တည်းစကားပြောနေတာပဲတွေ့တယ်။ အဖေက
” ဘာတွေလျှောက်အော်နေတာလဲ ”မေးတော့ အပင်ပေါ်လက်ညိုးထိုးပြပြီး
” ဟိုကောင်လေး အမြင့်ကြီးပေါ်တက်နေလို့အဖေရ… ပြောမရ ဆိုမရနဲ့ဗျာ…ဘယ်အိမ်က ကလေးလည်းမသိဘူး ”
” မဟုတ်တာတွေပြောမနေနဲ့… အိမ်ထဲဝင်တော့ ”
အဖေကခေါ်ဝင်ပြီး ဘုရားစင်ကသောက်တော်ရေစွန့်လာတယ်။ ပြီးတော့ အငယ်ကောင်ခေါင်းကို တဖျတ်
ဖျတ်ပုတ်နေတော့တာ။ အဲ့ဒီအထိကျွန်တော်တို့လည်း ဘာမှနားမလည်သေးဘူး။ ည ၁၂ နာရီလောက်ရောက်တော့ အကုန်လုံးအိပ်မောကျနေကြပြီ။ ကျွန်
တော်တစ်ယောက်တည်း ဗိုက်ရစ်လာလို့ နောက်ဖေးတံခါးကိုအသာလေးဖွင့်ပြီး အိမ်သာဖက်ကိုထွက်လာခဲ့တယ်။ အိမ်သာတံခါးကိုလည်းဆွဲလိုက်ရော ပြုန်းစားကြီး ကျွန်တော့ နောက်ပိုးကို ကလေးတစ်
ယောက်ခွစီးလာတယ်ဗျ။ ပြီးတော့ ကျွန်တော့မျက်
စိနှစ်ဖက်ကိုအေးစက်စက်လက်နဲ့ပိတ်ထားသေးတယ်။
ကျွန်တော့တအားလန့်သွားလို့ အော်ပေမယ့် အသံကဘယ်လိုမှထွက်မလာခဲ့ဘူး။ လူကလည်းရုန်းရင်းကန်ရင်းနဲ့ အဲ့ကလေးကိုဆွဲချလိုက်ပေမယ့် ကလေးကအရွယ်နဲ့မမျှအောင် အားကောင်းလွန်းနေတယ်ဗျ။ ဘယ်လိုဆွဲချချ ကုတ်ကပ်ပြီး ကုန်ပိုးကိုခွစီးထားတာပဲ။ပြီးတော့တခစ်ခစ်ရယ်နေသေးတယ်။ ကျွန်တော်
ဘယ်လောက်တောင်ထိတ်လန့်မိသလဲဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။ စိတ်ထဲမှာလည်းခံစားမိနေတယ်။ ဒါလူမဟုတ်ဘူးပေါ့။ အဲ့ဒါနဲ့ တတ်သမျှ မှတ်
သမျှဘုရားစာတွေ စိတ်ထဲကနေရွတ်နေရတာ။ ပါးစပ်ကအသံထွက်မရဘဲဗျာ။
ရွတ်ရင်းနဲ့ ငြိမ်ငြိမ်လေးပဲရပ်နေလိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ အဲ့ဒီကလေးက အိမ်ခေါင်မိုးဖက်ကိုခုန်တက်သွားတော့တယ်။သူသွားတာနဲ့ ကျွန်တော်
လည်းအိမ်ထဲပြေးဝင်တော့တာပဲ။ ဗိုက်နာတာတောင်ဘယ်ပျောက်ကုန်လဲမသိတော့ဘူး။ အိမ်ထဲရောက်တာနဲ့ နောက်ဖေးတံခါးအမြန်ဆွဲပိတ်ရင်း ပါးစပ်ကလည်း အသံထွက်အော်ကြည့်တယ်။ တဖြည်းဖြည်းအသံပြန်ထွက်လာတာနဲ့ အသံကုန်ဟစ်အော်မိတော့တာပဲ။ ကျွန်တော့အော်သံကြားတော့ အမေက
အခန်းထဲကပြေးထွက်လာတာပေါ့။ တစ်အိမ်လုံးလည်းနိုးလာပြီးအခန်းထဲကထွက်လာကြတယ်။
ကျွန်တော်လည်း တံခါးနားကပြေးလာတော့ အိမ်ကလူတွေကဘာဖြစ်တာလဲမေးကြတယ်။တော်တော်
နဲ့ပြန်မပြောပြနိုင်ဘူး။ လူကမောနေတာ။ ခဏနားပြီးမှ အဖြစ်အပျက်တွေပြောပြတော့ တစ်အိမ်လုံးလန့်ကြတာပေါ့။ အဲ့ဒီကောင်လေးကို ကျွန်တော့အပြင်
အမေနဲ့အငယ်ကောင်လည်းတွေ့ဖူးတယ်လေ။ မတွေ့ဖူးတဲ့သူတွေက မတွေ့ကြသေးပေမယ့် သူတို့လည်းလန့်နေကြတာပဲ။ ဒါနဲ့ မိသားစုတွေစုထိုင်ပြီး တိုင်ပင်ကြတာပေါ့။ ဒီကိစ္စဘယ်လိုလုပ်ကြမလဲဆိုတာ။
ကျွန်တော်တို့အိမ်က ငွေကြေးချို့တဲ့တော့ သူများတွေလို အလှူဒါနလုပ်ပေး အမျှဝေပေးဖို့က တော်
တော်မလွယ်တဲ့ကိစ္စဗျ။
အိမ်မှာဆန်တောင် ပြည်နဲ့ဝယ်စားရတာ။ အသားဟင်းဆိုတာ ဝေးဝေးမှတစ်ခါချက်နိုင်တာရယ်။ လှူဖွယ်ပစ္စည်းအစုံအလင်နဲ့ ဘုန်းကြီးပင့် တရားနာဖို့်က ငွေမှမရှိတာဗျာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဖေ
ကတော့ ဒီအတိုင်းလေးဆက်နေမယ်ပေါ့။ အမေကတော့ အများကြီးမတတ်နိုင်ပေမယ့် ဘုန်းကြီးတစ်ပါးလောက်ဆွမ်းစားပင့်ပြီး အမျှလေးဝေရ
အောင်လို့ဆိုတယ်။ လိုရင်တော့ အမေ့နားကပ်လေးထုခွဲရောင်းချပြီး လုပ်လိုက်မယ်တဲ့။ ကျွန်တော်တို့ မောင်နှမတွေကတော့ ဒင်းကလေးကို အမှုန့်ကြိတ်ချင်တာပဲ။
အဆင်မပြေရတဲ့ကြားထဲ သူ့ကြောင့်အလုပ်ရှုပ်ရတယ်ဆိုပြီး တော်တော်မုန်းခဲ့ကြတယ်။ နောက်ဆုံး ခဏစောင့်ကြည့်ကြဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ အမျှလေးပေးပြီး နေလို့ရသလောက်ဆက်နေကြ
ဖို့ပေါ့ဗျာ။ နောက် ၂ရက်လောက်နေတော့ အငယ်ကောင်ကထပ်တွေ့ပြန်ရော။ သူ့ကိုအနောက်ကနေလိုက်ဆွဲတာ။ အရိပ်သဏ္ဍာန်မမြင်ရပေမယ့် အဆွဲခံရတာတော့အသေအချာပဲ။ အိမ်ကလူအကုန်ကိုသူမခြောက်ဘူး။ အမေရယ် ကျွန်တော်ရယ် အငယ်ကောင်ရယ် သုံးယောက်ကိုပဲခြောက်နေတာ။
တစ်လလောက်ကြာလာတော့ ကျွန်တော်လည်းသည်းမခံလာနိုင်တော့ဘူး။ ကြောက်စိတ်ကနေဒေါသစိတ်ဖြစ်လာပြီ။ အဲ့ဒါနဲ့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ညနေခင်း မက်ကျည်းပင်နားသွားပြီး
တိုးတိုးလေးပြောလိုက်တယ်။
” ဘာဖြစ်ချင်တာလဲ… ဘာလုပ်ပေးရမလဲ ”
ဆိုပြီး ပြောမိတယ်။ ညရောက်တော့ ပြောမိတာတောင်မှားပြီလားလို့ တွေးမိရင်း ခေါင်းနဘန်းကြီးလာတယ်ဗျ။ သေချာတာက အနှေးနဲ့ အမြန် ကျွန်
တော်သူ့ကိုတွေ့ရတော့မယ်ဆိုတာပဲ။ နောက်ဆုံးဖြစ်
ချင်ရာဖြစ်ကွာဆိုပြီး အိပ်ပစ်လိုက်တယ်။ ကျွန်တော်အိပ်မက်မက်တယ်။ အဲ့ဒီကောင်လေးနဲ့ ကျွန်တော် မက်ကျည်းပင်အောက်မှာထိုင်နေကြတယ်။ ကောင်လေးကပြောတယ်။ သူမက်ကျည်းပင်ပေါ်ကပြုတ်ကျပြီးသေရတာတဲ့။ အိပ်မက်ထဲမှာတောင် ကျွန်
တော်သူ့ကိုစကားပြောလို့မရခဲ့ဘူး။ သူပြောတာပဲနားထောင်နေခဲ့ရတယ်။
သူကဆက်ပြောတယ်။ သူ့အမေကိုတွေ့ချင်တယ်တဲ့။ အမေကိုရှာပေးပါလို့ပြောတယ်။ ခက်တော့ခက်သား။ သူ့အမေဘယ်သူမှန်းကျွန်တော်ဘယ်သိမလဲ။ သူကသူ့အမေနာမည်ကိုပြောတယ်။” ဒေါ် ချိုရည် ” တဲ့။ သူ့အမေကိုခေါ်လာပေးရင် ကျွန်တော်တို့ကို
မနှောက်ယှက်တော့ဘူးလို့ကတိပေးသတဲ့ဗျ။ အဲ့လိုမက်ပြီး လန့်နိုးလာတယ်။ ကျွန်တော်လည်း ရင်တဒိန်းဒိန်းတုန်နေတာတော့အမှန်ပဲ။အခန်းထဲကထထွက်လာပြီး ထရံကြားကနေ မန်ကျည်းပင်ဖက်ချောင်းကြည့်လိုက်တော့ အဲ့ဒီကောင်လေး မက်ကျည်းပင်အောက်မှာရပ်ပြီးကျွန်တော်ရှိရာကိုကြည့်နေတာတွေ့လိုက်တာပဲဗျ။
ကျွန်တော်လည်းဘယ်ပြောကောင်းမလဲ အခန်းထဲဝင်ပြေးပြီး စောင်ခြုံထဲဝင်နေနေရတယ်။ ဆက်လည်းအိပ်မရတော့ဘူး။ အပြင်ကအသံကိုပဲနားစွင့်မိနေတာ။ ဘာမှတော့ဆက်မခြောက်လာတော့ဘူး။ ၄နာရီ
အမေထလာတော့ အမေလည်းတစ်ယောက်တည်းမထရဲဘူး။ အဖေပါခေါ်ထတယ်။ အဖေနဲ့အမေကို အိပ်မက်အကြောင်းနဲ့ ကျွန်တော်မြင်တာတွေပြောပြတာပေါ့။ သူ့အမေနာမည် ဟုတ်မဟုတ်က မသိနိုင်
ဘူးလေ။ အဖေနဲ့အမေကတော့မေးမြန်းပေးကြည့်မယ်လို့ပြောတယ်။အဲ့ဒီကိစ္စဖြစ်ပြီး ကလေးသရဲက ကျွန်တော့ကို ဦးတည်ခြောက်တော့တာပဲ။
ကျွန်တော့မှာ အိမ်မှာရှိတဲ့အချိန်ဆိုတစ်ယောက်
တည်းမနေရဲဘူး။အစ်မကစက်ဆိုင်မှာ စက်ချုပ်တော့ မနက်ဆိုအလုပ်သွားပြီ။ အစ်ကိုအလတ်တစ်ယောက်ကလည်း အိမ်မကပ်ဘူး။ အငယ်မနဲ့အငယ်
ကောင်လည်း အပြင်ပဲထွက်နေကြတာ။ သူတို့လည်း အလုပ်အမြန်ရအောင်ရှာနေကြတာဆိုတော့ မပြောသာဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်းယောင်
လည်လည်အိမ်မှာကျန်နေမြဲပဲ။ ခုတော့အိမ်မကပ်တော့ဘူး။ အကြောင်းရှာပြီးအပြင်ထွက်နေရတယ်။ တစ်ညကလည်း အမေပြောပြတာ။ မက်ကျည်းပင်နားမှာ အဲ့ဒီကလေးကရပ်နေရင်း အရပ်ကြီးတဖြည်း
ဖြည်းရှည်လာတာများ မက်ကျည်းပင်ကိုတောင်ကျော်သွားသတဲ့ဗျ။
ကလေးသရဲကခြောက်လေ အိမ်ကလူတွေမနေရဲကြလေပေါ့။မကြာဘူး အိပ်မက်ထဲမှာပြောခဲ့တဲ့သူ့အမေကို သိခဲ့ရတယ်။ သူ့အမေကလည်း ချို့ချို့တဲ့တဲ့ထဲကပါပဲ။ နာမည်အပြည့်အစုံက ” ဒေါ်ချိုရည်အေး ”
တဲ့။ နာမည်ကသာချိုရည်အေး။ နှုတ်ကကြမ်းသ
လားမမေးနဲ့ဗျ။ အာကြမ်းလျှာကြမ်းရယ်။ သူ့သားမကျွတ်ဘူးဆိုတာပြောပြဖို့တော်တော်မလွယ်ဘူး။
မထင်ရင် လူရှေ့သူရှေ့အော်ဆဲမှာ။ သူလည်းအိမ်
ငှါးနေတာ။ သူ့သားမက်ကျည်းပင်ပေါ်တက်ဆော့ပြီး အပင်ပေါ်ကပြုတ်ကျ ဆုံးသွားတာပေါ့။ ပြီးတော့အိမ်ပြောင်းသွားတယ်။
ခုလည်းမြင်းနှီးကုန်းမှာပဲငှါးနေတာ။ အမေကတော့ သူနဲ့ရင်းနှီးတဲ့သူကိုအကူအညီတောင်းပြီးပြောခိုင်း
လိုက်တယ်။ နောက် ၂ရက်လောက်နေတော့ ဒေါ်ချိုရည်အေး အိမ်ရောက်လာပြီး ကျွန်တော်တို့ကို ပြော
သွားတာဗျာ။ ရစရာမရှိဘူး။
သူ့သားကိုအကြောင်းပြပြီး သိက္ခာချတယ်တဲ့။ သူ့သားကကောင်းရာမွန်ရာရောက်နေပြီဆိုပဲ။ နောက်တစ်ခါထပ်ပြောရင် တရားစွဲမယ်လို့ပါသေးတယ်။ ကျွန်တော်တို့လည်း ပြောမိပြောမှားဗျာ။ ဒီလိုစရိုက်
နဲ့ပတ်သက်မိတာ တော်တော်စိတ်ညစ်ရတယ်။အဖေနဲ့အမေကလည်း ဆတ်ဆတ်ထိမခံကြဘူး။
” နင့်သားကျွတ်မကျွတ်သိချင်ရင် ငါ့အိမ်မှာ တစ်ညလာအိပ်လိုက်”လို့ပြန်ပြောတယ်။ ဒေါ်ချိုရည်အေးကတော့ ကျေနပ်ပုံမရဘူး။ မကျေမချမ်းနဲ့ ရေရွတ်ပြီးပြန်သွားတာပဲ။ ကျွန်တော်လည်း မက်ကျည်းပင်
နားထပ်သွားပြောမိတယ်။
” နင့်အမေတွေ့ချင်တယ်ဆိုလို့ ခေါ်လာပေးပြီးပြီ… နင့်ကတိအတိုင်းပဲ…ထပ်မနှောင့်ယှက်နဲ့ ”
လို့ပြောလိုက်တယ်။ ထူးတော့ထူးတယ်ဗျ။ အဲ့ဒီမိန်းမရောက်လာပြီးကတည်းက ကလေးသရဲကို ထပ်မတွေ့တော့ဘူး။ လာမခြောက်တော့ပေမယ့် အဖေနဲ့
အမေက ဘုရားရှစ်ခိုးတိုင်းအမျှပေးတယ်။၄လ ၅လ လောက်နေတော့ အစ်ကိုအလတ်နဲ့ ကျွန်တော်အလုပ်ရသွားတယ်။ အမေလည်း ဒီကလေးကို အလှူလေးလုပ်ပေးချင်တယ်ဆိုတော့ ကျွန်တော်ရတဲ့ပထမဆုံးလစာလေးကို သူ့အတွက်အလှူလုပ်တဲ့ထဲ တတ်နိုင်သလောက်လေးထည့်လှူပေးလိုက်ပါတယ်။အလှူလေးကအကျဉ်းချုံးလေးပဲပေါ့။
ဘုန်းကြီးသုံးပါးပင့်ပြီး အိမ်နီးချင်းနဲ့ မိတ်ဆွေနဲနဲဖိတ်လိုက်တယ်။အစားအသောက်ကတော့ရွှေတောင်ခေါက်ဆွဲလေးကျွေးဖြစ်တယ်ဗျ။တရားနာခါနီး ကျွန်တော်မန်ကျည်းပင်နားသွားပြီး ခပ်တိုးတိုးခေါ်
လိုက်တာပေါ့။ ပြန်လှည့်ထွက်လာတော့ ကျွန်တော့အနောက်မှာအသံကြားလိုက်ရတယ်။ ကလေးတွေခုန်ခုန်ပြီးအနောက်ကနေပြေးလိုက်လာတဲ့အသံမျိုး။ ရေစက်ချအမျှဝေပြီးတဲ့အခါ ကျွန်တော်တို့တစ်
အိမ်လုံးစိတ်အေးသွားသလိုခံစားလိုက်ရပါတယ်။
သွေးမတော်သားမစပ်ဘဲ ရည်စူးအလှူလုပ်ပေးရတာလည်း ရှေးဘဝကရေစက်တစ်ခုကြောင့်ပဲဆိုပြီး ကျေနပ်မိကြတာပေါ့။ ဘယ်ဘဝမှာဘယ်လိုဆုံခဲ့လဲမသိနိုင်တာမဟုတ်လား။ အဲ့ဒီညကတော့ထူးထူးခြား
ခြားပါပဲ။ ကျွန်တော်တို့မိသားစုတွေ အိမ်ရှေ့မှာဝိုင်းဖွဲ့စကားပြောနေတုန်း မန်ကျည်းပင်ကြီးက လေ
မတိုက်ဘဲ တစ်လှုပ်လှုပ်နဲ့ပေါ့။ကျွန်တော်တို့သိပေမယ့် မသိဟန်ဆောင်နေဖြစ်ကြတယ်။ ညရောက်
တော့ ကျွန်တော့ကိုအိပ်မက်လာပေးတယ်။ သူ့အတွက်လုပ်ပေးတာအကုန်သူရပါတယ်တဲ့။ ကျွန်
တော်တို့မိသားစုကိုလည်းကျေးဇူးတင်တယ်လို့ပြောတယ်။ မကြာတဲ့အချိန်မှာ သူသွားတော့မယ်လို့လည်းပြောပါတယ်။ အဲ့လိုမက်တာ ကျွန်တော့စိတ်ထဲ ဝမ်းနည်းသလိုပဲဗျ။
အရင်ကတော့ ဒီကောင်လေးကိုအသေမုန်းခဲ့တာ။ ကြောက်လည်းကြောက်ခဲ့တာ။ သူသွားတော့မယ်ဆိုတော့ ကိုယ့်မောင်နှမသားချင်းတစ်ယောက်နဲ့ ခွဲခွါရတော့မလိုခံစားမိနေတယ်။ ရေစက်ပဲထင်ပါတယ်
ဗျာ။ အိပ်မက်မက်ပြီးတော့ ကလေးသရဲ ရဲ့အသံလုံးဝထပ်မကြားရတော့ပါဘူး။ သူတစ်ပါးအကျိုးကိုဆောင်ရင် ကိုယ့်အကျိုးအောင်တယ်ဆိုတာတကယ်ထင်တယ်။ အလှူအဒါန်းလုပ်ပြီးတစ်လလောက်ကြာတော့ အမေက မြန်မာထီ သိန်း ၅၀ ဆုကြီးပေါက်ပါ
လေရော။ တစ်အိမ်လုံးပျော်လိုက်ကြတာ။ အဲ့ဒီခေတ်ကသိန်း ၅၀ဆို မြင်းနှီးကုန်းနဲ့ တခြားအစွန်အဖျားလေးတွေမှာ မြေဝယ်လို့ရပြီလေ။
မြေကွက်တစ်ကွက်မှ ၂၅သိန်း၊ သိန်း ၃၀ ဆိုကောင်း
ကောင်းရတယ်ဗျာ။ အဖေနဲ့အမေလည်း မြေကွက်လေးဝယ်ပြီး ထရံအိမ်လေးဆောက်ဖြစ်သွားတယ်။ ဒီအိမ်ကနေပြောင်းရတော့မယ်ဆိုတော့ ဝမ်းနည်း
သလိုလိုတော့ဖြစ်မိတယ်ဗျ။ ကျွန်တော်မှမဟုတ်ဘူး။ တစ်မိသားစုလုံးပဲ။ ကလေးသရဲလေးကိုကူညီလို့ စေတနာရောင်ပြန်ဟပ်ပြီးကျွန်တော်တို့လည်းအဆင်ပြေလာတာလို့ ယုံကြည်မိတယ်။သူတစ်ပါး
ကိုဖြူစင်တဲ့အလှူလေးနဲ့ကူညီတဲ့အတွက် အခုဘဝမှာတင်အကျိုးပေးတာလားမပြောတတ်ဘူး။ သေ
ချာတာတော့ ဘဝတစ်ကွေ့မှာ ကလေးသရဲနဲ့မထင်မရှားတွေ့ဆုံခဲ့ရတဲ့နေရာလေးကနေ ပြောင်းရတော့
မယ်ဆိုတာပါပဲ။ ကျွန်တော်တို့အိမ်ပြောင်းပြီးလည်း တခါတလေ မြင်းနှီးကုန်းဖက်ကြုံရင် အဲ့ဒီအိမ်ကိုအလွမ်းပြေသွားသွားကြည့်ဖြစ်တယ်။
၇နှစ် ၈နှစ်အရွယ် ကလေးက သေခါနီးဘာတွေပြင်ဆင်နိုင်ပါ့မလဲလို့တွေးမိတိုင်း တရားကျမိတယ်ဗျာ။ ဒီကောင်လေး ကောင်းရာမွန်ရာဘဝမှာ ရောက်နေပါစေလို့ပဲ ပြန်တွေးမိတိုင်းဆုတောင်းမိနေပါ
တယ်။ တကယ်ဆုတောင်းမိပါတယ် ညီလေးရယ်…..။
သော်တာလမင်းစန္ဒာ
Leave a Reply