လား လာကွ ဒီမှာထိုင်” အဘကလည်း ကိုဆိတ်ဖွါးကို ခရီးဦးကြိုပြုကြပါတယ် ဆီဆုံကြိုးနဲ့ မလှမ်းမကမ်းမှာ အဘနဲ့ အမေက စားပွဲခုံချပြီး ရေနွေးကရားနဲ့ လက်ဖက်သုပ် စားနေတယ် ဗ်။ “ဆိတ်ဖွား စား လက်ဖက် ပြီးရင် အကြမ်းသောက် ဒီလက်ဖက်ခြောက် တော်တော်ကောင်းတာ နင်ဦးကြီး ဟို့နေ့က မြို့သွားလို့ ဝယ်လာတာ စော်ဘွားနှုတ်ခမ်းမွှေးအစစ်ဟဲ့ မွှေးလိုက်တာမှ ကြိုင်နေတာ သောက် သောက်” “ကိုကြီးဆိတ်ဖွါး ဆေးလိပ်သေတ္တာ ဘေးအံထဲမှာ နဂါးဆေးပေါ့လိပ်တွေ ရှိတယ် ယူသောက်ဗျ” ‘အေး အေး သောက်မယ် ...

သေချာမသိရသေးဘူး….ဒါတွေကို ခုအချိန်ထိလိုက်သင်ပေးနေရအောင်လဲညည်းကလေးမဟုတ်တော့ဘူး….အသက်ဖြင့် .(၂၀)ကျော်နေပြီး” “ဟုတ်ပါပြီး…ဟုတ်ပါပြိး.သဇင်အမှားပဲ…..ထားလိုက်တော့”ပြောရင်းဖြင့်….သဇင်တစ်ယောက်. ကလေးတစ်ယောက်လို .စိတ်ဆိုး၊စိတ်ကောက်စွာဖြင့်အိမ်ပေါ်သို့ပြေးတတ်သွားခဲ့လေသည်။ ပြေးတတ်သွားတဲ့.သမီးလေးကိုကြည့်ပြီး. ဒေါ်ခင်မမ..စိတ်မကောင်းဖြစ်ရပြန်လေသည်။ “ခက်တော့တာပဲ…ဒီကလေးမနဲ့တော့… ငါ..မရှိတော့ရင်၊ညည်းဘယ်လိုနေမလဲ…. ဘဝကိုဘယ်လိုဖြတ်သန်းမလဲ..” လင်ယောက်ကျားဖြစ်သူက..အလိုလိုက်သမျှ… သမီးလေးဘဝတော့..ရှေ့ဆက်မတွေးဝံ့စရာပဲ.. ဘာပဲဖြစ်ဖြစ် လမ်းမှန်ရောက်အောင်ပို့ပေးရမှာ ပဲ။ ထိုသို့တွေးတောရင်…ဝယ်လာတဲ့..ဟင်းများ.ချက်ပြုတ်ကာ….ယာခင်းဘက်သို့ထွက်လာခဲ့လေသည်…..ပိုးအနည်းငယ်ကျနေတာကြောင့်. …ပိုးကျတဲ့..အပင်များ.ခုတ်လှဲသင့်တဲ့အပင်ကိုခုတ်လှဲ..ပိုးချသင့်တဲ့အပင်ကိုပိုး ချ စသည့်ဖြင့်…တနေ့ကုန်..အလုပ်ရူပ်နေလေသည်။ .အိမ်ပြန်ရောက်တော့..သမီးဖြစ်သူက.ဆီးကြိုနေတယ်။ “အမေရယ်..မိုးချုပ်လိုက်တာ” “ဟုတ်ပ..သမီးရယ်…ယာခင်းပိုးကျလို့…အဲ့တာ..လုပ်နေရတာ.နဲ့မိုးချုပ်သွားတယ်…” “ဟုတ်လားမေမေ..ဒီဲလ လဲအသီးအထွက်နူန်း နည်းမယ်ထင်တာပါပဲ…ဘာပဲဖြစ်ဖြစ်. အမေကို. .ဒီလိုမျိုးတစ်ယောက်တည်း..ပင်ပင်ပန်းပန်း လုပ်နေတာသမီးဖြင့် မကြည့်ရဲ့တော့ဘူး.အမေကို ..ကူလုပ်ပေးမယ်…..” “ပါတယ်ကွယ်.ကျောင်းစာသာကျတ်စမ်းပါ.. ညည်းပညာတတ်ဖြစ်တော့..ငါ.ပင်ပန်းရကျိုးနပ်ပါတယ်အေ။” “မဟုတ်တာအမေရယ်…..ဘာပဲဖြစ်ဖြစ်. အိမ်လုပ်ငန်း.တော့.သမီးကူလုပ်ပေးမယ်….. ကျောင်းပြီးလို့ဘွဲ့ရရင်တော့..မေမေ..ဒီလုပ်ငန်း တွေမလုပ်နဲ့တော့နော်။ သမီးပညာကြီးဖြစ်လို့ အလုပ်ရရင် အမေကိုတလှည့် ...

နက်ဖြန်လည်း လာစားပါဦး… ဒေါ်ရှင်ဟင်းစပ်ပုံက ကောင်းတယ်” သူသည် လက်ဆေး၍ ကျွန်တော့်အပါးမှ ထရင်း ပြော၏။ “မိုး စန္ဒရားတီးတာ နားထောင်မလား၊ ခြံထဲပဲလျှောက်မလား” “ခြံထဲလျှောက်ရအောင်ကွယ်” ခြံထဲတွင် ပန်းပင်များ ပွင့်နေကြ၏။ “ကိုယ်တို့ လက်ထပ်ရအောင်လား မနှင်းအေး…” ဟု ကျွန်တော် က စကားဆိုလျှင်မူ… “ဖြည်းဖြည်းပေါ့…မိုးရယ်…။ စောစောစီးစီး ငရုတ်သီး ကြက်သွန်တွေအကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ်…”ဟု သူဆိုပါသည်။ သို့သော် သူ ကျွန်တော့်ကို ချစ်သည်ကိုတော့ ကျွန်တော်သိ၏။ အဘယ်ကြောင့်ဆိုသော် မေမေပေးစားသော မမြစိန်ကို ယူမည်ဟု သူ့အား ...

ကတည်းကသားစိမ်းငါးစိမ်းများစားချင်သည်ဟုဆိုကာမပြတ်ဝယ်ပေးရ၏တစ်ခါတရံရွာထဲဟင်းစားမပေါ်သည့်အခါအခြားရွာသွားရှာရ၏ဒါတောင်အလျှင်မမှီသဖြင့်အိမ်မှာမွေးထားသောတိရစ္ဆန်များလဲအလွတ်မပေးသတ်စားလိုက်တာတစ်ကောင်မှပင်မကျန်အောင်ကုန်သွားပြီဖြစ်သည်။ ထိုအသားငါးများချက်ပြုတ်ရာတွင်လဲကျက်အောင်ပင်မစောင့်ပဲစားသည့်အခါစားနေသဖြင့်ဦးရောဘတ်စိတ်ထဲသူ့မိန်းမဘီလူးများစီးနေသလားအပများမှီနေသလားဘာလားညာလားထင်မိပေမဲ့ကိုယ်ဝန်သည်ဆိုတော့ချဉ်ခြင်းတပ်တာဖြစ်မှာပါဟုဖြေတွေးတွေးနေရပေမဲ့ဘဝင်တော့မကျလှပေ ဦးရောဘတ်ဟိုတွေးဒီတွေးတွေးနေရင်သူ့မိန်မဒေါ်အာစာလဲကလေးမွေးသံမကြားရဟုစိတ်ပူနေမိ၏ပူမဲ့သာပူနေသည်အာဆာအကြောင်းသူအသိဆုံးပင် ဒီနေရာမှာသူ့့မိန်းမဒေါ်အာစာအကြောင်းနဲနဲတော့ပြောပြရန်လိုလာပြီဟုထင်၏သှု့မိန်းမသည်တခြားမိန်းမများကလေးမွေးသလိုအော်ဟစ်၍မနေကလေးလေးယောက်သာမွေးခဲ့သည်တစ်ခါမှအော်ဟစ်နေသံမကြားရအနည်းငယ်ညီးနေရုံမှတစ်ပါးဆူညံ့စွာမအော်တတ်ပေအလွန်သတ္တိရှိသည်ဟုပြောရမည်ပင်ကိုယ်ဝန်တကားကားနှင့်လည်းနားမနေအလုပ်လုပ်လျက်ရှိသည်အလုပ်လုပ်သည့်အခါလဲယောင်္ကျားများနှင့်တန်းတူရင်ပေါင်တန်းကာလုပ်နိုင်သည်ဘယ်အရာကိုမှအကြောက်အလန့်သိပ်မရှိ၍ရွာကလူအများစုကသူမအားဒေါ်အာစာဆိုသောနံမည်ဖျောက်၍ဒေါ်အာဇာနည်ဟုနောက်ပြောင်ခေါ်တတ်၏ ဦးရောဘတ်မည်မျှအတွေးလွန်သွားသည်မသိရွာထဲကလက်သည်ဒေါ်အဲဖောကိုကူညီမည့်သူများအိမ်ပေါ်ကဆင်းလာကြသည်ကိုတွေ့လိုက်ရ၏သူတို့မျက်နှာများသည်မကောင်းကြပါဦးရောဘတ်လဲပျာပျာသလဲမေးလိုက်၏ ”””ဒေါ်အာစာမွေးပြီလားဗျ”” သူအမေးကိုရွာသူအမျိူ းသမီးများကခေါင်းငြိမ့်ပြကြသည်အရင်လိုဝမ်းသာအားရစကားမဆိုကြသောကြောင့်ဦးရောဘတရင်ထိတ်သွား၏်တစ်ခုခုဖြစ်ပြီဆိုတာမပြောပဲသိလိုက်၏ကလေးငိုသံလဲမကြားရသဖြင့်သူ့မိန်းမများတစ်ခုခုဖြစ်ပြီလားဆိုသည့်စိုးရိမ်စိတ်ကထူပူ၍သွားကာအငမ်းမရမးလိုက်ပြန်သည်။ ””’ဘာလို့ကလေးငိုသံမကြားတာလဲ—–အာစာကောကျမ်းမာရဲ့လားအာစာဘာဖြစ်လို့လဲ””’ သူ့အမေကိုရွာထဲကအမျိူ းသမီးများကအိမ်ပေါ်သို့မေးငေါ့ပြကာခြံဝိုင်းထဲကခပ်သွက်သွက်ထွက်သွားကြသည်။ ဦးရောဘတ်လဲအိမ်ပေါ်သို့အပြေးအလွှားတက်သွားကာဒေါ်အာစာမီးနေခန်းထဲဝင်၍ကြည့်ရာဒေါ်အာစာသည်အိပ်နေရင်းမျက်လုံးများကသူ့နဘေးကအရာကိုကြည့်၍ကြောင်စီစီဖြစ်၍နေ၏ ””’အာစာမင်းဘာမှမဖြစ်ဘူးမဟုတ်လားးးးကလေးကောငါစိတ်ပူလို့သေတော့မယ်””’ ဦးရောဘတ်အမေးကိုဒေါ်အာစာကပြန်မဖြေပဲသူ့နဘေးကအရာအားမေးဆတ်ပြလိုက်သည်။ဦးရောဘတ်ကြည့်လိုက်တော့အနှီးအဟောင်းကလေးပေါ်တွင်တင်ထားသောမဲမဲခြောက်ခြောက်နှင့်လက်တစ်ဝါးစာမရှိတရှိလူရိုးစုကလေးလိုလိုလူခြောက်ကလေးအားတွေ့လိုက်ရသည့်အခါမျက်မှောင်ကျူံ့့သွား၏သူသဘောပေါက်သွား၏သူ့မိန်းမသည်လူခြောက်ကလေးမွေးသည်ဟုထင်သဖြင့်အနားကလက်သည်ဒေါ်အဲဖောအားမေးလိုက်သည်။ ””ဒေါ်အဲဖောဒါလူခြောက်ကလေးမဟုတ်လား””’ သူ့အမေးကိုဒေါ်အဲဖောကမျက်စိမျက်နှာပျက်စွာဖြေလိုက်သည် ”’လူခြောက်မဟုတ်ဘူး—-ဘီလူးခြောက်ကလေးပဲ”” ဒေါ်အဲဖောစကားကြောင့်ဦးရောဘတ်မျက်လုံးပြူးးသွား၏လူခြောက်ကလေးအားလက်ပေါ်တင်၍အသေအချာကြည့်လိုက်မိရာမျက်နှာသည်လူမျက်နှာနှင့်မတူပဲဘီလူးတစ်ကောင်၏မျက်နှာလိုမျက်လုံးပြူးပြူးကလေးနှင့်ဖြစ်ကာပါးစပ်တွင်အစွယ်နှစ်ချောင်းအထင်အရှားပါနေသည်ကိုအံ့သြဖွယ်တွေ့လိုက်ရ၍ဘီလူးခြောက်ကလေးဆိုတာသေချာ၍သွား၏ ဦးရောဘတ်ရွာထဲနှင့်အခြားရွာများမှလူခြောက်ကလေးမွေးတာမြင်ဘူး၏သေသေချာချာလဲသွားကြည့်ဘူး၏ထိုသာမန်လူခြောက်နှင်ယခုဘီလူးခြောက်သည်များစွာကွဲပြားနေသည်မှာအမှန်ပင်ဖြစ်သည်ဘီလူးခြောက်ကိုတစ်ခါမှမမြင်ဘူးအခုမှသာမြင်ဘူးသဖြင့်အံ့သြမကုန်နိုင်အောင်ဖြစ်နေ၏သူ့လက်ထဲကဘီလူးခြောက်အားအောက်သို့ပြန်ချကာလက်သည်ဒေါ်အဲဖောအားစိတ်လှုပ်ရှားစွာမေးလိုက်၏ ””’ဒေါ်အဲဖော—–ကျု ပ်တစ်သက်တာမှာဘီလူးခြောက်ဆိုတာအခုမှမြင်ဘူးတော့တယ်ဗျာ—-ခင်ဗျားကအတွေ့အကြုံရှိတော့ဘာဆက်လုပ်ရမလဲပြောပါအုံးဗျ””” ””ကျွန်မလဲမွေးဖွားပေးလာတဲ့သက်တန်းတစ်လျှောက်လူခြောက်ပဲမြင်ဘူးတာ—-ဘီလူးခြောက်ကိုအခုမှမြင်ဘူးတာဒါပေမဲ့ကျွန်မအဖွားလက်ထက်မှာတော့တခါကြုံဘူးတယ်ပြောတယ်အဲဒီဘီလူးခြောက်က———””’ ဒေါ်အဲဖောကစကားကိုဆက်မပြောပဲပြောသင့်မပြောသင့်စဉ်းစားနေဟန်ရှိ၏ထိုအခါစိတ်မရှည်သောဦးရောဘတ်က ””’ပြောမယ့်သာပြောစမ်းပါဗျာ—-ဘာတွေဆက်ဖြစ်ပြီးဘာလုပ်ရမလဲလို့” ‘ ””အဲဒီဘီလူးခြောက်ကရွာထဲကလူတွေကိုသတ်စားသတဲ့အစကတော့မသိပေမဲ့နောက်တော့သိလို့သတ်ပစ်လိုက်ရတယ် ဒါကြောင့်ဒီဘီလူးခြောက်ဟာရွာကိုအန္တရယ်ပေးနိုင်တယ်သတ်ပြစ်တာကောင်မယ်လို့ထင်တယ်””’ ””ဒါဆိုလဲတစ်ခါထဲသတ်လိုက်မယ်လေ—အချိန်ဆွဲမနေနဲ့တော့””’ ဦးရောဘတ်ကပြောပြာဆိုဆိုအိမ်ရှေ့ခန်းထရံတွင်ထိုးထားသောဌက်ကြီးတောင်ဓားအားပြေးဆွဲယူလိုက်သည်။ ထို့နောက်စိတ်မြန်လက်မြန်ရှိသူမို့ဘီလူးခြောက်ကလေးခေါင်းအားခုတ်ရန်ရွယ်လိုက်ရာဒေါ်အာစာကဟန့်တားလိုက်၏ ””မလုပ်ပါနဲ့အုံးးးရှင်ကလဲစိတ်မြန်ချက်ကလွန်ရောကျွန်မတောင်သေချာမကြည့်ရသေးဘူး—-ကျွန်မကြားဖူးတာကတော့ဘီလူးအစိုကလေးမွေးမှလူစားတယ်ကြားဘူးတာပဲအခုဟာကဘီလူးခြောက်ဆိုတော့—– ဘာမှတော့မလုပ်နိုင်လောက်ဘူးထင်တယ်—-ဒီလိုထူးထူးဆန်းဆန်းရလာတာကိုခဏလောက်တော့စောင့်ကြည့်ချင်တယ်တစ်ပတ်တန်သည်နှစ်ပတ်တန်သည်ပေါ့—-အကြောင်းထူးလာရင်တော့သတ်သင့်သတ်ရတော့မှာပေါ့””” ဦးရောဘတ်လဲလူအာစာစကားကြောင့်စိတ်ရှော့ထားလိုက်သည်။ဒေါ်အာစာ ________________ နံနက်ခင်းအလင်းရောင်နှင့်အတူအထူးတလည်စိတ်ဝင်စားဆုံးသတင်းကတော့ ””ဟဲ့နင်ကြားပြီးပြီးလာညကဒေါ်အာစာဘီလူးခြောက်ကလေးမွေးသတဲ့”” ””အေးဟဲ့ဒါ့ကြောင့်ညကကလေးငိုသံမကြားရတာပဲနေမှာ”’ ””ဒါဟာမကောင်းဘူးဘီလူးဆိုတာလူတွေစားတယ်ကြားဖူးတယ်ငါတို့ရွာတော့ဒုက္ခရောက်တော့မှာပဲ”” ”’ဦးရောဘတ်ကညတွင်းခြင်းသတ်မယ်တကဲကဲလုပ်နေတာဒေါ်အာစာတားထားလို့တဲ့”” ””အေးလေသတ်သင့်သတ်ရမှာပေ့ါ”’ ...

ကြည့်တာပေါ့ဗျာ၊ အဲဒီအခါကျတော့ ဟိုဖက်ရေမြောင်းအစပ်မှာ သေဆုံးသွားကြတဲ့ ရွာကလူတွေက တန်းစီနေတယ်တဲ့ဗျာ။ “ငါတို့ကိုလာခွင့်ပေးပါ၊ သူကြီး ငါတို့လည်းလာချင်တယ်” အဲဒီလိုအော်ဟစ်ပြီး ငိုယိုနေတာဗျာ၊ ငိုသံကြီးတွေဆိုရင် သိပ်ကြောက်စရာကောင်းတာတဲ့။ အဘိုးရဲ့ ယောက္ခမကြီးကလည်း ကျောက်ရောဂါနဲ့ဆုံးသွားတာဗျ၊ သူ့ယောက္ခမကြီးဆိုရင် ကျုပ်အဘိုးသူကြီးကို အော်ဟစ်ဆဲဆိုပြီးတော့ ကြိမ်းလိုက်မောင်းလိုက်တာပဲ၊ အဘိုးတို့လည်း မြေသားတာဘောင်ကြီးပေါ်ကနေပြီး သေနတ်နဲ့သုံးလေးချက်လောက်ပစ်ဖောက်လိုက်ရင် အဲဒီလူတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပဲတဲ့ဗျာ။ အဲဒီအချိန်ကစပြီး ရွာအပြင်အနောက်ဘက်ရိုးချောင်းကို တံတားမထိုးရဲတာ အခုထိပဲပေါ့ဗျာ၊ ရွာကိုချဲ့တော့လည်း အဲဒီရိုးချောင်းနဲ့ တာရိုးကြီးဘက်ကိုမချဲ့တော့ဘဲ အရှေ့ပိုင်းဘက်ကိုပဲ ချဲ့ခဲ့တာပေါ့ဗျာ၊ အခုအချိန်အထိ မိုးကျတော့မယ်ဆိုရင် အဲဒီရိုးချောင်းကို ရွာကလူတွေအကုန်လုံးက ဆယ်ကြတယ်၊ ...

လျှော်၍ ဒေါ်သီကိုယ်တိုင် မီးပူတိုက်ပေးမှ ဝတ်၏။   ဦးသာဖူးကိုကြည့်လိုက်လျှင် ကတုံးဆံတောက်၊ ဆံပင်ဖြူဖြူ၊ ကျောက်ပေါက်မာသဲ့သဲ့၊ အသားမည်းမည်း၊ အရပ်ပျပ်ပျပ်၊ နှုတ်ခမ်းမွှေးရေးရေးရှိသောသူ့ရုပ်ကို အနောက်ဘက်မှ သာမာန်အားဖြင့် ကြည့်မိရှုမိသည်ရှိသော် ကော်လံနှင့် အရောင်နုနု ပထမတန်းအမျိုးအစား ရှပ်လက်ရှည် ခေါက်ရိုးကျကျဝတ်လျက် ပလေကပ်ဖြူစိမ်းပြာကွက်လုံချည် ဒိုဘီချနှင့် လည်ကုပ်စပ်နှင့် လည်ပင်းစပ်မှ ပေါင်ဒါမှုန့်အစအနများကို အရင်မြင်မိကြည့်မိကြမည်သာတည်း။   အသန့်ကြိုက်၊ အနုကြိုက်၊ အကောင်းကြိုက်၊ မင်းသားလို ကျော့မော့အောင်နေတတ်ထိုင်တတ်သော ဦးသာဖူးကို ဒေါ်သီသည် သူ့အလိုလိုက်လျက် သူ့အကြိုက်သိလျက် ဝတ်ရာစားရာ နေရာတကာ၌ သူ့စိတ်တိုင်းကျဖြစ်အောင် ဂရုတစိုက် ...

ရဲဘက် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့အပြင် ထမင်းချက် ရဲဘက်လှအေးပါ ပါလာသဖြင့် အဆင်ပြေသည်။ ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်ကို ရိက္ခာက ထုတ် ပေးသည်။ ဟင်းချက်စရာ အသီးအနှံနှင့် အကောင်ပလောင်ကို မုဆိုးအောင်သန်းနှင့် တင်သောင်းက နေ့စဉ်ရှာပေးသည်။ တင်သောင်းမှာ သစ်ပင်တက် အလွန်တော်သဖြင့် စခန်းတစ်ခုလုံးက သူ့အား မျောက်ဘွဲ့ထူးပေး ထားသည်။ ထို့ကြောင့် မျောက်တင်သောင်းဟု ခေါ်ကြသည်။ တကယ်ပင် မျောက်တစ်ကောင်အလား စွမ်းဆောင်နိုင်ရည်ရှိသူ ဖြစ်သဖြင့် အလွန်အားကိုးရသည်။ ကျွန်တော်တို့ စခန်းအလုပ်တာဝန်မှာ လမ်းအူကြောင်းရှာ၊ သစ်ပင်ခုတ်၍ ...

စိတ်ရှည်လက်ရှည် ချုပ်နေလေ၏။ ၎င်းပိတ်စကလေးများသည် လွန်စွာ သေးကွေးသော်လည် အဘိုးကြီးသည် ပဆစ်ကွက် သဏ္ဌာန်ဖော်၍ စပ်စောင်တစ်ထည် ချုပ်နေခြင်းဖြစ်၏။ ထိုအချိန်မှာပင် ရာဇဝတ်အုပ် တစ်ယောက်နှင့် ပုလိပ်သား ခုနှစ်ယောက်သည် ထိုဆိုင်သို့ ရောက်ရှိလာလေ၏။ ထမင်းမှာယူ စားသောက်ကြ၏။ ညအဖို့ အိပ်စက်ရန် ကင်းကော့ကလေးများ တောင်းယူကြ၏။ သို့ရာတွင် ၎င်းတို့သည် ချမ်းအေးလွန်းသောကြောင့် အိပ်စက်ခြင်းမပြုနိုင်ဘဲ မီးဖိုကြီးဘေးတွင် စုပြုံ၍ ထိုင်နေကြလေ၏။ ထိုပုလိမ်များ ရောက်ရှိလာပြီးနောက် လူငယ်တစ်ဦး ရောက်ရှိလာလေ၏။ ထိုလူငယ်သည် ဘင်ဂျိုတစ်လုံးကို လွယ်လျက် ပတ္ထူလွယ်အိတ်တစ်လုံးကို လက်မှဆွဲလျက် ဝင်လာခြင်းဖြစ်၏။ ...

ပါသည်။.ထို့နောက် လယ်သူရင်းငှားတွေနှင့်အတူ လယ်အလုပ်ကိုသာ ဦးဆောင်ပြီး လုပ်ကိုင်ပါတော့သည်။ တစ်နေ့။ နေ့လည်ဆယ့်နှစ်နာရီထိုးပြီမို့အဖေလည်း လယ်ထဲမှပြန်လာပြီး ကျွန်မတို့နှင့်အတူ နေ့လည်စာစားပါသည်။ ပြီးနောက် တရေးတမောအိပ်စက်ဖို့ပြင်ဆင်နေခိုက်တွင် လယ်သူရင်းငှားတစ်ယောက် အလောတကြီးရောက်လာပါသည်။ “ကိုသိန်းထိုက်.. ကိုသိန်းထိုက်” “ဟေ ဘာလဲ” “ဟိုကောင် အောင်မောင်း လွှထိလို့” ထိုစကားကြောင့်အဖေလည်း အထိတ်တလန့်ဖြစ်သွားပါသည်။ ထို့နောက် “အခြေအနေ တော်တော်ဆိုးလား ကိုကျော်ဦး” “ဆိုးတယ်ဗျ။အကြောတွေ ပြတ်လုနီးပါးပဲ” “ဒုက်ခပါပဲ” အဖေလည်းညည်းညူပြီး “ခဏစောင့်၊ကျုပ်ပိုက်ဆံယူလိုက်ဦးမယ်” ပြောပြီး အဖေလည်း အိမ်ပေါ်သို့တက်ကာ ပိုက်ဆံယူပါသည်။ ပြီးနောက် ကိုကျော်ဦးနှင့်အတူ လယ်တောသို့လိုက်သွားပါသည်။ နောက်မှသိရသည်ကား ...

ဗိုလ်မထားဘူးဟေ့” လူနာမရွှေ ပါးစပ်မှ ထွက်လာသောစကားကြောင့် အားလုံးအံ့သြသင့်သွားကြသည်။ “စုန်းမ မယ်ခို “ဆိုပါကလား။ “မယ်ခို”ပြုစား ထားသည်ဟု နားလည်လိုက်ကြသည်။ အန္တိမ အဆင့်ရှိ့ ဆရာကြီးသည် အတွေ့အကြုံ များ စွာ ရင့်ကျက်နေသည် ပွဲရ ဆရာကြီးတစ်ဦးအ နေဖြင့် စုန်း ကဝေ သရဲတစ္ဆေ နာနာဘဝတို၏ လှည့်စားတတ်သော မာယာများ အမူ့အကျင့် များကို ထုံးလိုခြေ ရေလိုနောက်ခဲ့ပြီဖြစ်သည်။ ထိုနောက် ဆရာကြီးက ခပ်ပြုံးပြုံး မျက်နှာထား ဖြစ် မယ်ခိုတဲ့လား…ကောင်းပြီလေ မယ်ခို ဆို တော့လဲ ...