သွားနေကြသည်။ ကျောင်းဆင်းပြီးချိန်မို့ ကလေးငယ်နှစ်ဦးထဲ တောထဲကျန်ရစ်ခဲ့မည်ကို မွန်း ရုတ်တရက် စိုးရိမ်မိသွားသည်။ ” ဟေ့…ဟေ့ ကလေးတွေ” မွန်း၏ အော်သံကို ကလေးတွေက မကြားသည့်အလား၊ လှည့်၍ပင်မကြည့်ကြ။ ဝါးရုံတောဆီကိုသာ သွားမြဲသွားနေကြ၏။ ထိုအချင်းအရာကြောင့် မွန်း၏ စိုးရိမ်စိတ်တို့က ငယ်ထိပ်ဆီဆောင့်တက်သွားရသည်။ မဖြစ်ချေတော့ပြီမို့ ကလေးများအနောက်ကို ပြေးလိုက်မိ၏။ ကလေးနှစ်ဦးကား ဝါးရုံတောဆီကို ၀င်ရောက်သွားလေပြီ။ မိုးသက်လေ၏ တိုက်ခိုက်မှုကြောင့် ဝါးရွက်များ၏ လှုပ်ခတ်သံက တရှဲရှဲ။ မွန်းမှာ ကလေးများထံကို ဇောကပ်နေရသည်မို့ ဝါးရုံတောဆီကို ရောက်မှန်းမသိရောက်လာရသည်။ ” ဟင်…” ဝါးရုံတောကြီး၏ ...
ဝင်ထိုင်လိုက်တယ်။ ကိုစိန်မောင်က ရန်ကုန်က ပါလာတဲ့ သူတို့ မိတ်ဆွေ တက္ကစီဆရာတွေဘက်ကို လှည့်ကြည့်ပြီး ပြောသဗျ။ “ကိုဝင်းတို့ ကိုကြည်စိုးတို့ ခင်ဗျားတို့ မဖဲဝါကို ကြားဖူးကြသလား” “ဟာ ကြားဖူးတာပေါ့ဗျ။ ကိုစိန်မောင်ရဲ့ ဘာဖြစ်လို့တုံး” “ဟောဒီက ကျုပ်တူ တာတေက မဖဲဝါကြီးနဲ့ လွှတ်ခင်တာဗျ” “ဟေ …ဟုတ်လား၊ နို့ မောင်တာတေ၊ မဖဲဝါကို မြင်ဖူးသလား” ကျုပ်ကို အံ့သြတဲ့မျက်နှာနဲ့ကြည့်ပြီး ကိုကြည်စိုး ဆိုတဲ့ လူက မေးတယ်ဗျ။ “ဟာ မြင်ဖူးပါပြီလားဗျာ” လို့ ကျုပ်က ပြန်ပြောလိုက်တော့ ...
ထုတ် သွားတာ ဖြစ်နိုင်သလို သူ့ဘာသာဆိုင်ကယ်ကယ်ရီ၊ ဆိုက်ကားငှားပြီးလည်း သွားနိုင်တယ်လို့ တွက်ဆတယ်။ ဖြစ်နိုင်မယ့်ထွက်ပေါက်အားလုံးကို အဖွဲ့တွေ့ခွဲပြီးလိုက်ကြတယ်။ မြောက်ဘက်က ဇေယျဝတီ၊ တောင်ဘက်မှာရှိတဲ့ညောင်ပင်သာ၊ ကညွတ်ကွင်းမြို့တွေကိုလည်း ကားလမ်းပိတ် ဆို့ပြီး ရှာဖွေပေးဖို့ အကြောင်းကြားတယ်။ အစွမ်းကုန်ကြိုးစားအားထုတ်ကြပေမဲ့ အခြေအနေကမကောင်းဘူးဖြစ်နေတယ်။နေ့လယ်ခင်းအချိန်အထိ ထွက်ပြေးတဲ့တရားခံမနဲ့ ပတ်သက်ပြီး ဘာသတင်းမှမရဘူး။ ညနေ(၃)နာရီလောက်မှာ လူတစ်ယောက်မြို့နယ်ရဲတပ် ဖွဲ့မှူးအိမ်ရောက်လာတယ်၊ သတင်းတစ်ခုပေးတယ်၊သတင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ တရားခံနဲ့ပတ်သက်တဲ့ သတင်းတော့မဟုတ်ဘူး။ နတ်ဆရာမတစ်ယောက်ရဲ့ သတင်း၊ ဖြူးမြို့တောင်ဘက်အထွက် ကားလမ်း၊ ရထားလမ်း အရှေ့ဘက်မှာ ကရင်ရွာကြီးတစ်ရွာရှိတယ်။ အဲဒီကရင်ရွာကြီးမှာ ထူးဆန်းတဲ့နတ်ဆရာမ တစ်ယောက်ရှိတယ်။ ...
ဖူးစုံတစ်ယောက်မျက်နှာလေးဆူပုတ်ပုတ်ဖြင့်… “အေးပါဟယ်…ငါသတိလွတ်သွားလို့ပါ…နင်တို့ကလည်း ဖဲ့မယ်ဆိုတာကြီးပဲ…” “မဖဲ့စေချင်…နင်ဆင်ခြင်လေ…ကဲပါ.လာ…အိမ်ထဲမှာ နွေးရှိလားမသိဘူး…” “အေး…ခြံတံခါးကတော့ သော့မခတ်ထားဘူးဟ…” ကြည်လဲ့က နွေးတို့အိမ်၏ ခြံတံခါး အားကြည့်ကာပြောလိုက်သည်။ နွေးတို့အိမ်နှင့် ခြံတံခါးဟာ အတန်သင့်ဝေးကွာ၏။ “အဲ့နွေးဆိုတာလေ…တစ်ယောက်ထဲနေတာကို ခြံတံခါးမပိတ်ထားဘူး…တကယ်ပဲ ” ဖူးစုံက နွေးအားအပြစ်တင်လိုက်သည်။ “ကဲပါ…လာ…လာ သြားစို့…” အမြဲ ပွစိပွစိပြောတက်သော ဖူးစုံကို ကြည်လဲ့က ဆွဲခေါ်ကာ ခြံထဲသို့ဝင်လာကြတော့သည်။ သူတို့ဝင်လာကြသော်လည်း တိတ်ဆိတ်ခြောက်ကပ်မှု့ကသာ ကြိုဆိုနေခဲ့၏။ ယခင်က နွေးတို့အိမ်၌ ခြံစောင့်ကြီး ဦးဘမြင့်ဆိုတာရှိ၏။ နွေး အခြားဆီသို့ထွက်သွားချိန်၌ အိမ်စောင့်ကြီး ကျန်ရစ်ခဲ့သည်ကိုတော့ မေတို့ သိကြလေသည်။ ...
ကိုအောင်သာဦးနှင့် တိုင်ပင်ရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ ဦးမာဒင်တို့ ညီအစ်ကို နှစ်ဦးလုံးသည် အသက်အရွယ် ကြီးလေမှ အိမ်ထောင်ကျသူများ ဖြစ်ကြပြီး၊ ညီအစ်ကို ၂ဦးလုံးတွင် အသက် ၁၁နှစ်အရွယ် မတိမ်းမယိမ်း သမီးလေးများ ကိုယ်စီ ရှိကြလေ၏။ ထိုအချက်အလက်များကို ရှေ့နေ ကိုအောင်သာဦးက အကြမ်းအဖျင်းအားဖြင့် သိထားပြီး၊ အမှုသည် ဦးမာဒင်ကို လူချင်း ၂ကြိမ် ၃ကြိမ်ခန့်သာ ဆုံတွေ့ဖူး၏။ ကိုအောင်သာဦးသည် ကားမောင်းလာရင်း ဦးမာဒင်အကြောင်း တွေးနေရာမှ၊ လူနေ ကျဲပါးသော ဆိပ်ငြိမ် ရပ်ကွက်လေးတစ်ခုအတွင်းသို့ ရောက်လာ၏။ ကိုအောင်သာဦးသည် ...
ခါးပိုက်ထောင်ထဲက မန်ကျည်းရွက်တွေကို အမေ့စကောထဲကို ထည့်ပေးလိုက်တယ်။ “ကဲ … ကဲ လူတော်ရေ နင့်ညီ တာတေနဲ့စကားပြောကြဦး အရီး ဟင်းအိုးလေး တည်လိုက်ဦးမယ် နင်ဘိုးဥာဏ် တော့ တောင်ပိုင်းကို သွားတယ်” ကျုပ်က ကိုကြီးလူတော်နဲ့ မျက်နှာချင်းဆိုင် တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ နဂါးဆေးလိပ်တစ်လိပ်ကို ဓနုဖြူဒေါ်ရီ ကြေးမီးကလေး ခတ်ပြီး မီးညှိလိုက်တယ်။မီးညှိပြီးသား ဆေးပေါ့လိပ်ကို ကိုကြီးလူတော်ကို ကမ်းပေးလိုက်တယ်။ ပြီးမှ ကျုပ်က သောက်လက်စ နဂါးဆေးပေါ့လိပ် တိုလေးကို မီးညှိပြီး ဖွာလိုက်တယ်။ “တာတေ မင်းကတော့ ...
လမ်းလျှောက် လျှင် မိနစ်နှစ်ဆယ်ခန့်ဝေးသည့် အဆောင်မှာ ငှားရမ်းနေထိုင်ရသည်။ မနက်စောစောထပြီး ထမင်းအိုးတည်ရသည်။ သူတို့သည် အဆောင်ကို ပြောင်းလာသည်မှာ တစ်ပတ်သာရှိသေးသည် ။ ရန်ကုန်ရောက် သည်က တစ်နှစ်ကျော်ပြီ၊ အရင်က ရပ်ကွက် အတွင်းကျကျ အဆောင်မှာ ငှားရမ်းနေထိုင် ခဲ့သည်။ အားလုံးအခြေအနေကောင်းသော် လည်း အလုပ်နှင့် အတော်ဝေးသလို နာရီ ဝက်ကျော်ကျော်ခန့်လျှောက်မှရောက်သည်။ ယခုနေရာက အလုပ်ကို ဆယ့်ငါးမိနစ်မှ အလွန်ဆုံး မိနစ်နှစ်ဆယ်ဝန်းကျင်သာ လျှောက်ရသည်။ သည့်ထက်နီးသည့် အဆောင်က မရှိတော့။ ညဘက်စားသောက်ပြီး၍ အိပ်ချိန်နားနီးမှ တစ်ဖက်အခန့်က မိန်းကလေးပြန်လာသည်ကို ...
ပန်းစား လုပ်ကြတော့သူများနည်းတူနေနိုင် စားနိုင်ကြတဲ့သူများလည်းဖြစ်ကြသည်။ “ကဲအမေစိတ်လျှော့ ပြီးရင်ရေချိုးလိုက် သမီးထမင်းခူးထားလိုက်မယ်အမေ” “အေးအေးသမီး” နောက်နေ့စျေးရောင်းသွားတော့ ဒေါ်အေးမာတစ်ယောက်စျေးရောင်းမထွက်ပေ၊ “အင်းဒီနေ့တော့အေးမာမလာဘူးဆို တော့ငါနားညည်းလည်းသက်သာရန်လည်းမဖြစ်ရတော့ဘူးဆိုတော့ ငါအကုသိုလ်နည်းတာပေါ့” ဒေါ်စန်းရီစိတ်ထဲမှပြောနေမိသည် စျေးကိုသာအာရုံစိုက်ပြီးရောင်းနေလိုက်သည် ဒေါ်စန်းရီစျေးရောင်းကောင်းကောင်း နဲ့ရောင်းလိုက်တာတော်တော့်ကိုကုန် သွားတယ်။ “ဒီနေ့တော်တော်ရောင်းကောင်းတယ် ပေါ့ဒေါ်စန်းရီ” “အင်းဟုတ်ပါ့တော် ရောင်းကောင်းတယ် မမြင့်ကြည်ရေ စိတ်ချမ်းချမ်းသာသာနဲ့ ရောင်းရတော့ပိုပြီးအဆင်ပြေတာပေါ့” “အင်းဟုတ်မယ် ဟုတ်မယ်” “အမလေး” “ဝုန်း “ ” ဟဲ့ဒေါ်စန်းရီမူးလဲသွားပြီထူကြပါဦးဟဲ့” “ဒေါ်စန်းရီရလားထလို့” “အင်း ကျွတ်ကျွတ်ကျွတ် ရပါတယ်မိုက်ခနဲ့မူး ပြီးလဲသွားတာ မမြင့်ကြည်ရယ် သွေးဘောင်များ ကျနေသလားမသိဘူး” “ဟုတ်လောက်မယ် ...
တော်မူသဖြင့် နတ်စင်ကို အိမ်တွင်းသို့ ပြောင်းရွှေ့ပူဇော်ကြရာမှ အိမ်တွင်းမင်း မဟာဂီရိနတ်ဟူ၍ အမည်တွင်ခဲ့ပါသည်။ မီးလောင်ကျွမ်းတိမ်းပါးခဲ့သောကြောင့်အလင်းရောင်မရအောင် ခန်းဆီးစအနီ ဖြင့်ပိတ်ထား၏။ မီးလောင်ဒဏ်အား သက်သာစေရန်ရည်ရွယ်ကာ အုန်းသီးဖြင့်ပူဇော်ခြင်းဖြစ်ကြောင်းအဆိုရှိပါသည်။ ယခု မအေးကြည်က ကိုသန်းဌေးတို့ လင်မယားက အိမ်တွင်း မတင်သဖြင့် နတ်က ဖမ်းစားသည်ဟု ဆိုလိုက်ခြင်း ဖြစ်လေ၏။ဒါက ကြုံတုန်းလေး မင်းမဟာဂီရိနတ်အကြောင်း ရှင်းပြတာပါ။ ကိုသန်းဌေးက လယ်ဧကများစွာ ပိုင်ဆိုင်ပြီး၊ အလုပ်ကြိုးစားသူ ဖြစ်သည်။ စီးပွားရေးက ကောင်းတော့၊ လယ်ရောင်းမည်ဆိုပါက၊ ပြေးဝယ်ပြီးသားပင်။ ထို့ကြောင့်ပင် ယခုအချိန်၌ ကိုသန်းဌေးတွင် လယ်ဧက ၂၀ခန့်အထိ ...
ပွေးပေါာက်ကလေးတွေကျလာလေသည် အားလုံးပေါင်းအကောင်နှစ်ဆယ်လောက်ရှိလေသည်ဗလနှင့်သာမောင်လဲအားလုံးရိုက်သတ်လိုက်ကာ ဗလကမြွေပွေးအမကြီးအားဟင်းချက်စားရန်သယ်လာလေသည် ့ ့ ရွားနားမရောက်ခင်လမ်းခွဲကာသာမောင်ကမြွေဒိုင်သို့မြွေသွားသွင်း၍ဗလကအိမ်ပြန်၍မြွေဟင်းချက်လေသည်ဗလအမေဒေါ်မြကဗလအားကြည့်၍ ”””သားရယ်ဒီမြွေဖမ်းရောင်းတဲ့အလုပ်နဲ့သူများအသက်သတ်တဲ့အလုပ်ကိုမလုပ်ပါနဲ့တော့အကုသိုလ်ကြီးပါတယ်ကွယ်””’ ”’အင်းပါအမေရယ်သားစဉ်းစားပါ့မယ်””’ ”’အခုတလောအမေအိမ်မက်တွေမကောင်းဘူးစိတ်တွေလေးနေတယ်နောက်ရက်ကျရင်သားတောထဲမသွားနဲ့အုံးနော်””’ ”’ဟုတ်ကဲ့ပါအမေနေမကောင်းလို့အိမ်မက်ဆိုးတွေမက်တာနေမှာပါ””’ ့ ့ ့ ဒေါ်မြလဲခေါင်းမာသောသားကိကြည့်၍ဆက်မပြောတော့မြွေသားဟင်းကျက်တော့ သာမောင်လဲရောက်လာလေသည်မြွေရောင်းရပိုက်စံများခွဲယူကာမြွေပွေးသားဟင်းနှင့်ထမင်းကို အားရပါးရစားသောက်ကြလေသည် ့ ့ နောက်ရက်တောထဲရောက်တော့အတော်ကြာသည်အထိဘာမြွေမှမတွေ့နေခင်းပိုင်းခဏနားရန််သာမောင်ပြောတော့ဗလလဲလက်ခံကာနားရန်အပင်းကြီးတပင်အောက်တွင်ထိုင်တုန်းရှိသေး အောက်ရောက်နေသောသစ်ကိုင်းပေါ်ကမြွေပွေးတကောင်သည်ခုန်ချလာကာ ဗလလည်ပင်းအားခဲထားလိုက်သည်သာမောင်လဲမြွေပွေးကိုသတ်လိုက်ကာ ကြည့်လိုက်တော့မြွေပွေးအထီးကြီးဖြစ်နေလေသည် ့ ့ ့ မြွေထီးကြီးမျက်လုံးထဲတွင်သာမောင်ကိုအဓိပါယ်ရှိစွာညြ့်နေသလိုနားကျဉ်းမုန်းတီးနေသလိုသာမောင်ခံစားရလေသည် မြွေမကြာခဏအကိုက်ခံရပေမဲ့မသေသောဗလတယောက်ဒီတခါတော့သေလေပြီ ဗလအသုဘချပြီးကထဲနေ့မှစ၍သာမောင်မြွေဖမ်းရောင်းတဲ့အလုပ်ကိုမလုပ်တော့ ဗလသေတော့သူ့အမေကိုသူ့ညီမမိသားစုကလာစောင့်ရှောက်ပေးလေသည် တနေ့သာမောင်ဗလအမေဆီသို့အလည်သွားရာ ့ ့ ”ရှုး ရူး ” ဗလအိမ်ခြံရှေ့မြွေပွေးတကောင်ပြေးထွက်လာကာသာမောင်ကိုကြည့်၍ တရူးရူးနှင့်နှာမှုတ်နေသည်ရုတ်တရက်သာမောင်လဲကြောင်သွားကာအနီးအနားက တုတ်ချောင်းရှာ၍ရိုက်သတ်ရန်ရွယ်ရာမြွေကထွက်မပြေးသာမောင့်စိတ်ထဲတမျိုးဖြစ်သွားကာ သူ့ကိုအန္တရယ်မပေးသောမြွေပွေးကြီးကိုကြည့်ရင်းလွှတ်ပေးလိုက်သည် ့ ...