လည်း မောင်းလို့မရလို့ ရှင့်ခိုင်းတာကို သိရက်နဲ့” အမေက အဖေ့ကိုဒေါနဲ့မောနဲ့ပြောပေမယ့် အဖေကတော့ အေးအေးပဲဗျ၊ သတင်းစာ စာရွက်ဟောင်းတစ်ခုကို အေးအေးလူလူဖတ်နေတာ၊ ဒါနဲ့ပဲ အမေက ခုံပေါ်က သောက်ရေခွက်ကိုယူပြီးတော့ ကျုပ်လက်ထဲကို ထိုးထည့်လိုက်တာပေါ့။ “ရော့၊ အလတ်ကောင်၊ နင်သွားမောင်းစမ်း” ကျုပ်လည်း အဖေပြောတာကိုထောက်ခံတယ်။ “အမေကလည်း သူများအသိုက်အအုံကို ဘာလို့ဖျက်ဆီးမောင်းထုတ်နေမှာလဲ” “အောင်မယ်၊ ဒီကောင်ကလည်း သူ့အဖေအချိုးပါလား၊ ပျားဆိုတာ သူ့ဟာသူ သစ်ပင်မှာနေတဲ့အကောင်၊ အိမ်မှာ မစွဲကောင်းဘူးဟဲ့” “စွဲရင် ဘာဖြစ်လို့လဲအမေရာ” “နင်ရွာဦးကျောင်းဆရာတော် ပြောတာမကြားဖူးဘူးလား၊ ပျားဆိုတာ လူတွေနေတဲ့ အောက်မှာစွဲမှအကျိုးပေးတယ်တဲ့၊ ...
ကြတာပေါ့ “အမတင်စိန်ကျုပ်တို့ပြန်တော့မယ်ဗျညဉ့်လည်းအတော်နက်နေပြီ” “အော်အေးအေးငါလည်းသားဇောကပ်နေတာနဲ့နင်တို့ကိုတောင်မေ့နေတာ ခုလိုလာပေးတာလည်းကျေးဇူးပါဟာ” “ရပါတယ်ဗျာအချင်းချင်းတွေပဲပြောစရာမလိုပါဘူး” ရွာသားများကလည်းပြောရင်းနဲ့အိမ်ပေါ်ကဆင်းနေကြတာပေါ့ လက်နိုပ်ဓာတ်မီးများမပါ၍လည်းအိမ်ကလက်နိုပ်ဓာတ်မီးများကိုပေးလိုက်ကြတာပေါ့ “အော်နေကြအုံးကွငါမင်းတို့ကိုမှာစရာရှိသေးတယ်” ဉီးကြီးမောင်ကလည်းထိုင်ရာမှထရွာသားများကိုလည်းလှမ်းအော်လိုက်တာပေါ့ “ဘာပြောမလို့ဉီးကြီးမောင်ရဲ့ပြောလေ” “အော်တခြားတော့မဟုတ်ပါဘုးမင်းတို့မနက်လင်းရင်လည်းမင်းတို့မိန်းမတွေကိုသာလှကိုယ်ထည်းကမှော်ကထိန်းချုပ်သွားလို့ခုလိုဖြစ်တာလို့ပြောထားအုံးမင်းတို့မိန်းမတွေကမလွယ်ဘူးဟ တော်ကြာအပမှိီတာတွေဘာတွေမဟုတ်မကပြောနေကြမှာဆိုးလို့” ဉီးကြီးမောင်ပြောလိုက်တော့လည်းရွာသားများကခေါင်းညိတ်ရင်း “ပြောလိုက်ပါ့မယ်ဗျာဆက်ဆက်ပြောလိုက်ပါ့မယ်” ရွာသားများကလည်းမီးရောင်လေးတဝင်းဝင်းနဲ့လည်းခြံထည်းကထွက်သွားပြတာပေါ့ “ကဲတင်စိန်နဲ့သောင်းတင်ငါလည်းပြန်လို်က်အုံးမယ်ကွာမင်းတို့သာလှကိုဂရုစိုက်ကြအုံး” “ပြန်တော့မလို့လားဉီးကြီးမောင်ရဲ့ခုညတော့ဖြစ်နိုင်ရင်သာလှ နဲ့အတူအိပ်ပေးပါလားသာလှကိုစိတ်ကသိပ်ချသေးတာမဟုတ်လို့ပါ” အမေပြောလိုက်တော့လည်း ဉီးကြီးမောင်ကခနမျှစဉ်းစာပြီးတော့လည “အေးအေးငါအိပ်ပေးပါ့မယ်ဒါနဲ့ငါတို့ကဘယ်မှာအိပ်ရမလည်း” “သာလှအခန်းထည်းမှာအိပ်လို့ရပါတယ်ကျမခေါင်းအုံးနဲ့စောင်တွေယူလာခဲ့မယ်” ဉီးကြီးမောင်မေးလိုက်တော့လည်းအမေကပြောရင်းနဲ့စောင်တွေကိုလည်းသွားယူနေတာပေါ့ “ကျုပ်တို့ကတော့ခြေရင်းအခန်းမှာအိပ်မယ်ဉီးကြီးမောင်လွပ်လွပ်လပ်လပ်အိပ်ပါကျုပ်တို့ကိုအားမနာပါနဲ့” “အေးပါကွာဒါနဲ့သာလှမင်းခုကောမင်းစိတ်မှာ ဘာတွေထူးခြားနေသေးလည်း” ဉီးကြီးမောင်ကလည်းအဖေ့စကားကိုပြန်ပြောရင်းနဲ့လည်းကျုပ်ကိုမေးတာပေါ့ ကျုပ်စိတ်ကလည်းပုံမှန်အတိုင်းပဲဖြစ်နေတာကြောင့်ခေါင်းခါလို်က်ပြီးတော့လည်း “ဘာမှတော့မဖြစ်ဘူးဗျအရင်ပူံမှန်အတိုင်းလေးပဲ” “အော်အေးအေးဒါဆိုလည်းငါအိပ်ယာပြင်လိုက်အူံးမယ်ခနနေအုံး” “ဟာမဟုတ်တာဗျာကျုပ်ဘာမှမှမဖြစ်တာကျုပ်ပြင်ပါ့မယ်” ကျုပ်ကလည်းခုအချိန်ထိလူမမာတစ်ယောက်လိုထိုင်နေတာကိုလည်းသတိရပြီးတော့ ထလိုက်ရင်း အိပ်ယာပြင်နေတာပေါ့ အိပ်ယာပြင်ပြီးတော့လည်း အိပ်ယာဝင်အိပ်ခဲ့တာပေါ့ ညဉ့်နက်နေတာကြောင့်လည်းဘာကြောင့်လည်းတော့မသိကျုပ်ကလည်း မှေးကနဲအိပ်ပျော်သွားတယ် ကျုပ်ကလည်း မနက်နေအတော်မြင့်မှနိုးလာခဲ့တယ် ...
နောင်ချိုကသူ၏အိမ်သို့ခေါ်သွားလေသည်။ “ကဲ…အရီးသေးတင်….မငိုပါနဲ့တော့ဗျာ… ကျုပ်မောင်အုန်းတို့အဖွဲ့ကိုဟောသည်ရွာနီးချုပ်စပ်အကုန် လိုက်စုံစမ်းခိုင်းနေပါတယ်…ဟဲ့မိညိုတို့ညည်းတို့ကလည်း မိန်းမသားအချင်းချင်းပြောကြပါဦး” “ကျုပ်တို့လည်း ဖျောင်းဖျတာပဲသူကြီးရယ်… အရီးသေးတင်ကသူ့သမီးဇောနဲ့ဆိုတော့ကျုပ်တို့စကားက မတိုးဘူးဖြစ်နေတာတော့်” အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ...
၏ မြည်ဟည်းသံကို ကြားနေသည်။ မာရီသည် ဝမ့်ကို ငြင်းပယ်ခဲ့သည်။ ဝမ့်ကိုသာမဟုတ် ဘယ်သူ့ကိုမဆို သူမသည် ငြင်းပယ်ရပေမည်။ သူမသည် ဖခင်ဖြစ်သူအား သူမ၏အစ်ကိုနှစ်ဦး လက်မထပ်မီ မိမိ လက်မထပ်ပါ ဟု ကတိပေးပြီးဖြစ်လေသည်။ အမှန်မှာလည်း မိခင်ဖြစ်သူ သေဆုံးပြီးကတည်းက ဖခင်၏ သံယောဇဉ်တွေသည် သူမအပေါ် စုပုံခဲ့ရသည်။ သူမ၏ အစ်ကိုကြီး နမ်တပ်မှာ တြိဂံပုံတည်ရှိသော တေဂျုံ၊ ကန်ချွန်၊ ချီချွန် မြို့သုံးမြို့တို့၏ ဗဟို အလယ်တည့်တည့်ရှိ မြောင်ယမ်းအရပ်မှ လယ်သမားတဦးဖြစ်ပေ သည်။ အစ်ကိုအငယ် ချန်လင်းဒါးမှာ ...
တယ်။ နောက်တော့ ကျုပ်လည်ဂုတ်ကိုလက်တစ်ဖက်နဲ့လှမ်းဆွဲပြီး “မင်းကိုအမြည်းကျွေးရသေးတာပေါ့ကွာ” သူ့လက်သီးကြီးမြှောက်ပြီး ကျုပ်မျက်နှာကိုတည်ထိုးဖို့လုပ်တာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒီအချိန်မှာ ကျုပ်ညာလက်က သူ့အလိုလိုလှုပ်ရှားလာပြီးတော့ ကိုဗိုက်ကြီးရဲ့ ပေါင်ခွကြားက ချက်ကောင်းကို ထိုးထည့်လိုက်တော့တာပဲဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေပါရော၊ “ဟေ့အလတ်ကောင်၊ အဲဒါငါလုပ်တာကွ” နားထဲမှာ ဦးဘသာအသံကြားရတယ်။ “ဟင်၊ ဦးဘသာလုပ်လိုက်တာလား” ကိုဗိုက်ကြီးကတော့ ပေါင်ကြားကိုလက်နှစ်ဖက်နဲ့အုပ်ပြီး မြေပြင်မှာခုန်ဆွခုန်ဆွလုပ်နေပါရောဗျာ၊ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ လက်သီးကိုမိုးပေါ်မြှောက်ရင်း “ဟား၊ ဟား ဘယ်လိုလဲကွ ငါ့လက်သီးကရော ချိုရဲ့လား” ဒီစကားတွေက ကျုပ်ပြောနေတာလုံးဝမဟုတ်ပါဘူးဗျာ၊ ကျုပ်ကိုယ်ကျုပ်ထိန်းလို့မရပုံထောက်ရင် ဦးဘသာက ကျုပ်ကိုယ်ကိုဝင်သုံးနေတဲ့ပုံစံပဲဗျ၊ ...
လိုက်ပါလေတော့သည် ။ ▪️အခန်း-၄ ရွာထဲ၌ လူမိုက်စာရင်းဝင် စိုးကြီးအား ရွာလူကြီး၏ အိမ်အောက် ထိတ်တုံးတွင် ခြေ နှစ်ဖက်ကို တပေါက်ကျော် ခတ်၍ ထားကြသည် ၊ စိုးကြီးသည် သူအား အပြစ်မရှိပါပဲ ဖမ်းရသည်ဟုဆိုကာ အတော်ကို ဒေါသပုန်ထနေလေသည်။ “ရွာလူကြီး ခင်ဗျား ရူးနေပြီလား ကျုပ်က မြင့်ဆွေ ကို သတ်ပါ့မလားဗျ စဉ်းစားစမ်းပါ” “ဟေ့ကောင် အပိုမပြော နဲ့ မင်း နဲ့ မြင့်ဆွေ ငါ့အိမ်မှာ ...
တပည့်ဆိုးဖြစ်တဲ့ လမင်းနဲ့ ပေါက်ဖော်ဆိုတဲ့ ကောင်လေးနှစ်ယောက်က ဒီကောင်မလေးကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်သွားပါလေရော။ ခေါ်သွားတာက ပြင်ဦးလွင်ကိုခင်ဗျ။” “အဲဒီမှာက ကျွန်တော့်ဆီက ပညာသင်ပြီး အနှိပ်ခန်းဖွင့်ထားတဲ့ ဆရာဆီကို ခေါ်သွားတာခင်ဗျ။ အဲဒီဆရာကလည်း အတော်အောင်မြင်တယ်ခင်ဗျ။ ဒါပေမဲ့ သနားစရာကောင်းတာက သူကလက်တစ်ဖက်မရှိဘူး။ ကျန်တဲ့လက်တစ်ဖက်နဲ့ပဲ နှိပ်ရတာခင်ဗျ။ သူ့နာမည်က ဆရာထိန်ဝင်းတဲ့။ အဲဒီ ဆရာထိန်ဝင်းဆီကို ခေါ်သွားကြတာခင်ဗျ။” “အဲဒီကို မသွားခင် ကျွန်တော်ဆေးရုံတက်နေတုန်းမှာ အဲဒီနှစ်ကောင်ဟာ ‘ချန္ဒရား’လေးကို ဟိုသိမ်ကျောင်းနောက်က ကျည်စုရွာကို ညကြီးသန်းခေါင် ခေါ်သွားသေးတယ်။ အဲဒီမှာ ပယောဂကုတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို တက်ကြတယ်။ ...
မယ်ကျေးအုံတဖြစ်လဲ မယ်ကာကဟာ သားငယ်ငိုသံကြောင့် သားဇောနဲ့ သားဆီထလာပါတော့တယ်.. အလောင်းမှာ ခြေထောက်ကို စုပီးကြိုးနဲ့ချည်ထားတဲ့အတွက် ခုန်ဆွခုန်ဆွဖြစ်နေတယ့် မယ်ကာကကို ဖုတ်ဝင်ပီး ခြောက်လှန့်တယ်မှတ်ကာ ရဲမက်များဟာ တိုက်ခိုက်ကြပါတော့တယ်.. မယ်ကာကလဲ ပြေးလွှားရင်း မြောင်းကျယ်တခုကိုတွေ့တဲ့အခါ သူမခင်ပွန်းနဲ့ သားဖြစ်သူအကြောင်း သစ္စာဆိုလိုက်တဲ့အခါ မြောင်းကျယ်ကြီးကို လွှားကနဲခုန်ကာ တဖက်ကမ်းရောက်သွားပါတော့တယ်.. ထိုအခါ ဒီလောက်ကျယ်တဲ့မြောင်းကျယ်ကြီးကို တခါတည်းခုန်လိုက်တဲ့အတွက် မကောင်းဆိုးဝါးတကယ်ဖြစ်နေပီလို့ မှတ်ယူတဲ့အိမ်ရှေ့စံဟာ သူမကို ဆက်မခြောက်လှန့်ဖို့နဲ့ ထွက်သွားဖို့ပြောပါတော့တယ်..မယ်ကာကလဲ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ထွက်ခွာခဲ့ပီး မြောင်းကျဉ်းငယ်တခုအရောက်မှာတော့ မခုန်နိုင်တော့ဘဲ မြောင်းထဲကျကာ သေဆုံးသွားခဲ့ပါတော့တယ်.. ဘယ်လိုပဲဖြစ်ဖြစ်တူညီနေတယ့် ခြေကလိမ်မရဲ့အချက်အလက်ဟာ အိမ်သာမှာ ...
စောထပြီးသွားရမှာမဟုတ်လား။ ခြံထဲလှမ်းဝင်လိုက်တာနဲ့ အမေက ကျုပ်တို့ကိုကြည့်တယ်။ “ဟဲ့ နင်တို့ပြန်လာတာစောလှချည်လား” အကိုကြီးက အင်ဖက်နဲ့ထုတ်ထားတဲ့ မှိုထုပ်ကို အမေ့ကိုလှမ်းပေးလိုက်တော့ အမေ့မျက်နှာက မှိုရတဲ့မျက်နှာလို ပြုံးသွားတယ်ဗျ။ “အမေရေ၊ အကိုကြီးလယ်ဘေးနားမှာတောင် မှိုတွေပွင့်နေပြီ၊ ဒီအတိုင်းဆို တောင်ရိုးပေါ်မှာလည်း မှိုတွေဖွေးနေမှာပဲ၊ မနက်ဖြန် ကျုပ်တို့တွေ မှိုသွားကောက်ကြမယ်ဗျာ” စားလို့ကောင်းတဲ့မှိုကို ရအောင်သွားကောက်မယ်ဆိုတော့ အမေက ငြင်းမလားဗျာ။ “အေး၊ ဒါဆိုရင်လည်း ညကျစောစောအိပ်၊ ဘယ်သူတွေခေါ်သွားအုံးမှာလဲ” “အကိုကြီးရယ်၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ် သွားမယ်ဗျာ၊ ဒီလောက်ဆိုရင်တော်ပါပြီ၊ အငယ်မတို့က ခြေလှမ်းနှေးတော့ သူတို့နဲ့မကိုက်ပါဘူး” “အေးအေး၊ နင်တို့သဘောပဲ” ...
သည်။ ထူးခြားသည်မှာ သူရသည် ရွာထဲသို့ခြေလှမ်းချလိုက်သည်နှင့် ”ဆရာလေး ကျွန်တော့်ကိုကယ်ပါအုံး”ဆိုသည့် လူကြီးတစ်ယောက်အသံကိုကြားလိုက်၏။ သို့သော်လည်း အချိန်မတန်သေးသော်ကြောင့် နေအိမ်ကို တန်းတန်းမတ်မတ်လာကာ ခြံဝ၌မတ်တတ်ရပ်၍ မရောက်တာကြာပြီဖြစ်သော် မိဘနှစ်ပါးအိမ်အား တဝကြီးရပ်ကြည့်နေမိသည်။ သူ၏ရှေ့၌ “ဒုံ.ဂလွမ်”ဟု တစ်စုံတစ်ခုပြုတ်ကျသံကြားမှ ကြည့်လိုက်မိသောအခါ မျက်ရည်များကျကာ တုန်တုန်ယင်ယင်ဖြင့် သူ့အားကြည့်နေသော် မိခင်ဖြစ်သူကိုတွေ့လိုက်ရ၏။ “သ….သ..သား။” ”အမေ… သားအိမ်ပြန်ရောက်ပြီနော်။” ”’အမလေးသားလေးရယ်… အမေ့သားသူတော်ကောင်းကြီး….တော့်ကိုကျော်….ဒီမှာကျွန်မတို့သားလေးပြန်လာပြီတော့်။” မိခင်ဖြစ်သူဒေါ်သီတာသည် သူရကိုပွေ့ဖက်ရင်းငိုကြွေးလျက် ယောက်ျားဖြစ်သူ ဦးကျော်ဖြိုးဝင်းအား အော်ခေါ်လိုက်သည်။ ဦးကျော်ဖြိုးဝင်းသည် ဆေးလိုက်အကြမ်းကြီးပါးစပ်မှကိုက်ရင်း အိမ်အောက်ကနေထွက်လာကာ သူရကိုစိုက်ကြည့်နေ၏။ ဝဲတက်လာသည့် မျက်ရည်တွေကိုထိန်းကာ အံကိုခတ်တင်းတင်းကြိတ်လိုက်သည်။ ...