။ ပြောပြလို့ လည်း မဖြစ်သေးပေ။ ဒါမျိုးဆိုတာကလည်း ယုံ ကြည်သူရှိသလို၊ မယုံကြည်သူရဲ့ရှေ့ ပြောမိရင် ဟာသလုပ်နေဦးမှာ …။ ဒီကိစ္စကို ကျောင်းအုပ် ဆရာမကြီးကို ပြောပြရကောင်းနိုးနိုး ချင့်ချိန်နေ မိသည်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဒါမျိုး သိပ်အယုံအကြည်မရှိ။ သွားပြောပြန်ရင်လည်း သူ သေတုန်းက ငါအမိန့်ပြန်ပြီးသားလို့ပြောမှာ။ မဲလုံး မြေချစဉ်က ဆရာမကြီးရဲ့အမိန့်ပြန်တမ်း ဖတ်ကြားတော့ တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။ သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ ...

ပွင့်နေသော သစ်တော ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။ တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။ စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။ တစ်နေရာသို့ ရောက်သောအခါ တောင်မြ င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ သည် ။ ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် လူသေနှင့် လူရှင် တို့ ...

ခက်ခဲလာမှာပေါ့ဟ…” “အို…တော်မို့ပြောထွက်ရက်တယ်တော်… ကျုပ်တို့လည်း သူများတွေလို သားဟယ်…သမီးဟယ်နဲ့ နေချင်တာပေါ့…ဝမ်းရေးက အခုလည်းအဆင်ပြေအောင်ရှာဖွေနေကြတာပဲတော်…” ဒေါ်ပွေသည် သားသမီးလွန်စွာရရှိချင်ရှာသည်။ ငွေကြေးမရှိသည့်ကြားမှ ဗေဒင်မေးယတြာချေ ဖြင့် ကလေးရဖို့ကြိုးစားရှာသည်။ ဒါတင်မကသေး ဟိုဘက်ရွာကညောင်ပင်… ဒီဘက်ရွာကညောင်ပင် အစုံပင်ရောက်၍ သားဆုပန်ဆုတောင်းရှာသည်။ သို့သော်လည်း ထိုက်မှရသည်ဟူသော ဆိုရိုးစကားကို ဒေါ်ပွေ လက်ခံလိုက်ရ၏။ သားသမီးလွန်စွာရချင်ရှာသော မိန်းမဖြစ်သူကိုကြည့်၍ ဦးစိုးကြည်လည်းစိတ်မကောင်းဖြစ်ရရှာသည်။ ထိုသို့ဖြင့်လကို နှစ်စား၍ အချိန်များတဖြေးဖြေး ပြောင်းလဲလာခဲ့တော့သည်။ ကံကောင်းခြင်းများသည် ဦးစိုးကြည်တို့ ဘဝထဲသို့ရောက်ရှိလာပုံရ၏။ ကလေးအလွန်ရချင်ရှာသော ဒေါ်ပွေတစ်ယောက် ကိုယ်ဝန်လွယ်ထားရလေပြီ။ ဒေါ်ပွေနည်းတူပင် ဦးစိုးကြည်မှာလည်းအလွန်ပျော်ရွှင်နေ၏။ သားလားသမီးလားမသဲကွဲသေးသော်လည်း ကိုယ့်ရင်သွေးဆိုသော ...

။ လူဆိုတာက တစ်ဦးတစ်ယောက် မနေနိုင် တော့ခါ လူအသိုင်းအဝိုင်းနေရပါသည်ဟူသော ဆောင်ပုဒ် ရှိတယ်လေ။ သိပ်မှန်တယ်။ ကျွန်တော့်မှာ အဖေ။အမေ။ ညီအစ်ကို။မောင်နှမတွေရှိတယ်။ ကျွန်တော့်မိသားစုက ချစ်သူကောင်မလေးရဲ့ အသိုင်းဝိုင်းအကြောင်းကို သိ လိုက်ရတော့ သူမနဲ့ ကျွန်တော့်ကို ဘယ်လိုမှသဘောမတူ ကြဘူး။ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ ဆောင်ပုဒ်တိုင်း ပဲလေ။ ချစ်သူကောင်မလေးအသိုင်းဝိုင်းက နာမည်ပျက် တွေရှိနေတော့ ကျွန်တော့်မိသားစုက သဘောမတူကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သူမကို ချစ်တယ်။ မိသားစု သဘောမတူလဲ ကျွန်တော်ဂရုမစိုက်ဘူး။ သူမနဲ့ အမြန်ဆုံး နီးစပ်အောင် ကျွန်တော်ကြိုးစားနေခဲ့တယ်။ ...

အိမ်မှာတောင်မနေရဲဘူးအစ်မရဲ့…” “ဟဲ့…လင်မယားရန်ဖြစ်တာပဲဟယ်…ဒါငါ့အမေနဲ့ ဘာဆိုင်လို့တုန်း….” “မိဝင်းရယ် ညည်းလည်း မောင်ဘစီပြောတာဆုံးအောင်နားထောင်စမ်းပါအေ…” ဘွားမယ်စိန်က သမီးဖြစ်သူအား ပြောလိုက်လေတော့ ဦးဘစီကဆက်ပြီး… “လင်မယားရန်ဖြစ်တာလို့ကျုပ်တို့လည်း အစပိုင်းကထင်ခဲ့တာ…ခက်တာကဗျာ ဒီကောင်ကညဘက်ဆိုမအိပ်ဘူးဗျ….ငုပ်တုတ်ကြီးထိုင်ပြီး ပါးစပ်ကတဟီးဟီးနဲ့ကိုရယ်မောနေတာ…။နေ့ဘက်များကျတော့ အိပ်လိုက်တာများ နိုးလို့ကိုမရပါဘူးဗျာ…” “ဟယ်…ဘယ်လိုကြီးတုန်း…” “အဲ့လိုတွေဖြစ်နေလို့ ဘွားနဲ့ကျုပ်တို့ လာတိုင်ပင်တာပါ။သူ့မိန်းမမိဇယ်လည်း တငိုငိုတရီရီနဲ့ကိုဖြစ်နေလို့ပါ ဘွားရယ်…” ဦးဘစီက ဘွားမယ်စိန်ကိုပြောလိုက်လေတော့… ဘွားမယ်စိန်က … “အင်း…ဒီကောင်လေး တောတက်တာဘာအမှားများလုပ်ခဲ့တာလဲမသိဘူး” “ဒီတစ်ခေါက်သူတောတက်တာ…ရွာနောက်ပိုင်းက မုဆိုးဦးခိုလည်းပါတယ်ဘွားရဲ့” ” သူကောလိုက်သွားတာဆိုတော့ အခုသူရောဘယ်လိုအ​ခြေအနေရှိလဲ မောင်ဘစီရဲ့” “အင်း…သူကတော့ဘာမှမဖြစ်ဘူးဘွားရဲ့…။သူကတော့အကောင်းတိုင်းပါပဲ” “အင်း…အနာသိမှဆေး ဖော်ရမှာမောင်ဘစီ…အဲ့မုဆိုးဦးခိုကိုဘွားဆီကိုခေါ်ခဲ့… သူလာမှအကြောင်းစုံသိရမှ ဇော်လတ်ကိစ္စကိုဘွားစီစဥ်ပေးလို့ရမယ်ကွဲ့” “သြော်…ဟုတ်ဘွား…။ဒါဆို ...

သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။ ” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’ ဦးသန်းက ဒေါ်အေးကြည်လက်ကို အာကိုးတကြီးဆုပ်၍လူပ်၍မေးလိုက်သည် ။ မီးနေ ဧသည်များကလည်း ဒေါ်အေးကြည်ရဲ့ ဆုံးဖြတ်ချက်စကားကို ...

ဖြူဖပ်ဖြူရော်နဲ့ကွာ” “ဒါနဲ့ ဆရာဝန်မပြဘူးလား” “ဆရာဝန်ကတော့ သွေးအားနည်းတာလို့ ပြောတာပဲကွာ။ အတွင်းကို ဓာတ်မှန်ရိုက်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး။ တိုင်းရင်းသမားတော် ကတော့ အမျိုးသမီးရောဂါ (မီးယပ်)လို့ ပြောတယ်ကွ။ ဒါပေမဲ့-လှထွန်း ငါ မသင်္ကာစရာတစ်ခုတော့ ရှိတယ်” “ဘာလဲ-စိန်ကျော်ရ မင်းစကားကလဲ” “အေးကွာ – နောက်မှပေါ့၊ မင်း အနားယူလိုက်ဦး။ ညစာ ထမင်းစားမှပဲ ငါပြောပြတော့မယ်ကွာ။ ကဲ-ကဲ-မင်းရေမိုးချိုးပြီး ခဏနားတော့။ ငါလည်း လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်”ဟုပြောပြီး ဦးစိန်ကျော်က ဦးလှထွန်း နားရန် အခန်းကို လိုက်ပို့ပေးပြီး ထွက်သွားလေသည်။ ...

ကိုယ့်အရီးအကြောင်းသိရဲ့နဲ့ စ ရတယ်လို့ကွယ်… ဟိုက အုန်းခွံခွက်နဲ့ ထုချေမှပြေးနေရမယ်ကွဲ့…” ဟု…ဘွားမယ်စိန်ကဝင်တားရသည်။ “ကျုပ်ကစတာပါဘွားရဲ့… ကျုပ်မှာ စ စရာဆိုလို့ အရီးနဲ့ညီမလေးနန်းကြိုင်တို့ပဲ ရှိတာလေ… ကျုပ်အမျိုးတွေဆိုတာကလည်းအရင်ကတည်းက ချေးမှာငှားမှာကြောက်နေကြလို့ အဆက်အဆံမလုပ်တာဘွားတို့အသိပဲဟာ…” ဟု…ပြောရင်းမောင်တိုးမျက်နှာကညိုးငယ်သွားသည်။ ဒါကိုမြင်တော့ ဒေါ်ဝင်းလည်းစိတ်မကောင်းဖြစ်သွားပြီး… “စတာများ…စပေါ့ဟယ်…နင်စရင် ငါကလည်းပြန်စမှာပေါ့ မဟုတ်ဘူးလား” ဟုပြောလေတော့မှ… “ဒါပေါ့အရီးရဲ့” “ကဲပါလေ…ဒါတွေပြောရင် စိတ်မကောင်းဖြစ်နေကြရမယ်… ဒီနေ့မနက်တော့မင်းအရီးချက်တဲ့ငါးပိရည်အတို့အမြုပ်နဲ့ တောကြက်သားဟင်းလေးစားပြီးမှပြန်ပေတော့… သိတဲ့အတိုင်းပဲ…ဘွားက အသားဟင်းမစားတော့ ဟင်းတွေကပိုနေမှာကွဲ့…” “ဟဲ…ဟဲ…ဒါမျိုးဆိုကျုပ်ကသိပ်ကြိုက်တာဗျ” ဟုပြောရင်းမောင်တိုးက ရယ်မောလေသည်။ မောင်တိုးရယ်မောလေမှ ဘွားမယ်စိန်တို့လည်း သဘောကျစွာလိုက်၍ရယ်မောကြတော့၏။ ဒေါ်ဝင်းကမီးဖိုထဲ၌မနက်စာသွားချက်နေချိန် မောင်တိုးကတော့ ခြံထဲ၌ပုံထားသောထင်းပုံမှထင်းများကို ...

လေးငါးနှစ်ကြာကာလ (ဆရာအငြိမ်း စားယူတဲ့ထိ) ဖြတ်သန်းခဲ့ရပါ တယ်။ ဆရာ့လုပ်ရပ်တွေကြောင့်ပါ တပ်ထဲမှာ သွေးစည်းခဲ့ကြပေမယ့် အပြင် လောက ရောက်တဲ့အခါ သွေးမစည်၊တော့ပါဘူး။ သူငယ်ချင်းက အရာရှိကြီး၊ ကျွန် တော်က သူ့ပီအေ အရာရှိငယ်၊ ကျွန်တော် မကြိုက်တာ ဖွင့်ပြော၊ သူတစ်ပါး အကျိုး ယုတ်တဲ့အလုပ်မလုပ်ဖို့တားမြစ်တာလက်မခံတော့ပါဘူး။ ဒေဝဒတ်ကိုဆရာတင်မိတဲ့အဇာတသတ်ဟာဗအေကိုသတ်၊နန်းတက်သလို ဦးစောနဲ့ပေါင်းမှ ရန်ကြီးအောင်နိုင်ငံ့ခေါင်းဆောင်တွေကို ရက်ရက်စက်စက်လုပ်ကြံ မိသလိုပဲတင်စားပြောဆိုချင်ပါတယ်။ ကျွန်တော့်ဆရာ သူငယ်ချင်းဟာဘာသာကွဲ၊လူမျိုးကွဲ အောက်လမ်းပညာ သည်လူယုတ်မာကိုဆရာတင်၊ ဆရာ့ကိုပေးတဲ့ကတိကိုရဲဝံ့စွာလက်ခံပြီးဝက်သား မစားတော့ဘဲ တစ်ဖက်သား အကျိုးစီးပွားပျက်စီးစေတဲ့ အောက်လမ်းပညာနဲ့ အတိုက်အခိုက်တွေလုပ်တော့တာပါပဲ။ ကျွန်တော့်ဆရာသူငယ်ချင်းက ...

သက်ဆိုင်သည်မို့ ချိုသည် ခါးသည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ဆရာကိုပြောတာလားမောင်ရင်” “ဟုတ်တယ်လေဘွားရဲ့…သူ့နာမည်ကဆရာသာဝတဲ့ ...