ပြန်လမ်းမဲ့သူ

ဘုန်းကြီးဆီကို… မကြာခဏလာတယ်….ပြီးတော့….သူ့ကို ကျွတ်လွတ်အောင်…လုပ်ပေးဖို့….ငိုယိုတောင်းပန်ရှာသတဲ့လေ….ဘုန်းကြီးကလဲ..သူနဲ့. ပဌာန်းဆက်ရှိပေမဲ့… လောကီအရေး…သူဝင်မရှုပ်ချင်တာကြောင့်..အခွင့်သာခိုက်…ငါ့ကို…ဒီတာဝန်ကို…ပေးလိုက်တာပဲလို့…မြင်မိပါတယ်ကွာ”

ဦးသက္ကဆီက ထိုစကားကြာရတော့ ကျွန်တော်လဲ လက်ညှိုးပိုင်ရှင် ကောင်မလေးကို သနားနေမိပါသည်။

“ငါတို့….မနက်ဖြန်…ရေဆင်းတောင်ဘက်ကို…ခရီးထွက်ရမယ်..မောင်စောဟိန်း…မင်းနဲ့ငါက..အရင်ကတည်းက..အလုပ်အတူလုပ်နေကြပြီး..ငါမှာလဲ..အဖော်ဆိုလို့…စိတ်ချလက်ချ…မင်းပဲရှိတာမလား…ဒါကြောင့်…မင်းလိုက်မလားလို့…ခေါ်မေးတာ..ငါ့ကောင်ရေ…”

ကျွန်တော် ဦးသက္ကစကားကြောင့် ပြုံးလျှက်ဖြင့်။

“ဦးလေးရယ်…ဒီလိုကိစ္စမျိုး…ကျွန်တော်က…ဝါသနာလွှတ်ထုံတာ…ဦးလေးအသိပဲ…လိုက်မှာပေါ့ဗျ”

ဦးသက္က ကျေနပ်သွားသည့်ဟန်ဖြင့်။

“…ကဲ..ဒါဆိုရင်လဲ..မနက်ဖြန်အာရုံတတ်ချိန်…ခရီးစထွက်မယ်ကွာ..ယူစရာရှိတာ..ယူခဲ့ပြီးထွက်လာခဲ့…”

“…ဟုတ်ကဲ့ပါ…ဦးလေး..”

ထို့နေ့ညက လရောင်ရေးရေးအောက် ဦးသက္ကနှင့် ရှေးဟောင်းနှောင်းဖြစ် စကားများဖောင်ဖွဲ့ကာ ပြောကြရင်း အတော်ညဥ့်နက်မှ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။

  မနက်အာရုံတတ်ချိန် ရောက်ပြီမို့ အမေ ထုံးစံအတိုင်း ဆွမ်းထချက်နေလေပြီ။ အမေ့အား ခရီးသွားရန် ခွင့်တောင်းတော့ အမေက သိပ်မလွှတ်ချင်ပေ သို့သော် ဒီလိုအရာတွေမှာ ဝါသနာကြီးသော ကျွန်တော်အား မတားချင်သောကြောင့် နောက်ဆုံး လွှတ်ခဲ့ပါတော့သည်။ အမေ့အား ကန်တော့ပြီး ယူစရာရှိသည်များ ယူဆောင်ကာ ဦးသက္ကဆီသို့ ကျွန်တော် ထွက်ခဲ့ပါတော့သည်။ ဦးသက္က အဆင်သင့်ပြင်ကာ ကျွန်တော်ကို စောင့်နေသည်မို့ ချက်ခြင်းပဲ ရေဆင်းတောင်ရှိရာသို့ ကျွန်တော်တို့ ခရီးထွက်ခဲ့ကြပါတော့သည်။

     ရေဆင်းတောင် ဆိုသည်မှာ ကျွန်တော်တို့ရွာရဲ့ အနောက်ဘက်ယွန်းယွန်း၌ တည်ရှိပြီး တောင်ပေါ်မှ နွေမိုးဆောင်း ရေများစီးကြနေသောကြောင့် ရေဆင်းတောင်လို့ ရှေးလူကြီးများက အမည်မှည့်ထားခဲ့ကြသည်။ ရေများမှာ ဘယ်ကထွက်မှန်းမသိပဲ နွေ၊မိုး၊ဆောင်း စီးကြမြဲဖြစ်လို့ တောင်ပေါ်တစ်နေရာ မြေကြီးထဲမှ ရေများ စိမ့်ထွက်နေသည်ကိုသာ တွေ့မြင်ကြရပြီး ရေထွက်သည့် အပေါက်ကိုတော့ မည်သူမျှ ရှာမရပေ။ ဤသို့သော သဘာဝလွန် ဖြစ်ရပ်တွေဟာ ဘာကြောင့်ဆိုသည်ကိုတော့ ကျွန်တော်လဲ ရှင်းမပြတတ်ပေ။

“..မောင်စောဟိန်း ..ခဏနားမယ်ကွာ…”

ဦးသက္ကလဲ အသက်အရွယ်ကြောင့် ထင်ပါရဲ့ မနက်ထဲက ထွက်လာခဲ့ကြတာ ယခု နေ့လည်နီးပါး ဖြစ်လာတဲ့အခါ နားဖို့ရာ ​ပြောသဖြင့် ကျွန်တော်လဲ အနီးအနားရှိ တညှင်းပင်ကြီးအောက် အိတ်ထဲမှ ခေါက်ထားသော ဖျာစလေးခင်းကာ အတူထိုင်ရင်း ထမင်းစားဖို့ ပြင်ရတော့သည်။

“ကဲ…စောဟိန်းရေ…ထမင်းလဲစား..ပတ်ဝန်းကျင်ကိုလဲ….သတိထား…သတိမပြတ်စေနဲ့ကွ…ဒီနေရာက…ရှေ့ဆက်သွားရင်…လူသူအရောက်ပေါက်နည်းပြီး…တောကပိုနက်လာတော့မှာ…သားကောင်ကြီးတွေက..အဲ့ဒီဘက်မှာ…ကျက်စားလေ့ရှိတယ်ကွ…”

“ဟုတ်ကဲ့ပါ…ဦးလေး”

ပါလာသော ထမင်းထုပ်လေးကို အတူစားကြပြီနောက် ဦးသက္က ကွမ်းတစ်ရာဝါးကာ ကျွန်တော်လဲ ဆေးပေါ့လိပ် တစ်လိပ်ဖွာရင်း ခဏတာ လှဲလျောင်းနေခဲ့ကြသည်။အနည်းငယ်မျှ နားပြီးနောက် ပစ္စည်းများယူကာ ခရီးထပ်ဆက်ခဲ့ကြပါတော့သည်။

တစ်နေကုန်အောင် ခရီးဆက်ခဲ့ကြပေမဲ့ ရေဆင်းတောင်နှင့် အတော်ပင်လှမ်းနေပါသေးသည်။ နေလဲညိုလာပြီဖြစ်၍ ဆရာတပည့်နှစ်ယောက် ညအိပ်စခန်းချရန် နေရာကောင်းကောင်း ရှာဖွေကြသည်။

“ဦးလေးရေ…ဒီမှာတွေပြီဗျ…”

ကြီးမားလှသော ကညင်ပင်ကြီး နှစ်ပင်မှာ တစ်ပင်နှင့်တစ်ပင် ၁၀ပေခန့်မျှသာ ကွာခြားပြီး ပေါက်ရောက်နေ၏ ထို့ကြောင့် ဤအပင်ကြီးများအပေါ်မှာ အသင့်ပါလာသော ပုခက်ဖြင့် ချိတ်ဆွဲပြီး ညအိပ်မှသာ သားကောင်ကြီးများရန်မှ ကင်းလွတ်ပေလိမ့်မည်။

“ကဲ…မောင်ဖိုးချစ်ရေ..ဒီနေရာ…အဆင်ပြေတယ်ကွ…ညကြတော့…အောက်မှာ..မီးဖိုပြီး…အိပ်ကြတာပေါ့ကွာ”

ထိုသို့ပြောကာ ကိုယ်စီအပင်များပေါ်သို့တတ်ခါ ပုခတ်များ ချိတ်ဆွဲလိုက်ကြပြီး မီးဖိုရခြင်းမှာ အလင်းရောင် ကောင်းကောင်းရခြင်း သာရဲကောင်များ မီးပုံမြင်ပါက အနားသို့ သိပ်မကပ်ဝံ့ကြခြင်းကြောင့်ပင် ဖြစ်သည်။ အချိန်ကလဲ တစစနဲ့ မှောင်လာခဲ့ပြီမို့ မီးဖိုကာ မီးပုံဘေး ညစာစားကြပြီး ပုခက်ထဲသို့ ပြန်တတ်ခဲ့ကြပါတော့သည်။
တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့်အမျှ တောနက်ကြီး၏ ပတ်ဝန်းကျင်သည်လဲ အမှောင်ကြီးစိုးလျှက် ညဥ့်ထွက်သည့် သတ္တဝါတို့၏ အသံများမှအပ မည်သည့် အသံမျှ မကြားရအောင် တိတ်ဆိဆ်လွန်းလှသည်။ တစ်နေကုန် ခရီးသွားခဲ့ရသည်မို့ ကျွန်တော်နဲ့ ဦးသက္ကလဲ ပင်ပန်းခြင်းကြောင့် အိပ်ပျော်သွားခဲ့ကြပါတော့သည်။

“ချလွင်….ချလွင်…ချလွင်…”

ကျွန်တော်နားထဲ ခြူသံများ စကားပြောသံများကို သဲ့သဲ့ ကြားလိုက်ရ၍ အသာခေါင်းထောင်ပြီး ကြည့်တဲ့အခါ။

“ဟင်…လူ…လူတွေပါလား..”

နွားလှည်းများဖြင့် ကျွန်တော်တို့အနားမှ ဖြတ်သန်းသွားနေကြပြီး ထူးခြားသည်က လှည်းပေါ်ပါ အမျိုးသမီးများမှာ ရှေးခတ်ပုံစံ ဝတ်စားဆင်ယင်မှု့မျိုး ဖြစ်နေ၏။လှည်းမောင်းတဲ့ လူကြီးများကတော့ ဆံပင်ကိုသျှောင်ထုံး ထုံးထားပြီး ပုဆိုးကို ခါးတောင်းကျိုက်ခါ ပေါင်မှာလဲ ထိုးကွင်းများက ထင်ထင်ရှားရှား မြင်နေလေသည်။

“….ဟေ့…လူလေး…မင်းဘာလုပ်နေတာလဲ…ငါတို့နဲ့တပါတည်း…လိုက်ခဲ့လေကွာ…လာ…ဆင်းလာခဲ့ချေ…”

သွားနေသော လှည်းတန်းရှည်ရဲ့ လှည်းတစ်စီး အပါ်မှ လူကြီးက ကျွန်တော်အား မြင်တွေ့သွား၍ ခေါ်နေခြင်းပင် ဖြစ်၏။

“…ဟုတ်…ဟုတ်ကဲ့ဗျ…”

ဘာရယ်ကြောင့်မှန်းမသိ ထိုလူကြီးခေါ်ရာသို့ ကျွန်တာ်လိုက်သွားဖို့ စိတ်ဖြစ်လာသည့်အတွက် ပုခက်ထဲမှ အောက်သို့ဆင်းရန် ဟန်ပြင်လိုက် စဥ်။

“..မသွားနဲ့လူလေး…မင်းအိပ်ပျော်နေတာကွ..ဆက်အိပ်လိုက်ပါ အောက်ကိုမဆင်းနဲ့”

ဘယ်ကမှန်းမသိသော အသံက ကျွန်တော်အားတားမြစ်နေခြင်းကြောင့် ကျွန်တာ်မသွားပဲ ပြန်လှဲလိုက်ပါသည်။

“ဟေ့…ဒါ..ငါစောင့်ရှောက်ထားတဲ့လူကွ…မင်းတို့တွေ…ငါဘာမှမလုပ်ခင်…သွားကြပေတော့”

အသံပိုင်ရှင်က ထို့သို့ပြောတဲ့အခါ လှည်းပေါ်မှလူများ ခေါင်းပင် မော်မကြည့်ဝံ့ပဲ တစ်ဖြေးဖြေး ပျောက်ကွယ်သွားကြတော့သည်။

“…မောင်စောဟိန်း…ထတော့ကွ…တောကြက်တွေတွန်နေပြီ…”

ဦးသက္က အပင်ပေါ်မှ လှမ်းခေါ်နှိုးတော့မှ ကျွန်တော် လန့်နိုးလာ၏ တောကြက်တွေတောင် တွန်နေကြပြီမို့ အောက်သို့ ကိုယ်စီဆင်းကာ ညက မီးဖိုထားတဲ့ နေရာလေးမှာပဲ မီးပြန်မွှေးပြီး ရေနွေးအိုးတစ်လုံးကို ဟန်းကောချိုင့်ဖြင့်တည်ကာ အစာပြေစာ စားကြပါသည်။ထိုနောက် ညက ကျွန်တော် မက်ခဲ့သော အိမ်မက်ကို ဦးသက္ကအား ပြန်ပြောပြတဲ့အခါ။

“…ငါသိတာပေါ့…မောင်စောဟိန်းရယ်…မင်းကို စောင့်ရှောက်နေတဲ့…အစောင့်အရှောက်က… မင်းအနားမှာရှိနေတာ…အတော်ကြာပြီကွ…. ငါစပြီး…သတိထားမိတာက..မင်းကို..သေပြီဆိုပြီး..ငါတို့ရွာပြန်ခေါ်ခဲ့တုန်းက…မသေပဲနဲ့…မင်းတစ်ခါပြန်ရှင်သန်လာတယ်…မဟုတ်လား… အေး….အဲ့ဒီမှာကတည်းက…ဦးလေးသတိထားမိတာပဲကွ..”
(ကျွန်တော်ရေးခဲ့သော ကျွန်တော်နှင့် သေရွာပြန်ဂူကြီး)မှ အိမ်ရောက်မှ မသေပဲ ပြန်ရှင်လာခြင်းကို ဦးသက္က ပြောနေခြင်းပင်ဖြစ်သည်။

“…အဲ့ဒါတော့ဟုတ်တယ်…ဦးလေး…”

ဦးသက္က ပြုံးလျှက်ဖြင့်။

“..ကဲ…ဒါဆိုရင်လဲ…ကံငါးပါးကို..အတတ်နိုင်ဆုံး…စောင့်ထိန်းပေါ့…လူလေးရာ…ကဲ…မိုးလဲလင်းပြီမို့…တို့တွေ…ခရီးဆက်ရအောင်ကွာ…”

ကျွန်တော်တို့ အထုပ်အပိုးများဟကိုယ်စီယူကာ ခရီးဆက်ခဲ့ပြန်သည်။ တစ်မနက်ခင်းလုံး မနားတမ်း ခရီးဆက်လာခဲ့ကြတာ နေ့လည်လောက်ရောက်တဲ့အခါ ရေဆင်းတောင်ကို လှမ်းမြင်နေရပါတော့သည်။

“…ကဲ..မောင်စောဟိန်းရေ…ဟိုးက..မြင်နေရတာ..ရေဆင်းတောင်ပဲကွ..”

ကျွန်တော်လဲ သေခြာကြည့်လိုက်သည်။ ဦးသက္ကဖြင့် တောထဲသို့ အကြိမ်ကြိမ် အမဲလိုက်ခဲ့ဖူးပေမဲ့ ရေဆင်းတောင်ကိုတော့ ကျွန်တော် တစ်ကြိမ်မျှ မရောက်မဘူးသေးပါ။

ကျွန်တော်တို့ ဆေးရိုးပင်ကြီးအောက် ခေတ္တထိုင်ကာ နေ့လည်စာ စားဖို့အတွက် လုပ်နေရင်း ရုတ်တရက်။

“..ဝေါင်း…”

“..ဟင်…”

ကျားဟိန်းသံအား အနီးကပ် ကြားလိုက်ကြ၍ ဦးသက္ကက အထုပ်အပိုးများကို ပြန်ထမ်းပြီး။

“…လူလေး…အထုပ်တွေအမြန်ယူကွ…ဒီကောင်ကြီးက..ငါတို့နဲ့..အတော်နီးတယ်…ခန့်မှန်းရသလောက်..ငါးတောင်အထက်မှာရှိလိမ့်မယ်…ကဲ.. မြန်မြန်သွားရအောင်..လူလေးရေ…”

ဦးသက္က ထိုသို့ပြောကာ ကျွန်တော်လက်ထဲသို့ စက္ကူအမာစားဖြင့် ပြုလုပ်ထားသော လူမျက်နှာသဏ္ဍာန် မျက်နှာဖုံးကို ကမ်းပေးလာသည်။ ကျွန်တော်ကလဲ ဦးသက္ကနှင့် အမဲလိုက်ခဲ့ဘူးသူဖို့ သဘောပေါက်လိုက်သည်။ ကျားများသည် လူတစ်ယာက်ကို မျက်နှာခြင်းဆိုင် ခုန်အုပ် အမဲလိုက်ခြင်းကို တော်ရုံဖြင့် မပြုလုပ်တတ်ကြပေ အနောက်မှ ခုန်အုပ်တတ်သောကြောင့် မျက်နှာဖုံးကို နောက်သို့လှည့်ကာ တပ်ထားလိုက်ကြသည်။ဒီလိုဆို ဘယ်ဘက်က ကြည့်ကြည့် မျက်နှာခြင်းဆိုင် ဖြစ်နေပေလိမ့်မည်။

        တောကောင်ရန်ကို ကြောက်၍ နေ့လည်စာ မစားကြပဲ ဗိုက်ဆာဆာနှင့် ခရီးဆက်လာခဲ့ကြတာ တစ်ဖြေးဖြေးနဲ့ ညနေစောင်းလို့ ရေဆင်းတောင်ခြေသို့ ရောက်ရှိခဲ့လာပါတော့သည်။

“ကဲ…မောင်စောဟိန်းရေ..တို့တွေ…ဒီညတော့…ဒီမှာပဲနားကြရအောင်…မနက်ကြမှ…ဒီနားတစ်ဝိုက်မှာ….တော်လှဲရွာကို…ရှာကြရမယ်ကွ…ဒီအနီးအနားမှာပဲ…ရှိလိမ့်မယ်…”

“ဟုတ်ကဲ့ပါ…ဦးလေး”

ဗိုက်ဆာဆာနဲ့ ပါလာသော ဆန်များကို ဟန်းကောချိုင့်ထဲသို့ထည့်၍ မီးမွှေးချက်ပြုတ်လိုက်ပြီး အိတ်ထဲမှာ အသားခြောက်လေး မီးဖုတ်ဆီဆမ်းပြီးသကာလ ခေါင်းမဖော်တမ်း စားလိုက်ကြပါတော့သည်။ စားသောက်ပြီးတဲ့အခါ မကြာမီ နေဝင်တော့မည်မို့ ထုံးစံအတိုင်းကျွန်တော်က နေရာရှာတဲ့အခါ ဦးသက္က လက်ကာပြလိုက်ပြီး။

“ဒီည….အပင်ပေါ်မှာ….မအိပ်ဘူး…
..မောင်စောဟိန်း…အောက်မှာပဲ..အိပ်ကြမယ်…”

ကျွန်တော်က နားမလည်သောကြောင့်။

“….ဟာ…ဦးလေးကလဲ…အောက်မှာ..တောကောင်ကြီးတွေ…လာလိမ့်မယ်ဆို…. ဦးလေးပဲမှာထားတာလေ…”

ဦးသက္က ပြုံးလျှက်ဖြင့် အိတ်ထဲမှ လက်ညိုး အရိုးလေးအားထုတ်ပြီးနောက်။

“…ဒီည..ဒီအရိုးပိုင်ရှင်..လာလိမ့်မယ်ကွ…သူနဲ့…ငါတို့တွေ့ကြရဦးမယ်…”

ဦးသက္က ထိုသို့ပြောတဲ့အခါ ကျွန်တော် ကျက်သီးမွှေးညှင်းများ အနည်းငယ်ထသွားပါသည်။ ဦးသက္ကကတော့ အနီးနားရှိ ဝါးပင်တစ်ပင်အား ခုတ်လှဲကာ ဆန်ကောတစ်ချပ်ကို ယက်လုပ်နေပါတာ့သည်။

“ဟုတ်….ဟုတ်ကဲ့….ဦးလေး…”

    ညသည် တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့် အမျှ ပို၍တိတ်ဆိတ်လာ၏။နားထဲ၌ ဘယ်ကကျမှန်းမသိသော ရေစီကျသံများ သဲ့သဲ့ကြားနေရသည်က သံစဥ်တစ်ပုဒ်ကို စည်းချက်ညီညီ တီးခတ်နေသည့်နယ်။

“မောင်စောဟိန်း…လူလေး…ထတော့..”

နားထဲ၌ ဦးသက္က၏ ခေါ်နှိုးသံကြောင့် ကျွန်တော် ထကြည့်လိုက်တဲ့အခါ သန်းခေါင်ယံအချိန်တောင် ရောက်နေပေါ့။

“ဘာ…ဘာဖြစ်လို့လဲ…ဦးလေး”

ဦးသက္က ဆန်ကောထဲသို့ ဆန်များကို လက်ဖြင့်ဆုပ်ကိုင်ထားပြီး တစ်ခုခုရွတ်ဆိုကာ ထည့်လိုက်သည်။

“…ကဲ….တောပိုင်တောင်ပိုင်များ…တော်လှဲရွာမှ မရင်ငြိမ်းရှိရာ….နေရာဌာနကို….လမ်းညွှန်ပေးကြပါခင်မျာ..”

ဦးသက္က စကားဆုံးသည်နှင့် ဆန်ကောထဲမှ ဆန်များ ထခုန်လာပြီး တစ်ဖြေးဖြေးနဲ့ ထောင့်စွန်းတစ်နေရာသို့ စုစည်း ရောက်ရှိသွားကြတဲ့အခါ။

“…ကဲ…လူလေးရေ…ငါတို့..ဒီဆန်မန်းညွှန်ရာဘက်ကို…..လိုက်ကြရအောင်…”

လရောင်အောက်မှာ ဆန်မန်းများကို ကျွန်တော် သိပ်မမြင်ရပေမဲ့ ဦးသက္ကကတော့ ထူးဆန်းစွာနဲ့ ကေင်းစွာမြင်နေရ၏။ ထိုကြောင့် ဦသက္ကခေါ်ရာသို့သာ ကျွန်တော် အသာလိုက်ခဲ့ပါသည်။
တစ်နေရာအရောက် ဆန်ကောထဲမှ ဆန်များသည် အရှေ့တည့်တည့်သို့ စုဝေးရောက်ရှိသွားကြပြီး မည်သည့်နေရာမျှ မရွေ့လျှားတော့ပေ ပတ်ဝန်းကျင်နားသို့ ကြည့်လိုက်ကြတဲ့အခါ  ခြုံနွယ်တွေကြား ထိုးထွက်နေတဲ့ သစ်တိုင်းအဟောင်း တစ်ခုကို ကျွန်တော် တွေလိုက်ရပါတော့သည်။

“….ဦးလေး…ဒီမှာကြည့်ဗျ…ဒါခြံစည်းရိုးလား..မသိဘူးဗျ”

ဦးသက္က အိတ်မှ ရေနံချေးထုပ်လေးကို ထုတ်ပြီး ပိတ်စဖြင့်ပတ်ထားသော သစ်ကိုင်းမှာ သုတ်လိမ်းကာ မီးညှိလိုက်၏။ မီးရောင်အောက်မှာမို့ ထင်ရှားစွာမြင်နေရသည့် ကျွန်းသားဖြင့် ပြုလုပ်ထားပြီး မီးအနည်းငယ်ကျွမ်းနေသော ဆိုင်းဘုတ်တိုင်ကြီးစီမှ စာတန်းအား ဖတ်လိုက်ကြသည်။

“တော်လှဲကျေးရွာ”

ကျွန်တော်တို့ ကြည့်နေကြစဥ်မှာပဲ ကျွန်တော်တို့အနားသို့ တိုးကပ်လာသော တောတိုးသံများအား ကြားလိုက်ကြရ၏။

“…ဟေ့…မောင်စောဟိန်း…ကြားလား…”

ဦးသက္က ကျွန်တော်အား ထို့သို့ပြောတဲ့အခါ ကျွန်တော်သေခြာ နားစွင့်ကြည့်လိုက်တော့။

“..ဟုတ်…ကြားတယ်ဦးလေး..”

လူတစ်ယောက် တောတိုးလာတဲ့အသံကို ကျွန်တော်တို့ နှစ်ယောက်လုံး ကောင်းစွာ ကြားနေရပါသည်။ ဦးသက္က ထိုင်နေရာမှ အသံလာရာစီသို့ ထသွားတော့ ကျွန်တော်လဲ မလှမ်းမကမ်းမှ ကပ်လိုက်သွားပါသည်။

“…ဟာ…ဘာ….ဘာတွေလဲ…”

သစ်ရိပ်များနှင့် လွတ်သော မြေကွက်လပ် တစ်ခုအနားရောက်တော့ ရေနံကုန်စပြုပြီဖြစ်တဲ့ မီးတုတ်ရဲ့ အလင်းရောင်အောက်မှာ လူလား တစ္ဆေလားမသိ သုံးယောက်ခန့် မတ်တတ်ရပ်ခါ ဦးသက္ကအား စောင့်နေသည်ထင်၏။
ဦးသက္က ကျွန်တော်အား အနောက်မှာ နေခဲ့ရန် လက်ကာပြလိုက်ပြီး ရှေ့သို့ တိုးသွားပါသည်။မြင်နေသူ ကျွန်တော်ကတော့ ရင်တစ်မမဖြင့်သာ ကြည့်နေရ၏။

“…ဟေ့…မင်းတို့…ဘယ်သူတွေလဲ…”

“…ကျွန်ုပ်တို့က…ဒီတောနဲ့ဒီတောင်ကို…အပိုင်စားရထားတဲ့…တောပိုင်တောင်ပိုင်တွေပဲ…သင့်တို့ရှာနေတဲ့…မရင်ငြိမ်းကို..မြေမြုပ်တဲ့နေရာ…ကူရှာပေးဖို့…ဘဘုန်းက..လွှတ်လိုက်တာ”

ဒီတော့မှ ကျွန်တော် နည်းနည်း စိတ်အေးသွားရတော့တယ်။ထိုနောက် ဦးသက္က ဆက်ပြော သည်။

“ကာယကံရှင်…မိန်းကလေးရော…ပါလာလား…”

ဦးသက္က စကားဆုံးသည်နှင့် ထိုလေးယောက်ထဲမှ နောက်ဆုံးက တစ်ယောက် အရှေ့သို့ ထွက်လာပြီး။

“..ကျွန်…ကျွန်မက..ကာယကံရှင်ပါပဲ…”

ကျွန်တော် သေခြာကြည့်လိုက်တော့ လရောင်နဲ့မို့ မျက်နှာကို သဲသဲကွဲကွဲ သိပ်မမြင်ရပေမဲ့ ကိုယ်ဟန်အနေအထားကျော့ရှင်းပြီး ကြည့်ကောင်းတဲ့ အနေအထားပါပဲ။

“…ကဲ….ဒါဆိုရင်..ဒီလိုလုပ်…မနက်ဖြန်မှ..ကျုပ်တို့တွေ..အဲ့ဒီနေရာကို…သွားရှာရအောင်…ညဘက်…အန္တရာယ်များလှတယ်”

ဦးသက္က ထိုသို့ပြောသောအခါ တောပိုင်တောင်ပိုင်များက ရယ်မောလျှက်။

“…ဟား….ဟား…ဟား….ကျွန်ုပ်တို့ …ဒီတောနဲ့ဒီတောင်ကို…အပိုင်စားရထားတဲ့သူတွေပါ…ကျွန်ုပ်တို့ကို…အန္တရာယ်ပေးဝံ့သူ..ရှိမတဲ့လား..သင်တို့ရှာနေတဲ့…တော်လှဲရွာက..တောမီးသင့်လို့…ပျက်သွားတာကြာခဲ့ပြီ…ကျွန်ုပ်တို့ပါမှ..သင်တို့ရှာတွေ့နိုင်မယ်..”

နောက်တစ်ယောက်ကလဲ။

“…ကဲ…အသင်တို့…ကျွန်ုပ်တို့နောက်မှ…လိုက်ခဲ့ကြပါ..အချိန်မရှိတော့ဘူး…ကျွန်ုပ်တို့မှာ…အခြားသော..ကိစ္စတွေရှိသေးတယ်”

ဦးသက္က ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက်။

“ကဲ….လူလေးရေ…တို့တွေ…ဒီညပဲ…လှုပ်ရှားကြရအောင်ကွာ…”

ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး ထိုသူများနောက်မှ ကပ်လိုက်သွားခဲ့သည်။ ရွာထဲသို့ ဝင်သွားကြတယ် ဆိုပေမဲ့ မည်သည့် အဆောက်အဦးမျှ မတွေ့ရပဲ ဖုန်းဆိုးမြေကြီး သက်သက်ဖြစ်နေသည် အတော်ထူးခြားလှသည်။

“…ဟေ့…အားလုံးနောက်ဆုတ်ကြစမ်း…ဒါ…ငါခေါလာတဲ့ဧည့်သည်တွေ….အနှောင့်အယှက်ပေးမိရင်…မင်းတို့အားလုံး…လောင်မီးကြသွားမယ်”

ကျွန်တော်တို့သွားရာလမ်းမှာ မည်းမည်းသဏ္ဍာန်များ ကပ်ပါလာသဖြင့် အရှေ့မှသွားနေသော တောပိုင်တောင်ပိုင်များက ထိုသို့ပြောလိုက်ခြင်းဖြစ်၏။ထူးခြားသည်က ထိုအရာများသည် ချက်ခြင်းဆိုသလို တိုးဝင်ပျောက်ကွယ် သွားကြလေသည်။

“…ရောက်ပြီ…ဒီနေရာပဲ…မြန်မြန်တူးကြပေတော့…”

သူတို့ ညွှန်ပြရာနေရာသို့ ပါလာသော ဓါးရှည်ဖြင့် ကျွန်တော်အရင် စပြီးတူးပါတော့သည်။ ဓားနှင့်တူးရသည်မို့ တော်တော်နှင့် အောက်မရောက်နိုင်သေးပေ သည်တော့မှ ထိုတောပိုင်တောင်များက မြေကြီးအား လက်နဲ့ပုတ်လိုက်တဲ့အခါ မြေကြီးအောက်မှ ကျွန်းသားဖြင့် ပြုလုပ်ထားသော အခေါင်းတလားကြီးတစ်လုံးတိုးထွက်လာပါတော့သည်။

“ကဲ..မြန်မြန်ဖွင့်ကွ..အာရုံဏ်တတ်တော့မယ်”

ဒီတစ်ခါတော့ ဦးသက္က အခေါင်းအံဖုံးအား ဓားဖြင့် ကလော်ဖွင့်လိုက်တော့သည်။အထဲ၌ အရိုးများပင် ကြွေကြလုဖြစ်နေသော လူအရိုးစုတစ်ခုအား တွေ့မြင်လိုက်ရ၏။

“…ကဲ…ပါလာတဲ့အရိုးကိုထည့်ပါ….ပြီးရင်အားလုံးပေါင်းပြီး…မီးသင်္ဂြိုလ်လိုက်ပါတော့…”

ဦးသက္က အတိတ်ထဲမှ အရိုးထုတ်လေးအား ထုတ်ကာ အခေါင်းကြီးထဲသို့ထည့်ပြီး ရေနံများဖြင့် မီးသင်္ဂြိုလ်လိုက်ပါတော့သည်။

“အဟင့်….ဟင့်….ဟင့်….”

မရင်ငြိမ်းဆိုသော အမျိုးသမီးထံမှ ရှိုက်သံထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

“…ကျေး…ကျေးဇူးတင်ပါတယ်…ဆရာကြီးတို့ရယ်…ကျွန်…ကျွန်မ…ပြန်လမ်းမဲ့နေခဲ့တာ..ကြာပါပြီရှင်…ဆရာကြီးတို့..တောပိုင်တောင်ပိုင်ကြီးတို့ရဲ့…ကူညီဖေးမမှု့ကြောင့်သာ…ကျွန်မဘဝ…အခုလို..လွတ်မြောက်ခွင့်ရခဲ့တာပါ…အားလုံးကို..ကန်တော့ပါရစေ…အဟင့်…ဟင့်…”

မရင်ငြိမ်းဆိုသူသည် ကျွန်တော်တို့ အားလုံးအား ကန်တော့ပြီးနောက်။တောပိုင်တောင်ပိုင်ကြီးများက။

“..ကဲ…ကိစ္စတွေအားလုံးပြီးရင်…ကျွန်ုပ်တို့လဲ..သွားရတော့မယ်…မရင်ငြိမ်း..သမီး..လာ.. လိုက်ခဲ့…သမီးအတွက်..သင့်တော်ရာကို..ပို့ဆောင်ပေးမယ်..”

ဦးသက္ကနှင့်ကျွန်တော်အား နှုတ်ဆက်ခါ သူတို့တွေ တောလမ်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။ အာရုံဏ်ကလဲ တတ်ပြီမို့ ဦးသက္ကနှင့်ကျွန်တော် ရွာသို့သာ ဦးတည်ခရီးဆက်ခဲ့ကြပါတာ့သည်။

     ရွာသို့ ချောချောမွေ့မွေ့ ပြန်ရောက်ကြပြီး သကာလ။ ဦးသက္ကအိမ်သို့ ကျွန်တော် ဆက်သားခြောက်လေး နည်းနည်းရတာနဲ့ သွားပို့ခဲ့သည်။

“ကဲ…ဦးလေး…အားလုံးလဲပြီးပြီဆိုတော့…ဦးလေးလဲ…အေးဆေးနားပေါ့ဗျာ…ကျွန်တော်လဲ…မြို့တတ်ပြီး…ယာခင်းအတွက်..လိုအပ်တာလေးတွေ…ဝယ်ဦးမယ်ဗျို့…”

ကျွန်တော်စကားဆုံးတော့ ဦသက္က ပြုံးလျှက်ဖြင့်။

“မပြီးသေးဘူး…လူလေးရေ..”

ကျွန်တော် နားမလည်သဖြင့်။

“ဘာဖြစ်ပြန်ပြီလဲ..ဦးလေးရဲ့..”

“…အေး..ဒီလိုကွ…တို့ရွာနောက်ဘက်မှာ…စုန်းတိုက်ခံရတဲ့”မနှင်းလှ”ဆုံးပြီတဲ့ကွ”

“သနားပါတယ်…ဦးလေးရယ်…အရီးလေးက…သိပ်သဘောကောင်းတာဗျ”

ဦးသက္က ကွမ်းတစ်ယာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက်။

“အေး…အဲ့ဒီထက်ပိုထူးဆန်းနေတာက…မနှင်းလှရဲ့အလောင်း…ပျောက်နေတာ..နှစ်ရက်ရှိပြီတဲ့ကွ…”

“မြတ်စွာဘုရား”။

ဆက်လက်ကြိုးစားပါဦးမည်။

ဤစာမူအပေါ် ခံစားချက်လေး အောက်မှာ မန့်ခဲ့ပေးပါဦးဗျ စာဖတ်သူရဲ့စကားက ကျွန်တော်အတွက်တော့ “အား”ပါပဲ။🙏

ပြီးပါပြီ။

ကျွန်တော်ရဲ့ နောက်ထွက်လာမဲ့ စာမူအမည်ကတော့”ကျွန်တော်နှင့်အလောင်းရှာပုံတော်”ပဲဖြစ်ပါတယ် စောင့်မျှော်အားပေးကြပါဦး။🙏

#လေလွင့်လူ(တွံတေး)3.11.2023✍️