“အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင် ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “
“ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “
“အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “
သာအေးသည် မောင်ဘိုးထင် စိမ်းစားဥနှင့် လောင်းလို့ရသည် ဆိုသည့်စကားကို နားမလည်ပဲ ရှိနေသည် ၊ မောင်ဘိုးထင်သည် သာရ ကို နုတ်ဆက်ပြီး ပြန်ချိန် သာအေးအား စကားဆိုလိုက်သည်
“သာအေး ထွန်ဖြုတ်ကုန်းကို သွား စိမ်းစားဥ ရသလောက် တူထားကွာ ‘
“ဘာလုပ်ဖို့လဲ ဟ “
“အဲ့ေကာင်တွေက စိမ်းစားဥနဲ့ လောင်းလိမ့်မယ် ငါတို့က လည်း စိမ်းစားဥ ပြန်လျော်ရမှာကွာ သွားသွား လွယ်အိတ် အပြည့်တူးကြမယ် “
အကြံကြီးသူ မောင်ဘိုးထင်သည် သာအေးအား ကိုသာရတို့ အဖွဲ့ စိမ်းစားဥ တူးနေသော ထွန်ဖြုတ်ကုန်းသို့ လွှတ်လိုက်ပြီး စိမ်းစားဥတူးထားစေကာ သူသည်ကလည်း ဖိုးထွေးအား ပွဲဖြစ်ပြီ သွားပြောပြီး သာအေးနှင့် အတူ စိမ်းစားဥ ပြန်တူးနေလိုက်ပါတော့သည် ။
▪️အခန်း-၃
သာရသည် သူ၏ နွားကို ဆွဲလာပြီး သူ၏ အဖွဲ့သားများနှင့် ရောက်လာသည် ဖိုးထွေးသည်လည်း နွားကို ဆွဲပြီး သူ၏ အဖွဲ့သားများနှင့် ရောက်လာသည် မောင်ဘိုးထင် နှင့် သာအေးသည်က သစ်ပင် အရိပ်ေအာက်တွင် ရပ်စောင့်နေပြီး လှမ်းခေါ်လိုက်ကာ
“ဟေ့လူတွေ ဒီကို လာခဲ့ကြ ခင်ဗျားတို့ နွားတွေ ကိုဘယ်သူကြည့်ခိုင်းခဲ့လဲ “
“တယောက် စောင့် ခိုင်းခဲ့တယ် ကွာ ပွဲစမယ် “
“နေပါဦး ခင်ဗျားတို့ နှစ်ယောက်က ဟော့ဟိုက ဦးကျော် လယ်ကွက်ထဲ နွားဆွဲသွား ကျန်တဲ့ သူတွေ ဒီလာခဲ့ “
မောင်ဘိုးထင်၏ ပြောစကားတိုင်း လူပျိုပေါက်စ နှစ်ယောက်သည် တကယ် လိုက်လုပ်နေသည် ၊ သူတို့၏ နွားများကို နဖားကြိုးမှ ဆွဲပြီး မလှမ်းမကမ်းရှိ ဦးကျော် လယ်ကွင်းထဲဆွဲသွားကာ အတန်ကွာဝေးသည် နေရာတွင် နွားတယောက် တကောင်ကို ဆွဲပြီး ရပ်နေသည် နွားနှစ်ကောင်သည်ကလည်း ခွာများယက်ပြီး တွန်မြည်နေသည် ၊ မောင်ဘိုးထင် နှင့် သာအေးသည်က နွားေကျာင်းးသားများ နှင့် အလုပ်ရှုပ်နေသည်
“ဘယ်နွားဘက်က လောင်းမှာလဲ ဘယ်နွားဘက်က လောင်းလောင်းစတူပဲ တို့က ဒိုင်ဆိုပေမဲ့ မင်းတို့တိုင်း မျှထိုးကြ တဖက်တည်း အကုန်လောင်းလို့ တို့ရှုံးရင် မလျော်ဘူးနော် အဲ့တာတခါတည်းပြောထားတာ “
“ဟုတ်တယ် ဟုတ်တယ် မျှမျှတတ လောင်းကျ နှစ်ကောင်လုံးက တို့ရွာက နွားတွေကြည့်ပဲ “
မောင်ဘိုး ထင် နှင့် သာအေးသည် လောင်းထားသော လောက်စလုံး နှင့် စိမ်းစားဥ များကို မြေမှာ ပုံလိုက်ပြီး ဘယ်သူလောင်းထားသည် ဆိုတာကိုစိတ်နှင့် မှတ်သားလိုက်ကာ ဖိုးထွေးတို့အား လှမ်းအော်လိုက်သည်
“ကိုဖိုးထွေး နဲ့ ကိုသာရ ကြိုးတွေဖြုတ်လိုက်ဗျာ ဖြုတ်ပြီးရင် လွှတ်လို့ရပြီ “
“အေးအေး ဘိုးထင်ရေ “
ဖိုးထွေး နှင့် သာရသည် နွားနှာဖားကြိုးမှာ ချည်ထားသော ကြိုးများကို ဖြည်ပေးပြီး လွှတ်လိုက်ကာ ဘိုးထင်တို့ရှိသော သစ်ပင်ရိပ်သို့ပြေးလာကြသည် ၊ နွားနှစ်ကောင်သည်က ရိုးပြတ်လယ်ထဲ၌ ညနေစောင်းလု နေရောင်အောက် တွင် တကောင်နှင့် တကောင် ရန်စောင် နေပြီး ဖိုးထွေး၏ နွားမှ တွန်သံပေးလိုက်စဉ် သာရ၏ နွားမှ ပြေး၍ဝှေ့ပါလေတော့သည် နွားများသည် ရိုးပြတ်လယ်ကွင်းထဲတွင် အားမာန်ကို အကုန်အသုံးပြုပြီး ဝှေ့နေကြသလို့ သစ်ပင်အောက်မှ ဘိုးထင်တို့သည်လည်း တိုးတိုး နှင့် သဖန်းပိုးထိုးနေကြသည် ။
“ကြည့်ထား မင်းတို့၊။ ကိုဖိုးထွေးနွားက ကလပ်လှဲလိမ့်မယ် “
“ကိုသာရနွားက ချိုကုပ်ပေမဲ့ မခေဘူးဗျ “
“အေး ဟုတ်တယ် “
အချိန်အတန်ကြာသောအခါ သာရ၏နွားသည် နောက်သို့ ဆုပ်ကာ ဆုပ်ကာ နှင့် ပြေးလေတော့သည် ပြေးသည်ဆိုရာ၌ တခါတည်း တန်းမပြေပဲ ပြေးလိုက် ပြန်ဝှေ့လိုက်နှင့် မောင်ဘိုးထင်တို့ သစ်ပင်ရိပ်နားပြေးလာရာ မောင်ဘိုးထင်နှင့် သာအေးသည် လောက်စလုံး များ စိမ်းစားဥများကို လွယ်အိတ်ထဲ ထည့်ပြီး သစ်ပင်ပေါ်သို့ အလျင်အမြန်တက်ေပြးလေတော့သည် ၊ ကျန်သူများသည် မောင်ဘိုးထင် နှင့် သာအေးကို ကြောင့်ကြည့်ကာ နေသလို ကျန်သောသူများသည် လိုက်ဝှေ့နေသော ဖိုးထွေး၏ နွားအား ကြိမ်လံုးဖြင် ဝင့်ပြကာ နဖားကြိုးကို အတင်းလိုက်ဆွဲလေတော့သည် ၊ ဤသို့နှင့် ဖိုးထွေး၏ နွားနှင့် သာရ၏ နွားနှစ်ကောင်မှာ ဒဏ်ရာဗလပွ နှင့် နွားတိုက်ပွဲကပြီးဆုံးလေတော့သည် ။
▪️အခန်း-၄
ဦးအုန်းသည် သူ၏ အိမ်အောက်တန်းလျားတွင် ထိုင်နေသောမောင်ဘိုးထင်အား ဆူပူနေသည်၊ ဆူရသည်အကြောင်းသည်က ဖိုးထွေး နှင့် သာရ ၏နွားများ ဒဏ်ရာများရလာရာ လူကြီးများက ဆူငေါက်၍ မေးမြန်သည့်အခါ နောက်ဆုံးလက်သည်မှာ မောင်ဘိုးထင် ဖြစ်နေသည့် အတွက် ဦးအုန်းမှာ ဆူနေချင်းဖြစ်သည် ။
“ကောင်းလေး မင်းကွာ နွားသွားကျောင်းတဲ့ကောင်တွေနောက်လိုက်ပြီး နွားတိုက်ခိုင်းရတယ်လို့ကွာ “
“အဘက ကျုပ်ပဲ ငေါက်နေတယ် ကျုပ်က တိုက်ခိုင်းတယ် လို့ ဘယ်သူပြောတာလဲ ပြောတဲ့ကောင်ကို ကျုပ်သွားလုပ်မယ် “
“မင်းက အခုထိ ဝန်မခံသေးဘူးလား “
“ဟာ အဘကလည်း ကျုပ်တိုက်ခိုင်းတာ မဟုတ်ပါဘူးဆိုဗျာ ကျုပ်က ကိုဖိုးထွေးနွားက ကိုသာရနွားကို နိုင်ပါ့မလားပဲပြောတာ ကျန်တာ သူတို့တိုင်းတိုက်တာပဲ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး “
“,မင်း လျှောက်ပြောနေတာ မဟုတ်လား “
“မယုံ ရင် သားအေး တို့ အောင်မြင့်တို့ ကျော်လွင် တို့ မေးကြည့်ဗျာ ကျုပ်ပြောတာ ဟုတ်တယ် ဆိုရင်တော့ အဘကျုပ်ကို ငေါက်ထားတာတွေ အတွက် တခုခု ဝယ်ပေးရမယ် “
“လာ လာချည်သေး “,
“အဘက မတရား မလုပ်တက်ပါဘူးဗျာ “
“ဟေ့ေကာင် ဟေ့ကောင် မင်းလာမြှောက်မနေနဲ့ ငါမမြောက်တက်ဘူးယောင်”
“မြှောက်တာမဟုတ်ပါဘူး အဘရာ ကျုပ်က အမှန်တရားကို ပြောတာပါဗျာ အဘရဲ့ တပည် ဘိုးထင်ဆိုတဲ့ ကျုပ်က အဘနာမည်ကို ထိခိုက်အောင် မဟုတ်တာ လုပ်ပါ့မလားဗျာ အဘသေချားစဉ်းစား ကျုပ်ရေနွေးသွားခက်လိုက်ဦးမယ် ရေနွေးကြမ်းလေးသောက်ပြီးစဉ်းစာ “
ဦးအုန်းဘာမှ ပြန်မပြောခင် မောင်ဘိုးထင် စားပွဲခုံမှ ရေနွေးအိုးအားယူကာ မီးဖိုချောင်ဘက်ထွက်သွားပြီး ရေနွေးအိုးကို ရေနွေးဖြည့်၍ပြန်လာပြီးနောက် စားပွဲခုံပေါ်တင်လိုက်ကာ
“အဘ ဒီမှာ ရေနွေး ကျုပ်ရွာထဲ သွားလိုက်ဦးမယ်ဗျာ “
ဦးအုန်းသည် အိမ်အောက်ရှိ အိမ်တိုင်မှာချိတ်ထားသောလွယ်အိတ်ကို ယူပြီး အိမ်ဝိုင်းပြင်ထွက်သွားသော မောင်ဘိုးထိုအား
“ကောင်လေး မင်းကို မနက်ဖြန် အလုပ်ခိုင်းမယ်သိလား”
“ည မှပြောတော့ အဘရေ ကျုပ်သံဂြိုလ်သွားထိုးလိုက်ဦးမယ် “
မောင်ဘိုးထင်သည် အိမ်ဝိုင်းအပြင်သို့ထွက်ရင်း ပြန်အော်၍ ပြောလိုက်ပါလေတော့သည်။
▪️အခန်း-၅
ပေပင်ရွာလယ်ရှိ မန်ကျည်ပင်များ များစွာပေါက်ရောက်နေကာ အေမြသော မန်ကျည်းရိပ်အောက်တွင်ဖြစ်သည်၊ ထိုအရိပ်အောက်တွင် ပေပင်ရွာသားများ သာမက တခြားရွာသားများပါ စုရုံးနေကြသည် ၊ လောက်စလုံးကြေး သံဂြိုလ်ထိုးကြသော မောင်ဘိုးထင်တို့ အဖွဲ့ သံဂြိုလ်မထိုးတော့ပဲ လူကြီးလူငယ် လူရွယ်များ စုရုံးေနေသာ ထိုနေရာသို့ ဝင်ကြည့်လိုက်ကြသည် ၊ ရွာသားများသည် ငွေေရးကြေးေရးဖြစ် ကွမ်းမီးထိုးနေကြသည် ၊ ကွမ်းမီးဆိုသည်မှာ ဒိုးသီးဆယ်လုံးကို ထိုးမည် သံဂြိုလ် ကွင်း တကွင်းစာ အကွာအဝေးဖြစ် တန်းပြီး စိုက်ထားရသည် ထိုတန်းထားေသာ ဒိုးသီးဆယ်လုံးရှေ့တွင် စီးတခုတားထားသည် ၊ ထိုစီး၏ အတွင်းမှကြက ပေါက်ဖြစ်၍ တရားမဝင်ပါ ၊ ကွမ်းမီးသံဂြိုလ် ထိုးရာတွင် ဒိုင်ရှိသည် ၊ ဒိုင်သည် ကွမ်းမီးထိုးမည်သူအား အရင် ငွေဘယ်လောက် ထိုးမည်ဆိုတာကို မေးရသည် တဂွင်ကို သုံးကြိမ်ထိုးလို့ရသည် ၊တချက်တည်း တော်လိုက တော်နိုင်သည် ၊ သုံးကြိမ်ထိုးချင်း အပေါင်း ကိုးသည် အကြီးဆုံးဖြစ်သည် ၊ သုံးကြိမ်လုံး တစ် ကြည့်ကျက တစ်သုံးလုံးဖြစ်ကာ ၊ တကြိမ်ထဲ နှင့် အလုံးရေး အများကြီးလဲရင် ပွက်သည်ဟုခေါ်သည် ၊ တကြိမ်တည်းနှင့် ဆယ်လုံးတခါတည်း လဲက ဂါကြီးဟုခေါ်က ဒိုင်မှ တန်းလျောပေးရသည် ထိုဂါကြီးသည်က ဖြစ်ခဲ၏ ၊ ထိုလောင်းကစားကိုတော့ ကျေးလက်တောရွာများတွင် တရားဝင် ကစားနေကြသည် ၊ ထိုးသားများ အကုန်ထိုးပြီးက ဒိုင်လုပ်သူသည် နောက်ဆုံးမှ ထိုးကာ အလျောအစားလုပ်ကြသည် ၊ ယခု မောင်ဘိုးထင် ဒိုင်ဖြစ်သူအနားတိုး၍ ကြည်နေသည် ၊ ဒိုင်သည် တခြားရွာသားဖြစ်ပြီး ပေပင်ရွာကို အမြဲ ရောက်သူဖြစ်ကာ မောင်ဘိုးထင် နှင့် သိသူလည်းဖြစ်သည် ၊ ဒိုင်သည် အရက်ပုလင်းကို ဘေးမှ ချကာ သူအလှည့် ကျတိုင်း တကြိမ်မော့နေသူဖြစ်သည် ၊ မောင်ဘိုးထင်သည် ဒိုင်အနားနေ၍ ပေပင်ရွာသားများ ထိုးသောအခါ အော်ဟစ်အားပေး နေလေသည်။
“တစ် “
“နောက် တတစ်”
“နောက် တတစ် လာဗျာ “
“တစ်သုံးစုံ ရှယ်ကြီးဗျို့ “
နိုင်သွားသောထိုးသားသည်က မောင်ဘိုးထင်ကို ကြည့်ပြီး ရယ်ပြကာ လက်ပြနေသည် ၊ ရွာသားများအားလုံးသည် မောင်ဘိုးထင်လေးကို ချစ်ခင်ကြသည် ထိုအရာကို မသိသော ဒိုင်လုပ်သူသည် မောင်ဘိုးထားအား
“အောက်လမ်းလေး သွားစမ်းကွာ ဝေးဝေး ကို မင်းငါ့ကို ရှုံးအောင် အောက်လမ်း နဲ့ လုပ်ထားတာ မဟုတ်လား ခွေးမသားအောက်လမ်းလေး ငါအနားက သွားစမ်းကွာ သွား “
မောင်ဘိုးထင်အား ဒိုင်လုပ်သူ တခြားရွာသားမှ ထိုသို့ပြောသောအခါ ကွမ်းမီးထိုးမည့် သံဂြိုလ်သံကွင်းကို ကိုင်ထားကာ ငုတ်တုပ်ထိုင်နေသော သာရ မှ
“ဟေ့လူ ခင်ဗျာ ဘာသောက်စကားပြောတာလဲ “
သာရသည် သံဂြိုလ်နှင့် မောင်ဘိုးထင်ကို ပြောဆိုသည့် ဒိုင်အား ပစ်ဖို့လုပ်ရာ ဘေးမှ လူကြီးများမှ ဆွဲ ထားလိုက်ကြသည်၊ ဖိုးထွေးတို့ တသိုက်သည်လည်း လွယ်အိတ်များထဲမှ လေးဂွများကို ထုတ်ကာ ပစ်ဖို့ ဟန်ပြင်နေစဉ် လူကြီးများက ဆွဲထားလိုက်ရပြန်သည် ၊ အနေအေးသော မောင်ဘိုးထင်တို့ အဖွဲ့ထဲ မှာ အောင်သန်း ကျော်လွင် ဖိုးစိန် တို့ပင် လေးဂွ တပြင်ပြင် နှင့်ဖြစ်နေလေရာ ၊ လူရွယ်အချို့မှ ထိန်းလိုက်ရပြန်သေးသည် ၊ ထိုနောက် လူကြီးတဉီးသည် ဒိုင်လုပ်သူတခြား ရွာသားအား
“ဟေ့ကောင် သာဒင် မင်းရွာမင်းပြန်တော့ မင်းစကားကိုကြည့်ပြော ဘိုးထင်က ငါတို့ရွာသားဖြစ်နေပြီ နောက်တခါ ဘိုးထင်ကို ဒီလိုစောက်စကားပြောရင် ငါတို့ ပါ မင်းကို ဝိုင်းရိုက်မှာေနာ် ပြန်တော့ “
ရွာထဲမှာ လှဖေဟုအမည်ရသော လူကြီးမှ ဒိုင်လုပ်သူ ငေါက်ငမ်းပြောဆိုကာ ပြန်ခိုင်းလိုက်သည် ၊ ထိုသူပြန်သွားမှ ရွာသားများသည် မောင်ဘိုးထင် အနားလာကာ ပုခုံးကို ပုတ်၍
“ဘိုးထင် အေးဆေး ဘာမှ မဖြစ်ဘူး မင်းကို ထိရင် ငါတို့ ပေပင်ရွာကို ထိတာ နဲ့ တူတူ ပဲ “
ကလေးဥက္ကဌ ကြီးများး ဖြစ်သော ဖိုးထွေးနှင့် သာရ သည်ပင် မောင်ဘိုးထင်၏ ပုခုံးကို တဖက်တချက် ဖက်ထားကာ
“ဘိုးထင် ည ငါ့တို့ လူပျိုလှည့်မှာ လိုက်ခဲ့ပါလား ကြက် ကာလသား ချက်ကျွေးမယ်ကွာ “
ဖိုးထွေးကို ကြည့်ကာ မောင်ဘိုးထင် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည် ခေါင်းညိတ်ရသည် အကြောင်းကလည်း ရှိသည် ကြက်ကာလာသားချက်လည်းကျွေးမည်မဟုတ်ပါလား သို့ပေမဲ့ မောင်ဘိုးထင် ကြက်ကာလာသားတခုတည်းကြောင့် ခေါင်းညိတ်ချင်းမဟုတ်ပေ ၊ စကားလေးနှင့် သူ့အားပြောသည်ကို ရွာသားအားလုံး မကျေမနပ်ဖြစ်နေသည့် အတွက် မောင်ဘိုးထင် ကျေနပ်ချင်းဖြစ်သလို၊ သူအပေါ်ကောင်းသည် ဒီရွာမှာ အခြေချနိုင်ရန် ကြိုတင်ကာ သတိုးသမီးရှာကြည့်ထားမည့်ဟု တွေးလိုက်ချင်းကြောင့် ဖြစ်ပါလေတော့သည် ။
▪️အခန်း-၆
မောင်ဘိုးထင် ညနေစောင်း၍ အိမ်ပြန်လာသည်။ အိမ်ရောက်သည် နှင့် ဦးအုန်းမှ
“ကောင်လေး မင်း မနက်ဖြန် မင်းရွာကိုသွားရမယ် “
“ဗျာ “
မောင်ဘိုးထင်သည် ဦးအုန်းအား ကြည့်၍ မျက်ရည်များဝိုင်းလာသည် ၊ ဝိုင်းနေသော မျက်ဝန်းထဲမှ မျက်ရည်များသည် ဘယ်ဘက်မှ အရင်တဖြည်းဖြည်း ကျလာသလို ညာဘက်မှလည်း တဖြည်းဖြည်းကျလာ၏ မောင်ဘိုးထင်သည် ကျလာသော မျက်ရည်များကို လက်ကောက်ဝတ် နှင့် သုပ်လိုက်ပြီး
“အင်းပါဗျာ အဘက ကျုပ်ကို မနေစေချင်ရင်တော့လည်း ကျုပ်ပြန်ပါ့မယ် အဘကို ကျုပ် အပြစ်တွေ လုပ်မိရင် ခွင့် လွှတ် လွှတ်”
“ဟကောင် ဘာတွေပြောနေတာလဲ ဟ “
“အဘက ကျုပ်ကို ပြန်ခိုင်းတာ မဟုတ်ဘူးလား “
“ကဲ ဒီကောင်လေးတော့ ကြောင်တောင်တောင်နဲ့ မနက်ဖြန် ညိုမောင် ကိုသွားခေါ် ပြီးတော့ မင်းတို့ရွာထဲမှ သရဲပူးနေတဲ့လူရှိတယ် ၊ ငါ့လာခေါ်ထားတယ် သူတို့ပြောပုံအရ အဲ့ဒီသရဲကို မင်းတောင် နိုင်တယ် သွားထုတ်လိုက် ပြီးရင် ငွေငါးဆယ်တောင်းခဲ့ မင်းက အစိတ်ယူကြားလား “
“ဟာ အဘရ အေစာကတည်းက ဒီလိုပြောတော့ ဘာဖြစ်မှာလဲ ဗျာ ကျုပ်ကတော့ အဘ ပြန်ခိုင်းတယ် ထင်ပြီး ဝမ်းနည်း လိုက်ရတာ ဒါနဲ့ ကိုညိုမောင် မခေါ်ပဲ တခြားသူခေါ်ရင်ရလား အဘ “
“ရတယ် မင်းက ကုရမဲ့ကောင် ဟိတ်နဲ့ ဟန်နဲ့တော့နေ ကလေးဆိုပြီး အထင် မသေးအောင် ပညာသာ ပြလိုက် ငနက်ကို ခေါ်သွား “
“ဟာ ငနက်ကို မခေါ်ပါဘူး သရဲတကောင်ကျုပ်ဖမ်းခဲ့မယ် အခု ထမင်းစားပြီးရင် ကိုဖိုးထွေးတို့ဆီ သွားလိုက်ဦးမယ် ဗျာ “
“မင်းကတော့ အိမ်ကို ကပ်တယ် မရှိဘူး ကြောင်အိမ်ထဲမှာ ကြက်သားကြော်ထားတယ် ထည့်စားလိုက် ပြီးရင် အပေါ်က ကောင်မတွေကို ကျွေးရမဲ့ ရက်ရောက်ပြီး မီးဖိုထဲမှာ ပြင်ဆင်ထားတယ် မင်းရွာထဲ မသွားခင် ကျွေးခဲ့ ဦး “
“ဟုတ်ကဲ့ အဘ “
မောင်ဘိုးထင်သည် ဦးအုန်း၏ စကားကို ဖြေပြီး မီးဖိုချောင်ဘက်ဆီသို့ ထွက်ခွာသွားလပါတော့သည်။
▪️အခန်း-၇
ဖိုးထွေးနှင့်သာရတို့ လူပျိုပေါက်စများ ဘင်ဂျို တလက်ဖြစ်အိမ်ကြီးတအိမ်ရှေ့လမ်းတွင်။ လက်စွမ်းပြနေသည် မောင်ဘိုးထင်သည်က ဖိုးထွေးတို့ယူလာသော ကြက်ကာလာသား ချက်ကို တယောက် တည်းနောက်မှနေ၍ လွေနေသည် ၊ သီချင်းတပုဒ်ပြီးသောအခါ ဖိုးထွေးသည် မောင်ဘိုးထင်အား
“ဘိုထင်း မင်းငါ့ကို တခု ကူညီမလား ‘
“ပြောကိုဖိုးထွေး “
“ငါ့ကို ဒီအိမ်က မိကျော့ကို စာပေး ပေးပါလားကွာ “
မောင်ဘိုးထင် ခေတ္တစဉ်းစားလိုက်သည် မျက်နှာမှာလည်း အနည်းငယ် ပြုံလာကာ
“ပေး ပေးလို့ရပါတယ် ဒါပေမဲ့ ကျုပ်ကိုလည်း တခု ကူညီရမယ် “
“ပြောကွာ ကူညီမယ် “
“မနက်ဖြန် ကျုပ်ရွာကို သွားမှာ ကိုဖိုးထွေး လိုက်ခဲ့ရမယ် “
ဖိုးထွေး ခဏ စဉ်းစားလိုက်ပြီး
“ဘယ်လောက်ကြာမှာလဲ “
“သွားတာ တရက်တော့ကြာတယ် ဗျ နောက်နေ့ တန်းပြန်လာကြတာပေါ့ “
“လိုက်မယ်ကွာ မင်းသာ စာပေးပေး”
“စိတ်ချ ကိုဖိုးထွေးရာ အခု သွားပေးပေးမယ် ပေးစာ”
“ဟ ဟ မလုပ်ပါနဲ့ ဦး ကောင်ရာ အခု တော့ စိတ်လျှော့ဦး မင်းရွာက ပြန်လာမှ ပေးပေးကွာ “
‘ပြီးတာပဲ မနက် အစောသွားမယ် ထမင်းထုပ်ခဲ့ဦး “
ဖိုးထွေးနှင့် မောင်ဘိုးထင်စကားကိုနားထောင်နေသော သာရသည် မောင်ဘိုးထင်အား
“ဘိုးထင် ငါလိုက်လို့ရလား “
“ရတာပေါ့ဗျာ လိုက်မှာ သေချာလား “
“သေချာတယ် ဘိုးထင် “
“အဲ့တာ ဆို ကျုပ်အိမ်လာခဲ့ ဗျာ “
“အိမ်တော့ မလာဘူးကွာ ရွာ အထွက်က စောင့်ေနမယ် “
“အဲ့တာဆိုလည်း ပြီးတာ ပဲ ကျုပ်က ဆေးသွားကုမှာနော် တခုတော့ မှာထားရဦးမယ် ကျုပ်ကို လူနာကို ကုနေတဲ့ အချိန် လေးလေးစားစား ဆက်ဆံရမယ် “
မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင်အား ငေး၍ကြည့်နေပါလေတော့သည် ။
▪️အခန်း-၈
မောင်ဘိုးထင်တို့ သုံးယောက် မနက်ဝေလီဝေလင်းကတည်းက ပေပင်ရွာမှ ထွက်လာခဲ့သည် ၊ အပ သွားထုတ်မည့် မောင်ဘိုးထင်တို့ သုံးယောက်အနက် အငယ်ဆုံးသော မောင်ဘိုးထင်မှာ ဆရာဖြစ်သည် ၊ သုံးယောက်လုံး လွယ်အိတ်တယောက်လံုးလွယ်ကာ တွေ့ရာ ငှက်များကို ပစ်နေလေသည် ၊မောင်ဘိုးထင်မှ လမ်းတွင် ဖိုးထွေး နှင့် သာရအား မှာကြားနေသေးသည်
“တပည်တို့ “
“ဘိုးထင် ဘယ်က တပည်လဲ ငါတို့ကအဖော်လိုက်တာနော် “
“အေးပါဗျာ မေ့သွားလို့ပါ ဒါပေမဲ့ အပ မှီနေတဲ့ အိမ်ရောက်ရင်တော့ ကျုပ်ပြောတာတွေကိုတော့ အလိုက်တသိနဲ့ လုပ်ပေးဗျာ နော် “
“အေးပါကွာ “
“ဒါနဲ့ ကိုဖိုးထွေး နဲ့ ကိုသာရ သရဲကြောက်တက်လား “
“ကြောက်တော့ ကြောက်တာပေါ့ ကွ”
“ကျုပ်ပါတာပဲ ဗျာ မကြောက်နဲ့ ကျုပ် သင်္ချိုင်းသွားပြီး သရဲမွေးရဦးမှာ “
“အဲ့ဒါတွေလည်း မင်းက လုပ်တက်နေပြီလားဟ “
“နည်းနည်းတော့ ဖြစ်နေပါပြီ မကြာခင် လက်တွေ့သိရမှာပေါ့ “
မောင်ဘိုးထင်တို့ သုံးယောက် သစ်စိမ့်ရွာကို လမ်းလျှောက်လာရာ နေမွန်းတည့်ချိန်တွင် ညောင်ပင်ကြီး အနားရောက်လာခဲ့သည် ၊ မောင်ဘိုးထင်သည် ညောင်ပင်ကြီးကို မြင်သောအခါ
“ကိုဖိုးထွေး နဲ့ ကိုသာရ အဲ့ညောင်ပင်မှာ နားကြရအောင် တရေးတမော အိပ်လို့ကောင်းတယ် အဲ့ပင်ကြီးက “
ဖိုးထွေသည် အုံ့ဆိုင်းနေသော ညောင်ပင်ကြီးကိုကြည့်ကာ
“ဘိုးထင် မင်းအပင်ကြီးက သရဲတွေဘာတွေ ရှိမဲ့ ပုံပဲနော် “
“ဟားး ဟားး ကိုဖိုးထွေးရာ သရဲ ရှိတော့လည်း အဆင်ပြေတာပေါ့။ တခါတည်းဖမ်းသွားရုံပဲဗျာ ဟန်ကျတာပဲ “
“မင်းကတော့လေ “
မောင်ဘိုးထင်တို့လည်း ညောင်ပင်ကြီးအောက် ဝင်ကာ ထမင်းချိုင့်များကို ဖွင့်ပြီး ထမင်းစားရန် ဟန်ပြင်လိုက်သည် ၊၊မောင်ဘိုးထင်သည် ဦးအုန်း အစီအရင်အခန်းထဲမှ သရဲမြင်နိုင်သော မန္တန်ကို အလွတ်ကျတ်ပြီး ရွတ်ကာ လက်ညှိုးနှင့် သူ၏မျက်လုံးကို ကွင်းထားသည်။ သာရသည် သူ၏ ထမင်း ချိုင့်ထဲမှ ဟင်း နှင့် ထမင်ကို အနည်းငယ်ယူကာ ညောင်ပင်ကြီး ၏ ဝန်းကျင်ကို ပတ်လိုက်ပြီး
‘စားကြပါသောက်ကြပါ စားဦးစားဖြားကို တင်မြှောက်ပါတယ်’
“ကိုသာရ ဘာလုပ်တာလဲဗျ “
“ငါက တောထဲသို့ အဲ့လိုလုပ်တယ်ကွ”
“ပြီးတာပဲ ဗျာ စားကြ စားပြီးရင် ခဏမှေးကြမယ် “
သူတို့အားလုံးထမင်စားနေကြသည် မောင်ဘိုးထင်သည် ထမင်းစားနေစဉ် သာရ ပက်ထားသော ထမင်းဟင်းများ အနားသို့ သရဲမကြီးတေကောင် ညောင်ပင် ပင်စီမှာ ထွက်လာကာ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏၊ မောင်ဘိုးထင်သည် တချက်ပြုံးလိုက်ကာ ထမင်းကိုသာ ဆက်၍ စားနေပါလေတော့သည်။
▪️အခန်း-၉
မောင်ဘိုးထင်တို့ ထမင်းစားပြီ၍ ညောင်ပင်ကြီးပေါ်တွယ်တက်နေသော နွယ်များကို ပုခက်ပုံပြုလုပ်၍ မှေးနေကြရင်း စကားပြောနေကြသည်။
“ဘိုးထင် မင်း ဘင်ဂျို တီးတက်ချင်လားငါသင်ပေးမယ် “
“တော်ပါ ကိုဖိုးထွေးရာ ခင်ဗျားကို ရွာလူကြီးသားမို့ မခင်လေး အဖေက လေးဂွနဲ့ မထုတာ ထင်တယ် “
“ဟကောင် ဘိုးထင် မင်းက ဂီတသံကို မခံစားတက်ဘူးပဲ”
မောင်ဘိုးထင်၏ စကားကို သာရမှာ ကျိတ်ပြီး ရယ်နေလေရာ ဖိုးထွေးသိပ်တော့ မကျေနပ်ပေ ၊ မကျေမနပ်ဖြစ်နေသော ဖိုးေထွးအား မောင်ဘိုးထင် စကားဆိုလိုက်သည်
“ကျုပ်က ဗုံတီးချင်တာဗျ”
“ဟေ မင်းကလည်း အစမ်းကြီးပါလားဟ “
“ကျုပ် ဗုံလိုချင်တယ် ဗျာ “
“မင်း ဘိုးတော် ကို ဝယ်ခိုင်း ဘိုးထင် “
“စဉ်းစားထားပါတယ် ဗျ ကျုပ် ဗုံတီးပြီး လူပျိုလှည့် ရင် ခင်ဗျားတို့ နှစ်ယောက် လိုက်ရမှာနော် “
ဖိုးထွေး နှင့် သာရ ငြိမ်သွားသည် ၊ ပြောရသည် မဟုတ် မောင်ဘိုးထင်သည်က ပြောရင် တကယ်လုပ်သည် တော်ကြာ ဘင်ဂျိုအစား ဗုံနဲ့ အစားထိုးမည်ဟုပြောက ခက်ချေမည်ဟုတွေးနေပုံပေါ်၏ ၊သူတို့ သုံးယောက်စကား မပြောပဲ အတန်ကြာငြိမ်နေ၏ ၊ ထိုစဉ် မောင် ဘိုးထင် အိပ်နေသော နွယ်ကြိုးမှားမှာ လှုပ်ယမ်းလာရာ ဖိုးထွေးနှင့် သာရ မျက်လုံးများပြူးကျယ်ကာ
“ဘိုး ဘိုးထင် မင်းနွယ်တွေ လှုပ်နေတယ် ဟ “
မောင်ဘိုးထင်သည် နွယ်ကြိုးများပေါ်မှ အောက်ကို ဆင်းလိုက်၏ ဖိုးထွေး နှင့် သာရ သည်လည်း လိုက်ပါ ဆင်းလိုက်ကာ မောင်ဘိုးထင်အနား သွားရပ်နေသည် ၊ မောင်ဘိုးထင်သည် ညောင်ပင်ကြီးကို ကြည့်ပြီးပြုံကာ
“သရဲ တကောင်မွေးမလို့ ရှာနေတာ အတော်ပဲ သင်္ချိုင်းသွားစရာ မလိုတော့ဘူး “
မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရ လန့်ဖြတ်ကာ မောင်ဘိုးထင် အနောက် သို့ ဝင်လေသည် ၊ မောင်ဘိုးထင်ထက်ကြီးသော ဖိုးထွေး နှင့် သာရသည်က ကလေးသာသာ မောင်ဘိုးထင်၏ နောက်တွင် ရပ်လိုက်ပြီး မောင်ဘိုးထင် ပုခုံးကို ကိုင်ကာ
“ဘိုးထင် ငါ ကြောက်တယ် ကွ ဘာတွေ လုပ်မလို့လဲ “
“မကြောက်ပါနဲ့ ဗျာ ဘိုးထင် ပါရင် ဘယ်သူမှ ဒုက္ခမရောက်စေရဘူး “
“အေး အေးပါကွာ “
“ခင်ဗျားတို့ ကြောက်စရာ လန့်စရာတွေ မြင်ရရင် မပြေးနဲ့နော် ပြေးရင် တော့ ကျုပ်လည်း တာဝန် မယူနိုင်ဘူး “
မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရ ခေါင်းကိုသာညိတ်ပြီး အသံမထွက်ပေ ၊ အသံမထွက်သော သူတို့အား မောင်ဘိုးထင်မှ နောက်လှည့်ကြည့်လိုက်ပြီး
“ကြောက်မနေစမ်းပါနဲ့ ဗျာ “
“အေးအေးပါကွာ မင်းကို အားကိုပါတယ် ဘိုးထင်ရာ “
“ဟုတ်တယ် အားကိုးပါတယ် ကွာ “
ဖိုးထွေး နှင့် သာရ စကားကြောင့် မောင်ဘိုးထင် ကျေနပ်စွာ တချက်ပြုံးလိုက်ပြီး ၊ညောင်ပင်ကြီးကိုကြည့်ကာ မန္တန်တပုဒ်ကို မျက်လုံးမှိတ်ပြီး မာန်ပါပါ ရွတ်ကာ
“ဒီပင်က သရဲ နင့်ကို ငါမွေးချင်တယ် လက်ခံက အခုချက်ချင်းငါ့အရှေ့လာခဲ့ “
မောင်ဘိုးထင် စကားဆုံးသည် နှင့် ညောင်ပင်ကြီး၏ ပင်စီမှ ရှုပ်ပွနေသော ဆံပင်ကို ဖားလျားချထား ပြီး နနွင်းများပမာ ဝင်းဝါနေသော မျက်နှာ မှာ မျက်စိတို့က မဲနက်နေ၏၊ အမဲရောင် ထမိန်ကြီးကို ရင်ချားထား ပြီး အကြည့်ရဆိုးသော သရဲမ တကောင်မှ မောင်ဘိုးထင် ၏ မလှမ်းမကမ်းတွင် ရပ်နေသည် ၊ ဖိုးထွေး နှင့် သာရတို့သည်က တုန်ယင်နေပြီ မောင်ဘိုးထင်၏ ပုခုံးကိုသာ တင်းတင်းဆုပ်ကိုင်ထားရာ
“ကိုဖိုးထွေးနဲ့ကိုသာရ ကျုပ်ပုခုံးရိုး ကျိုးတော့မယ် နာလိုက်တာဗျာ လွှတ်ကြဦး “
“ကြောက် ကြောက်လို့ပါ ကွာ “
“ဘာမှ မကြောက် နဲ့ ကျုပ်ရှိတယ် “
“အေးအေး ပါကွာ “
မောင်ဘိုးထင်သည် ကျန်သူနှစ်ယောက်အား မကြောက်ရန် ပြောလိုက်ပြီး သရဲမကို စေ့စေ့ကြည့်ကာ
“သရဲမ နင့်နာမည် ဘယ်လိုခေါ်လဲ “
“မြခင်”
မြင်ခင်ဟု သရဲမ မှပြောလိုက်သောကြောင့် သူ၏ အမေနာမည်နှင့် တူပါလားဟု တွေးလိုက်သည် ၊ သူ၏အမေ ဖြစ်နေမလားဆိုတဲ့ အတွေးတော့ မောင်ဘိုးထင် စိတ်ထဲတွင် တစက်ကလေးမျှ ရှိမနေပါ ၊ အဘယ်ကြောင့်ဆိုသော မောင်ဘိုးထင် တွေးထားသော သူ၏ အမေမှာ မင်းသမီးလေးတမျှ လှသည်ဟု ထင်းထားသောကြောင့် သူ၏ ရှေ့တွင် ရှိသော သရဲမအား သူ၏ အမေဟု လုံးဝ လုံးဝ ကိုမထင်မိပါ ၊ ထို့နောက် မောင်ဘိုးထင် သည် သရဲမအား
“နင့်ကို ငါ ဆယ်ရက်ကို အမဲသား နှစ်ပိဿာကျွေးမယ် နင်က ငါခိုင်းတာ လုပ်ရမယ် လုပ်မလားပြောစမ်း “
“လုပ်မယ် “
သရဲမသည် ကွဲအက်ခြောက်ကပ်နေသော အသံဖြစ်ပြန်ဖြေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည်
“လုပ်မယ် ဆို စာချုပ် ချုပ်ရမယ် နင့်နေတဲ့ နေရာ ကိုပြော “
“ဒီညောင်ပင်ပဲ “
“အေးအေး ,
မောင်ဘိုးထင်သည် ညောင်ပင် ပင်စီအနားသွားပြီး သူ၏ လက်ထိပ်ကို လွယ်အိတ်ထဲ ၌ ပါလာသော ဓားလေးဖြစ် ဖောက်ကာ ညောင်ပင် ပင်စီကို သွေးများပေစေပြီး
“ငါ ဘိုးထင် သရဲမ မြင်ခင်ကို ဆယ်ရက် ကို အမဲသား နှစ်ပိဿာကျွေးပါမည် မကျွေးပါက ငါနဲ့ ငါမိသားစု ဒုက္ခရောက်ပါစေ၊ သရဲမ မြင်ခင်သည် ငါဘိုးထင် ခိုင်းသမျှလုပ်ရမည်”
မောင်ဘိုးထင်သည် သရဲမအား မွေးပြီးပြီဖြစ်၍ သရဲမဘက်လှည့်ကာ
“နင့်ကို ငါပိုင်ပြီ နော် ငါ့နောက်လိုက်ခဲ့ သစ်စိမ့်ရွာထဲ သရဲ ပူးတဲ့ သူကို ငါအမိန့်ပေးရင် မောင်းထုတ်လိုက်ကြားလား နောက်တခါ ပြန်မပူးနိုင်အောင် လုပ်ပေးကြားလား “
သရဲမ သည် မောင်ဘိုးထင်၏ စကားကို ခေါင်းညိတ်ပြီး ပျောက်ကွယ်သွားပါေတာ့သည် ၊
မောင်ဘိုးထင်လည်း ဖိုးထွေး နှင့် သာရကို ခေါ်ကာ သစ်စိမ်ရွာသို့ ခရီးဆက်လိုက်ပါလေတော့သည်။
▪️အခန်း-၁၀
မောင်ဘိုးထင်တို့ ညနေ နေဝင်လုတွင် သစ်စိမ့်ရွာ အဝင်သို့ ရောက်လာသည် ၊ ရွာအဝင်တွင် သစ်စိမ့်ရွာ မှ ဦးဇော် ဆိုသော သူနှင့် ကိုမှိုင်းဆိုသည့် လူနှစ်ဦး ရပ်စောင့်နေကာ မောင်ဘိုးထင်ကိုမြင်သောအခါ
“ဘိုးထင် ရေ ဆရာကြီးမပါဘူးလား “
“မပါဘူးဗျ အဘက ကျုပ်ကိုပဲ လွှတ်လိုက်တာ “
“ဟုတ် ပ မလားကွာ တော်ရုံဆရာတွေ မရလို့ ဆရာကြီးကို ပင့်တာ နော် “
“မယုံ ရင် ပြန်ယုံပဲ ကျုပ် အဘကို ပြန်ပြောလိုက်မယ် “
မောင်ဘိုးထင်သည် ဖိုးထွေးတို့အား ပြန်မည် ဟုသဘော နှင့် မျက်စာ ပြစ်ပြီး နောက်လှည့်လိုက်သည့်အခါ ဦးဇော်ဆိုသူမှ
“ဘိုးထင် မပြန်ပါနဲ့ကွာ လာလိုက်ခဲ့ပါ ဆရာကြီးက မင်းကို လွှတ်လိုက်တာ ဆိုတော့လည်း မင်းပဲ ကုပါ “
“ပြီးတာပဲ ရှေ့က လမ်းပြ နေ့ဦး ခဏလေး “
မောင်ဘိုးထင်သည် ရှေ့မှသွားတော့မည် ဦးဇော် နှင့် ကိုမှိုင်းကို လက်ကာပြလိုက်ပြီး လွယ်ထားသော ထမင်းချိုင့်နှင့် လေးဂွ လောက်စာ အစရှိသည်များထည့်ထားသော လွယ်အိတ်ကိုချွတ်လိုက်ပြီး ဖိုးထွေးကို ပေးလိုက်ကာ
“သယ်ခဲ့ သေချာ ဂရုစိုက် လွယ် ကြားလား “
ဖိုးထွေးအား မျက်စိတဖက် မှိတ်ပြပြီး ပြောလိုက်ရာ ဖိုးထွေး အောက်သက်သက် နှင့် လွယ်အိတ်ကိုယူလိုက်တော့သည် ထိုနောက် မောင်ဘိုးထင်သည်လက်တဖက် နှင့် ဦးဇော်တို့အား သွားဟုသဘော နှင့် ပြလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပြစ်လို့ ကျော့မော့စွာ လမ်းလျှောက်နေလေသည် ၊ သူ၏ စိတ်ထဲတွင် ဟန်နှင့် ပန်နှင်နေဟု သော ဦးအုန်း၏ စကားကို နားထောင်နေသည် ဟု တွေးနေရင်း လက်ေနာက်ပြစ်ပြီး လမ်းေလျှာက်လို့သွားေနပါေလေတာ့သည် ၊
▪️အခန်း-၁၁
ရေနံဆီမီးခွက် ၏အလင်းရောင်အောက်တွင် အသက် ၁၅ နှစ်အရွယ် ကောင်လေးတယောက် မျက်လုံးပြူးလိုက် အံကြိုက်လိုက်နှင့် ပါးစပ်မှလည်း
“ငါ့ကို အမဲသားကျွေး မကျွေးရင် ဒီကောင်လေးကို သတ်စားမယ် “
အက်ကွဲနေသော အသံကြီးနှင့် ပြောစကားသည် ကောင်လေး၏ ကိုယ်ခန္ဓာ နှင့် မလိုက်ဖက်စွာ ထွက်ေပါ်လာလေသည်၊ ထိုအချိန် မောင်ဘိုးထင် တို့ ရောက်လာပြီး ထိုဝင်ရောက်ပူးကပ်နေသော ကောင်လေးအနား ဝင်ထိုင်လိုက်ပြီး အိမ်ပေါ်မှာ ရှိသော ကောင်လေး၏ မိဘများအား
“ဘယ်လို စဖြစ်တာ လဲ ကျုပ်ကို ပြောစမ်း “
“တောထဲ ထင်းခုတ်က အပြန်ဖြစ်တာပဲ ဘိုးထင် “
“အဟမြး အဟမြး “
ဘိုးထင်သည် မျက်နှာကို မကြည်မသာ လုပ်ပြီးချောင်းဟမ်း လိုက်ရာ ၊ အစောကပြောသော ဝင်ပူးခံကောင်လေး၏ ဖခင်သည် ပြန်၍ပြောလေသည်
“တောထဲ သွားပြီးဖြစ်တာပါပဲ ဆရာလေး ဘိုးထင် “
“အင်း ကျုပ်ကို မပင့်ခင် တခြားသူတွေကို ပင့်သေးလား ပူးကပ်နေတဲ့ အကောင်ပြောသလိုကော လိုက်လုပ်လား “
“ဆရာနှစ်ယောက် တော့ ပင့်ပြီးထာတ်သေးပါတယ် သူတို့ ပြန်သွားတာ နဲ့ ပြန်ပူးတာပါပဲ အမဲသား လည်း သွားကျွေးပါတယ် ကျွေးနေတုန်းခဏပါပဲ ပြီးရင် ပြန်ပူးတာပါပဲ ဆရာလေး ဘိုးထင် “
“ကဲ ကဲ ဘာမှမပူကြတော့ နဲ့ ဆြာအုန်း ရဲ့ တပည် ဆြာဘိုးထင် ရောက်လာရင် အကုန်ပျောက်ပြီသာ မှတ် “
မောင်ဘိုးထင်း ထိုသို့ကိုယ်ရည်သွေးပြောဆိုနေစဉ် ဝင်ပူးခံနေရာသော ကောင်လေး သည် မောင်ဘိုးထင်အား လည်ပင်းကို ညှစ်မည်ဟန်ပြုလုပ်နေစဉ်
“မြခင် ဒီကောင်ကို နောက်တခါ ပြန်မပူးရဲအောင်လုပ်စမ်း “
မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ဝင်ပူးခံနေရာသော ကောင်လေးသည် နောက်သို့ လန်ကျသွားပြီး မျက်လုံးများပြူးပြီး ငြိမ်သွားလေတော့သည် ၊ ခဏကြာသောအခါမှ သတိပြန်ရလာကာ
“အမေ ကျုပ်ဘာ ဘာဖြစ်တာလဲ ဘိုးထင်က ဘယ်လိုလုပ် ရောက်နေတာ လဲ “
“စိုးဝေ နင်ဘာမှ မဖြစ်ေတာ့ဘူးနော် ဆရာလေး ဘိုးထင်လို့ခေါ် နင့်ကို သူက ကုေပးလိုက်တာ “
“ဗျာ ဆရာလေး ဘိုးထင် ဟုတ်လား “
မောင်ဘိုးထင်သည် အိမ်ရှင်များ အား ကုသခ ငေွငါးဆယ်ေတာင်းလိုက်ရာ ကြည်ဖြူစွာနှင့် ပေးပြီးေနာက် မောင်ဘိုးထင်သည် အိမ်ရှင်များချပေးထားသော ရေနွေးကြမ်းခွက်ကို ဟန်ပါပါကိုင်ပြီး
“ကဲကဲ ကျုပ်တပည်လေးတွေ လည်း ဗိုက်ဆာ နေလောက်ပြီ။ ညစာလေးကျွေး ဖို့
အစီစဉ်ရှိရင် ကျွေးလိုက်ကြပါဦး”
မောင်ဘိုးထင်သည် ရေနွေးကြမ်းကို သောက်ရင်း ထိုသို့ပြောလိုက်သည့်အခါ ဖိုးထွေး နှင့် သာရ မျက်လုံးပြုး၍ မောင်ဘိူထင်အား ကြည့်နေေလရာ မောင်ဘိုးထင်သည် မမြင်ဟန် မျက်နှာ လွှဲနေပါတော့သည်။
▪️အခန်း-၁၂
စိုးဝေ ကို အပ ထုတ်ပေးပြီး နောက် စိုးဝေ၏ မိဘများသည် မောင်ဘိုးထင်တို့အား ညစာကို ကောင်းမွန် စွာ ကျွေးမွေနေသည် မောင်ဘိုးထင်မှာ အားရပါးရ ထမင်းစားနေရာ ဖိုးထွေးသည်
“ဆရာလေး ဘိုးထင် က ညစာ အသားဟင်းတွေ မစားဘူး ကြက်ကာလားဆို ပိုလို့ေတာင်မစားဘူးဗျ”
ဖိုးထွေးသည် ထိုသို့ပြောကာ ကြက်ကာလားသားချက်အား ဘိုးထင် နှင့် ဝေးရာကို ဆွဲလိုက်သည် ၊ သာရသည် လည်း ဖိုးထွေးနည်းတူ
“ဟုတ်တယ် ဗျ ဆရာလေး ဘိုးထင်က ဝက်သားတွေလည်း မစားဘူး နည်းနည်းပဲ စားတာ “
မောင်ဘိုးထင် ထည့်စားပြီးသော လည်း သာရသည် မောင်ဘိုးထင်မလှမ်းမကမ်းမှ ဝက်သားဟင်း ပန်းကန်အား သူ့ရှေ့ချလိုက်၏ ၊မောင်ဘိုးထင်သည် ထမင်းစားနေရင်း ဖိုးထွေး နှင့် သာရကို မျက်လုံး ပင့်ကြည့်သည် ၊ သို့ပေမဲ့ ဖိုးထွေး နှင့် သာရသည်က မမြင်ယောင်ဆောင်က ထမင်းစားနေသည် ထို့ေနာက် မောင်ဘိုးထင်သည်
“တပည်လေးတွေ မသိဘူးထင်တယ် အဲ့ အသားရှောင်တာ တွေဘာတွေက မနေ့က နောက်ဆုံးနေ့ တပည်လေးတွေကို မပြောလိုက်ရဘူး “
မောင်ဘိုးထင်သည် ထိုသို့သာ ပြောပြီး ဟင်းခွက်များကို ပြန်ဆွဲယူလိုက်ပါလေတော့သည် ။
▪️အခန်း-၁၃
မောင်ဘိုးထင်တို့သည် အပ ထုတ်ပေးရာ အိမ်မှ ထွက်လာပြီး မောင်ဘိုးထင်၏ ဖခင်အိမ်သို့လှမ်းလာခဲ့သည် ၊ မောင်ဘိုးထင်၏ ဖခင်အိမ်ရောက်သောအခါ မောင်ဘိုးထင်၏ ဖခင် ဦးကောင်းသည် ကွပ်ပျစ်တွင် ထိုင်ပြီး အရက်သောက်နေသည် ၊ မောင်ဘိုးထင်သည် အိမ်ဝိုင်းထဲဝင်သွားပြီး မီးခွက်မထွန်း အမှောင်ထဲ တွင် အရက်သောက်နေသော ဦးကောင်းအား
“အဖေ ကျုပ် ဘိုးထင် ပါ “
“အေး ဘိုးထင် အလည်လာတာလား “
မောင်ဘိုးထင် ခေတ္တကြောင်ငေးသွား၏ အမြဲ ဂြိုလ်ကောင်လေး ဟုခေါ် သော အဖေသည်က ယခု ဘိုးထင်လို့ ခေါ်နေပြီ မဟုတ်ပါလား သူကြောင်ငေးနေစဉ် ဦးကောင်းသည် ဆက်ပြီး စကားဆိုလာသည်
“ဘိုးထင် ထမင်းကော စားပြီးလား နေ့လည်က ငါချက်ထားတာ ရှိသေးတယ် သွားစား ဒီမှာ အိပ်မှာ မဟုတ် လား နောက်က ဧည့်သည်တွေလား “
မီးရောင် မရှိ လရောင် မှေးမှေးလေးအောက်တွင် ဘိုးထင်နောက်မှ ဖိုးထွေး နှင့် သာရအား ကြ ည့်ပြီး ဦးကောင်းပြောလိုက်ရာ မောင်ဘိုးထင်သည် ခေါင်းကိုညိတ်လိုက်ပြီး
“ဟုတ်တယ် အဖေ ကျုပ် နေတဲ့ ရွာကပါ ကျုပ်နောက်ကို အဖော် လိုက်လာတာ “
“သူတို့ အတွက် ကော ဆို ထမင်းချက်ရလိမ့်မယ် ငါ လှဝင်းတို့ အိမ်က ဟင်းနည်းနည်းသွားယူလိုက်ဦးမယ် ဒီနေ့ ဒီကောင်တွေ ဝက်ဖော်ထားတယ် “
ဖခင်ဖြစ်သူ၏ ပြောင်းလဲသော ဆက်ဆံမှု့ကြောင့် မောင်ဘိုးထင် အံဩဝမ်းသာ လွန်း၍ ဘာပြန်ပြောရမည်နည်းဟု တွေးတောနေစဉ် ဖိုးထွေးမှ ဦးကောင်းအား စကားပြောလိုက်တော့သည်
“ဦးလေး ကျုပ်တို့က ညစာ စားပြီးပြီဗျ “
“ဟေ့ ဟုတ်လား စိုးကြီး အရက်ဆိုင်ကလား “
“မဟုတ်ဘူးဗျ ဘိုးထင် အပထုတ်ပေးတဲ့ အိမ် က ကျွေးတာ “
“ဟ ဘိုးထင်က အဲ့ပညာတွေ တက်နေပြီလား”
“ဟုတ်တယ် ဗျ “
“အေးေအေး ကောင်းတယ် ဘိုးထင်ရေ ငါ မီးခွက်သွားထွန်းလိုက်ဦးမယ် ကွ “
ဦးကောင်း ကွပ်ပျစ်မှ ထရန်ပြင်လိုက်စဉ် မောင်ဘိုးထင် သည်
“ရတယ် အဖေ ကျုပ်သွားထွန်း လိုက်မယ် မီးခြစ်နဲ့ မီးခွက် အရင်နေရမှာပဲ မဟုတ်လား “
“အေးကွ “
“ကျုပ်သွားလိုက်ပါ့မယ် “
မောင်ဘိုးထင်သည် အိမ်ပေါ်သို့တက်သွားလိုက်သည် မကြာမီ မောင်ဖိုးထင်၏ အိမ်လေးသည် မီးရောင်ေလးများထွန်းလင်း လာလေတော့သည် ။
ထိုစဉ် မောင်ဘိုးထိုတို့ အိမ်ဝိုင်းထဲ သို့ လူတယောက် ဝင်လာသည် ဝင်လာသည်နှင့် ထိုသူ၏ပါးစပ်မှလည်း
“ဘိုးထင် ဆိုတဲ့ ကောင် ရွာလာတာတောင် ငါ့ကို မပြောဘူး တကယ့်ကောင် “
ထိုသူမှာ မောင်ဘိုးထင်ကို ငယ်ငယ်ကတည်းက သံယောဇဉ်ရှိသော အရက်ဆိုင်ပိုင်ရှင် ကိုစိုးကြီးဖြစ်သည် ၊ ကိုစိုးကြီးသည် မီးခွက်ထွန်းပြီး ပြန်ဆင်းလာသော မောင်ဘိုးထင်၏ပုခုံးကို ပုတ်လိုက်ပြီး
“မင်းဆိုတဲ့ ကောင် တကယ်ကို နေနိုင်တဲ့ကောင်ပဲ ရွာကို ရောက်ရောက်ချင်း ငါ့ဆီ ဝင်လာပါဟ “
“မနက်မှ ဝင် မလို ပဲ ဦးစိုးကြီးရေ “
“ထမင်းစားပြီး လား ငါ့အိမ်လိုက်ခဲ့ ကြက်ကာလာသားချက်ခိုင်းထားတယ် “
“စားပြီး ပြီ ဗျ “
“အဲ့တာ ဆိုလည်း ဟင်းသယ်ခဲ့မယ် ကွာ “
“အဲ့လို့ဆိုလည်းကောင်းတာပဲ စားရင်းသောက်ရင်း စကားပြောရတာပေါ့ “
“မင်း ဧည့်သည် တွေ ဒါ လုပ်တက်လား”
ကိုစိုးကြီးသည် လက်မအား ပါးစပ်ထည့် မော့ပြရင်းပြောလိုက်ရာ
“မလုပ်တက်ဘူး ဒါပေမဲ့ အဖေ့ တွက်တော့ ယူခဲ့ပါဦး “
“မင်းအဖေကို လည်း သေချာကြည့်ဦး စွတ်ပြီး တိုက်မနေနဲ့ ငါသွားယူလိုက်ဦးမယ် “
ဦးစိုးကြီးပြောမှ မောင်ဘိုးထင် လရောင်အောက်မှ သူ၏ အဖေအားသေချာကြည့်မိလိုက်သည် ၊ မျက်နှာအပါ အဝင် အသားအရည်များက ဖောင်းပွနေပြီဖြစ်သည် နှစ်ရှည် အရက်ကြည့်သောက်နေသော ဖခင်သည်က ပွယောင်းသော အသားအရည်ကို ပိုင်ဆိုင်နေပြီဖြစ်သည်မဟုတ်ပါလား ၊ ဦးကောင်းသည်က ဖိုးထွေး သာရ တို့ နှင့် ရယ်ကာမောက စကားကောင်းနေပြီဖြစ်သည်
မကြာသောအချိန်တွင် ကိုစိုးကြီးရောက်လာပြီး ကြက်ကာလားသားချက်ကို အိုးလိုက်မလာကာ အရက်တပုလင်းပါ ခါးထိုးလာ၏ ထိုအရက်ပုလင်းကို မောင်ဘိုးထင်အား ပေးလိုက်သောအခါ ဦးကောင်းသည်
“ဘိုးထင် မင်းအရက်သောက်တက်နေတာလား မသောက်ပါနဲ့ကွာ “
“မသောက်ပါဘူးဗျ အဖေ့ အတွက် မှာလိုက်တာ “
“ငါလည်း အရက်များနေပြီ အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး မင်းကို ငါအပြစ်ဖို့မိတယ် ငါတောင်းပန်ပါတယ်ကွာ ဦးအုန်း ပြောတာ မုန်တယ်ကွ တကယ်တော့ မင်းနဲ့ ဘာမှ မဆိုင်ပါဘူးကွာ “
“ထားလိုက်ပါ အဖေ ရာ အခုတော့ ပျော်ပျော်ပါးပါ စားကြသောက်ကြတာပေါ့ “
“အရက်တော့ မသောက်ကြရဘူးနော် “
“အေးပါဗျ”
သူတို့ အားလုံး ရယ်ကာ မောကာ နှင့် စားသောက်ဝိုင်းလေးက စိုပြေစွာနှင့် ရှိနေပြီ နောက် ဦးစိုးကြီးပြန်သွားချိန် မောင်ဘိုးထင် တို့ အိပ်ဖို့ ပြင်စင်လိုက်ကြပြီး အိပ်စက်လိုက်ကြတော့သည် ၊ သူတို့ အိပ်မောကျနေသောအချိန်တွင် အိမ်ကွပ်ပျစ်ပေါ်တွင် အမျိုးသမီး တဉီးထိုင်နေပြီး တချက်တချက် ငိုရှိုက်သံက ထွက်ပေါ်လာသည်ကို သူတို့ အိပ်ပျော်နေသောကြောင့် သူတို့ကြာနိုင်မည် မထင်မိပေ။
▪️အခန်း-၁၄
မောင်ဘိုးထင်တို့ သစ်စိမ့်ရွာမှ မနက်အစော ထွက်ခဲ့ရာ ပေပင်ရွာသို့ ညနေချိန်ရောက်လာသည် ၊ ရွာထိပ်ရောက်သည် နှင့် သာရသည် မောင်ဘိုးထင်အား စကားဆိုလာသည်
“ဘိုးထင် မင်းနောက်ကို ငါတို့ လိုက်ပေးတယ်နော် မင်းလည်း ငါတို့ အကူညီးတောင် ရင် လုပ်ပေးရမယ် “
“စိတ်ချပါ ဗျာ ကိုသာရတို့အတွက်ဆို ကျုပ်က စေတနာအပြည့်နဲ့ ကူညီမှာပါ ကိုသာရတို့လိုမဟုတ်ဘူး “
“ငါတို့က မင်းကို ေစတနာ မပါဘူးလို့ပြောတာလား”
“ဝက်သားခွက်ကြီး ဆွဲသွားတာ စေတနာ ပါတာလား “
“မင်းကကော တို့ကိုများ တပည်လေးဘားလေးနဲ့ “
“အဘက ဟိတ်နဲ့ ဟန်နဲ့နေဆိုလို့ပါ ဗျာ “
“ထား လိုက်တော့ နောက် နှစ်ရက် လောက်ေနရင် မင်းငါတို့ နောက်လိုက်ခဲ့ရမယ် “
“ဘယ်ကို တုန်း ဗျ “
“မင်္ဂလာ ကိစ္စလို့သာ မှတ်ကွာ တို့သွားပြီ “
ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင်ကို နုတ်ဆက်ကာ သူတို့ ၏အိမ်များသို့ ထွက်သွားကြတော့သည် ။
မောင်ဘိုးထင်သည် လည်း ဦးအုန်း၏ အိမ်သို့ရောက်သည်နှင့် ဦးအုန်းအား ငွေငါးဆယ်လံုးအကုန်အပ်လိုက်သည် ၊ ဦးအုန်းသည် မောင်ဘိုးထင်အား ငွေအစိတ် ပြန်ပေးသောအခါ မောင်ဘိုးထင်သည်
“အဘ ကျုပ်မယူချင်ဘူး အဘ “
“ယူပါကွ မင်းကလည်း မင်းကုထားတာကို”
“ကျုပ်အခု ငွေအစိတ်ကို မယူချင်ဘူ ကျုပ်လိုချင်တာ ရှိရင် အဘကို ပြောမယ် အဘဝယ်ပေးပါ “
“အေးပါကွာ အဲ့တာ ဆိုလည်း ကောင်းပြီး မင်း လိုအပ်တာ ရှိရင်သာပြောကွာ “
“ပြောမှာပါအဘ “
မောင်ဘိုးထင်၏ စိတ်ထဲတွင် ခြောက်လုံးပက်ဗုံကို တွေးနေသည်ဆိုတာ ဦးအုန်းမသိနိုင်ပေ၊ ဦးအုန်းသည် မောင်ဘိုးထင်နှင့် အတူပါလားသော သရဲမအား ခြံဝတွင် တွေ့ရ၍
“မင်း တကောင်ဖမ်းခဲ့တာလား “
“ဟုတ်တယ် အဘ ဘယ်နားလေး နေရာပေးရမှာလဲ အဘ “
“မင်းေရသွားချိုးပြီး နားလိုက်တော့ ငါ ကြည့်လုပ်လိုက်မယ် “
“ဟုတ်အဘ “
မောင်ဘိုးထင်သည် လွယ်အိတ်ကို အိမ်အောက်တွင် ချိတ်ကာ အိမ်ပေါ်သို့ တက်သွားတော့သည်၊ ဦး အုန်းသည် ခြံဝသို့ သွားလိုက်သောအခါ ခြံဝတွင် ရပ်နေသော ညောင်ပင်ကြီးမှ သရဲမအားတွေ့ရာ
“နင် က ညောင်ပင်က တစ္ဆေမဟုတ်လား “
“ဟုတ်တယ် “
“နင့်ကို ဘိုးထင် ဖမ်းလာတာ လား”
“မဟုတ်ဘူး ငါလိုက်လာတာ “
“နင် နဲ့ သူက ဘာဆိုင်လို့လဲ “
“အဲ့တာ ငါ့သား’
“ဟင် “
ဦးအုန်းသည် တစ္ဆေမအား သေခြာကြည့်ကာ
“နင်ပြန်တော့ နင့်နဲ့ ဘိုးထင် က ဘာမှမဆိုင်ဘူ နင်နဲ့ သူနဲ့ က ဘဝခြားနေပြီ “
“မပြန်ဘူး “
“ငါ့စကားကို နားမထောင်ဘူးပေါ့ “
ဦး အုန်းသည် ခြံဝရှိ ဩဇာပင်မှ အရွက်ကို ခူးကာ မြေအောက်ချလိုက်ပြီး ဖနောင့်နှင့်ပေါက်ကာ ပြန်ကောက်၍ တစ္ဆေမအား ပစ်ပေါက်လိုက်ရာ တစ္ဆေမအနားသို့ အရိပ်မဲများ များစွာ ဦးအုန်း၏ အိမ်ဝိုင်းထဲမှ ထွက်လာပြီး တစ္ဆေမအား ရစ်ပက်ကာ ရွာအပြင်သို့ သယ်ဆောင်သွားပါလေတော့သည် ၊ ထို့ေနာက် ဦးအုန်းလည်း သက်ပြင်းတချက်ကို လေးပင်စွာချလိုက်ပြီး အိမ်အောက်ရှိ တန်းလျားတွင် တိုင်နေပါတော့သည် ။များမကြာမီ ရေမိုးချိုးပြီးသော မောင်ဘိုးထင်သည် တန်းလျားတွင်လာထိုင်ပြီး
“အဘ ကျုပ်ခေါ်လာတဲ့ ကောင်မကော “
“လူလေး အဲ့လို မခေါ်နဲ့ လေ “
“အဘ ပဲ အဲ့လိုပြောရမယ်ဆို “
ဦးအုန်း ခေတ္တငြိမ်သွားပြီးနောက်
“ကောင်လေး မင်းခေါ်လာတဲ့ သူကို ငါလွှတ်လိုက်ပြီ “
“ဘာလို့လဲ အဘရယ် စာချုပ်တောင် ချုပ်ပြီးပြီကို “
“ဘာမှ မဖြစ်ပါဘူး ငါလွတ်လိုက်တာ “
“အဲ့ သရဲမက ကျုပ်အမေ နာမည် နဲ့ လာတူနေတယ် အဘရေ နာမည်သာ တူတာပါ ဗျာ ကျုပ်အမေရဲ့ ရုပ်နဲ့တော့ တခြားဆီနေမှာ သူကကြောက်စရာရုပ်ကြီးလေ ကျုပ်အမေက မင်းသမီးလေးလို့ လှတဲ့ ရုပ် လားလားမှမဆိုင်ပါဘူးအဘရာ “
စာပွဲခုံပေါ်ရှိ ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်းအား ရေနွေးပန်းကန်လုံးထဲသို့ ငှဲ့ပေးရင် ပြောနေသော မောင်ဘိုးထင်အား ဦးအုန်းတယောက် ဂရုဏာသက်စွာကြည့်ရင်း တစ္ဆေမကြီးဟာ သူ၏အမေဖြစ်သည်ဆိုသော ကိစ္စအား ဖုံးကွယ်ထားလိုက်ပါလေတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် အမေတစ္ဆေသည်က ဤမျှသာ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
Leave a Reply