အကြပ်အထည်၊တွေ့ခဲ့ရလေသည်၊ သမီးမစန်းဌေးမှာ လိမ္မာရေးခြားရှိသူဖြစ်သည်။ မိဘအပေါ်သိတတ်သည်။ ညီအစ်ကိုမောင်နှမ များပေါ်တွင်လည်းကြင်နာသနားတတ်သူ ကိုယ်ချင်းစာ တတ်သူဖြစ်သည်။ အသက်ပင်ငယ် သော်လည်း ရတနာမြတ်သုံးပါးကိုအမြဲ ပပြတ်ဆည်းကပ်ကာရိုသေကိုင်းရှိုင်းသူဖြစ်သည်။ တကယ်ဆိုပါလျှင် ထိုစဉ်က မစန်၊ ဌေး၏အသက်မှာ နှစ်ဆယ်မျှ မပြည့် သေးပေ။ ဆယ်တန်၊ကျောင်းသူဘဝမှ ကျောင်းထွက်ကာ မိသားစုစားဝတ်နေ ရေးအတွက် စက်ရုံတစ်ခု၌ အလုပ်ပင် လုပ်ခဲ့ရလေသည်၊ ဝတ်ချင်စားချင်လှပ ချင်သော အရွယ်ဖြစ်သော်လည်း ဝတ် ချင်စားချင်စိတ်ကို ဘေးဖယ်ကာ မိဘ နှစ်ပါးနှင့် မောင်ငယ်လေးကိုသာ ဦးစား ပေ၊ဂရုစိုက်ခဲ့လေသည်။ မောင်ငယ် လေးအား ခေတ်ပညာတတ်တစ် ...

အမေကြီးက မဖဲဝါပြောတာကို ငြိမ်သက်စွာ နားထောင်ရင်း “ သူ့နာမည်က ဘယ်လိုခေါ်လဲသိလားကွယ့်” “ သူ့နာမည်က မရဏလို့ခေါ်တယ်လို့သိရပါတယ်” “ ကျန်တဲ့အခြွေအရံတွေဆီကရော ဒီလူနဲ့ပတ်သတ်ပြီး ဘာသတင်းကြားသေးလဲ” အမေကြီးစကားကြောင့် အနားမှာခစားနေတဲ့ အမယ်အိုတစ်ယောက်က လက်အုပ်ချီပြီး “ လွန်ခဲ့တဲ့ရက်အနည်းငယ်က မယ်မင်းစံ လျောက်တင်ထားတာတော့ရှိတယ်အမေကြီး” “ ဘာလျောက်တင်တာလဲ ပြောပါဦး” “သူ့ပိုင်နက်ထဲကို မျက်နှာစိမ်းဆရာတစ်ယောက် ဝင်လာပြီး ပညာမာန်ကိုထိခိုက်အောင် စော်ကားခဲ့တယ်လို့ပြောပါတယ်” “ တယ်… ဒီလိုဖြစ်နေတာ ငါ့ကိုဘာကြောင့် မပြောတာလဲ” “ အမေကြီး ဥပုဒ်ယူနေတဲ့ကာလဖြစ်လို့ မလျောက်တင်ခဲ့တာပါ” “ ...

ထိုအခါမန်နေဂျာကလုပ်ကွက်တွေပေးသည်။ လုပ်ကွက်တွေကသိပ်များလှသည်မဟုတ်ပါ။ ရုံးခန်းနှင့်ကုမ္ပဏီဧရိယာတစ်ဝိုက်တွင်တံမြက်စည်းလှဲခြင်း၊အမှိုက်သွန်ခြင်းစသည်တို့ကိုပြုလုပ်ရခ်ြင်းပဲဖစ်သည်။ နေ့လည်ဆယ့်နှစ်နာရီထိုးလျှင်တော့ကုမ္ပဏီမှကျွေးသည့်ထမင်းကိုစားပြီးတစ်နာရီမှအလုပ်ပြန်ဝင်ရသည်။ ညနေခြောက်နာရီထိုးပြီဆိုလျှင်တော့.ကားပါကင်တွင်ရပ်ထားသည့်.သူဌေးဖြစ်သူ၏ကားကိုရေဆေးပေးရသည်။ ယင်းကိစ္စပြီးလျှင်တော့.ညစာစား ပြီး.ဂျူတီထွက်ကာ.လိုင်းကားဖြင့်အိမ်သို့ပြန်လာခဲ့သည်။ ယင်းအချိန်၌မြင့်ငွေကလည်းဦးသန်းဆောင်နှင့်အတူကုမ္ပဏီသို့ရောက်နေပြီဖြစ်သည်။ ပြီးနောက် မြင့်ငွေသည်ရုံးခန်းထဲမှထုတ်ပေးသည့်ယူနီဖောင်းကိုဝတ်ဆင်ကာ.နေ့ဆင်းလုံခြုံရေးတွေနှင့်ဂျူတီချိန်းပြီး.တာဝန်ချပေးသည့်နေရာတွင်.စောင့်နေရသည်။ ဦးသန်းဆောင်ကလညူ်.လုံခြုံရေးမှူးဖြစ်သည်မို့.ထိုင်ခုံတစ်လုံးဖြင့်.Cctv ရှေ့တွင်ထိုင်ကာ.ကငိမရာ(မြင်ကွင်းအကျဉ်း)များကိုကြည့်နေရသည်။ ရှစ်နာရီထိုးပြီဆိုလျှင်တော့.လုံခြုံရေးတွေအားလုံးညစာစားကြသည်။ ပြီးလျှင်ကိုယ့်နေုရာကိုယ်ပြန်နေရသည်။ .ညဉ့်ဆယ့်နှစ်နာရီနောက်ပိုင်းဆိုလျှင်တော့ဦးသန်းဆောင်သည်ဓာတ်မီးတစ်လက်ဖြင့်.ကုမ္ပဏီ ဧရိယာတစ်ဝိုက်သို့.တစ်န.ာရီတစ်ကြိမ်နှုန်းဖြင့်လိုက်စစ်ရသည်။ ပြီးလျှင်ထူးခြားမှုရှိမရှိဆိုာတ.ရီပို့စာအုပ်ထဲတွင်ရေးရသည်။ ယခုလည်းဦးးသန်းဆောင်သည်နေရာအနံံှ့့.လိုက်လံစစ်ဆေြးးပီးပြီမို့cctvရှေ့တွင်.ရီပို့ရေးနေလ်ိုက်သည်။ ထိုအခ်ိုက်တွင် “ဟာ.ဘယ်လိုကောင်လဲကွ.တော်တော် စုတ်ပဲ့ တဲ့ကောင်ပါလားး” ရုတ်တရက် လြုံခုံရေးဦးဇော်မင်း၏ရန်တွေ့သံကြောင့်ဦးသန်းဆောင်နှင့်အခြားလုံခြုံေးရးတွေလညူ်း.ခပ်သုတ်သုတ်သွားကြည့်ကြလေရ.ာ.ဦးဇော်မင်း၏အနားတွင်မြင့်ငွေကိုပါတွေ့လိုက်ရသည်။ “ကိုဇော်မင်း.ဘာဖြစ်တာတုံး” ဦးသန်းဆောင်ကမေးတော့ဦးဇော်မင်းလည်း.ဒေါနှင့်မောနှင့်ပြန်ဖြေသည်။ “မင်းကောင်မြင့်ငွေပေါ့.အိ်ပ်ချင်မူးတူးနဲ့.ငါထ်ိုင်နေတာကိုမမြင်ဘဲ.သေးနဲ့ပန်းတယ်ကွာ” ထိုအခါမြင့်ငွေက “မမြင်လို့ပါလို့ပြောပြီးပြီပဲဗျာ” “ဘယ်မြင်မှာလဲကွ.မင်းကငိုက်နေတာကိုး” အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။ ကျန်သည့်လုံခြုံရေးသုံးယောက်ကလညူ်းမြင့်ငွေကိုမကျေမနပ်ဖြင့်ကြည့်နေလေရာ.ဦးသန်ဆောင်ကပဲ.ဝင်ဟန့်တားရလေသည်။ “ကဲပါ တော်ကြပါတော့.အဆောင်မှာအိပ်နေတဲ့ဝန်ထမ်းတွေနိုးသွားရင်မကောင်းဘူး။ပြဿနာပိုကြီးသွးားလိ့်မ့်မယ်” (ကုမ္ပဏီ မှဝန်ထမ်းများအတ်ွက်နေစရာအဆောင်ပေးထားပါသည်။အဆောင်ကုမ္ပဏီနှင့်ကပ်လျှက်တွင်ရှိသည်။) ယင်းသို့ဆိုပြီးနောက် ဦးဇော်မင်းကိုမြင့်ငွေကိ်ုယ်စားတောင်းပန်လိုက်သည်။ ...

အိမ်ထဲမှာလဲမှောင်နေပြီ၊ ကျုပ်မီးထွန်းဖို့လိုက်ရှာတော့လဲ ဖယောင်းတိုင်မတွေ့ဘူး၊ ကျုပ်မိန်းမ မထွေးဖယောင်းတိုင်သွားဝယ်တာဖြစ်မှာပေါ့။ အိမ်ရှေ့ခန်းမှာတော့ ပုခက်ကလေးဆင်ထားပြီးတော့ ကျုပ်သမီးအကြီးမလေးအိပ်နေတာ။ သူက အဲဒီတုန်းက တစ်နှစ်တောင်မပြည့်သေးဘူးပေါ့။ ကျုပ်လဲ ကလေးပုခက်ထိုင်လွှဲနေရင်းနဲ့ ဆေးပေါ့လိပ်ကလေးဖွာနေမိတယ်၊ အဲဒီတုန်းက ဆင်းရဲတာမို့လို့ ဆေးပေါ့လိပ်တောင်မှ နေ့လည်ကသောက်ပြီးမီးသတ်ထားတဲ့ ဆေးလိပ်အတိုကလေးဖွာနေတာဗျ၊ ဒီအချိန်မှာပဲ ကျုပ်မိန်းမပြန်လာတယ်၊ အိမ်ထဲမှာတော့ အတော်မှောင်နေပြီဗျ။ “မထွေးပြန်လာပြီလား” ကျုပ်မိန်းမအနောက်မှာ ယောက်ျားတစ်ယောက်ပါလာတယ်၊ သေချာကြည့်တော့မှ ဘကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ “ဪ၊ ဘကြီးမြင့်လဲပါတာကိုး” သူတို့နှစ်ယောက်က အိမ်ပေါ်မတက်သေးဘဲ လှေကားနားမှာ ယောင်ပေပေလုပ်နေတယ်။ “ဟဲ့ မိန်းမ၊ မင်းတို့တစ်တွေအိမ်ပေါ်တက်ခဲ့ကြလေ” သူတို့အိမ်ပေါ်တက်လာတော့ ကလေးကလဲ လန့်ပြီးငိုတော့တာပဲဗျာ၊ ...

ဟင်.. ဟုတ်တယ် အဲဒီကလေးမလေး ညညဆို.မအိပ်ရတာ ခုဆို ၃ညလောက်ရှိပြီ အိပ်ပျော်တာနဲ့ လာခေါ်တာပဲတဲ့ ။ ကောင်မလေးခဗျာ.သနားပါတယ်ဟယ် ခုဆို.ရုပ်တောင်မရှိတော့ဘူး မျက်လုံးက အိပ်ရေးမရှိတော့.ညိုပြီး မဲချိုင့်နေတာ ….. သက်ခိုင်လဲ သူတို့ပြောတာနားထောင်ရင်း.ဆရာအောင်မြတ်သာကို လှည့်ကြည့်လိုက်တယ် ။ အောင်မြတ်သာက ခေါင်းအသာလေး ဆတ်ပြတယ် ။ … သက်ခိုင်လဲ ဆက်နားထောင်နေလိုက်တယ် ။ ဒီကောင်မလေး.ဘာအမှားလုပ်မိလို့လဲမှမသိတာ ဆရာကောင်း.သမားကောင်းတွေနဲ့ မပြဘူးလား သူတို့လဲ ဘာလုပ်လို့ လုပ်ရမလဲမသိဘူး ဖြစ်နေတယ် ။ ဆေးခန်းပြတော့လဲ သည်းခြေလေဟပ်တာလို့ ပြောတယ်။ အိပ်ဆေးတွေလဲပေးတာပဲ . ...

၎င်းပြခန်းပြကွက်သည်ကား… လှံကိုအပေါ်သို့ပစ်တင်ပြီးပါးစပ်ဖြင့်ဖမ်း၍၊ သွားဖြင့်ကိုက်၍ ဖမ်းပြသောပြကွက် ဆန်းပင်ဖြစ်သည်။ တအံ့တသြဖြင့်ကြည့်ရှုအားပေးနေကြသောလူကြီးမင်းများသည်ရင်သပ်ရှုမော သည်းထိတ်ရင်ဖိုစွာဖြင့် အံ့မခန်းလိလိဖြစ်သော ပြကွင်းပြကွက်ကို ကြည့်နေကြ ရသည်မှာမျက်တောင်ခတ်ချိန်မရနိုင်လောက်အောင်ပင် ဖြစ်တော့သည်။ ဤသို့ သည်းထိတ်ရင်ဖိုဖွယ်ရာဖြစ်သော ပြကွက်ဆန်းကို သုံးကြိမ်သုံးခါတိုင် တိုင် ပြသသွားခဲ့ပါသည်။ ပြကွက်များ ပြီးဆုံးပြီဖြစ်၍ ပြပွဲအခမ်းအနားကို ရုတ်သိမ်း လိုက်ပါတော့သည်။ လူကြီးမင်းများမှ ဦးထိပ်ခေါင်အဖွဲ့ပြသသွားခဲ့သော ပြခန်းပြကွက်အားလုံးကို သဘောကျ နှစ်သက်သည်။ ပို၍ ကြိုက်သော အနှစ်သက်ဆုံးသော ပြကွက်သည် နောက်ဆုံးပြသသွားသည့် လှံကို အပေါ်သို့ပစ်တင်ပြီး ပါးစပ်ဟ၍ သွားဖြင့် မိမိရရ ကိုက်၍ ဖမ်းပြသောပြကွက်ဆန်းပင် ...

သြော် ..ကိုကြီးမင်းအောင် ဘုရားရှစ်ခိုးပြီးပြီကို “      ” ဟ..ငါ့ကောင်ပြည့်ဖြိုးရ ဘယ်အချိန်ထဲကရောက်နေတာတုံး “     ”  ကိုကြီးမင်းအောင် ဘုရားစပြီးရှစ်ခိုးထဲက ရောက်နေတာဗျ  “ ….” ငါ့ကောင်ကြီး ပြည့်ဖြိုးက တယ်လည်းဝိရိယ ကောင်းနေတာကိုး “ ကျွန်တော်လည်း ချီးကျုးလိုက်တော့ ပြည့်ဖြိုးမျက်နှာပြုံးစိစိနဲ့ …ဘားမှတော့ပြန်မပြောဘူးဗျ။     ” ပြည့်ဖြိုးရေ ..ငါတို့တွေခရီးထွက်ကြစို့..”     ” ဟုတ်ကဲ့..ကိုကြီးမင်းအောင်  “ ဒီလိုနဲ့ ..ကျွန်တော်နဲ့ပြည့်ဖြိုးလည်း….. ကွမ်းတစ်ယာညက်လောက် လမ်းလျှောက်ခဲ့ရာ.. ကျွန်တော်တို့ရွာလေးရဲ့ စက်လှေဆိပ်သို့ ရောက်ရှိလာခဲ့တယ်။ ...

ချောင်းကူးကတို့လှေများဆွဲကာစီးပွားဖြစ်နေကြသည်။ ထိုအခါ်ဘုန်းကြီးကျောင်းပြုပြင်ရန်မြင့်မောင်နှင့်ရွာလူကြီးများ ခေါင်းချင်းဆိုင်ကာတိုင်ပင်နေကြသည်။မြင့်မောင်ပိုင်သောလယ်ကွက်ထဲတွင် နှစ်ချို့ကျွန်းပင်ကြီးတပင်ရှိသည်ထိုကျွန်းပင်ကြီးသည်လူနှစ်ဘက်စာလောက်ကြီးကာ လယ်ကွက်နှစ်ကွက်ကြားသို့ရောက်နေသည်မြင့်မောင်ကထိုကျွန်းပင်ကြီးအားခုတ်ကာ ဘုန်းကြီးကျောင်းဆောက်တဲ့အထဲထည့်ရန်တိုင်ပင်သည်ခက်တာကမြင့်မောင်နှင့်ဘေးချင်းကပ် လယ်သည်မိုက်ခဲလယ်ဖြစ်ကာကျွန်းပင်တဝက်ကိုသူပိုင်သည်ဟုဆိုထားသည်။ ထိုကြောင့်မြင့်မောင်နှင်ရွာလူကြီးများကကျွန်းပင်တဝက်ပိုင်သောမိုက်ခဲထံအလူခံထွက်လာကြသည်။ ””’ကျု ပ်မလူနိုင်ဘူး—-ဒီအပင်ကိုရောင်းဘို့မြို့ကပွဲစားကိုအပ်ထားတယ်—-ငွေမျို းမျိုးမြက်မြက်ရမဲ့ကိစ္စကို——-ဘယ်ကရောက်လာမှန်းမသိတဲ့ဘုန်းကြီးကိုလူရမလား——”’ ””’မြင့်မောင်မင်းလူတွင်ကျယ်လုပ်တာနဲနဲတော့များနေပြီ—-ငါ့ကိုလာပြီးလူတွင်ကျယ်မလုပ်နဲ့မရဘူး’—–””’ ””’မင်းဘုန်းကြီးကသူများမလူ ချင်တာအတင်းလူခိုင်းနေရင်—-ငါကိုယ်တိုင်ဝါးချွန်နဲ့ရင်ဝထိုးပြီးသတ်ပြစ်မယ်””’ မိုက်ခဲစကားကြောင့်မြင့်မောင်နဲ့ရွာကလူငယ်များကမခံမရပ်နိုင်ဖြစ်ကာမိုက်ခဲအား ထိုးမယ်ကြိတ်မယ်နှင့်ရန်ဖြစ်ကြရာလူကြီးများကအတင်းဝိုင်းဆွဲကြရလေသည်။ မိုက်ခဲတို့မိုက်လိုက်ပုံကဒီမှာတင်ရပ်မသွားပေ တနေ့တွင်အရက်မူးလာသောမိုက်ခဲနှင့်ဘုန်းကြီးတို့လမ်းမှာဆုံကြရာမိုက်ခဲက ”’ဒီမှာဘုန်းကြီးဘုန်းကြီးကျောင်းပြင်မယ်ဆိုပြီးကျုပ်ကျွန်းပင်ကိုလာမျက်စောင်းမထိုးနဲ့——ဝါးချွန်နဲ့ရင်ဝကိုထိုးလိုက်လို့ထုတ်ချင်းပေါက်သွားမယ်–ကိုယ့်ဘာသာအေးဆေးနေ””” ””’တကာမှားနေပြီဘုန်းကြီးကအလူမခံပါဘူး—-ဒီကျောင်းကဘုန်းကြီးပိုင်တဲ့ကျောင်းလဲမဟုတ်ဘူး—– တကာတို့ရွာမှာပဲတင့်တင့်တယ်တယ်ကျန်ခဲ့မှာပါကျောင်းဆောက်လူတဲ့အလူဟာအင်မတန်ကုသိုလ်ရပါတယ်””” ””ကျုပ်နားမလည်ဘူး——စိတ်မဝင်စားဘူး”” မိုက်ခဲလဲမူးမူးနှင့်အကုသိုလ်များယူကာဒယီးဒရိုင်ဖြင့်ထွက်သွားလေသည်။ တရက်မှာရွာမှလူများစုကာတောင်ပေါ်သို့လှည်းများဖြင့်ထင်းခုတ်သွားကြလေသည်။ မိုက်ခဲလဲထင်းခုတ်လိုက်သွားလေသည်ထင်းခုတ်သွားရာတွင်တောနက်ထဲညအိပ်သွားကြသည်မို့ လူစုကာသွားကြခြင်းဖြစ်သည်ရွာဓလေ့အရတဦးနှင့်တဦးကူညီနိုင်အောင်ဖြစ်သည်။ နောက်တနေ့မှာတော့ထင်းခုတ်သွားသောရွာကလူများပြန်လာရာ ညနေအတော်စောင်းနေပြီနေမင်းသည်လဲအနောက်ဘက်သိုဝင်ရန်တာဆူနေပြီ ထိုအချန်တွင်မိုက်ခဲရဲ့ထင်းလှည်းသည်နောက်ဆုံးမှလိုက်ပါလာရာရွာထိပ်ကဝါးရုံတောနား အရောက်တွင်နွားနှစ်ကောင်သည်ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့မိုက်ခဲလဲလှည်းပေါ်မှမက်တပ်ရပ်ကာ နွားနှစ်ကောင်ကိုထိန်းလေသည်မိုက်ခဲကြိမ်တံကြောင့်နွားနှစ်ကောင်သည်။ ကဆုန်ပေါက်နေကာမိုက်ခဲသည်လှည်းပေါ်မှအရှိန်မထိန်းနိုင်ပဲဝါးရုံတောထဲသို့ပြစ်ကျသွားလေသည်။ ထိုအခါခပ်စွေစွေခုတ်ထားသောဝါးငုတ်တိုတခုပေါ်သို့ကျသွားကာဝါးချွန်သည် မိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ထွက်သွားကာနေရာတွင်ပွဲခြင်းပြီးသေလေသည်။ ရွာထဲကလူများလဲမိုက်ခဲအဖြစ်ကိုကြည့်ကာဘုန်းကြီးအားစော်ကားပြစ်မှားမိသည့်အတိုင်းဖြစ်၍ သူပြောသည့်အတိုင်းမိုက်ခဲသေပုံအားပြောမဆုံးအောင်ရှိနေသည်။ ရွာပြင်တွင်အစိမ်းသေသွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းပဲ ရွာပြင်တွင်ဝါးကပ်ဖြင့်အလောင်ပြင်ထားသည်။ရွာကလူများလဲသိပ်ပြီးကြည့်မရပေမဲ့နာရေးဆိုတော့ အလောင်းအားဝိုင်းဝန်းကာကူညီပေးကြသည် ထိုညကဘုန်းကြီးကျောင်းအပြင်ဘက်တွင်ခွေးတွေအူလိုက်ဟောင်လိုက်နှင့်ဆူညံနေသည်။ ...

ဟုတ်တယ်ဟေ့ ဒီမှာဖားကျတယ်ကျောက်ခဲရေ လူခွဲဟေ့” ဖားရိုက်လျှင် တစ်ယောက်မီးတစ်ပြန် အကွာအဝေးမှာ နေပါက မြင်ကွင်းက ပို၍ ရှင်းလင်းလှပေသည်။ ဖားရသ၍ အောင်တင်နှင့် ကျောက်ခဲတို့ ရိုက်၏ အောင်တင် မီးတစ်ချက် ပြန်အဝေ့ နီရဲ့လှသော မျက်လုံးဝိုင်းဝိုင်းအားတွေ့လိုက်သည်။ အောင်တင် စိတ်ထဲဝမ်းသာသွားသည် ထိုမျက်လုံးအနေအထား အရ ဖား၅၀သား အထက်ရှိနိုင်သည် မီးမှိတိကာ တွေ့လိုက်သောနေရာသို့မှန်းလျှောက်လေသည်။ ဖားကို မျက်လုံးအဓိက ထား၍ ရှာရသည်ဖြစိသဖြင့် မီးရောင်ကြောင့် ဝပ်သွားလျှင် ရှာရ ခက်မည်ဆိုးသောကြောင့် ထိုသို့ မီးမှိတ်ကာ အနားသွား၍ ဆက်ကနဲထိုးကား ဖမ်းခြင်းက ...

ဒို( ထို ) ပစ်တမ်းတဲ့ဗျ ဒီကစားနည်းကလည်းကျုပ်တို့ဆီမှာပါဆော့တဲ့ကစားနည်းဗျ ခဗျားတို့သိအောင်ပြောရရင်တော့ အကွက် က ၈ကွက်ဗျ အဲ့အကွက်လေးတွေကိုလည်း အိုးခြမ်းပဲလေးတွေနဲ့ ပြစ်ပြီးတော့လည်း ​ခြေတစ်ပေါင်ကျိုးကစားရတဲ့ ကစားနည်းဗျ စည်းကိုလည်း ဒို (ထို )လေးကထိလို့မရဘူးဗျထိရင်လည်းအသေပေါ့ဗျာ အကွက်၈ကွက်ကျော်ပြီးရင်တော့ခေါင်ကိုရောက်ပြီဗျ ခေါင်ရောက်ပြီးရင်လည်း မျက်စိကိုမှိတ် ဒို( ထို)ကိုနောက်ပြန်ပစ်ရတယ်လေ အကွက်၈ကွက်ထည်းက တစ်ကွက်ကွက်ကိုထိုက ကျသွားရင်လည်းအဲ့အကွက်ကကိုယ့်အပို်င်ပေါ့ဗျာ ကျန်တာတွေတော့ရှိသေးတယ်ဗျ ကျုပ်ကလည်း ကလေးတွေဒို(ထို ) ဆော့တာကြည့်နေရင်ကလည်း ငြီးငွေ့လာတာပေါ့ ကျုပ်ဟိုဒီစဉ်းစားလိုက်တော့လည်း သင်းနွယ်ကိုသတိရသွားတယ် ခရေပန်းကုံးလေးကိုခေါင်းပေါ်မှာရစ်ခွေ မြန်မာဆန်ဆန် ချိတ်ထဘီ ရင်ဖုံး ပါးကွက်ကြားလေးနဲ သင်းနွယ်ကိုလည်း ...