ရောက်လာကြသည်။ စက်ယန္တယားများ စုံလင်အောင် ခေတ္တမျှစောင့်နေကြရသည်။ ထို့နောက် ဆိုဒ်တာဝန်ခံက အဖွဲ့များဖွဲ့ပေးပြီးနောက် ကိုယ့်တာဝန်ကိုယ် အဖွဲ့အသီးသီးဖြင့် ဆောင်ရွက်ကြလေသည်။ သစ်ပင်ခုတ်သည့်နေရာတွင် လက်ဖြင့်ခုတ်ခြင်းမဟုတ်ပေ။ နိုင်ငံခြားမှ သစ်ပင်ခုတ်ရန်တီထွင်ထားသည့် စက်ကြီးများဖြင့် ခုတ်ရခြင်းဖြစ်သလို၊ ဘူဒိုဇာကြီးများဖြင့်လဲ အပြင်ကြီးများကို ထိုးပြီး လှဲရလေသည်။ ထို့နောက် မြေညှိပြီးနောက် ကားသုံးလေးစီး တက်နင်းလိုက်လျှင် မြေပြန့်ဖြစ်သွားပြီဖြစ်သည်။ ထိုအခါ ခုတ်ပြီးသား သစ်ပင်ကြီးများအား ခုတ်ထစ်ဖြတ်တောက်ကာ ကရိန်းဖြင့်မြေသယ်ကားကြီးများက တင်ဆောင်ပြီးသယ်ရလေသည်။ အခန်း(၃) “ဝုန်း” သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင်လဲကျနေလေသည်။ ဘိုဘိုလဲ သစ်ခုတ်စက်ကို ကူညီပြီး အလွန်ကြီးမားသောအပင်ကြီးများကို ဘူဒိုဇာဖြင့် ...

အပြေးတက်ပြီး ရွာထဲကို ပြေးဝင်သွားခဲ့တော့တယ်။ တအောင့်ကြာတော့…။ စိန်မင်းတစ်ယောက် ရွာထဲကလူတွေကို ခေါ်ပြီး အပြေးပြန်ရောက်လာတယ်။ သောင်ခုံကို အရောက်မှာတော့ သူ့နွားကြီးတစ်ကောင်ဟာ ဝမ်းဗိုက်ကြီးပွင့်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်။ ကျန်တစ်ကောင်ကတော့ လဲကျနေတဲ့ နွားကြီးရဲ့ နံဘေးမှာ မတ်မတ်ရပ်လို့။ အဲ့ဒီ့နွားကြီးရဲ့ ကိုယ်ဆီမှာလည်း ဒဏ်ရာ၊ ဒဏ်ချက်တချို့ ရှိနေတယ်။ ‘ ဘယ်လိုဖြစ်တာလဲ…’ ‘ အချင်းချင်း ခွေ့တာ မဟုတ်ဘူးလား…’ ‘ မဟုတ်ဘူးဗျ။ ကျုပ် မျက်စိရှေ့တင်ကိုပဲ ဘာမှမရှိဘဲနဲ့ သူတို့အရှေ့မှာ အခြားနွားတစ်ကောင် ရှိနေသလိုမျိုး လိုက်ခွေ့တာ…’ စိန်မင်းက ...

အကြောင်းထူးများ ရှိသေး လား၊ အလည်သက်သက်ပဲလား” ကျုပ်က စံဘော့်ကို မေးလိုက်တော့မှ စကား ဝိုင်းက တိတ်သွားရောဗျ။ “အေး …ဟုတ်သားပဲ၊ စံဘော် မင်းသူငယ်ချင်း တာတေကို အဘတို့ လာရတဲ့ကိစ္စ ပြောလိုက်ဦးလေကွာ” စံဘော်က နဂါးဆေးပေါ့လိပ်ကလေးကို ဆက် တိုက်ဖွာလိုက်သေးတယ်။ ပြီးတော့ … “ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ မကောင်းဆိုးရွား ကြီးတစ်ကောင် ဝင်နေလို့ကွ” “ဟေ …ဟုတ်လား၊ ဘာတွေလုပ်လို့တုံး” “ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင် ဟင်းတွေ ပျောက် ပျောက်သွားတာကွ” “ဟေ ...

လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ တစ်ယောက်လက်တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။ (၂) အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ နောက်နေ့စားဖို့ ငါးခြောက်ခေါင်းချွေတဲ့လူကချွေ၊ ဟင်းနုနယ်သင်တဲ့လူက သင်နဲ့ပေါ့။ ဒီလိုမီးပုံမျိုးဆိုရင်တော့ ကျုပ်တို့ကာလသားတွေအတွက် ပွဲတော်ပဲပေါ့ဗျာ၊ ...

စက်ဘီးကို ဖြေးဖြေးမှန်မှန်သာ နင်းလာရင်း နောက်က လိုက်လာမည့် ကိုလွင် ကိုစောင့်ရန် အရှိန်လျော့လိုက်သည်။ ကိုလွင်နှင့် ကျွန်တော်မှာ ပဲခူးစုထိပ် ဖိုးထောင်ကြီး၏ လပ်ကီးလက်ဖက်ရည် ဆိုင်တွင် ညည ဆုံလေ့ရှိပြီး လက်ဖက်ရည် သောက်လေ့ရှိသည်။ ကျွန်တော်တို့ မှာ ထိုဆိုင်တွင် ဘောလုံးပွဲ အကြောင်း ရောက်တတ် ရာရာ ပြောလေ့ရှိနေခဲ့ပြီး ထိုညကားကျွန်တော်တို့ စကားကောင်းနေသဖြင့် အမေ့အတွက် ဆေးဝယ်ရန် အမှီ ကိုခင် ဆိုင်ကို အမှီလာခဲ့ပင်။ ကိုလွင်မှာ ၎င်းစက်ဘီးက နောက်ဘီးလေလျော့နေသဖြင့် လေထိုးမည်ဟု ဆိုကာ ကွမ်းယာဆိုင်တွင် ...

တွေ့ ရသည်။ သူငယ်ချင်းသုံးယောက် ဝမ်းမြောက်လိုက်သည် ဖြစ်ခြင်း။ ဖမ်းဆီးရမည့်ငါးအပြင် ဘဲဥနှစ်လုံးပါ အဆစ်ရလိုက်သည်။ ဤအိုင်နှင့် မနီးမဝေး မောင်စိန်၊ မူတူး၊ ချွတ်ကရား စသည့် ကုလားများသည် ဘဲအမြောက်အမြားကို မွေးမြူထား၏။ သူတို့၏ဘဲများကို ဤအိုင်တစ်လျှောက် နေ့ခင်းဘက်တွင် လွှတ်ထားပြီး သူတို့က နောက်မှလိုက်၍ ထိန်းကျောင်းသည်။ ဘဲများမှာ ဘဲဥဥရာတွင် စည်းကမ်းမရှိ၊ ဘဲခြံထဲမှာသာမက စားသောက်နေစဉ်၊ ရေကူးနေစဉ် နေရာမရွေး အိုင်အတွင်း၌လည်း ဥချင် ဥတတ်သည်။ ယခုလည်း စည်းကမ်းမရှိသော ဘဲအုပ်တစ်အုပ်က ဥသွားခြင်း ဖြစ်နိုင်သည်။ မူတူး၏ ...

သာဖြစ်ကြသည်။ ညလုံးပေါက်ဖဲရိုက်လိုက် အရက်ကလေးခိုးသောက်လိုက်၊ မသာအိမ်က ဧည့်ခံသည့် မုန့်လေးစားလိုက် ဆေးလိပ်လေးခဲလိုက်ဖြင့် ရိုက်ကြခြင်းဖြစ်သည်။ ထိုနေ့က ဦးသက်တင်က ဖိုးကျော်ကို သင်ပေးလေသည်။ ဖိုးကျော်လဲ ရိုက်ရာ နိုင်တော့နိုင်သည်။ သူ့အကောက်ငွေတွေ ပြန်ရလေသည်။ သူ့အမျိုးတွေကတော့ ဖိုးကျော်ကို မျက်စောင်းတထိုးထိုးနှင့်။ အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဖဲရိုက်နေသည်မဟုတ်ပါလား။ ဘကြီးအိမ် အသုဘပြီးသွားသော်လဲ ဖိုးကျော်လက်တွေက ဖဲရိုက်ချင်နေသည်။ ဦးသက်တင်မှာ သူတို့ရွာခံမဟုတ်သဖြင့် နောက်ပိုင်းမတွေ့ဖြစ်ပေ။ တစ်ရက် ဖိုးကျော်ကျောင်းသွားရင်း လမ်းက အိမ်တစ်အိမ်မှာ နာရေးဖြစ်ပြီး ဖဲဝိုင်းထောင်ထားလေသည်။ ဖိုးကျော်လဲ စိတ်ဝင်စားသဖြင့် ထိုအိမ်ထဲဝင်လိုက်လေသည်။ “အမယ် ငါ့တပည့် ...

မြို့တွင်သာမက ပဲခူးမြို့ပေါ်မှ အရာရှိငယ်၊ ကုန်သည် သူကြွယ် စသည်တို့နှင့်လည်း ဝင်ဆံ့သူ ဖြစ်၏။ ကြီးကြီးမေ၏ အိမ်သို့လည်း နေ့စဉ် အဝင်အထွက် အပေးအယူ ပြုမှုများသည် များလှချေသည်။ လာသမျှ ဧည့်သည်များကို လက်ဖက်၊ ကွမ်း၊ ဆေး စသည် ထွက်၍ ဧည့်ခံရသည်မှာ ကျွန်မပင်ဖြစ်၏။ ကျွန်မတို့ကို ကြီးကြီးမေက စျေးဆိုင်တွင် မခိုင်းပေ။ ဆွေမျိုးထဲမှ လူငယ်နှစ်ယောက်နှင့် လွှဲထားသည်။ ကြာသော် ကျွန်မသည် နေ့စဉ်လာသမျှ ဧည့်သည်များကို မျက်မှန်းတန်းမိလာ၏။ သူတို့၏ မျက်လုံးများသည် ကျွန်မချပေးသော စားစရာများထက်၊ ...

တယော ပညာရှင်တွေ မှ စုံလို့ဗျ။ ဒါပေမဲ့ ဘင်ဂျိုအေးကိုကတော့ အကျော်ကြားဆုံးပေါ့ဗျာ။ အဲဒီညက ကိုမောင်မောင်ကြီးတို့ဝိုင်း ထဲမှာပဲ တီးဝိုင်းက ဖျော်ဖြေတာဗျ။ ကို မောင်မောင်ကြီးတို့ဝိုင်းကလည်း အ ကျယ်ကြီးဗျ။ ကျုပ်တို့ရွာသားတွေရော ဘန့်ဘွေးကုန်းသားတွေပါ ဝိုင်းထဲမှာ ပြည့်သိပ်နေတာဗျို့။ ကျုပ်တို့ ကာလ သားတွေကတော့ ဇိမ်နဲ့ မကြည့်ကြ ရပါဘူးဗျ။ မနက်ဖြန် မင်္ဂလာဆောင်မှာ ကျွေးဖို့ မွေးဖို့ ချက်ပြုတ်နေရတာဗျ။ ကိုမောင် မောင်ကြီးတို့ဝိုင်းနဲ့ တောင်ဘက်ကပ် ရက်ဝိုင်းက သူတို့ဘထွေး ဦးငွေရရဲ့ ဝိုင်းလေဗျာ။ ဘိုးငွေရကြီး ဝိုင်းထဲမှာ ...

အခုစျေးရောင်းနေတာ မပင်ပန်းပါဘူးရှင်။ လမ်းလျှောက်ပြီးသားတောင်ရသေး” “အေးပါဟယ် ငါကနင့်လဲမှာစိုးလို့ပြောနေတာအေ့” “မတင်ရဲ့စေတနာကို ကျွန်မနားလည်ပါတယ်ရှင်။ ကဲကျွန်မသွားဦးမယ်နော်……” “အေးအေး နေဦးငါပင့်ပေးမယ် ဖြည်းဖြည်းထ…” မတင်ကစျေးဗန်းအားပင့်ပြီး ခေါင်းပေါ်တင်ပေးလိုက်သည်။ မစိမ်းလဲ့လည်းကျန်နေသေးသည့် ဟင်းရွက်များအားဆက်ရောင်းရန် ထွက်လာခဲ့တော့သည်။ ============== အခန်း(2) “ကိုအောင်မြင့်ရေ ကိုအောင်မြင့်” “ဟာငါ့မိန်းမပြန်လာပြီလား နောက်ကျလိုက်တာကွာ။ ငါတောင်အိမ်ပြန်ရောက်တာကြာပေါ့” “ဟုတ်တယ်တော်ရေ ဗန်းထဲကအရွက်လေးတွေ ကုန်အောင်လှည့်ရောင်းနေလို့ ကြာသွားတာ။ “ဒီမှာခဏထိုင်နေဦး ငါရေသွားခပ်ပေးမယ်…” ကိုအောင်မြင့်လည်း အိမ်ထဲဝင်ပြီး သောက်ရေတစ်ခွက်အားခပ်လာ ခဲ့သည်။ “ရော့ မိန်းမဖြည်းဖြည်းသောက်” “ကျေးဇူးပါတော်” မစိမ်းလဲ့လည်းကိုအောင်မြင့် လက်ထဲမှသောက်ရေခွက်အား ယူပြီးသောက်လိုက်သည်။ “အား…အခုမှပဲ ...