တဲ့ဗျာ.. အပင်က လူရင်စို့လောက်ရှိပြီတဲ့..” ” ဟင်.. ဒီဆရာက ဒါတွေကို ဘယ်လိုသိတုံး ဘုန်းဘုန်းရဲ့..” ” အေး.. အဲဒါကို ဘုန်းကြီးလည်း မေးမြန်တာပေါ့ တာတေရဲ့..” ” မှန်ပါ့ ဘုရား..” ” တစ်ရက်တော့ ဆရာနွံဖက လူနာလာပင့်လို့ ဒီဘက်ကို လိုက်လာတာတဲ့ကွ.. သူ့ ပယောဂကပ်နေတဲ့လူနာကို ပယောဂ ထုတ်တော့ ၀င်ကပ်နေတဲ့အကောင်က အဲဒီဆရာမနိုင်က သစ်စုန်းစောင့်ဖို့ အလှည့်ကျတဲ့အကောင်တဲ့ဗျာ.. အဲဒီ သစ်စုန်းစောင့်ရမှာစိုးလို့ လာပုန်းခိုနေတာဆိုပဲကွ..” ” အော်.. ဒီ သရဲလား.. သစ်စုန်းကို ...
လာခဲ့ပြီဖိုးထွေးကလည်းအခုချိန်ထိပေါ်မလာသေးဘူးလေ “အရီးအသေးလေးကိုဖိုးထွေးပြန်မလာသေးဘူးလားရှင်..ညမိီးပုံပွဲအတွက်အမဲလိုက်သွားမယ်ဆိုပြီးထွက်သွားတာကြာပြီတော့” ဖိုးထွေးမိန်းမခင်လှကလည်း ေယာက်ျားဖြစ်သူဖိုးထွေးပြန်မလာသေးတာကြောင့်စိုးရိမ်တစ်ကြီးနဲ့လက်သည်ဒေါ်အသေးလေးကိုမေးနေခြင်းလည်းဖြစ်ပါတယ် “ပြန်လာမှာပါခင်လှရယ်အမဲလိုက်သွားတာပဲခနနဲ့တော့ဘယ်ပြန်ရောက်ပါ့မလည်းဘာမှစိတ်မပူပါနဲ့ဖိုးထွေးလိုလူစွမ်းကောင်းတစ်ယောက်ကိုသားရဲတိရိစ္ဆာန်တစ်ကောင်ကဘာမှမလုပ်နိုင်ပါဘူး” ဒေါ်အသေးလေးကလည်းခင်လှကိုမစိုးရိမ်ဖို့ပြောပြီးတော့လည်း အိမ်အပြင်ကိုကြည့်နေတာပေါ့ “ကိုကြီးဖိုးထွေးပြန်လာပြီဟေ့” ရွာထည်းမှကောင်လေးတစ်ယောက်အော်သံနဲ့အတူ ဖိုးထွေးကတော့ တောအုပ်သေတစ်ကောင်ကိုတစ်ယောက်ထည်းထမ်းပြီး ခြံဝိုင်းထည်းကိုဝင်လာခဲ့တယ် ဖိုးထွေးနောက်ကလည်းရွာသားများကပ်ပါလာတယ်လေ “တောအုပ်အစပ်နားမှာကျားခြေရာတစ်ခုတွေ့လို့ကျားကိုပတ်ရှာနေရင်းနဲ့ကြာနေတာ” ဖိုးထွေးကလည်းတောဝက်သေကိုပြစ်ချလိုက်ပြီးတော့လည်းပြောလိုက်ပါတယ် “ရှင်ဘာမှတော့မဖြစ်ပါဘူးေနာ်ရှင်သွားတာကြာနေပြီမိုလို့ကျမကစိတ်ပူနေရတာ” ဖိုးထွေးမိန်းမခင်လှကလည်းဖိုးထွေးပြန်ရောက်လာမှစိတ်အေးသွားဟန်နဲ့ပြောလိုက်တယ် “မိန်းမရယ်ငါ့လိုလူတစ်ယောက်ကိုဒီတောအုပ်ထည်းကသားကောင်တွေကဘာများလုပ်နိုင်မှာလည်းကွာငါဘာမှမဖြစ်ပါဘူးဒါနဲ့သားလေးရော” “ရှိပါတယ်တော်အထည်းမှာရှိပါတယ်” “ဒါဆိုလည်းအားလုံးပဲနားထောင်ကြပါတောဝက်ကိုချက်ပြုတ်ထားကြ ညရောက်တော့မယ် ညရောက်ရင်မီးပုံပွဲလုပ်ကြမယ်ကျုပ်ကတော့သားလေးအနားမှာနေလိုက်အုံးမယ်ဗျာ” ဖိုးထွေးပြောလိုက်တော့အားလုံးကလည်းခေါင်းညိတ် ယောက်ျားသားများကလည်းတောဝက်ကိုနောက်ဖေးကိုယူသွားပြီးအသားများဖြတ်နေကြတယ် မိန်းကလေးများမိန်းမကြီးများကတော့ မီးပုံပွဲအတွက် ထမင်းများချက်နေကြတာပေါ့ ဖိုးထွေးကလည်း သားလေးအနားမှာရှိနေတယ်လေ ဖိုးထွေးရဲ့ဘေးမှာကတော့ ဉီးမြသောင်းကတော့ ကလေးကိုအပြုံးများနှောပြီးကြည့်နေခဲ့တယ် “ဒါနဲ့ကျုပ်သားလေးကိုဘယ်လိုနာမည်ပေးရင်ကောင်းမလည်းဗျ” ဉီးမြသောင်းကလည်းကလေးကိုသေချာကြည့်ပြီးတော့လည်း “သောကွာသားဆိုတော့သူရလို့ပေးရငျမကောငျးဘူးလား” ဉီးမြသောင်းပြောတဲ့နာမည်ကိုကြားတော့လည်းဖိုးထွေးကရီမောရင်းနဲ့ “ကောင်းတယ်ဗျာကောင်းတယ်သူရ…ငါ့သားကြီးသူရကွတနေ့နေ့တစ်ချိန်ချိန်မှာကျုပ်လိုမျိုးရွာအတွက်အထူးအားကိုးရတဲ့သူဖြစ်လာမှာပေါ့ဗျာ” “ဒါပေါ့ကွာမင်းလိုသူရဲကောင်းကမွေးတော့သူရဲကောင်းပဲပေါ့ကွာခလေးရဲ့ကိုယ်အင်လက္ခဏာကိုကြည့်ရတာအင်မတန်ထူးကဲတဲ့သူပဲကွ ဒါနဲ့ခလေးရဲ့ရင်အုံမှာအမှတ်အနီကြီးတစ်ခုတော့ပါတယ်ကွ”ဉီးမြသောင်းပြောလိုက်တော့လည်းဖိုးထွေးကခုမှလူ့လောကထဲရောက်လာတဲ့သူ့သားလေးကိုတစ်ချက်ကြည့်လိုက်ပြီး ဉီးမြသောင်းဘက်ကိုပြန်လှည့်လိုက်တယ် ...
အရာအားလုံး မှာ မနှစ်မြို့စရာများ အဖြစ်မြင်တွေ့လိုက်ရသည်။လူသစ်သည် ကောင်းပင်ပေါ်သို့ မော့ကြည့်ကာ “ဆရာကြီး နေရောင်လည်းမရှိဘူး ဘယ်လိုဖြစ်ပြီး ဒီလို နီကျင်ကျင် အရောင်ကြီးတွေပဲ မြင်ရနေတာလဲ ” “ဒါတွေတော့ မသိဘူး မောင်လူသစ်ရေ လူလေးတို့ သိထားရမှာက ဒီနေရာက လူ့ပြည်မဟုတ်တဲ့အတွက် အထူးသဖြင့် မောင်လူသစ် မင်း မေနန်းကို နားလည်ပေးရမယ်။မင်းတို့ တကယ် ပေါင်းစည်းချင်ရင် နောက်ဘဝမှပဲ ပေါင်းစည်းနိုင်လိမ့်မယ် သူ့ကို အမျှအတန်းဝေပေးပါ ” လူသစ်သည် သူတွေ့ ကြုံနေရသော အရာများကိုကြည့်ခြင်းအားဖြင့် တဖြည်းဖြည်းသဘောပေါက်နားလည်လာပြီ ဖြစ်၍ ခေါင်းကိုညိတ်ပြီး ...
ရသည်၊၊ ဒီကြားထဲမိဗြား စိတ်ပေါက်၍ ချက်ထားသောဟာများကိုလည်း ကြိတ်မှိတ်စားရသည်၊၊ “” ညီမကမစားနဲ့လေ အကိုမဝပဲဖြစ်မယ်”” “” ဟုတ်ပါပြီတော်.. ကျူ ပ်အရွက်ကြော်နှိုက်စားတော့ပါဘူး။ ဒါနဲ့ ယောက်ကျားစားနေတာ နွားကြနေတာပဲ”” “” ဟာ ငရဲကြီးမယ်လေ… အဲ့လိုမပြောရဘူး။ ရော့ ကြက်သားလေးကို စား ဟာ မျက်ရည်ဝဲနဲ့လေ”” “” အဟင့် မိဗြားတောင်းပန်ပါတယ်နော်”” မျက်ရည်များဝဲကာ သူအားတောင်းပန်နေသော မိဗြားကို နွေးထွေးရိပ်သန်းသော မျက်ဝန်းများဖြင့် ကြည့်၍ ကြင်နာစွာ ရင်ခွင်ထဲထွေးပွေ့လိုက်သည်၊၊ ° ° ° ° ° ...
ဟေ့.:. .ဆိုလျှင် မီးသေကြသည် အေးကြည်မ တို့က ထိပ်ဆုံး မျက်နှာစာ အခန်းမှာ နေကြခြင်းဖြစ်ပြီး ကျော်မျိုး နှင့် အေးကြည်မ တို့မှာ သားသမီး မရှိ အိမ်ထောင်ပရိဘောဂ သိတ်မရှိ၍ အခန်းမှာ ကျယ်ဝန်း၍ပင်နေပါသည် ကျော်မျိုးက ပန်ရံ လက်သမား နှစ်မျိုးလုံးကို အလျဥ်းသင့်လျှင် သင့်သလို လုပ်တတ်သည်။ တခါတရံ ဆိုဒ်ကြီး တခုခုမှာ အလုပ်ရလျှင် ပြတ်ရက်မရှိ အလုပ်လုပ်ရပြီး နေ့စားခမှာ တနေ့ တစ်သောင်းခွဲ ရသည်မို့ အေးကြည်မတို့မှာ ငွေစ ရွှင်သည်။ ဆိုဒ်ကြီးမှာ ...
အတိုင်း လယ်သမားအဖြစ်နဲ့ ပုံမှန်ဘဝမှာပဲ ရှိနေခဲ့တာပေါ့။ ‘ ဟေ့ကောင်တွေ…ရန်မဖြစ်ကြနဲ့…’ ကလေးတွေဘက်က အော်သံတွေကြောင့် ကျုပ် အတွေးတွေ ပြတ်တောက်သွားရတယ်။ ကျုပ်လှမ်းကြည့်မိတော့ အခုနက မှိုလုနှုတ်နဲ့ ကလေးနှစ်ယောက် လုံးထွေးနေကြပြီ။ ‘ ဟေ့…ဟေ့ ကလေးတွေ၊ ဟိုကောင်တွေ ခွဲကြဦးလေကွာ…’ ကျုပ်လည်း လှမ်းအော်မိတယ်။ ဒါပေမယ့် ကျုပ်စကားက လေတင်မှာရှိနေတဲ့ သူတို့ဆီကို မရောက်ဘူး။ ကျန်ကလေးတွေက ရန်ဖြစ်နေတာကို ဒီအတိုင်းကြည့်ရင်း အော်နေကြတယ်။ လုံးနေတဲ့ နှစ်ယောက်ကတော့ သူနိုင်ကိုယ်နိုင် အသည်းအသန်သတ်ပုတ်လုံးထွေးနေကြဆဲပဲ။ ကျုပ်လည်း မနေသာလို့ ကလေးတွေရှိရာကို ဖြန်ဖြေဖို့ ...
မိုက်ရိုင်းလို့လုပ်တာပဲ” ဆိုပြီး ပြန်ဖြေပါတယ် .. ဆရာကြီးဦးသန်းဖေရော .. လိုက်ပါလာတဲ့ သူ့မိသားစုတွေ အားလုံးရော အားလုံးငြိမ်ပြီး ကြည့်နေကြတယ် .. ဆရာမက “နင်ဟာ အမှန်မပြောဘဲ ငါ့ကို လာလိမ်နေပါလား” ဆိုတော့ .. “မလိမ်ပါဘူး .. အမှန်ပြောတာ” တဲ့ .. “နင်ဟာ ကလေးနဲ့ စကားပြော အဆင်မပြေတဲ့ ပညာသယ်ဟန်ဆောင်ပြီး ငါ့ကိုလာလိမ်နေတယ် .. တကယ်က ဟိုက ဘာမှလုပ်တာ မဟုတ်ဘဲ နင်က အဲ့မိန်းမ ...
မယ်နော် အမေ” အင်မတန် လိမ္မာတဲ့ချွေးမရလို့ ဒေါမြတင်ပီတိဖြစ်ရပါတယ်။ ဒါကြောင့် ချွေးမလေး ကလေးမွေးတိုင်း သွားပြုစုပေးခဲ့တာ မြေးသုံးယောက်လုံးဆိုပါတော့။ ဒေါ်မြတင် မြို့ပေါ်သွားနေချိန်ဆို သူ့တူမဟာ အပျော်ကိုလွန်ရော။ အပေါင်းအသင်းတရုန်းရုန်းနဲ့ ။ ပြန်လာတဲ့နေ့ အမောဆို့တဲ့နေ့ပဲ။ တအိမ်လုံးဖွ။ ပွယောင်း ။ အမှိုက်ပုံဖြစ်နေရော။ ဆူလဲ ဆူဆူပဲ။ အကျင့်ယုတ်က သန္ဓေ ဗီဇမှာ တံဆိပ်နှိပ်ထားသလို ထင်ရှားနေသူအဖို့ ပတ်၀န်းကျင်ကပြုပြင်ပေးလဲ မရသလို။ ပစ်လိုက်ဖို့ကလဲ ဒေါ်မြတင်ကလွဲရင် ဘယ်သူမှ သူ့ကိုကျွေးမွေးမည့်သူမရှိ။ သူကိုယ်တိုင်လဲ သံယောဇဉ်ဖြစ်နေပြီမို့ ဆက်မွေးခဲ့ရတော့တာပါပဲ။ ဒီသုံးဆယ်ကျော်အရွယ်ကြီးကိုပေါ့။ (၂) ...
ချို၏ အဝေးသို့ပြေးထွက်ခဲ့ကြလေသည်။ တိုက်ဆိုင်စွာပင် ထိုညနေ ကျောင်းကအပြန်မှာပင် သူဇာကားတိုက်ခံရ၍ ဦးနှောက်ပွင့်ပြီးသေဆုံးသွားလေသည်။ထိုဖြစ်ရပ်ကြောင့် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရ၏။သူဇာအဖြစ်အပျက်မှာ မျက်ဝန်းကြောင့်ဟုဆိုကာ သက်ထားနှင့်စိုးစိုးလည်း အလွန်ကြောက်ရွံ့တုန်လှုပ်ပြီး ပြန်လည်တောင်းပန်လာကြသည်။ ထိုအချိန်မှစပြီး မျက်ဝန်းချိုအား မည်သူမှ အနိုင်မကျင့်ရဲတော့ပေ။မျက်ဝန်းလည်း သူ၏ဒေါသကြောင့် သူဇာသေရသည်ဆိုသည့် နောင်တနှင့်အတူ သူ့ဒေါသအား အကြောင်းအမျိုးမျိုးနှင့်မှ မထွက်ခဲ့ပေ။ @@@ ယခုမျက်ဝန်းမှာ အသက်အားဖြင့်၂၃ခန့်သို့ရောက်လာပြီး တတိယနှစ် မြန်မာစာမေဂျာကျောင်းသူတစ်ယောက်အဖြစ်သို့ရောက်ရှိလယခဲ့ပြီ။ မိသားစုမှာလည်းအဆင်ပြေလာခဲ့လေသည်။အမဖြစ်သူ လဲ့သံသာချိုမှာတော့ အိမ်ထောင်ကျကာ နိုင်ငံခြားသို့ရောက်သွားခဲ့လေပြီ။မျက်ဝန်းကတော့ အလွန်လှပသည့် မိန်းကလေးတစ်ဦးအဖြစ်သို့ရောက်ရှိနေပြီဖြစ်သည်။နာမည်နှင့်လိုက်အောင် မျက်ဝန်းလေးမှာ ဆွဲဆောင်မှုအပြည့်ရှိလှပေသည်။မည်းနက်သောမျက်ဝန်းဝိုင်းဝိုင်းလေး နှင့်အတူ နက်မှောင်သော ဆံကေသာအရှည်ကြီးမှာ ဒူးလောက်ထိရှည်ရှိသည်။အသားရေမှာလည်းဖြူဝင်းပြီး အရပ်၅ပေ၄ဖြစ်၍ ...
တော့ သူတို့ဘ၀ပျက်သွားတာကိုးဗျ၊ အဘိုးကို သတ်တော့သတ်ချင်တယ်၊ ဒါပေမယ့် သေနတ်ရယ်၊ နောက်ပြီး အဘိုးရဲ့လူယုံတွေရယ်ကို ကြောက်နေရတာနဲ့ မသတ်ရဘူးပေါ့ဗျာ၊ အချိန်တိုင်းတော့ သတ်ဖို့ကြံစည်နေခဲ့တာ။ ကပ်ရောဂါတွေဖြစ်ပြီး ရွာရွေ့ပြီးတော့ ရွာက မခိုင်မခန့်ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ သူ့အဖေက အဘိုးကိုချောင်းမြောင်းပြီး လုပ်ကြံတော့တာပါပဲ၊ ဒါပေမယ့် သတိရှိတဲ့အဘိုးက သေနတ်နဲ့ပစ်သတ်လိုက်တော့ အဲဒီလူကြီး ဦးခေါင်းပွင့်ပြီး သေသွားပါရောဗျာ၊ အဘိုးက လူမမည် ကျန်ခဲ့တဲ့ ငတိုနဲ့ ငညိုတို့ကို သနားလို့ သူတို့အဖေပိုင်တဲ့ ကျန်ခဲ့တဲ့လယ်တွေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်ဗျ၊ ဒါပေမယ့် ရွာထဲမှာတော့ အဘိုးက လယ်တွေကိုလိုချင်လို့ ...