သာယာအေးချမ်းနေခဲ့ပေမဲ့ ဗွေဆိုးဆိုတာကရှိစမြဲပဲမဟုတ်လား။ ဗွေဆိုးဆိုတာ တခြားမဟုတ် ဏကြီးကျေးတော်ရွာက ဦးဘပဲဖြစ်လေတယ်။ ငယ်နာမည်က မောင်ဘ၊ အသက်အလတ်ပိုင်းမှကိုဘ၊ အခုလေးဆယ်ကျော်ငါးဆယ်ဝန်းကျင်အရောက်ကြ ဦးဘလို့ခေါ်ကြတယ်။ ဦးဘဆိုတာက ဒီရွာရဲ့သူဌေးဦးဘတူကနေ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသောသား။ ငယ်စဉ်အခါတည်းက တစ်ဦးတည်းသောသားဖြစ်လို့ အလိုလိုက် အကြိုက်ဆောင်ခဲ့ရာကနေ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တာပါပဲ။ လူမိုက်တို့ရဲ့မိဘထုံးစံတိုင်း သားမိုက်စိတ်ကြောင့် စိတ်ထောင်းကိုကြေ အဖြစ်နဲ့ ဦးဘတူတို့လင်မယား ဆုံးပါးသွားခဲ့ကြတယ်။ ဗီဇဆိုတာဖျောက်ရခက်သလိုပါပဲ မိဘများဆုံးပြီး တစ်နှစ်လောက်အထိ ဦးဘကညိမ်သွားခဲ့တယ်။ အရက်မသောက်ဘူး၊ ရန်မရှာဘူး အလုပ်ကို ဦးစီးဦးဆောင်လုပ်တယ်။ ဒါပေမဲ့ ဦးဘအနေနဲ့ ဒီလိုမျိုးမနေတတ်ဘူး။ အရက်ကိုပြန်သောက်ပြီး သူပျော်သလို ထင်ရာကိုပြန်လုပ်တယ်။ ...

မြင်လိုက်ကတည်းက မမြင့်သူ စိတ်ထဲ စိုးရိမ်သွားသည်။ သို့ကြောင့် စက် ချုပ်ရာမှာသုံးသော ကပ်ကျေးကို အနီးသို့ ဆွဲယူထားလိုက်သည်။ ဆိုင်ထဲဝင်လာသော ထိုလူက ဆိုင်ထဲက ပစ္စည်း များကို မကြည့်ပဲ အပြင်က လူရှိမရှိ အကဲခတ် သည်။ ဆိုင်ထဲကို အကဲခတ်ပြီး မမြင့်သူ အနီး သို့ လျှောက်လာပြန်သည်။ ခါးကြားမှ ဓားမြှောင် ကို ဆွဲထုတ်လိုက်ပြီး…. “စျေးရောင်းလို့ရတဲ့ ပိုက်ဆံ အကုန်ထုတ်” “ဘာလို့ ပေးရမှာလဲ” “မသာမ ဓားနဲ့အထိုးမခံချင်ရင် ပိုက်ဆံအသာ တကြည်ထုတ်ပေး” မမြင့်သူကို ...

တဲ့သူမလား” ပြည့်စုံ၏စကားကို မိကျော့နားထောင်ရင်းစိတ်မကောင်းဖြစ်ရ၏။ သို့သော်လည်းမိမိ၏ချစ်သူကိုယုံကြည်၍… ” ကျော့ကတော့လေ မောင်ကသာကျော့ဘဝရဲ့လက်တွဲဖော်အစစ်ဆိုတာကို ကျော့ မိဘများသာမက အခြားလူတွေကိုပါအသိပေးလိုက်ချင်တာ… ကျော့လေမောင်ကလွဲပြီး အခြားလူကိုမရွေးချယ်ဘူးဆိုတာတော့ မောင်ယုံကြည်ပေးပါနော်…” ” ယုံကြည်ပါတယ်ကျော့ရယ်…။မောင်ယုံကြည်ပါတယ်ကွယ်” ဟုစကားဆိုရင်းမိကျော့၏ကိုယ်လေးအား ပြည့်စုံတစ်ယောက် ခပ်ဖွဖွထွေးပွေ့လိုက်တော့၏။ ************ “ဘယ်လို မိကျော့…ညည်းဘာပြောလိုက်တယ်” “ဟို…သမီးနဲ့ပြည့်စုံတို့ လူငယ်ချင်းချစ်မိနေကြပြီဆိုတာ အဘတို့ကိုအသိပေးတာပါအဘ” “အမယ်…အသိပေးသတဲ့…။ဟားး…ဟားး…ဟားး…မိကျော့ မိကျော့…ညည်းက တို့မိဘတွေကိုလူရာမသွင်းသကိုး…။” “အဲ့လိုမဟုတ်ရပါဘူးအဘရယ်..မိကျော့ ရွေးချယ်ထားတာကအတည်မို့လို့ပါ” မိကျော့တစ်ယောက် မိဘများအား သူနှင့်ပြည့်စုံ၏အကြောင်းအားအသိပေးလေသည်။ ထိုအခါ မိဘများဖြစ်သည့် ဦးထိန်ဝင်း ၊ဒေါ်မာခင်တို့က မိကျော့အားအလိုမကျဟန်များဖြင့်ရှိနေကြ၏။ ထိုသို့အမူအရာများကိုရုတ်တရက် ဒေါ်မာခင်ကပြင်လိုက်ပြီး… “အကိုရယ်သမီးကသဘောကျနေတာပဲလေ… ...

မှာကြားနေခဲ့လေသည်။ ထိုသို့ဖြင့် မောင်မောင်ကြိုင်အပါအဝင်သူကြီးဦးသောင်တို့၏ လူဆယ့်ငါးယောက်အဖွဲ့သည် ဓားများ၊လှံများကိုယ်စီဖြင့် တောသို့ဝင်ကြတော့၏။ တောသို့ဝင်လာကြပြီးနောက် ဓားပြများကိုရှာဖွေကြသည်။ သူကြီးဦးသောင်မှာတော့ သေနတ်ကြီးတကားကားဖြင့်လိုက်ပါလာခဲ့၏။ တောတခွင်မွှေနှောက်ကြရင်းညသို့ရောက်လာလေသည်။ တညလုံးတောထဲ၌ အိပ်ဖို့နေရာကောင်းရှာကြရင်း ထိုနေ့၌ဓားပြများကိုရှာမတွေ့ကြပေ။ နောက်တနေ့ ဇွဲကောင်းကောင်းဖြင့် ထပ်မံရှာဖွေကြသောအခါ တောတွင်းချောင်းစပ်တနေရာ၌ ဓားပြများနှင့်ထိပ်တိုက်တွေ့ကြတော့သည်။ မောင်မောင်ကြိုင်သည်ရှေ့ဆုံးမှရဲရဲတောက်ဦးဆောင်၍ ဓားပြများနှင့်သတ်ပုတ်ကြရင်း ဓားပြများလည်းဒဏ်ရာရသူများခဲ့သည်။ ထိုကဲ့သို့သတ်ပုတ်နေကြရင်း ဓားပြဗိုလ်၏ သေနတ်ကြောင့်မောင်မောင်ကြိုင်တယောက်ကျည်ထိကာ ချောင်းထဲသို့ပြုတ်ကျတော့သည်။ “ဟာ…မောင်မောင်​ကြိုင်…..ချဟေ့… ဒီကောင်တွေကိုအသေသတ်” မောင်မောင်ကြိုင်ကျသွားသည်မို့ သူကြီးမှာဓားပြများကိုပိုမဲတော့၏။ ဓားပြများဘက်မှသေဆုံးသူများလာသောအခါ ဓားပြဗိုလ်လည်းထွက်ပြေးသွားတော့သည်။ ထိုအချိန် မောင်မောင်ကြိုင်တယောက်ချောင်းထဲမှပြန်ပေါ်လာပြီး သူကြီးတို့အနီးရောက်လာခဲ့သောအခါ… “ဟာ…မောင်မောင်​ကြိုင်…မင်းမသေဘူးနော်…” “ကျုပ်မသေပါဘူးဗျာ…ကဲပါ…ဒီကောင်တွေကိုဖမ်းကြဗျာ…” သေနတ်ဒဏ်ရာဖြင့်ချောင်းထဲကျသွားသောမောင်မောင်ကြိုင်မှာ မည်သည်မှမဖြစ်ခဲ့သည့်အတိုင်းမို့သူကြီးတို့ အံ့သြနေကြသည်။ ...

ပြန်ပေးလိုက်ပါလားလို့ ပေါ့… ဒါပေမဲ့… သူ့ရဲ့ သားသမီးတွေက လက်မခံကြဘူးတဲ့။ ဒါ မဖြစ်နိုင်ပါဘူး ဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲ နေနေကြတယ်။ ဒုတိယအကြိမ် ဝင်ပူးပြီး ပြောပြန်တယ်။ သုံးလေးရက် ကြာသောအခါ… ရွာသူတစ်ယောက်ကို ထပ်ပြီး ပူးပြန်တယ်။ သူ့သားမီးတွေနဲ့ တွေ့ချင်ကြောင်း ပြောတဲ့အတွက် သူ့သားသမီးတွေကို ခေါ်ပေးလိုက်တယ်။ သူ့သားသမီးတွေ ရောက်လာတဲ့အခါ… ငိုပြီးတော့ ပြောရှာပါတယ်။ သားတို့ သမီးတို့ရေ… အမေ့ကို ကယ်ပါကွယ်။ အမေ…ပြောလေ အမေ ဘယ်လို ဖြစ်နေလို့လဲ-? ဘာဖြစ်ရမှာလဲ ကွယ်။အခု အမေ့မှာ ...

စကားမပီမသ နှင့် လှမ်းအော်ပြီး စကားဆိုလေသည် ။     “အမေ ဧည့်သည်တွေ လာနေတယ် “     “အေး အေး သားလေး “     ကလေးငယ်၏ စကားဆုံးသည် နှင့်  အိမ်ထဲမှ အမျိုးသမီး တယောက်ထွက်လာလေသည်။ထိုအမျိုးသမီးမှာ ညွန့်ဝင်း၏ ဇနီး မနွယ် ဖြစ်လေသည်။မနွယ်သည် ဦးဖိုးဝေတို့ကို မြင်သော အခါ ဝမ်းသာပြုံးရွှင်စွာဖြင့် အိမ်နောက်ဖက်အတွင်းသို့ လှမ်းအော်လိုက်ကာ     “ကိုညွန့်ဝင်း ဆရာကြီးတို့ ရောက်လာပြီ “     “ဟေ ဟုတ်လား ...

အဖိုတော့ ဖယောင်းတိုင် အတိုကလေး တတိုလောက်တောင် တန်ဖိုးမထားဘူးဟဲ့၊ ဒါပေမယ့် မီးမရှိတဲ့ ညမှ ဖယောင်းတိုင် အတိုကလေးကလဲ အသုံးဝင်နေပြန်ရော မဟုတ်လား၊ ညရေးညတာမှာ ဖယောင်းတိုင် အတိုကလေး တတိုတောင် မရှိရင်မဖြစ်သလိုဘဲ ယောက်ျားဆိုတဲ့ သတ္တဝါဟာလဲ တခါတလေ မှောင်ကြီးထဲ စမ်းတဝါးဝါးနဲ့ လျှောက်ရမယ့် အဖြစ်မျိုးမှာ လိုအပ်တယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ တင်တင်သည် ဒေါ်ပု၏ စကားကို နားထောင်ရင်း‘တခစ်ခစ်’ ရယ်မောလေတော့၏။ ရယ်မောပြီးနောက်… “ဒေါ်ပုပြောလိုက်တော့မှ ယောက်ျားတွေဟာ ဖယောင်းတိုင် ဖြစ်သွားတော့တယ်” ဟု ပြောလိုက်လေ၏။ ...

တည်းစကားပြောနေတာပဲတွေ့တယ်။ အဖေက ” ဘာတွေလျှောက်အော်နေတာလဲ ”မေးတော့ အပင်ပေါ်လက်ညိုးထိုးပြပြီး ” ဟိုကောင်လေး အမြင့်ကြီးပေါ်တက်နေလို့အဖေရ… ပြောမရ ဆိုမရနဲ့ဗျာ…ဘယ်အိမ်က ကလေးလည်းမသိဘူး ” ” မဟုတ်တာတွေပြောမနေနဲ့… အိမ်ထဲဝင်တော့ ” အဖေကခေါ်ဝင်ပြီး ဘုရားစင်ကသောက်တော်ရေစွန့်လာတယ်။ ပြီးတော့ အငယ်ကောင်ခေါင်းကို တဖျတ် ဖျတ်ပုတ်နေတော့တာ။ အဲ့ဒီအထိကျွန်တော်တို့လည်း ဘာမှနားမလည်သေးဘူး။ ည ၁၂ နာရီလောက်ရောက်တော့ အကုန်လုံးအိပ်မောကျနေကြပြီ။ ကျွန် တော်တစ်ယောက်တည်း ဗိုက်ရစ်လာလို့ နောက်ဖေးတံခါးကိုအသာလေးဖွင့်ပြီး အိမ်သာဖက်ကိုထွက်လာခဲ့တယ်။ အိမ်သာတံခါးကိုလည်းဆွဲလိုက်ရော ပြုန်းစားကြီး ကျွန်တော့ နောက်ပိုးကို ကလေးတစ် ယောက်ခွစီးလာတယ်ဗျ။ ...

ယောက်ပင် ဖြစ်ပေ၏။ “စောစောစီးစီး ဘယ်လဲသူကြီး” ဦးဖိုးဟန်သည် ခင်မင်ရင်းနှီးသူပီပီ လှမ်း၍မေးလိုက်သည့်အခါတွင် “စံတင်တို့ လယ်ဖျားရှိုထဲမှာ ဝက်တောင်းကြီးတကောင် ခုတင်ကလေးကမှ တွေ့ခဲ့ရလို့ ကျွန်တော်တို့ကို လာခေါ်တာလေ” ဦးထွန်းရင်မှာ အရိုးခံသက်သက်ဖြစ်သည့်အတိုင်း ကွယ်ဝှက်ခြင်းပရိယာယ် တစုံတရာမသုံးဘဲ ပြောလိုက်ရာ နှစ်လုံးပူးသေနတ်ကိုင် မုဆိုးငဖျော်က ဤကဲ့သို့ သူတို့၏အကြံအစည်ကို ဖွင့်ဟပြောလိုက်ခြင်းကို မကျေနပ်သည့် မျက်နှာဖြင့် သူကြီးကို ကြည့်လိုက်ပါသည်။ မုဆိုးငဖျော်၏ အတွင်းစိတ်ကြောကို ကျွန်တော် သည် ကောင်းစွာရိပ်မိပြီး ဖြစ်ပါသည်။ သူတို့၏ တောဝက်ထီးကြီးကို ကျွန်တော်နှင့် ဦးဖိုးဟန်တို့က ကြားဝင်ပြီး ပစ်ခတ်မည် ...

တာပေါ့ဗျာ။ ကိုအေးကလည်း အမဲသားတစ်တုံးကို ပလုပ်ပလောင်းနဲ့ဝါးတယ်၊ ပြီးတော့ မီးဖိုချောင်က ကြွက်လျှောက်တန်းပေါ်တင်ထားတဲ့ ပုလင်းတစ်လုံးကိုသွားယူတယ်၊ ပုလင်းမှာက လက်ရေးကြီးကြီးနဲ့ ရေနံဆီလို့ရေးထားသဗျ။ “ကိုအေး ဒါဘာလုပ်တာလဲ” ကိုအေးက ရေနံဆီပုလင်းကိုဖွင့်ပြီးမော့သောက်တယ်ဗျ။ ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ကိုအေးတော့ သေကြောင်းကြံပြီလားပေါ့၊ သူကတော့ အေးဆေးပဲ တစ်ငုံသောက်ပြီးတော့ ကျုပ်ကိုရေနံဆီပုလင်းလှမ်းပေးတယ်။ ကျုပ်လည်းယူပြီးနမ်းလိုက်တော့ ရေနံဆီနံ့မထွက်ဘဲနဲ့ အရက်နံ့ဗျ။ ကျုပ်လည်းကိုအေးကိုရယ်ပြီးကြည့်လိုက်တာပေါ့ဗျာ။ “ဟဲဟဲ ဒီလိုပဲ လုပ်ထားရတာကွ၊ ခင်ကြည်လစ်တဲ့အချိန် ဒါလေးမော့မော့နေရတာ” “ခင်ဗျားတော်တော်ဥာဏ်များတဲ့လူပဲ ကိုအေး” ကျုပ်တို့လည်း အရက်လေးသောက်လိုက် အမဲကြော်လေးစားလိုက်နဲ့ပေါ့ဗျာ။ “ဒီလောက်ကောင်းတဲ့အသားကို သူတို့တွေဘာလို့ရှောင်သလဲဆိုတာ တွေးလို့ကိုမရဘူးကွာ” ကိုအေးက ...