ထက် ပိုချမ်းသာလာကြပြီး ထက်ထက်မိုးဦး ကြော်ငြာထဲကလို ရတနာစိန်ကျောက် ဇယ်တောက်တိုင်း ကစားရအောင်ဆိုပြီး လုပ်နေကြပြီအေ့။ အဝေးကြီး မကြည့်နဲ့ ရွှေစျေး ဆယ်သိန်း ဆယ့်နှစ်သိန်း လောက်တုန်းက သူ စု စုပြီး လုပ်ထားခဲ့တဲ့ ရွှေစလေးတွေကို အခုလို အချိန်မှာ ထုတ်ရောင်းပြီး နေ့ချင်းညချင်း တိုက်ဆောက် လင်ယူပြီး သူဌေးမကြီးဘဝကို ခံယူလိုက်တဲ့ ညည်းချစ်သူကို လုယူသွားတဲ့ မုဆိုးမ မိန်းမလည် မတင်မြိုင်ကို ကြည့်ပါလား။ တကတည်း စိုင်ကော်လို့ ခြုံပေါ်ရောက်တာကို ဒင်း ဖြစ်ပျက်နေပုံများက မိုးမမြင် လေမမြင်ရယ်။” ...

။ ထိုသို့ကြားမှအရက်ဖိုးမပေးခဲ့လျှင် လင်မယားနှစ်ယောက် ရန်တွေဖြစ်… ရိုက်ကြနှက်ကြဖြင့် သူကြီးအိမ်သို့ပင်ရောက်ခဲ့ကြရသေး၏။ “ဟဲ့အကောင်ဗလ…” “ခင်ဗျာ…သူကြီး” “မင်းကအလုပ်မရှိအကိုင်မရှိနဲ့… မိန်းမလုပ်စာထိုင်စားနေရတာကို မရှက်ဘူးလားကွ” “မရှက်ပါဘူးဗျာ…သူကြိုက်လို့ကျုပ်ကိုယူတာလေ ကျုပ်အရက်ဖိုးတော့သူပေးရမှာပေါ့” “တယ်…ဒီခွေးကောင် ခွေးစကားပြောတယ်… ဒီမှာဗလ မင်းက အရက်ကလေးသောက်လိုက် မိန်းမကိုရန်ရှာဆဲဆိုလိုက်နဲ့နောက်ဆုံး ငါ့အိမ်ကိုရောက်လာတော့တာပဲ… ဘာလဲငါ့ထိပ်တုံးကိုမင်းအပိုင်လို့များထင်နေတာလားကွ ဟေ” “ဟာဗျာ…သူကြီးကလည်း ကျုပ်ကထိပ်တုံးကြီးဘာလုပ်ရမှာတုန်း” “အေး…ဘာမှမလုပ်ရဘူး…ကဲ…မိမြင့်ညည်းပြန်ချေတော့… ဒီအကောင်ကိုဗလကိုဒီညထိပ်တုံးခတ်ထားမယ်… သွား…သွား…” မမြင့်တစ်ယောက်ကိုဗလကိုမျက်စောင်းထိုး၍ ထွက်သွားတော့သည်။ ထိပ်တုံးခတ်ခံထိသောကိုဗလမှာတော့… “အမယ်…မသာမက…ဟင်း…ငါနော်…ငါ…ငါ….” ဟု…ဒေါသကိုချုပ်ထိန်းထားရဟန်ဖြင့်ပြောလေသည်။ ထိုသို့သူကြီးအိမ်ခဏခဏရောက်သော အရက်ဂျိုးကိုဗလတစ်ယောက်၏ကံကြမ္မာသည် ပြောင်းလဲလာခဲ့၏။ယခင်အရက်လေးတမျှမျှသောက် ရွာထဲမူးမူးရူးရူးသွားလာနေသောကိုဗလတစ်ယောက်အိမ်၌ ငြိမ်ချက်သားကောင်းလာခဲ့သည်။ “အမယ်လေး…မမြင့်ရဲ့…ငါကိုကယ်ပါဦးဟ… အင်း…ဟင်း…ဟင်း…….” ဟုအော်ဟစ်၍ ...

ကျွေးရတာတဲ့” “ဟေ…စားလှချည်လားကွ ဒီသရဲက…” “ဟုတ်ပဗျာ၊ အဲဒါ ဘယ်လိုအချိန်မှာ ကျွေး ခိုင်းတယ် ထင်တုံး” “ဘယ်လိုအချိန် ကျွေးရတာတုံးကွ” “ဒီတစ်ဝိုက်က ရွာတစ်ရွာမှာ အမဲသားပေါ် တဲ့ အခါတဲ့ဗျား” “ဟေ…ဒီသရဲက ဘယ်လိုများသိတုံး” “ဘယ်လိုသိလဲတော့ မပြောတတ်ဘူး၊ ကို ကြီးတာတေရေ၊ သိတာတော့ လွှတ်သိတာ ဗျို့။ မီးလောင်ကုန်းက ဘယ်သူတွေ အမဲ ပေါ်မယ်၊ ငါ့ကို လေးပိဿာကျွေး၊ ငွေတွင်း ကုန်းက ဘယ်သူတွေ အမဲပေါ်မယ်၊ ငါ့ကို သုံးပိဿာဝယ်ကျွေးဆိုပြီး ဝင်ပူးပြောတာ တဲ့ဗျ၊ ပြီးရင် ...

ရောက်တော့ နစ်တာပဲ ဝဲမိတယ် ထင်တယ်ကွ ငါတို့တောင် ပင်းထဲက ဝဲကို မနည်း ရုန်းနေရတာ ဒီကလေး ဘယ်ရုန်းနိုင် မှာလဲ “     ရွာသားများ စိတ်မကောင်းဖြစ်စွာ နှင့် ကိုပြုံးအကြောင်းကို ပြောနေကြသည် ၊ မောင်ဘိုးထင်သည် ဖိုးထွေးတို့နှင့် ခွဲ ထွက်လိုက်ပြီး ချောင်း လေးတလျောက်  တယောက်တည်း လမ်းလျှောက်နေသည် ထိုအချိန် သူ၏ နောက်‌ေကျာကို တယောက်‌‌ေယာက် လက်နှင့် လာပုတ်ပြီး     “ဘိုးထင် ဟေ့ဘိုးထင်”     ခေါ်သံပါကြားရ၍ မောင်ဘင်းထင် ...

သုံးလေးရက်ရှိနေချေပြီ။ ” ဒီကျီးကန်းတွေနှယ်….ငါတို့ရွာထက်ဝဲပြီး အော်နေတာသုံးလေးရက်ရှိပြီ….ရွာထဲကတစ်ယောက်ယောက်တော့ သေရဦးမယ်ထင်တယ်….” ဦးဖေက ရွာအထက်ဝဲပျံနေသော ကျီးကန်းကိုကြည့်ပြီး နိမိတ်ကောက်နေခြင်းဖြစ်သည်။ ဤအရပ်သည် ရွာအထက်သို့ကျီးကန်းဝဲပျံလျှင် ရွာထဲရှိလူတစ်ယောက်ယောက် သေကြေရမည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ ရုတ်တရက်လေနီကြမ်းတိုက်လျှင် ရွာ၌ဘေးတစ်ခုခုကျရောက်မည့် ရှေ့ပြေးနိမိတ်ဖြစ်၏။ ဦးဖေက အကြမ်းရည်သောက်ရင်း တစ်ခုခုကိုလေးနက်စွာတွေးတောနေမိသည်။ ” ဗျို့…သူကြီးရေ.. သူကြီး…” ” ရှိတယ်ဟေ့…ဝင်လာခဲ့….” အပြင်မှအသံပြုသောလူက ဦးဖေရှိရာအိမ်ဝိုင်းထဲသို့ဝင်လာခဲ့၏။ ” ဖိုးဖြူ…. ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာတုန်းကွ….” ” သူကြီးကိုလူပျောက်တိုင်မလို့ဗျ…” ” ဟေ….ဘယ်သူပျောက်လို့လဲကွ…” ” ရွာအနောက်ပိုင်းက ကိုသာအေးရဲ့မိန်းမ မဘုတ်ဆုံပျောက်သွားလို့သူကြီးရဲ့….” ” ဟေ…ဘုတ်ဆုံက ...

ထိတ်လန့်တကြားဖြစ်ကုန်ကြ တော့၏။ ”…ဟာ…ကြံကြီးစီရာလှမောင်ရာ …မဖြစ်ဘူး……မဖြစ်ဘူးတခြားနေရာစဉ်းစားပါလှမောင်ရာ ဂူတောင်ကန်တောင်တော့ မလုပ်ပါနဲ့…” အားလုံးထိတ်လန့်တကြား တညီတညွတ်ဖြင့် လှမောင်ကိုဝိုင်း၀န်းတားမြစ်ကြခြင်းဖြစ်သည်။ ”…တခြားနေရာကလည်း မရှိသလောက်ဖြစ်နေပြီ လေကွာ … နောက်ပြီးတမိုးလုံးထိုင်စားလို့ အိမ်မှာကလည်းအကြွေးတွေဝိုင်းနေပြီ ခုတောတက်ဖို့ လိုအပ်တဲ့ရိက္ခာတွေတောင် သစ်ခေါင်း (သစ်၀ယ်သူ) ဆီကစရံယူလာခဲ့ရတာ မဟုတ်လားနောက်ပြီး ငါတို့က မကောင်းတာလုပ်ဖို့ သွားတာမှမဟုတ်ပဲ….” အားလုံးလှမောင်စကားကြောင့်ငိုင်သွားကြ၏။ လှမောင်ပြောသောစကားကလည်းသဘာ၀ကျနေသည်မဟုတ်လား ဒါပေမယ့် သူတို့စိတ်ထဲမှာအရိုးစွဲအောင်ကြောက်လန့်နေ သောထိုနေရာသို့မသွားလိုကြခြင်းဖြစ်၏ ။ သို့ရာတွင် တခြားသစ်ရမည့်နေရာအားတွေးမရခြင်း။ မိမိတို့ကိုအားကိုးနေသောဇနီးမယား၊သားသမီးများ ရှိနေခြင်းကြောင့် ကြောက်လန့်စိတ်ကိုခနမျ ဘေးသို့ချိတ်၍လှမောင်စကားကိုသဘောတူလိုက် ကြတော့၏ ။ သစ်ပင်ဝါးပင်ကြီးများထူပိတ်စွာပေါက်ရောက်နေခြင်းကြောင့်၊ နေပျောက်ပင်မထိုးနိူင်ပဲတောကြီးကနက်မှောင် ...

သို့ရောက်လာသည့်ပေတိုးလည်း ဟိုကြည့်ဒီကြည့်ဖြင့် မည်သ်ို့ကစားရမည်လဲဟု စဥ်းစားနေခဲ့သည်။ ပြီးလေမှ ညောင်ပင်အောက်၌ ငှက်တို့စားသုံးထားသော သစ်သီးစေ့များကိုလိုက်လိုက်ကောက်ယူပြီး ဆော့ကစားနေတော့၏။ အချိန်အတော်ကြာပေတိုးဆော့ကစားနေချိန်၌… “ဝှစ်……..” သစ်သီးစေ့တစ်ခုသည် ပေတိုး၏ကျောဆီသို့ထိမှန်လာခဲ့သည်။ ပေတိုးလည်းနောက်သို့လှည့်ကြည့်သော်လည်းမည်သူမှမရှိ၍ ပြန်လည်ဆော့ကစားနေသောအခါထပ်မံ၍… “ဝှစ်…” သစ်သီးစေ့ဖြင့်အပေါက်ခံရပြန်လေတော့ ပေတိုးလည်းအပင်ပေါ် ကိုမော့ကြည့်လိုက် ၊ဘေးကိုကြည့်လိုက်ဖြင့်အလုပ်ရှုပ်သွားတော့သည်။ မည်သူ့ကိုမှရှာမတွေ့၍ ပေတိုးစိတ်အတွင်း၌ မိခင်ပြောပြတတ်သော သရဲပေလားဟုတွေးရင်း ထိတ်လန့်လာခဲ့လေသည်။ ထိုစဥွ… “ဟိတ်……” ဟုသောအသံကို သူ၏နောက်ကျောဘက်ဆီမှ ကြားလိုက်ရလေသည်။ ပေတိုးကြောက်နေမိသည်။ နောက်ကျောဘက်ဆီသို့ဖြေးဖြေးလေး လှည့်ကြည့်မိတော့ သူ၏အရပ်ထက်ပုသော မျက်လုံးပြူးပြူးဖြင့် ကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ “ဟင်…မင်းကဘယ်သူလဲ” ဟု…ပေတိုးမေးလိုက်မိတော့… “ငါတို့အတူတူကစားကြရအောင်” ဟု…ထိုကလေးငယ်ကပြောလေသည်။ ...

ဖြစ်ဖြစ်ရေလေးသောက်ရင်းနားပါရစေတော်…” ဟု…ပြောလေသောအခါ ကိုဘကျော်မှာမနေသာတော့… “ကဲပါခင်မရယ်…အိမ်ရှင်ကမှမကြည်ဖြူတာ တို့ခရီးတို့ပဲဆက်ကြတာပေါ့…မင်းလည်းဟိုရောက်မှနားတော့” ကိုဘကျော်ပြောလည်းပြော လှည်းအဆက်မောင်းဖို့ပြင်တော့သည်။ ထိုစဥျ… “ရတယ်…ဝင်နားကြ….ဝဏ္ဏ…ဟေ့…ဝဏ္ဏ…..” “ဗျာ…ဘဘ…….” “ဧည့်သည်တွေကိုအိမ်ထဲခေါ်ခဲ့… ထမင်းစားဖို့လည်းပြင်ပေးလိုက်ဦး” “ဟုတ်ကဲ့ဘဘ……” အိမိပိုင်ရှင်အမျိုးသားကြီးသည်နေရာမှချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ ကိုဘကျော်တို့လင်မယားကိုလည်း ဝဏ္ဏဆိုသောလူငယ်လေးမှ ခြံဝန်းတံခါးလာဖွင့်ပေးကာနွားလှည်းကိုကူဖြုတ်ပေး၏။ နွားများအစာကျွေးထားခဲ့ပြီးနောက် ကိုဘကျော်တို့နှစ်ဦးအား အိမ်ကြီးအတွင်းသို့ခေါ်လာခဲ့သည်။ “ဟင်…..” “လူတွေများလှပါလားကောင်လေး……” အိမ်ကြီးအတွင်းသို့ရောက်ရောက်ခြင်းမြင်ရသည်မှာ… အိမ်အတွင်း၌ စကားပြောနေကြသော လူကြီးများ…. ဆော့ကစားနေသောကလေးလူငယ်များ ရှိနေခြင်းကြောင့်ပင်။ သို့သော်ဝဏ္ဏသည်ကမည်သည့်စကားကိုမှမဖြေခဲ့။ “ဒီချိန်ထိမအိပ်ကြသေးတာ ဒီအိမ်မှာအလှူတစ်ခုခုရှိပုံပဲတော့်” “အင်း…ဟုတ်မယ်ကွ” ကိုဘကျော်နဲ့မခင်မတို့အချင်းချင်းပြောနေကြခြင်းပင်။ ထမင်းစားအခန်းအတွင်းဆီသို့ ကိုဘကျော်တို့ဝင်လာသည်ထိ လူများသည် ကိုဘကျော်တို့ကို သတိမပြုမိကြ။ “ကဲ…ထိုင်ကြပါ…ထမင်းနဲ့ဟင်းတွေကတော့အသင့်ပဲ… ...

ဝါဆိုဖယောင်းတိုင်လောက်ရှိမယ့် ဖယောင်းတိုင်အကြီးကြီးပါဗျာ။ (၂) ကျုပ်ကြမ်းပြင်ပေါ်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ အဲဒီလူကြီးက ချောင်းတစ်ချက်ဟန့်တယ်ဗျ၊ ကျုပ်ကိုတော့ လှည့်တောင်မကြည့်ဘူး။ “ငါတို့ဘယ်သူတွေလဲ၊ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ မင်းသိချင်တယ်မဟုတ်လား၊ ဘာလဲ မင်းအဖေသူကြီးက မင်းကိုကြည့်ခိုင်းလိုက်လို့လား” ကျုပ်ဖြင့်လန့်ပြီးတုန်သွားတာပဲဗျာ၊ ဒီလူကြီးက အကြောင်းစုံသိနေတာကိုးဗျ။ သူ့အသံကတော့ နည်းနည်းဒေါသထွက်နေသလိုပဲဗျာ။ “ဟုတ်၊ ဟုတ်ပါတယ် အဖေက ဦးကြီးတို့ ဘာလို့ရွာထဲမှာ မတည်းခိုတာလဲဆိုတာ သိချင်ပါတယ်၊ နောက်ပြီး အဖေကဒီရွာက သူကြီးဆိုတော့ မဖြစ်သင့်တာမဖြစ်ရအောင် ကြိုပြီးသိထားချင်တာပါ” ဒီတော့မှ ထိုင်နေတဲ့ဦးလေးကြီးက ဖယောင်းတိုင်ကြီးကိုမီးမှုတ်လိုက်တယ်ဗျာ။ “ငါတို့က မကောင်းတဲ့လူတွေမဟုတ်ပါဘူးကွာ၊ ဒီရွာမှာ လုပ်စရာရှိလို့လာခဲ့တာ” “မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာတော့ ...

ကျုပ်ယူခဲ့မယ်” “အေး တစ်ခါမှ အကြွေးမယူဖူးသေးလို့ ပေးတာ။ မင်းစကားတည်ပါစေ” “ဟာ စိတ်ချ ကိုစိုးကြီး ။ ကျုပ် ကတိတည်ရပါစေမယ်” ဝိုင်းမှာ လူလျော့မခံချင်သဖြင့် ကျော်တင်ချေးသော ငွေနှစ်သောင်းကို ကိုစိုးကြီး ပေးလိုက်သည်။ “ဖဲမဝေနဲ့ဦး ကလဖန်ထိုးထားနဲ့။ အပေါ့ခဏ ခဏ သွားနေကြတာပဲ” “အရက်တွေ စွတ်သောက်ပြီး အပေါ့ခဏ ခဏ သွားနေကြတာပဲ” လက်ပံလှရွာသား တင်ဋ္ဌေးက အပေါ့သွားရန် ထသွားစဉ် ကျော်တင့်လည်း ထသွားသည်။ ကျော်တင့်က အပေါ့သွားလိုခြင်းမဟုတ် ရည်ရွယ်ချက်တစ်ခုရှိ၍ ထလာခဲ့ခြင်းဖြစ်သည်။ သင်္ချိုင်းဇရပ်နှင့် အနည်းငယ်လှမ်းသော ...