နဲ့ ဆို ရင် အဆင်ပြေမယ် လို့ ပြောပြီး ငအုန်းကို အဖော်ညှိမိတယ်ကွာ “     “,ကိုမြ တော်တော့ ဗျာ ဘာတွေပြောနေတာလဲ “     ‌ဦးအုန်းသည် ဘကြီးမြအား ဟန်တားနေပေမဲ့ မောင်ဘိုးထင်မှ ဆက်ပြောဖို့ မျက်ရိပ် မျက်ခြေ ပြလိုက်ရာ ဆက်ပြီး စကားဆိုလေသည် ။     “ငါတို့ အကြောင်းလည်း မင်းအသိပဲ တူတူ အရက်‌ေသာက်ရင် အမှောက် သောက်တာ ပါးစပ်က လည်း ဘာတွေ ပြောလို့ ပြောမိမှန်း ...

လုံးဝမတွေ့ တော့ဘူးဟေ့၊ တစ်ယောက်ယောက်များ ယူသွားသလား မသိဘူးကွ” “အင်း အဲဒီကိစ္စပဲ ကျုပ်လာပြောတာဗျ” “ဟေ…ဘယ်ကိစ္စတုံး၊ ကဝေတွေကိစ္စလား” “ဟုတ်တယ်ဗျ၊ အဲဒီကဝေတွေလိုမျိုး နောက်ထပ် ကဝေတွေ ထပ်ရောက်လာကြလိမ့်ဦးမယ် ကိုကြီးဘကျော်ရဲ့ “ဟေ..ဟုတ်လား၊ မင်းသိတယ် ဟုတ်လား တာတေ “ဟုတ်တယ်ဗျ၊ ကဝေတွေက သူတို့အကြောင်းနဲ့ သူတို့ လာတာ ပါဗျာ၊ ဒါပေမဲ့ သတိတော့ ထားကြမှဖြစ်မယ်” “ဟာ ဟုတ်တာပေါ့ကွ၊ ဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ” ` `ကိုကြီးဘကျော်တို့ မီးလောင်ကုန်းက လူငယ်တချို့ကိုစုပြီး မီးလောင်ကုန်းသင်္ချိုင်းနဲ့ မနီးမဝေးကနေ ...

ကျုပ်မှာ အသုဘ မပို့ နိုင်ခဲ့ပါဘူးဗျာ။ ကျုပ်တို့တစ်ရွာလုံးကလည်း ငမိုးကို လွှတ်ချစ်ကြတာဗျ။ ငမိုးသေတော့ တစ်ရွာလုံး စိတ်မကောင်းကြဘူး။ အထူးသဖြင့် ကျုပ်ကို တွေ့တိုင်း ငမိုးကို သ တိရကြတယ်ပေါ့ဗျာ။ ကျုပ်နဲ့ ငမိုးက ကစား ဘက်တွေဆိုတော့ တပူးတွဲတွဲ နေကြတာ လေ။ ဒါပေမဲ့ ငမိုးက သေသာသေတာ ရွာမှာ ရှိနေတုန်းဗျ။ သူ့မိဘတွေကို လုပ်ကျွေးနေ တုန်းတဲ့ဗျို့။ သူကျောင်းနေကျ ရွာထဲကနွား တွေကို မနက်စောစော ကြိုးဖြုတ်ပြီး ရွာပြင် ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် ...

တောထဲပျောက်သွားလို့ ရှာ ရသလို ပါပဲလား တာတေရာ” သိန်းဇော်တို့ညီအစ်ကိုရော ကျုပ်ရော လှည့်ကြည့်လိုက်တော့ အုတ်လှေကား ထစ်တွေကို နင်းတက်လာတဲ့ ခါးကြီး ကိုင်းကိုင်းနဲ့ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။ သူ့ထုံးစံအတိုင်း အသံကျယ်ကျယ်ကြီးနဲ့ လှမ်းပြောလိုက် တာဗျ။ အသံကလည်း အော်ကျယ်အော်ကျယ်နဲ့ဗျ။ “ဟား ဟား ဟား ကိုကြီးစံအေးရာ ခင်ဗျားပြောလိုက်မှဖြင့် တာတေ တောင် နွားဖြစ်တော့မလိုပဲ၊ခင်ဗျားကတော့ ” “ဟာ၊ ငါက အဲဒီလိုပြောတာ မဟုတ် ပါဘူးကွာ၊ တာတေကိုရှာရခက်တာ ပြောတာပါ သိန်းဇော်ရာ” လူက ပြုံးဖြဲဖြဲကြီးလုပ်ပြီး ...

တစ်ခွန်းဆိုတစ်ခွန်းပဲ။ “နို့ နေပါဦး စံကွန့်ရဲ့၊ နင့်မှာ အစာရေ စာ ရှာရတာ ခက်ခဲနေလို့လား” “အရင်ကတော့ မခက်ဘူး ဘိုးရဲ့၊ ခုတ လောမှ ခက်သွားတာ၊ ကျုပ်နေတဲ့ ဘန့် ဘွေးပင်ကြီးကို တစ္ဆေကြီးတစ်ကောင် ရောက်လာလို့ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ပါဘူး ဘိုးရယ်၊ ဘယ်ကရောက် လာမှန်းလည်း မသိပါဘူးဗျာ၊အဲဒီကောင် ကြီးက ကျုပ်တို့တစ္ဆေ ရှာလို့ဖွေလို့ ရလာ တဲ့ အစာလေးတွေလို တစ်ဝက်တိတိ မိုက်ကြေးခွဲယူပြီး စားပစ်တာဗျ” “ဟ စံကွန့်ရဲ့၊ ဒါဆိုရင်လည်း အစာကို ဘန့်ဘွေးပင်အထိ ယူမလာနဲ့ပေါ့ကွ၊ ...

လယ်တွေစိုက်နေတတ်တယ်မဟုတ်လား” ဦးဘသာကြီးက ကျုပ်ကိုမယုံသလိုကြည့်တယ်ဗျ။ “မင်းဟာတွေက ပေါက်ကရတွေပါကွာ၊ မင်းတို့မီလိုက်တာမှမဟုတ်တာ” “မီတော့မမီပေမယ့် ရွာကလူတွေက အဲဒီလိုပဲပြောနေကြတာမဟုတ်လားဗျ၊ ဒါနဲ့ ဦးဘသာကြီးက အဲဒီအဖြစ်ကိုမီလိုက်တယ်မဟုတ်လား” “မီတာပေါ့ကွာ၊ အဲဒီတုန်းက မင်းတောင်မမွေးသေးဘူးထင်တယ်ကွ၊ ငါမှတ်မိတာကတော့ မင်းအမေ မသိန်းက မင်းကို ကိုယ်ဝန်ကြီးနဲ့ထင်တယ်” “ဒါဆိုရင်လည်း ကျုပ်ကိုပြောပြပါ ဦးဘသာကြီးရယ်” “အေးပေါ့လေ၊ ဒါဆိုလည်းပြောရတာပေါ့ကွာ၊ ဒီလိုကွ တစ်ရက်တော့ မောင်လှတို့လယ်မှာ ကောက်စိုက်ကြတယ်ကွာ၊ မောင်လှဆိုတာကလည်း အရမ်းကိုကပ်စေးနှဲတဲ့လူကြီးမဟုတ်လား၊ ကောက်စိုက်သမတွေက တခြားလယ်တွေအကုန်စိုက်ပြီးတော့ နောက်ဆုံးတော့မှ ဈေးအနည်းဆုံးပေးတဲ့ မောင်လှရဲ့လယ်ကို စိုက်ကြတာပေါ့ကွာ” “စပါးတွေတောင် အတော်ရင့်နေပြီတဲ့ကွ၊ ဒါနဲ့ကောက်စိုက်သမလေးတွေ ...

ပြောမပြတာ၊ ငါတော့ မထင်ဘူး၊ အပြောအဆို ကြမ်းတိုင်းလည်း စုန်းမ မဖြစ်နိုင်ပါဘူး” “မသိန်းမြက၊ ဒေါ်ငွေမြနဲ့ စကားများဖူးလား “သူနဲ့ကျတော့ မများဖူးပါဘူး။ သူ့တူမနဲ့တော့ စျေးဝယ်ရင်း စကားများဖူးတယ်” “ပြီးခဲ့တဲ့လက ဒေါ်ငွေမြနဲ့တောင် လမ်းမှာ တွေ့လို့ ပြုံးပြုံးရယ်ရယ်နဲ့ နှုတ်ဆက်ခဲ့သေးတယ်” “ဒါဆို ဘယ်လိုဖြစ်တာလဲ” “မသိပါဘူးအေအခုတော့ ညည်းတို့မြင်တဲ့အတိုင်းပဲ ငါကောင်းနေတာပဲ” “မနက်ဖြန် ဝါးနက်ချောင်းရွာကို သွားမလို့၊ မသိန်းမြကို ခေါ်သွားနလားလို့ လှည်းနဲ့ မနက်စောစောသွားကြမှာ လိုက်မယ် မဟုတ်လား” “ဝါးနက်ချောင်းရွာက သရဲစီးပြီးပြောတဲ့ ဆရာမဆီကိုလား” “ဟုတ်တယ်၊ ကျမတို့လည်း ...

ဒါပေမဲ့ မသေချင်တဲ့ စုန်းတေ က  အသက်ရှည်အောင် နေကျတယ် ကျင့်ကျတယ်” “အော် အဲ့လို ကျင့်ရတာလား ” “အင်းပေါ့ ကျင့်ရတာပေါ့ စုန်းတစ်ယောက်က စက်ကိုးစက် အောင်တာနှင့် ကဝေ ဖြစ်တယ် “ “အော် အဲ့လိုလား ဒါဆို ရွာတည်ရင် စုန်း ခွန်နှစ်ယောက်ပါရ တယ် ဆိုတာ က ခွန်နှစ်ယောက်ထပ် ပိုရင် ပိုနေမှာပေါ့ နော်” “အဲ့ဒါ  ကတော့ မှန်တော့မှန်တယ်  မှားတယ်ဗျ” “ဟာ ရှုပ်ကုန်ပြီ ဘာကို မှန်လို့ ...

မကြွယ်ကတော့ လက်နှစ်ဖက်မှာ ဆွဲခြင်းတောင်းတွေ၊ လက်ဆွဲအိတ်တွေ စုံအောင်ဆွဲလို့ဗျ။ ဘကြီးသုန်ကိုမြင်လိုက်တော့ ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒါနဲ့ သူ့လက်ထဲက စာအုပ်ထုပ်ကြီးကို ပြေးဆွဲလိုက်တယ်လေ။ “ဘကြီးသုန်တို့ပါလား၊ လာပါ ခြံထဲဝင်ခဲ့လေဗျာ၊ ခြံတံခါးဖွင့်ထားရဲ့သားနဲ့” အဖေက အိမ်ထဲကနေ လှမ်းအော်တယ်ဗျ၊ ဒါနဲ့ဘကြီးသုန်တို့ ခြံထဲကိုဝင်ခဲ့ကြတယ်ပေါ့ဗျာ။ “တယ်၊ ဒီကောင်လေးက စာပေရူးလို့မပြောရဘူး၊ နင့်ဘကြီးဆီက စာအုပ်ပြေးသယ်တာပဲ၊ ငါ့မှာအထုပ်အပိုးတွေနဲ့ ငါ့ကိုကူသယ်ပါအုံးအေ” မငယ်တို့က အိမ်ရှေ့ကွပ်ပျစ်မှာထိုင်လိုက်ကြတယ်။ ကျုပ်ကတော့ ဘကြီးသုန်ရဲ့စာအုပ်ထုပ်ကြီးကို ဖြေတော့တာပဲပေါ့ဗျာ၊ “ဒါက သော်တာဆွေ၊ ဒါကတော့ ရွှေဥဒေါင်း” စာအုပ်တွေရတော့ ကျုပ်လည်းပျော်တာပေါ့ဗျာ၊ နောက်တော့ အမေတို့အဖေတို့ရောက်လာပြီး ...

သတ်မှတ်နိုင်ပါ့မလား။ ဘယ်ပြည့်စုံပါ့မလဲ ဆရာဝမ်းရယ်။ ပြည့်စုံတယ်လို့ ဘယ်သတ်မှတ်ရမလဲ။ အိမ်ထောင်တစ်ခုလုံးရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှဟာ အိမ်ထောင်ဦးစီးမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော၊ တာဝန်ရှိနေတာပဲ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုတာ ပုံသေကားချပ် တရားသေနည်းနဲ့ ဇယားချထားလို့ ရတာလည်း မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ နယ်ပယ်တွေနဲ့ ကိုယ့်အိမ်ထောင်စုဝင်တိုင်းနဲ့ ဆက်စပ်နေတော့ ရင်ဆိုင်ကျော်လွှားရာမှာ အိမ်ထောင်ဦးစီးက ဂရုစိုက်ရဆုံးလူပဲ။ ထိန်းတန် ထိန်း၊ လွှတ်တန် လွှတ်၊ ညွှန်တန် ညွှန်၊ လွှဲတန် လွှဲ၊ တားတန် ...