စေတနာအကျိုး

“အဘကိုကြည့်ရတာ တော်တော်ဆာနေတဲ့ပုံပဲ၊ကျွန်တော်စားမယ့်အထဲကတစ်ဝက်ကို အဘကိုကျွေးပါ့မယ်။

“ကျေး ကျေးဇူးတင်ပါတယ် ငါ့တူရယ်
အဘတကယ်ကျေးဇူးတင်ပါ တယ်ကွယ်”

“မလိုပါဘူးအဘရာ ဆာလောင်နေတဲ့သူကိုအစားကျွေးရတာ ကျွန်တော်ကုသိုလ်ရတာပေါ့။ ရော့အဘစားဗျာ အဘအတွက်ကြက်ဥကြော်ပါ ထည့်ပေးထားတယ် အားမနာနဲ့စားအဘ,

“ငါ့တူကြီးဘုန်းကြီးလို့အသက်ရှည်ပါစေ ကျန်းမာချမ်းသာပြီး လိုအင်ဟူသမျှ ပြည့်စုံပြီးစေတနာအကျိုးပေးပါစေ ကွယ်”

“အဘပေးတဲ့ဆုနဲ့ပြည့်ပါရစေအဘရာ ဒါနဲ့အဘကိုအရင်ကတစ်ခါမှမတွေ့ဖူးဘူး။ အဘကဘယ်မှာနေတာလဲဗျ”

“အင်း,အဘကနေစရာအိမ်ရယ်လို့ မရှိပါဘူးလူလေးရာ၊ဒီလိုပဲခြေဦးတည့်ရာသွားနေရတာပါပဲ”

“သြော်,ငါတို့ဆင်းရဲတာကမှ နေစရာရယ်လို့ရှိသေးတယ်၊ဒီအဘက တော့ငါတို့ထက်ပိုပြီးကံဆိုးနေပါလား။

“ကဲ,စားလို့သိပ်ကောင်းတာပဲလူလေးရာ အဘကိုသွားခွင့်ပြုပါအုံးကွယ်”

“ဟုတ်ကဲ့အဘ”

တရိပ်ရိပ်ထွက်သွားသည့် အဘိုးအိုကိုကြည့်ပြီးကိုစိန်ပုလည်း ပြုံးနေမိပါတော့တယ်။ ယနေ့အဖို့မိမိစားမည့်အထဲမှ ဆာလောင်နေသူကိုဝမ်းပြည့်အောင် ကူညီခဲ့ရသည့်အတွက် ကိုစိန်ပုတစ်ယောက် ဝမ်းသာပီတိဖြစ်နေ မိပါတော့တယ်။ အခင်းသိမ်းသွားသည်နှင့်ကိုစိန်ပုလည်း အိမ်ကိုပြန်လာခဲ့ပါတယ်။ ဇနီးသည်အားရလာသည့်ငွေကိုပေးကာ အိမ်ထဲဝင်လာခဲ့တယ်။

“မမြခင် သားနဲ့သမီးရောမတွေ့ပါလား ဘယ်သွားကြလဲ”

“သြော်,ကလေးတွေလား သူ့အဘကလာခေါ်လို့လိုက်သွားလေရဲ့ သူတို့အဘအိမ်မှာအိပ်မယ်ဆိုပဲ”

“​ဟုတ်လား ကောင်းတာပေါ့ကွာ ဒါမှလွတ်လွတ်လပ်လပ်,,,,,”

“ဟင်,ဘာကောင်းတာလဲ ဘာလွတ်လွတ်လပ်လပ်လဲ ဟွန်း,တော်နော် တော်တော်😒😒😒

“ဟ,မင်းကဘာတွေတွေးနေတာလဲ ငါကကလေးတွေမရှိတော့ လွတ်လွတ် လပ်လပ်အိပ်ရတာကိုပြောတာပါကွ။ ကလေး၂ယောက်နဲ့ဆို​ရင်အိပ်ရတာ
ကျပ်တယ်​​လေ​မြခင်ရဲ့ ငါကအဲဒါကိုပြောတာပါဟာ😁😁😁😁

“ကဲ,တအောင့်နားပြီးရေချိုးလိုက် ပြီးရင်ထမင်းစားကြမယ်”

“အေးအေး”

ကိုစိန်ပုလည်းသောက်ရေအိုးစင်မှ ရေတစ်ခွက်ခပ်ကာသောက်လိုက်ပြီး ရေချိုးရန်ထွက်လာပါတော့တယ်။ ရေချိူးပြီးသည်နှင့်ဇနီးသည်မမြခင်နဲ့ အတူညစာစားလိုက်ပါတယ်။ တနေကုန်ပင်ပန်းထားသည့်အတွက် ခေါင်းအုံးနှင့်ထိလိုက်သည်နှင့် အိပ်ပျော်သွားပါတော့တယ်,

“လူလေး လူလေးစိန်ပု”

“ဟာ,အဘပါလား”

“အေးဟုတ်တယ် လူလေးကိုပြောစရာရှိလို့လာခဲ့တာကွဲ့”

“ပြောလေအဘရဲ့ “

“ဒီလိုလူလေးရဲ့ အဘကလူလေးထင်သလိုလူသား စင်စစ်မဟုတ်ပေဘူးကွဲ့။

“ဗျာ,ဒါဆိုအဘက”

“အင်း,အဘက အစောင့်တစ်ယောက်ပဲလူလေးရဲ့ လူလေးနားလည်အောင်ပြောရရင် အဘကပစ္စည်းဥစ္စာကိုစွဲလန်းပြီး မကျွတ်မလွတ်ဘဝနဲ့အစောင့်ဖြစ်နေတဲ့ သူတစ်ယောက်ပဲကွဲ့။ ဒီပစ္စည်းတွေနဲ့ထိုက်တန်တဲ့သူကို အဘလိုက်ရှာနေတာကြာပြီလူလေးရဲ့ အဘပိုင်တဲ့ပစ္စည်းတွေကိုပေးဖို့ဆိုတာ ကလည်း၊တွေ့သမျှလူတိုင်းကိုပေးလို့ ရတာမဟုတ်ဘူး။ တကယ်ထိုက်တန်တဲ့သူလည်းဖြစ်ရမယ် ရိုးသားပြီးပေးကမ်းစွန့်ကျဲတတ်တဲ့ လူလည်းဖြစ်ရမယ်လို့ အဘယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အဘကိုယ်တိုင်က မပေးကမ်းမလှုတန်းခဲ့လို့ မြင့်ရာမြတ်ရာ ဘုံကိုမရောက်နိုင်ခဲ့ဘူးလူလေး။ လူလေးကိုတွေ့တော့ အဘစမ်းသပ်ချင်တာနဲ့ လူလေးမြင်အောင်ပြပြီးလူလေးစိတ်ကို အဘကိုယ်တိုင်စမ်းသပ်ခဲ့တာကွဲ့။ လူလေးကဆင်းရဲပေမယ့် ပေးချင်ကမ်းချင်တဲ့စိတ်လေးရှိတာကို အဘသိလိုက်ရတယ်၊ဒါကြောင့်ဒီပစ္စည်းတွေနဲ့ထိုက်တန်သူဟာ လူလေးပဲဖြစ်ရမယ်ကွဲ့”

“ဒါဆိုကျွန်တော်က အဘပိုင်တဲ့ ပစ္စည်းတွေကိုရမယ့်လူတစ်ယောက်ပေါ့ ဟုတ်လား”

“သိပ်ဟုတ်တာပေါ့ကွယ်”

“ဗျာ”

“ဟုတ်တယ်လူလေး လူလေးကလူသာဆင်းရဲတယ် သူတစ်ပါးအပေါ်ကိုသနားကြင်နာတတ် တဲ့စိတ်ရှိတယ်ဆိုတာအဘသိခဲ့ရတယ်။ အဘဒီပစ္စည်းကိုစောင့်ရတာ သိပ်ကိုကြာနေပြီလူလေးရယ် အဘဒီဘဝကနေကျွတ်ချင်နေပြီ လူလေးရယ်။ ဒါပေမယ့်လူလေးကူညီမှ အဘဒီဘဝကနေကျွတ်မယ်ကွဲ့”

“ကျွန်တော်ဘယ်လိုကူညီရမလဲအဘ”

“အင်း,မနက်ရောင်နီမလာခင် လူလေးလုပ်နေတဲ့အခင်းရဲ့အရှေ့ဆီက ခရေပင်ကြီးအောက်ကိုလာခဲ့ပါ။ လူလေးတစ်ယောက်တည်းပဲလာခဲ့ပါ တခြားဘယ်သူ့ကိုမှအဖော်ခေါ်မလာပါနဲ့ ပြီးရင်ရလာမယ့်ပစ္စည်းတွေကို လူလေးတစ်ဝက်ယူပါ၊ကျန်တဲ့တစ်ဝက်ကိုအဘအတွက်ရည်စူးပြီးအလှုလုပ်ပေးပါ အဘသာဓုခေါ်ဖို့ စောင့်နေမယ်”

“ဟုတ်ကဲ့ အဘကျွန်တော်လာခဲ့ပါ့မယ် ပြီးတော့အဘဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်လုပ်ပေးပါ့မယ်”

“ကောင်းပြီလူလေး မှာထားတာတွေ မမေ့ပါနဲ့ “

“ဟင်”

ကိုစိန်ပုတစ်ယောက် အိပ်မက်က လန့်နိုးလာခဲ့တယ်။ နံဘေးကိုကြည့်လိုက်တော့မမြခင်က အိပ်မောကျနေဆဲပင် ကိုစိန်ပုလည်းအပြင်ကိုကြည့်လိုက်တော့ သန်းခေါင်ယံကျော်လွန်နေမှန်း သိလိုက်ပါတော့တယ်။ အိပ်ရာထဲမှထပြီးကိုစိန်ပုလည်း တူရွင်းကိုအသည်းအသန်လိုက်ရှာလိုက် တယ်။ အိမ်နောက်ဖေးမှာထောင်ထားသည့် တူရွင်းကိုတွေ့သည်နှင့်ကိုစိန်ပုလည်း တစ်ယောက်တည်းထွက်လာပါတော့ တယ်။ လူမမြင်အောင်အမှောင်ရိပ်ခိုပြီး အခင်းရှိရာကိုလာခဲ့ပါတယ်။ ထို့နောက်အိပ်မက်ထဲမှာအဘိုးအို ပြောသည့်အတိုင်းခရေပင်ကြီးရှိရာကို ခပ်သွက်သွက်လာခဲ့ပါတယ်။ ခရေပင်ကြီးအနီးရောက်သည်နှင့် အဘိုးအိုကတူးရမည့်နေရာအား လက်ညှိုးထိုးပြနေသည်ကို ဖျက်ကနဲမြင်လိုက်ရပါတယ်။ ကိုစိန်ပုလည်းအဘိုးအိုပြသည့် နေရာအားတူရွင်းဖြင့်ခပ်မြန်မြန် တူးလိုက်ပါတယ်။ မြေသားများကမာကျောနေသဖြင့် ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ ကိုစိန်ပုလည်းကျလာသည့်ချွေးများကို ပုဆိုးဖြင့်သုတ်ကာဆက်တူးလိုက်ပါ တော့တယ်။

“ဒုတ် ဒုတ်” “ခွပ်”

“ဟာ,တွေ့ပြီထင်တယ်”

ကိုစိန်ပုလည်းတူရွင်းဖြင့် အသာတူးဆွကာမြေကျင်းထဲမှ တစ်ထွာသာသာအိုးလေးအား အပေါ်ကိုဆွဲထုတ်လိုက်ပါတယ်။ ကိုစိန်ပုလည်းအိုးအပေါ်၌ ပိတ်ထားသောအဖုံးအားဖွင့်ကြည့်မည် အပြု။

“ဖွင့်မကြည့်နဲ့အုံး အိမ်ရောက်မှကြည့်”

ကိုစိန်ပုနားထဲသို့တိုးဝင်လာသည့် အသံကြောင့်ကိုစိန်ပုလည်း အိုးအဖုံးအားမဖွင့်တော့ပဲမြေကြီးများကိုကျင်းထဲသို့ပြန်ထည့်လိုက်သည်။ နဂိုမူလအတိုင်းဖြစ်အောင် မြေသားအားသေချာပြုလုပ်ပြီး ခရေပင်ကြီးအောက်မှထွက်လာပါတော့ တယ်။ ကိုစိန်ပုအိမ်ပြန်ရောက်တော့ မမြခင်မနိုးသေးသည်ကိုမြင်လိုက်ရပါ တော့တယ်။ ကိုစိန်ပုလည်းလက်ထဲမှအိုးအား အဝတ်ပုံတွေကြားဖုံးဖိကာဖွက်ထား လိုက်ပါတော့တယ်။ ပြီးနောက်အိမ်နောက်ဖေးသွားကာ ခြေလက်များကိုဆေးကြောလိုက်တယ် ထို့နောက်အိပ်ရာထဲဝင်ပြီး ပြန်အိပ်လိုက်ပါတော့တယ်။ အိပ်တယ်သာဆိုတယ် ကိုစိန်ပု၏ မျက်လုံးများကအိပ်မရပဲ ကြောင်နေပါတယ်။ မနက်လင်းတော့•••••

“မမြခင်”

“ဘာတုန်းကိုစိန်ပု”

“ငါမင်းကိုပြစရာရှိတယ်”

“ဘာပြမှာလဲကိုစိန်ပုရဲ့”

“ခဏလေး ငါသွားယူလိုက်အုံးမယ်”

ကိုစိန်ပုလည်းမမြခင်အနားမှ ထွက်သွားပြီး မကြာခင်အိုးတစ်လုံးအား ယူဆောင်လာပါတယ်။

“ဒီမှာလေ မင်းကိုပြမယ့်ပစ္စည်းက”

“ဟင်,အိုးစုတ်ကြီး ကျုပ်ကဒီအိုးစုတ်ကိုဘာလုပ်ရမှာလဲ”

“ဒါရိုးရိုးအိုးမဟုတ်ဘူး မမြခင်ရဲ့ ငါ့ကိုအိပ်မက်ထဲက အဘိုးကြီးက ပေးတဲ့အိုးကွ။

“အံမယ် အိပ်မက်ထဲကဘိုးတော်က တော့်ကိုဘာကိစ္စကြောင့် ဟောဒီ အိုးစုတ်ကြီးပေးရတာတုန်းတော့်”

“ဟာ,ဘယ်ကလာအိုးစုတ်ကမှာလဲ ဒါရတနာတွေပါတဲ့အိုးကွ၊မင်းမယုံရင် ငါပြမယ်ကြည့်နေ”

“ဟူး,ကိုစိန်ပုတစ်ယောက်တော့ လွတ်သွားပြီနဲ့တူတယ်၊ကဲပြစမ်းပါအုံး တော့်အိုး”

“ငါဖွင့်ပြမယ် ငါလည်းဒီအိုးကို အခုထိဖွင့်မကြည့်ရသေးဘူးကွ”

ကိုစိန်ပုလည်းအိုးအပေါ်က အဖုံးအားအားဖြင့်ဖွင့်ချလိုက်ရာ

“ဟင်😮😮😮😮 “ဟာ😲😲”

မြင်လိုက်ရသည့်ကိုယ့်မျက်လုံးကိုပင် မယုံနိုင်လောက်အောင်ဖြစ်သွားရပါ တော့တယ်။ အိုးစုတ်လေးထဲမှာအပြည့်ထည့်ထား သည့်ရတနာများအားရင်သက်ရှုမော ဖွယ်မြင်လိုက်ရတော့တယ်။

“ကို ကိုစိန်ပု ဒါ ဒါရွှေအစစ်တွေလားဟင် “အေး အေးပေါ့ဟ ရွှေအစစ်တွေပေါ့

“ဒါဆိုကျုပ်တို့ချမ်းသာပြီပေါ့နော်”

“အေးပေါ့ဟ”

“အဖေနဲ့အမေ ဘာဖြစ်လို့လဲဟင်”

“သားနဲ့သမီးပြန်လာပြီလား အဖေတို့ချမ်းသာပြီကွ အဖေတို့ချမ်းသာပြီ”

“ဟုတ်တယ်သားနဲ့သမီး အမေတို့တွေ ဆင်းဆင်းရဲရဲနဲ့မနေရတော့ဘူး”

“ဟင်,ဟုတ်လားအဖေ အဖေတို့ကဘယ်လိုဖြစ်ပြီးချမ်းသာသွား တာတုန်းဗျ။

“အဖေ့ကိုမမြင်အပ်တဲ့သူတွေက ပေးလိုက်တာပေါ့သားရာ”

“ဒါဆိုဒီရတနာတွေအကုန်လုံးက ကျုပ်တို့ဟာတွေဖြစ်သွားပြီပေါ့နော် ကိုစိန်ပု” “

“နေအုံးဟ ငါ့ကိုအိပ်မက်ထဲမှာ ပြောသွားတာက ဒီရတနာတွေရဲ့ တစ်ဝက်တိတိကိုငါယူရမယ်တဲ့ ကျန်တဲ့တစ်ဝက်ကိုတော့အလှုလုပ်ပေးရမယ်လို့မှာသွားသေးတယ် မမြခင်ရဲ့”

“အင်း,ဒါဆိုသူပြောသလိုပဲ တစ်ဝက်ကိုကျွန်မတို့ယူပြီး ကျန်တဲ့တစ်ဝက်ကိုအလှုအတန်းလုပ် ကြတာပေါ့ရှင်”

“အေးပေါ့ ဒါငါတို့နဲ့ထိုက်လို့ ငါတို့ရတာပဲ၊ရသလောက်ကိုပဲရောင့်ရဲ တင်းတိန်တာပေါ့ဟာ”

“တော့်ကိုဘာကြောင့် အဘိုးကြီးက အိပ်မက်ထဲမှာရွှေအိုးလာပေးရတာလဲ ကျုပ်ကိုပြောပါအုံး”

“ပြောရရင် စေတနာအကျိုးပေးပေါ့ဟာ”

ကိုစိန်ပုလည်းမမြခင်အား အဖြစ်အပျက်အစုံကိုရှင်းပြလိုက်ပါ တော့တယ်။

“သြော်,ဒါဆိုရှင့်ရဲ့စေတနာတွေကို ဟိုအဘကအသိအမှတ်ပြုပြီးတော့ သူပိုင်တဲ့ရတနာတွေကိုအေးလိုက်တာ ပေါ့နော်”

“အေးပေါ့ဟ”

“အင်း,ကျုပ်ဖြင့်လေ ယုံတောင်မယုံနိုင်ဘူးရှင်၊အိပ်မက်မက် နေတဲ့အတိုင်းပဲခံစားရတယ်ရှင့်”

“အိပ်မက်မဟုတ်ဘူးကွ တကယ်တကယ် ငါမနက်ဖြန်ကြရင် မြို့တက်ပြီးရွှေတစ်ဝက်ကိုရောင်းမယ် ပြီးရင်ကျန်တဲ့တစ်ဝက်ကို အခုရွာမှာ တည်နေတဲ့ဘုရားကြီးထဲမှာအလှုအဖြစ်ထည့်လိုက်မယ်ကွာ”

“သိပ်ကောင်းတာပေါ့ရှင်”

“ငါ့သားနဲ့သမီးလေးကို အလှုပြုလုပ်ပေးလို့ရပြီကွ”

“ဟေး,ဒါဆိုသားကမြင်းကြီးစီးပြီး မောင်ရှင်လောင်းဖြစ်တော့မှာပေါ့နော် ကိုရင်ဝတ်ပြီးဆွမ်းခံရတော့မှာပေါ့နော်”

“ဒါပေါ့သားရ”

“သမီးလည်းနားတွင်းဝတ်စုံလေး ဝတ်ရတော့မှာနော် အမေ”

“ဟုတ်တာပေါ့သမီးရဲ့”

“ရေး👻👻👻”

“ဟားဟားဟားဟား”

ကိုစိန်ပုတို့အိမ်လေးထဲမှ ပျော်ရွှင်နေသောရယ်သံများက အိမ်အပြင်သို့ပျံ့လွင့်လာပါတော့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ ကိုစိန်ပုတစ်ယောက်ဇနီးသည်နှင့်အတူ မြို့ကိုတက်ပြီးရွှေများရောင်းလိုက်ကြ ပါတော့တယ်။ အရည်အသွေးကောင်းသည့်ရွှေထည်များဖြစ်သည့်အတွက် ထင်မထားသည့် ပမာဏကိုရရှိခဲ့ကြပါတယ်။ ရလာတဲ့ငွေများဖြင့် ရွာမှာအလှုကြီး လုပ်ကာတစ်ရွာလုံးမီးခိုးတိတ် ကျွေးမွေးပါတော့တယ်။ နေ့ချင်းညချင်းချမ်းသာသွားတဲ့ ကိုစိန်ပုတို့လင်မယားအားရွာထဲက မေးကြမြန်းကြပါတော့တယ်။ ကိုစိန်ပုလည်းအကြောင်းအရာအစုံကို ရှင်းမပြတော့ပဲ စေတနာအကျိုးပေးကြောင့်ပါဟု ပြန်ပြောလိုက်ပါတယ်။ အလှုကြီးပြီးလို့နောက်တစ်နေ့ရောက် သည်နှင့်တည်လက်စဘုရားကြီးသို့ ကျန်ရှိနေသေးသည့်ရွှေများကို အိပ်မက်ထဲမှအဘိုးအိုအားရည်စူးကာ လှုဒါန်းလိုက်ပါတော့တယ်။

“အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့၊သာဓု သာဓုသာဓု”

“သာဓု သာဓုသာဓု”

ဘုရားကြီးအပြင်တွင်တော့ လက်အုပ်ချီပြီး သာဓုခေါ်နေသည့် အဘိုးအိုအားမည်သူကမှမြင်နိုင်လိမ့် မည်မဟုတ်ပေ။

“ကျေးဇူးတင်ရပါတယ် လူလေးစိန်ပုရယ်”

သာဓုသုံးကြိမ်တိုင်အောင် ခေါ်ဆိုပြီးသွားသည့်အဘိုးအိုလည်း ဘုရားကြီးရှေ့မှကွယ်ပျောက်သွားပါ တော့တယ်။ ပြီးပါပြီ။

ယခုဇာတ်လမ်းသည်စာရေးသူ၏ စိတ်ကူးဖြင့်ရေးထားခြင်းဖြစ်ပါသည်။ လိုအပ်ချက်များရှိခဲ့ပါကနားလည်ပေးပါလို့ပန်ကြားပါရစေ။ အားလုံးရွှင်လန်းကြပါစေ။

အောင်ဓူဝံ