တယ်၊ ဆံပင်ကလည်း အရှည်ကြီး၊ သမီးကို အစိမ်းကြီးကြည့်နေတာ၊ သမီးကြောက်တယ် ” ဝေနှင်း ကား ကြောက်လွန်း၍ အသားပင် တဆတ်ဆတ်တုန်နေ၏။ ” ဟုတ်လို့လားဟာ၊ နင်အမြင်မှားတာနေမှာပါ ” ထူးအောင် မှ ပြော၏။ ” ဟာ၊ ကိုကြီးကလည်း ညီမလေး တကယ်မြင်လိုက်တာပါ၊ အမြင်မမှားပါဘူး၊ ညီမလေး ကြောက်တယ် ” ” ဟူး ” ထူးအောင် သက်ပြင်းချလိုက်၏။ ” ထွန်းအောင်၊ လိုက်ခဲ့ကွာ၊ ညီမလေးပြောသလိုသာ တကယ်ဖြစ်ခဲ့ရင်၊ အဲ အကောင်ကို ...

ဖွဖွရွတ် ပြောဆိုနေတဲ့အသံ ဖြစ်တယ်။ “သေစမ်း….၊ ပူစမ်း၊ သေအောင် ပူလောင်လိုက်စမ်း..” အသံက ကြောက်စရာ အရမ်းကောင်းတယ်။ အမယ်အိုတစ်ယောက်ရဲ့ တုန်တုန်ချိချိအသံပေမဲ့ ဒော မီး တဟုန်းဟုန်းနဲ့၊ ကျိန်စာတိုက်နေတဲ့ အသံကြီး။ ကျိန်စာတိုက်ရင်း မီးဖိုပေါ်ကအိုးကို ယောင်းမလိုအ နဲ့ မွှေနေတယ်။ “ဒီလို မိုးဖွဲဖွဲရွာနေတဲ့’ ညမှောင်မှောင်ကြီးထဲမှာ ကြောက်အလန့်မရှိ၊ ဘာလုပ်နေတာပါလိမ့်..”ရုတ်တရက် သိချင်စိတ်ဖြစ်လာတယ်၊ သောင်း၊ စောင်းငဲ့ကြည့်ဖို့ ဟန်ပြင်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ကိုယ်နဲ့ ကာထားတဲ့မီးအုပ်က ရပ်သွားတယ်။ မီးရောင်တွေက ရှေ့မှာထိုင်နေတဲ့ မိန်းမကြီးေါ်ကို ကျ ရောက်သွားတယ်။ဖျတ်ခနဲ ...

လေသည်။ မရွှေအိမ်ရှေ့သို့ရောက်သည်နှင့် ထိုလူက အိမ်ပေါ်သို့ပြေးတက်လာသည်။ အိမ်ပေါ်သို့ရောက်သည်နှင့် ထိုလူမှာ အိမ်ကြမ်းပြင်ပေါ်သို့ ပုဆိုးပိုင်းတစ်ခုနှင့်ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကိုပစ်ချလိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ပြီး “ကျုပ်တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်းမရှိလို့ ကြံမိကြံရာ ကြံမိတာပါဗျ၊ ကျုပ်ကိုခွင့်လွှတ်ကြပါဗျာ” ထိုလူက လက်အုပ်ချီလျှက် ငိုယိုကာတောင်းပန်နေလေတော့သည်။ ရွာသားများမှာ ယုံရခက်ခက်နှင့် ထိုလူအားကြည့်နေမိသည်။ “နေစမ်းပါအုံး၊ မင်းက ဖိုးတူးမဟုတ်လားကွ၊ ကိုဗေဒါရဲ့လယ်မှာ စာရင်းငှားလာလုပ်တဲ့ တစ်ရွာသားမဟုတ်လား” “ဟုတ်ပါတယ်ဗျာ၊ ကျုပ် ကြံမိကြံရာ လုပ်မိလုပ်ရာလုပ်မိပါတယ်” ထိုအခါ ရွာသားများအတွင်းမှ စိတ်ဆတ်သူများက ထိုလူအား ဝိုင်းဝန်းထိုးကြိတ်ရန်ပြင်ဆင်ကြလေသည်။ ထိုတော့မှ ဘိုးတော် အံ့ကြီးက “ဟိတ်၊၊ ...

ဖုန်လုံးတွေက ကားကိုပြေးစင်တာပေါ့ဗျာ၊ လူငယ်လေးနှစ်ယောက်လည်း ဘာမပြောညာမပြောနဲ့ ကားပေါ်ကခုန်ဆင်းလိုက်တော့ ကျုပ်တို့လည်းဆင်းလိုက်ရတာပေါ့ဗျာ။ ဦးဖိုးထူးက ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး “စားမယ်၊ စားမယ်၊ ဟင် . . . ဘယ်မှာစားရမှာလဲ” သူပြောတာလည်းဟုတ်ပါတယ်၊ တောင်တစ်တောင်လုံး လူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကိုးဗျ၊ အရှေ့မှာလည်း နတ်ကွန်းပဲရှိတော့တာ၊ နတ်ကွန်းဆိုပေမယ့်လည်း သစ်သားနဲ့ နန်းဆောင်ပုံစံသေသေချာချာဆောက်ထားတာပါဗျာ။ လူငယ်နှစ်ယောက်က နတ်ကွန်းဆီကိုလမ်းလျှောက်သွားတာနဲ့ ကျုပ်တို့လည်း အနောက်ကနေလိုက်သွားမိတယ်ဗျ၊ နတ်ကွန်းရှေ့ရောက်တော့ လူငယ်နှစ်ယောက်က ဒူးထောက်ထိုင်ချပြီး “အမေကြီးခေါ်လာခိုင်းတဲ့လူကို ခေါ်လာခဲ့ပါပြီအမေကြီး” ဒီလိုပြောတော့မှ ကျုပ်လည်းတစ်ခုခုကိုသတိထားမိလိုက်တာဗျာ၊ ကျုပ်ခြေသုံးလှမ်းလောက် အနောက်ဆုတ်လိုက်တဲ့အချိန်မှာပဲ အဲဒီနတ်ကွန်းရဲ့ခေါင်မိုးပေါ်မှာ မိန်းမကြီးတစ်ယောက်က ဆောင့်ကြောင့်ထိုင်လို့ဗျ၊ ...

လျှောက်လာခဲ့တယ်။လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။ တစ်ချို့ လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။ လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်မောင်နှမကုန်းကို​ရောက်လာတယ်။စိုးပင်းရဲ့ လယ်တဲကပေါက်ပင်မောင်နှမ ကုန်းပေါ်မှာ။လယ်တဲထဲမှာ မီးခွက်ထွန်းထားပုံရတယ်။တဲထရံကြားကနေ မီးရောင်တွေ့ နေရတယ်။ နိုင်ကြီးက စိုးမင်းကို လှမ်းခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး နိုင်ကြီးကိုလမ်းပြတယ်။ “ကဲ ရော့ဟေ့ငါကတော့ ကတိတည်ပြီနော်…” နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကိုပေးရင်းပြောလိုက်တယ်။ “အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကိုမှာထားပြီးသားပါ။ မင်းတဲထဲမှာ ခဏနေခဲ့ဦးနော် …” စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်သွားတယ်။နိုင်ကြီးကြည့်လိုက်တော့ စိုးပင်းသွားနေတာက တဲရှေ့လယ်တစ်ကွက်အကွာက ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့စိုးမင်းပြန်လာပြီး နိုင်ကြီးကိုထွက်ခဲ့ဖို ့ခေါ်တယ် “နိုင်ကြီး၊ မင်းကြောက်တတ်လား ...

သွားသည်ကို မောင်၀င်း တစ်ယောက် ရေချိုးရင်းမှ လှမ်းမြင်‌ေနရ၏။ “ဟာ … သန်းမြ … ဖိုးသား ချော်လဲသွားပြီ … လာထူပါအုံး ဟ” “လာပါပြီတော် …” သန်းမြလည်း မောင်၀င်း အသံကြောင့် ချက်ပြုတ်နေ‌ရာမှ အပြေးတပိုင်းဖြင့် ထွက်လာလေတော့၏။ ဖိုးသားလေးမှာတော့ လဲကျသွားရာ မှ ချက်ချင်းမထနိုင်ပေ။ မသန်းမြလည်း ကလေး အား လဲကျနေရာမှ ထူလိုက်သော်လည်း ကလေးမှာ ပျော့ခွေသတိလစ်လို့နေလေ၏။ “အမလေး … ကိုမောင်၀င်းရေ … လာပါအုံး … တော့်သား ...

ရမယ်။ သွားရရင်လည်း အောက်တိုဘာလလောက်မှာ သွားရမယ်။ အမေရိကား ရောက်တဲ့အခါမှာ ‘C စာလုံး၊ ‘G’ စာလုံး ၊ S စာလုံး၊ ‘L’ စာလုံးစတဲ့ မြို့တွေမှာ နေရလိမ့်မယ်” ဟု ပြောလိုက်ရင် သက်မှူးခင်က… “အများကြီးဖြစ်နိုင်တယ် အဘ၊ ကာလီဖိုးနီးယားမှာက သမီးရဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက် နာမည်ကြီး အဆိုတော် ဖြစ်နေတယ်။ သူ့ကို ချိတ်ရင်ချိတ်ရမှာ။ လောစ်အိန်ဂျလစ်မှာက ဘွိုင်းဖရန့် (Boy friend) တစ်ယောက် ဆူရှီထမင်းလိပ်ဆိုင်ကြီး ဖွင့်ထားတယ်။ ဆန်ဖရစ်စစ္စကိုမှာက သမီးမေမေရဲ့ငယ်ရည်စားတစ်ယောက် ...

ပေါ်ထပ်က။ မျက်စိ ဖြင့် တပ်အပ်မြင်ရသည်လည်း မဟုတ်။ ကိုယ့်ကိုလည်း အန္တရယ်မပြု။ ဘာမှကြောက်စရာ မရှိဟုပင် ပြုံးရွှင်ကာ ရယ်ပွဲဖွဲ့ကြသည်။ တစ်ခုသောညတွင် ဆူညံသံတွေက ပိုထွက်လာ သဖြင့် အောက်ထပ်မှနေ၍ တင်မေထွန်းက “ဟေ့ ဆူနေတာ နည်းနည်းတော့ များနေပြီနော်၊ ဘယ်လိုဖြစ်နေတာလဲ၊ ငါတို့အကြောင်း သိ သွားမယ်” ဟု အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ ဒီတော့မှ ပိုဆိုးလာသည်ဟု ပြောရပေတော့မည်။ ကြမ်း ပြင်ကို ဖနောင့်နှင့် ပေါက်သည်။ နံရံတွေကို ရိုက်နှက်သည်။ ဒီလိုတော့ ဘယ်ရမလဲ။ စူပါ စတားလေးယောက်ဟာကို။ ...

ညည်း မှတ်မိလား ညည်းတို့အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေးလဲ သေ မှာ…” “ဟုတ်တယ်နော် ဦးလေး စိုးမောင်က အဖွားလို ဖြစ်နေတာပေါ့နော်…..”(ကျွန်မတစ်ခါရေးဖူးတဲ့ အစွယ်မပါဘဲ သွေးစုတ်တဲ့ ဖုတ်ကောင် အကြောင်းပေါ့) “အန်တီမြ ဖွားလေးတို့ဘာပြောပြော သမီးက မယုံဘူး ဒါ့ကြောင့် သမီးကို ဘာမှ မပြောနဲ့ ဖိုးဖိုး က ဘာမှ မဖြစ်ဘူး ဘာမှလဲ ထုတ်စရာမလိုဘူး… ယုံလဲမယုံဘူး ဖွားဖွားကလဲ သူ့ဘာသာ သေတာ ဖိုးဖိုးနဲ့မဆိုင်ဘူး…”…..သူ့သဘောက အဲ့လိုဆိုတော့ ကျွန်မတို့လဲ ဘာမှမတတ်နိုင်ဘဲ ရက်လည်ပြီးတော့ ...

အမြတ်တနိုးနဲ့ ဝတ်ဆင်းထားလေ့ရှိသည် အခု သူမြင်နေရသော သူ့ အလောင်းလက်မှာ မရှိတော့ပေ။ ….ဟာ….ငါ့ကိုဝတ်ပေးထားတဲ့….အဝတ်အစားတွေ ကလဲ….အပေါစားတွေပါလား…..ငါဝတ်နေကြ…. ဘန်ကောက်ပုဆိုးနဲ့ ….တိုက်ပုံလေးတောင်…. မပါ တော့ပါလား……ငါ့လက်စွပ်လည်း….မရှိတော့ဘူး… ဦးထိန်ဝင်း နှမြောတသဖြစ်လျှက် ကြည့်နေစဥ်မှာပဲ။ …ကဲ…..ကဲ….အားလုံးပဲ….မြေမြုပ်ကြရအောင်….. ထိုသို့ပြောပြီး သူအခေါင်းအံဖုံးအား ပြန်ပိတ်ပြီး မြေကျင်းထဲသို့ ကြိုးဖြင့် ချနေတာကို ကြည့်ရင်း ရင်ထဲ ပြောမပြတတ်သော ဆို့နင့်ကြေကွဲခြင်းတို့ ဖြင့် ဦးထိန်ဝင်း မျက်ရည်ကြရ၏။       လရောင် ရေးရေးအောက်မှာ ညက အိပ်မောကြ နေလေပြီ စမ်းတဝါးဝါးဖြင့် ဦးထိန်ဝင်း လျှောက်လာ ခဲ့သည့် ...