နဂါးဆေးပေါ့လိပ်ကလေးကိုယူပြီး ဖွာလိုက်တယ် “ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ” “ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ လာတာကြ ” “ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု” “ရှိတယ်ကွ တာတေရ ” ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့ စကားကို စဉ်းစားနေတာဗျ။ “ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ” “ဟုတ်ကဲ့ ” “အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ ” “ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ...
သေပါတယ်။ ကဲဟေ့… သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်လုပ်ကြ။ ငါ သမင်အုပ် အခြေအနေ အကဲခတ်ဦးမယ်” သမင်လိုက် သမင်ခြောက် ခေါင်းဆောင် ငကျင်သည် ဝါးငါးပြန် ခြောက်ပြန်ခန့်မြင့်သည့် ညောင်ပင်မတ်မတ်ကြီးဆီ သွားကာ ကြောင်တစ်ကောင်လို လွှားခနဲ တက်လိုက်သည်။ ကျန်အဖွဲ့သားများက ထောင်ထားသော ပိုက်ကို စစ်ဆေးခြင်း၊ ဝထိုးထားသော သစ်ကိုင်းချုံကိုင်းများကို အားမရသည့်နေရာ ထပ်ဆင့်ခြင်း၊ ပိုက်အောက်၌ ချုံသဏ္ဌာန်လို အကိုင်းအခက်ဖြည့်ခြင်းဖြင့် တပျော်တပါး။ ခွေးများမှာ စုပေါင်း၍ တောလိုက်နေကျပီပီ တစ်ကောင်နှင့် တစ် ကောင် ရန်မရှိဘဲ ဆော့လိုက် ကစားလိုက် ...
အမှတ်(၄၀) ဖြစ်သည်။ ထိုစဥ်က ယခုအဆောက်အအုံနေရာ၌ မဟုတ်ပါ။ တာမွေဗလီဝင်းတွင်း၌ ဖြစ်၏။ ကိုနှင်းမောင်၏အရည်အချင်းအမြောက်အမြားအနက် မင်းကြီးက ခေါ်ယူတွေ့ဆုံသည့်အခါ၌ ထူးခြားသောအရည်အချင်းတစ်ခုကိုလည်း ထပ်မံ၍ ကျွန်ုပ် သိရှိရပြန်၏။ ကျွန်ုပ်သည် မင်းကြီးနှင့် တွေ့ရမည့်နေ့ဆိုလျှင် မင်္ဂလာဦးည သတို့သမီးကဲ့သို့ စိတ်လှုပ်ရှားခဲ့ရ၏။ မတည်မငြိမ် ဖြစ်ခဲ့ရ၏။ မင်းကြီးအား အထက်အရာရှိတစ်ဦးအနေနှင့် လေးစားသည်ထက် ပို၍ ထိတ်လန့်နေသည်ဟု ထင်ပါသည်။ ကိုနှင်းမောင်ကမူ ရန်ကုန် ပုလိပ်မင်းကြီးနှင့် တွေ့ဆုံရမည့်အတွက် သူ့အနေနှင့် တစုံတရာထူးခြားမှု မဖြစ်ရုံမျှမက တကယ်တမ်း တွေ့ဆုံရာ၌လည်း ကိုနှင်းမောင်သည် ပုလိပ်မင်းကြီးအား သူသောက်နေကျ ...
မျိုးပြကာ ငြင်းလေ့ရှိ၏။ ကျနော်က ” ဖိုးဖိုး၊ မြေးတို့နဲ့အတူနေပါလား၊ ဖွားဖွား လည်း ရှိနေတာပဲလေ ” လို့ ပြောတိုင်း ဖိုးဖိုးက ” အာ၊ မနေချင်ပါဘူးကွာ၊ ငါ့မြေးနေတာက မြို့လို့သာ ပြောတယ် ငါ့ဖြင့် အသက်ရှုတောင်မဝ၊ စားရတဲ့အစား အစာတွေကလည်း မလက်မဆတ်နဲ့၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မြို့မှာနေရင် ဖိုးဖိုးအသက်တိုလိမ့်မယ်၊ ဟော၊ ရွာမှာဆိုရင် မနက်အိပ်ရာက နိုးတာနဲ့ ကျေးငှက် လေးတွေရဲ့ အသံလေးတွေနဲ့ သာယာနေရော၊ ငါ့မြေးတို့မြို့မှာက ကားသံဆိုင်ကယ်သံ တစ်ညံညံနဲ့ ဖိုးဖိုးနဲ့ ...
တပည့်တော် အိမ်ကြီးထဲကို ချောင်းကြည့်တော့လည်း အထဲမှာ ဘာမှဖြစ်တာ မတွေ့ရဘူး၊ အသံတွေသာ ထွက်နေတာဘုရား” စည်တော်ကုန်းဆရာတော်က ငကောင်းပြောတာကို သေသေချာချာ နားထောင်ပြီး … “ဒီမှာ အလှူအတန်းလုပ်နေတာကို သူသိရှိလို့မှာပေါ့၊ စားချင် သောက်ချင်တယ်ထင်တယ်၊ ဒီလိုလုပ် ငကောင်း၊ ငှက်ပျောဖက်နဲ့ ထမင်းတွေ ဟင်းတွေ စုံအောင်ထည့်ပြီး ထုတ်ယူသွားလိုက်၊ အိမ်ထဲကို မဝင်နဲ့၊ ဝိုင်းထဲက တစ်နေရာမှာကျွေး၊ ကြားလား ငကောင်း” “တင့်ပါဘုရား” “မင်းပါးစပ်ကလည်းပြော၊ ဒီအိမ်ထဲက သရဲကြီးဗျာ၊ ဆရာတော့်မေတ္တာနဲ့ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို စားသောက်ပါဗျာလို့ပြောပြီး ထားပစ်ခဲ့၊ ...
ကြီးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။ တစ်ဖက်က ကျားက မန္တာန်စောင့်ကျားကို မြင်တော့ အနောက်ဆီကို လှမ်းဆုတ်သွားခဲ့တယ်။ ” ဝေါင်း…” မန္တာန်စောင့်ကျားက တစ်ဖက်က အောက်လမ်းကျားဆီကို ခုန်၀င်ပြီး အုပ်ချလိုက်တယ်။ ကျားနှစ်ကောင် လုံးထွေးသွားတယ်။ သိပ်မကြာခင်မှာပဲ မန္တာန်စောင့်ကျားရဲ့ ကိုက်ခဲတိုက်ခိုက်မှုကြောင့် တစ်ဖက်က ကျားကြီးမှာ အမှုန်အမွှားများအဖြစ် ပြိုကွဲပျောက်ရှသွားခဲ့ရပြီ။ အချိန်က အမှောင်ထုလွှမ်းလို့ လရောင်စစတောင် ထွက်ပေါ်နေခဲ့ပြီ။ ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ အရှေ့ဆီကို ဆက်ခဲ့ကြပြန်တယ်။ အတော်ကလေးသွားမိတော့ ဦးသိဒ္ဒိက ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ” ဘဘ…ဘာဖြစ်လို့လဲ…” ” ...
မနီးတော့ ဘ စောတို့ ကရင်ကြီးတို့က ဘဂျမ်းကို တွေ့တာ နဲ့ တန်းစကြတာကွ” “ဟင် ဘယ်လိုစတာတုံးဗျ ဘကြီးရ” “မန်းမနီး ရေဝေး ကန်ရေသောက် မြက်ခြောက်စား ဗြားခလောက်ဆွဲ” လို့ စတာကွ။ “ဟား ဟား ဟား ဟား” ဘကြီးပြောတဲ့ မန်းမနီးရေဝေးကို ကျုပ်စိတ် ထဲမှာ ဆိုကြည့်ပြီး သဘောကျသွားတာဗျို့။ ကျောင်းစပိတ်တဲ့နေ့မှာပဲ ဘကြီးနဲ့ ကျုပ်နဲ့ မန်ကျည်းတန်းကားနဲ့ လိုက်ခဲ့ကြတာဗျို့။ မန်ကျည်းတန်းကားက ဒေါ့ဂျစ်အစုတ်ကြီး ဗျ။ဒါပေမဲ့ အင်ဂျင်ကတော့ အကောင်းသား၊ တောလမ်းမှာ လမ်းကလေး ...
အဖြစ်ရွေးချယ်ခဲ့လေသည်။ သူမထင်သလို ဖြစ်မလာခဲ့ပါ။ ကလေးနှစ်ယောက် မွေးပြီးနောက်ပိုင်းမှာတော့ ဖခင်မပီသစွာဖြင့် သားနှင့်.မယားကို ထားသွားပြီး ကိုယ်လွတ်ရူန်း သွားခဲ့လေသည်။ ခုလည်း.ကလေးနှစ်ယောက်နှင့် ငွေတာရီလည်း အတော်လေးဒုက္ခ ပင်လယ် ရောက်ခဲ့ရလေသည်။ ဇရပ်ပေါ်ရောက်တော့လည်း နေရာအလွတ်က ထောင့်တစ်နေရာက ကြမ်းခင်း အဆွေးလေးဘေးနားမှာ သားနဲ့သမီးအားခေါ်ပြီး အနားယူအိပ်စက်ဖို့..နေရာထိုင်ခင်း ရေးပြုလုပ်လိုက်သည်။ တစ်နေ့တာ ပင်ပန်းမူဒဏ်တွေကြောင့် တစ်ခါတည်း ကလေးနှစ် ယောက် ကြားထဲမှာပဲ နှစ်နှစ်ခြိုက်ခြိုက် သူမလည်းအိပ်ပျော်သွားခဲ့လေတော့သည်။ မနက်မိုးသောက်မလင်းခင် ငွေတာရီက အစောဆုံး အိပ်ရာကထလိုက်ပြီး သားနဲ့သမီးအားနိုးကာ စောဦးစွာ.ထွက်လာခဲ့သည်။ အစားပေါကြွယ်လှတဲ့ ရွာဦးကျောင်းဘက်သို့ ထွက်လာသော်လည်း ...
ကျောက်ခဲ လာခဲ့ ဝင်ခဲ့လေ” ကျောက်ခဲကလည်း ညက တော်တော်အိုက်မယ် ပုံပဲဗျ။ စွပ်ကျယ်ချိုင်းပြတ်လေး ဝတ်လို့။ ဝိုင်းထဲ ကို ခပ်သုတ်သုတ်ကျော် ဝင်လာတယ်။ “လာ ထိုင် ကျောက်ခဲ၊ ငါတို့တော့ ညက အိပ်မ ပျော်တာနဲ့ ခုမှပဲ အိပ်ရာထနိုင်တော့တယ်” “ဒါဆိုရင် ညက ခွေးအူသံကြီးကို ကိုကြီးတာတေ ကြားမှာပေါ့” “ဟာ…ကြားတာပေါ့ ကျောက်ခဲရဲ့” “အဲဒီကိစ္စ ရွာထဲမှာတော့ ကျွက်စီ ကျွက်စီ ဖြစ် နေပြီဗျို့” “ဟေ …ခွေးအူတာ ဘာဖြစ်လို့တုံး ကျောက်ခဲရဲ့” “ညက ...
ဖခင်မေတ္တာ ပေးရမှာပေါ့’’ “အခုမှ လူ့လောကထဲ ရောက်လာခါစ ဘာမှ မသိနားမလည်တဲ့၊ အပြစ်ကင်းစင်တဲ့ ကိုယ့်ရင်သွေးမွေးကင်းစလေးတွေကို အဖေကိုယ်တိုင်က သစ်ပစ်တယ်ဆိုတာ လူကြားလို့မှ မကောင်းပါဘူးကွယ်၊ မလုပ်သင့်ပါဘူး၊ မလုပ်လိုက်ပါနဲ့နော်’’ စသည်အားဖြင့်ပေါ့လေ။ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းရဲ့ အပြစ်တွေရော၊ ဝဋ်ကြွေးရဲ့ သဘောတရားတွေရော၊ သံသရာလည်ပုံ သဘောတရားလေးတွေရော အမျိုးစုံ ရှင်းပြတော့မှ အဖေဖြစ်တဲ့ ပုဂ္ဂိုလ်က သဘောပေါက်သွားတယ်။ “အရှင်ဘုရား ကိုယ့်ကျောင်းကို အေးအေးချမ်းချမ်း ပြန်တော်မူပါ။ တပည့်တော် အခု သူတို့ကို မသတ်သေးပါဘူးဘုရား။ ဒါပေမဲ့ သူတို့ နည်းနည်းကြီးလာရင်တော့ ...