လိပ်ပြာကွဲတဲ့ည

လာခဲ့တယ် ဝေယံတစ်
ယောက် အလုပ်တွေမနားမနေ လုပ်နေရင်း
တစ်ဖက်က ဇနီးသည်အပေါ်လဲ ဂရုစိုက်
ကာ သဲသဲလှုပ်လှုပ်ရသည်…….
ဟေ့ကောင် ဝေကြီး..သူငယ်ချင်းလဲဖြစ် လုပ်
ဖော်ကိုင်ဖက်လဲ ဖြစ်သော မောင်စိုး ၏ပြာပြာ
သလဲ ခေါ်သံကြောင့် လုပ်လက်စ အုတ်စီ
နေရာက ..”မောင်စိုးဘာတုန်းဟ…”အေး
မင်းမိန်းမ…ဗိုက်နာလို့တဲ့ဟ..ငါ့ကိုခေါ်ခိုင်း
လိုက်တာ..မင်းအဲ့ဒါတွေထားခဲ့…အမြန်လာ
အေး..ဒါဆိုအမြန်သွားရအောင်..မောင်စိုးရေ
မောင်စိုး ဆိုင်ကယ်လေးဖြင့် အိမ်ကို
အပြေးပြန်လာခဲ့သည် အိမ်ထဲမှာလူအနည်း
ငယ် ရောက်ရှိနေကြပြီး လက်သည် ဖြစ်တဲ့
ဒေါ်စိန်လဲ အိမ်ခန်းထဲမယ် အကြိတ်အနယ်
မွေးပေးနေ၏…ဇနီးသည်ဖြစ်သူ၏ အော်ဟစ်
ညည်းညူသံကြားရတော့ ဝေယံ စိတ်ထဲ
စိုးရိမ်ပူပန်မှု့က ကြီးစိုးနေလေသည်…..
”ဒေါ်စိန်…ကျုပ်မိန်းမ..အဆင်မပြေရင်..ဆေးရုံ
သွားမယ်ဗျာ..ဟဲ့..နင့်မိန်းမက..ဆေးရုံမ
ရောက်တော့ဘူးဟဲ့…မွေးနေပြီ..နင်အသာ
နေစမ်းပါ..ငါလုပ်ပေးနေပါတယ်”ဒေါ်စိန်က
စိတ်မရှည်ဟန်ဖြင့် အိမ်ခန်းထဲမှ လှမ်းအော်ခြင်း
ဖြစ်သည် ”ဝေကြီးရာ….မင်းကလဲစိတ်အေးအေး
ထားပါကွ..မွေးတော့မှာပါ..အေးပါ..မောင်စိုး
ရာ ငါလဲငါ့မိန်းမ…. တစ်ခုခုဖြစ်မှာစိုးလို့ပါကွာ…
ထိုအခိုက်….”ဟာမွေးပြီဟေ့….ယောက်ျားလေး
ဟ…ဝမ်းသာလွန်းလို့ အိမ်ပေါ်သို့ ပြေးအတတ်
ဟဲ့..ဝေယံ နင်ဘယ်လိုဖြစ်နေတာလဲ…ဒီမှာ
မပြီးသေးဘူး…ဝင်မလာနဲ့ဦး…ဟာဒေါ်စိန်ကလ
ဗျာ…ကျုပ်သားမျက်နှာ…ကြည့်ချင်လှပြီဗျ..
ပြီးရင်ကြည့်ရမယ်…ခဏစောင့်…ဒေါ်စိန်..ကျုပ်
မိန်းမရော..နေကောင်းရဲ့လားဗျ..ကောင်းပါတယ်
ဟ….ပင်ပန်းသွားတော့..ခဏမှိန်းနေတယ်..
နင်..အပြင်ထွက်ပါဟ…ဟုတ်ကဲ့ပါဗျာ…..ဟေ့
မောင်စိုး….ငါ့မိန်းမမွေးပြီကွ..ယောက်ျားလေး
တဲ့ကွ…အေးပါကွာ…ငါလဲဝမ်းသာပါတယ်ကွ
ထိုနေ့က ကြည်နူးလွန်းလို့ အရာအားလုံးမေ့
နေခဲ့သည်မှာ အမှန်ပင်….
သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးထဲကို
ကံကြမ္မာဆိုးတွေ ဝင်ရောက်လာခဲ့ပါတယ် ကံ
ကြမ္မာက အကြာကြီးပျော်ခွင့်မပေးခဲ့ ယမင်း
တစ်ယောက် တစ်ရှောင်ရှောင် ဖြစ်လာခဲ့သည်
ကလေးကလဲ ၁၀ရက်ကျော်လေးပဲ ရသေးတော့
ဝေယံတစ်ယောက် အတော်ကို ဒုက္ခရောက်ရပါ
သည် မိန်းမ ဗိုက်ထဲ အချင်းကျန်ခဲ့တာလိုလို
သိုက်ကလာတာ လိုလိုနဲ့ဆေးရုံဆေးခန်းတွေ
လဲ စုံလှပြီ မသက်သာပဲ ပိုပိုဆိုးလာခဲ့သည်
ထို့နေ့ သူစကားတွေပြောနေခဲ့သည် ”မောင်”
ပြောလေ…. မိန်းမ…ယမင်းမရှိတော့ရင်..သား
လေးကို မောင်သေသေချာချာ…ပြုစုစောင့်
ရှောက်ပါနော်…..မိန်းမရယ်…မောင်ရှိပါတယ်
ဘာမှမဖြစ်စေရဘူးနော်…အဲ့လိုတွေ…မပြော
ပါနဲ့….တစ်ဖက်လှည့်ပြီး ဆန်ပြုတ်များ..ထည့်
ရင်း….တစ်သွင်သွင်..စီးကျနေသောမျက်ရည်
များ..သူမြင်လို့မဖြစ်…မသိမသာ..အင်္ကျီ
လက်မောင်းစဖြင့် သုတ်ရင် အပြုံးနဲ့ ဆန်ပြုတ်
တိုက်ဖို့လုပ်သည်…”မောင်..မငိုပါနဲ့နော်…
သူမ..မျက်ရည်များ စီးကျလျှက် ကျွန်တော်ကို
မငိုဖို့ ပြောနေသည် ကျွန်တော်ငိုနေတာကို
သူမ သိနေပြီတဲ့းဗျာ……
ဒီနေ့ ဆရာရဲ့ သူဋ္ဌေးအိမ်က ရေချိုးခန်း
ကြွေပြားကပ်နေရသည် ဘာရယ်ကြောင့်မှန်း
မသိ စိတ်ထဲလေးလံနေမိသည် ညနေ၂နာရီ
လောက်မှာ အပြီးသတ်သွားပြီဖြစ်၍ ပစ္စည်းများ
ထည့်ကာ အိမ်ပြန်လာခဲ့တော့သည်…….
အိမ်အနားအရောက် အိမ်ရှေ့ခြံစည်းရိုးများ
အရက်သမား အောင်ကြီးတို့တစ်စု ရိုတ်ဖျတ်
နေကြသည် ”ဟေ့ကောင်အောင်ကြီး”မင်းတို့
အဲ့ဒါဘာလုပ်တာလဲကွ…..ငြိုးငယ်သောမျက်နှာ
များဖြင့် ကျွန်တော်အား ငေးကြည့်နေကြသည်
အိမ်ထဲမှာလဲ လူများစုရုံးလျှက် ငိုသူကငို ရင်ထဲ
စိုးထိတ်သွားသည်….မိန်းမ…ငါ့မိန်းမ..အိမ်ပေါ်
သို့….ပြေးတတ်သွားစဉ် ဆီးကြိုနေသည့် မြင်
ကွင်းကား ကျွန်တော့် ရင်တွေ ကွဲကြေရပါပြီ….
သန်ခေါင်စင်ပေါ်၌ ငြိမ်သက်နေသည့် ယမင်း
တွေတွေကြီး ကြည့်ရင်း အသံမထွက်နိုင်တော့
မျက်ရည်တို့ တလိမ့်လိမ့် စီးကျလျှက် သက်မဲ့
နေသလို ”သူငယ်ချင်း” မင်းအားရအောင် ငိုချ
လိုက်နော်…သူငယ်ချင်း…မောင်းစိုး၏ တိုက်
တွန်းမှု့ကြောင့် မိန်းမဘေး၌ ဒူးထောက်ကျ
လျှက်….မိန်းမရယ်…မင်း..မောင်ပြန်အလာကို
စောင့်ပါဦးလားကွာ…မောင်…မင်းကိုသိပ့်ချစ်တာ
ရက်သား ကလေး၏ငိုသံကြောင့် ရင်ထဲပို၍
ဆို့နင့်ရသည်…..မောင်တို့သားလေးနဲ့ မောင့်ကို
မင်း ထားခဲ့နိုင်ပြီတဲ့လား မင်းမတရားဘူးကွာ…..
ဘေးမှ မောင်စိုးနဲ့ ရွာထဲမှ လူကြီးများမှာလဲ
မျက်ရည် မဆည်နိုင်ဖြစ်ရသည် …….
ရွာထဲမှ ဆွေမျိုးများနဲ့ တရွာထဲသားချင်း
များရဲ့ အကူအညီနဲ့ သုံးရက်မြောက်ပြီမို့ ဒီနေ့
မြေချဖို့ အစီအစဉ်လုပ်နေပြီး ကလေးအတွက်
လူကြီးသူမများမှ ”လိပ်ပြာခွဲ”ဖို့ဆိုပြီး နတ်ဝင်
သည် ဒေါ်သန်အေးလဲ ခေါ်ဆောင်ထားကြသည်
”ကဲ…ကဲ အားလုံးပဲ…လိပ်ပြာခွဲတော့မယ်…
မောင်ဝေယံ…ဒီနားလာ..ဦးညွန့်မောင်တို့လင်
မယား..ဒီနားမှာထိုင်…ယမင်း၏မိဘများဖြစ်ကြ
သော..ဦးညွှန့်မောင်တို့လဲ..ဝင်ထိုင်ရင်း…..
ယမင်းအလောင်းပေါ်၌ ချိန်ခွင်ကိုကိုင်လျှက်
ချိန်ခွင်တစ်ဘက်စီ၌ ဂွမ်းအနည်းငယ်ထည့်ထား
ပြီး နတ်ကတော် ဒေါ်သန်းအေးမှာ ပြောစရာ
ရှိတာများပြောကြားပြီးနောက်… ”ကဲသမီးလေး
ယမင်းရေ…ဒီဘက်ကသမီးဘက်…ဒီဘက်က
သမီးရဲ့သားလေးကို ယူရမဲ့ဘက်ပဲ”ကဲ….
သမီးယောက်ျားကိုကလေး ပေးမှာလား….
ချိန်ခွင်မှာ ယိမ်းထိုးလျှက် သူ့ဘက်သို့ ပြန်ဆွဲ
နေလေသည်…မိန်းမရယ်…မောင် သားလေးကို
မောင်စောင့်ရှောက်နိုင်ပါတယ်..အဲ့လိုမလုပ်ပါနဲ့
ကွာ….ငိုရင်းပြောတော့… ယောက္ခမလင်မယား
လဲ မျက်ရည်မတည်နိုင်တော့……ချိန်ခွင်မှာ သူ့
ဘက်သို့သာမြဲပါပဲ….အနောက်မှ သိုင်းဖက်လျှက်
ဝေကြီး…သူငယ်ချင်း..မင်းစိတ်ထိန်းလေကွာ
မောင်စိုး…ငါသားလေးကိုငါအရမ်းချစ်တာပါကွာ
အေးပါကွာ သူဘယ်သူ့ကိုပေးမလဲကြည့်ရအောင်
စိတ်ထိန်းထားပါဦးကွာ…မောင်စိုးမျက်ရည်များ
ဖြင့်တားရှာသည်…”ကဲသမီးရေ..ဒါဆို..သမီးရဲ့
မိဘတွေကို ပေးမှာလား…ချိန်ခွင်မှာ သာထိုးလျှက်
သူမိဘတွေ ဘက်သို့ အလေးသာကျသွားခဲ့ပြီ…
မိန်းမရယ်…မောင့်ကိုဘာလို့ မပေးရတာလဲကွာ
ငြိမ်သက်နေသော ယမင်း၏ ရုပ်အလောင်းနဲ့
ရင်ဘက်ပေါ်က ချိန်ခွင် ရှိုက်ကြီးတငင် ငိုကြွေး
နေသော ကျွန်တော် ရက်သားအရွယ် ကလေး
လေးက မိခင်အနားမှာ အမေ့နို့ရည် မသောက်
စို့ရတဲ့သူ့ဘဝ မိခင်က သေဆုံးပြီဖြစ်သည်ကို
သူ့မသိရှာ ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီး
မှာလဲ မျက်ရည်များ ကိုယ်ဆီ ရွှဲလျှက်……
ယမင်းဆုံးပြီး ရက်လည်ပြီးသွားတဲ့နောက်မှာ
ကျွန်တော် အိမ်မက် မက်ခဲ့သည် အိမ်မက်ထဲမှာ
ယမင်း ကျွန်တော်အနားကို ရေများစိုရွှဲလျှက်
လာထိုင်ပြီး…”မောင်…မောင့်ကို ကလေးမပေးလို့
ယမင်းကို စိတ်မနာပါနဲ့နော်..မောင်က..ငယ်
ငယ်ပဲရှိသေးတာ နောက်အိမ်ထောင်နဲ့ အချစ်သစ်
ကိုရှာပါ…ယမင်းကိုချစ်တဲ့စိတ်နဲ့… ကိုယ့်ကိုကိုယ်
ဒုက္ခမရှာပါနဲ့…မောင့်ကို ယမင်းအရမ်းချစ်တယ်
နော်…သူမတစ်ဖြေးဖြေးပျောက်ကွယ်သွားသည်
ယမင်း..ယမင်း…ရုတ်တရက် လန့်နိုးသွားပြီး
အံ့သြစရာက ခုဏ ယမင်းထိုင်သွားသော နေရာ
မှာ ရေများစိုရွှဲလျှက် ရှိသည်ကိုတွေ့ရခြင်းပင်
ဖြစ်သည်..ယမင်းရယ်..မောင့်ကိုအရမ်းချစ်တာ
တဲ့လား…အိမ်မက်လား တစ်ကယ်လားတော့
မသိတော့ပါဘူးလေ…..ထိုနောက်ပိုင်း ကြားရ
ပါတယ် ကလေးပုခက်ကိုလာလွှဲတာတို့ ကလေး
.ကိုမြှူနေတာတို့ တစ်ကယ်လား ယုံတမ်းလားတော့
စာဖတ် ပရိသတ် ပဲတွေးကြည့်ဖို့ တိုက်တွန်းရင်း….
(လေးစားစွာဖြင့်)-လေလွင်လူ(တွံတေး)