တောင် နေခဲ့ဖူးတာဆိုပဲ။ အခုလည်း သူ့အဘိုး၊ ဦးရွှေကျုတ်က ညောင်ဝိုင်းသူကြီးဗျ။ဒီကောင် ဘကျုတ်၊ ကျုပ်တို့ရွာကို တစ်ခါမှ လာဖူးတာ မဟုတ်ဘူးဗျ “ဘကျုတ် မင်း ငါတို့ဝိုင်းကို တော်တော်ရှာလိုက်ရသလား” “အေး …နည်းနည်းတော့ ရှာရတာပေါ့ကွ ဒါပေမဲ့ မင်းကို ဒီရွာမှာ မသိတဲ့ လူမှ မရှိတာကွာ မင်းနာမည်က ငါတို့ညောင်ဝိုင်းမှာပါ ပေါက်နေတဲ့ဟာ” “ဟေ …ဘယ်လိုပေါက်နေလို့တုံးကွ ဘကျုတ်ရ” “ထနောင်းကုန်းက တာတေက ပယောဂတွေ သိုက်တွေ နိုင်တယ်လို့ ကျော်ကြားနေတာကွ “ “ဟာ မဟုတ်ပါဘူး ဘကျုတ်ရာ၊ ...

တဲ့ ချိုင့်ကြီးတွေကလည်း ရှိသေးတယ်မဟုတ်လား။ နင်းလာရင်းနဲ့ သိပ်မကြာပါဘူးဗျာ၊ လာပို့ရွာနားရောက်တော့ မနှင်းကြည်တို့စက်ဘီးကိုလှမ်းမြင်ရပြီဗျ၊ စိုင်းရာဇာက သူတို့နောက်က ဘယ်သူမှလိုက်မလာဘူးထင်လို့ အေးအေးဆေးဆေးနင်းနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း အသံကုန်ဟစ်ပြီးအော်တယ်။ “ခွေးကောင်၊ စက်ဘီးကိုရပ်စမ်း” ကျုပ်တို့အော်တော့ စိုင်းရာဇာက လှည့်ကြည့်တယ်ဗျ၊ ပြီးတာနဲ့ သူလည်း စက်ဘီးကိုအားစိုက်နင်းတော့တာပဲ၊ ဒီကောင်စီးထားတဲ့စက်ဘီးကလည်း ကောင်းတယ်ဗျ၊ သူကြီးစီးနေတဲ့စက်ဘီးအသစ်ကြီးဆိုတော့ ပြေးတာပေါ့ဗျာ၊ ကျုပ်တို့နင်းနေတဲ့စက်ဘီးကတော့ သံချေးကိုက်နေတဲ့စက်ဘီးကြီးဗျ၊ မောင်ဗမာဘီးဆိုတာ ခိုင်တာတော့ခိုင်ပါရဲ့ စက်ဘီးကသံနဲ့လုပ်ထားလို့ အလေးကြီးပဲ၊ အမြင့်ကလည်းအမြင့်ကြီးဗျ၊ ထိုင်ခုံဆိုရင်လည်း မာမာကြီးဗျာ။ အနောက်က ကယ်ရီယာခုံဆိုရင် သစ်သားပြားတွေတပ်ထားတာမဟုတ်လား။ စက်ဘီးနင်းရင်း စက်ဘီးကလည်း အသံစုံမြည်နေလိုက်သေးတယ်။ ...

ဖြစ်သလို အထပ်သားပြားတွေကာ၊ အထပ်သားပြားတွေမိုး ၊ အထပ်သားပြားတွေခင်းနဲ့ တဲလိုလိုအခန်းလိုလိုတွေဆောက်နေကြရတာဗျ. ကိုယ့်အဖွဲ့လူဘယ်လောက်များများတဲကတစ်လုံးနှစ်လုံးထက်မပိုကြဘူး။ ဘာကြောင့်လဲဆိုတော့.. ဒီဆောက်လုပ်ရေးဝင်းထဲကယာယီပေးထားတဲ့ နေရာတွေမှာညဆိုဘယ်အလုပ်သမားမှမအိပ်ကြ၊မနေကြလို့လေ။ ညဘက်ကိုသူတို့တွေက ဆောက်လုပ်ရေးဝင်းရဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ချောင်းစပ်ကဒီရေတောထဲမှာ ခပ်မြင့်မြင့်တဲတွေထိုးပြီးဝင်ပုန်းအိပ်ကြတာများတယ်၊ ဒါကလဲ. မလေးရှား လ.ဝ.က အပါအဝင် ရဲ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းဖမ်းစီးတဲ့အော်ပရာစီဆိုတဲ့ခိုးဝင်ပြည်ပနိုင်ငံသား များဖမ်းစီးရေးက အချိန်မရွေးဝင်လာဖမ်းစီးသလို အထူးသဖြင့်ညဘက်အိပ်ချိန်တွေမှာဆောက်လုပ်ရေးလို့နေရာမျိုး၊ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားအများဆုံးရှိတဲ့နေရာမျိုးတွေကိုဝင်ရောက်ဖမ်းစီးတတ်တာကြောင့်၊ အလုပ်ချိန်နဲ့ထမင်းချက်ပြုတ်စားသောက်ချိန်မျိုးသာ ဝင်းထဲမှာနေကြပြီးညဆို တောထဲသွားအိပ်ကြသူတွေများပါတယ်။ ကျွန်တော်ရောက်ပီး (၄)ရက်လောက်ပဲရှိသေးတယ် အဲ့ဆောက်လုပ်ရေးဝင်းထဲက မြန်မာပြည်သားမွန်လူမျိုးအသိတွေအတော်များများကိုရသွားတော့တာပဲ၊ ဒါကလဲအကောင်းတော့မဟုတ်ဘူး အဲ့ဒီမှာ အရက်သွားသောက်ရာကနေ ကိုမျိုးချစ်တွေနဲ့တွေ့ပြီး ရိုက်ပွဲဖြစ်လိုက်ရာကနေ “ရန်ကုန်” ...

ပဲပြုတ်တောင်းရွက်၍ အိမ်မှ ထွက်သွားသည်။ ဒေါ်ဖွားတင်က နံနက်စာ ချက်ထားရ၏။ အိပ် ရာထဲက လူမမာသားကို ပြုစုရ၏။ မြေးတွေ ကို ကိုယ်လက်သုတ်သင်ပေးရ၏။ ကျွေး မွေးရ၏။ ဤသို့ လှုပ်ရှားရင်း ရုန်းကန်ရင်း ဖြင့် နေ့တစ်နေ့တာ ကုန်ဆုံးသွားရသည်။ နေ့တွေက လအဖြစ်သို့ ပြောင်းလဲသွား၏။ လ တွေက နှစ်အဖြစ် ကူးပြောင်းသွားပြန်သည်။ ရက်တွေ လတွေ တိုးတိုးလာသလို ထွန်းမောင် ၏ ရောဂါလည်း တဖြည်းဖြည်း ဆိုးလာခဲ့သည်။ ပြင်းထန်သော ဆေးဝါးတွေ သောက်မျိုခဲ့ရ၍ သူ့ခေါင်းက ...

လည်း စကားမပြောဘဲ သူတို့လုပ်စရာရှိတာကို လုပ်နေကြတယ်၊ အသက် ငါးဆယ်လောက်ရှိမယ့် အဘိုးကြီးတစ်ယောက်ကတော့ တရားထိုင်သလိုထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းထားတယ်၊ အနားရောက်တော့မှ သူက တရားထိုင်နေတာမဟုတ်ဘူးဗျ၊ သူ့ရှေ့က ဖယောင်းတိုင်ကြီးကို မျက်တောင်မခတ်ဘဲသေသေချာချာကြည့်နေတာဗျ၊ ဖယောင်းတိုင်က ဝါဆိုဖယောင်းတိုင်လောက်ရှိမယ့် ဖယောင်းတိုင်အကြီးကြီးပါဗျာ။ (၂) ကျုပ်ကြမ်းပြင်ပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူကြီးက ချောင်းတစ်ချက်ဟန့်တယ်ဗျ၊ ကျုပ်ကိုတော့ လှည့်တောင်မကြည့်ဘူး။ “ငါတို့ဘယ်သူတွေလဲ၊ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား၊ ဘာလဲ မင်းအဖေသူကြီးက မင်းကိုကြည့်ခိုင်းလိုက်လို့လား” ကျုပ်ဖြင့်လန့်ပြီးတုန်သွားတာပဲဗျာ၊ ဒီလူကြီးက အကြောင်းစုံသိနေတာကိုးဗျ။ သူ့အသံကတော့ နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ...

ထပ်ခိုးကအခန်းထဲကို သူကလွဲ၍ ဘယ်သူမှ ဝင်တာကြိုက်သူမဟုတ်။ ထို့ကြောင့် မခင်မမသည် ထပ်ခိုးက အခန်းထဲကို အရေးအကြောင်း မရှိလျှင် သွားလေ့မရှိချေ။ လှေကား ခြေနင်းပြားသစ်သားတွေကို နင်းရတာက ဒီညကျမှ ပိုပြီး အေးနေသယောင်ပင်။ ခြေနင်းပြားတစ်ပြားပေါ်ကို ခြေလှမ်း တစ်လှမ်း နင်းတက်လိုက်တိုင်း ခြေဖဝါးသည် စိမ့်ခနဲ အေးစက်စက်နှင့် ကြမ်းရှရှကို ထိတွေ့နေမိသည်။ လှေကားထိပ် ရောက်သည့်အခါ၊ မခင်မမသည် မီးခလုပ်ကို ဖွင့်လိုက်သည်။ လျှောက်လမ်း မီးက ဖျတ်ခနဲ လင်းသွား၏။ ” အင်း … ဟင်း … ...

……လယ်ကွင်းထဲက တစ္ဆေများ ********* ******* ******** ငယ်ဘဝများဆီသို့…………. ။ ဗျို့ ကိုကြီးလှ…..အဆင့်သင်ဖြစ်ပြီလားဗျ… သွားကြရအောင်လေ…ပဲ ခင်းစောင့်ဖို့ နောက်ကြနေတော့မယ်…လာဗျို့ဟုအော်ဟစ်ခေါ်လိုက်သော ကိုခွေးပုအသံကြောင့် ကိုလှဘော်လဲ ဆောင်ဓားက်ို ကျောတွင်လွယ်လိုက်ပြီး လက်ကဓာတ်ခဲ ငါးတောင့်ထိုး ဓာတ်မီးကို..ယူကာ…လောက်လေးဂွ နှင့်လောက်စာလုံးများထည့်ထားသော..လွယ်အိတ်ပါ.လွယ်လျှက် အိမ်ပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာသည်။ တပို့တွဲလ မို့အချမ်းက…ပိုနေသည် မြောက်လေကလေးများကလဲ..တသုန်သုန် တိုက်ခတ်လျှက်…ဆောင်း၏အငွေ့သက်က်ို ဖန်ဆင်းနေရှာသည်။ ကိုကြီးလှ အေးတယ်နော်..ခုည.အရင်ညတွေထက်အအေးဓာတ်ပိုနေသလိုပဲဗျ ဟု ကိုခွေးပုက စကားစရင်း…နည်းည်းလောက် သောက်ကြမလား ကိုကြီးလှ ကျွဲတဲကုန်းရွာထဲက သံချောင်းဆိုင်က ၂လုံးဆွဲလာတယ်ဟုဆိုကာ.သူ့လွယ်အိက်ကိုပုတ်ကာ….ပြောလိုက်သည်။ နှစ်ဦးသား စကားတပြောပြောဖြင့်လမ်းလျှောက်လာရာ..သူဆို့စောင့်ရမည့် လယ်ကွင်းများဆီမှ ...

သည်မှောင်မည်းလျက်ပကတိတိတ်ဆိတ်လွန်းလှပေ၏ အုဝုဝူး အူး တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။ သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည် ရှဲရှဲရှဲ ဖလပ်ဖလပ် ရွှီးရွှီးရွှီး ဝုတ်ဝုတ်အူး အုအူး ဝုန်း ဗျန်း သစ်ရွက်ခြောက်များကိုလေဝှေ့သည့်အသံမျိုးငှက်ပျောဖက်နှင့်အပင်တို့ရိုက်သလိုအသံမျိုးနှင့်ခွေးများ၏အူသံဟောင်သံတို့ကရွာလုံးအနှံ့ကွမ်းတယာညက်ခန့်မျှဆူညံနေပြီးနောက်မှသာပြန်လည်တိတ်ဆိတ်သွားတော့သည်။ တဖန်ရွာအတွင်းရှိသစ်ပင်ကြီးငယ်များလေမတိုးပါဘဲလျက်တဝုန်းဝုန်းလှုပ်ခတ်ဆူညံနေပြန်လေသည်။ ထိုကိစ္စသည်လည်းအတန်ကြာမှပင်ငြိမ်သက်ကာရွာကလေးမှာမူလအတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပေသည်။ အိပ်မပျော်သေးသူအချို့နှင့်လန့်နှိုးသူအချို့တို့ကအိမ်နီးနားချင်းတစ်အိမ်နှင်တစ်အိမ်ယင်းကိစ္စကိုအော်ဟစ်ပြောဆိုနေကြ၏။ ထိုအသံများဆက်လက်ထွက်ပေါ်လာမည်လောဟုလည်းစိုးရိမ်စိတ်နှင့်ရွာသားအချို့ကစောင့်စားနေကြသည်။ သို့ရာတွင်မည်သည့်အသံဗလံမျှထွက်ပေါ်လာခြင်းမရှိတော့ဘဲထမင်းတစ်အိုးကျက်ခန့်အကြာ၌လင်းကြက်တွန်ကျူးသံထွက်ပေါ်လာခဲ့သည်။ အောက်အီးအီးအွတ် အွတ်အွတ် များမကြာမီရွာဦးကျောင်းမှအုန်းမောက်ခေါက်သံမရှေးမနှောင်းထွက်ပေါ်လာပြန်သည်။ ထို့နောက်အရှေ့ဆီမှရောင်နီများသန်းလာချိန်တွင်ဆရာတော်ဘုရားသည်ရွာအတွင်းသို့ကြွလာခဲ့လျက်ရွာသူကြီးဦးထိန်ခြံဝင်းအတွင်းသို့ဝင်လိုက်သည်။ အိုးဆရာတော်ဘုရားကိုး၊ကြွပါဘုရား၊ဟဲ့မယ်ကျင်ဖျာခင်းပါဟယ်၊ခြေသုတ်ပုဆိုးချဟ၊အရုဏ်ဆွမ်းအတွက်ပြင်ကြဟာ မိသားစုအားလုံးမမျှော်လင့်သည်ကြောင့်ပျာပျာသလဲဖြစ်သွားကြရာဆရာတော်ဘုရားကဘုရားစင်ရှေ့၌နေရာတကျထိုင်မိစဉ်လက်ကာပြကာ နေနေဒကာ၊ဒကာမတို့ဘုန်းကြီးသွားနာနေတာကြောင့်စောစောကတင်ကပ္ပိယကြီးကျိုပေးထားတဲ့ယာဂုဘုဉ်းပေးလာခဲ့င်္ပြီး၊ခုလာတာကသူကြီးနဲ့ပြောစရာကိစ္စလေးရှိနေလို့လေဟုဆို၏။မှန်ပါ့၊မိန့်တော်မူပါဘုရား သူကြီးဦးထိန်နှင့်ဇနီး၊မိသားစုများအားလုံးဆရာတော်မိန့်ကြားလာမည့်စကားကိုငံ့လင့်နေကြသည်။ ခပ်စောစောကရွာအတွင်းထွက်ပေါ်လာသည့်အမျိုးအမည်မသိရသောအသံဗလံများနှင့်ဆရာတော်ဘုရားထူးထူးစန်းစန်းကြွလာမှုကဆက်စပ်နေလိမ့်မည်ဟုတွေးမိကြသောကြောင့်ဖြစ်သည်။ ဆရာတော်ဘုရားကသူကြီးငှဲ့၍ကပ်လာသောရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ပြီးမှအောက်ပါအတိုင်းစကားစ၏။ အိမ်းတယ်လည်းခက်သကွယ်၊လောကကြီးမှာမသိမလိမ္မာသူ၊မိုက်မဲသူရှိတဲ့အရပ်ဒေသဟာတယ်ပြီးအန္တရာယ်ကြီးသကိုးကွယ့် မှန်ပါ့၊တပည့်တော်နားမရှင်းကြောင်းပါဘုရား ဒီလိုကွယ့်၊လွန်ခဲ့တဲ့တစ်နာရီကျော်ကျော်နှစ်နာရီနီးပါးမှာရွာအတွင်းထူးထူးစန်းစန်းဖြစ်ပေါ်သွားမှုဟာလူဆိုးလူသွမ်းတစ်ယောက်နဲ့ပတ်သက်ဆက်စပ်နေတယ်လို့ပြောတာကွယ့် သြဒီလိုလား၊တပည့်တော်နဲ့တကွရွာသားတွေလည်းတစ်ခါမှမကြုံဖူးတဲ့ထူးဆန်းမှုကြောင့်အံ့သြပြီးတယောက်နဲ့တစ်ယောက်ကျွက်စိကျွက်စိပြောနေကြတာဘုရား အေးအေးနားထောင်၊ပြောရမယ်ဆိုရင်ဒီအဖြစ်ရဲ့လက်သည်တရားခံဟာဒကာငြိမ်းသာနဲ့ဒကာအေးမယ်တို့ရဲ့သားလူဆိုးအံ့ထူးပေပေါ့ကွယ် ဟာ ဟင် အို အလို မိသားစုများအားလုံးဆရာတော်မိန့်ကြားမှုကြောင့်တအံတသြဖြစ်ကာအာမေဍိတ်သံများကိုယ်စီထွက်သွားကြသည်။ အတန်ကြာမှဆရာတော်ဘုရားကဆက်လက်မိန့်ပြန်လေ၏။ ညဦးကကျုပ်ဘုရားဝတ်ပြုတရားထိုင်ပြီးလို့ကျိန်းမယ်ကြံစဉ်မှာလူရိပ်နှစ်ခုတံခါးဝကပေါ်လာပြီးကျုပ်ကိုရှိခိုးကန်တော့ကြတယ် ...

တယ် အဲ့တော့ တို့တွေအရင်ဆုံးဆိုင်ကယ်ပဲယူသွားကြမယ်” “ဟုတ် ဒါဆို သီရိပြင်ထားပေးမယ်နော်… စီနီယာလိုက်လာခဲ့လိုက်” သီရိတစ်ယောက်သူမအနီးမှထွက်ခွာသွားတော့သည်။ ခဏကြာတော့ လွန်းနီနီသည်လည်း သီရိစောင့်နေမည့် စခန်း၏ ဆိုင်ကယ်ရပ်နားရာဆီသို့ ထွက်လာခဲ့တော့၏။ သူမရောက်လာတော့ သီရိသည် ဟွန်ဒါ click ဆိုင်ကယ် အနက်လေးအား စက်နိုးလိုက်တော့သည်။ သီရိနောက်ပါးမှထိုင်လိုက်ခဲ့ရင်း… “အမှတ်၇ ရပ်ကွက်ကိုမောင်း သီရိ” “အမှတ်၇ ဆိုရင် မြို့ပြင်လမ်းဘက်ကျတာပေါ့ စီနီယာ ဘာသွားလုပ်မလို့လဲ” “ပျောက်ဆုံးနေသူသွားမယ့်နောက်ဆုံးနေရာလို့ တို့သိထားရတယ်…အဲ့တော့သွားလေ့လာရမှာပေါ့…” “ဟုတ်ကဲ့စီနီယာ” ထိုသို့ဖြင့် သီရိတို့သည် အမှတ်၇ ရပ်ကွက်ဆီသို့ရောက်ရှိလာခဲ့ကြသည်။ ထိုရပ်ကွက်သည် မြို့ပြင်ဘက်ကျ၏။ လူနေအိမ်ခြေနည်းပါးပြီး ...

မိတ်ဆက်ပေးတော့ .”..အခုလို ချောမောလှပပြီး အနေအေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ကျနော် ဝမ်းသာ မိပါတယ်” တဲ့ တကယ်တော့ ကျမဟာ မောင်ပြောသလို မဟုတ်ခဲ့ပါဘူး ကျမ အကြောင်းမသိသေးလို့ မောင်ဒီစကား ပြောမှန်း ကျမသဘောပေါက်လို့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဝါလေးဟာ မောင့်ရဲ့ ညီမဝမ်းကွဲတယောက်ပါ အဲဒီတုန်းက မောင်ပြောခဲ့တဲ့ စကားကြောင့် ကျမ အရမ်းပျော်ခဲ့မိပါတယ်။ အမှန်တိုင်းပြောရရင် ကျမ မောင့်ကို တစ်ဖက်သတ် စွဲလမ်းမိခဲ့တယ်။ အဲ ဒီအချိန်ကစပြီး မောင်နဲ့ ကျမ ...