စုန်း

ချို၏ အဝေးသို့ပြေးထွက်ခဲ့ကြလေသည်။

တိုက်ဆိုင်စွာပင် ထိုညနေ ကျောင်းကအပြန်မှာပင် သူဇာကားတိုက်ခံရ၍ ဦးနှောက်ပွင့်ပြီးသေဆုံးသွားလေသည်။ထိုဖြစ်ရပ်ကြောင့် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရ၏။သူဇာအဖြစ်အပျက်မှာ မျက်ဝန်းကြောင့်ဟုဆိုကာ သက်ထားနှင့်စိုးစိုးလည်း အလွန်ကြောက်ရွံ့တုန်လှုပ်ပြီး ပြန်လည်တောင်းပန်လာကြသည်။

ထိုအချိန်မှစပြီး မျက်ဝန်းချိုအား မည်သူမှ အနိုင်မကျင့်ရဲတော့ပေ။မျက်ဝန်းလည်း သူ၏ဒေါသကြောင့် သူဇာသေရသည်ဆိုသည့် နောင်တနှင့်အတူ သူ့ဒေါသအား အကြောင်းအမျိုးမျိုးနှင့်မှ မထွက်ခဲ့ပေ။

@@@

ယခုမျက်ဝန်းမှာ အသက်အားဖြင့်၂၃ခန့်သို့ရောက်လာပြီး တတိယနှစ် မြန်မာစာမေဂျာကျောင်းသူတစ်ယောက်အဖြစ်သို့ရောက်ရှိလယခဲ့ပြီ။ မိသားစုမှာလည်းအဆင်ပြေလာခဲ့လေသည်။အမဖြစ်သူ လဲ့သံသာချိုမှာတော့ အိမ်ထောင်ကျကာ နိုင်ငံခြားသို့ရောက်သွားခဲ့လေပြီ။မျက်ဝန်းကတော့ အလွန်လှပသည့် မိန်းကလေးတစ်ဦးအဖြစ်သို့ရောက်ရှိနေပြီဖြစ်သည်။နာမည်နှင့်လိုက်အောင် မျက်ဝန်းလေးမှာ ဆွဲဆောင်မှုအပြည့်ရှိလှပေသည်။မည်းနက်သောမျက်ဝန်းဝိုင်းဝိုင်းလေး နှင့်အတူ နက်မှောင်သော ဆံကေသာအရှည်ကြီးမှာ ဒူးလောက်ထိရှည်ရှိသည်။အသားရေမှာလည်းဖြူဝင်းပြီး အရပ်၅ပေ၄ဖြစ်၍ အတော်လေးပြည့်စုံသည့် အလှအပကို ပိုင်ဆိုင်ထား၏။အလှအပသည်လည်း အန္တရာယ်အား ဖိတ်ခေါ်တတ်ပြန်သည်။

မျက်ဝန်းချိုအနားတွင် ကောင်လေးအများစုမှာအရိပ်သဖွယ်လိုက်ပါနေခြင်းကြောင့်ပင်။အချို့၏ လိုက်ပါနှောင့်ယှက်မှုမှာ မျက်ဝန်းအား အတော်လေးဒေါသထွက်စေသည်။သို့သော် ငယ်ငယ်ကအဖြစ်အပျက်ကြောင့် မျက်ဝန်း ဒေါသအားပြန်ပြန်ထိန်းယူရသည်။

တစ်နေ့ မျက်ဝန်း ကျောင်းကအပြန်တွင် တစ်ဖက်သတ် သဘောကျနေသည့် ကောင်လေးမှ မှတစ်ကောက်ကောက်လိုက်ကာ နှောင့်ယှက်နေခဲ့သည်။

“မျက်ဝန်း ဒီစာကို လက်ခံပေးဟာ ငါ့အချစ်ကိုလက်မခံနိုင်ရအောင် ငါကဘာချို့ယွင်းချက်တွေရှိနေလို့လဲ”

“စည်သူစိုး နင့်လိုရှုပ်ပွေပြီး မိန်းကလေးတွေကို ထည်လဲတွဲနေတဲ့သူက ဘာချို့ယွင်းချက်ရှိလို့လဲဆိုတော့ ရယ်စရာမကောင်းနေဘူးလား”

“အေး ဟုတ်တယ် မျက်ဝန်း ငါမင်းကိုမတွေ့ခဲ့စဉ်က ငါမိန်းကလေးတွေထည်လဲတွယ်ခဲ့တယ်။ခုတော့ မင်းအချစ်မှ မရရင် ငါရူးသွားလိမ့်မယ်။ငါ့အချစ်ကိုလက်ခံပေးဟာ”

“စည်သူစိုး ငါ့လက်ကိုလွှတ်နော်”

“မလွတ်ဘူးဟာ နင်ငါ့ကို အဖြေပေးမှ လွှတ်မယ်…”

“နင် ဒုက္ခမရောက်ချင်ရင် ငါ့လက်ကိုခုလွှတ်လိုက်စမ်း…”

“လွှတ်စေချင်ရင် ငါ့ကို အဖြေပေးလေ ချစ်တယ်ဆိုတဲ့အဖြေ ပေးလိုက် ခုချက်ချင်းကိုလွှတ်လိုက်မှာ…”

“သေနာကောင် နင်ကများရာရာစစ ငါ့ကိုခုလိုနှောင့်ယှက်တဲ့အတွက်ကြောင့် အရူးကြီးအဖြစ်ကိုရောက်ရှိပါစေ…”

မျက်ဝန်းခြေထောက်စောင့်ကာ ပြောလိုက်လေသည်။မျက်ဝန်း၏ပုံစံမှာ မျက်ထောင့်နီကာ ဆံပင်မှာလေ‌ပေါ်တွင်ဝဲပျံနေ၍ တခြားသူတစ်ယောက်ကဲ့သို့ပြောင်းလဲသွား၏။မျက်ဝန်း၏ ပြောင်းလဲသွားသည့်ပုံစံမှာသိပ်ကိုကြောက်စရာကောင်းလှ၍ စည်သူစိုးလည်း လက်ကိုလွှတ်လိုက်‌လေသည်။ထိုအချိန်မှာပဲ နောက်ကနေလူတစ်စုရောက်လာကာ…

“ကဲကွာငါ့ညီမကို တွဲချင်သလိုတွဲပြီး အသည်းကွဲသွားတဲ့ကောင် သေပေတော့”

“ဘုတ် အ အု အား….”

” ဒုတ်…အ အု အား…”

လူတစ်စုမှာ စည်သူစိုးအား ထုနှက်ရိုက်နှက်နေသည်မို့ မျက်ဝန်းလည်း ထိုနေရာမှပြေးထွက်လာခဲ့လေသည်။

@@@

နောက်ရက်တွင် ထင်ထားသည့်အတိုင်း စည်သူစိုး၏ သတင်းများမှာ တစ်ကျောင်းလုံးတွင် ပျံ့နှံ့နေသည်။

“မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက်တွဲတာ ခုသူ့အကိုတွေ ဝိုင်းရိုက်တာခံရတာ နည်းတောင်နည်းသေး…”

“အေးဟ သူက ခံရတာ‌နည်းတယ်ပြောရမယ် မသေတော့မသေဘူး ဒါပေမယ့် ဘာမှမမှတ်မိတော့ဘဲ သွက်သွက်ခါအောင် ရူးသွားပြီလည်းပြောတယ်..”

“အဲ့လို လူတစ်ယောက်လျော့သွားတာပဲကောင်းပါတယ် နောက်မို့ဆို သူ့လုပ်ရပ်က ငါတို့ယောက်ျားလေးတွေသိက္ခာကျတယ်.
.”

တစ်ယောက်တစ်ပေါက် ပြောနေကြသည့်စကားများကြောင့် မျက်ဝန်း ထိတ်လန့်သွားရသည်။သူဒေါသတကြီး ပြောလိုက်သော စကားကြောင့် စည်သူစိုး အရူးတစ်ယောက်ဖြစ်သွားပြီဆိုတဲ့ အဖြစ်မှာ သူ့ကိုထိတ်လန့်ဝမ်းနည်းရ၏။မျက်ဝန်း အတန်းမတက်‌ေတာ့ဘဲ အခန်းထဲမှ ချက်ချင်းထပြန်လာ‌ခဲ့သည်။

“မျက်ဝန်း ခဏနေ ဆရာမလာတော့မှာလေ”

“အေးလေ မျက်ဝန်း ဘာဖြစ်တာလဲ မျက်နှာလည်းမကောင်း”

သူငယ်ချင်းတွေရဲ့စကားလည်း မျက်ဝန်းမကြားနိုင်ဘဲ အခန်းထဲမှ ထွက်ကာ အိမ်သို့ပြန်လေသည်။တစ်လမ်းလုံးတွင် ငိုနေမိသည်။ဒေါသကို မထိန်းနိုင်ဘဲ ပြောလိုက်မိတဲ့ကိုယ့်ကိုယ်ကိုယ် အပြစ်ကြီးတင်နေမိသည်။အိမ်အရောက်တွင် ကလေးတစ်ယောက်လို့ အမေဖြစ်သူ ဒေါ်သက်ထား၏ ရင်ခွင်ထဲသို့ တိုးဝှေ့ကာ ငိုယိုလေ‌၏။

“မေမေ …..သမီးမှဘာလို့ဒီလိုဖြစ်ရတာလဲ..”

“သမီးရယ် ဘာဖြစ်လာတာလဲ သမီးကို ဘယ်သူကဘာလုပ်လိုက်လို့လဲ ပြော အမေလိုက်ဖြေရှင်းပေးမယ်..”

“ဟင်အင်း မေမေ သမီးကလုပ်လိုက်လို့ ဖြစ်သွားတာမေမေရဲ့….”

မျက်ဝန်းလည်း ဖြစ်ကြောင်းကုန်စင်ပြောလိုက်‌လေသည်။သို့သော် ဒေါ်သက်ထား၏ ပုံစံမှာ ဝမ်းနည်းရုံမှအပ သိပ်တော့တုန်လှုပ်ခြောက်ခြားခြင်းမရှိချေ။

“မေမေသိနေခဲ့တာလား ဘာလို့ သမီးပုံစံက ဒီလိုဖြစ်နေတာလဲ ”

“အင်းကွယ် အမေ့သမီးလေးလည်း အရွယ်ရောက်လာပြီဆိုတော့ ပြောသင့်ပြောထိုက်တာကို အသိပေးရတော့မယ်။

ဒီလိုကွဲ့ ….

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ဒေါ်သက်ထားတို့မိသားစု နယ်မြို့လေးတစ်ခုကိုခရီးထွက်ခဲ့လေသည်။ထိုအချိန်က အကြီးမလေး လဲ့သံသာချိုမှာ နှစ်နှစ်အရွယ်သာရှိသေးသည်။အလုပ်အကိုင်အဆင်မပြေ၍ ‌နယ်မြို့လေးတွင် အဆင်ပြေနေသည့် ဆွေးမျိုးနည်းစပ်တစ်ဦး၏ အစွယ်ကောင်းမှုကြောင့် အလုပ်လုပ်ရန်ထွက်လာခဲ့ခြင်းပင်။သို့သော် လမ်းခရီးမှာ ဝေးလှ၍ လမ်းတွင် ဒုက္ခမျိုးစုံခံစားရလေသည်။ခရီးတစ်ထောက်တွင် မိုးချုပ်သွားပြီဖြစ်၍ ရွာငယ်လေးတစ်ခုသို့ရောက်ကာ အကူညီတောင်းပြီးတည်းရသည်။

“အခုလို အကူညီပေးလို့ကျေးဇူးတင်ပါတယ်ရှင်”

“မဟုတ်တာဘဲကွယ်..တွေ့စုံရတာလည်းရေစက်ပဲလေ ဒီညဒီမှာပဲတည်းကြပါ မနက်အလင်းရောက်မှသွားကြပေါ့..”

အဖွားအိုကြီးရဲ့ စကားကြောင့် ဒေါ်သက်ထားတို့ဇနီးမောင်နှံလည်း ဝမ်းသာသွားမိသည်။ထိုညမှာပဲ ခရီးပန်းပြီး နှစ်ဦးသား အိပ်မောကျ‌သွားလေသည်။

“အသင်တို့ ကျွန်ုပ်နဲ့တွေ့ရတာရေစက်ပါလို့ပဲ ဒီလိုပဲ ကျွန်ုပ်ရဲ့သက်တမ်းက ကုန်ဆုံးသွားပြီမို့ သမီးလေးကိုအသင်တို့လက်ကိုထည့်လိုက်မယ်။အသင်တို့ရဲ့ ဒုက္ခတွေကို ကျွန်ုပ်သိတယ်။အသင်တို့ကျွန်ုပ်ရဲ့ ကလေးကို ‌သမီးအရင်းလို ပြုစုစောင့်ရှောက်ရင် အရာရာအဆင်ပြေပြီး ချမ်းသာလာလိမ့်မယ်လို့ ကတိပေးတယ်။အေး ကလေးလိုအသင်တို့သေချာမပြုစုခဲ့ရင် သွေးပွက်ပွက်အန်ပြီးသေရမယ်။..”

“အား…”

“အား..”

ဇနီးမောင်နှံနှစ်ယောက်လည်း ထူးဆန်းသည့်အိပ်မက်ကြောင့်လန့်နိုးသွားရလေသည်။နှစ်ယောက်သားအကြည့်ချင်းဆုံကာ အိပ်မက်ကြောင်းကိုပြောလိုက်ပြီသည်နှင့် ထိုအိပ်မက်ထဲကအတိုင်း အပြင်တွင်လည်းတကယ် ကလေးလေးတစ်ယောက်သာ အိမ်ကြီးထဲတွင်ကျန်ရှိနေသည်။ထိုကလေးအား ပုဆိုးအနှီးဖြင့်ပတ်ထားပြီး ဘေးတွင်ဘူးလေးတစ်ဘူးလည်းချထားလေသည်။

“ကလေးက ချစ်စရာလေးပဲ ဘူးလေးထဲမှာ ဘာတွေပါလည်းမသိဘူး ကိုဥက္ကာ..”

“သက်ထား မင်းဒီကလေးကိုမွေးစားမလို့လား ကျုပ်တို့ကိုယ်တိုင်တောင်ပြေလည်တာမဟုတ်ဘူးလေ”

“ကဲပါ ရှင်ကလည်းစကားတွေရှည်တယ် သမီးလေးတစ်ယောက်ရှိတာပဲ သားသမီးချင်းကိုယ်ချင်းစာရမှာပဲ ကျုပ်အငတ်ခံပြီး ဒီကလေးတွေကိုရှာကျွေးမယ် ကဲပါ ဘူးလေးကိုဖွင့်ကြည့်စမ်းပါ…”

ဇနီးဖြစ်သူစကားကြောင့် ဥက္ကာလည်း ဘူးလေးကို ဖွင့်လိုက်လေသည်။ထိုဘူးလေးထဲတွင် စာ‌တစ်စောင်နှင့်အတူ ရွှေအချို့ရှိနေသာသည်။

“ရွှေတွေပဲ သက်ထားရေ ကျုပ်တို့ချမ်းသာပြီ..”

“ကဲပါ စာလည်းဖတ်ကြည့်ပါဦး.”

“အေးပါကွာ အပျော်လွန်သွားလို့ပါ ဖတ်ပြပါ့မယ် သို့ အသင်တို့ကလေးကို မွေးစားလိုက်တာနဲ့ ဒီရွှေတွေကိုပိုင်ဆိုင်ရမည်။သို့သော်ကလေးရဲ့အခြေနေမှာ သာမန်ထက်ထူးကဲလှသူမို့ အဆိုးဆုံးအခြေနေတွေနဲ့ရင်ဆိုင်ခဲ့ရသည်‌ရှိသော် မပစ်ပယ်ဘဲ သားသမီးအဖြစ်သို့ မွေးစားနိုင်မှသာလျှင် မွေးစားပါလော့။ကလေးအပေါ် စိတ်ကွက်တာနဲ့အသင်တို့ဒုက္ခရောက်ပြီး ပစ်ပယ်ပါက သွေးပွက်ပွက်အန်ပြီးသေလိမ့်မည်”

“သူ့စာ‌ကလည်း ကျုပ်တို့အတွက် အန္တရာယ်တွေချည်းပဲ သက်ထားရေ ဘယ်လိုလုပ်မလဲ”

“ကျုပ်တို့သမီးလေးလည်းအဖော်ရတယ် ကျုပ်တို့လည်း ဘဝတစ်ခုကိုအသစ်ကစလို့ရပြီပဲ ကျုပ်တို့သမီးလေးလိုမွေးစားကြရအောင်နော် ပြီးတော့ သမီးလေးရဲ့မျက်ဝန်းတွေက ထူးခြားပြီး တောက်ပနေတာပဲ သူ့ကိုမျက်ဝန်းလို့ နာမည်ပေးရအောင်”

“အင်းပါ မင်းသဘောပဲ သမီးတစ်ယောက်လည်းရ ကျုပ်တို့လည်းချမ်းသာတဲ့ဘဝတစ်ခုကိုစနိုင်တာပေါ့…”

ဒေါ်သက်ထားလည်း အဖြစ်အပျက်ကိုအသေးစိတ်ပြန်ပြောပြရင်း…

သမီးး မျက်ဝန်းလေးကို မွေးစားလိုက်ပြီး မေမေတို့ဇနီးမောင်နှံနှစ်ယောက် ဘဝအသစ်ကိုစတင်ခဲ့ကြတယ်။တစ်ခါတရံသမီးလေးရဲ့အနားမှာ မြွေဆိုး‌တွေဝန်းရံနေသလို သဘာဝလွန်တဲ့အဖြစ်အပျက်တွေလည်းအများကြီးပဲကွဲ့….

ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာတော်ကြီးတစ်ပါးက ဒီလို မိန့်ခဲ့တယ်။သမီးသာ အမှားအမှန်တွေကိုသိမြင်နိုင်ပြီး မကောင်းတဲ့အရာကိုစွန့်ပယ်ချင်ရင် သမီးမှာရှိနေတဲ့ပညာတွေကို ဘုရားမှာ လှူပြီး သာသနာ့ဘောင်ကို ကိုးရက်တိတိဝင်ရောက်ပါတဲ့။

“ဒါဆို သမီးက သာမန်ကလေးတစ်ယောက်လိုနေလို့ရပြီပေါ့နော် ဘာလို့ငယ်ငယ်က သီလရှင်မဝတ်ပေးခဲ့‌တာလဲဟင်.”

“ငယ်ငယ်က ဒီအကြောင်းကို ဆွေးနွေးတိုင်း အမြဲအနှောင့်အယှက်ပေါ်ခဲ့တယ် ပြီးတော့ဆရာတော်ကြီးမိန့်ကြားခဲ့သလို သမီးကိုယ်တိုင်သိမြင်လက်ခံပြီး ပစ်ပယ်ချင်စိတ်ရှိမှသာဆိုတဲ့စကားကြောင့်ပါ”

“သမီးကို အရင်လိုရောချစ်မှာလားဟင်..”

“သေချာတာပေါ့သမီးရယ် မေမေတို့က သမီးလေးဘယ်အခြေနေမျိုးပဲဖြစ်ဖြစ် လက်ခံပြီးချစ်ပေးကြမှာပါ…”

မျက်ဝန်းလည်း မျက်ရည်တွေကိုသုတ်ကာ သူ့မှာရှိနေတဲ့မကောင်းတဲ့ ပညာတွေအကုန်ကတိသစ္စာပြုကာ လှူဒါန်းလိုက်ပြီးနောက် သာသနာဘောင်တွင် ၉ရက်ဝင်ရောက်ပြီး သာမန်ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနိုင်ခဲ့လေတော့သည်။ ။

ဆက်လက်ကြိုးစားပါဦးမည်။

စုသစ္စာ(ဓနုဖြူ)