ပစ်ချလိုက်ပြီး မတ်တပ် ထရပ်ခါ။ “…ငါလာပြီဟေ့…” ဟု အော်ဟစ်ရင်း အိမ်ကြီး၏ လှေကားပေါ်မှ ကျွမ်းပစ်ချလိုက်ပါတော့သည်။ ခါတိုင်းက ဒီလိုပုံစံမျိုး မကြာခဏ ဖြစ်ပေမဲ့ ယခုကတော့ အတော်ပဲ အကြနာသည်ဟု ပြောရပေမည်။ မခင်လှ တစ်ယောက် ပြန်ထမလာတော့ပါ အတူနေသော တူမဖြစ်သူ မခင်မြ၏ သမီးအကြီး မသီတာက လိုက်ဆွဲပေမဲ့ မရလိုက်ပါ  အဒေါ်ဖြစ်သူကို ပွေ့ဖက်ရင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းတော့မှ ရွာသားများ ရောက်လာခဲ့ပေမဲ့ မခင်လှတစ်ယောက် သွေးအိုင်ထဲ ဇာတ်ကျိုး၍ မရှူ့မလှ သေပွဲဝင်သွားခဲ့လေပြီ။                           ~~~~~~~ ...

ဘုန်းကြီးဆီကို… မကြာခဏလာတယ်….ပြီးတော့….သူ့ကို ကျွတ်လွတ်အောင်…လုပ်ပေးဖို့….ငိုယိုတောင်းပန်ရှာသတဲ့လေ….ဘုန်းကြီးကလဲ..သူနဲ့. ပဌာန်းဆက်ရှိပေမဲ့… လောကီအရေး…သူဝင်မရှုပ်ချင်တာကြောင့်..အခွင့်သာခိုက်…ငါ့ကို…ဒီတာဝန်ကို…ပေးလိုက်တာပဲလို့…မြင်မိပါတယ်ကွာ” ဦးသက္ကဆီက ထိုစကားကြာရတော့ ကျွန်တော်လဲ လက်ညှိုးပိုင်ရှင် ကောင်မလေးကို သနားနေမိပါသည်။ “ငါတို့….မနက်ဖြန်…ရေဆင်းတောင်ဘက်ကို…ခရီးထွက်ရမယ်..မောင်စောဟိန်း…မင်းနဲ့ငါက..အရင်ကတည်းက..အလုပ်အတူလုပ်နေကြပြီး..ငါမှာလဲ..အဖော်ဆိုလို့…စိတ်ချလက်ချ…မင်းပဲရှိတာမလား…ဒါကြောင့်…မင်းလိုက်မလားလို့…ခေါ်မေးတာ..ငါ့ကောင်ရေ…” ကျွန်တော် ဦးသက္ကစကားကြောင့် ပြုံးလျှက်ဖြင့်။ “ဦးလေးရယ်…ဒီလိုကိစ္စမျိုး…ကျွန်တော်က…ဝါသနာလွှတ်ထုံတာ…ဦးလေးအသိပဲ…လိုက်မှာပေါ့ဗျ” ဦးသက္က ကျေနပ်သွားသည့်ဟန်ဖြင့်။ “…ကဲ..ဒါဆိုရင်လဲ..မနက်ဖြန်အာရုံတတ်ချိန်…ခရီးစထွက်မယ်ကွာ..ယူစရာရှိတာ..ယူခဲ့ပြီးထွက်လာခဲ့…” “…ဟုတ်ကဲ့ပါ…ဦးလေး..” ထို့နေ့ညက လရောင်ရေးရေးအောက် ဦးသက္ကနှင့် ရှေးဟောင်းနှောင်းဖြစ် စကားများဖောင်ဖွဲ့ကာ ပြောကြရင်း အတော်ညဥ့်နက်မှ နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။   မနက်အာရုံတတ်ချိန် ရောက်ပြီမို့ အမေ ထုံးစံအတိုင်း ဆွမ်းထချက်နေလေပြီ။ အမေ့အား ခရီးသွားရန် ခွင့်တောင်းတော့ အမေက သိပ်မလွှတ်ချင်ပေ ...

။ “….ဟာ….ဟိုမှာ….အမျိုးသမီးတစ်ယောက်….လဲနေ တယ်ကွ….” ဦးသက္က ညွှန်ပြရာကို ကြည့်လိုက်တော့ ဟုတ်တယ် ဗျ အမျိုးသမီးတစ်ယောက် တစောင်းအနေအထား နဲ့ လဲနေတာ ပါးစပ်ကလဲ ညည်းငြူနေလေရဲ့။ “….ဦးလေး….သွားကြည့်ရအောင်လေ…ဘာလုပ်နေ တာလဲ…” ဦးသက္ကရှေ့မတိုးပဲ အသာကြည့်နေ၍ ကျွန်တော် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ခြင်းကြောင့်။ “…နေပါဦးကွ…ဒီလိုတောကြီးမျက်မည်းထဲမှာ…. ….မိန်းကလေးတစ်ယောက်ထဲ…..ရှိနေတာ…ငါတော့.. ….သိပ်မသင်္ကာဘူးကွ….” “….ဟာ….ဦးလေးရယ်….မိန်းကလေးတစ်ယောက်….. ….ဒုက္ခရောက်နေတာကို….ကူညီကောင်းပါတယ်ဗျ…. …ဖြစ်ချင်တာဖြစ်….လာပါဗျာ….သွားကြည့်ရအောင်” ကျွန်တော် ဦးသက္ကကို စောင့်မနေပဲ အရှေ့ကနေ လဲကြနေသော အမျိုးသမီးထံသို့ ခပ်မြန်မြန်သွား လိုက်တော့ အနောက်မှ ဦးသက္က လိုက်ပါလာလေ သည်။ “…ဒီ….ဒီမှာဗျ….ဘာဖြစ်လို့လဲဟင်….” ...

    ▪️အခန်း-၂     ဆွမ်းစားသံချောင်းခေါက်သံကြားရသည့်အတွက် မနက်၁၁နာရီဆိုတာ လူတိုင်းသိမည်ဖြစ်သည်၊ ထိုအချိန်တွင် ဦးအုန်း ဦးဆောင်ကာ မောင်ဘိုးထင်တို့ အဖွဲ့ ‌ပေပင်ရွာမှ ထွက်လာကြသည် ၊ ဖိုးထွေး နှင့် သာရ အပြင် သာအေး ပါ ပါလာသည် ၊ တခြား လူကြီးများက လိုက်လိုကြသောလည်း ခရီးလမ်းပင်ပန်းမှာရယ်  သူတို့အား ဧည့်ဝတ်ကျေပွန်မည့်လူ ဘယ်သူမှ မရှိသော ကြောင့်  ဦးအုန်းမှ မလိုက်ရန် တားရချင်းဖြစ်သည် ၊ ခရီးလမ်း ကို မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ...

” စုန်းထီးကြီး ဦးဘသာနှင့် မယဉ်နဲ့ကိုဘအေး ”📖📖📖 ************************************************* ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) ဒီနေ့ကတော့ မယဉ်အကြောင်းပြောမယ့်နေ့ပေါ့ဗျာ၊ မယဉ်ရဲ့အကို လူမိုက်ကြီး သရဲပြေးဘအေးတစ်ယောက် သူသေပြီးတဲ့အခါ မကျွတ်ဘူးတဲ့ဗျ၊ ဘာလို့သိသလဲဆိုရင်တော့ ကျုပ်တို့ကိုယ်တွေ့ပဲပေါ့ဗျာ၊ ကျုပ်တို့ရွာမှာ ကိုဘအေးမရှိတော့ အမဲသား၊ ဝက်သား ရှားသွားတယ်ဗျ၊ ဆိတ်သားတောင်မှ ပေတောရွာက ကုလားလေးညီအကိုလာတော့မှ စားရတာ၊ ဒါတောင် အလုအယက်ဝယ်စားရတာမျိုးမဟုတ်လား၊ ပြီးတော့ ကိုဘအေးနေရာကိုဆက်ခံမယ့် သားသတ်သမားမရှိတော့ အမဲသားဆိုတာ ရခဲသွားတာပေါ့ဗျာ၊ တခြားရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းကြတဲ့ အသားသည်တွေဆီကနေပဲ ဝယ်ပြီးစားရတာဗျ၊ ဝယ်စားတဲ့အသားက ...

ပျဉ်းမပင်ကရွာလူကြီးသည် လှဲလျောင်းနေလိုက်ကြသည်။ တခြားသောလူများသည် အချင်းချင်း စကားပြောနေကြသည် ။လယ်ယာများအကြောင်း၊သားသမီးများအကြောင်းနှင့် ထွေရာလေးပါးစကားများ ပြောနေကြသည့်အသံက ပေတူးနားထဲ တိုးဝင်လာသည်။သူတို့၏ စကားများကို နားထောင်လိုခြင်း မရှိသော်လည်း အသံသည်က နားထဲရောက်လာ၍ ပြောနေကြသည်များကို နားထောင်မိနေသည် ။ “အင်း ကျမသားက အခုဆို ကောလိပ်တက်နေတာလေ ” “ဟုတ်လား ကောင်းတာပေါ့ရှင် ကျမသားက စာရေးကြီးဖြစ်နေပြီ တော့ ” “ကျမက‌တော့ သားကိုအရာရှိလေးဖြစ်အောင် အစိုးရဝန်ထမ်း ပဲ လုပ်ခိုင်းမလားလို့ ” ” နေဦး ဟိုကောင်လေးက ကျမတို့နဲ့ တဘူတာထဲ ...

မောင်တိုးမှာရယ်ရယ်မောမောဖြင့် ပင်ထိုင်နေခဲ့သည်။ “ကဲပါ…အမေရာ…ကျုပ်တို့မသိသေးတာ လေးတွေရှိရင်လည်းပြောပြလိုက်ပါ…ကျုပ်တို့လည်း နားထောင်ပြီးသားဖြစ်တာပေါ့ဗျာ…” ဆိုပြီးဦးဘထော်ကပါ ဝင်ပြောလေသည်။ ထိုခါဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်ပြီး….. “ဒါဆိုရင်လည်း ဘွားပြောပြရမှာပေါ့ကွယ်… အင်းပြန်တွေးကြည့်မိတော့ မင်းတို့‌‌ ဒွေးလေးက…အမေ့ကိုဆို ငယ်နိုင်တစ်ယောက်လိုပဲသဘောထားခဲ့တာ… အရီးနဲ့အဘမျက်နှာကိုထောက်ပြီး အမေကလည်း သည်းခံရတာပေါ့ …အဲ့သည်လိုနဲ့တစ်နေ့မှာ……..” ဆိုပြီး ဘွားမယ်စိန်ကပြန်လည်ကာပြောပြတော့သည်။ ************************************ အချိန်ကညသန်းခေါင်ကျော်လေပြီ ခွေးအူသံတို့သည်လည်း ရွာလမ်းမအထက်၌ ဆူညံ စွာထွက်ပေါ်နေခဲ့သည်။ ဆွဲဆွဲငင်ငင်အူလိုက်သောခွေးများနဲ့အတူ ရွာလမ်းမအထက်ဆီမှထွက်ပေါ်လာသော‌‌အသံတစ်သံ …. ထိုအသံသည် “ရှက်..ရှက်…ရှက်…”မြည်နေသော ခြေသံတစ်သံပင်ဖြစ်၏။ ထို‌ခြေသံပိုင်ရှင်သွားလေရာသို့ ခွေးများကလိုက်လံ၍အူနေကြခြင်းဖြစ်သည်။ ခြေသံပိုင်ရှင်သည်ရွာလမ်းအတိုင်းလာရင်းအိမ်တစ်အိမ်၏အရှေ့၌မတ်တပ်ရပ်နေခဲ့သည်။ နီရဲသောမျက်၀န်းတစ်စုံကအိမ်ကြီးဆီသို့ဒေါသတကြီးဖြင့်ကြည့်နေခဲ့သည်။ အိမ်ကြီးအတွင်းသို့၀င်ဖို့ရန်ခြေလှမ်းစတင်လိုက်ချိန်တွင်… “ရပ်လိုက်စမ်း…” ဟူသောအသံတစ်သံကြောင့် ခြံ၀ိုင်းအတွင်းသို့ခြေချဖို့ပြင်နေသူ၏ ...

ကလေးမရကြပေ။ ကိုဝင်းသောင်က လူအေး။ သူ့မိန်းမ ပြောသမျှ ယုံ၏။ ဒါကြောင့် သူ့မယားနဲ့ ညီမတွေ ရန်ဖြစ်တိုင်း မယားဘက်သာ ပါလေ့ရှိ၏။ အခု အပျိုကြီး မမြင့်ရီ ဆုံးသွားမှ ရွာက လူတွေက သတိတရ ဆိုကြလေ၏။ ” သူတို့မောင်နှမတွေက ကံတူအကျိုးပေးတွေနော်။သူတို့အစ်ကို ကိုဝင်းသောင်ကြီးလဲ လယ်တောက အပြန် ညနေစောင်းမှာ ပိုးထိလို့ ဆုံးတာ မဟုတ်လား ” မှန်၏။ ကိုဝင်းသောင် မြွေကိုက်ခံရတာ နေဝင်ရီတရော် အချိန် ညနေ ၅နာရီခွဲသာသာခန့်မှာ ဖြစ်၏။ ” ...

လာခဲ့တယ် ဝေယံတစ် ယောက် အလုပ်တွေမနားမနေ လုပ်နေရင်း တစ်ဖက်က ဇနီးသည်အပေါ်လဲ ဂရုစိုက် ကာ သဲသဲလှုပ်လှုပ်ရသည်……. ဟေ့ကောင် ဝေကြီး..သူငယ်ချင်းလဲဖြစ် လုပ် ဖော်ကိုင်ဖက်လဲ ဖြစ်သော မောင်စိုး ၏ပြာပြာ သလဲ ခေါ်သံကြောင့် လုပ်လက်စ အုတ်စီ နေရာက ..”မောင်စိုးဘာတုန်းဟ…”အေး မင်းမိန်းမ…ဗိုက်နာလို့တဲ့ဟ..ငါ့ကိုခေါ်ခိုင်း လိုက်တာ..မင်းအဲ့ဒါတွေထားခဲ့…အမြန်လာ အေး..ဒါဆိုအမြန်သွားရအောင်..မောင်စိုးရေ မောင်စိုး ဆိုင်ကယ်လေးဖြင့် အိမ်ကို အပြေးပြန်လာခဲ့သည် အိမ်ထဲမှာလူအနည်း ငယ် ရောက်ရှိနေကြပြီး လက်သည် ဖြစ်တဲ့ ဒေါ်စိန်လဲ အိမ်ခန်းထဲမယ် အကြိတ်အနယ် မွေးပေးနေ၏…ဇနီးသည်ဖြစ်သူ၏ အော်ဟစ် ...

အများပြည်သူဖူးလို့ရအောင် စေတီတည်သင့်တယ်လို့ပြောတာနဲ့ စေတီတည်ဖို့အကြံရတာပဲဗျာ” ပေါက်ကျိုင်းက ကွမ်းတံတွေးတစ်ချက်ထွေးလိုက်ပြီးတော့ “ဒါနဲ့ ရတနာဆင်ဖြူတော်ပေါ်မှာ စွယ်တော်ကိုတင်ပြီး စွယ်တော်ကိန်းဝပ်လိုတဲ့နေရာမှာ ဆင်တော်ရပ်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ဆင်တော်ကိုလွှတ်လိုက်တော့ ပုဂံမြို့ကနေထွက်ပြီး ဟောဒီမြစ်ကမ်းဘေးက သဲစည်းခုံကြီးပေါ်မှာ လာပြီးဝပ်နေသဗျာ၊ ဆင်တော်ကိုဘယ်လိုခေါ်ခေါ် မထတော့တာကြောင့်မို့လို့ ဒီနေရာမှာပဲ စေတီတည်ဖို့စီစဉ်ရတယ်၊ သဲစည်းခုံကြီးပေါ်တည်ထားလို့ ရွှေစည်းခုံလို့ခေါ်ကြတာပေါ့ဗျာ၊ ဒီနေရာမှာ တချို့တွေက လူ့ကိုယ်ခန္ဓာက ဆီးခုံနဲ့မှားတတ်ကြတယ်ဗျ၊ အဲဒီနေရာနဲ့ ဘာမှမဆိုင်ပါဘူးဗျာ၊ တကယ်တော့ မြစ်ဘေးမှာဖြစ်နေတဲ့ သဲစုကို အရင်က စည်းခုံခေါ်သဗျ၊ မြစ်လယ်ကျတော့ သောင်လို့ခေါ်တာပေါ့ဗျာ၊ ဒါပါပဲ၊ အစကတော့ ဒီနေရာကလေးက ဆင်တစ်ဝပ်စာလောက်ပဲ သဲစည်းခုံရှိတာဆိုပဲဗျ၊ ...