ကျုပ်ထွက်လာတော့စောင်ကြီးခြံပြီး ဆေးလိပ်ဖွာနေတာဗျ။ “လူလေး သတိဝီရိယနဲ့ သွားနော်၊ ဘာဖြစ်တာတုန်း သိတာ မဟုတ်ဘူး” “ဟုတ်ကဲ့ ” ကျုပ် ရွာလယ်ပိုင်းက ဗဟိုကင်းတဲကို သွားလိုက်တယ်။ မနက်ဖြန် လပြည့် ဆိုတော့ လက အတော်သာနေတာဗျ။ ကျုပ်စိတ်က ထင်တာလားတော့ မသိဘူးဗျ။ လထိန်ထိန်သာနေရင် အညာ က ပိုပြီးအေးသလိုပဲ။ ဖျင်ကြမ်းအနွေး ထည်ကြီး တစ်ထည် ပတ်ထားပေမယ့် စိမ့်နေတာဗျ။ လက်ထဲတော့ လိုရမယ် ရ ဓါတ်မီးတစ်လက်တော့ ကိုင်လာခဲ့တယ်။ “ဒီည ဘယ်သူ့ကင်းလဲကွ” “ဟာ…တာတေပါလား၊ မင်းလာတာ ...

ဆေးခန်းသို့လိုက်ပို့ပေးခြင်း၊အနာတွေကိုလည်း ဖန်ရေဆေးပေးခြင်း၊လူမမာ၏ချေး သေး စသည်တို့ကိုသန့်ရှင်းရေးလုပ်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးနေသူဖြစ်သည်။ သို့သော် သူကလည်း သူ့မိသားစုနှင့်သူဖြစ်ကာ လယ်ထဲသို့လည်း ဆင်းနေရပြန်သည်မို့ ကိုမြကြီး၏ဝေယျာဝစ္စတွေကိုအချိန်ပြည့်လုပ်မပေးနိုင်ချေ။ ပြီး ထိုစဥ်က ကာဗစ်ကာလကြီးဖြစ်နေပြန်သည်မို့ စီးပွားရေးက အတော်ယိုင်နဲ့နေခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကိုမြကြီးကိုဆေးခန်းပြတာတွေရပ်နားထားလိုက်ပြီး အခြားဝေယျာဝစ္စတွေသာ ပြုလုပ်ပေးနိုင်လေတော့သည်။ အောင်မိုးလယ်ထဲဆင်းချိန်တွင် ကိုမြကြီးအခက်အခဲဖြစ်နေချိန်ဆိုလျှင် ဝင်းကိုက လာရောက်ကူညီပေးပြန်သည်။ ဝင်းကိုဆိုသူကတော့ အနည်းငယ်ဆင်းဆင်းရဲရဲဖြစ်သည်။ ပြီး ၎င်း၏အိမ်သည်ကိူမြကြီးနေထိုင်သည့်တဲနှင့်အနည်းငယ်သာခြားသည်။ သို့သော် သူလည်း မိသားစုစားဝတ်နေရေးအတွက်အချိန်ပြည့်လုံးပမ်းနေရသူမို့ ကိုမြကြီးကိုအချိန်ပြည့်ဂရုမစိုက်နိုင်ဘဲ အားလပ်ချိန်မှသာ လာရောက်ကူညီနိုင်လေသည်။ အိမ်တွင်သမီးတွေရှိသော်လည်း ကိုမြကြီး၏တဲသို့မသွားလိုကြပေ။ အဘယ်ကြောင့်ဆိုသော် ကိုမြကြီးသည် ရံဖန်ရံခါ၌အောက်ပိုင်းတွင်ပုဆိုးကင်းမဲ့လျက်ရှိနေသောကြောင့် ...

ကြပါအမေကြီး” “အေး…အေး…အေး…” ဘွားမယ်စိန်လည်းသူဌေးဦးပျော့နှင့်စကားခဏရပ်ပြောပြီးနောက် မောင်တိုးနောက်သို့လိုက်လာခဲ့သည်။ ရွာထဲကလူတွေကလည်းတောင်ဝှေးကြီးထောက်၍ လမ်းလျှောက်နေသောဘွားမယ်စိန်ကို စိတ်ဝင်တစားကြည့်နေကြသည်။ ဘွားမယ်စိန်ကပြုံးရယ်ပြလေတော့မှအားလုံးက ရဲရဲတင်းတင်းပြန်လည်ပြုံးပြကြရှာသည်။ “မရောက်သေးဘူးလားကွဲ့” ဘွားမယ်စိန်အမေးကြောင့်မောင်တိုးက အနောက်သို့လှည့်ပြီး… “ဟိုရှေ့ဆိုရောက်ပါပြီဘွားရဲ့” ဟုလက်ညိုးထိုးကာပြောလေသည်။ မောင်တိုးညွှန်ပြသည့်အနီး၌ လူများ ဝိုင်းအုံကာကြည့်နေကြသည်။ အများဆုံးရှိနေသည်က ရွာသားများဖြစ်ပြီး ထိုထဲမှ ကလေးများနှင့်မိန်းမငယ်များကလည်းစိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ကြ၏။ အသားညိုညို….ထောင်ထောင်းမောင်းရှိလှသည့်လူမှာ ခန္ဓာကိုယ်၌အင်းကွက်များက အပ်ချစရာမရှိအောင်ပြည့်နှက်နေပေသည်။ ထိုလူနှင့်သူ၏နံဘေး၌ တပည့်ဖြစ်သူနှစ်ဦးကို လူများကဝိုင်းဖွဲ့ကြည့်နေခြင်းဖြစ်၏။ “လာရောက်ကြည့်ရှု့နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ… ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်… ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ… အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်… ဒီကောင်တွေနဲ့ကျုပ်… သူတပြန်… ငါတပြန် ...

သတင်းကြီးပုံကရန်ကုန်လိုမြို့ကြီးပြကြီးမှ လူများပင်ပါလာလေသည်ထို့ကြောင့်ရွာမှလူများကဘုန်းကြီးဆီလာသောလူများအား ချောင်းကူးကတို့လှေများဆွဲကာစီးပွားဖြစ်နေကြသည်။ ထိုအခါ်ဘုန်းကြီးကျောင်းပြုပြင်ရန်မြင့်မောင်နှင့်ရွာလူကြီးများ ခေါင်းချင်းဆိုင်ကာတိုင်ပင်နေကြသည်။မြင့်မောင်ပိုင်သောလယ်ကွက်ထဲတွင် နှစ်ချို့ကျွန်းပင်ကြီးတပင်ရှိသည်ထိုကျွန်းပင်ကြီးသည်လူနှစ်ဘက်စာလောက်ကြီးကာ လယ်ကွက်နှစ်ကွက်ကြားသို့ရောက်နေသည်မြင့်မောင်ကထိုကျွန်းပင်ကြီးအားခုတ်ကာ ဘုန်းကြီးကျောင်းဆောက်တဲ့အထဲထည့်ရန်တိုင်ပင်သည်ခက်တာကမြင့်မောင်နှင့်ဘေးချင်းကပ် လယ်သည်မိုက်ခဲလယ်ဖြစ်ကာကျွန်းပင်တဝက်ကိုသူပိုင်သည်ဟုဆိုထားသည်။ ထိုကြောင့်မြင့်မောင်နှင်ရွာလူကြီးများကကျွန်းပင်တဝက်ပိုင်သောမိုက်ခဲထံအလူခံထွက်လာကြသည်။ ””’ကျု ပ်မလူနိုင်ဘူး—-ဒီအပင်ကိုရောင်းဘို့မြို့ကပွဲစားကိုအပ်ထားတယ်—-ငွေမျို းမျိုးမြက်မြက်ရမဲ့ကိစ္စကို——-ဘယ်ကရောက်လာမှန်းမသိတဲ့ဘုန်းကြီးကိုလူရမလား——”’ ””’မြင့်မောင်မင်းလူတွင်ကျယ်လုပ်တာနဲနဲတော့များနေပြီ—-ငါ့ကိုလာပြီးလူတွင်ကျယ်မလုပ်နဲ့မရဘူး’—–””’ ””’မင်းဘုန်းကြီးကသူများမလူ ချင်တာအတင်းလူခိုင်းနေရင်—-ငါကိုယ်တိုင်ဝါးချွန်နဲ့ရင်ဝထိုးပြီးသတ်ပြစ်မယ်””’ မိုက်ခဲစကားကြောင့်မြင့်မောင်နဲ့ရွာကလူငယ်များကမခံမရပ်နိုင်ဖြစ်ကာမိုက်ခဲအား ထိုးမယ်ကြိတ်မယ်နှင့်ရန်ဖြစ်ကြရာလူကြီးများကအတင်းဝိုင်းဆွဲကြရလေသည်။ မိုက်ခဲတို့မိုက်လိုက်ပုံကဒီမှာတင်ရပ်မသွားပေ တနေ့တွင်အရက်မူးလာသောမိုက်ခဲနှင့်ဘုန်းကြီးတို့လမ်းမှာဆုံကြရာမိုက်ခဲက ”’ဒီမှာဘုန်းကြီးဘုန်းကြီးကျောင်းပြင်မယ်ဆိုပြီးကျုပ်ကျွန်းပင်ကိုလာမျက်စောင်းမထိုးနဲ့——ဝါးချွန်နဲ့ရင်ဝကိုထိုးလိုက်လို့ထုတ်ချင်းပေါက်သွားမယ်–ကိုယ့်ဘာသာအေးဆေးနေ””” ””’တကာမှားနေပြီဘုန်းကြီးကအလူမခံပါဘူး—-ဒီကျောင်းကဘုန်းကြီးပိုင်တဲ့ကျောင်းလဲမဟုတ်ဘူး—– တကာတို့ရွာမှာပဲတင့်တင့်တယ်တယ်ကျန်ခဲ့မှာပါကျောင်းဆောက်လူတဲ့အလူဟာအင်မတန်ကုသိုလ်ရပါတယ်””” ””ကျုပ်နားမလည်ဘူး——စိတ်မဝင်စားဘူး”” မိုက်ခဲလဲမူးမူးနှင့်အကုသိုလ်များယူကာဒယီးဒရိုင်ဖြင့်ထွက်သွားလေသည်။ တရက်မှာရွာမှလူများစုကာတောင်ပေါ်သို့လှည်းများဖြင့်ထင်းခုတ်သွားကြလေသည်။ မိုက်ခဲလဲထင်းခုတ်လိုက်သွားလေသည်ထင်းခုတ်သွားရာတွင်တောနက်ထဲညအိပ်သွားကြသည်မို့ လူစုကာသွားကြခြင်းဖြစ်သည်ရွာဓလေ့အရတဦးနှင့်တဦးကူညီနိုင်အောင်ဖြစ်သည်။ နောက်တနေ့မှာတော့ထင်းခုတ်သွားသောရွာကလူများပြန်လာရာ ညနေအတော်စောင်းနေပြီနေမင်းသည်လဲအနောက်ဘက်သိုဝင်ရန်တာဆူနေပြီ ထိုအချန်တွင်မိုက်ခဲရဲ့ထင်းလှည်းသည်နောက်ဆုံးမှလိုက်ပါလာရာရွာထိပ်ကဝါးရုံတောနား အရောက်တွင်နွားနှစ်ကောင်သည်ရုတ်တရက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့မိုက်ခဲလဲလှည်းပေါ်မှမက်တပ်ရပ်ကာ နွားနှစ်ကောင်ကိုထိန်းလေသည်မိုက်ခဲကြိမ်တံကြောင့်နွားနှစ်ကောင်သည်။ ကဆုန်ပေါက်နေကာမိုက်ခဲသည်လှည်းပေါ်မှအရှိန်မထိန်းနိုင်ပဲဝါးရုံတောထဲသို့ပြစ်ကျသွားလေသည်။ ထိုအခါခပ်စွေစွေခုတ်ထားသောဝါးငုတ်တိုတခုပေါ်သို့ကျသွားကာဝါးချွန်သည် မိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ထွက်သွားကာနေရာတွင်ပွဲခြင်းပြီးသေလေသည်။ ရွာထဲကလူများလဲမိုက်ခဲအဖြစ်ကိုကြည့်ကာဘုန်းကြီးအားစော်ကားပြစ်မှားမိသည့်အတိုင်းဖြစ်၍ သူပြောသည့်အတိုင်းမိုက်ခဲသေပုံအားပြောမဆုံးအောင်ရှိနေသည်။ ရွာပြင်တွင်အစိမ်းသေသွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းပဲ ရွာပြင်တွင်ဝါးကပ်ဖြင့်အလောင်ပြင်ထားသည်။ရွာကလူများလဲသိပ်ပြီးကြည့်မရပေမဲ့နာရေးဆိုတော့ ...

၊ ပင်ပန်းတယ်လေဗျာ၊ နွားတွေကို ကောက်ရိုးတို့၊ မြက်ခြောက်တို့၊ နောက်ပြီးတော့ ဟိုအပင် ဒီအပင်ခုတ်ပြီး ကျွေးကြတာပေါ့၊ ဦးဘသာကတော့ အပင်ပန်းခံပြီး တောထဲမြက်ရိတ်တယ်ဗျာ။ (၂) တစ်ရက်တော့ ထုံးစံအတိုင်း ကျုပ်တို့တောလည်ထွက်ခဲ့တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်အသက်က ဆယ့်ငါးနှစ်သာသာပဲရှိသေးတာ၊ ဒါပေမယ့်လည်း တောသားဆိုတော့ ထွားတယ်ဗျ၊ လူကြီးလောက်ကိုရုပ်ရင့်နေပြီလေ၊ ဒီနေ့တော့ ကျုပ်တို့က ထမင်းတွေဘာတွေထုပ်ပြီးလာခဲ့တာဗျ၊ ကျုပ်ယောက်ဖက ဘယ်ကယူလာမှန်းမသိတဲ့ တူမီးသေနတ်ကြီးကိုင်လို့ဗျာ၊ ကျုပ်တို့လည်း လူငယ်တွေဆိုတော့ တူမီးသေနတ်နဲ့လက်တည့်စမ်းချင်တာပေါ့၊ ဒါပေမယ့်အဖေက သေနတ်ကိုရွာအနားမှာ ပစ်ခွင့်မပေးဘူးဗျ၊ ရွာသားတွေလန့်မယ်ဆိုတာကြောင့် နောက်ဆုံးကျုပ်တို့လည်း တောထဲအမဲလိုက်ဆိုပြီးထွက်ခဲ့တာပေါ့ဗျာ။ တောစပ်ရောက်တော့ ဦးဘသာကြီးနဲ့တွေ့တယ်ဗျ၊ ...

ကိုင်ထားတယ်ဗျ။ သူ့နောက်မှာ ခွေးလေးတစ်ကောင်လည်း ပါတယ်။ ခွေးက အင်းခွေးလို့ခေါ်တဲ့ နီညိုညိုလေးဗျ။ ပုတ်ပြတ်ပြတ်ခွေးပါဗျာ။ “နင်က ဘယ်သူလဲ၊ ဘယ်ရွာကလဲ ” “ငါက မီးလောင်ကုန်းမှာ နေတာ၊ အခု ညောင်ကုန်းက ပြန်လာတာ၊ နင့်ကို တွေ့လို့ အဖော်ရပြီဆိုပြီး မီအောင်လိုက်လာတာ” “ဒီအချိန်ကြီးမှာ နင်တစ်ယောက်တည်း သွားလို့ ဘယ်ကောင်းမှာတုံး ” “ငါ ပြန်လာတုံးက စောသေးတယ်ဟ၊ လမ်းမှာ အသိတစ်ယောက်နဲ့ စကားပြောနေလို့ ကြာသွားတာ ” “နင် မိုးချုပ်သွားရင် မီးလောင်ကုန်းကို ဘယ်လိုသွားမှာတုံး” “ငါ့ ...

ကွယ်ရာမှာဖောက်ပြန် ပျက်စီးနေကြတော့သည်။ ဒါတွေကို ကိုအောင်နိုင်အခုထိ မသိရှာသေးပေ။ =============== တစ်နေ့ ကိုအောင်နိုင်ခရီးကပြန်အရောက် ရွာထဲမှအမျိုးများကပြောလိုက်သည့်စကား ကြောင့်စိတ်ဆိုးဒေါသဖြစ်ခဲ့ရလေသည်။ ကိုအောင်နိုင် အိမ်သို့မြန်မြန်ပြန်လာခဲ့သည်။ “ဟယ်…အစ်ကိုခရီးကပြန်လာပြီလား အစ်ကိုဒီတစ်ခါသွားတာမြန်တယ်နော် အစ်ကို့မျက်နှာကြည့်ရတာတစ်ခုခုဖြစ်နေပုံပဲ ဘာဖြစ်လာတာလဲဟင် အစ်ကို” “ငါဘာဖြစ်လာသလဲဆိုတာထက် မင်းဘာလုပ်နေသလဲဆိုတာကိုငါအရင်မေးမယ် မင်းမှန်မှန်ဖြေ” “ဘာ ဘာကိုမေးမှာလဲအစ်ကိုက ပြီးတော့ ခင်ကဘာကိုအမှန်အတိုင်း ဖြေရမှာလဲ အစ်ကိုရဲ့ ” “မင်း…ဟိုကောင် ကိုစိုးနဲ့ ငါ့ကွယ်ရာမှာ နောက်မီးလင်းနေတဲ့ကိစ္စလေ ငါမသိများထင်နေသလား မင်းကွာငါကတော့ မင်းကငါ့ထက်ငယ်လို့ မင်းလိုသမျှအားလုံးကိုငါဖြည့်ဆည်းပေးခဲ့တယ် ငါ့ကိုယ်ငါထက်မင်းကိုပိုချစ်ခဲ့တယ် ဒါတောင် မင်း မင်းက” “အစ် ...

လည်း ကျယ်ပါ့ဗျာ။ တစ်ရွာလုံး မီးခိုးတိတ်ပဲဗျို့။ အနီးအနားရွာတွေ ကလည်း လာသေးသဗျ။ လှည်းယာဉ်တွေနဲ့ လာကြတာလေ။ ရွာလယ်လမ်းကြီးမှာ ဖုန်တ ထောင်းထောင်းထပြီး ခြူသံ တချွင်ချွင်နဲ့ပေါ့ ဗျာ။ ခြူသံဆိုတာ သိပ်ကြာကြာပြတ်တယ်လို့ မရှိဘူးဗျ။ လှည်းတွေက တစ်စီးပြီးတစ်စီး ဝင် လာနေတာဗျို့။ ထီးဂလိုင်သားတွေရဲ့ ဝက်သားချက်ကလည်း လွှတ်ကောင်းဗျာ။ ချက်ထားလိုက်တဲ့ ဝက်သား မှ အိနေတာဗျို့။ သရက်ချဉ်သုတ်ကလေးက လည်း ခပ်ပြေပြေလေးဗျ။ မယ်ဇလီရွက်ဟင်း ချိုလေးကလည်း အချက်ကောင်းတော့ မခါး ဘဲ ဆိမ့်ကိုနေတာဗျို့။ ထီးဂလိုင်ဆိုတာက ကျုပ်တို့နယ်မှာ ...

လုပ်ပေးစမ်းမြန်မြန်” “နေပါစေ သမီး အမေလုပ်လိုက်မယ် ရှင်ဘာမှကျုပ်ကလေးတွေကို အမြည်းလုပ်ခိုင်းစရာမလိုဘူး အရက်လည်းဝယ်ခိုင်းစရာမလိုဘူး” “တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်” ဒေါ်ထိုက်ခင်လည်း ပါးပြင်ပေါ်သို့ ကျလာသည့် မျက်ရည်စတွေကိုသုတ်ပြီး မီးဖိုချောင်ထဲဝင်ကာ ညစာအတွက်ရော အမြည်းအတွက်ပါ ကြက်သားများအား ကြော်လိုက်လေသည်။ ============= “ရော့ ဒီမှာအမြည်း ” “ဂွက်” ဒေါ်ထိုက်ခင်လည်း ကြက်သားကြော်ပန်းကန် အားဦးခင်မောင်အရှေ့သို့ ဂွက်ကနဲ့ ချပေးလိုက်လေသည်။ “သား အာကာ သမီးငြိမ်းလဲ့အမေတို့ ထမင်းစားရအောင်” “ဟုတ်အမေ လာပြီ” အာကာနှင့်ငြိမ်းလဲ့လည်း ထမင်းစားပွဲဝိုင်း သို့ရောက်လာကြပြီးထမင်းစားရန်ထိုင် လိုက်ပြီး “အဖေ ...

ထမင်းကြမ်းစားပြီး သွားလေရဲ့၊ ညနေ နေချိုမှ ပြန်ခဲ့မယ် ပြောတာပဲ” “ဟင် အဘိုးသစ်က ဘာဖြစ်လို့တုံး ” “ဗိုက်အောင့်အောင့်နေတာဆိုပဲဟဲ့၊ ဆေးထိုးဆရာခေါ်ပြီး ဆေးထိုးနေရတာ ကြာပြီဟဲ့၊ လူလည်း အတော်ပိန်နေပြီတဲ့ ” “မြို့သွားပြီး ဆရာဝန်တွေ ဘာတွေနဲ့ သေသေချာချာပြဖို့ ကောင်းတယ် အမေရ” “သွားတယ်ပြောတာပဲ၊ အဲဒီက ဆရာဝန်ရဲ့ ဆေးစာအတိုင်း ဒီက ဆေးထိုးဆရာက ဆက်ပြီးကုနေတာတဲ့ ” ကျုပ်စိတ်ထင် ဒီနေ့ ပိုပြီး ပူပုံရတယ်ဗျ။ ကျုပ်အမေက ဝက်သားချက် လွှတ်ကောင်းတာဗျို့။ ဘုန်းကြီးကျောင်းကို ဝက်သားဟင်းနဲ့ ...