လယ်ကွင်းထဲကတေစ္ဆများ

……လယ်ကွင်းထဲက တစ္ဆေများ
********* ******* ********
ငယ်ဘဝများဆီသို့…………. ။
ဗျို့ ကိုကြီးလှ…..အဆင့်သင်ဖြစ်ပြီလားဗျ…
သွားကြရအောင်လေ…ပဲ ခင်းစောင့်ဖို့ နောက်ကြနေတော့မယ်…လာဗျို့ဟုအော်ဟစ်ခေါ်လိုက်သော ကိုခွေးပုအသံကြောင့် ကိုလှဘော်လဲ
ဆောင်ဓားက်ို ကျောတွင်လွယ်လိုက်ပြီး လက်ကဓာတ်ခဲ ငါးတောင့်ထိုး ဓာတ်မီးကို..ယူကာ…လောက်လေးဂွ နှင့်လောက်စာလုံးများထည့်ထားသော..လွယ်အိတ်ပါ.လွယ်လျှက် အိမ်ပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာသည်။
တပို့တွဲလ မို့အချမ်းက…ပိုနေသည်
မြောက်လေကလေးများကလဲ..တသုန်သုန် တိုက်ခတ်လျှက်…ဆောင်း၏အငွေ့သက်က်ို ဖန်ဆင်းနေရှာသည်။
ကိုကြီးလှ အေးတယ်နော်..ခုည.အရင်ညတွေထက်အအေးဓာတ်ပိုနေသလိုပဲဗျ ဟု ကိုခွေးပုက စကားစရင်း…နည်းည်းလောက် သောက်ကြမလား ကိုကြီးလှ ကျွဲတဲကုန်းရွာထဲက သံချောင်းဆိုင်က ၂လုံးဆွဲလာတယ်ဟုဆိုကာ.သူ့လွယ်အိက်ကိုပုတ်ကာ….ပြောလိုက်သည်။
နှစ်ဦးသား စကားတပြောပြောဖြင့်လမ်းလျှောက်လာရာ..သူဆို့စောင့်ရမည့် လယ်ကွင်းများဆီမှ ပဲ ပုံများ ပုံထားရာ နေရာသ်ို့ပင်ရောက်လုပြီ…..
ခွေးပုရေ…တို့တွေ မီးအရင်ဖိုမှပဲ.ဟေ့…လယ်ကွင်းထဲကျ..အကာရံမရှိတော့ပိုချမ်းသလိုပဲ….မင်းကောက်ရိုးတွေ ယူခဲ့ကွာ….မီးဖိုထားနှင့်…ငါ…ထင်းခြောက်ရှာအုန်းမယ်ဟုဆိုကာ….ချောင်းရိုးလေးနဘေး…ဇီးပင်များရှိရာသို့ထွက်လာခဲ့သည်။
ထင်းခြောက်များရှာရင်းဖြင့်..ဖိုးသာအောင်ကွင်းစပ် ဇီးပင်ကြီးနားရောက်လာသည်။
ဇီးပင်ကြီးနားအရောက်….ရုတ်တရက် ဆနွင်းနံ့များ နံလာကာ…ဇီးပင်ပေါ်မှ ဇီးသီးလေးများက လေမတိုက်ပါပဲ..တဖြုတ်ဖြုတ်ကြွေကျလာသည်။
ကိုလှဘော်လဲ ကြက်သီးမွေးညှင်းတွေထာလာကာ….ခေါင်းများပင်ကြီးသွားသည်ဟုထင်လိုက်မိသည်။ အင်း….ရာသီဥတုအေးလို့ ဖစ်မှာပါဟု.စိတ်ထဲမှတွေးကာ…ဇီးကိုင်ခြောက်ကလေးများကိုသာ..ကောက်ယူနေသည်။
ထိုစဥ် ကလေးငယ် ငိုသံတိုးတိုးလေးကို.အနားမှကြားနေသလိုခံစားရပြီး…နောက်ကျောမလုံသလို ကိုလှဘော်ခံစားလိုက်ရသည်။
ခလေးငိုသံလေးမှာ ပိုပြီးနားကပ်လာသလိုစိတ်ကထင်သောကြောင့် ကိုလှဘော်အနောက်ဖက်သို့လှည့်ကြည့်လိုက်ရာ….ဟာ…..သရဲမကြီး…မီးနေသည်သရဲမကြီးပါလား….ဘုရားဘုရား….လက်ထဲမှာလဲ.ချက်ကြိုးတန်းလန်းနှင့်သွေးသံရဲရဲခလေးလေးကို ပိုက်လျှက် ခြေထောက်တွေကလဲ မြေကြီးနှင့်မထိ လေထဲတွင်ပျံဝဲနေသရောင်…….မျက်နှာကြီးမှာလဲ..ဆနွင်းများလိမ်းထားသကဲ့သိုဝါထိန်နေပြီး..ဖော ပွကာ..အရိအရွဲများပေကျံလျက် ဆံပင်များက လေထဲတွင်တဖြတ်ဖြတ် လွန့်လူးနေသည်။
ကိုလှဘော် အသံကုန်အော်ဟစ်ကာ.ကိုခွေးပုကို အကူညီတောင်းသော်လဲ.သူ့အသံမှာလည်ချောင်းထဲတွင့်စို့နင့်လျက် မထွက်ရှာ။
သရဲမကြီးမှာ တဖြည်းဖြည်းအနီးသို့ရောက်လာသလို ပုတ်စော်များ ဆနွင်းနံများ…ပါ ကိုလှဘော်နှာခေါင်းထဲ တိုးဝင်လာနေသည်။သရဲမကြီးပိုက်ထားသောခလေးလေးမှာလဲ ပို၍ပင်သည်းထန်စွာ ငိုကြွေးနေသည်။
ကိုလှဘော်လဲ တတ်သလောက်မှတ်သလောက်ဘုရားစာလေးများရွတ်ရင်း…လယ်ကွင်းများထဲမှ ဖြတ်ကာ..ကို​ခွေးပုရှိရာ သို့ပြေးလေတော့သည်။
သူကပြေးသလို လေထဲတွင်လဲ.သရဲမသားအမိကနောက်ကလိုက်နေသည်။
ဘုရားဘုရား ကယ်တော်မူပါအုန်း။
ဟုရေ ရွတ်ကာ..ပြေးရင်း ဖိုးသာအောင်လယ်ကွင်းကျော်မှ နောက်တွင်သရဲမသားအမိမလိုက်လာမှန်းသိရတော့သည်။
ဟေ့ခွေးပုရေ…ခွေးပု ငါ့ကိုလာထူပါအုန်းကွာ..အမောဆို့ပြီးသေမတတ်ပဲဟေ့ကောင်ရေ…
ဟုခွေးပုကို ကိုလှဘော်အော်ခေါ်ရင်း လုံးဝသတိလစ်သွားလေတော့သည်။
ကိုခွေးပု လဲ ကိုလှဘော်အော်သံကြောင့်အပြေးအလွှားသွား ​ကာ..ကိုလှဘော်ကို အတင်းလှုပ်ကာ ကိုလှဘော်ကိုလှဘော်ဟု အော်ခေါ်မှ သတိပြန်ရလာတော့သည်။
ထိုညက ကိုလှဘော် အတွက်သွေးပျက်ဖွယ်ရာပင်။
ဘကြီးလှလဲ..ငယ်ဘဝမှ အကြောင်းပြန်တွေးရင်း
အော် သရဲသားမိ မကျွတ်မလွတ်သေးတာလား…ဒါမှမဟုတ်နောက်ထပ် သရဲတွေလားဟု တွေးရင်း ကြုံခဲ့ဖူးသော မြင်အပ်မမြင်အပ်ပရလောကသားများကို အမျှပေးဝေကာ…မေတ္တာပို့သလျှက်…………….။
ထိုစဥ် ကိုဇော်လင်းမှ ဘကြီးလှ နောက်ထပ်ကြုံခဲ့ရတဲ့ပရလောက သား တွေ ရှိရင်ပြောပြ ပါအုန်းဗျ ။သက်ကြီးစကားသက်ငယ်ကြားဖူးတယ်ရှိအောင်ပေါ့ဟု မေးလိုက်ရင်း ရေနွေးကြမ်းအိုးထဲမှရေနွေးများကို ခွက်ထဲ ထည့်ကာ.ဘကြီးလှထံ ကမ်းပေးလိုက်သည်။
အိမ်း……နောက်ထပ်ကြုံဖူးတာကတော့..တောင်ပေါ်မှာ ဝါးသွားခုတ်ခဲ့စဥ်ကပေါ့……………………..။

ပြီးပါပြီ