အော်တာဗျ။အား လုံး လန့်ဖြန့်ပီးအသံကြားရာကိုကြည့်လိုက်တော့… ” ဟာ !! ဟယ် !! အလို “ ” ညောင် !! ညောင် !! ညောင် အိုလ် !! “ ” ကြောင် !! ကြောင် !! ကြောင် နက်ကြီးပါလား “ ဟုတ်တယ်ဗျို့။ကျုပ်လည်းတွေ့တယ်ဗျာ..ကြောင်နက်ကြီးဗျ… နည်းတဲ့ကောင်ကြီး မဟုတ်ဘူး…တစ်ကိုယ်လုံးကို မဲနက်ပီး မျက်လုံးကြီးတွေက အမှောင်ထဲမှာ နီရဲတောက်နေတာပဲဗျို့။ အေးသီလေး အခေါင်းပေါ်မှာဆောင့်ကြောင့်ကြီးထိုင်နေတာဗျ။ ” ဒါ …ဒါ ဘယ်ကရောက်လာတဲ့ ...

နောက်တော့ဘာမှမကြားရတော့ပေ။ နောက်တစ်ရက်ကျောင်းတက်တော့ ဆရာမများကို မေးကြည့်မိသည်။ “ဆရာမတို့ထဲက တစ်ယောက်ယောက် ညညဆိုကျောင်းနားလာပြီး ငိုကြသေးလား” သူမေးသည့်အမေးကိုကြားသည့်အခါ ဆရာမများက ထူးဆန်းစွာဖြင့် သူ့ကိုကြည့်ကြသည်။ “ပေါက်ပေါက်ရှာရှာဆရာရယ်၊ ဘယ်သူကငိုမှာလဲ” ဆရာမများထဲမှလဲ မဟုတ်တော့သည်မို့ ဆရာသိန်း နှုတ်ဆိတ်နေလိုက်သည်။ ထိုညတော့ ငိုသံက တဖြည်းဖြည်းကျယ်လောင်လာသည်။ ငိုယိုနေသည့်သူမှာ အတော်ကျယ်ကျယ်ငိုနေခြင်းဖြစ်သည်၊ ဆရာသိန်းလဲ လူမဟုတ်မှန်းသိလိုက်သည်။ သို့သော် သူက ကြောက်တတ်သူမဟုတ်ပေ။ စောင်ကိုခြုံရင်း နားကိုပိတ်ကာ ကြိတ်မှိတ်ပြီး အိပ်ပစ်လိုက်တော့သည်။ ငိုသံက တဖြည်းဖြည်း ညတိုင်း ပိုပိုဆိုးလာသည်။ နောက်တော့ငိုသံက အဝေးတွင်ငိုနေရာမှ တဖြည်းဖြည်းသူ့အနားသို့နီးကပ်လာပြီး ငိုနေတော့သည်။ ...

အရမ်းအူ၍ လိုက်ပါလာကြသည်။ “”အူ:::::::ဝူး:::::ဝူ:::::::::””” အလောင်းမထမ်းရသော ကာလသားတွေက ကညင်ဆီမီးတိုင်တွေနဲ့ နံဘေးမှ ၀န်းရံလိုက်ကြသည်။ ရွာပြင်သင်္ချိုင်းနဲ့ ရွားက တစ်နာရီနီးပါးသွားရသည်။ …………………….. သင်္ချီုင်းရောက်တော့ အလောင်းကို ဇရပ်ပေါ်တင်တာ ဇရပ် တစ်ခုလုံး ကညင်ဆီမီးတွေ ထွန်းလိုက်ကြသည်။ မိုးက တစ်ဖွဲဖွဲ ဆိုပေမယ့် ​​မြေသား ​လမ်းမို့ ဗွက်ပင် ထချင်နေပြီ။ လူကြီးတစ်ချို့က…. ဘာသာရေး နှင့်သံဝေဂ စကားတွေ ဟောပြောနေကြသည်။ ……..ကာလသားတစ်ချို့က အသင့်ယူလာသော တောချက် ပုလင်းကလေးများဖြင့်နှပ်နေကြသည်။ ….ည၁၂နာရီ… အလောင်းစောင့် သူများမှာ …တစ်ခုခု မှိုင်းမိသလို ...

အကြောတွေဘာတွေနှိပ်ပေးလိုက်တာ သက်သာသွားပါ့ရော။ အဲဒီမိန်းမကြီးက ကျေးဇူးတင်လို့ဆိုပြီး ပိုက်ဆံပေးတာ ကျုပ်တို့ကမယူတော့ သူ့အိမ်ခေါ်သွားပြီး အုန်းသီးတွေငှက်ပျောသီးတွေ ပေးလွှတ်လိုက်ကြတာနဲ့ ကျုပ်တို့လည်းယူလာခဲ့တာဆရာရေ။ ” သူရက အနည်းငယ်ပြုံးလိုက်ပြီး…     “ဘာအတွက်ပေးတာတဲ့တုန်း။” ဟုမေး‌လိုက်၏။ ထိုအခါခွန်းသက..   “ကျုပ်လည်းအဲဒါကိုဘဝင်မကျတာဆရာ‌။ ဘာအတွက်ပေးတာတုန်းလို့မေးတော့ ဆရာလေးတို့ ကန်တော့ပွဲဘာညာထိုးတော့ မလိုအောင်လို့တဲ့။ ဆရာစဉ်းစားကြည့် ကျုပ်တို့ကဆရာတွေမှန်းသူကဘယ်လိုသိတုန်း။” ဟု ဘောက်ဆတ်ဆတ်နှင့်ပြောလိုက်သောအခါ စောသက..   “ငါတို့အဝတ်အစားတွေ ကြည့်ပြီး ဆရာလို့ခေါ်တာနေမှာပေါ့ကွာ။”ဟု ‌ပြန်ပြောလေ၏။ သူရသည် စောသ၏အနားကိုကပ်သွားကာ ညာလက်သီးကိုဆုပ်၍ ဂါထာကိုရွတ်ပြီးသည့်အခါ စောသနဖူးကို လက်ဖနောင့်နှင့်ရိုက်ချလိုက်၏။ စောသက ...

ရွတ်ပြလိုက်သော စာပိုဒ်၌ ‘ပဉ္စရူပ’ ဆိုသော စကားလုံး ပါ၍လာသောကြောင့် ဖြစ်၏။     “ဘယ်လိုလဲ ကိုနှင်းမောင်၊ ကျုပ်တို့ စီအိုင်ဒီကို ဒီလက်ဆောင်တွေ ပို့လိုက်တဲ့လူကို ခင်ဗျားက သိနေပြီပေါ့” ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုနှင်းမောင်က ခေါင်းကို ညိတ်လိုက်ပြီးလျှင်… “ဒီလက်ဆောင်တွေကို ပို့လိုက်တဲ့သူကို ကျုပ် တွက်မိပါတယ်ဗျာ၊ ဒီလိုအလုပ်မျိုးကို ပဉ္စရူပဘသိန်းတစ်ယောက်က သိပ်ဝါသနာပါတယ်လို့ ကျုပ် ကောင်းကောင်းကြီး သိပါတယ်” ဟု ကိုနှင်းမောင်က ပြောလိုက်လေ၏။ ထို့နောက် ကိုနှင်းမောင်သည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ဘူးပေါ်၌ပင် ...

နေရဘူးဆိုပဲ။အဲ့ဒါ မနေရဲတော့လို့ ညတွင်းချင်းအမျိုးတွေအိမ်ကိုပြောင်းပြေးရတာတဲ့ဟဲ့ တာတီးရဲ့” “ဟင်….ဟုတ်လားဗျ။အဲ့ဒါတော့ကျွန်တော်မသိလိုက်ဘူး။နို့ ကိုထိုက်က ဘယ်နေ့ကရက်လည်တာတုန်းဗျ။ဘာရောဂါနဲ့ဆုံးသွားတာတုန်း ဒေါ်လေးရဲ့” “တစ်နေ့ကရက်လည်တာလေ။ဆုံးတာကတော့ သင်္ချိုင်းကဖြတ်အပြန် ဇက်ကျိုးပြီးဆုံးတယ်ဆိုပါတော့အေ။မူးမူးရူးရူးနဲ့လေ။ပါးစပ်က ဘာတွေမဟုတ်သုတ်ခပြောပြီး သရဲ၊တစ္ဆေတွေကိုစိန်ခေါ်ခဲ့သလားမှမသိတာ။ပါးမှာ လက်ဝါးရာကြီးတွေလည်း အထင်းသားတဲ့” “ဟုတ်တယ်ဗျ။ကိုထိုက်ကလည်း မူးလာရင်လွှတ်သွေးဆိုးတာရယ်။ဘုရား ဘုရားမှန်းမသိ။မိဘ မိဘမှန်းမသိတော့ဘူး။စော်ကားတာဗျ။ကောင်းရင်တော့လည်း ပြောစရာကိုမရှိပါဘူးဗျာ။ဖအေ မအေနဲ့ကူဖော်လောင်ဖက်ရသားဗျို့။ငါးရှာဖားရှာထွက်တဲ့အခါ ကိုထိုက်ကို ကျွန်တော်တွေ့သား ဒေါ်လေးရဲ့။ဒါပေမယ့် သင်္ချိုင်းမြေက အမှားမခံဘူးလေ။မရိုသေ့အမူအရာတို့ စကားအပြောအဆိုကြမ်းတာတို့ဆို အသက်အန္တရာယ်ကိုထိခိုက်နိုင်တာမို့လား။ပရလောကနယ်ဆိုတော့လည်း ကြမ်းတမ်းတာပေါ့ဗျာ” ကျွန်တော်ပြောတော့ ဒေါ်လေးစန်းငွေက ခေါင်းတဆတ်ဆတ်ညိတ်တယ်ဗျ။ကိစ္စဝိစ္စတွေပြီးသွားတော့ ကျွန်တော်လည်း အိမ်ပြန်ပြီး နားနားနေနေနေလိုက်တာပေါ့ဗျာ။ နောက်နေ့နေ့လည်ရောက်တော့ ကျွန်တာ့်ဆီကို မောင်ထွန်းဆိုက်ချလာတယ်ဗျို့။ “ဗျို့…ကိုတာတီး” “ဟေ” ...

တစ်ခုဖြစ်သွားလို့ကွ ဟေ ” သူ့စကားကြောင့် ကျုပ်ထပ်ပြီး အံ့အားသင့်ရပြန်ပြီ ဟုတ်တယ် ” မောင်သိန်း အခုအဲ့ပြသနာကိုအခုထိမဖြေရှင်းနိုင်လို့ ငါ့သားလေး ဒုက္ခတွေ့နေပြီ ငါ့အမှားတွေပါကွာ” ဇော်မိုးက ပြောပြောဆိုဆိုနဲ့ ငိုမဲ့မဲ့မျက်နှာကြီးနဲ့မျက်ရည်များလဲဝိုင်းလာတယ်။ ကျုပ်လဲ ” မင်းကိစ္စကငါ့ကိစ္စပါကွာမင်းဘာဖြစ်ခဲ့လို့လဲ ငါ့ကိုနားလည်အောင်ရှင်းပြပါဦးလို့ပြောတော့ ဒီလိုကွ မောင်သိန်းရဲ့” ငါတို့မိသားစု ရွာကအပြန်သရက်ချောင်းရွာကိုရောက်တော့ ငါလဲ ပုံမှန် ပဲ့ဒေါင်ပဲ လိုက်နေတာ ဖြစ်ချင်တော့ တစ်နေ့ မြို့၀ကျွန်းနားက ကနီကမ်းဆိပ်မှာ မီးသွေးဒိုင်မှာမီး‌သွေးအိတ်တွေချပေးနေရင်း ငါ့ရဲ့ ပဲ့ဒေါင်းနားကို သုံးပေလောက်အရွယ်ရှိတဲ့ စက္ကူဂျတ်ဖာတစ်လုံးကိုအိတ်နဲ့အထပ်ထပ်ပိတ်ထားတဲ့ဟာက ငါ့ရဲ့ပဲ့ဒေါင်နားလာကပ်တော့ ငါလဲအထဲမှာဘာတွေရှိလဲ သိချင်စိတ်နဲ့ ...

မြောက်ပိုင်းမှာနေတာ ကျုပ်တို့တွေက လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သိပ်မတွေ့ဖြစ်ကြဘူးဗျ။ “ကိုကြီးအောင်တင် ခနစောင့်အုံးနော် ကျုပ် မျက်နှာသစ်လိုက်အုံးမယ်” ကျုပ်မျက်နှာသစ်ပြီးတော့ ကိုအောင်တင်ထိုင်နေတဲ့ အိမ်ရှေ့က ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်တယ် ကိုအောင်တင်က အမေကြီး ဧည့်ခံထားတဲ့ ဆေးလိပ်တစ်လိပ်ကို သောက်နေတယ်ဗျ။ ကျုပ်က ဆေးလိပ်မသောက်တတ်တော့ ဆေးလိပ်နံ့မခံနိုင်မှာစိူးလို့ထင်ပါတယ်ဗျာ ကျုပ်ရောက်လာတော့ကိုအောင်တင်က ဆေးလိပ်ကိုမီးသတ်လိုက်တယ်ဗျ။ “တော်တော်ပင်ပန်းသွားလားကွ ဖိုးပါရ” ကိုအောင်တင်က ကျုပ်ကိုမေးတယ်။ “ဒီလိုပါပဲ ကိုကြီးအောင်တင်ရာ ဒါနဲ့ကိုကြီးအောင်တင် ရော သက်သာတယ်မလား” ကျုပ်က ကို‌ေအာင်တင် သတိလစ်သွားတဲ့ညကို ပြန်သတိရပြီးမေးလိုက်တာဗျ “သက်သာပါတယ်ကွ မင်းသတင်းကြားပြီးပြီလား ဖိုးပါ” ...

ထဲလည်း နွားသူခိုးတွေက ပူနေတော့ ကျွန်တော်နွားပြာလေးတော့ ပါသွားပြီထင်ပါတယ်..”” ဦးညိုမောင် စကားကြောင့် စိတ်မကောင်းအတော်လေးဖြစ်မိပါသည်။ အမျိုးမတော်ပေမယ့် တူသားနောင်မယ်လို နေကြသူတွေမို့ ကူညီနိူင်သလောက်တော့ ကူညီပေးချင်မိပါသည်။ “”အခုက နှစ်ချက်တီးကျော်ကျော်ပဲ ရှိသေးတယ်သိန်းဆိုင် ရွာစွန်တောစပ်ထဲ လိုက်ရှာရအောင်၊ အောင်ဘုကို ဝင်ခေါ်သွားမယ်။ လိုလိုမယ်မယ် တုတ်၊ဓားဆောင်သွားကြစို့… သူခိုးတွေက အုပ်စုလိုက်ကြီးတော့ မဟုတ်ဘူး။ မျက်နှာချင်းဆိုင်တွေ့တော့လည်း သူ့ချကိုယ်ချပေါ့ကွာ…အရှုံးတော့မပေးဘူး။ ဒါမှ ဒင်းတို့လည်း ဆင်ခြင်မှာ လာသွားကြမယ် အချိန်မနှောင်းခင်လေး…”” အောင်ဘု ကို ဝင်ခေါ်ပြီး ဦးညိုမောင် တို့အုပ်စု တုတ်၊ဓား ကိုယ်စီဖြင့် ရွာစွန်တောစပ်မှ ...

အဖိုးနဲ့အိမ်ထောင်ကျလို့အဲ့ဒီရွာမှာလိုက်နေခဲ့တာလို့ အမေဖြစ်သူပြောပြ၍သူရသိရသည်။ သူရတို့လှည်းအဖွားဖြစ်သူခြံထဲဝင်လိုက်တော့ လူတော်တော်များများကိုတွေ့လိုက်ရတယ်။ သူရလည်း အိမ်ပေါ်သို့တက်ကာအဖွားဖြစ်သူအခန်းထဲဝင်သွားလိုက်တယ်။ အဖွားက မျက်လုံးလေးမှိတ်ပြီးကုတင်ပေါ်မှာပုတီးစိပ်နေလေတယ်။ သူရကအဖွားဖြစ်သူဘေးမှာထိုင်လိုက်ပြီး အဖွားလက်ကလေးကိုကိုင်လိုက်တယ်။ “အဖွား မြေးလေးရောက်ပြီနော်” အဖွားကမျက်လုံးဖွင့်ပြီးသူရကိုပြုံးပြလေတယ်။ အဲ့ဒီနောက်အခန်းထဲမှာရှိနေတဲ့သူတွေဘက်လှည့်ပြီး…။ “ငါ့မြေးနဲ့ ငါနှစ်ယောက်တည်းစကားပြောစရာရှိတယ် သားတို့သမီးတို့အပြင်ထွက်နေပေးပါ” အခန်းအတွင်းကလူတွေလည်းအဖွားစကားကြောင့်အခန်းထဲကအကုန်ထွက်သွားခဲ့တယ်။ သူရနဲ့ အဖွားဖြစ်သူပဲကျန်ခဲ့တယ်။ “မြေးလေး ” ”ဗျာအဖွားပြောလေ” ”အဖွားက သေနေ့စေ့နေပြီကွဲ့ အဖွားမသေခင်လေးမှာငါ့မြေးကို အမွေပေးခဲ့ချင်တာလေးရှိတယ်” ”ဟုတ်အဖွား” ” လာပါဦးအဖွားနားတိုးပါအုံး” အဖွားဖြစ်သူက သူ့လက်နှစ်ဖက်လုံးနဲ့သူရမျက်လုံးကိုအုပ်လိုက်လေတယ်။ ပြီးတော့ ပါးစပ်ကနေဥုံခံကာတစ်စုံတစ်ခုရွတ်ဖတ်နေတယ်။ သူရမှာ အဖွားဖြစ်သူလက်နဲ့အုပ်ထားတဲ့မျက်လုံးနှစ်ဖက်လုံးကပူရှိန်းရှိန်းဖြစ်လာတာကိုသတိထားမိလိုက်တယ်။ စိတ်ထဲမှာလည်း အဖွားဆေးလိမ်းပြီးလက်မဆေးဘူးနဲ့တူတယ်လို့ထင်နေခဲ့တယ်။ အဖွားဖြစ်သူက သူရမျက်လုံးကိုအုပ်ထားတဲ့လက်တွေဖယ်လိုက်ပြီး ...