တောင်ပို့စောင့်ဘိုးဘိုးကြီး

 

ဒါဆို တကယ်အစောင့်ရှိတာပေါ့နော်
ရှိတာပေါ့
နောက်တစ်ယောက်လဲရှိသေးတယ်။ အဖွားလိုပဲ သူနမည်က စူလတီ တဲ့။ ဟိုဘက်လမ်းမှာနေတယ်။
မင်းသူ့ဆီသွားမေးကြည့်ဆိုတော့ ကျွန်တော်လဲ စူလတီနေတဲ့ အိမ်ကိုထပ်ရောက်ခဲ့တယ်။

ဒေါ်စူလတီကိုတွေ့တော့ သူကြုံခဲ့တဲ့ အကြောင်းကို.ကျွန်တော်ကိူပြောပြခဲ့တယ်။
အဒေါ်က.ပယာကြော်ရောင်းတာ။ အိမ်မှာပယာကြော် ကြော်ရင်ဘေးအိမ်ကလူတွေက ညော်တယ် ဆိုပြီး ပြောလို့ ဂိုဒေါင်ထဲမှာသွားကြော်တာ။
ပထမဆုံးသွားကြော်တဲ့နေ့ပဲ အိမ်မက်မက်တာ။

အဒေါ်က သရဲတစ္ဆေတွေအယုံအကြည်မရှိဘူး။
နောက်တစ်ခုက အဒေါ်က ဘာသာခြား။
အိမ်မက်ထဲမှာ သူနေတဲ့နေရာကိုလာပြီး သူ့ကိုအညော်တိုက်ပါတယ်ဆိုပြီး.အဒေါ်ပါးတွေကို.ရိုက်တာ။

အိမ်မက်ထဲမှာရိုက်တာ နိုးလာတော့ အဒေါ်ပါးတွေ.ယောင်ကိုင်းနေတာပဲ။
အဒေါ်လဲ အဲဒီတော့မှ.ကြောက်ပြီး.နွားနို့တွေ ကန်တော်ပွဲတွေနဲ့ သွားတောင်းပန်ရတာ။

ဘာသာခြားတစ်ယောက်အနေနဲ့ ခုလိုမျိုးကြုံရတာ ဆိုတော့ ယုံလဲယုံသွားတယ်။
သွားတောင်းပန်တော့မှ ပါးယောင်နေတာ ပျောက်သွားတယ်။
” ထူးဆန်းတယ်နော် ”
“ခုလိုပြောပြပေးတာ.ကျေးဇူးတင်ပါတယ် “ဆိုပြီး ပြန်လာခဲ့လိုက်တယ်။
….
ရုံးအသစ်ဆောက်ဖို့ ဂိုဒေါင် ၄ကိုဖြိုရပီ။
ုခြတောင်ပို့ကိုပါ.ဖြိုရတော့မယ်။

ဆောက်လုပ်ရေးသမားတွေကို.အကျိုးအကြောင်း.ပြောပြပြီး ကန်တော့ပွဲပေးပြီးမှ ရုံးအမိန့်နဲ့ မေတ္တာရပ်ခံပြီး ဖြိုရတယ်။
လုပ်ငန်းခွင်မှာလဲ အနှောင့်အယှက်မရှိဖို့ စောင့်ရှောက်ပေးဖို့ တောင်းပန်ပြီး ရုံးအသစ်ကိုဆောက်ခဲ့တယ်။

ရုံးအသစ်ဆောက်နေတဲ့အချိန်အတွင်း.အလုပ်သမားတွေမှာ ထိခိုက်တာတွေမရှိခဲ့ဘူး။ နောက်တစ်ခုက ရုံးအနောက်မှာ.အုန်းနှဲပင်ကြီး တစ်ပင် ရှိ်တယ်။ ဘယ်အချိန်ထဲက ပေါက်နေလဲ ဘယ်သူမှမသိဘူး။

လူကြီး ၄ဖက်စာလောက်တော်ရှိတယ်။ ရုံးအသစ်ဆောက်တော့ အုတ်တံတိုင်းပါ အသစ်ကာ ရတာပေါ့။
အဲမှာ.အုတ်တံတိုင်းကာဖို့.အုန်းနှဲပင်ကြီးကို ခုတ်လိုက်ရတယ်။ ခုတ်ပီးတဲ့နေ့ပဲ အိမ်မက်ပေးပါလေရော။

အိမ်မက်ထဲမှာ.အုန်းနှဲပင်ပေါ်ကနေ ငွေရောင်မြွေကြီးနှစ်ကောင် ဆင်းလာတာ။ နည်းနည်းနောနော အကောင်ကြီးတွေမဟုတ်ဘူး။ အဲလောက်ကြီးတဲ့ မြွေမမြင်ဖူးဖူး။ မြွေတစ်ကောင်ကောင် လူကြီးတစ်ဖက်စာလောက်ရှိတယ်။

ငွေရောင်မြွေနှစ်ကောင်က အုန်းနှဲပင်ပေါ်က ဆင်းလာပြီးတော့ ဂိုဒေါင်အပြင်ကိုထွက်သွားတယ်။
ပြီးတော့ ဂိုဒေါင်အပြင်မှာရှိတဲ့ ညောင်ပင်ပေါ်ကို တက်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ညောင်ပင်အပေါ်မှာ ရှိနေတဲ့သူတွေက သူတို့ကိုမပေးတက်ဘူး။ မောင်းထုတ်ကြတယ်။

အဲလိုမောင်းထုတ်တော့ မြွေကြီးနှစ်ကောင်က ယခင်အုန်းနှဲပင်ရှိတဲ့ အုတ်တံတိုင်းပေါ်ပြန်တက်ပြီး နေထွက်နဲ့အရပ်ကို.မျက်နှာမူလိုက်တယ်။
ပြီးတာနဲ့ နှစ်ကောင်ယှဉ်ပြီး ပါးပြင်းထောင်လိုက်တာဗျာ။

ပါးပြင်းတွေက အုန်းလက်၂လက်စာလောက် ကြီးတယ်။ ပါးပြင်းထောင်ပြီး ပါးစပ်ကြီးဖြဲထားတာ ပါးစပ်တစ်ခုလုံး နီရဲနေတာပဲ။
သူတို့နေစရာမရှိလို့ အိမ်မက်ပေးတာဖြစ်မယ်ဆိုပြီး သူတို့အတွက် ကန်တော့ပွဲနဲ့ရုံးထဲမှာနေဖို့ အမိန့်ပြန်ခဲ့ရတယ်။

နောက်တစ်ခါကြုံတာက သရဲမဗျ။ ရုံးဝင်းထဲမှာ တွေ့တာ။ ကျွန်တော်က အဲလိုတွေမကြောက်ဘူး။
ဖြစ်ပုံကဒီလို..
ရုံးအသစ်ဖွင့်တော့ ရုံးမှာအဖော်ရအောင်.အိမ်မှာ.မွေးထားတဲ့ခွေးသားပေါက်လေးနှစ်ကောင်ကို.ရုံးခေါ်လာတယ်။
ခေါ်လာတဲ့အချိန်က ညဘက်
ခေါ်လာတော့ ခွေးသားလေးတွေက နေရာသစ်ဆိုတော့ ချလိုက်တာနဲ့ ထွက်ပြေးကြတာ။
ထမင်းလဲလာမစားဘူး၊ ရေလဲမသောက်ဘူး၊.ဂိုဒေါင်တွေအနောက်မှာပုန်းနေကြတာ။

အဲဒါနဲ့ ကျွန်တော်က လိုက်ရှာရကော။
ရှာတဲ့အချိန်က ည၁၀ခွဲနေပီ၊ ဖုန်းမီးလေးနဲ့ ဂိုဒေါင် အနောက်ဘက်မှာ လိုက်ရှာနေရင်း အနောက်မှာ တစ်ယောက်ယောက် လိုက်နေတဲ့ ခြေသံလိုလို.ကြားရတယ်ဗျ။
တရှပ်ရှပ်နဲ့ ခြေသံကြားတော့ ကျွန်တော်ရပ်လိုက်တယ်။
ရပ်လိုက်တော့ ခြေသံမကြားရတော့ဘူး။
အဲဒါနဲ့ ပြန်လျောက်တော့ ခြေသံပြန်ကြားရတယ်။
သိပ်မသင်္ကာတော့ဘူး၊ ကြက်သီမွှေးညင်းတွေလဲ ထလာတယ်။
အဲမှာ အနောက်လှည့်ကြည့်လိုက်တာ..
အသားမဲမဲ ဆံပင်ဖွာလန်ကျဲနေတဲ့.ဆာရီဝတ်ထားတဲ့ ကုလားမကြီးဗျာ.. ကျွန်တော်အနောက်မှာ ရပ်နေတာ။

ရုတ်တရက်မြင်ရတော့ ညဖက်လဲဖြစ် ရပ်နေတာကလဲ လူသေကြီးလိုပဲ တောင့်တောင့်ကြီး။
တော်ရုံမကြောက်တတ်တဲ့ ကျွန်တော်
လိပ်ပြာလွင့်မတတ် လန့်သွားခဲ့တယ်။
မြင်လဲမြင်ကော.ကျွန်တော်ဂိုဒေါင်အရှေ့ကို.ပြေးတာ။ ဂိုဒေါင်အစောင့်ဦးလေးက.ဘာဖြစ်တာလဲလို့ မေးတော့ အဖြစ်စုံပြောပြလိုက်တယ်။

အဲမှာဦးလေးက ..
ငါက မင်းတို့ကြောက်မှာစိုးလို့မပြောတာတဲ့
သူက ဂိုဒေါင်အနောက်မှာနေတဲ့ ကုလားမတဲ့
သူရှိကြောင်းမင်းကိုပြတာဖြစ်မယ်လို့ပြောတယ်။

ကျွန်တော်လဲ ရေနှစ်ခွက်ဆင့်သောက်လိုက်တော့မှ နှလုံးခုန်မြန်နေတာ ရပ်သွားတယ်။
အဲဒီထဲက.ညဖက်တွေကို ဂိုဒေါင်အနောက်မသွား.တော့ဘူး။

ဒါပေမယ့် အခုတော့ ရုံးအသစ်ဖွင့်ပြီးလို့ တစ်ခါတစ်ခါ.ညဂျူတီစောင့်ရတဲ့နေ့တွေဆို ကိုယ်အိပ်တဲ့ အခန်းဘေးမှာ.လမ်းလျောက်သံတွေတော့.ကြားတယ်။
ကြာလာလို့လားတော့မသိဘူး.မကြောက်တော့ဘူး။

သူလဲသူတို့ဘာသာနေတယ် ။.အနှောင့်အယှက်လဲ.မပေးဘူးဆိုတော့ သိပ်မကြောက်တော့ဘူး။
ခြတောင်ပို့စောင့်အဖိုးကတော့ ရုံးဝင်းထဲမှာရှိသေး.တယ်လို့ ပတ်ဝန်းကျင်ကလူတွေပြောတယ်။

ညဖက် ၁ချက်ထိုးလောက်ဆို.ရုံးအုတ်တံတိုင်းနားမှာ.လမ်းလျောက်နေတာတွေ့တယ်လို့ပြောကြတယ်
ဒါပေမယ့် ကျွန်တော်ကတော့ တွေ့ချင်လို့ ညဖက် ၂နာရီလောက် ထ ထကြည့်တယ်။
ဒါမယ့်မတွေ့ဘူး။
ရုံးမှာက.ညဘက်တွေဆို.ယောင်္ကျားလေး ၁ယောက်ကျ စောင့်အိပ်ရတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ.အနှောင့်အယှက်မပေးဘူးဗျ။
သူတို့ရှိတာလဲ အကုန်သိတယ်။.သူတို့လဲ မနှောင့်ယှက်ဘူး။ ကိုယ်လဲအေးဆေးနေတယ်။
အခုလဲ ဒီစာရေးနေတဲ့ အချိန် ရုံးထဲမှာ.ကျွန်တော် တစ်ယောက်ထဲ။ မိုးကလဲ ဖွဲဖွဲကျနေတယ်။ အိပ်တဲ့ အခန်းဘေးမှာတော့ ခြေသံလိုလိုတော့ ကြားတယ်။ ဒါကလဲ.ညတိုင်းကြားနေကျဆိုတော့ မကြောက် တော့ပါဘူး။ ကျွန်တော်သူတို့အကြောင်းရေးနေတာ.သူတို့လဲသိမှာပေါ့။
ဒီညတော့ မိုးအေးအေးလေးနဲ့ တရားခွေနားထောင်ရင်း အိပ်စက်ပီဗျာ။
ခုလို စိတ်ပါဝင်စားစွာဖတ်ရှုပေးတဲ့ စာဖတ်သူ.များအားလုံး စိတ်အေးချမ်းသာစွာ.အနားယူ.နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဇေယန(ရာမည)