ထဲလည်း နွားသူခိုးတွေက ပူနေတော့ ကျွန်တော်နွားပြာလေးတော့ ပါသွားပြီထင်ပါတယ်..””
ဦးညိုမောင် စကားကြောင့် စိတ်မကောင်းအတော်လေးဖြစ်မိပါသည်။
အမျိုးမတော်ပေမယ့် တူသားနောင်မယ်လို နေကြသူတွေမို့ ကူညီနိူင်သလောက်တော့ ကူညီပေးချင်မိပါသည်။
“”အခုက နှစ်ချက်တီးကျော်ကျော်ပဲ ရှိသေးတယ်သိန်းဆိုင် ရွာစွန်တောစပ်ထဲ လိုက်ရှာရအောင်၊
အောင်ဘုကို ဝင်ခေါ်သွားမယ်။
လိုလိုမယ်မယ် တုတ်၊ဓားဆောင်သွားကြစို့…
သူခိုးတွေက အုပ်စုလိုက်ကြီးတော့ မဟုတ်ဘူး။
မျက်နှာချင်းဆိုင်တွေ့တော့လည်း သူ့ချကိုယ်ချပေါ့ကွာ…အရှုံးတော့မပေးဘူး။
ဒါမှ ဒင်းတို့လည်း ဆင်ခြင်မှာ လာသွားကြမယ်
အချိန်မနှောင်းခင်လေး…””
အောင်ဘု ကို ဝင်ခေါ်ပြီး ဦးညိုမောင် တို့အုပ်စု တုတ်၊ဓား ကိုယ်စီဖြင့် ရွာစွန်တောစပ်မှ တောထဲ ဝင်လာခဲ့လိုက်ပါသည်။
ရွာနားက တောဆိုပေမယ့် ရိုးမနဲ့နီးသည့်အပြင် ထိုအချိန်အခါက အလွန်မြေကြမ်းပြီးတောနက်ပါသည်။
မြေပါး၊ကင်းပါးနှင့် မမြင်နိူင်သည့်အ န္တ ရာယ် များလည်းအလွန်ပေါပါသည်။
အစစဂရုစိုက်ပြီး တောထဲ ဝင်လာရင်း တဖြည်းဖြည်းနဲ့ တောက နက်လာပါတော့သည်။
.
“”ဦးလေးညို ရေ
ဝင်လာရင်း ဝင်လာရင်း တော က နက်လာပြီဗျာ…
ကျွန်တော် ကြောက်လာပြီ
မတွေ့ရင်လည်းနေပါစေတော့ ပြန်ကြရအောင်..””
တကယ်လည်း ပြန်မှ ဖြစ်တော့မှာပါ လျှောက်လာခဲ့တာ နှစ်နာရီနီးပါးမျှ ကြာနေပြီမို့ ဆက်သွားပါလျှင် လမ်းမှားပြီးမျက်စိလည်လာနိူင်ပါသည်။
နောက်ဆုံး သဘောတူညီစွာ ပြန်လှည့် လာကြတော့သည်။
ဆယ့်ငါးမိနစ်ခန့် လျှေက်လာသောအခါ ရုတ်တရက် နွားတွန်သံတချက် ကြားလိုက်ရပါသည်။
“”ဟာ..နွားပြာကြီး ရဲ့အသံလားမသိဘူး
ဟုတ်တယ် ကျွန်တော် သားကြီးအသံ ဟုတ်တယ်…””
အသံလာရာသို့ ပြေးကြည့်လိုက်ရာ အမှန်တကယ်ပင် သိန်းဆိုင်၏နွားပြာကြီး ဖြစ်နေပါတော့သည်။
သစ်ပင်မှာ လည်ပင်းကြိုးနှင့်နားဖားကြိုးနှင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။
သိန်းဆိုင်လည်း ဝမ်းသာအားရဖြင့် နွားပြာကြီးကို ကြိုးပြေးဖြည်ပါတော့သည်။
“”မြနိမြန် မြန်မြန် ကြည့်ရတာ လာဖွက်ထားခဲ့ပုံရတယ်။
ဒီအကောင်တွေ မကြာခင်ရောက်လာနိူင်တယ်။
မြန်မြန်သွားကြရအောင်..””
ဦးညိုမောင်တို့သုံးဦးသည် နွားပြာကြီးကိုလည်းဆွဲလျက် မမြင်ရသည့်အန္တ ရာယ် လည်း ရောက်မလာခင် ထိုနေရာမှ အမြန်ထွက်လာခဲ့ကြသည်။
ထိုသို လျှောက်လာကြရင်း မည်သို့ဖြစ်သည်မသိတော့ပဲ မျက်စိလည်နေတော့သည်။
ကြွက်နွယ်ခြုံ၊ မောင်မခေါ်ခြုံနှင့် ဆူးရစ်ခြုံကြီးတွေက ဟီးထနေသည်မို့ လမ်းပျောက်နေလေပြီ။
ဦးညိုမောင် လည်း အသိနှင့်သတိကိုကပ်၍ ဘုရားကိုအာရုံပြုလိုက်သည်။
ထိုနောက်အဘဆရာတို့အားတိုင်တည်လိုက်ပြီး
ဘေးကင်းအောင်စောင့်ရှောက်ပေးရန် ဆုတောင်းလိုက်ပါသည်။
အောင်ဘုသည်လည်း အနည်းငယ် ကြောက်နေပုံရပြီး ဦးညိုမောင်ကိုသာ မကြာခဏ လှည့် ကြည့်နေတော့သည်။
“”မကြောက်နဲ့ အောင်ဘု
ကဲ ယောကျ်ားသားတွေပဲကွာ….ကြိုးစားပြီးလျှောက်စမ်းပါ…ဘာအန္တ ရာယ်မှ မဖြစ်ဘူး…
အားမငယ်နဲ့…””
ဦးညိုမောင်လည်း အားပေးရင်း ရွာဘက်ရောက်နိုင်သည့်လမ်းကို မိုးပေါ်မော့ကြည့် ၊ နေကိုကြည့်နှင့် ပြန်ရှာနေရပါသည်။
နေမင်းသည်လည်း…အနောက်ယွန်းသို့ သက်ဆင်းစပြုနေပြီမို့ နာရီအားဖြင့် ညနေ..ခြောက်နာရီခန့်အထိ ရောက်နေပြီကို ခန့်မှန်းမိပါသည်။
ကြိုးစား၍ လျှောက်လာရင်း.. ပလပ် ပလပ် ဂီး…ရွီး ဟူသောအသံတချို့ ကြားလိုက်ရတော့သည်။
ထိုအသံမှာ ခပ်လှမ်းလှမရှိ ကြွက်နွယ်ခြုံကြီးတဘက်မှ လာနေခြင်းဖြစ်သည်။
ကြွက်နွယ်ခြုံကြီးသည်လည်းအပွင့်ဝါဝါကလေးများက ခြုံကြီးတခုလုံးနီးပါးပွင့်နေကြသည်။
သိန်းဆိုင်က ကြွက်နွယ်ခြုံကြီးကို လက်ဖြင့်အသာဖြဲ၍ အသံထွက်နေရာသို့ လှမ်းကြည့်လိုက်ရင်းမျက်လုံးကြီးပြူး၍ ဦးညိုမောင်အား လက်ယပ်ခေါ်နေတော့သည်။
သိန်းဆိုင်၏ ပုံ သဏ္ဍာန်မှာ ပုံမှန်မဟုတ်ပဲ တုန်ယင်နေတော့သည်။
အောင်ဘုနှင့် ဦးညိုမောင်လည်း ကြွက်နွယ်ခြုံကြီးကို တိုးကပ်၍ ချောင်းကြည့်လိုက်ရာ …….
&&&&&&&&&&&&&&&&&&&&&&&&&&&
နွားကို အသားဖျက်ထား၍ ကျန်နေခဲ့ပုံရသောအစိတ်အပိုင်းတို့၏ အပေါ်တွင် ကားယားခွထိုင်ကာ သရေတမြားမြား နှင့်အသံစုံထွက်အောင်စားသောက်နေသော သတ္တဝါကြီးတကောင်ကို ကြက်သီးထဖွယ် တွေ့လိုက်ရပါသည်။
လူပုံသ ဏ္ဍာန် လူအရပ်အမောင်းခန့်ရှိပြီး အမွေုးအမျှင်များထူလပစ်နှင့် တွေ့လိုက်ရသည်။
ပွယောင်းနေသောဘုတ်သိုက်ဆံစအရှည်ကြီးများနှင့် အဝတ်ဗလာကျင်းကာ အမွေုးနိူင်းချင်းဖြင့် အရိုးပုံကြီးတွင် အငမ်းမရစားသောက်နေသည်မှာ မြင်ရသူအဖို့ သွေးပျက်ဖွယ်ရာပင်ဖြစ်ပါသည်။
ဦးညိုမောင်လည်း သိန်းဆိုင်နှင့်အောင်ဘုကို လက်ကုတ်၍ အတတ်နိူင်ဆုံး အသံကိုလုံစေ၍ ထို ခြုံကြီး နှင့် အဝေးဆုံးကို အသက်အောင့်၍ ပြေးရတော့သည်။
ထိုသို့ ပြေးလွှားရင်း အတော်အတန်ဝေးကွာသောနေရာ၌ တဘက်ရွာမှ ချိုကြီးဆိုသူကို တွေ့လိုက်ရသည်။
“”ဟာ… ချိုကြီး မင်းတောထဲ ဘာလာလုပ်တာလဲ..””
“”ဟို… ဟို..ကျွန်တော် ခွေးလေးပျောက်လို့ပါ
ခွေး လာရှာ တာပါဗျာ…မတွေ့လို့ ကျွန်တော် လည်းပြန်တော့မလို့ပါ..””
ချိုကြီး၏ ပုံစံမှာ မူမမှန်ပေ။
သို့ပေမယ့် တုတ်၊ဓားကိုင်ဆောင်ထားသည့် ဦးညိုမောင်တို့က သုံးယောက်မို့ ရှိန်နေပုံရသည်။
ချိုကြီး မရိုးသားတာသိသော်လည်း ယခုအချိန်သည် မိမိတို့ အန္တ ရာယ် ကင်းဖို့က အရေးကြီးနေသည်မဟုတ်ပါလား…
“”အေး ချိုကြီးရေ မင်းလည်းတောထဲ မဝင်နဲ့တော့
ငါတို့လည်းလမ်းမှားနေတယ်။
တောထဲက ထွက်နိူင်မယ့် လမ်းကို သာ မင်းပါအတူတူ လိုက်ခဲ့တော့ကွာ ဟုတ်ပြီလား ငါတူရေ..””
တရင်းတနှီး ပခုံးကိုပုတ်၍ အကူအညီတောင်းလိုက်သောကြောင့် ချိုကြီးကျေးဇူးဖြင့် တောထဲမှ ထွက်လာနိူင်ခဲ့တော့သည်။
ရွာသို့ ပြန်ရောက်သောအခါ သိန်းဆိုင်၏ မိသားစုရော၊ ဦးညိုမောင် ၏ဇနီး မလှချစ် ပါ စိတ်ပူပန်၍ နေကြလေပြီ။
ကံကောင်းထောက်မ၍ သိန်းဆိုင် ၏ နွားပြာကြီးလည်းပြန်ရခဲ့သလို ၊ လူသားလေလားဘီလူးလေလားမသဲကွဲသော မမြင်အပ်သည့် သတ္တဝါကြီးနှင့် ဘေးကင်းစွာရှောင်ရှားနိူင်ခဲ့ပါသည်။
ထိုအဖြစ်အပျက်များနောက်ပိုင်း ရွာသူရွာသားများအား နေဝင်ရီတရော အချိန်များနှင့် တကိုယ်ရေတောထဲဝင်ခြင်းများမပြုလုပ်ကြရန် ဆော်သြခဲ့ရတော့သည်။
နွးခိုးသည့် အဖွဲ့တွင်ပါဝင်သောသူမှာ ချိုကြီးဖြစ်နေသည့်အတွက် ချိုကြီးလည်း ဦးညိုမောင် တို့ကြုံတွေ့ခဲ့ရသည်ကို ယုံကြည်သွားပုံ ရပါသည်။
ထို့နေ့ရက်၏ နောက်ပိုင်းတွင်တော့ နွားပျောက်မှု့များ အတော်အသင့်နည်းပါးသွားပါတော့သည်။
ဦးညိုမောင် ကတော့ ယနေ့အချိန်အထိ
လူသားလေလောဘီလူးလေလား မသဲကွဲသည့်
ပုံရိပ်ကြီးကို မကြာခဏမြင်ယောင်နေမိပါသည်။
ဤတွင် #လူသားလေလောဘီလူးလော
တခန်းရပ်ပါပြီ။
#ယွန်းနှင်းဆီခိုင်
Leave a Reply