မာယာများတဲ့ဖုတ်

ပဲပြုတ်တောင်းရွက်၍ အိမ်မှ
ထွက်သွားသည်။

ဒေါ်ဖွားတင်က နံနက်စာ ချက်ထားရ၏။ အိပ်
ရာထဲက လူမမာသားကို ပြုစုရ၏။ မြေးတွေ
ကို ကိုယ်လက်သုတ်သင်ပေးရ၏။ ကျွေး
မွေးရ၏။ ဤသို့ လှုပ်ရှားရင်း ရုန်းကန်ရင်း
ဖြင့် နေ့တစ်နေ့တာ ကုန်ဆုံးသွားရသည်။

နေ့တွေက လအဖြစ်သို့ ပြောင်းလဲသွား၏။ လ
တွေက နှစ်အဖြစ် ကူးပြောင်းသွားပြန်သည်။
ရက်တွေ လတွေ တိုးတိုးလာသလို ထွန်းမောင်
၏ ရောဂါလည်း တဖြည်းဖြည်း ဆိုးလာခဲ့သည်။

ပြင်းထန်သော ဆေးဝါးတွေ သောက်မျိုခဲ့ရ၍
သူ့ခေါင်းက ဆံပင်တွေ အထွေးလိုက် အထွေး
လိုက် ကျွတ်ကျကုန်သည်။ ကာလရှည်လျားစွာ
အစားပျက်၊ အအိပ်ပျက်ခြင်း ဒဏ်နှင့် ဝမ်း
ဗိုက်ထဲက နာကျင်ကိုက်ခဲဝေဒနါ တို့ကြောင့်
ထွန်းမောင်ကိုယ်ခန္ဓာက ဝမ်းဗိုက်ပူပူ၊အကြော
ပြိုင်းပြိုင်း၊ အရိုးငေါငေါရှိသော သတ္တဝါ
တစ်ကောင်နှင့်မခြား တူနေလေသည်။

နောက်ဆုံးတွင်ကား ဘဝနိဂုံး၊ အဆုံးသတ်မည့်
အချိန်ကို အိပ်ရာပေါ်မှ စောင့်နေရသည့်အခြေ
အနေထိ ဆိုက်ရောက်ခဲ့၏။ လွန်ခဲ့သော တစ်
လခန့်ကတော့ ထွန်းမောင်၏ ရောဂါ အခြေအ
နေ အလွန်အမင်းဆိုးရွားသွားခဲ့သည်။

“ထွန်းမောင် သည်တောင်ကို မကျော်နိုင်တော့
ဘူး”ဟု ရေမြုပ်ကွင်းတစ်ရပ်ကွက်လုံးက ယူ
ဆခဲ့ကြ၏။

နေထန်းတစ်ဖားလောက်ကတည်းက မြောသွား
လိုက်၊ သတိပြန်လည်လာလိုက်ဖြင့် ထွန်းမောင်
ဝိညာဥ်နောက်ဘဝကူးဖို့ ကြိုးစားနေခဲ့သည်။

ပင်ပန်းကြီးစွာ အသက်ကို ရှုရှိုက်နေရာက တ
ဖြည်းဖြည်းအသက်ရှုသံ တိုးဖျော့လာသည်။
ပါးစပ်ကြီးဟလျက် မျက်လုံးကြောင်တွေက
အိမ်ခေါင်းမိုးဆီ ကြည့်လျက် တဆတ်ဆတ်
အကြောဆွဲလျက် အသက်ငင်နေခဲ့၏။ ခန္ဓာ
ကိုယ်တွင်း အပူဓာတ်တွေက ခြေဖျားတွေက
စ၍ အေးလာ၏။

ထို့နောက် ခြေချင်းဝတ်၊ ထို့နောက် ခြေသလုံး
တိုင်အောင် အေးစက်လာခဲ့သည်။ ဒေါ်ဖွားတင်
နှင့် မသေးသွယ်ပင်လျှင် “သည်တစ်ခါတော့
ပစ်လိုက်ရပြီ”ဟု တွေးမှတ်မိသောကြောင့်
ပြုဖွယ်ကိစ္စအချို့ကိုပင် ကြိုတင်ပြင်ဆင်
ခဲ့သည်။

ညနေ နေဝင်ရီတရော အချိန်အရောက်၌ ထွန်း
မောင် မျက်ဖြူကြီးလန်၍ မြောသွား၏။ အ
သက်ရှုလည်း ရပ်တန့်ငြိမ်သက်သွား၏။

“သွားပြီ”ဟု အားလုံး ထင်မှတ်လိုက်ကြသည်။
သို့သော် အချိန်အနည်းငယ်အတွင်းမှာပင်
မယုံကြည်နိုင်စရာ ကောင်းအောင် အခြေအနေ
က ပြောင်းလဲသွားသည်။

“ဟင်း” ခနဲ သက်ပြင်းရှိုက်သံကြီးတစ်ချက်
နှင့်အတူ ထွန်းမောင်သတိပြန်လည်လာသည်။
သတိလည်လျှင်လည်းချင်း ထမင်းဆာသည်
ဟု ပြော၏။ လပေါင်းများစွာ အရည်မဝင်၊
အဖတ်မဝင်၍ အာဟာရပြတ်ခဲ့သော ထွန်း
မောင်၊ ထမင်းခူးပေးတော့ အငမ်းမရ စား၏။

တစ်ဇလုံပြီး တစ်ဇလုံထပ်ထည့်ပေးသည်။
သုံးဇလုံ တိတိကို အံ့အားသင့်လောက်အောင်
စားပြီးမှ တရှူးရှူးဟောက်သံကြီးဖြင့် အိပ်
မောကျသွားခဲ့သည်။ ထိုနေ့ ထိုအချိန်ကစ၍
ထွန်းမောင်ရောဂါ အခြေအနေ သက်သာ
လာသည်ဟု ဆိုရမည်။

အိပ်ရာထဲ လဲနေဆဲဖြစ်သော်လည်း မိမိဘာ
သာ ထူနိုင်၊ ထနိုင်လာ၏။ အစာစားချင်
သည်ဟု တောင်းဆိုတတ်သည်။ အစားအ
စာလည်း စားသောက်လာ၏။

“အရည်လေး အဖတ်လေး ဝင်ပြီဆိုကတည်း
က ရောဂါဝေဒနာ သက်သာလာတဲ့သဘောပဲ
ဒီလိုသာ တဖြည်းဖြည်းချင်း တိုးတက်လာရင်
ထွန်းမောင်ရဲ့ ရောဂါ ရှင်းရှင်းလင်းလင်း
တောင် ပျောက်သွားနိုင်တယ်”

ဆွေမျိုးမိတ်သဂ်ဟ အချို့က ထွန်းမောင်၏
အခြေအနေကို ကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကြသည်။ သို့သော် ဒေါ်ဖွားတင်မူကား
အဆိပ်ရှိ မြွေဆိုးတစ်ကောင်ကို ကိုင်ထားရ
သလို စိုးရိမ်စိတ်အချို့ ရှိနေခဲ့၏။လွန်ခဲ့သော
တစ်လခန့်၊ ထွန်းမောင်၏ နောက်ဆုံးအချိန်
စောင့်နေရသော အချိန်အခိုက်အတန့်ကို ဒေါ်
ဖွားတင်မမေ့၊ ထွန်းမောင်အသက်ငင်နေပြီ၊

ထွန်းမောင်အသက်ငင်နေပြီ၊ ဘဝပြတ်ဖို့တည်းတည်းလေးမျှသာ ကျန်တော့သည့်အချိန်မှာ မျက်ဖြူကြီးလန်၍ အသက်ရှုရပ်သွားသည်။
ထို့နောက် အချိန်အနည်းငယ်အကြာမှာပင်
“ဟင်း”ခနဲ သက်ပြင်းကြီးတစ်ချက်နှင့်အတူ
သတိပြန်လည်လာခဲ့သည်။.

ထိုအချိန်က စပြီး ထွန်းမောင်၏ပြုမူမှုတွေက
ပုံမှန်မဟုတ်။ မူမမှန်သော အနေအထားတွေ
တွေ့လာရ၏။အထူးခြားဆုံးက”အသားဟင်း၊
ငါးဟင်း စားချင်တယ်”ဟု ခဏ ခဏ တောင်း
ဆိုလာခြင်းဖြစ်သည်။ သူတောင်းဆိုသော
အသား၊ ငါးများကလည်း ယခင်ကျန်းမာရေး
ကောင်းသည့်အချိန်က ရွံရှာသည်ဟု ဆိုကာ
လုံးဝမစားသုံးခဲ့သော ရှောင်ခဲ့သော အသား
များ ငါးများဖြစ်နေခြင်းပင်။

သည်လို ပုံမှန်မဟုတ်သော ထူးခြားမှုတွေကို
သတိထားမိ၍ ဒေါ်ဖွားတင် သားဖြစ်သူအား
စောင့်ကြည့်ခဲ့ခြင်း ဖြစ်၏။

“ထွန်းမောင် ဖုတ်ဝင်နေတာများလား” ဟု သံ
သယအတွေးကို မကြာခဏတွေးမိသော်လည်း
ဟုတ်၊ မဟုတ် မှန်၊ သူမဝေခွဲတတ်။ ထို့ကြောင့်
လည်း မည့်သူကိုမျှ မပြောဖြစ်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ…ဖြစ်ရပ်မှန်အမှန်ကား ဒေါ်
ဖွားတင်၏ သံသယအတွေးအတိုင်းပင်ဖြစ်
သည်။လွန်ခဲ့သော တစ်လခန့်၊ ရောဂါအသည်း
အသန် ဖောက်၍ မြောသွားချိန်မှာပင် ထွန်း
မောင် အသက်ပါသွားခဲ့သည်။

ထိုအချိန်ကား နေဝင်တရီတရော အချိန်ဖြစ်၏။
နေဝင်ရီတရော အချိန်ဟူသည်မှာ ပြိတ္တာဘုံ
သား၊ နာနာဘာဝလောကသားတို့ အစာရှာ
ထွက်ချိန်ဖြစ်သည်။ နာနာဘာဝများ ဖြစ်သည့်
ဖုတ်၊ တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဥစ္စာစောင့်၊ မြေ
ဖုတ်ဘီလူးနှင့် ကျတ်တို့၌ သူတို့ပြုခဲ့သော
ကုသိုလ်ကံ အကုသိုလ်ကံများနှင့် လျော်ညီ
စွာ ‘ကမ္မဇိဒ္ဓိ’ခေါ် တန်ခိုးပါဝါများ ရှိကြ၏။

အစာရှာထွက်လာသည့် ဖုတ်တစ္ဆေတစ်ကောင်
ထွန်းမောင်အိမ်အနီးရောက်လာသည်။ ထွန်း
မောင်၏ ခန္ဓာကိုယ်ကြီးထဲမှ အသက်ဝိညာဥ်
ကောင်ထွက်သွားခြင်းကို တိုက်တိုက်ဆိုင်ဆိုင်
သူ တွေ့လိုက်သည်။

နာနာဘာဝတို့၏ ဘဝကား ကြီးစွာသော ပင်ပန်း
ဆင်းရဲခြင်းတွေနှင့် ဒုက္ခပေါင်းစုံတို့ ရောပြွမ်းနေ
သည့် ဘဝဆိုးဖြစ်၏။ လူတို့စွန့်ပစ်သော နှပ်၊တံ
တွေး၊သလိပ်၊ သွေး၊ ပြည်ပုပ်၊ အရိအရွဲနှင့် အ
ညစ်အကြေးတို့ကိုသာ စားသုံးကြရသည်။

ထိုသို့သော ရွံရှာဖွယ်ရာတို့ကိုပင်လျှင် ဝဝလင်
လင် မစားသောက်ကြရ။ ပင်ပင်ပန်းပန်းရှာဖွေ
ရ၏။ ခက်ခက်ခဲခဲ ရှာဖွေရ၏။ ရှာဖွေ၍ ရလျှင်
လည်း နာနာဘာဝအချင်းချင်း သူဦးသည် ငါ
ဦးသည်ဟု လုကြယက်ကြရ၏။ တိုက်ကြခိုက်
ကြရသေး၏။ တစ်ဆုပ်တစ်ဖဲ့ မဝရေစာမျှ
စားရသောက်ရဖို့ပင် ပင်ပန်းခက်ခဲလှသော
ဘဝဆိုးတွေဖြစ်သည်။

ထို့ကြောင့်လည်း ဖုတ်တစ္ဆေကောင်က ထွန်း
မောင်၏ ဝိညာဥ်မဲ့ခန္ဓာကိုယ်ကြီးထဲသို့ ဝင်
လိုက်ခြင်းဖြစ်၏။သူသည် လူမမာထွန်းမောင်
ဟန်ဆောင်၍ စားချင်သမျှ တောင်းဆို စား
သောက်နိုင်မည်ဖြစ်သည်။ ဤသို့ဆိုလျှင်
သူ့အနေဖြင့် ခက်ခဲပင်ပန်းစွာ အစာရှာဖို့
မလိုတော့….အစာလုယက်ဖို့ ခိုက်ရန်ဖြစ်ပွား
ဖို့မလိုတော့။

သက်သောင့်သက်သာဖြင့် အစာကို ရနိုင်မည့်
ဖြစ်သည်။ ဤသည်ကား ဖုတ်တစ္ဆေကောင်၏
မာယာများသော အကြံအစည်ပင် ဖြစ်ပါတော့
သည်။

xxxxxx

ထွန်းမောင်၊ ဟင်းပန်းကန်ထဲက ငါးရံ့ခေါင်း
ကြီးကို ဆတ်ခနဲ ကောက်ယူလိုက်သည်။ ထို့
နောက် သူ့ပါးစပ်ကြီးကို အတင်းဖြဲဟပြီး ငါး
ရံ့ခေါင်းကြီး တစ်ခေါင်းလုံးထိုးသွင်းမျိုချ
လိုက်၏။ “ဟင်”အမှတ်မထင် တွေ့လိုက်ရ
သော မြင်ကွင်းကြောင့် ဒေါ်ဖွားတင် လန့်
သွားသည်။ အခုလေးတင် သားဖြစ်သူ၏
အားငယ်နွမ်းဖျော့နေသော မျက်လုံးအစုံကို
တွေ့မြင်၍ စိတ်မချမ်းမသာဖြစ်ကာ ရင်
ဆို့ခဲ့ရ၏။

သူစားချင်သည်ဟု တဖွဖွပူဆာ၍ ငါးရံ့ခေါင်း
ချက်ပြီး ယခုပင် ဟင်းပန်းကန်ချပေးပြီး ထွက်
ခဲ့၏။ မီးဖိုထဲမှာ ထမင်းပန်းကန် ယူပြီး ချက်
ချင်းပြန် အထွက် ရုတ်တရက် တွေ့လိုက်သော
မြင်ကွင်းကြောင့် ဒေါ်ဖွားတင် ကြက်သေ
သေသွားသည်။ ထွန်းမောင်ကား နောက်ထပ်
ငါးရံ့ခေါင်းကြီးတစ်ခေါင်းကို ထပ်မံကောက်
ယူလိုက်ပြန်လေပြီ….

ငါးခေါင်းကို ကြည့်နေသော သူ့မျက်လုံးအစုံ
က စားချင်သောက်ချင်စိတ်ကြောင့် အသာ
ငမ်းငမ်းထကာ ပြူးထွက်လျက်ရှိ၏။ သူ့ပါး
စပ်ထဲမှ သွားရည်တွေကလည်း မြင်မကောင်း
အောင် တမြားမြားထွက်ကျနေ၏။ထွန်းမောင်
သူ့ပါးစပ်ကြီးကို ဟ၍ ငါးခေါင်းကို ထည့်
မျိုရန် ဟန်ပြင်လိုက်သည်။

“ဟဲ့… သား…သား… ဘာလုပ်နေတာလဲ”

ဒေါ်ဖွားတင် အလန့်တကြားအော်လိုက်၏။

သူခိုးလူမိသွားသကဲ့သို့ ထွန်းမောင် ငါးခေါင်း
ကို ဟင်းခွက်ထဲ ကပျာကယာပြန်ထည့်လိုက်
သည်။

“ကျ…ကျ…ကျတော်…ယောင်… ယောင်သွား
လို့ပါအမေ…”

ထွန်းမောင် အထစ်ထစ်အငေါ့ငေါ့ ပြောရင်း
အိပ်ရာပေါ်လှဲချလိုက်၏။

“သား၊ ငါးရိုးစူးမှာစိုးလို့၊ အမေလှမ်းအော်
လိုက်တာပါ၊ စား…စား…သားကြိုက်သလိုစား”

ဒေါ်ဖွားတင် သားဖြစ်သူကို ချော့မော့
ကျွေး၏။ ထွန်းမောင်အိပ်ရာပေါ်က မထ
တော့။ မိခင်ကြီးအတန်တန်ချော့၍ ကျွေး
သော်လည်း မစား၊

“စားချင်စိတ်မရှိတော့လိုပါအမေ…”ဟုသာ
တွင်တွင်ငြင်းကာ တင်းခံနေသည်။ ဒေါ်ဖွား
တင် အိပ်ရာထက်တွင် ပက်လက်လဲလျောင်း
နေသော သားကို ကြည့်မိ၏။ မျက်နှာလေး
က ညှိုးညှိုးနွမ်းနွမ်းနှင့်၊ လန်းလန်းဆန်းဆန်း
မရှိသော သား၏ သနားစဖွယ်မျက်နှာလေး
ကို မြင်ရသည်။ စောစောက ငါးရံ့ခေါင်းကြီး
ကို အသာငမ်းငမ်းမျိုချနေသော ဟန်ပန်တွေ
ဘယ်ရောက်သွားသနည်း။ ပါးစပ်ထဲက သွား
ရေတမြားမြားထွက်ကျနေသော ထွန်းမောင်
ဘယ်ရောက်သွားသနည်း။

ဒေါ်ဖွားတင်တစ်ယောက် လေးလံသော စိတ်
များဖြင့် သက်ပြင်းမောကြီးတစ်ချက်ကိုသာ
“ဟင်း”ခနဲ ချလိုက်ပါတော့သည်။

xxxxxx

ညဥ့်တစ္ဆက လောကကြီးတစ်ခုလုံးအား သူ
၏ဝတ်ရုံနက်ကြီးဖြင့် ဖုံးလွှမ်းထား၏။ အ
မှောင်က ထုနှင့် ထည်နှင့် ပိန်းပိန်းပိတ်အောင်
အမှောက်ကြီးမှောင်နေသည်။ လမသာည၊
ကြယ်မစုံညဖြစ်ကြောင့်လည်း ညက ပိုမို
အကျည်းတန်နေသလို ရှိ၏။

“ဂီး…ဂီး…”

ငြိမ်သက်နေသော ရေမြုပ်ကွင်းရပ်ကွက်လေး
မှာ ငှက်ဆိုးထိုးသံကြောင့် ခေတ္တမျှ သွေးပျက်
သလို ဖြစ်သွားသော်လည်း ချက်ချင်းပင် ပုံမှန်
အတိုင်း တိတ်ဆိတ်သွားပြန်သည်။ ညက တစ်
စထက် တစ်စ နက်လာ၏။ အမှောင်ကလည်း
ပို၍ ပို၍ သိပ်သည်းလာ၏။

“ဝုန်း….ဂလုံး…ဂလွမ်း…ဂလွမ်း….”

ရုတ်တရက်လဲပြိုကျသံများ၊ အိုးခွက်ပြုတ်ကျ
သံများ ထိတ်လန့်တကြား ထွက်ပေါ်လာသည်။
ဒေါ်ဖွားတင်ရော မသေးသွယ်ပါ အိပ်ရာက
ကမန်းကတန်း ထလိုက်ကြ၏။ နှစ်ဦးသား မီး
ခွက်ထွန်း၍ အသံကြားရာ မီးဖိုဘက်သွားသည်။
အိပ်ရာထဲမှ မထနိုင်သည့် လူမမာကို မျက်လုံး
ပြူးကြီးဖြင့် တွေ့လိုက်ရ၏။ မီးဖိုကြမ်းပြင်
ပေါ်မှာက မှောက်နေသော ဒန်အိုးတစ်လုံး၊
ငါးရံ့ခေါင်းများ ဟင်းရည်ဟင်းဖတ်များ…။

“အိမ်သာ အိမ်သာ သွားချင်လို့”

ထွန်းမောင်ထစ်ငေါ့စွာ ပြောရင်း ကြမ်းပြင်
ပေါ် လဲကျသွား၏။ ဒေါ်ဖွားတင်နှင့် မသေး
သွယ်တို့ ဘာစကားမှ မပြောဖြစ်။ ထွန်းမောင်
အား တစ်ဖက်တစ်ချက်စီတွဲ၍ အိပ်ရာသို့
ပြန်ပို့ပေးသည်။ မီးဖိုထဲက မှောက်ကျထား
သော ဟင်းရည်ဟင်းဖတ်များအား ဆေး
ကြောသန့်ရှင်းပြီးသည်နှင့် မသေးသွယ်
ပြန်လည်အိပ်ပျော်သွားသည်။

ဒေါ်ဖွားတင်ကား အိပ်မရတော့၊ မျက်လုံး
တွေ ကြောင်သွားပြီဖြစ်သည်။ လွန်ခဲ့သော
သုံးရက်က အမဲသားဟင်းတစ်အိုးလုံး လက်
သည်မပေါ်ဘဲ ပျောက်သွားတာကို သူပြန်
တွေးနေမိသည်။ အပေါ်ဆင့်မှာ တင်ထား
ခြင်းဖြစ်၍ ခွေးဝင်စားတာ မဖြစ်နိုင်။
ကြောင်ခိုးစားလျှင် ဖြစ်နိုင်သော်လည်း
ငါးဆယ်သားစလုံး ကုန်အောင်တော့ စား
နိုင်မည်မဟုတ်။ လူခိုးတာဆိုလျှင်လည်း
ဟင်းအိုးပါယူသွားမှာမလွဲ။

ပျောက်သွားတာက ဟင်းအိုးမပါ၊ အမဲသား
ဟင်းတွေချည်းဖြစ်နေ၏။ဒေါ်ဖွားတင် ဘယ်
လိုမှ စဥ်းစားတွေးတောမရခဲ့။ ယခုမှ ဖြစ်နိုင်
သော အဖြေတစ်ခုကို သူစဥ်းစားမိလိုက်၏။

“ထွန်းမောင်ခိုးစားတာများလား”

“အိပ်ရာထဲက မထနိုင်တဲ့ လူမမာက မီးဖိုချောင်
ထဲ ရောက်အောင် ဘယ်လိုသွားတာပါလိမ့်”

“ငါးဆယ်သားလုံးကုန်အောင် စားတယ်ဆို
တော့ လူမှ ဟုတ်ရဲ့လား”

“တကယ်ပဲ ဖုတ်ဝင်နေပြီထင်ပါရဲ့”

စိတ်ထဲမှာ အတွေးတွေ တစ်ခုပြီးတစ်ခု ဆင့်
၍ ဆင့်၍ ဒေါ်ဖွားတင် ခေါင်းကို အသာထူ၍
အိပ်နေသော ထွန်းမောင်ကို ကဲကြည့်လိုက်
သည်။ “အမလေး”လန့်မအော်မိအောင် ချုပ်
ထိန်းနိုင်လိုက်သော်လည်း ရင်ထဲမှာ တဒိန်း
ဒိန်းမြည်သွားရ၏။ ကြောက်စိတ်ကြောင့်
သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေဆဲ
မီးခွက်မီးရောင်ဖြင့် သူ့ဘက်လှည့်၍ လှဲနေ
သော ထွန်းမောင်ကို တွေ့နေရသည်။

ထွန်းမောင် မအိပ်သေး၊ မကျေနပ်ဟန်ဖြင့်
အံကို တင်းတင်းကြိတ်ထား၏။ ပုဇွန်မျက်လုံး
တွေလို အပြင်ဘက်ပြူးထွက်နေသည့် မျက်
လုံးတွေက ဒေါ်ဖွားတင်အား တည့်တည့်ကြီး
စိုက်ကြည့်လျက်ရှိ၏။ သူကြည့်နေပုံက စိမ်း
စိမ်းဝါးဝါး၊ စူးစူးရဲရဲကြီး ဒေါ်ဖွားတင် ဆက်
မကြည့်ဝံ့တော့၊ စောင် ခေါင်းမြီးခြုံကာ
အိပ်ပစ်လိုက်တော့၏။

xxxxx

“မဖွားတင် ပြောတဲ့အတိုင်းဆိုရင် ထွန်းမောင်
ဖုတ်ဝင်နေတာ ဖြစ်နိုင်တယ်ဗျ…ဒါပေမယ့်
ကျန်းသေ၊ တစ်ထစ်ချ ပြောလို့တော့ မရဘူး…”

ဒေါ်ဖွားတင် သားမောင်ထွန်းမောင်အတွက်
စိတ်မကောင်းပါ။ သားမှာ ရောဂါစတင်စွဲကပ်
ကတည်းက သူငိုကြွေးခဲ့ရသည်။ သားအ
ကြောင်း စဥ်းစားမိတိုင်း ခံစားချက်အလုံးကြီး
တစ်လုံးက သူ့လည်ချောင်းမှာ အမြဲတမ်း
ဆို့နစ်နေခဲ့သည်။ ရက်လများစွာ ငိုကြွေးခဲ့
ရသဖြင့် သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တို့
ပင် ကုန်ခန်းသွားလောက်ပြီထင်၏။

ဖုတ်ဝင်နေသည်ဆိုသော သံသယတွေ ဖြစ်
တည်လာချိန်မှာတော့ သူ့အသိအမြင်တို့
ပြောင်းလဲသွားသည်။

“ငါ့သားက သေသွားပြီ၊ ဖုတ်တစ္ဆေကောင်က
ငါ့သားကိုယ်ခန္ဓာထဲဝင်ပြီး သရုပ်ဆောင်နေ
တာ”ဟု သိမြင်လာ၏။ ထို့ကြောင့်လည်း မယုံ
သက်ာစိတ်ဖြင့် စောင့်ကြည့်ခဲ့သည်။ ယခုမူ
ကား သေချာသလောက်ရှိပြီဟု ထင်မိသည်။
ထို့​ကြောင့် ရပ်ကွက်လူကြီး ဦးဘဋ္ဌေးထံသို့
သွားကာ အကျိုးအကြောင်း ပြောပြ၊ အကူအ
ညီတောင်းသည်။

“ဒီလိုဆိုရင် ကျမ ဘာဆက်လုပ်ရမှာတုန်း””

“ကျုပ်ကြားဖူးတာ တစ်ခုတော့ ရှိတယ်ဗျ။
လူမမာအိပ်တဲ့အိပ်ရာ တည့်တည့်က အိမ်အ
မိုးကို ဖောက်ပြီး ရွှေထီးတစ်လက်စိုက်ရမယ်
ရွှေထီးစိုက်ရင် တကယ်သာ ဖုတ်ဝင်နေလို့က
တော့ မနေနိုင်ဘူးတဲ့။ တစ်ခုရှိတာက ဒီလို
လုပ်တာကို မောင်ထွန်းမောင် ကျန်းမာရေး
ကောင်းအောင် ယတြချေဖို့ လုပ်တာလို့ ပြော
မှဖြစ်မယ်။ ဒီလို မပြောရင် တကယ်မကျန်း
မာတာဆိုရင် သူအားငယ် စိတ်လျော့သွား
လိမ့်မယ်။ တစ်ခုခု ထူးခြားလာရင်လည်း
ဖုတ်ထုတ်သင့်ထုတ်ရမှာပေါ့…

ဦးဘဋ္ဌေးအကြံပေးတဲ့အတိုင်း အိမ်ခေါင်မိုး
ရွှေထီးစိုက်ရန် ဆုံးဖြတ်ရင်း ဒေါ်ဖွားတင်
အိမ်ပြန်ခဲ့၏။ အိမ်ပေါ်တက်၍ ထွန်းမောင်
အိပ်ရာအနီးထိုင်၏။

“ကျန်းမာရေးကောင်းအောင် အိမ်ခေါင်မိုး
ပေါ် ရွှေထီးစိုက် ယတြာချေမည်”ဟု ပြော
ရန် ဟန်ပြင်လိုက်စဥ်မှာပင် ထွန်းမောင်က
“အမေ”ဟု ခေါ်၏။

“သား ကျန်းမာရေးကောင်းအောင် ယတြာ
ချေပေးပါလားအမေ၊ သားရဲ့အိပ်ရာတည့်
တည့်အပေါ်၊ အိမ်ခေါင်မိုးကို အပေါက်
ဖောက်ပြီး ရွှေထီးစိုက်ချင်တယ်…”

ဒေါ်ဖွားတင် အံ့သြခြင်းမက အံ့သြသွားရ၏။
ဒါ,မတော်တဆ တိုက်ဆိုင်မှုလား၊ သို့တည်း
မဟုတ် သူ့အကြံကို ကြိုသိ၍ ပြောခြင်းလား။
မည်သို့ပင်ဖြစ်စေ၊ ဒေါ်ဖွားတင် ရှည်ရှည်ဝေး
ဝေး စဥ်းစားမနေတော့ပါ။ လုပ်စရာရှိသည်
များကို ချက်ချင်းပင် လုပ်လိုက်၏။

ထွန်းမောင်၏ အိပ်ရာတည့်တည့်၊ အမိုး ဓနိ
ကို အနည်းငယ်ဖြဲကာ ယတြာရွှေထီးလေး
တစ်လက် စိုက်လိုက်သည်။ ထိုအချိန်က
ထွန်းမောင်၏ မျက်နှာတွင် အပြုံးတစ်ချို့
ရှိနေ၏။ ထိုအပြုံးတွေ၏ အဓိပ္ပါယ်က
“အေးဆေးပဲ၊ ကိစ္စမရှိဘူး”ဆိုသော အပြုံး
များ ဖြစ်ဟန်ရှိသည်။အကြောင်းမှာ ရက်
အနည်းငယ် စောင့်ကြည့်သည်တိုင် မည်
သို့မျှ ထူးခြားမလာခြင်းကြောင့်ဖြစ်သည်။

xxxxx

“ရွှေထီးစိုက်တာလည်း မထူးခြားဘူးအမေ…
ဒီတစ်ခါ ယတြာပြောင်းလုပ်ကြည့်ပါလား..
သြဇာရွက်ခုနှစ်ရွက်ကို အမြီးပြန်ခေါင်းပြန်
ထပ်ပြီး ကျတော့်အိပ်ရာအောက်မှာထား
ပေးပါ”

သားဖြစ်သူ၏ စကားကြောင့် ဒေါ်ဖွားတင်
အံ့အားသင့် သွားရပြန်သည်။ ထွန်းမောင်
ကား ခပ်ပြုံးပြုံးပင် ဒေါ်ဖွားတင်ကို ကြည့်
၏။ ဒေါ်ဖွားတင် ထွန်းမောင်ကို အလန့်တ
ကြား ကြည့်လိုက်သည်။ မယုံနိုင်လောက်
အောင် တိုက်ဆိုက်မှုတွေကြောင့်လည်း
စိတ်ထဲမှာ မွန်းကျပ်နေ၏။

ပထမအကြိမ် အိမ်ခေါင်မိုးဖောက်၍ ရွှေထီး
စိုက်မည်ကြံစဥ်က သူ့အကြံကို ထွန်းမောင်
ကြိုသိနေခဲ့သည်။ ထိုစဥ်ကတော့ တိုက်ဆိုင်
မှုဟု ထင်ကာ သာမန်ကာလျှံကာ သဘော
ထားခဲ့၏။ ယခု နောက်တစ်ကြိမ် ကြုံရပြန်
လေပြီ။ရွှေထီးစိုက်တာ ထူးခြားမှုမရှိကြောင်း
ဦးဘဋ္ဌေးထံ ပြန်ပြောခဲ့သည်။

ဦးဘဋ္ဌေးက သြဇာခုနှစ်ရွက်ကို အမြီးပြန်၊
ခေါင်းပြန်ထပ်၍ လူမမာအိပ်ရာအောက်
ထားကြည့်ရန် ထပ်မံ၍ ပြော၏။ ထုံးစံအ
တိုင်း ကျန်းမာရေးကောင်းဖို့ ယတြာချေ
ရန်ဟု အကြောင်းပြရမည်။ ယခု ဒေါ်ဖွားတင်
ပြောမည် ဟန်ပြင်တုန်းရှိသေး၊ သြဇာရွက်
တွေ အိပ်ရာအောက် ထားရန် ထွန်းမောင်
ကပင် ကြို၍ ပြောလာပြန်၏။

“ဒါဟာ မတော်တဆ တိုက်ဆိုင်မှု နောက်တစ်
ခုလား…ဒါမှမဟုတ်၊ ငါလုပ်မယ့်အကြံအစည်
တွေကို ကြိုပြီးသိနေတာလား…၊ ကြိုသိနေတာ
ဆိုရင်တော့ ဒါဟာ ထွန်းမောင်လုံးဝမဖြစ်နိုင်
ဘူး…၊ အမှန်တကယ် ဖုတ်တစ္ဆေကောင်ပဲ
ဖြစ်ရမယ်”

အတွေးဖြင့်ပင် ဒေါ်ဖွားတင် တစ်ယောက်
ကြက်သီးမွေးညင်းများတွေ တဖြန်းဖြန်း
ထသွားရသည်။ မည်သို့ပင်ဖြစ်စေ၊ သြဇာ
ရွက် ခုနှစ်ရွက်အမြီးပြန် ခေါင်းပြန်ထပ်
ကာ ထွန်းမောင်၏ အိပ်ရာအောက်တွင်
ထားဖြစ်ခဲ့သေး၏။ ထူးခြားမှုကတော့ ဖြစ်
မလာခဲ့။ ဒေါ်ဖွားတင် ဦးဘဋ္ဌေး အကြံပေး
သည့်အတိုင်း နောက်တစ်ကြိမ် လုပ်ကြည့်
ပြန်သည်။

သည်တစ်ခါ လုပ်ရမှာက လူမမာ၏ အိပ်ရာ အောက်မှာ ခုံဖိနပ်တစ်ရံထားရမည်ဖြစ်သည်။
သည်အကြိမ်မှာလည်း ထွန်းမောင်ကြိုသိနေ
ပြန်၏။

“ကျတော့်အိပ်ရာအောက်မှာ ခုံဖိနပ်တစ်ရံထား
ပေးပါ”ဟု သူကပင်စ၍ ပြောပြန်သည်။ လုပ်
ကြည့်တော့လည်း မအောင်မြင်ခဲ့။ ဒေါ်ဖွားတင်
ထူးပြီး မအံ့သြမိတော့။

“နာနာဘာဝ ဖုတ်တစ္ဆေဆိုတာ ကမ္မဇိဒ္ဓိ တန်ခိုး
ရှိတယ်။ တစ်ချို့ကိစ္စတွေကို ကြိုတင်ပြီး သိ
နိုင်ကြတယ်။ ဒါ့ကြောင့် မဖွားတင် ကြံစည်သ
မျှကို သူက အရင်စပြီး ပြောနေတာပေါ့၊ ဒါက
စိန်ခေါ်တာဗျ၊ သူမကြောက်ဘူး၊ ဂရုမစိုက်
ဘူးဆိုတဲ့သဘောပေါ့၊ အိမ်ခေါင်မိုးမှာ ရွှေ
ထီးစိုက်တာ၊ သြဇာရွက်ခင်းတာနဲ့ အိမ်ရာ
အောက် ခုံဖိနပ်ထားတယ်ဆိုတာက တော်ရုံ
တန်ရုံ ဖုတ်တစ္ဆေဆို ချက်ချင်း ထွက်ပြေးတာ
ပဲ ၊ အခု ထွန်းမောင်ကိုယ်ထဲဝင်နေတဲ့ ဖုတ်က
သူကိုယ်တိုင်တောင် လုပ်ခိုင်းတယ်ဆိုတော့
တော်တော်တန်ခိုးရှိတဲ့ အကောင်ဖြစ်မယ်ဗျ။
မဖွားတင် သတိထားဖို့တော့ လိုနေပြီ…”

ဦးဘဋ္ဌေး ဒေါ်ဖွားတင်ကို သတိပေးစကား
ပြော၏။ ထို့ထက်ပို၍လည်း သူမပြောတတ်
တော့။ တတ်သမျှ၊ မှတ်သမျှ အကြံပေါင်းစုံ
လည်း ကုန်ပြီဖြစ်၏။ နောက်ဆုံး “သူကို နိုင်
မယ့်ဆရာတစ်ယောက်တော့ အမြန်ရှာမှ ဖြစ်
တော့မယ် မဖွားတင် “ဟု ပြောနိုင်တော့သည်။

ဒေါ်ဖွားတင် မကြံတတ်အောင် ရှိနေခိုက်မှာ
ပင် ဖုတ်တစ္ဆေကောင်က ပို၍ ပို၍ သောင်း
ကျန်းလာ၏။ အိမ်သားအားလုံး အိပ်မောကျ
နေချိန်မှာ တိတ်တဆိတ် ထပြီး ထမင်းတွေ
ဟင်းတွေ ခိုးစားသည်။

ထူးခြားသည်က ထွန်းမောင် အိပ်ရာပေါ်က
မည်သို့ထ၍ မီးဖိုချောင်ရောက်အောင် ဘယ်
လိုသွားသည်ကို တစ်ယောက်မျှ မမြင်မသိကြ
ခြင်းပင် ဖြစ်သည်။ မနက်လင်းမှ ဟင်းတွေ
ထမင်းတွေ ပျောက်နေတာကို တွေ့ရခြင်းဖြစ်
၏။ မီးဖိုထဲက ဟင်းအိုးတွေ မှောက်ကျသံ
ကြား၍ နှစ်ကြိမ်ပက်ပင်းမိခဲ့သော်လည်း ဖုတ်
တစ္ဆေက မာယာများလှသည်။

သာမန်အချိန်၌ ရောဂါ ဝေနာအပြင်းအထန်
ခံစားနေရသော နာတာရှည်လူမမာ တစ်
ယောက်အသွင် ဖြစ်၏။ နေပူပူမှာ ပွင့်နေရ
သော ပန်းတစ်ပွင့်နှယ် ညှိုးနွမ်းနေသည်။

သနားကြင်နာဖွယ်ကောင်းသည့် မျက်နှာ
အမူအရာကို ဆောင်၏။ သူ့အပေါ်သနား
လာအောင် အမျိုးမျိုးအဖုံဖုံပြော၏။ စား
ချင်သော ဟင်းတွေကို ချက်ကြွေးချင်အောင်
လှည့်ပတ်ပူဆာ၏။ တစ်အိမ်လုံး တိတ်ဆိတ်
၍ မိသားစုများ အိပ်စက်သွားပြီဆိုလျှင်တော့
လူသေကောင်၏မျက်လုံးတွေ ပွင့်လာသလို
သူ့မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာသည်။

သို့သော် ပါးနပ်စွာဖြင့် ချက်ချင်းမလှုပ်ရှား။
သစ်ဆွေးတုံးကြီးတစ်တုံးလို အိပ်ရာထက်မှာ
ငြိမ်သက်ရင်း အချိန်အခါကို စောင့်နေတတ်
သည်။ လူအားလုံးအိပ်မောကျသွားပြီ၊ အမှန်
တကယ်သေချာပြီဆိုမှ ဖုတ်တေစ္ဆကောင်
စတင်လှုပ်ရှား၏။

ထိုအချိန်ကား ဖုတ်တစ္ဆေ၏ ဝိညာဥ်ကောင်
နိုးထလာသော အချိန်ပင် ဖြစ်ပါသည်။

xxxxx

ညက တိတ်ဆိတ်လွန်းလှသည်။ တဂျစ်ဂျစ်၊
တဂျီဂျီ အဆက်မပြတ် အော်မြည်တတ်သည့်
ညပိုးပုရစ်တို့၏ အသံကိုပင် မကြားရ။ ချောက်
ခြားစရာကောင်းအောင်ပင် ငြိမ်သက်လွန်းနေ
၏။ နွေဦး လေရူးတွေက ထရံကြို ထရံကြား၊
အပေါက်ကြို၊ အပေါက်ကြားမှ အိမ်အတွင်း
သို့ တိုးဝင်လာနေကြသည်။

လေရူးတို့ တိုးဝှေ့မှုကြောင့် မီးခွက်တိုင်မှ မီး
တောက်က ယိမ်းထိုးလှုပ်ရှားလျက်ရှိ၏။ အ
ရိပ်မဲ့အချို့ မီးရောင်လှုပ်ရှားသည့်အတိုင်း
လိုက်ပါ ရွေ့လျားနေကြသည်။ တိတ်တဆိတ်
လွန်းသည့် ညနက်နက်မှာ အရိပ်မည်းတွေ
ရွေ့လျားနေပုံက မကောင်းဆိုးဝါးကောင်
တွေ လေလား အတွေးမှားစရာဖြစ်နေ၏။

ညသည် လည်းကောင်း၊ အမှောင်သည်လည်း
ကောင်း၊ တိတ်ဆိတ်မှုသည်လည်းကောင်း
ပို၍ နက်ရှိုင်းလျက်ရှိသည်…။

“ဂီး…..ဂစ်….” အသည်းတုန်ဖွယ် ငှက်ဆိုးထိုးသံ
ကြီးက ဒေါ်ဖွားတင်၏ အိမ်ခေါင်မိုးထက်ဆီမှ
ထွက်ပေါ်လာ၏။ ထိတ်လန့်စရာ ငှက်ဆိုးထိုး
သံကြောင့်လား…။ မကောင်းသော အိပ်မက်
တစ်ခုခုကြောင့်လား မသိ၊ ဒေါ်ဖွားတင် ဖျတ်
ခနဲ လန့်နိုးလာသည်။

သူရင်တွေ တဒိန်းဒိန်းခုန်နေသည်။ မောလည်း
မောနေသည်။ ချွေးတွေက သူ့တစ်ကိုယ်လုံး
ရွှဲနစ်နေ၏။ ဒေါ်ဖွားတင် မျက်စိကို အသာအ
ယာမှိတ်ကာ ပြန်အိပ်ဖို့ ကြိုးစား၏။ ထိုအချိန်
မှာပင် အသံတစ်သံကို ကြားလိုက်ရခြင်းဖြစ်
သည်။ မျက်စိတို့ အလိုလိုပြန်ပွင့်လာ၏။

ဒေါ်ဖွားတင် မလှုပ်ရှားဘဲ ကြားရသောအသံ
ကို နားစွင့်၏။ တိတ်တဆိတ်ငြိမ်သက်သော
အခန်းထဲမှာ အမှန်ပင် ထူးခြားတိုးညင်သော
အသံတစ်သံ ကြားနေရ၏။ အသံက အသက်
ပြင်းပြင်း ရှုရှိုက်သံနှင့် တူ၏။ သို့သော် ထိုသို့
လည်းမဟုတ်၊

သူတို့မိသားစုလုံး ဘုရားခန်းထဲမှာ အိပ်ကြခြင်း
ဖြစ်သည်။ ဒေါ်ဖွားတင်က ခေါင်းရင်းဘုရားစင်
အောက်မှာ လူမမာထွန်းမောင်က ဒေါ်ဖွားတင်
နှင့် တစ်တန်းတည်း အတွင်းအစွန်မှာအိပ်၏။

မသေးသွယ်နှင့် ကလေးသုံးယောက်ကတော့
သူတို့၏ ခြေရင်းဘက်မှာ အိပ်ကြသည်။ ကြား
နေရသည့်အသံက မသေးသွယ်နှင့် ကလေး
တွေ အိပ်နေသည့်ဘက်မှ ဖြစ်သည်…၊ ဒေါ်ဖွား
တင် အတတ်နိုင်ဆုံး အသံမထွက်အောင် ဂရု
စိုက်ကာ ခေါင်းထောင်၍ ကြည့်လိုက်၏။

မီးခွက်မီးရောင်အောက်မှာ ထွန်းမောင်ကို
ထင်ထင်ရှားရှားကြီး မြင်လိုက်ရ၏။ အိပ်ရာ
ထဲက ဘယ်မှမသွားနိုင်သော ထွန်းမောင်၊
ဘယ်လိုလုပ်ပြီး ခြေရင်းဘက် ရောက်နေ
လဲမသိ။ အိပ်မောကျနေသည့်(၅)နှစ်သား
အလတ်ကောင်၏ မျက်နှာပေါ်မှာ သူ့မျက်
နှာကြီးက မိုးနေသည်။

မျက်နှာချင်း ထိနေပေမယ့် ထိလုနီးပါးပင်
ဖြစ်၏။ ထွန်းမောင် သူ့ပါးစပ်ကြီးကို ဟပြီး
ကလေး၏ မျက်နှာကို အာငွေ့တွေနှင့် မှုတ်
လျက်ရှိ၏။ စောစောက ကြားရသည့်အသံ
မှာ အာငွေ့မှုတ်ထုတ်ရာမှ ထွက်သော အသံ
ဖြစ်ကြောင်း ဒေါ်ဖွားတင် သိလိုက်၏။

“ဟေ့… ထွန်းမောင်၊ ကလေးကို ဘာလုပ်နေ
တာလဲ….”

ဒေါ်ဖွားတင် ရုတ်တရက် အလန့်တကြားပင်
ထအော်လိုက်သည်။ မသေးသွယ်လည်း နိုး
လာ၏။ လူမမာ သူ့အိပ်ရာမှာ မရှိဘဲ ခြေရင်း
ရောက်နေသည့်အတွက် သူနားမလည်နိုင်၊
ထွန်းမောင်ကိုသာ ကြောင်၍ ကြည့်နေ၏။

ကုန်းကွကွ အနေအထားဖြင့် အာငွေ့မှုတ်နေ
ရာက ထွန်းမောင် ကလေးနံဘေးသို့ ပက်လက်
လဲကျသွားသည်။

“သားကို ချစ်လို့… ၊ သားကို ချစ်လို့ပါ”

ထွန်းမောင် တတွတ်တွတ်ပြော၏။ သူပြော
ပုံက သနားစရာကောင်းလှ၏။ ရက်လများ
စွာ နာတာရှည်ရောဂါသည်ကြီးဘဝဖြင့် နေ
ထိုင်ခဲ့ရသည်။ ထိုအတောအတွင်းမှာ သူ့က
လေးတွေကို သူ့ချစ်ကြင်နာခွင့်မရ၊ ယုယ
ပိုက်ထွေးခွင့်မရ။ ယခုည သား၏ မျက်နှာ
ကို တစိမ့်စိမ့်ကြည့်ရသော်လည်း ဒေါ်ဖွား
တင် တွေ့သွားသည်။

“ကိုထွန်းမောင်ကို သနားပါတယ်”

မသေးသွယ် ထွန်းမောင်အပေါ် အသနားအ
ကြင်နာ ပိုမိလိုက်၏။ မသေးသွယ်ကား”လင်”
ဟူသော သံယောဇဥ်ဖြင့် အသနားပိုမိခြင်း
ဖြစ်သည်။ သူက မိုးလင်းသည်နှင့် ပဲပြုတ်
တောင်း ရွက်၍ အိမ်က ထွက်ရသည်။ အိမ်
ပြန်ရောက်တော့လည်း နောက်တစ်နေ့ရောင်း
ဖို့အတွက် လုပ်ရ၊ ကိုင်ရ လှုပ်ရှားရ၏။

ညရောက်မှ သူ့ကိစ္စဝိစ္စတွေက ပြီးသည်။
ထွန်းမောင်ကိစ္စ၊ ကလေးတွေကိစ္စ၊ ချက်
ရေးပြုတ်ရေးကိစ္စ၊ ကိစ္စအားလုံးက ဒေါ်
ဖွားတင်၏ တာဝန်။ ထို့ကြောင့် ထွန်းမောင်
ဖုတ်ဝင်နေသည့်အကြောင်းကို မသေးသွယ်
မသိ။ ဒေါ်ဖွားတင်ကလည်း ပြောမထားခဲ့။

မည်သို့ပင်ဆိုစေ အဖြစ်အပျက်က ဖုံးကွယ်
ထား၍ မရသော အခြေအနေသို့ ဆိုက်ရောက်
သွားသည်။ အကြောင်းမှာ ထွန်းမောင်(သို့မ
ဟုတ်)ဖုတ်တစ္ဆေ၏ အာငွေ့မှုတ်ခြင်း ခံရသော
အလတ်ကောင်ခမျာ နေ့ချင်း ညချင်းဆိုသလို
ပိန်ခြုံးပြီး တရှောင်ရှောင် ဖြစ်လာသည်။

ထိုမှရက်များ မကြာမီမှာပင် သေဆုံးသွားရ
ရှာသည်။ ထိုအချိန်ရောက်မှ ဒေါ်ဖွားတင်
မသေးသွယ်ကို အကြောင်းစုံပြောပြ၏။

တစ်ချိန်တည်းမှာပင် ဖုတ်ထုတ်နိုင်သည့်ဆရာ
ရှာရန် သမီးယောက္ခမနှစ်ယောက် တိုင်ပင်မိ
ကြတော့သည်။ ဒေါ်ဖွားတင် အိမ်ပေါ်တက်
လာသည်နှင့် ထွန်းမောင်တစ်ဖက်သို့ လှည့်
သွားသည်။

“သား၊ ဘာစားချင်လဲ ပြော၊ အမေချက်ကျွေး
မယ်…”

ထွန်းမောင် တုတ်တုတ်မျှ မလုပ်၊

“ဒီနေ့ ရေလည်းမချိုးရသေးဘူး မဟုတ်လား၊
အမေချိုးပေးမယ်လေ”

ထွန်းမောင်ကား ကျောခိုင်းလျက်ပင် သစ်တုံး
ကြီးတစ်တုံးကဲ့သို့ ငြိမ်သက်လျက်ရှိ၏။ ယခင်
နေ့များက ဤသို့မဟုတ်၊ သူစားလိုသော နံနက်
စာကို ပြော၏။ အားပါးတရစား၏။ ရေချိုး
ချိန်ဆိုလျှင် ရေချိုးပေးရ၏။ အမွှေးနံ့သာ
တွေ လူးခိုင်းတတ်၏။ ယနေ့ထွန်းမောင်၏
အပြုအမူက ထူးခြားလျက်ရှိသည်ကို ဒေါ်
ဖွားတင် အကဲခတ်မိ၏။

ဘာကြောင့် ထူးခြားရသည်ကိုလည်း ဒေါ်ဖွား
တင်သိ၏။ နံနက်ပိုင်းက ဦးဘဋ္ဌေးအိမ်မှာ
ကရင်ဆေးဆရာကြီးတစ်ယောက် တွေ့ရ၏။
ဒေါ်ဖွားတင် ထွန်းမောင်နှင့် ပတ်သက်သမျှ
တွေ့ကြုံရပုံ အလုံးစုံ ပြောပြလိုက်သည်။

“ဒေါ်ဖွားတင် ပြောတဲ့အတိုင်း ဆိုရင်တော့
ထွန်းမောင်ကို ဖုတ်ဝင်နေတာ သေချာပါပြီ
ဝင်တာမှ ရိုးရိုးဖုတ်တစ္ဆေမဟုတ်ဘူး၊ စုန်း
ဖုတ်ဗျ၊ ဒီစုန်းဖုတ်တွေက နာနာရုပ်အမျိုး
ပေါင်း သုံးဆယ် ဖန်ဆင်းနိုင်တဲ့ စုန်း(၁၂)
မျိုးထဲမှာပါတယ်။ ကမ္မဒဇိဒ္ဓိရှိတယ်၊ တန်
ခိုးကြီးတယ် ဒါ့ကြောင့် သူနဲ့ ပတ်သက်တဲ့
ကြံစည်မူမှန်သမျှကို ကြိုတင်ပြီး သိနေတာ
ပေါ့…၊ ဒီလို စုန်းဖုတ်မျိုးကို ရိုးရိုးဖုတ်ထုတ်
သလို ထုတ်လို့ မရဘူး၊ ဒေါ်ဖွားတင်လုပ်ခဲ့
တဲ့ အိမ်ခေါင်မိုး ရွှေထီးစိုက်တာ၊ သြဇာရွက်
ခင်းတာနဲ့ ခုံဖိနပ်ထားတာတွေလောက်တော့
စုန်းဖုတ်က အပျော့ပေါ့၊ နည်းနည်းမှ ဂရုမ
စိုက်ဘူး၊ ဒါ့ကြောင့် ဒေါ်ဖွားတင်ကြံစည်လိုက်
တိုင်း သူကပဲ ကြိုပြီး ပြောနေတာပဲဗျို့၊ ခု
လောက်ဆိုရင် ကျုပ်နဲ့ ဒေါ်ဖွားတင် ပြောဆို
နေတာတွေတောင် ဒီကောင်သိနေလောက်ပြီ၊
ဒေါ်ဖွားတင်ပြန်ရင် တစ်ခုခုထူးခြားနေတာ
တွေ့လိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မပူနဲ့၊ ဒီ
ကောင်ကို ကျုပ် ကောင်းကောင်း ထိန်းချုပ်
နိုင်ပါတယ်”

ဆရာကြီးပြောသည့်အတိုင်း ကွက်တိမှန်နေ
၏။ ဒေါ်ဖွားတင် အိမ်ပေါ်တက်လာကတည်း
က ထွန်းမောင် တစ်ဖက်လှည့်ကာ ကျောပေး
သွားသည်။ ထမင်းစားမလား မေးတော့ မေး
မရ။ ရေချိုးပေးရမလား ဆိုတော့လည်း ပြန်
မပြော။ ဤသို့ဆိုလျှင် မကြာခင် ဤအိမ်သို့
ဆရာကြီး ရောက်လာမည်ကိုလည်း ဖုတ်တ
စ္ဆေ မသိဘဲနေမည်မဟုတ်။ သေချာပေါက်
သိနေလောက်ပေပြီ။

“ဒီဘက်လှည့်စမ်း၊ ငါ့ဘက်ကို လှည့်စမ်း…”

ဆရာကြီးက လေသံမာမာဖြင့် အမိန့်ပေးလိုက်
သည်။ ဆရာကြီးက လေသံမာမာဖြင့် အမိန့်
ပေးလိုက်သည်။ ထွန်းမောင် လုံးဝလှည့်မလာ၊
ဘာမှလည်း ပြန်မပြော၊ သူ့အိပ်ရာ၏ ညဘက်
ရှိ အခန်းထရံကိုသာ မျက်နှာအပ်နေ၏။

“ခုချက်ချင်း၊ ငါ့ဘက်ကို လှည့်လိုက်စမ်း…”

ထွန်းမောင်ကား တုတ်တုတ်မျှ မလှုပ်သေး၊

“အောင်မာ၊ ငါ့လို ဆရာကိုများ အာခံလို့ ရ
မယ်ထင်သလား…၊ နင် ဘာကောင်လည်းဆို
တာ ငါသိသလို၊ ငါ ဘယ်လိုဆရာဆိုတာလည်း
နင်သိတယ်၊ နင်မနာချင်ရင် ချက်ချင်း ငါ့ဘက်
လှည့်လိုက်စမ်း”

ဆရာကြီး၏ အသံက ပို၍ မာထန်လာသည်။
သူ့အမိန့်ကို မနာခံလျှင် အမှန်ပင် ဒုက္ခရောက်
အောင် ပြုတော့မည့်သဏ္ဍာန် ကြိမ်းဝါးသည်။
ထွန်းမောင်အား ကပ်မှီနေသော စုန်းဖုတ်ကား
နာနာဘာဝလောက၌ တန်ခိုးကြီး ဖုတ်မျိုးဖြစ်
၏။

တော်ရုံတန်ရုံ ဆရာလောက် ပညာသည်လောက်တော့ ဂျွမ်းပြန်အောင်ပင် ပြုစားနိုင်စွမ်း၏။
မာယာများ၍ ကောက်ကျစ်စဥ်းလဲသော်လည်း
ပါးနပ်မှုလည်းရှိ၏။ ဆရာကြီးခြံထဲ ဝင်လာ
ကတည်းကပင် သူကသိနေသည်။

အိပ်ရာပေါ်ထိုင်နေရာက ဗုန်းကနဲ ပစ်လှဲကာ
တစ်ဖက်လှည့်သွားခဲ့၏။ ဆရာကြီး၏ အမိန့်
ကို မနာခံဘဲ သွေးတိုးစမ်းကြည့်သေး၏။ သုံး
ကြိမ်တိတိ ကြိမ်းဝါးအမိန့်ပေးသောအခါ၌
သူမနေရဲတော့၊ ဆရာကြီးဘက်သို့ ဆတ်ခနဲ
လှည့်လာသည်။

မျက်နှာလှည့်လာသော်လည်း မာန်ကိုမချ၊
ကမ္မဇိဒ္ဓိကိုမစွန့်၊ အံကို တဂျိဂျိမြည်အောင်
ကြိတ်ခဲထားဆဲ မျက်နှာထောင့်နီကြီးဖြင့်
စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေဆဲ…ဆရာကြီး
သည်။ လွယ်အိတ်ထဲမှ ဝါးကျည်တောက်
ငယ်တစ်ခုကို ထုတ်၏။

ဝါးကျည်တောက်ထဲမှ ဆေးမှုန့်အနည်းငယ်
ကို လက်ဖဝါးထဲထည့်၏။ ဆရာကြီးဝါးကျည်
တောက်ထုတ်လိုက်သည်နှင့် ထွန်းမောင်မျက်
နှာပျက်သွားသည်။ အာခံမာန်တင်းဆဲ သူ့မျက်
နှာ၌ စိုးရိမ်ကြောက်လန့်မှုတွေ ဖုံးလွှမ်းသွား၏။

“မလုပ်နဲ့…မလုပ်နဲ့….”

အသံနက်ကြီးဖြင့် အော်၏။ လက်ဖြင့် မျက်နှာ
ကို ကာကွယ်၍ တစ်ဖက်သို့ ပြန်လှည့်သွားရန်
ကြိုးစားသည်။ အပွဲပွဲနွှဲလာသော ဆရာကြီး
ကား ထွန်းမောင် ဤသို့ဖြစ်ပျက်ပြုမှုလိမ့်မည်
ကိုတင် ကြိုတွေးကာ ထားဟန်ရှိ၏။ ထွန်း
မောင်ထက် ဦးအောင် လှုပ်ရှားလိုက်သည်။

ထွန်းမောင်၏ နှာဝအနီးသို့ ဆေးမှုန့်များဖြင့်
ရုတ်တရက်ခြည်း ပက်လိုက်သည်။ ဖုတ်တစ္ဆေ
ကောင် မည်သို့မျှ မတတ်နိုင်တော့၊ မင်တက်
မိသလို ဖြစ်ကာ ဆရာကြီး၏ မျက်နှာကို​ကြောင့်
ကြည့်နေ၏။ ထို့နောက် အချိန်အနည်းငယ်မျှ
အကြာ၌ ထွန်းမောင်ထံမှ ကြောက်မက်ဖွယ်
ကျယ်လောင်သော နှာချေသံများ အဆက်မ
ပြတ်ထွက်ပေါ်လာတော့သည်။

ထွန်းမောင်၏ နှာချေခြင်းကား ဆရာကြီးက
ရပ်တန့်ရန် အမိန့်မပေးမချင်း သည်းသည်း
ထန်ထန်နှာချေနေဦးမည်ဖြစ်၏။ ဆရာကြီး
အနေဖြင့်လည်း ဖုတ်တစ္ဆသူ၏ မာန်ကို
မချမချင်း၊ ရပ်တန့်ခိုင်းမည်မဟုတ်။

ဒူးထောက်အရှုံးပေးမှသာ ရပ်တန့်စေမည်
ဖြစ်သည်။ ဆရာကြီးအစီအရင်ပြုလုပ်ထား
သည့် ပယောဂနှာဆေးကား အစွမ်းထက်လှ
၏။ ရွာခုနှစ်ရွာသခ်ျိုင်းမြေခုနှစ်ခုက မြေ
(လေးပဲသားစီ)ယူခဲ့ရသည်။ မုဆိုးမ ခုနှစ်
အိမ်က မြေ(လေးပဲသားစီ)လည်း ပါ၏။
ကလေးမီးဖွာသည့် မီးနေအိမ် ခုနှစ်အိမ်က
မြေ(လေးပဲသားစီ)လည်း ရှာယူခဲ့ရ၏။

ထိုသုံးမျိုးစလုံးကို ငရုတ်ပျံနှင့် ရောပြီး ကြိတ်
ရသည်။ ပြီးတော့မှ လူသေကောင်မီးသဂြိုဟ်
ရာတွင် ထိုးသော တံစူးဝါးကျည်တောက်ဖြင့်
ထည့်ထားစီရင်ရသည်။ သည်ပယောဂနှာဆေး
မှာ စုန်း၊ နတ်၊ တစ္ဆေ၊ ဖုတ်၊ စသည်တို့ကို နိုင်
နိုင်နင်းနင်း ထိန်းချုပ်နိုင်သော ပွဲတွေ့ဆေး
လည်းဖြစ်၏။ ယခုပင် ထွန်းမောင် ကိုယ်ထဲ
မှ ဖုတ်တစ္ဆေကောင် သေလုမြောပါး နှာချေ
နေရလေပြီ။

မျက်နှာတစ်ခုလုံး နှာရည်များ၊ ချွေးများဖြင့်
ရုပ်ပျက်ဆင်းပျက် မြင်မကောင်းအောင် ဖြစ်
နေ၏။ ကွမ်းတစ်ယာညက်ခန့် အကြာတွင်
ကား ဖုတ်တစ္ဆေကောင် ဒူးထောက်ရလေပြီ။

“ကြောက်ပါပြီ၊ ရပ်ပေးပါတော့” ဟု ထပ်ကာ
ထပ်ကာ တောင်းပန်လာ၏။ ထိုအခါမှ ဆရာ
ကြီးက ထွန်းမောင်၏ ခေါင်းကို ခပ်ဆတ်ဆတ်
ပုတ်လိုက်သည်။

ဆရာကြီးအနေဖြင့် ဖုတ်တစ္ဆေကို ထိန်းချုပ်
လိုက်နိုင်ပြီ ဖြစ်သည်။ ဆရာကြီး၏ လက်ခုပ်
ထဲက ရေပမာဖြစ်သွားသော ဖုတ်တစ္ဆေကား
ဆရာကြီးသေဆိုလျှင်သေ၊ ရှင်ဆိုလျှင် ရှင်ရ
မည့်ဘဝသို့ ကျရောက်သွားပြီဖြစ်ပါသည်။

“ကိုင်း၊ ပြောစမ်း၊ နင် ဘာဖြစ်လို့ သူများခန္ဓာ
ကိုယ်ကို မှီပြီး ဒုက္ခပေးနေရတာလဲ…”

“အစာရှာဖွေစားသောက်ရတာ ပင်ပန်းလွန်း
အားကြီးလို့ ကြံမိကြံရာ ကြံလိုက်မိတာပါ
နောက်နောင်မလုပ်တော့ပါဘူး၊ ဒီတစ်ခါ ခွင့်
လွှတ်ပေးပါ”

“အိမ်း၊ နင်တို့ဘဝကိုလည်း ငါသနားပါတယ်
ဒါပေမယ့် ကိုယ်ကောင်းစားပြီး သူတစ်ပါး
ဒုက္ခရောက်မယ့်အပြုအမူမျိုးက မလုပ်
ကောင်းဘူး၊ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်
မယ်။ စားသင့်သလောက်လည်း စားပြီးပြီ
ဆိုတော့ ကိုယ့်ဘုံဋ္ဌာနကိုပဲ ပြန်ဖို့ စဥ်းစာ
ပေရော့…သဘောပေါက်ရဲ့လား”

“ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ၊ ဆရာကြီး
ကျတော်နေရာကို ကျတော်ပြန်ပါတော့မယ်”

“အေး၊ အေး၊ ကောင်းပြီ….၊ ဘယ်အချိန်
ပြန်မယ် စဥ်းစားထားလဲ”

“ဒီည သန်းခေါင်ယံတိုင်တာနဲ့ ထွက်သွားပေး
ပါ့မယ်”

“နင့် ကတိတည်ပစေနော်….”

“စိတ်ချပါ ဆရာကြီး ကတိတည်ပါ့မယ်”

“အိမ်း…၊ ထွက်သွားတဲ့အခါမှာလည်း ကောင်း
ကောင်းမွန်မွန် ထွက်သွားရမယ်၊ ဘယ်ခုနှစ်
ရက်သားသမီးကိုမှ ထိခိုက်အောင် အနှောင့်
အယှက်မလုပ်ရဘူး၊ နင့်ကိုလည်း ဝဝလင်လင်
ထွက်သွားနိုင်အောင် အိမ်ရှင်တွေက ကျွေး
ကြမွေးကြလိမ့်မယ်”

ဖုတ်တစ္ဆေအား ဆုံးမပြောဆိုပြီး ဆရာကြီးနှင့်
ဦးဘဋ္ဌေးတို့ ပြန်သွားကြ၏။ သန်းခေါင်ယံ
မတိုင်ခင် ပြန်လာမည်၊ ထို့နောက် ဖုတ်တစ္ဆေ
အနှောင့်အယှက်မရှိ ထွက်သွားဖို့ ဆောင်ရွက်
ရပေဦးမည်။

ဒေါ်ဖွားတင်နှင့် မသေးသွယ်တို့ကား ဖုတ်တစ္ဆေ
အား နောက်ဆုံး ကျွေးမွေးရန် အတွက် ကြက်
မွေးနှုတ်နေကြပြီ ဖြစ်ပါသည်။

xxxxxx

ညက တိတ်တဆိတ်ခြင်းက တိတ်ဆိတ်လွန်း
နေသည်။ ပြည့်ရွှန်းခဲ့သည်မှာ မကြာသေး၍
ငွေလရောင်ခြည်တို့ကလည်း ထိန်ထိန်ဝါဝါ
သာလျက်ရှိ၏။ တစ်လောကလုံး ငြိမ်သက်
နေသကဲ့သို့ ရေမြုပ်ကွင်း ရပ်ကွက်ထဲမှ ဒေါ်
ဖွားတင်တို့၏ အိမ်လေးသည်လည်း ပကတိ
ငြိမ်သက်နေ၏။

အိမ်ထဲမှာ အပ်ကျသံကြားရလောက်အောင်
ငြိမ်သက် တိတ်တဆိတ်နေသော်လည်း ဒေါ်
ဖွားတင်နှင့် မသေးသွယ်တို့မှာ အိပ်၍ မရကြ။
ရင်ထဲက တဒိန်းဒိန်း တဒုန်းဒုန်းဆူညံနေ၏။
ပူလောင်နေ၏။ ဖုတ်တစ္ဆေက ညသန်းခေါင်
ယံအချိန်မှာ ထွက်သွားမည်ဟု ကတိပေးခဲ့၏။

သူထွက်သွားလျှင် ဘာတွေဖြစ်ဦး ပျက်ဦး
မလဲ။ ကြောက်စရာ လန့်စရာ ရုပ်ပျက်ဆင်း
ပျက်တွေ မြင်ရဦးမလား၊ ချောက်ချောက်
ချားချားအသံတွေ ကြားရလေမလားဟု
စိုးရိမ်စိတ်တွေနှင့် ရင်ထိတ်နေကြ၏။

ဆရာကြီးက”ဘာမှမကြောက်ကြနဲ့၊ အေးအေး
ဆေးဆေးသာ အိပ်နေကြ”ဟု ပြောသော်လည်း
ကြောက်စိတ် လန့်စိတ်က ရင်ထဲမှာ၊ ဦးနှောက်
ထဲမှာ၊ သွေးကြောတွေထဲမှာ အနှံ့စီးဝင်လျက်
ရှိ၏။ ဆရာကြီးကား တရှူးရှူး တခေါခေါ
ဟောက်သံဖြင့် ပက်လက်အိပ်မောကျနေ
သည့် ထွန်းမောင်ဘေး၌ တိတ်တဆိတ်စွာ
ထိုင်၍ တစ်စုံတစ်ခုကို ပါးစပ်လှုပ်ရုံမျှ
ရွတ်ဆိုနေသည်။

အချိန်က တစ်စတစ်စနှင့် သန်းခေါင်ယံသို့
နီးကပ်စွာ ချဥ်းနင်းလာလျက်ရှိ၏။ ထိုအချိန်
မှာပင် ခွေးအူသံကြီးကို စတင်၍ ကြားလိုက်
ကြရသည်။ အဆိုပါ ခွေးအူသံကြီးနှင့် ဆက်
တိုက်ဆိုသလိုပင် ခွေးအူသံများက ဟိုနေရာ
မှ၊ သည်နေရာမှ ၊ အနီးမှ၊ အဝေးမှ အနှံ့အ​
ပြား ထွက်ပေါ်လာကြ၏။

ခွေးတစ်ကောင်ကမူ အိမ်ရှေ့၌လာ၍ အူနေ
ဟန်ရှိ၏။ ခွေးအူသံကြီးတစ်သံကို အလွန်နီး
ကပ်ကျယ်လောင်စွာ ကြားနေရသည်။

ဒေါ်ဖွားတင်တို့ သမီးယောက္ခမနှစ်ယောက်
မှာ ခွေးအူသံတွေကြောင့် ကြောက်စိတ်ကြီး
မားလာပုံရ၏။ ကြက်သီးတဖြန်းဖြန်းနှင့်
ချွေးတွေ ရွှဲနစ်နေသည်။ ခွေးအူသံတွေက
လည်း သန်းခေါင်ယံနီးလေ ပို၍ ပို၍ ဆူညံ
လာလေဖြစ်နေ၏။

ထိုအချိန်၌ ရွှန်းရွှန်းမြမြသာနေသော လအား
တိမ်မဲညိုတစ်ခုက ဖုံးအုပ်သွားဟန်ရှိ၏။ ငွေ
လရောင်ခြည် ထိန်ထိန်ဝါဝါတို့ ပျောက်ကွယ်
ကာ အမှောင်ထုကြီး ဝင်ရောက်လာသည်။

“ဟင်း…ဟင်း…ဟင်း…ဟင်း…”

ကြောက်မက်ဖွယ် လူညည်းသံကြီးကြောင့်
တစ်အိမ်လုံးချောက်ချားသွားသလား ထင်
လိုက်၏။ ထွန်းမောင်၏ ခန္ဓာကိုယ်ကြီးက
အသက်ငင်နေသူ ပမာ ဆတ်ခနဲ ဆတ်ခနဲ
လှုပ်လာသည်။ ထို့နောက် ပက်လက်ဆန့်
ဆန့် အိပ်နေရာမှ အတောင့်လိုက်ပင် ထိုင်
လျက်အနေအထားသို့ ရောက်သွား၏။

ထိုအချိန်၌ ခွေးအူသံတို့က ပို၍ ပို၍ ပွက်လော
ရိုက်လာကြသည်။ တစ်ချိန်တည်းမှာပင် အပြင်
ဘက်မှ နေ၍ အိမ်ကို ထုရိုက်နေသံများ၊ တံခါး
ဖွင့်သံများ၊ ဒုန်း ဒုန်း ဒုန်း ဒုန်း ဆူဆူညံအောင်
ထွက်ပေါ်လာသည်။

ထို့နောက် တံခါးပွင့်သံနှင့်အတူ လူတချို့အိမ်
ပေါ်တက်လာသော ခြေသံများ ကြားရပြန်၏။
အိမ်ကြမ်းပြင်ပေါ် လမ်းလျှောက်လာသော
ခြေသံတွေက ပြင်းလှ၏။ အိမ်ပင် သိမ့်သိမ့်၊
သိမ့်သိမ့်လှုပ်နေသည်။

ကြမ်းတွေမှာလည်း ထိုသူတို့၏ ကိုယ်အလေး
ချိန်ကြောင့် ချိုးချိုးချွတ်ချွတ် မြည်နေ၏။
ထူးခြားသည်မှာ အိမ်တံခါးဆွဲဖွင့်သံ ကြား
လိုက်ရသော်လည်း တံခါးပေါက်အားလုံး
တစ်ခုမျှမပွင့် ၊ ပိတ်ထားမြဲ အတိုင်း ရှိနေ
ခြင်းပင် ဖြစ်သည်။

ထို့ပင် အိမ်ပေါ်တက်လာသော လူများကိုလည်း
ရုပ်အကောင်အထည်လုံးဝမမြင်ကြရ…လှုပ်ရှား
နေသော အရိပ်မည်းများအဖြစ်သာ တွေ့နေ
ရသည်။ ဤသို့ တစ်အိမ်လုံး ဗြောင်းဆန်အောင်
နာနာဘာဝများ လှုပ်ရှားသွားလာနေကြချိန်မှာ
ပင် ထွန်းမောင်၏ ခန္ဓာကိုယ်ထဲမှ ဖုတ်တစ္ဆေ
၏ ဝိညာဥ်ကောင်ဟု ထင်မှတ်ရသော အရိပ်
မည်းကြီး ထွက်လာသည်။

ထိုအရိပ်မည်းကြီးသည် မီးခိုငွေ့ပမာ လေထဲ
တွင် လွင့်မြောကာ ပိတ်ထားသော တံခါးမကြီး
မှပင် တိုးဖောက်၍ ထွက်သွားသည်။ အခြား
အရိပ်မည်းသဏ္ဍာန်နာနာဘာဝ ဝိညာဥ်တို့သည်
လည်း ထိုအရိပ်မည်းကြီး၏ နောက်မှ လွင့်
မြောလိုက်ပါသွားကြလေသည်။

အူနေကြသော ခွေးတို့လည်း နာနာဘာဝဝိညာဥ်
တို့နောက်သို့ လိုက်သွားကြဟန်ရှိ၏။ ရပ်ကွက်
လမ်းအတိုင်း တစ်စီတစ်သန်းကြီးဟောင်ရင်း
အူရင်းလိုက်သွားကြသည်မှာ ရေမြုပ်ကွင်းသု
သာန်သို့တိုင်ဖြစ်ကြောင်းသိရ၏။

ထို့နောက်တွင်တော့ တစ်အိမ်လုံး တိတ်ဆိတ်
ငြိမ်သက်၍သွား၏။

“ကဲ၊ ကဲ၊ ထကြတော့၊ ထကြတော့၊ လုပ်စရာ
ရှိတာ လုပ်ကြရအောင်”

ဆရာကြီးက မီးခွက်ကို ထွန်းညှိရင်း ဒေါ်ဖွား
တင် တို့အား ပြောလိုက်၏။ ဒေါ်ဖွားတင်မှာ
ချွေးတို့ဖြင့် ရွှဲနစ်နေ၏။ မသေးသွယ်မှာမူ
ကြောက်လွန်း၍ တုန်နေရှာရှာ၏။

“လိပ်ပြာလွင့်ပြီး ကိုယ်ပါအသက်ပါသွားတော့
မလို့”ဟု ကြောက်ဒူးတုန်လျက် ပြောပြသည်
ဆို၏။ ထွန်းမောင်ကား အိပ်ရာထဲမှာပင် ပက်
လက်အနေအထား အလောင်းကောင်အဖြစ်
အသက်ကင်းမဲ့ကျန်ရစ်ခဲ့သည်ကို တွေ့မြင်
ကြရပါတော့သည်။

xxxxxx

ဖုတ်ဝင်သော ကိုယ်ခန္ဓာတို့သည် ဖုတ်ထွက်
သွားသောအခါ၌….အချိန်ကြာမြင့်စွာက သေ
ဆုံးခဲ့သော အသုဘအလောင်းတို့ကဲ့သို့ ချက်
ချင်းညှီပုပ်နံဟောင်သွားခြင်း၊ မြင်၍ မတင့်
တယ်အောင် အပုပ်ရည်စိုရွှဲ၊ ရုပ်ဆင်းပျက်
ယွင်းတတ်ကြောင်း ကြားသိခဲ့ရ၏။

ယခု ဖုတ်တစ္ဆေထွက်သွား၍ ကျန်ရစ်ခဲ့သော
ထွန်းမောင်၏ အလောင်းမှာမူ ရုပ်ပျက်ဆင်း
ပျက် မကြည့်ဝံ့၊ မရှုဝံ့အောင် ဖောက်ပြန်ပျက်
စီးခြင်းမျိုးမရှိဘဲ…

မဲခြောက်နေသည် အလောင်းတစ်လောင်း
အဖြစ်သာ တွေ့ရ၏။ ထွန်းမောင်သည် ဆင်း
ရဲနွမ်းပါးသူဖြစ်၍ သူ့ဘဝတွင် ဒါန အမှုဟု
ပြောရလောက်သော အလှူဒါန မပြုခဲ့ဘူးပါ၊

သို့သော် သူသည် စိတ်ရင်းစေတနာကောင်း
ရှိသူ ဖြစ်၏။ သူတစ်ပါးကိုလည်း ကူညီတတ်
၏။ ထို့ပြင် မိခင်မုဆိုးမကြီးနှင့် ဇနီးသားမ
ယားတို့ကို ငြိငြင်ခြင်းမရှိကောင်းစွာ လုပ်
ကိုင်ကျွေးမွေးခဲ့၏။

သေလွန်ပြီး ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်
တိုင် သူ့ခန္ဓာကိုယ်အလောင်းကောင်ကြီး ဖောက်
ပြန်ပျက်စီးမသွားခြင်းမှာ ထိုကုသိုလ်ကံအ
ကြောင်းတရားတို့၏ အကျိုးဆက်သာ ဖြစ်
ကြောင်း ရေမြုပ်ကွင်းတစ်ရပ်ကွက်လုံး
ပြောမဆုံးအောင် ဖြစ်ခဲ့ကြရပါတော့သည်။

ပြီးပါပြီ

👉”Like & Share”👈

မောင်မှိုင်းညို့(ချောင်းဦး)