ကျိုးသွားတယ် နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ် ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့ ထ,ထလာတယ် သူမိန်းမ မကြည်က သူအထာကို သိတယ် “တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက် ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…” “မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊ သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ငါလိုက်မှ ဖြစ်မှာပါဟာ …” ပြောပြောဆိုဆို ကိုတင်မင်းအိမ်ဘက် ထွက်သွားတယ် ခဏနေတော့ သတင်းကြားရတာပဲ၊ ကိုခိုင်၊ ကိုတင်မင်းကို လိုက်ပို့တဲ့ကားနဲ့ ရန်ကုန်ပါသွားတယ်တဲ့၊ ...
ပြန်စုစည်းကာ တွေးလိုက်မိလေ၏။ ဒါအကြောင်းမဲ့တော့ ဟုတ်ဟန်မတူ။ ဘယ်သူများလည်းဆိုတာကို တွေးနေမိသည်။ စောစောက မီးထိုးကြည့်လိုက်တဲ့အခါ ထိုမိန်းမကို မြင်ဖူးသလိုလိုတော့ ရှိသားလို့လည်း ထင်မိလိုက်သည်။ နောက်တစ်ခေါက် မီးနဲ့ထပ်ထိုးကြည့်ရင် ကောင်းမလား အိမ်ထဲပဲ ပြန်ဝင်ပြေးရင် ကောင်းမလား ဆိုတာကို ချက်ကြီးလည်းတွေးမရ။ ညဘက်ကြီးဆိုတော့ လန့်မိတာလည်း ပါသည်။ ပြီးတော့ ထိုမတ်တပ်ရပ်နေတဲ့ အမျိုးသမီးကလည်း ဘာမှမပြောပဲ စိမ်းစိမ်းကြီး ရပ်ကြည့် နေလေတော့ သူလည်းဘာလုပ်ရမယ်မသိ။ ထိုစဉ် ထိုအမျိုးသမီးထံမှ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့ပါသည်။ “ဟဲ့…ချက်ကြီး ငါလေဟာ မိဝိုင်းလေ…နင်မမှတ်မိဘူးလား” ထိုအမျိုးသမီးက ထိုသို့ ...
မပြော၊ ညာမပြော မုန့်လှီးတဲ့ဓါးကို ဆတ်ခနဲ ကောက်ကိုင်လိုက်တယ်။ လက်ထဲဓါးရောက်တာနဲ့ ဆနွင်းမကင်း တစ်ပန်းကန် လုံးကို ဓါးနဲ့ ထိုးဆွ၊ ချေမွပစ်လိုက်တယ်။ဦးစိန်မောင်တို့လင်မယား၊ မုန့်သည်ကို တောင်းပန်ပြီး အလျော်ပေးလိုက်ရပြန်တယ်၊ ဒီလို၊ ဒီလို အဖြစ်အပျက်တွေက ခဏခဏဖြစ်တော့ ကြည်ကြည် နာမည်တွေထပ်ရပြန်တယ်၊ စွာတေးလန်မ… အာဇာနည်မ….တဲ့။ တစ်နေ့ ကြည်ကြည် ကျောင်းကပျောက်သွားတယ်။ဆရာ/ ဆရာမတွေက ကြည်ကြည့်မိဘတွေကို အ ကြောင်းကြားတယ်၊ အိမ်မှာ ဦးစိန်မောင် မရှိဘူး၊ ဒေါ်သိန်းရွှေ စိုးရိမ်တကြီး ကျောင်းကို ပြေးသွားတယ်၊ဆရာ/ ဆရာမတွေနဲ့အတူ လိုက်ရှာကြတယ်၊ ကျိုက်ထို ...
ဖြူကလေးက မသောက်တော့ဘဲ ဘုရားဆင်းတုတော်အနားသို့ တိုးဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သို့နှင့် မခင်ဦးလဲ အပတ်တိုင်း မြွေဖြူကလေးအတွက် နို့စိမ်းတစ်ခွက် အမြဲတမ်းသယ်လာဖြစ်တော့သည်။ မခင်ဦးက စကားပြောချိုသာသလို ရုပ်ရည်ကလဲ သနားကမားကလေးဖြစ်သဖြင့် မခင်ဦး၏ အချစ်ကိုရယူချင်သည့်သူများမှာ ညောင်ဦးမြို့တွင် မနည်းလှချေ။ အချို့ကတော့ မခင်ဦးကို ပိုးပန်းသည့်အနေနှင့် တစ်ပတ်တစ်ခါလောက် ယွန်းထည်တွေ လာရောက်ဝယ်ယူတတ်ကြရာ သူတို့ဆိုင်ရောင်းအားတက်နေသည်။ “နင်တို့တွေ ခင်ဦးကိုကြည့်ပြီးအတုယူကြ၊ သူ့ကြောင့် တို့ဆိုင် မိတ်တွေတက်လာတာမနည်းဘူးနော်၊ ဒီလိုပြောလို့ နင်တို့တွေကို မြှူဆွယ်ခိုင်းနေတာမဟုတ်ဘူး” ဆိုင်ပိုင်ရှင်က အမြဲလိုလို ဆိုင်မှဝန်ထမ်းများအား ခင်ဦးကိုအတုယူရန် အမြဲပြောလေ့ရှိသည်။ ထိုသို့အပြောခံရတိုင်းလဲ ...
ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး၊ ဒီအတိုင်း ဘုရားပျံဂိုဏ်းဆိုတဲ့ နာမည်ကိုပဲသိကြတာ” “သူတို့က ဘာဖြစ်လို့လှို့လှို့ဝှက်ဝှက်လုပ်နေရတာလဲဗျာ၊ မကောင်းတာတွေ လုပ်နေလို့များလား” “ဒီလိုတော့မဟုတ်ဘူးကွ၊ နောက်ထပ်ထူးဆန်းတာတစ်ခုကတော့ ဘုရားပျံဂိုဏ်းရဲ့ရပ်တည်ချက်ပဲကွ၊ အထက်လမ်းဂိုဏ်းတွေက များသောအားဖြင့်တော့ ဂိုဏ်းထောင်မယ်၊ ကျင့်စဉ်ပညာရပ်တစ်ခုကို လိုက်စားကြမယ်၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးမယ်ဆိုတာလောက်ပဲကွ၊ ဂိုဏ်းကိုမထိသရွေ့ကတော့ ရန်မရှာဘူးပေါ့ကွာ၊ ဒီလိုဂိုဏ်းတွေကို တို့အထက်လမ်းပညာမှာ ခုခံရေးဂိုဏ်း၊ ကာကွယ်ရေးဂိုဏ်းလို့ခေါ်သကွ” “ဒါပေမယ့် ဘုရားပျံဂိုဏ်းကတော့ အထက်လမ်းလောကရဲ့ တစ်ခုတည်းသော တိုက်ခိုက်ရေးဂိုဏ်းကွ၊ ဂိုဏ်းရဲ့ဆောင်ပုဒ်ကလည်း မကောင်းသူပယ်မတဲ့ကွာ၊ ဒါကြောင့် ဂိုဏ်းကိုထိထိမထိထိ၊ စုန်း၊ ကဝေ၊ အောက်လမ်းဆိုတဲ့လူတွေကို လိုက်လံပြီးတော့ ဖယ်ရှားရှင်းလင်းနေတဲ့ဂိုဏ်းတစ်ခုပဲ၊ ဒါကြောင့်လည်း ...
တောင်စဉ်ရေမရ လျောက်တွေးနေခဲ့စဉ် ရုတ်တရက် နားထဲသို့ အသံတစ်သံက တိုးဝင်လာခဲ့လေသည်။ “အစ်ကိုကြီး… အစ်ကိုကြီး… ဘာထိုင်လုပ်နေတာလည်း ရှင့်” တစ်ယောက်ထဲ အေးအေးဆေးဆေး ရှိနေစဉ် ရုတ်တရက် အမျိုးသမီး တစ်ယောက်၏ အသံကြောင့် သူလည်း လန့်သွားမိသည်။ ထို့နောက် ခေါ်သံကြားရာသို့ မဝံ့မရဲနှင့် လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ … “ဟင်… ဘယ်သူတုန်းဟ” ဆိုကာ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားမိသည်။ တွေ့လိုက်ရသည်က မိန်းမပျိုလေး တစ်ယောက်ပင် ဖြစ်သည်။ အသားဖြူဖြူ မျက်လုံးမျက်ခုံး ကောင်းကောင်းနှင့် ဆံပင်ရှည်ရှည် မိန်းမပျိုလေး ...
နိုင်ကြီးရောက်လာတယ်… တဖျောက်ဖျောက်မြည်နေတဲ့ ခြေသံကို ကြားရတယ်… ကြားရတဲ့ဘက် ဓါတ်မီးကို ဝေ့ထိုးလိုက်တယ်… မဲမဲအရိပ်တရိပ်ခုန်သွားတာ တွေ့လိုက်တယ်… မဲမဲအရိပ်ကြီးခုန်တဲ့ဘက် ဓါတ်မီးကို လိုက်ထိုးလိုက်တယ်။ ခွေးနက်ကြီးတစ်ကောင် သစ်လုံးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ဘက်ကို လှည့်ကြည့်နေတယ်။ ညဉ့်အခါခွေးတွေ ကြောင်တွေကို ဓါတ်မီးနဲ့ ထိုးကြည့်ရင် မျက်လုံးစိမ်းစိမ်းတွေ တွေ့ရတယ်။ ဒီခွေးကြီးနက်ကြီးရဲ့ မျက်လုံးတွေကတော့ မီးကျီခဲတွေလို နီရဲလို့ … နိုင်ကြီး ဓါတ်မီးကို သေနတ်နဲ့ ပြောင်းကာအောက်က ကပ်ကိုင်လိုက်တယ်… ခွေးနက်ကြီးရဲ့ နီရဲနေတဲ့ မျက်လုံးနှစ်လုံးကြား အလယ်တည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တယ်… ထိုးထားတဲ့ ...
တိုးကပ်သွားသည်။ အထုပ်အနားရောက်တော့ သူအတော်အံ့သြသွားရသည်။ “ဟန်…” အကြောင်းမှာ ထိုအမျိုးသမီး ချသွားခဲ့တဲ့အထုပ်က အမိုက်မဟုတ်ပဲ ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ “ကလေးလေးပါလား” သူကပြောရင်းဆိုရင်းနဲ့ ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး။ ” တောက်…! ခလေးတစ်ယောက်ကို အဲ့တိုင်းပစ်သွားရသလား။ အေးပေါ့လေ ဒီလိုမိခင်မျိုးတွေရှိလို့လည်း အပစ်မရှိတဲ့ခလေးတွေ ဒုက္ခရောက်ကုန်ကြတာပေါ့။ “ ခလေးငယ်လေးရဲ့ မျက်နှာကို သေချာကြည့်မိတော့ ချစ်စရာကောင်းလွန်းလှသည်။ ထို့ကြောင့် စွန့်ပစ်ခံ သနားစရာကောင်းတဲ့ ကလေးငယ်လေးကို ဂရုဏာသက်စွာဖြင့်..။ “ကဲ့ကလေးလေးရေ မင်းနဲ့ငါတော့ အရင်ဘဝက ရေစက်ကြောင့်ထင်ပါရဲ့…. အခုတော့ ငါကမင်းရဲ့မွေးစားအဖေ မင်းရဲ့အဖေ ဖြစ်ရပြီပေါ့ကွာ” ...
ရှေ့ဆက်ပြီး သိပ်မခက်ခဲတော့ပါဘူးကွာ” “ဒါပေမယ့် ဦးလူနီမရှိတော့ ကျုပ်ဘယ်လိုလုပ်ရမလဲဗျာ၊ အရင်က ကျုပ်ယုံကြည်ခဲ့တဲ့ ဦးဖိုးထူးဆိုတဲ့လူက အခုတော့ ကျုပ်နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတစ်ယောက်ဖြစ်နေပြီမဟုတ်လား၊ ဦးလူနီမရှိတော့ရင် ကျုပ်ကိုဘယ်သူကများ သွန်သင်ဆုံးမနိုင်အုံးမလဲဗျာ” ဦးလူနီက ပြုံးရင်း “ရေငုံရသေ့ကြီးပြောခဲ့တဲ့ တတိယမြောက်အတားအဆီးဆိုတာကို မင်းမှတ်မိသေးလား မောင်ရှိန်” “မှတ်မိတာပေါ့ဗျာ၊ တတိယမြောက်အတားအဆီးက မိတ်ဆွေဆိုတာပဲ” “မှန်တယ်မောင်ရှိန်၊ မင်းက မိတ်ဆွေတွေထားလို့ရပေမယ့် အဲဒီမိတ်ဆွေတွေအပေါ်မှာ သိပ်ပြီးမမှီခိုသင့်ဘူး၊ သိပ်ပြီးတော့ မတွယ်တာသင့်ဘူး၊ အခုမင်းဒီလိုဖြစ်ရတာလည်း ဘာကြောင့်လဲဆိုတာ မင်းသိမှာပါ” ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီး “ကျုပ်တွယ်တာတာ မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဦးဖိုးထူးလမ်းမှာရောက်သွားမှာကိုစိုးလို့ပါ၊ ဒါကြောင့် ...
တဲ့ အတိုင်း ဟန်ပဲရှိတာ မဟုတ်လား “ “အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင် ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “ “ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “ “အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “ သာအေးသည် ...