပြီး အိပ်ကြရအောင် “     အချိုးပြောင်းသွားသော သာရအား ဖိုးထွေး သေချာကြည့်လိုက်မိသည် ခုဏကမှ ကလေးသာသာပဲ ရှိသေးတယ် ဟု သူပဲပြောပြီး ...

ကိုယ့်ကိုယ်မှာဝင်ဆွဲနေတာပေါ့ကွာ၊ လူကလည်း ဘီလူးစိတ်ပေါက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပေပေကမ်းကမ်းနေတာမဟုတ်လား” (ထိုအချိန်က ဦးတက်တူမသေသေးပါ) “ဟုတ်တယ်နော်” “ပြီးတော့ အဲဒီဆေးတွေကလည်း အထူးသဖြင့် အိပ်နေတဲ့အချိန်တို့၊ မိန်းမနဲ့အိပ်တဲ့အချိန်တို့၊ သတိလစ်နေတဲ့အချိန်တွေမှာ ဆေးစောင့်တွေက ခွာနေတတ်တယ်ကွ၊ အဲဒီအချိန်မစွမ်းဘူးပေါ့ကွာ” ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်ပြန်စဉ်းစားလိုက်တော့ ဦးတက်တူကြီးသေတော့ မခင်မြက အိပ်ရာထဲမှာ ဓါးနဲ့ခုတ်သတ်လိုက်တယ်မဟုတ်လား၊ အဲဒီအချိန်က ဆေးစောင့်ကွာနေတဲ့အချိန်ဖြစ်လိမ့်မယ်ဗျ။ “အဲဒီဆေးတွေက ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ဆေးတွေပါကွာ၊ မလုပ်ကောင်းပါဘူး၊ တုတ်ဓါးပြီးလို့ ဆေးကုမရဘဲ သေသွားတဲ့သူတွေတောင်ရှိတယ်မဟုတ်လား” “ဟင်၊ တုတ်ဓါးပြီးတာ ဆေးကုလို့မရဘူးတဲ့လား” “အေးကွ၊ မင်းမကြားဖူးရင်ပြောပြမယ်၊ ငါဟိုတစ်လောက မြိုင်သာတက်တော့ ဈေးထဲမှာပြောနေကြတာပါကွာ၊ ...

ထက် ပိုချမ်းသာလာကြပြီး ထက်ထက်မိုးဦး ကြော်ငြာထဲကလို ရတနာစိန်ကျောက် ဇယ်တောက်တိုင်း ကစားရအောင်ဆိုပြီး လုပ်နေကြပြီအေ့။ အဝေးကြီး မကြည့်နဲ့ ရွှေစျေး ဆယ်သိန်း ဆယ့်နှစ်သိန်း လောက်တုန်းက သူ စု စုပြီး လုပ်ထားခဲ့တဲ့ ရွှေစလေးတွေကို အခုလို အချိန်မှာ ထုတ်ရောင်းပြီး နေ့ချင်းညချင်း တိုက်ဆောက် လင်ယူပြီး သူဌေးမကြီးဘဝကို ခံယူလိုက်တဲ့ ညည်းချစ်သူကို လုယူသွားတဲ့ မုဆိုးမ မိန်းမလည် မတင်မြိုင်ကို ကြည့်ပါလား။ တကတည်း စိုင်ကော်လို့ ခြုံပေါ်ရောက်တာကို ဒင်း ဖြစ်ပျက်နေပုံများက မိုးမမြင် လေမမြင်ရယ်။” ...

။ ထိုသို့ကြားမှအရက်ဖိုးမပေးခဲ့လျှင် လင်မယားနှစ်ယောက် ရန်တွေဖြစ်… ရိုက်ကြနှက်ကြဖြင့် သူကြီးအိမ်သို့ပင်ရောက်ခဲ့ကြရသေး၏။ “ဟဲ့အကောင်ဗလ…” “ခင်ဗျာ…သူကြီး” “မင်းကအလုပ်မရှိအကိုင်မရှိနဲ့… မိန်းမလုပ်စာထိုင်စားနေရတာကို မရှက်ဘူးလားကွ” “မရှက်ပါဘူးဗျာ…သူကြိုက်လို့ကျုပ်ကိုယူတာလေ ကျုပ်အရက်ဖိုးတော့သူပေးရမှာပေါ့” “တယ်…ဒီခွေးကောင် ခွေးစကားပြောတယ်… ဒီမှာဗလ မင်းက အရက်ကလေးသောက်လိုက် မိန်းမကိုရန်ရှာဆဲဆိုလိုက်နဲ့နောက်ဆုံး ငါ့အိမ်ကိုရောက်လာတော့တာပဲ… ဘာလဲငါ့ထိပ်တုံးကိုမင်းအပိုင်လို့များထင်နေတာလားကွ ဟေ” “ဟာဗျာ…သူကြီးကလည်း ကျုပ်ကထိပ်တုံးကြီးဘာလုပ်ရမှာတုန်း” “အေး…ဘာမှမလုပ်ရဘူး…ကဲ…မိမြင့်ညည်းပြန်ချေတော့… ဒီအကောင်ကိုဗလကိုဒီညထိပ်တုံးခတ်ထားမယ်… သွား…သွား…” မမြင့်တစ်ယောက်ကိုဗလကိုမျက်စောင်းထိုး၍ ထွက်သွားတော့သည်။ ထိပ်တုံးခတ်ခံထိသောကိုဗလမှာတော့… “အမယ်…မသာမက…ဟင်း…ငါနော်…ငါ…ငါ….” ဟု…ဒေါသကိုချုပ်ထိန်းထားရဟန်ဖြင့်ပြောလေသည်။ ထိုသို့သူကြီးအိမ်ခဏခဏရောက်သော အရက်ဂျိုးကိုဗလတစ်ယောက်၏ကံကြမ္မာသည် ပြောင်းလဲလာခဲ့၏။ယခင်အရက်လေးတမျှမျှသောက် ရွာထဲမူးမူးရူးရူးသွားလာနေသောကိုဗလတစ်ယောက်အိမ်၌ ငြိမ်ချက်သားကောင်းလာခဲ့သည်။ “အမယ်လေး…မမြင့်ရဲ့…ငါကိုကယ်ပါဦးဟ… အင်း…ဟင်း…ဟင်း…….” ဟုအော်ဟစ်၍ ...