အမေသိအောင်လို့ လာပြောပေးတာလေ… ဖိုးပိန်ကိုတော့ပြန်နှင့်ခိုင်းလိုက်ပြီ” “သြော်…အေး…အေး…ဒါဆိုရင်လည်း အမေသွားလိုက်ပါ့မယ်အေ” “ဟုတ်ကဲ့…ဒါဆိုရင်ကျုပ်ပြန်တော့မယ်အမေ…” ဒေါ်ဝင်းလည်းအိမ်သို့ပြန်သွားသည်။ ဘွားမယ်စိန်လည်း အသိမိတ်ဆွေများကိုနှုတ်ဆက်၍ ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့တော့၏။ ဘုန်းကြီးကျောင်းသို့ရောက်တော့ ဆရာတော်ဘုရားနှင့် ဧည့်သည်များကိုဘွားမယ်စိန်တွေ့လိုက်သည်။ ဧည့်သည်များက ဘွားမယ်စိန်ကိုစူးစမ်းသယောင်ကြည့်နေကြ၏။ ဘွားမယ်စိန်သည်ထိုသူတို့ အကြည့်များကိုဂရုမစိုက်ဘဲ ဆရာတော်ဘုရားကိုအရင်ဦးဆုံးကန်တော့လိုက်တော့သည်။ ပြီးနောက်တော့ဆရာတော်မှ… “ဒကာမကြီး…ဒါဘုန်းဘုန်းဧည့်သည်တွေပါ” “တင်ပါ့ဘုရား…တပည့်တော်ကိုအလောကြီး အခေါ်ပါးလိုက်တာကဘာကြောင်းများရှိလို့လဲဘုရား” “အင်း…အကြောင်းကတော့ ဒီကဒကာကြီးဦးဖိုးကြွယ်တို့အရေးပါပဲဒကာမကြီးရယ်… ဒကာတို့ကိုလည်းဘုန်းဘုန်းပြောထားတယ်မလား အဲ့သည်ပြောထားတဲ့ဘွားမယ်စိန်ဆိုတာ ဟောသည်က ဒကာမကြီးပဲကွဲ့… ဒါကြောင့်ဒကာတို့အခက်အခဲများကို ဒကာမကြီးနားလည်အောင်ပြောပြလိုက်ပါဦး” “တင်ပါ့ဘုရား” အသက်ငါးဆယ်ကျော်လူကြီးသည် ဦးဖိုးကြွယ်ဖြစ်သည်။ ကျန်တစ်ဦးကအသက်အားဖြင့်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးပင်။ ထိုသူသည်က ဦးဖိုးကြွယ်၏သားဖြစ်ဟန်တူသည်။ ဦးဖိုးကြွယ်သည်က သူ၏အခက်အခဲများကိုမပြောမီ ...
တွေကို နှိမ်နင်းတဲ့အခါသူတို့အကူအညီကိုယူလို့ရပြီပေါ့ကွ” “ဒါဆိုရင် ယက္ခမှော်ကရော” “ဒါက ကာယာသိဒ္ဓိအတွက်ကွ လက်တွေ့ပြမယ်” ဘကြီးခိုင်လည်းပြောပြောဆိုဆိုနဲ့ အိမ်တိုင်ဘေးက ဓားမကိုယူပြီး မြတ်စံထွန်းလည်ပင်းကိုလှီးချလိုက်တယ်။ အမှတ်တမဲ့လန့်ပြီးဇာတ်ကိုပုပေးလိုက်ရော ပြီးမှအဆင့်ပေါ်ကခုန်ချ၊ ကပြာကယာလည်ပင်းကိုလက်နဲ့ပြန်စမ်းတော့ အကောင်းကြီးဘာမှမဖြစ်ဘူး။ဘကြီးခိုင်က ထင်းစနဲ့ခေါင်းကိုကောက်ရိုက်ပြန်တယ်။ ထင်းသာပိုင်းပိုင်းကျိုးသွားတယ် ခေါင်းကဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ပေမယ့် မြတ်စံထွန်းစိတ်တိုသွားတယ်။ဘကြီးခိုင်နောက်တစ်ချက်ရွယ်လိုက်တဲ့ဓားသွားတည့်တည့်ကို လက်ဝါးစောင်းခုပ်ချလိုက်တာ မီးတစ်ချက်ပွင့်ပြီးဓားမှာ လက်တစ်လုံးလောက်ပဲ့သွားပါလေရော။ “သွားပါပြီကွာ..ယက္ခမှော်အောင်ပြီးထဲက မင်းကိုစိတ်ကိုထိမ်းနှုတ်ကိုထိမ်းလို့ငါသတိပေးထားပါတယ်။အခုတော့ငါ့ဓားပဲ့ပြီ” မြတ်စံထွန်းကပြုံးကျဲကျဲနဲ့ “ဟဲဟဲ…ဘကြီးကလက်တွေ့ပြတော့ ဆေးကလည်းလက်တွေ့အစွမ်းပြတာပေါ့ဗျ” “ကောင်းရော..” “ဒါနဲ့ ကြောင်မှော်ကရော” “လာ…ဒီထဲဝင်လိုက်” ဘကြီးခိုင်က မြတ်စံထွန်းကိုရာဝင်အိုးထဲဝင်ခိုင်းပါလေရော။ ပြီးတော့ အလယ်မှာပေါက်နေတဲ့ ဆန်ကောတစ်ချပ်နဲ့ ရာဝင်အိုးကိုဖုံးလိုက်တယ်။ ပြီးတော့အိမ်ထဲပြန်ဝင်သွားပြီး မီးဖိုပေါ်ကကျိုက်ကျိုက်ဆူနေတဲ့ရေနွေးအိုးကြီးမလာပြီး မြတ်စံထွန်းဝင်နေတဲ့ ...
တင်ကြီး နဲနဲတောင် ဟိုက်လာသလို ခံစားရတယ်။ တင်ကြီး နေကို တစ်ချက်မော်ကြည့်လိုက်တယ်။ နေက အခုမှ ရောင်နီလွတ်ကာစရှိသေးရဲ့။ ပွေးက တစ်ညလုံး အစာရှာပြီး မအိပ်မီ နေအထွက်မှာမှ ကျစ်စာ စုန့်တတ်တာမို့ တင်ကြီးအတွက် အချိန်နည်းနည်းရနေသေးတယ်။ ဒါကြောင့် ကုန်းကြောအပေါ်ကို ရောက်တာနဲ့ တင်ကြီးလည်း ထိုင်ချလိုက်ပြီး သူဆောင်လာတဲ့ ကွမ်းကြမ်းအိတ်ဆီက ကွမ်းတစ်ယာထုတ်ယာလို့ ဝါးပြီး အမေဖြေနေလိုက်တယ်။ ‘ ကျစ်…ကွစ်…ကွစ်…’ လူသူအရောက်အပေါက်နည်းတဲ့ နေရာမို့လို့ထင်ပါရဲ့။ ကျေးသံငှက်သံတွေဟာ တော်ရုံနေရာတွေထက် ပိုမိုစည်သာနေတယ်။ ကွမ်းတစ်ယာညက်တော့ တင်ကြီးလည်း အမောပြေပြီ။ အရှေ့ဆီက ...
မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။ “ဟိုဘက်ရွာ ခဏသွားမလို့ဗျ” ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။ “ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ ” ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။ လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ် “ကိုကြီးတာတေ ။ ကိုကြီးတာတေ” ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။ ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။ စောစောက အိပ်မက်ထဲမှာ လှည်းမောင်းသွားတဲ့ ကျောက်ခဲရဲ့ယောက်ဖ ကိုသိန်းမောင်က ...
သည်။ ကိုဗျိုင်း၏အသံမှာ ဒေါသသံများပါသင်နေပေရာ မပန်းဖြူမှာ ကြောက်လန့်နေမိ၏။ “ဟဲ့…ငါမေးနေတယ်လေ…ဒီပန်းတွေဘယ်ကရသလဲလို့… နင်ပြောမလား…ငါပြောရမလား… ငါပြောရင်နင်မလွယ်ဘူးနော်မိပန်းဖြူ” “ဟိုလေ…ဟို…အဲ့တာရွာလယ်ပိုင်းက ဖိုးတုတ်တို့ခြံကပါ အစ်ကို…ကျုပ်နှင်းဆီပန်းဘုရားကပ်ချင်တာနဲ့ မ…မတင်သန်းကို မှာထားတာပါ……..” “အဲ့တော့ ဖိုးတုတ်ဆိုတဲ့အကောင်က ငါ့ခြံဝန်းထဲထိ လာပေးတယ်ပေါ့ ဟုတ်လား” “ဟုတ်…ဟုတ်ပါတယ်အစ်ကို…” “အေး…နင့်ကိုငါပြောထားတယ်နော် ဘယ်ယောကျာ်း…ဘယ်အကောင်နဲ့မှအရောတဝင်မနေဖို့… တစ်ခုခုဆိုနင်မလွယ်ဘူးမိပန်းဖြူ… ငဗျိုင်းတို့က သူသေကိုယ်သေပဲ သတ်မှာ ကြားသလားဟဲ့” “ဟုတ်..ကျုပ်…ကျုပ်ကြားပါတယ်တော်…” ကိုဗျိုင်းသည် မပန်းဖြူကို ချစ်မြတ်နိုးသကဲ့သို့ လွန်စွာလည်းအနိုင်ယူလေ့ရှိသည်။ မပန်းဖြူကတော့ တစ်နေ့တစ်နေ့ ကိုဗျိုင်းသဝန်တိုမှာကိုပင် ကြောက်ရွံနေရသည်။ ထို့ကြောင့် အသွားအလာဆင်ခြင်ပြီး အိမ်၌သာအမြဲလိုလိုနေရှာသည်။ ထိုသို့နေရင်းတစ်ရက်မှာတော့ ကိုဗျိုင်းအိမ်၌ ...
အကြောင်းအား ဆက်၍ပြောပြတော့၏။ ************************************** ရွာအမည်က သဲချောင်းရွာဟုခေါ်သည်။ သဲချောင်းလေးက ရွာနံဘေး၌စီးဆင်းနေပြီး ယာခင်းများဖြင့်စိမ်းစိမ်းစိုနေသော သာယာလှသည့်ရွာကလေးပင်ဖြစ်၏။ ရွာ၏အနောက်ဖက်၌ဘုရားနီဟုခေါ်သော ဘုရားပျက်ကြီးကလည်းခြုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာဖြင့်တည်ရှိလေသည်။ ထိုသို့အေးချမ်းသာယာလှသောရွာကလေး၌… “အမယ်လေး…ကယ်ကြပါဦး…ကျုပ်သားအပူတွေကြီးပြီး ခေါ်လို့မရတော့ဘူး…အီးးးဟီးးးးဟီးးးးးးး…” ဟုသောအော်ဟစ်ငိုယိုသံသည် ညသန်းခေါင်အချိန်၌ထွက်ပေါ်လာခဲ့လေသည်။ ထိုနည်းတူစွာ… “အမေရေ…ကျွန်မသားလေးကိုကယ်ပါဦးတော့်… အီးးးးဟီးးးးးးဟီးးးးးးးးးး” ဟူသောအော်သံကတူညီစွာထပ်မံထွက်ပေါ်လာလေတော့ ရွာသူ၊ရွာသားတို့မှာ လန့်၍နိုးလာခဲ့ကြသည်။ ရွာသူရွာသားတို့နိုးလာကြစဥ် ငိုယိုသံများဖြင့် ဆေးဆရာကြီး၏အိမ်သို့အပြေးအလွှားသွားသံများကိုပါ ကွားလိုကျကွရ၏။ ထိုသို့ရွာလန့်သဖြင့်… သဲချောင်းရွာသူကြီးဦးဘတူမှာလည်း ဆေးဆရာကြီးဦးဖိုးထူးအိမ်ဆီသို့လူအုပ်ဖြင့် ရောက်လာခဲ့တော့သည်။ “ဘာဖြစ်ကြတာလဲဟေ့… ဘယ်အိမ်ကဘယ်သူဘာဖြစ်တာလဲ…” ဟုမေးလေရာ…ရွာသားတစ်ဦးမှ… “သူကြီး…ကလေးနှစ်ယောက်ဖျားပြီးခေါ်မရဖြစ်နေလို့ဗျ…” “ဟေ…ဘယ်သူ့ကလေးတွေလဲကွ…” “မပုတင်သားနဲ့ မတင်လှသားသူကြီး” “ဟ…ဒီကလေးတွေကတစ်ရွယ်ထဲလည်းဖြစ်… ကစားဖော်တွေလည်းဖြစ်နေကြတာမလား… ...
ဟဲ့၊ အခု နင်တို့အင်အားလောက်ကတော့ ငါအသာကလေးပဲ” “ကောင်းပြီလေ၊ ဒါဆို ရှင်နဲ့ကျုပ်နဲ့ နှစ်ယောက်ချင်းပြိင်မယ်၊ ကျန်တဲ့ဘယ်သူမှ ဝင်မပါကြေးနော်၊ ရှင်နိုင်ရင် ရှင်လုပ်ချင်တာလုပ်၊ ကျုပ်နိုင်ရင်လည်း ရှင့်ကိုလုပ်ချင်ရာလုပ်မယ်” “အကြိုက်ပေါ့ဟာ” ပြောရင်းဆိုရင်း ငညိုက လက်ကိုမြှောက်လိုက်ပြီးတော့ အပ်တစ်စင်းကို လေထဲကနေဖမ်းယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီအပ်ကို ပါးစပ်နားမှာ မန်းမှုတ်ပြီးတော့ မယဉ်မြိုင် ဆီကိလှမ်းလွှတ်လိုက်ပါရောဗျာ၊ မယဉ်မြိုင်ကလည်း အပ်ကိုမျက်စောင်းထိုးလိုက်တော့ အပ်က လေထဲမှာ တန့်နေသဗျ။ “သြော်၊ ညည်းက ငါ့အပ်ကို တားနိုင်တယ်ပေါ့ဟုတ်သလား” ငညိုက ပြောဆိုပြီးတော့ အပ်ကိုတောင်ဝှေးနဲ့လှမ်းချိန်လိုက်တော့ အပ်ကတဖြည်းဖြည်းနဲ့အရှေ့တိုးလာတယ်ဗျာ၊ မယဉ်မြိုင် ...
လိုက်သည်။ ” အဘ ကျွန်တော်အိမ်မှာပဲ နေပါလားဗျာ ” ” ဟေ့ကောင်ဂွတို အဘကို ငါ့အိမ်မှာထားမှာကွ ” ” ဟေ့ကောင်တောက်ထွန်း အဘကို ငါအရင်ပင့်ခဲ့တာနော် ” ” ကဲပါ လူလေးတို့ရယ်… အဘကြောင့် စကားမများကြပါနဲ့၊ နှစ်ယောက်လုံးရဲ့အိမ်မှာ တစ်လှည့်စီနေပါ့မယ် ” ဟု ဘိုးသစ္စာက ဝင်ပြောလိုက်တော့မှ ဂွတိုနဲ့တောက်ထွန်းလည်း ငြိမ်သွားတော့သည်။ +++++ ထိုသို့ဖြင့် ရက်အနည်းငယ်ကြာသော် ဂွတိုအိမ်၌ လူအများပြား စုရုံးနေကြ၏။ ” အဘ သမီးတို့ကို အဆောင်တစ်ခုလောက် ချီးမြှင့်ပါအုံး ...
ဖွတ်ကြီးမကြားမသိ၊ မမြင်။ ယခုခေတ် လူငယ်များ လောက်လေးကို မြင်ဖူးမှ မြင်ဖူးကြမည်။ ဝါးမာချောချော သုံးလေးတောင်ခန့် ချောနေအောင်သပ်၊ ကြိုးသေးသေး ကျစ် လောက်စာအိမ်ထိုး၊ ဝါးမာကွေးကို ကြိုးတပ်၊ လောက်စာအိမ်နေရာ၌ လောက်စာထည့်၊ ကိုင်းဝါးမာတံ မမှန်စေဘဲ သားကောင်မှန်စေရန် လွှဲပစ်ရ သော လက်နက်ကို လောက်လေး လောက်လွှဲဟုခေါ်သည်။ မပစ်တတ်က ပစ်သူလက်ကို မှန်သည်၊ ပစ်တတ်က ဘတ်ခွထက် အားပြင်းသည်။ မြားတံ ပစ်ထည့်သော ကြိုးတပ် သို့မဟုတ် ကြက်ပေါင်ပင်တပ်လေးကို ပိန္နဲတောရွာက လေးဒူးဟု ခေါ်သည်။ အများအခေါ်က ...
“အဘကိုကြည့်ရတာ တော်တော်ဆာနေတဲ့ပုံပဲ၊ကျွန်တော်စားမယ့်အထဲကတစ်ဝက်ကို အဘကိုကျွေးပါ့မယ်။ “ကျေး ကျေးဇူးတင်ပါတယ် ငါ့တူရယ် အဘတကယ်ကျေးဇူးတင်ပါ တယ်ကွယ်” “မလိုပါဘူးအဘရာ ဆာလောင်နေတဲ့သူကိုအစားကျွေးရတာ ကျွန်တော်ကုသိုလ်ရတာပေါ့။ ရော့အဘစားဗျာ အဘအတွက်ကြက်ဥကြော်ပါ ထည့်ပေးထားတယ် အားမနာနဲ့စားအဘ, “ငါ့တူကြီးဘုန်းကြီးလို့အသက်ရှည်ပါစေ ကျန်းမာချမ်းသာပြီး လိုအင်ဟူသမျှ ပြည့်စုံပြီးစေတနာအကျိုးပေးပါစေ ကွယ်” “အဘပေးတဲ့ဆုနဲ့ပြည့်ပါရစေအဘရာ ဒါနဲ့အဘကိုအရင်ကတစ်ခါမှမတွေ့ဖူးဘူး။ အဘကဘယ်မှာနေတာလဲဗျ” “အင်း,အဘကနေစရာအိမ်ရယ်လို့ မရှိပါဘူးလူလေးရာ၊ဒီလိုပဲခြေဦးတည့်ရာသွားနေရတာပါပဲ” “သြော်,ငါတို့ဆင်းရဲတာကမှ နေစရာရယ်လို့ရှိသေးတယ်၊ဒီအဘက တော့ငါတို့ထက်ပိုပြီးကံဆိုးနေပါလား။ “ကဲ,စားလို့သိပ်ကောင်းတာပဲလူလေးရာ အဘကိုသွားခွင့်ပြုပါအုံးကွယ်” “ဟုတ်ကဲ့အဘ” တရိပ်ရိပ်ထွက်သွားသည့် အဘိုးအိုကိုကြည့်ပြီးကိုစိန်ပုလည်း ပြုံးနေမိပါတော့တယ်။ ယနေ့အဖို့မိမိစားမည့်အထဲမှ ဆာလောင်နေသူကိုဝမ်းပြည့်အောင် ကူညီခဲ့ရသည့်အတွက် ကိုစိန်ပုတစ်ယောက် ဝမ်းသာပီတိဖြစ်နေ မိပါတော့တယ်။ ...