” စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး ”📖📖📖 ************************************************* ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ဒီနေ့ကတော့ မယဉ်အကြောင်းပြောမယ့်နေ့ပေါ့ဗျာ၊ မယဉ်ရဲ့အကို လူမိုက်ကြီး သရဲပြေးဘအေးတစ်ယောက် သူသေပြီးတဲ့အခါ မကျွတ်ဘူးတဲ့ဗျ၊ ဘာလို့သိသလဲဆိုရင်တော့ ကျုပ်တို့ကိုယ်တွေ့ပဲပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ ကိုဘအေးမရှိတော့ အမဲသား၊ ဝက်သား ရှားသွားတယ်ဗျ၊ ဆိတ်သားတောင်မှ ပေတောရွာက ကုလားလေးညီအကိုလာတော့မှ စားရတာ၊ ဒါတောင် အလုအယက်ဝယ်စားရတာမျိုးမဟုတ်လား၊ ပြီးတော့ ကိုဘအေးနေရာကိုဆက်ခံမယ့် သားသတ်သမားမရှိတော့ အမဲသားဆိုတာ ရခဲသွားတာပေါ့ဗျာ၊ တခြားရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းကြတဲ့ အသားသည်တွေဆီကနေပဲ ဝယ်ပြီးစားရတာဗျ၊ ဝယ်စားတဲ့အသားက ...

ပျဉ်းမပင်ကရွာလူကြီးသည် လှဲလျောင်းနေလိုက်ကြသည်။ တခြားသောလူများသည် အချင်းချင်း စကားပြောနေကြသည် ။လယ်ယာများအကြောင်း၊သားသမီးများအကြောင်းနှင့် ထွေရာလေးပါးစကားများ ပြောနေကြသည့်အသံက ပေတူးနားထဲ တိုးဝင်လာသည်။သူတို့၏ စကားများကို နားထောင်လိုခြင်း မရှိသော်လည်း အသံသည်က နားထဲရောက်လာ၍ ပြောနေကြသည်များကို နားထောင်မိနေသည် ။ “အင်း ကျမသားက အခုဆို ကောလိပ်တက်နေတာလေ ” “ဟုတ်လား ကောင်းတာပေါ့ရှင် ကျမသားက စာရေးကြီးဖြစ်နေပြီ တော့ ” “ကျမက‌တော့ သားကိုအရာရှိလေးဖြစ်အောင် အစိုးရဝန်ထမ်း ပဲ လုပ်ခိုင်းမလားလို့ ” ” နေဦး ဟိုကောင်လေးက ကျမတို့နဲ့ တဘူတာထဲ ...

မောင်တိုးမှာရယ်ရယ်မောမောဖြင့် ပင်ထိုင်နေခဲ့သည်။ “ကဲပါ…အမေရာ…ကျုပ်တို့မသိသေးတာ လေးတွေရှိရင်လည်းပြောပြလိုက်ပါ…ကျုပ်တို့လည်း နားထောင်ပြီးသားဖြစ်တာပေါ့ဗျာ…” ဆိုပြီးဦးဘထော်ကပါ ဝင်ပြောလေသည်။ ထိုခါဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်ပြီး….. “ဒါဆိုရင်လည်း ဘွားပြောပြရမှာပေါ့ကွယ်… အင်းပြန်တွေးကြည့်မိတော့ မင်းတို့‌‌ ဒွေးလေးက…အမေ့ကိုဆို ငယ်နိုင်တစ်ယောက်လိုပဲသဘောထားခဲ့တာ… အရီးနဲ့အဘမျက်နှာကိုထောက်ပြီး အမေကလည်း သည်းခံရတာပေါ့ …အဲ့သည်လိုနဲ့တစ်နေ့မှာ……..” ဆိုပြီး ဘွားမယ်စိန်ကပြန်လည်ကာပြောပြတော့သည်။ ************************************ အချိန်ကညသန်းခေါင်ကျော်လေပြီ ခွေးအူသံတို့သည်လည်း ရွာလမ်းမအထက်၌ ဆူညံ စွာထွက်ပေါ်နေခဲ့သည်။ ဆွဲဆွဲငင်ငင်အူလိုက်သောခွေးများနဲ့အတူ ရွာလမ်းမအထက်ဆီမှထွက်ပေါ်လာသော‌‌အသံတစ်သံ …. ထိုအသံသည် “ရှက်..ရှက်…ရှက်…”မြည်နေသော ခြေသံတစ်သံပင်ဖြစ်၏။ ထို‌ခြေသံပိုင်ရှင်သွားလေရာသို့ ခွေးများကလိုက်လံ၍အူနေကြခြင်းဖြစ်သည်။ ခြေသံပိုင်ရှင်သည်ရွာလမ်းအတိုင်းလာရင်းအိမ်တစ်အိမ်၏အရှေ့၌မတ်တပ်ရပ်နေခဲ့သည်။ နီရဲသောမျက်၀န်းတစ်စုံကအိမ်ကြီးဆီသို့ဒေါသတကြီးဖြင့်ကြည့်နေခဲ့သည်။ အိမ်ကြီးအတွင်းသို့၀င်ဖို့ရန်ခြေလှမ်းစတင်လိုက်ချိန်တွင်… “ရပ်လိုက်စမ်း…” ဟူသောအသံတစ်သံကြောင့် ခြံ၀ိုင်းအတွင်းသို့ခြေချဖို့ပြင်နေသူ၏ ...

ကလေးမရကြပေ။ ကိုဝင်းသောင်က လူအေး။ သူ့မိန်းမ ပြောသမျှ ယုံ၏။ ဒါကြောင့် သူ့မယားနဲ့ ညီမတွေ ရန်ဖြစ်တိုင်း မယားဘက်သာ ပါလေ့ရှိ၏။ အခု အပျိုကြီး မမြင့်ရီ ဆုံးသွားမှ ရွာက လူတွေက သတိတရ ဆိုကြလေ၏။ ” သူတို့မောင်နှမတွေက ကံတူအကျိုးပေးတွေနော်။သူတို့အစ်ကို ကိုဝင်းသောင်ကြီးလဲ လယ်တောက အပြန် ညနေစောင်းမှာ ပိုးထိလို့ ဆုံးတာ မဟုတ်လား ” မှန်၏။ ကိုဝင်းသောင် မြွေကိုက်ခံရတာ နေဝင်ရီတရော် အချိန် ညနေ ၅နာရီခွဲသာသာခန့်မှာ ဖြစ်၏။ ” ...

လာခဲ့တယ် ဝေယံတစ် ယောက် အလုပ်တွေမနားမနေ လုပ်နေရင်း တစ်ဖက်က ဇနီးသည်အပေါ်လဲ ဂရုစိုက် ကာ သဲသဲလှုပ်လှုပ်ရသည်……. ဟေ့ကောင် ဝေကြီး..သူငယ်ချင်းလဲဖြစ် လုပ် ဖော်ကိုင်ဖက်လဲ ဖြစ်သော မောင်စိုး ၏ပြာပြာ သလဲ ခေါ်သံကြောင့် လုပ်လက်စ အုတ်စီ နေရာက ..”မောင်စိုးဘာတုန်းဟ…”အေး မင်းမိန်းမ…ဗိုက်နာလို့တဲ့ဟ..ငါ့ကိုခေါ်ခိုင်း လိုက်တာ..မင်းအဲ့ဒါတွေထားခဲ့…အမြန်လာ အေး..ဒါဆိုအမြန်သွားရအောင်..မောင်စိုးရေ မောင်စိုး ဆိုင်ကယ်လေးဖြင့် အိမ်ကို အပြေးပြန်လာခဲ့သည် အိမ်ထဲမှာလူအနည်း ငယ် ရောက်ရှိနေကြပြီး လက်သည် ဖြစ်တဲ့ ဒေါ်စိန်လဲ အိမ်ခန်းထဲမယ် အကြိတ်အနယ် မွေးပေးနေ၏…ဇနီးသည်ဖြစ်သူ၏ အော်ဟစ် ...

အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့ “ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ လာပြီးဝပ်နေသဗျာ၊ ဆင်တော်ကိုဘယ်လိုခေါ်ခေါ် မထတော့တာကြောင့်မို့လို့ ဒီနေရာမှာပဲ စေတီတည်ဖို့စီစဉ်ရတယ်၊ သဲစည်းခုံကြီးပေါ်တည်ထားလို့ ရွှေစည်းခုံလို့ခေါ်ကြတာပေါ့ဗျာ၊ ဒီနေရာမှာ တချို့တွေက လူ့ကိုယ်ခန္ဓာက ဆီးခုံနဲ့မှားတတ်ကြတယ်ဗျ၊ အဲဒီနေရာနဲ့ ဘာမှမဆိုင်ပါဘူးဗျာ၊ တကယ်တော့ မြစ်ဘေးမှာဖြစ်နေတဲ့ သဲစုကို အရင်က စည်းခုံခေါ်သဗျ၊ မြစ်လယ်ကျတော့ သောင်လို့ခေါ်တာပေါ့ဗျာ၊ ဒါပါပဲ၊ အစကတော့ ဒီနေရာကလေးက ဆင်တစ်ဝပ်စာလောက်ပဲ သဲစည်းခုံရှိတာဆိုပဲဗျ၊ ...

မောင်ရင်လောင်း တစ်ယောက် တောင်ပါသေး.. ၀ါးလက်ခုပ်တွေတီးတဲ့သူကတီး ဗုံတွေတီးတဲ့သူ ကတီး ကတဲ့သူက ကကြနဲ့ ပျော်စရာကြီးလို ဖြစ်နေ တယ်။ ဦးထွန်းရီ စဉ်းစားလိုက်တော့ အချိန်ကလည်း ညအချိန်မတော်… ဒီအချိန်ကြီး ရှင်လောင်းလှည့်တယ်လည်း မကြားဖူး ပါဘူး။ ဒါဆို ဒီလူတွေက ဘုရား…ဘုရားး ငါကြားဖူးတဲ့ ကျတ်တွေများဖြစ်နေမလား… လူအုပ်ကြီးကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သူတို့ပဲရှိတယ်အထင်နဲ့ ကခုန်တီးမှုတ်ပြီး သွားနေ ကြတာ။ သွားနေရင်း တိုက်ဘေးက မျက်ကွယ်ကွေ့ လည်းရောက်ကော ဆိုင်းသံကော လူတွေပါ ရုတ် တရက် ပျောက်ချင်းမလှ ...

အသက်သွင်းလိုက်၏။ ခဏ၌ မြေပုံအားလုံးဆီမှ အလောင်းကောင်အရိုးစုတို့ကိုယ်စီထလာပြီး စုန်းမကြီးရှိရာသို့ဦးတည်လာကြ၏။ ” ဟားဟားဟား…. ကလေးအကွက်တွေမသုံးစမ်းပါနဲ့ကဝေကောင်ရာ…ဒီအလောင်းကောင်လောက်တော့ မယ်ဆုံဆိုတဲ့ကျုပ်က ဟောသလိုဟောသလို လုပ်ပစ်လိုက်မှာ…” ဆိုကာ ပါးစပ်၌တတွတ်တွတ်ရွတ်ပြီး လက်ဝေ့ယမ်းလိုက်ရာ အရိုးစုတို့မှာ မြေကြီးပေါ်သို့ လဲကျကာတစစီဖြစ်သွားကုန်၏။ ” ဟားဟားဟား…. ဟားဟားဟား ” ” နင့်ကိုငါက ပညာသည်အချင်းချင်းမို့ညှာနေတာကို နင်က ကန်းတက်တယ်ပေါ့…သေစမ်းကောင်မ….” ဆိုကာကဝေမြင့်မောင်သည် ကိုယ်ဖျောက်ပြီး စုန်းမကြီး၏ နောက်ကျောကို ကဝေစက်​ဖြင့်ဘုန်းခနဲရိုက်ထည့်လိုက်၏။ ” အား..” ” ဝေါ့….” ကဝေကောင်လက်ချက်ကြောင့် စုန်းမကြီးမယ်ဆုံမှာ မြေပေါ်မှောက်ကျသွားပြီး စားထားသောအသားများပြန်အန်ကျလာကုန်၏။ ” ...

ခဲ့သည်။ ညနေစာ ထမင်းအဆင်သင့်ဖြစ်ကြောင်း တူမလေးက ပြောပေမဲ့ သူ ထမင်းဝင်မစားချင်။ “မမဖြူဒီလိုမိန်းမမျိုး မဟုတ်ဘူး၊ ဒါဟာမဖြစ်နိုင်ဘူး” ဟု သူ့ရင်ထဲမှ တတွတ်တွတ် ပြောနေမိသည်။ တူမလေးကို ရှင်းပြရအောင်က တူမလေးသည် မမဖြူ၏ ဇာစ်မြစ်ကို သိသူမှမဟုတ်။ တစ်မြို့တည်းမှလာကာ တစ်ရပ်ကွက်တည်းနေ၍ တစ်ယောက်အကြောင်းရှိ တစ်ယောက်ကူညီရန်အတွက် တစ်အိမ်နှင့်တစ်အိမ် ကူးသန်းနေကြ၍သာ သူ့တူမလေးသည် မမဖြူသမီး သဇင်ဖြူတို့နှင့် ရင်းနှီးနေခြင်းဖြစ်သည်။ သဇင်ဖြူအောက် သားတစ်ယောက်လည်း မမဖြူမှာရှိသည်။ ကြားရသော သတင်းကို မယုံကြည်နိုင်ဘူးဆိုရအောင် လာရောက်တိုင်သူက မမဖြူ သမီးအရင်းဖြစ်နေသည်။ မမဖြူနှင့် ...

ဒီနေရာသည်သူမကိုအထက်ပုဂ္ဂိုလ်တွေကပေးထားသည့်နေရာဖြစ်သည်။ ထို့ကြောင့် သူမသည် အခြားသောနာနာဘာဝ.ပြိတ္တာများနှင့်ယှဉ်လျှင်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ အချို့သောနာနာဘာဝများဆိုလျှင်နေစရာနေရာပင်မရှိချေ။ ရုတ်တရက် သူမ.၏စိတ်ထဲတွင်.တစ်စုံတရာကိုသတိရလိုက်သည်မို့.အပင်ပှေါ်မှပြန်ဆင်းလိုက်ပြီးသင်္ချိုင်းကုန်းထဲသို့ဝင်လာခဲ့သည်။ ထို့နောက် အုတ်ဂူအဟောင်းကြီး၏ရှေ့သို့ရောက်တော့.သူမသည် ထိုအုတ်ဂူဟောင်းကြီး၏အပေါက်ထဲမှအထုပ်တစ်ထုပ်ကိုသေချာကြည့်လေသည်။ ထိုအထုပ်ထဲတွင်အဖိုးတန်လက်ဝတ်ရတနာများစွာရှိနေသည်။ ပြီး.အထုပ်ကလည်းခြေရာလက်ရာပင်မပျက်သေးချေ။ ထိုအခါမှသူမလည်းကျေနပ်သွားပြီး.အုတ်ဂူအနားမှပြန်လှည့်လာခဲ့သည။် စင်စစ်အားဖြင့်ထိုလက်ဝတ်ရတနာများသည်.သမူလူ့ဘဝတုန်းက.ဈေးရောင်းပြီးစုဆောင်းခဲ့သည့်ရတနာများဖြစ်သည်။ ယခုမူသူမ.ဘဝပြောင်းသွားခဲ့ပြီဖြစ်သော်လည်း.သားနှင့်ယောက်ျားအစွဲ..လက်ဝတ်ရတနာများအစွဲကြောင့်မကျွတ်မလွတ်ဘဝသို့ရောက်ရှိနေရခြင်းဖြစ်သည်။ သင်္ချိုင်းမှပြန်အလာ.ကုက္ကိုပင် သို့အရောက်၌အကြောင်းကိုသိနေသည့်အပင်စောင့်ကြီးက “နင့်လည်းဒုက္ခပဲနော်.အဲ့ဒီ ရတနာတွေကိုအစွဲအလမ်းထားမနေပါနဲ့.တော့..နင့်အတွက် ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး”ဟုဂရုဏာဒေါသဖြင့်ပြောလေရာသူမက “ဒါဆို အဲ့ဒီ ရတနာတွေကိုကျွန်မဘယ်လိုလုပ်ရမလဲ” “ဟ.ကျန်ရစ်ခဲ့တဲ့နင့်ယောက်ျားနဲ့နင့်သားအတွက်ပေးလိုက်ပေါ့ဟ” “ဟင်း” သူမသက်ပြင်းချမိသည်။ ကိုစံဖေအကြောင်းသူမ ကောင်းကောင်း သိသည်။ ကို စံဖေသည်အသောက်အစားမကင်းသလို.အပျော်အပါးလည်းခုံမင်သူဖြစ်သည်။ ထို့ကြောင့် သူမသည်.ရတနာထုပ်အား.ကိုစံဖေကိုပေးရန်တွေဝေနေမိသည်။ ထိုအခိုက်တွင် အပင်စောင့်က “ကဲ.ဘာမှတွေဝေမနေနဲ့.အခုချက်ချင်းပဲနင့်ယောက်ျားကိုအိပ်မက်သွားပေးလိုက်”ဟုအတင်းဆိုလေသဖြင့်.သူမလည်း.ရွာ ထဲသို့ပြန်ဝင်လာခဲ့ရသည် ။ ယင်းအ်ချိန်၌ကိုစံဖေသည်အမူးလွန်ပြီးအိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျှက်ရှိနေသည်။ ထို့နောက် ...