ကံကြမ္မာဆိုး

လာခဲ့ပြီဖိုးထွေးကလည်းအခုချိန်ထိပေါ်မလာသေးဘူးလေ

“အရီးအသေးလေးကိုဖိုးထွေးပြန်မလာသေးဘူးလားရှင်..ညမိီးပုံပွဲအတွက်အမဲလိုက်သွားမယ်ဆိုပြီးထွက်သွားတာကြာပြီတော့” ဖိုးထွေးမိန်းမခင်လှကလည်း ေယာက်ျားဖြစ်သူဖိုးထွေးပြန်မလာသေးတာကြောင့်စိုးရိမ်တစ်ကြီးနဲ့လက်သည်ဒေါ်အသေးလေးကိုမေးနေခြင်းလည်းဖြစ်ပါတယ် “ပြန်လာမှာပါခင်လှရယ်အမဲလိုက်သွားတာပဲခနနဲ့တော့ဘယ်ပြန်ရောက်ပါ့မလည်းဘာမှစိတ်မပူပါနဲ့ဖိုးထွေးလိုလူစွမ်းကောင်းတစ်ယောက်ကိုသားရဲတိရိစ္ဆာန်တစ်ကောင်ကဘာမှမလုပ်နိုင်ပါဘူး” ဒေါ်အသေးလေးကလည်းခင်လှကိုမစိုးရိမ်ဖို့ပြောပြီးတော့လည်း အိမ်အပြင်ကိုကြည့်နေတာပေါ့ “ကိုကြီးဖိုးထွေးပြန်လာပြီဟေ့” ရွာထည်းမှကောင်လေးတစ်ယောက်အော်သံနဲ့အတူ ဖိုးထွေးကတော့ တောအုပ်သေတစ်ကောင်ကိုတစ်​ယောက်ထည်းထမ်းပြီး ခြံဝိုင်းထည်းကိုဝင်လာခဲ့တယ် ဖိုးထွေးနောက်ကလည်းရွာသားများကပ်ပါလာတယ်လေ “တောအုပ်အစပ်နားမှာကျားခြေရာတစ်ခုတွေ့လို့ကျားကိုပတ်ရှာနေရင်းနဲ့ကြာနေတာ” ဖိုးထွေးကလည်းတောဝက်သေကိုပြစ်ချလိုက်ပြီးတော့လည်းပြောလိုက်ပါတယ် “ရှင်ဘာမှတော့မဖြစ်ပါဘူးေနာ်ရှင်သွားတာကြာနေပြီမိုလို့ကျမကစိတ်ပူနေရတာ” ဖိုးထွေးမိန်းမခင်လှကလည်းဖိုးထွေးပြန်ရောက်လာမှစိတ်အေးသွားဟန်နဲ့ပြောလိုက်တယ် “မိန်းမရယ်ငါ့လိုလူတစ်ယောက်ကိုဒီတောအုပ်ထည်းကသားကောင်တွေကဘာများလုပ်နိုင်မှာလည်းကွာငါဘာမှမဖြစ်ပါဘူးဒါနဲ့သားလေးရော” “ရှိပါတယ်တော်အထည်းမှာရှိပါတယ်” “ဒါဆိုလည်းအားလုံးပဲနားထောင်ကြပါတောဝက်ကိုချက်ပြုတ်ထားကြ ညရောက်တော့မယ် ညရောက်ရင်မီးပုံပွဲလုပ်ကြမယ်ကျုပ်ကတော့သားလေးအနားမှာနေလိုက်အုံးမယ်ဗျာ” ဖိုးထွေးပြောလိုက်တော့အားလုံးကလည်းခေါင်းညိတ် ယောက်ျားသားများကလည်းတောဝက်ကိုနောက်ဖေးကိုယူသွားပြီးအသားများဖြတ်နေကြတယ် မိန်းကလေးများမိန်းမကြီးများကတော့ မီးပုံပွဲအတွက် ထမင်းများချက်နေကြတာပေါ့ ဖိုးထွေးကလည်း သားလေးအနားမှာရှိနေတယ်လေ ဖိုးထွေးရဲ့ဘေးမှာကတော့ ဉီးမြသောင်းကတော့ ကလေးကိုအပြုံးများနှောပြီးကြည့်နေခဲ့တယ် “ဒါနဲ့ကျုပ်သားလေးကိုဘယ်လိုနာမည်ပေးရင်ကောင်းမလည်းဗျ”

ဉီးမြသောင်းကလည်းကလေးကိုသေချာကြည့်ပြီးတော့လည်း “သောကွာသားဆိုတော့သူရလို့ပေးရငျမကောငျးဘူးလား” ဉီးမြသောင်းပြောတဲ့နာမည်ကိုကြားတော့လည်းဖိုးထွေးကရီမောရင်းနဲ့ “ကောင်းတယ်ဗျာကောင်းတယ်သူရ…ငါ့သားကြီးသူရကွတနေ့နေ့တစ်ချိန်ချိန်မှာကျုပ်လိုမျိုးရွာအတွက်အထူးအားကိုးရတဲ့သူဖြစ်လာမှာပေါ့ဗျာ” “ဒါပေါ့ကွာမင်းလိုသူရဲကောင်းကမွေးတော့သူရဲကောင်းပဲပေါ့ကွာခလေးရဲ့ကိုယ်အင်လက္ခဏာကိုကြည့်ရတာအင်မတန်ထူးကဲတဲ့သူပဲကွ ဒါနဲ့ခလေးရဲ့ရင်အုံမှာအမှတ်အနီကြီးတစ်ခုတော့ပါတယ်ကွ”ဉီးမြသောင်းပြောလိုက်တော့လည်းဖိုးထွေးကခုမှလူ့လောကထဲရောက်လာတဲ့သူ့သားလေးကိုတစ်ချက်ကြည့်လိုက်ပြီး ဉီးမြသောင်းဘက်ကိုပြန်လှည့်လိုက်တယ် “ဉီးမြသောင်းဒီလိုအမှတ်အနီတွေပါရင်ဘာဖြစ်တတ်လည်းဗျအတိတ်နိမိတ်မကောင်းလို့လား”ဖိုးထွေးမေးလိုက်တော့လည်းဉီးမြသောင်းကခေါင်းခါရင်း “မဟုတ်ပါဘူးကွာအမှတ်အနီပါတယ်ဆိုတာကလည်းသာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုသာသာပါပဲဒီထက်ဘာမှမထူးခြားဘူးအရမ်းစိတ်ပူမနေနဲ့”ဉီးမြသောင်းကလည်းပြောပြီးတာနဲ့အိမ်အောက်ကိုဆင်းသွားခဲ့တယ် “အော်ခင်လှသားလေးကိုဂရုစိုက်နော်အကိုအောက်ကိုဆင်းပြီးဝိုင်းကူ လိုက်အုံးမယ်” “ဟုတ်အကိုလုပ်စရာရှိတာလုပ်ပါကျမခလေးနဲ့အတူရှိနေပါတယ်”ဖိုးထွေးကလည်းသားလေးရဲ့နဖူးလေးကိုနမ်းပြီးအိမ်အောက်ကိုဆင်းလာခဲ့တယ် “ကိုကြီးဖိုးထွေးရေ ဒီညအတွက်အရက်တွေရလာပြီဗျ”အသက်၂၀ ကျော်အရွယ်ကောင်လေးများကလည်း အရက်အိုးများထမ်းလာကြပြီးတော့လည်းခြံထည်းဝင်လာခဲ့တယ် ခြံထည်းမှာတော့ အားလုံးကချက်ကြပြုတ်ကြနဲ့အလုပ်ရှုပ်နေကြတာပေါ့ “အရက်တွေကမများလွန်းဘူးလားကွ”ဖိုးထွေးကလည်းလူငယ်များယူလာတဲ့အရက်များကိုကြည့်ပြီးပြောလိုက်တာပေါ့ လူငယ်များကလည်းသွားများဖြီးပြီးတော့လည်း “ဟဲဟဲပိုလည်းနောက်နေ့အတွက်ပေါ့ဗျာ” “မင်းတို့ကောင်တွေတယ်လည်းဟုတ်ကြတယ်နော်နောက်နေ့အတွက်ပါကြိုတင်စီစဉ်ထားကြတယ်””အကိုဖိုးထွေးရေမီးပုံပွဲစလို့ရပြီဗျအားလုံးအဆင်သင့်ဖြစ်ပြီ”ဖိုး ​ေထွးန ဲ့လူငယ်များကလည်းစကားပြောနေကြချိန် တောဝက်သားချက်နေကြတဲ့အဖွဲ့ထည်းကလူတစ်ယောက်ကလည်းအော်ပြောလိုက်ခြင်းလည်းဖြစ်တယ် “အားလုံးပဲပျော်ပျော်ရွင်ရွင်လွပ်လွပ်လပ်လပ်နေကြပါခုချိန်ကစပြီးမီးပုံပွဲစတင်ပါပြီအရက်များသောက်ချင်သူဒီနေရာမှလာသောက်နို်င်သလိုတောဝက်သားနဲ့လည်းထမင်းအဝကြိတ်လို့ရပါပြီနော်”ဖိုးထှေးကလညျးအားလုံးကွားနိုငျအောငျအောျပွောလိုကျတော့လညျးအားလုံးကလကျခုပျလကျဝါးတိီးမြားတီးပွီးတော့လညျးကခုနျနကွေတယျ ထမင်းစားတဲ့သူစားအရက်လာသောက်တဲ့သူကသောက် မီးပုံဘေးမှာလက်ချင်းချိတ်ပြီးတော့လည်းကနေကြတဲ့သူများကိုလည်းတွေ့ရတယ် ဖိုးထွေးကလည်း အားလုံးကိုပြုံးပြအိမ်ပေါ်ကိုပြန်တက်သွားခဲ့တယ် “မိန်းမခလေးကိုနာမည်ပေးထားတာမင်းရယ်ငါရယ်ဉီးမြသောင်းရယ်ပဲရှိသေးတယ်ဆိုတော့အားလုံးသိအောင်ငါတို့သားလေးကိုပွဲထုတ်နာမည်ပေးရမယ်ကွ” “ကောင်းတာပေါ့အကိုရယ်ကျမကတော့ပင်ပန်းနေလို့အောင်ကိုမလိုက်တော့ဘူးနော်” “ရပါတယ်မိန်းမရယ်နားနားနေနေ နေအားလုံးကလည်းအကိုတို့ရဲ့သားလေးအတွက်ပျော်နေကြတာခုတော့သားလေးကိုပွဲထုတ်လိုက်အုံးမယ်”ဖိုးထွေးကလည်းဇနီးဖြစ်သူခင်လှကိုနားနေရန်ပြောပြီးတော့လည်းသားလေးကိုချီပြီးအိမ်အောက်ကိုဆင်းလာခဲ့တယ် “ကဲကဲအားလုံးပဲသောက်တာစားတာကတာတွေခနထားပြီးကျုပ်ရဲ့သားလေးအတွက်ကောင်းချီးပေးကြပါအုံး” ဖိုးထွေးပြောလိုက်တော့လည်း ဆူညံနေတဲ့လူအုပ်ကြီးကလည်းမီးကိုရေနဲ့ငြိမ်းသလိုတိတ်ဆိတ်သွားပြီးနောက် ကောင်းချီးပေးသံဆုတောင်းစကားသံများကလည်း အသီးသီးထွက်ပေါ်လာကာ မိန်းမကြီးများကလည်းခလေးကိုအနိီးကပ်လာကြည့်ပြီးတော့လည်း ရွာအတွက်ဘုရားကပေးလိုက်တဲ့လက်ဆောင်ဆိုပြီးတော့လည်းပြောနေကြတယ် “ဒါနဲ့အကိုဖိုးထွေးခလေးကိုနာမည်ပေးပြီးပြီလားဗျ” အရက်အိုးမ​ျားထမ်းလာတဲ့ကောင်လေးစကားကြောင့်လည်း ဖိုးထွေးကခေါင်းညိတ်ရင်းနဲ့ “ပေးပြီးပြီကွငါ့သားလေးနာမည်ကသူရတဲ့ကွ” “ဗျာသူရဟုတ်လားကောင်းတယ်ဗျာဒါနဲ့အားလုံးသိအောင်ပြောပြအုံးလေဗျာ” ဖိုးထွေးကလည်း သားငယ်အားချိုင်းကပင့်မြှောက်ပြီးတော့လည်း “အားလူံးပဲဒါကတော့ကျုပ်ရဲ့သားလေးနာမည်ကတော့သူရတဲ့ခုချိန်ကစပြီးကျုပ်သားလေးနာမည်ကိုသူရလို့ပေးလိုက်ပြီ” လူအုပ်ကြီးကလည်း လက်အုပ်များကိုမြှောက်ပြီးေတာ့လည်း ဖိုးထွေးရဲ့သားသူရအတွက်လည်းကောင်းချီးများနောက်တစ်ဖန်ထပ်ပေးနေကြတယ် “အားလုံးပဲပျော်ပျော်ပါးပါးနေလို့ရပါပြီ” လူအုပ်ကြီးကလည်းတစ်ခါပြန်ပြီးဆူညံသွားခဲ့တယ် သီချင်းများကိုအော်ဆိုပြီးတော့လည်း မီးပုံဘေးမှာကနေတဲ့သူများနဲ့အတူဖိုးထွေးတစ်ယောက်ကလည်းကနေခဲ့တယ် ကျယ်လောင်စွာပေါ်လာတဲ့သေနတ်သံတစ်ချက်နဲ့အတူ မြှားတံများကလည်း လူအုပ်ကြီးထံကိုပြေးဝင်လာခဲ့တယ် ရုတ်တရက်အခြေနေကလည်းပြောင်းလဲသွားခဲ့တယ် ဖိုးထွေးကလည်း မြှားတံများလာရာဘက်ကိုကြည့်လိုက်တော့လည်း အမဲရောင်ဝတ်စုံများဝတ်ထားတဲ့လူအယောက်၂၀ ကျော်လောက်ကိုလည်းလရောင်ထည်းမှာမြင်လိုက်ရတယ် ဖိုးထွေးကလည်းသားငယ်ကိုရင်မှာပွေ့ပိုက်လိုက်ပြီးတော့လည်း သစ်ပင်ကြီးတစ်ပင်နောက်ကိုပြေးကွယ်လိုက်ပြိီးတော့လည်း ရွာသားများကိုပြေးဖို့အော်ဟစ်သတိပေးလိုက်တယ် “ဘာတွေဖြစ်ကုန်​တာလည်းအားလုံးပဲပုန်းကြဓားပြတွေဝင်လာပြီ” မီးပုံဘေးမှာကနေတဲ့သူများ
ဖိုးထွေးကလွဲပီးအားလုံးကလည်းမြှားတံများနဲ့မှောက်လျက်သေဆုံးနေတာကိုစိတ်မကောင်းဖွယ်မြင်တွေ့လိုက်ရတယ် ခလေးများရဲ့အော်ဟစ်သံ ပြေးလွှားနေတဲ့ခြေသံများ ကလည်း ဆူညံစွာထွက်ပေါ်နေခဲ့တယ် ဉီးလေးမြသောင်းကလည်းသူပုန်းကွယ်ရာသစ်ပင်နောက်မှာလည်းသူနဲ့အတူပုန်းကွယ်လျှက်ရှိနေခဲ့တယ် “ဟေ့ကောင်ဖိုးထွေးမင်းထွက်လာပြီးငါနဲ့တစ်ယောက်ချင်းလာတိုက်ပါမဟုတ်ရင်းမင်းရွာသားတွေကိုငါအကုန်သတ်ပြစ်မယ်” ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ဓားပြဗို်လ်ရဲ့အသံကလည်းခပ်​ြ သ​ြ သ ထွက်ပေါ်လာခဲ့တယ် “အေးငါ၁၀အထိရေမယ် မင်းမထွက်လာရင်တော့ငါ့စကားအတိုင်းငါလုပ်ရမှာပဲ”

ဖိုးထွေးကလည်းသားလေးမျက်နှာကိုကြည့်မျက်ရည်များလည်းကျလာခဲ့တယ် “မထွက်လာသေးဘူးလားကွမင်းတို့ရွာသားတွေကိုငါတို့ဖမ်းထားတယ်နော်ငါသတ်လိုက်ရတော့မလားစရေပြီမင်းထွက်လာရင်လာမဟုတ်ရင်​တော့မင်းရွာသားတွေသေပြီပဲ ၁……၂….” ဓားပြဗို်လ်ရဲ့အသံကလည်းကြမ်းတမ်းစွာထွက်ပေါ်နေခဲ့တယ် ဖိုးထွေးကလည်းသားလေးရဲ့နဖူးကိုနမ်းရှိုက်လိုက်ပြီးတော့လည်း “ဉီးမြသောင်းကျုပ်သားလေးကိုခေါ်ပြီးဒီအရပ်နဲ့ဝေးရာကိုသွားပါဗျာကျုပ်သာဒီလောကမှာဆက်ရှိနေသေးမယ်ဆိုရင်ကျုပ်သားလေးနဲ့ပြန်ဆုံအုံးမှာပါဉီးမြသောင်းသွားတော့ဗျာကျုပ်တို့မှာအချိန်မရှိတော့ဘူး” ဖိုးထွေးကလည်းသူရကိုဉီးမြသောင်းလက်ထည်းထည့်လိုက်ပြီးတော့လည်း ပြောဆိုနေခြင်းလည်းဖြစ်တယ် ဉီးမြသောင်းကလည်းမျက်ရည်များစီးကျအံကိုကြိတ် ဖိုးထွေးပုခုံးကိုလက်နဲ့ပုတ်လိုက်ပြီးတော့လည်းသူရကိုချီပြီးခြေဉီးတည့်ရာကိုပြေးထွက်လာခဲ့တယ် “၇…..၈…..မင်းမထွက်လာသေးဘူးလားကွ” “ငါလာပြီမိုးကြိုးမင်းယောက်ျားဆိုငါနဲ့တစ်ယောက်ချင်းယှဉ်ရဲမှာပေါ့” ဖိုးထွေးကလည်းဉီးမြသောင်းတော်တော်ဝေးတော့မှပုန်းကွယ်ရာသစ်ပင်နောက်မှထွက်လိုက်တယ် “အော်ငါကတော့ဘယ်မှာကြောက်ပြီးပုန်းနေသလဲမှတ်တယ်မင်းကတော့ဒီမှာပုန်းနေတာပဲဟားဟား” “မင်းအပိုစကားတွေမပြောနဲ့မိုးကြိုးမင်းငါ့ရွာသားတွေကိုမထိနဲ့မင်းနဲ့ငါတစ်ယောက်ချင်းယှဉ်မယ်” “ရပါတယ်ကွာယှဉ်ကြတာပေါ့” ဖိုးထွေးကလည်းအိမ်ကျီကိုချွတ်လိုက်ပြီးတော့လည်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်တယ် ဓားပြဗို်လ်မိုးကြိုးကလည်း အိမ်ကျီကိုချွတ်လိုက်ပြီးတော့လည်း ဟန်ပြင်လိုက်တယ် ဘေးမှာကလည်း ရွာသားများကိုအလယ်မှာထိုင်ခိုင်းထားပြီးမြှားများကိုင်ကာရပ်နေတဲ့ဓားပြအဖွဲ့ဝင်များကိုလည်းတွေ့ရတယ် ရုတ်တရက်လည်း မိုးကြိုးကတော့ ဖိုးထွေးဆီကိုပြေးဝင်သွားပြီးတော့လည်း ဖြောင့်လက်သီးတစ်လုံးဖိုးထွေးမျက်နှာကိုပြစ်သွင်းလိုက်တယ် ရန်သူမိုးကြိုးရဲ့လှုပ်ရှားဟန်ကို တွက်စထားတဲ့ဖိုးထွေးကလည်းမျက်နှာထံဝင်လာတဲ့လက်သီးကိုလည်းငုံ့ရှောင် မိုး​ကြိုးရဲ့ဝမ်းဗိုက်ကိုလည်း လက်သီးတစ်လုံးကြွေးလိုက်တယ် မိုးကြိုးကလည်းဗိုက်ကိုကိုင်ပြီးတော့ နောက်ကိုဆုတ်သွားခဲ့တယ် “မင်းကတော့အရင်လိုသန်မာပြီးရွာအတွက်လည်းပေးဆပ်နေတုန်းပါပဲလားငါ့ညီအတွက်သွေးကြွေးကိုခုညပြန်ယူမယ်ဖိုးထွေးရ” မိုးကြိုးကပြောရင်းနဲ့လည်းဒုတိယအကြိမ်ပြေးဝင်လာခဲ့တယ် လက်သီးနဲ့ထိုးဟန်ပြုလိုက်ပြီးတော့လည်းမထိုးဘဲဖိုးထွေးရဲ့ခြေကိုဖြတ်ကန်လိုက်တယ် ဖိုးထွေးကလည်းမထင်မှတ်ထားတဲ့တိုက်စစ်မို့ရှောင်လို့မရဘဲပေါ​င်ကိုထိပြီးတော့လည်း ေဘးကိုလဲကျသွားခဲ့တယ် “ထစမ်းပါအုံးကွသူရဲကောင်းကြီးရဲ့ ဟားဟား” မိုးကြိုးကလည်းလဲကျနေတဲ့ဖိုးထွေးကိုပတ်ပြီးလျောက်နေရင်းနဲ့လည်းပြောနေခဲ့တယ် “အောင်မယ်ဒင်းကလာလုချင်သေးတယ်ကဲကွာ” ရုတ်တရက်လည်းရွာသားတစ်ယောက်က ဓားပြတစ်ယောက်ရဲ့မြှားကိုလုဖို့လုပ်တော့လည်းမလုမိဘဲ ဓားပြရဲ့ခြေထောက်ပေါက်ကိုလည်းလက်ကကျ မှောက်ခုံကြီးဖြစ်သွားတာပေါ့ ဓားပြကလည်း လေးကြိုးကိုအဆင်သင့်ဆွဲထားရာမှာတော့ ထိုရွာသားရဲ့ကျောပြင်ကိုလည်း ပြစ်လွှတ်လိုက်တယ် အရမ်းနီးကပ်နေတာကြောင့်လည်းမြှားတံက ရွာသားရဲ့ကျောကိုလည်းဖောက်ထွက်သွားတယ် ကျန်တဲ့ရွာသားများကလည်း ကြောက်လန့်၍ ငိုယိုနေကြသည်ကိုလည်းကြေကွဲစွာတွေ့လိုက်ရတယ် “ကောင်းတယ်ကွာကောင်းတယ်ဒီလိုကောင်တွေကဒီလိုအဆုံးသတ်ပေးမှတန်ကာကြတာကဲသူရဲကောင်းကြီးမင်းရွာသားတွေတော်တော်သေပြီးပြီနော်မင်းဘာမှမတတ်နိုင်တော့ဘူးလား” မိုးကြိုးကလည်းလဲကျနေတဲ့ဖိုးထွေးအနားကပ်ပြီးပြောလိုက်တော့လည်းဖိုးထွေးက ခေါင်းကိုတစ်ချက်မော့လက်သီးတစ်လုံးကိုလည်း မိုးကြိုးမျက်နှာထံကိုပြစ်သွင်းလိုက်ပြီးတော့လည်း မိုးကြိုးနောက်ကိုယိုင်သွားချိန်မှာ ဂျွမ်းပြစ်ခုန်လိုက်ပြီး ညာခြေနဲ့လည်းမိုးကြိုးရဲ့ခေါင်းကိုကန်ထည့်လိုက်တယ် မိုးကြိုးကလည်းဟန်ချက်များပြက်ပြီးတော့လည်း နောက်ကိုလဲကျသွားခဲ့တယ် ဖိုးထွေးကလည်း လဲကျနေတဲ့မိုးကြိုးအပေါ်ကားယားခွလိုက်ပြီးတော့လည်း တောဝက်နှင့်တောင်စီးချင်းထိုးနိုင်တဲ့အားနှင့်လည်း မိုးကြိုးရဲ့နှလုံးရှိရာကိုထိုးချလိုက်တယ် မိုးကြိုးရဲ့ ရင်ဘက်ကြီးကလည်းချိုင့်ဝင်သွားပြီးတော့လည်း ပါးစပ်မှသွေးများဒလဟောထွက်ပြီးတော့လည်း တစ်ချက်မျှသာအော်လိုက်နိုင်ပြီး ​သေဆုံးသွားခဲ့တယ် လေကိုခွင်းလာတဲ့မြှားတံ၄….၅ခုကလည်း ဖိုးထွေးရဲ့ရင်အုံများ ဝမ်းဗိုက်များကိုလည်းထိုးဖောက်ဝင်ရောက်ခဲ့တယ် “အကို့…..” ကျယ်လောင်စွာအော်ဟစ်သံနဲ့အတူအိမ်အပေါ်ဝမှလည်းတံခါးကိုအားယူပြိ်းရပ်နေတဲ့ခင်လှကိုလည်းတွေ့လိုက်ရတယ် ဖိုးထွေးကလည်းမျက်လုံးများမှုန်ရီလာခဲ့ပီ ခင်လှရဲ့ မျက်ရည်များပြည့်နေတဲ့မျက်နှာကိုလည်းဝိုးတဝါးသာမြင်ရတော့တယ်လေ ရုန်းရင်းဆန်ခတ်ဖြစ်သံများ မြှားပြစ်တဲ့အသံများ ထိုးနှက်သံများ အော်ဟစ်သံများကလည်း ဖိုးထွေးရဲ့နောက်ဆုံးအသိအာရုံမှာပေါ်လာခဲ့တယ် ဖိုးထွေးရဲ့စိတ်ထည်းမှာကတော့ ခင်လှထက်ဉီးမြသောင်းနဲ့သားလေးသူရတို့ဘယ်ကိုရောက်လောက်ပါ့မလည်းတွေးနေမိတယ် မြင်သမျှအရာအားလုံး အမှောင်အတိဖုံးပြီးတော့လည်း လောကကြီးနဲ့လည်းထာဝရအဆက်သွယ်ပြက်သွားခဲ့တယ် ဉီးမြသောင်းနဲ့မွေးကာစခလေးငယ်သူရကတော့ တောတွင်းထည်းမှာမီးမပါဘဲစမ်းတဝါးဝါးနဲ့ ခြေဉီးတည့်ရာကိုလည်းသွားနေခဲ့ကြတယ်

“ဒါကတော့တူကြီးသူရ မင်းရဲ့ဘဝအစပဲ” ဉီးမြသောင်းတစ်ယောက်ကတော့ အသက်၁၆နှစ်အရွယ်ရှိပြီဖြစ်တဲ့သူရရဲ့အတိတ်ကိုလည်းပြန်ပြောပြနေခြင်းလည်းဖြစ်ပါတယ် ခုအချိန်မတိုင်ခင်အထိလည်းထိုကိစ္စများကိုမပြောပဲနေလာခဲ့ရာယခုမှသာပြောခြင်းလည်းဖြစ်ပါတယ် သူရကတော့သူ့ရဲ့ဘဝအစကိုကြားရတော့လည်း အမျိုးအမည်မခွဲခြားနိုင်တဲ့ ခံစားချက်ကြီးကလည်းစို့နစ်ဝင်ရောက်လာခဲ့တယ် “ဒါ….ဒါဆိုကျုပ်အဖေကကျုပ်မွေးတဲ့နေ့မှာပဲဆုံးသွားတာပေါ့နော်ဟုတ်လားဉီးသောင်း” ဉီးမြသောင်းကလည်းခေါင်းကိုညိတ်ရင်းနဲ့ “ဟုတ်တယ်သူရမင်းအဖေဟာငါတို့ရွာအတွက်ကောင်းတဲ့အရာတွေကိုအများကြီးယူလာပေးခဲ့တယ်မင်းအဖေကိုငါတို့ရွာကသူတွေကသူရဲကောင်းလို့တောင်ခေါ်ခဲ့တဲ့အထိပဲမင်းအဖေသူရဲကောင်းကြိီးကတော့ကျန်ခဲ့တဲ့ တို့ရွာလေးအတွက်အသက်ပေးခဲ့လိုက်ရတယ်ကွာ” ဉီးမြသောင်းကလည်း မျက်ရည်များစီးကြနေတယ်လေ ဖိုးထွေးကိုလည်းလွမ်းဆွတ်သတိရနေခြင်းလည်းဖြစ်ပါတယ် “ဒါဆိုကျုပ်အမေကကောရှိ​သေးလား” သူရရဲ့နောက်အမေးကိုကြားတော့လည်းဉိးမြသောင်းကတော့ကျနေတဲ့မျက်ရည်များကိုသုတ်ပြီးတော့လည်း “မရှိတော့ဘူးသူရ ဖိုးထွေးသေပြီးတော့လည်းရွာသားတွေနဲ့ဓားပြတွေတိုက်ခိုက်ခဲ့တယ်လက်နက်နဲ့ဓားပြတွေနဲ့လက်နက်မရှိတဲ့ရွာသားတွေနဲ့ဆိုတော့လည်းဓားပြ၅ယောက်လောက်ပဲသေခဲ့တယ်ရွာသားတွေအားလုံးလည်းသေပြီးခင်လှကိုလည်းသတ်ပြစ်ခဲ့ကြတယ်ပြောတယ်ဒါကလည်းအဲ့ဒီညကပုပ်ကြီးထည်းမှာပုန်းနေတဲ့ကောင်လေးတစ်ယောက်နဲ့ငါနဲလွန်ခဲ့တဲ့တစ်နှစ်ကျော်ကဆုံတုန်းပြောပြလို့သိရတာခုတော့လည်းငါတို့ရွာလေးပြက်ပြီးတောရိုင်းပင်တွေနဲ့တောကြီးတောင်ဖြစ်နေခဲ့ပီ” သူရကလည်းမွေးကတည်းကမမြင်ဖူးသေးသောမိဘများသေဆုံးပုံကိုလည်းကြားရတော့မျက်ရည်များစီးကြလာခဲ့တယ် “ကျုပ်လက်စားချေချင်တယ်ဉီးသောင်းကျုပ်မိဘတွေကိုသက်သွားတဲ့အဲ့ဒီဓားပြတွေကိုကျုပ်လက်စားပြန်ချေချင်တယ်” “ချေရမှာပေါ့ကွာအရင်ဆုံးတော့မင်းသိုင်းပညာသင်ရမယ်သူရဒါပေမယ့်ကတိတစ်ခုတော့ပေးမှရမယ်” “ဘာကတိလည်းပြောပါဉီးသောင်း” “မင်းတတ်သွားတဲ့သိုင်းပညာနဲ့သူတစ်ပါးကိုအနိုင်မကျင့်ပါဘုးဆိုတဲ့ကတိပေးရမယ်” “ကျုပ်ပေးပါတယ်ဉီးသောင်းကျုပ်သိုင်းပညာတတ်ခဲ့ရင်လည်းဒီဓားပြတွေကိုလက်စားချေဖို့ပဲသုံးမှာပါကျုပ်ကိုတော့သိုင်းသင်ပေးပါ” ဉီးမြသောင်းကတော့ အဝေးမှာမြင်နေရတဲ့တောင်ကုန်းတစ်ခုကိုကြည့်ပြီးတော့လည်းသက်ပြင်းတစ်ချက်ချလိုက်တယ် “သင်ပေးမှာပေါ့ကွာ ခုအချိန်ကစပြီးမင်းနာမည်ကသူရမဟုတ်တော့ဘူးမင်းနာမည်မောင်မှတ်ဖြစ်သွားပြီ သူရဆိုတာမင်းမကောင်းတဲ့ကံကြမ္မာနဲ့ရှိတုန်းကနာမည်အခုမင်းကနာမည်သစ်လူသစ်စိတ်သစ်နဲ့ရှေ့ဆက်ရတော့မယ်ဒီတော့မင်းအစစအရာရာပြောင်းလဲဖို့လိုပြီ” “ကျုပ်နာမည်ကမောင်မှတ်ဟုတ်လားဘယ်လိုဖြစ်လို့ဒီနာမည်ပြောင်းလိုက်တာလည်းဗျ” “မင်းရဲ့ရင်အုံမှာမွေးကတည်းကပါလာတဲ့စာနိီအမှတ်ကြီးတစ်ခုပါရှိတယ်ကွအဲ့တာကြောင့်မင်းနာမည်ကိုမောင်မှတ်လို့ပြောင်းပေးတာနောက်တစ်မျိုးဆိုရင်စာနီတော်မောင်မှတ်ပေါ့ကွာ” သူရကလည်းမောင်မှတ်ဆိုတဲ့သူ့နာမည်ကိုရေရွတ်နေပြီးတော့လည်း တစ်ခုခုကိုတွေးတောဟန်နဲ့ အံကိုလည်းကြိတ်နေခဲ့တယ် “ကဲကဲသိုင်းသင်တာကနောကိမှသင်ပေးမယ်ခုတော့အိမ်မှာရေမရှိတော့ဘူးရေခပ်သွားကြရအောင်” ဉီးမြသောင်းကလည်းသူရကိုကြည့်ပြီးတော့လည်းသူရရဲ့အတွေးအာရုံကိုလွှဲလိုက်တာပေါ့ သူရကလည်း ဉီးမြသောင်းနဲ့အတူ ရေပုံးများဆွဲလျက်ရေခပ်ထွက်လာခဲ့တယ် မောင်မှတ်ဖြစ်သွားပြီဖြစ်တဲ့သူရရဲ့နောက်အနာဂါတ်ကိုတော့ဉီးမြသောင်းတစ်ယောက် အမျိုးမျိုးတွေးဆနေရင်းက ရေတွင်းဆီကိုလည်းထွက်လာခဲ့တယ်။