မြွေဘဝကူးသွားသူ

ပွေးပေါာက်ကလေးတွေကျလာလေသည် အားလုံးပေါင်းအကောင်နှစ်ဆယ်လောက်ရှိလေသည်ဗလနှင့်သာမောင်လဲအားလုံးရိုက်သတ်လိုက်ကာ ဗလကမြွေပွေးအမကြီးအားဟင်းချက်စားရန်သယ်လာလေသည် ့ ့ ရွားနားမရောက်ခင်လမ်းခွဲကာသာမောင်ကမြွေဒိုင်သို့မြွေသွားသွင်း၍ဗလကအိမ်ပြန်၍မြွေဟင်းချက်လေသည်ဗလအမေဒေါ်မြကဗလအားကြည့်၍ ”””သားရယ်ဒီမြွေဖမ်းရောင်းတဲ့အလုပ်နဲ့သူများအသက်သတ်တဲ့အလုပ်ကိုမလုပ်ပါနဲ့တော့အကုသိုလ်ကြီးပါတယ်ကွယ်””’ ”’အင်းပါအမေရယ်သားစဉ်းစားပါ့မယ်””’ ”’အခုတလောအမေအိမ်မက်တွေမကောင်းဘူးစိတ်တွေလေးနေတယ်နောက်ရက်ကျရင်သားတောထဲမသွားနဲ့အုံးနော်””’ ”’ဟုတ်ကဲ့ပါအမေနေမကောင်းလို့အိမ်မက်ဆိုးတွေမက်တာနေမှာပါ””’ ့ ့ ့ ဒေါ်မြလဲခေါင်းမာသောသားကိကြည့်၍ဆက်မပြောတော့မြွေသားဟင်းကျက်တော့ သာမောင်လဲရောက်လာလေသည်မြွေရောင်းရပိုက်စံများခွဲယူကာမြွေပွေးသားဟင်းနှင့်ထမင်းကို အားရပါးရစားသောက်ကြလေသည် ့ ့ နောက်ရက်တောထဲရောက်တော့အတော်ကြာသည်အထိဘာမြွေမှမတွေ့နေခင်းပိုင်းခဏနားရန််သာမောင်ပြောတော့ဗလလဲလက်ခံကာနားရန်အပင်းကြီးတပင်အောက်တွင်ထိုင်တုန်းရှိသေး အောက်ရောက်နေသောသစ်ကိုင်းပေါ်ကမြွေပွေးတကောင်သည်ခုန်ချလာကာ ဗလလည်ပင်းအားခဲထားလိုက်သည်သာမောင်လဲမြွေပွေးကိုသတ်လိုက်ကာ ကြည့်လိုက်တော့မြွေပွေးအထီးကြီးဖြစ်နေလေသည် ့ ့ ့ မြွေထီးကြီးမျက်လုံးထဲတွင်သာမောင်ကိုအဓိပါယ်ရှိစွာညြ့်နေသလိုနားကျဉ်းမုန်းတီးနေသလိုသာမောင်ခံစားရလေသည် မြွေမကြာခဏအကိုက်ခံရပေမဲ့မသေသောဗလတယောက်ဒီတခါတော့သေလေပြီ ဗလအသုဘချပြီးကထဲနေ့မှစ၍သာမောင်မြွေဖမ်းရောင်းတဲ့အလုပ်ကိုမလုပ်တော့ ဗလသေတော့သူ့အမေကိုသူ့ညီမမိသားစုကလာစောင့်ရှောက်ပေးလေသည် တနေ့သာမောင်ဗလအမေဆီသို့အလည်သွားရာ ့ ့ ”ရှုး ရူး ” ဗလအိမ်ခြံရှေ့မြွေပွေးတကောင်ပြေးထွက်လာကာသာမောင်ကိုကြည့်၍ တရူးရူးနှင့်နှာမှုတ်နေသည်ရုတ်တရက်သာမောင်လဲကြောင်သွားကာအနီးအနားက တုတ်ချောင်းရှာ၍ရိုက်သတ်ရန်ရွယ်ရာမြွေကထွက်မပြေးသာမောင့်စိတ်ထဲတမျိုးဖြစ်သွားကာ သူ့ကိုအန္တရယ်မပေးသောမြွေပွေးကြီးကိုကြည့်ရင်းလွှတ်ပေးလိုက်သည် ့ ့ သာမောင်ဗလအမေနဲ့စကားပြောနေတုန်းမြွေပွေးကြီးကိုခြံထဲတွင်ဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်မြင်နေတာကြောင့် သာမောင့်စိတ်ထဲထင့်သွားမိလေသည်မိမိထင်သောအထင်မဟုတ်ပါစေနဲ့လို့သာမောင် ဆုတောင်းနေရသည်သူထင်နေတာကဗလများမြွေဖြစ်နေသလား ့ ့ ခုတလောဒေါ်မြသတိထားမိတာကဒေါ်မြတယောက်ထဲအိမ်တွင်ရှိစဉ် မြွေပွေးကြီးတကောင်ရောက်ရောက်လာကာတနေရာတွင်ငြိမ်သက်စွာခွေနေလေသည် အိမ်သားများတခြားသူများလာပါကပြန်ထွက်သွားလေသည် ဒေါ်မြစိတ်ထဲမြွေကိုမြင်လိုက်တိုင်းဗလကိုသတိရနေမိသည်အိမ်မက်ထဲတွင်လဲဗလကိုငြိုးငယ်စွာ မကြာခဏမက်တော့ဒေါ်မြတွေးနေမိသည်ကငါ့သားလေးဗလများမြွေဘဝရောက်နေသလား ဒါ့ကြောင့်မိမိကိုလာစောင့်ရှောက်နေသလားလို့ထင်ပေမဲ့မဖြစ်နိုင်ပါဘူးလေလို့ဖြေတွေးတွေးနေရသည် ့ ့ ့ ဒီကနေသာမောင်အိပ်ယာနိုးတော့မျက်နှာသစ်ရန်အိမ်အောက်ဆင်းကာ ရေအိုးနားရောက်တော့ခွေနေသောမြွေပွေးကြီးကိုမြင်ရာသာမောင်ကစမ်းသပ်သည့်အနေနဲ့ ””’ဟေ့ကောင်ဗလမင်းဗလလား””” သာမောင်ခေါ်သံကြားတော့မြွေပွေးကြီးဟာချက်ခြင်းခေါင်းထောင်လာသည်မို့ သေချာသွားပြီသူငယ်ချင်းဗလမြွေဘဝကူးသွားတာသိတော့ သာမောင်စိတ်မကောင်း၍မျက်ရည်ကျမိလေသည် ခုရက်ပိုင်းမြွေပွေးကြီးရောက်မလာတာ၂ရက်၃ရက်ရှိပြီလို့ဒေါ်မြသတိထားမိသည် မလာတော့လဲဒေါ်မြရှာနေမိသည်အိမ်သားများအားလဲမပြောပြထားပေတော်ကြာသတ်မှာစိုးလို့ ့ ့ ့ ညရောက်တော့ဒေါ်မြအိမ်မက်မက်လေသည်အိမ်မက်ထဲတွင်ဗလသည်မျက်နှာမကောင်းစွာ ဒေါ်မြရှေ့ရပ်ရင်းအမေသားကိုရွာကဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီးအမျှဝေပေးပ့ါလို့ပြောကာ အိမ်မက်ကလန့်နိုးသွားလေသည် ညနေစောင်းတော့သာမောင်ရောက်လာကာ သူ့ကိုဗလအိမ်မက်ပေး၍သူ့အမေကိုဆွမ်းသွတ်ပေးဘို့ပြောခိုင်းကြောင်းနှင့်ဒီကိုအလာ လမ်းကခြံပုတ်ပေါ်တွင်ရွာကကာလသားများရိုက်သတ်ထား၍သေနေသော မြွေပွေးကြီးအားတွေ့ခဲ့ကြောင်းပြောတော့ဒေါ်မြမျက်ရည်တွေကျလာကာ သာမောင်လဲစ်တ်မကောင်းဖြစ်နေလေသည် ့ ့ ့ နောက်တနေ့မနက်မှာတောသာမောင်နှင့်ဒေါ်မြဘုန်းကြီးကျောင်းတွင်ဆွမ်းချိုင့်သွားပို့ပြီး ”’သားလေးဗလရေဒီနေ့အမေပြုသမျှကုသိုလ်ကြောင့်သားကောင်းရာဘဝရောက်ပြီးသာဓုခေါ်နိုင်ပါစေ”””””’ ဆို့နစ်ကျေကွဲစွာဒေါ်မြနှင့်သာမောင်အမျှပေးလိုက်သည် ””အမျှ အမျှ အမျှ”’
ပြီး
D Moe Moe ့ ့