မြောက်ပိုင်းမှာနေတာ ကျုပ်တို့တွေက လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သိပ်မတွေ့ဖြစ်ကြဘူးဗျ။
“ကိုကြီးအောင်တင် ခနစောင့်အုံးနော် ကျုပ် မျက်နှာသစ်လိုက်အုံးမယ်”
ကျုပ်မျက်နှာသစ်ပြီးတော့ ကိုအောင်တင်ထိုင်နေတဲ့ အိမ်ရှေ့က ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်တယ် ကိုအောင်တင်က အမေကြီး ဧည့်ခံထားတဲ့ ဆေးလိပ်တစ်လိပ်ကို သောက်နေတယ်ဗျ။
ကျုပ်က ဆေးလိပ်မသောက်တတ်တော့ ဆေးလိပ်နံ့မခံနိုင်မှာစိူးလို့ထင်ပါတယ်ဗျာ ကျုပ်ရောက်လာတော့ကိုအောင်တင်က ဆေးလိပ်ကိုမီးသတ်လိုက်တယ်ဗျ။
“တော်တော်ပင်ပန်းသွားလားကွ ဖိုးပါရ”
ကိုအောင်တင်က ကျုပ်ကိုမေးတယ်။
“ဒီလိုပါပဲ ကိုကြီးအောင်တင်ရာ ဒါနဲ့ကိုကြီးအောင်တင် ရော သက်သာတယ်မလား”
ကျုပ်က ကိုေအာင်တင် သတိလစ်သွားတဲ့ညကို ပြန်သတိရပြီးမေးလိုက်တာဗျ
“သက်သာပါတယ်ကွ မင်းသတင်းကြားပြီးပြီလား ဖိုးပါ”
” ဘာသတင်းလဲဗျ”
“မင်းတို့တော့ သိမှာမဟုတ်သေးဘူးကွ ငါတို့ တောင်ပိုင်းကလူတွေတော့ အကုန်သိကြတယ် ဦးထွန်းသာကြီးမကျွတ်ဘူးတဲ့ကွ”
” ဗျာ•• ဟုတ်လား”
“ဟုတ်တယ်ကွ ဦးထွန်းသာကြီး ရက်လည်ပြီးတဲ့ နောက်နေ့ပေါ့ မိတင်က အရီးခင်ကြည်တစ်ယောက်ထဲဖြစ်နေလို့ အဖော်သွားအိပ်ပေးတာပေါ့ တရေးနိုးေတ့ာအပေါ့သွားချင်လို့ အိမ်သာကိုသွားတာပေါ့ကွာ အရီးခင်ကြည်တို့ အိမ်သာကလည်း ဦးထွန်းသာကြီး ပိုးထိတဲ့မန်းကျည်းပင်နဲ့မဝေးဘူးလေ။သူလည်း အိမ်သာထဲကိုဝင်သွားတာပေါ့
အဲ့ဒါနဲ့ အိမ်သာထဲက ပြန်ထွက်လာတော့ မန်းကျည်းပင်ကြီးအောက်မှာ ဦးထွန်းသာကြီးက ငိုနေတာတဲ့ ဖိုးပါရေ”
“ဗျာ ဟုတ်လား ကိုကြီးအောင်တင်”
“ဟုတ်တယ် ဖိုးပါရေ မိတင်ပြောတာတော့ ဦးထွန်းသာကြီးမှ ဦးထွန်းသာကြီးအစစ်တဲ့ကွ”
မိတင်လည်းအသံကျယ်ကြီးအော်ပြီး အိမ်ပေါ်ပြေးတက်တာပေါ့ကွာသူ့အဖြစ်ပျက်ကို ပြောပြတော့ ငါတို့ တောင်ပိုင်းကလူတွေလည်းကြောက်ကုန်တာပေါ့ ဒါကြောင့် ဘုန်းကြီးတွေပင့်ပြီး ကမ္မဝါရွတ်ကြတယ် ဖိုးပါရေ
“အဲ့ဒါဆို အဆင်ပြေသွားရောလားဗျ ကိုကြီးအောင်တင်”
ကျုပ်ကလည်း အိမ်ပြင်သိပ်မထွက်တော့ ရွာတောင်ပိုင်းကအကြောင်းကိုမသိလိုက်ဘူးဗျ ဒါကြောင့်မို့သိချင်ဇောနဲ့မေးလိုက်တယ်။
“အေး••• ကမ္မဝါရွတ်ပြီး တစ်ရက်နှစ်ရက်တော့ အဆင်ပြေသွားပါတယ်ကွာ ဒါပေမဲ့ နောက်ပိုင်းကျ ဦိးထွန်းသာကြီးရဲ့ ဝိဥာာဥ်ကို ပြန်တွေ့နေရတာပဲတဲ့ကွ”
“ဟုတ်လား ကိုအောင်တင် ဒါဆို ဦးထွန်းသာကြီးက မကျွတ်ဘူးပေါ့”
“အေး••• မကျွတ်ဘူးပေါ့ကွာ”
“ကိုကြီးအောင်တင် ဦးထွန်းသာကြီးက မကျွတ်ဘူးဆိုတာ ယုံလားဗျ”
“အေး•• ငါလည်း အဲ့ဒီလိုပဲထင်တယ် ဖိုးပါရေ ဒါနဲ့မင်း ငါ သတိလစ်သွားတာမှတ်မိသေးတယ်မလား ”
“မှတ်မိတာပေါ့ ကိုကြီးအောင်တင်ရ ကျုပ်တောင် ရေမန်းနဲ့ပက်လိုက်မှ ကိုကြီးအောင်တင်သတိရလာတာလေ”
“အေး ငါဘာလို့အဲ့လိုဖြစ်သွားလဲ မင်းသိလား”
“မသိဘူးဗျ”
“အဲ့ဒီညက ငါဗိုက်ေအာင့်လို့ အိမ်သာကိုသွားတာကွ အဲ့ဒီမှာ မန်းကျည်းပင်အောက်မှာ လူတစ်ယောက်က ထိုင်နေတာ ငါလည်း ရွာကလူထင်ပြီး ဘာမှမတွေးပဲ အိမ်သာထဲဝင်သွားတာပေါ့
ငါအိမ်သာတက်ပြီး ပြန်ထွက်လာတော့ အဲ့ဒီလူက ရှိနေတုန်းကွ ငါလည်း ဘယ်သူမှန်းသိရအောင် အနားကိုသွားကြည့်လိုက်တာပေါ့
ငါသူ့အနားရောက်တော့ အဲ့ဒီလူက ငါ့ဘက်ကိုလှည့်လာတယ်ကွ အဲ့ဒီတော့မှ ငါတွေ့လိုက်ရတာဟေ့•• ဦးထွန်းသာကြီးကွ မျက်နှာက ကြောက်စရာကြီးကွာ ငါလည်း အဲ့ဒါတွေ့တော့ လန့််သွားတာပေါ့ အဲ့ဒီနောက်ပိုင်းတော့ ဘာတွေဖြစ်ကုန်လဲ မမှတ်မိတော့ဘူး”
” အော် ဒါကြောင့်ကိုး”
အဲ့ဒီတော့မှ ကိုကြီးအောင်တင် သတိလစ်သွားရတဲ့အကြောင်းရင်းကို ကျုပ်သိလိုက်ရတာဗျ။
“ဦးထွန်းသာကြီးကဘာလို့မကျွတ်ရတာလဲ သူ့ကိုအမျှပေးဝေတာမရဘူးလားမသိဘူး”
ကျုပ်က ကိုကြီးအောင်တင်ပြောတာကိုစဥ်းစားပြီးပြောလိုက်တော့
“အဲ့ဒါတော့မသိဘူး ဖိုးပါရေ ဒီနေ့ ဆရာကြီးတစ်ယောက်ကို ခေါ်လာတယ်ကွ ဦးထွန်းသာကြီးကို ကျွတ်အောင်လုပ်ဖို့တဲ့”
“ဟုတ်လားဗျ”
“ဟုတ်တယ် ဖိုးပါရ မင်းက ဒီလိုကိစ္စတွေ စိတ်ဝင်စားတယ်မလား အဲ့ဒါကြောင့် ငါမင်းကိုလာခေါ်တာကွ မင်းလိုက်မယ်မလား”
ကျုပ်က ဒီလိုမျိုးဆိုစိတ်ဝင်စားတဲ့ကောင်လေဗျာ မလိုက်ပဲနေပါ့မလား
“ကျုပ်လိုက်မှာပေါ့ ကိုကြီးအောင်တင်ရ”
“ဒါဆိုလည်း သွားကြမယ်လေကွာ ”
“ကျုပ်ကိုခနစောင့် ပါအုံးလား ကိုကြီးအောင်တင် ကျုပ်ထမင်းမစားရသေးလို့ဗျ ဟီး•• ဟီး•• ကိုကြီးအောင်တင်လည်း တခါတည်းဝင်စားသွားပါလား”
“မစားတော့ဘူးကွ•• မင်းပဲ စားပါကွာ အချိန်ရပါတယ် ”
ကျုပ်လည်း အမေချက်ထားတဲ့ ကြက်သားဆီပြန်ဟင်းလေးနဲ့ ဗိုက်ဝအောင်စားလိုက်တယ်။ပြီးတော့ နှစ်ယောက်သား ရွာတောင်ပိုင်းကို ထွက်လာတာပေါ့ဗျာ။
%%%%%%%%%%
ကျုပ်တို့ ရွာတောင်ပိုင်းကိုရောက်ပြီဗျ အရီးခင်ကြည်အိမ်မှာ လူတွေစုနေကြတယ် သူတို့လည်း လာကြည့်ကြတာဖြစ်မယ်။
ကျုပ်နဲ့ကိုကြီးအောင်တင်လည်း အိမ်ထဲဝင်သွားလိုက်တယ်။အိမ်ထဲရောက်တော့ဆရာကြီးကို ကျုပ်တိို့တွေ့လိုက်ရတယ်။ဆရာကြီးဆိုတဲ့လူက အသက်၅၀လောက်ရှိမယ်ဗျ ခန္ဓာကိုယ်နည်းနည်းဝဝနဲ့ ယောဂီရောင် ခေါင်းပေါင်းစလေးကိုပေါင်းလို့ တပလ္လင်ချိတ်ထိုင်နေတာဗျဆရာကြီး နာမည်က ဦးသာညိုတဲ့။ ”
“မခင်ကြည်က ဦးထွန်းသာကြီးကို ကျွတ်လွတ်စေချင်တယ်မလား”
ဦးသာညိုက အရီးခင်ကြည်ကိုမေးတယ်ဗျ။အရီးခင်ကြည်က ခေါင်းညိတ်ပြတယ်။
“ဟုတ်ပြီ ဒါဆို သူ ကျွတ်လွတ်သွားတာကို သိသာစေအောင် လူတစ်ယောက်ကကူညီပေးပါ အဲ့ဒီလူက မကြောက်တတ်တဲ့သူဖြစ်ရမယ်နော် ဘာလို့ဆို အဲ့ဒီလူကိုကျုပ်က နာနာဘာဝတွေမြင်ရတဲ့ဆေးကို မျက်လုံးမှာကွင်းပေးမှာ ဒါကြောင့်မို့ ကြောက်တတ်လို့တော့မရဘူး။”
ဦးသာညိုကပြောတော့ သရဲတစ္ဆေတွေကို မြင်ချင်တဲ့ ကျုပ်အကြိုက်ပေါ့ဗျာ ကျုပ်လည်းရှေ့ကိုထွက်ပြီး ကျုပ်ကြည့်မယ်လို့ပြောလိုက်တယ်။
” ကောင်းပြီလေ”
ဦးသာညိုက ပြောပြီး ဘုရားရှိခိုးနေလိုက်တယ်။
ညနေတောင်စောင်းနေပြီဗျ။အဲ့ဒီအချိန်မှ ဦးသာညိုက ဘုရားရှိခိုးတာရပ်ပြီး အိမ်အောက်ကိုဆင်းသွားတယ်ဗျ ကျုပ်တို့လည်း နောက်ကလိုက်ကြည့်တာပေါ့ဗျာ ဦးသာညိုက အိမ်နောက်ဖေးက မန်းကျည်းပင်ကိုသွားနေတာဗျ။မန်းကျည်းပင်ရှေ့ရောက်တော့ ရပ်လိုက်တယ်။
” ကဲ မျက်ကွင်းဆေးကွင်းခံမယ့်လူငယ်လေးလာခဲ့”
ကျုပ်လည်း အနားကိုသွားလိုက်တယ်။
“ကောင်လေး မင်းမျက်လုံးမှိတ်ထားပါ ငါမဖွင့်ခိုင်းမချင်းမဖွင့်ပါနဲ့”
ကျုပ်လည်း မျက်လုံးမှိတ်လိုက်တယ်။ဦးသာညိုရဲ့ လက်ညိုးက ကျုပ်မျက်လုံးနားတစ်ဝိုက်လှည့်နေတယ်ဗျ သူ့ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေတာ ကျုပ်ကြားရတယ်ဗျ။
” ရပြီ ဖွင့်တော့”
ဦးသာညိုက ပြောတာနဲ့ကျုပ်လည်း မျက်လုံးဖွင့်လိုက်တယ်။
“အမလေး!!!!!!!”
ရုတ်တရက်ဆိုတော့ ကျုပ်လန့်သွားတာဗျကျုပ်ရှေ့ကမန်းကျည်းပင်မှာ ဦးထွန်းသာကြီးက ရပ်ေနတာေလဗျာ
“ကောင်လေး ဦးထွန်းသာကြီးကို တွေ့ပြီမလား”
“ဟုတ် တွေ့ပါတယ် ဆရာကြီး”
“ကောင်းပြီ ဒါဆို သူ့ကိုကျွတ်လွှတ်အောင် လုပ်ပေးမယ်။ မင်းကြည့်ထားပြီး ဦးထွန်းသာကြီး ကျွတ်လွတ်သွားတာကို ရွာကလူတွေကို ပြန်ပြောလို့ရတာပေါ့။”
ဦးသာညိုက ပြောပြီး လွယ်အိတ်ထဲက အင်းချပ်တစ်ချပ်ကိုထုတ်လိုက်တယ်။အဲ့ဒါကိုမြင်ေတာ့ကျုပ်စိတ်ထဲတစ်မျိုးေတွးမိသွားတယ်ဗျ။ဘာလို့ဆို ကျွတ်လွှတ်အောင်လုပ်တာက အင်းချပ်နဲ့လုပ်လို့ရတာလားပေါ့ ကျုပ်ကြားဖူးတာက အင်းချပ်တွေဆိုတာ နှိမ်နင်းတဲ့နေရာမှာသုံးတယ်လို့လေဗျာ။
ကျုပ်တွေးနေတုန်း ဦးသာညိုက အင်းချပ်ပစ်လိုက်တယ်ဗျ
” ဝုန်း ”
အင်းချပ်က ဦးထွန်းသာကြီးကို ထိတာနဲ့ ဝုန်းခနဲမြည်ပြီး မီးခိုးတွေဆိုင်းသွားတယ်ဗျ မီးခိုးပျောက်သွားတော့ ဦးထွန်းသာကြီးကိုမတွေ့တော့ဘူးဗျ
“ဟော ဦးထွန်းသာကြီးက မန်းကျည်းပင်ပေါ်ရောက်သွားပြီဗျ”
ကျုပ်မြင်သလို ဦးသာညိုလည်းမြင်ပုံရတယ်ဗျ ဒါကြောင်ဦးသာညိုက သူ့ခေါင်းပေါင်းစကို ဖြုတ်လိုက်တယ် ပြီးတော့ ခေါင်းပေါင်းစကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး တစ်ခုခုရွတ်နေတယ်ဗျ ဦးသာညိုရွတ်နေတာ ကွမ်းတစ်ယာညက်လောက်ကြာတယ်ဗျ ပြီးတော့မှ ခေါင်းပေါင်းစကို လေထဲကို ဝဲရိုက်လိုက်တယ်
“ဟာ•• ကျုပ်ကြည့်နေရင်းနဲ့ ဦးထွန်းသာကြီးပျောက်သွားပြီဗျ တော်တော်ကြာကြာကြီး အထိကျုပ်ကြည့်နေမိတယ်ဗျ ဦးထွန်းသာကြီးကို မတွေ့ရတော့ဘူး
“လူငယ်လေး ဦးထွန်းသာကြီးမရှိတော့ဘူးမလား”
“ဟုတ် မရှိတော့ဘူးဗျ”
” အေး သူ ကျွတ်လွှတ်သွားပြီ”
ဆရာကြီးကပြောတော့ အားလုံးက ဝမ်းသာသွားကြတယ်ဗျ။ သူတို့က မတွေ့ကြရပေမဲ့ ကျုပ်ကမြင်နေရတာလေဗျာ အဲ့ဒါကြောင့် ကျုပ်ပြောပြလိုက်တော့မှ ဦးထွန်းသာကြီး တကယ်ကျွတ်လွတ်သွားတာ ယုံကြည်သွားကြတာလေဗျာ။
အရီးခင်ကြည်ဆိုတာ မျက်ရည်တွေနဲ့ပေါ့။ဆရာကြီးကိုလည်း ပိုက်ဆံတွေကန်တော့လိုက်သေးတယ်ဗျ။ ဆရာကြီးက ကျုပ်ကို သရဲမြင်နိုင်တဲ့မျက်ကွင်းဆေးကို ပြန်ဖျက်ပေးတယ်ဗျ။ကျုပ်လည်း အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ ကျုပ်အိမ်ပြန်ရောက်တော့ အဖေနဲ့အမေတို့တောင်အိပ်နေပြီဗျ။ကျုပ်လည်း ခြင်ထောင်ထောင်ပြီး ဝင်အိပ်နေလိုက်တယ်။
ဒီနေ့နဲ့ဆို ဦးထွန်းသာကြီးကို ကျွတ်လွတ်အောင်လုပ်ပေးလိုက်တာ နှစ်ရက်ရှိပြီဗျ။ဦးထွန်းသာကြီးလည်း ကျွတ်လွတ်သွားတာနှစ်ရက်ရှိပြီပေါ့ဗျာ။
ကျုပ်က အိမ်ရှေ့က ကွပ်ပျစ်မှာ လက်ဖက်သုပ်စား ရေနွေးကြမ်းသောက်ရင်း အဲ့ဒိအကြောင်းတွေပြန်တွေးနေမိတာဗျ။ဆရာကြီး ဦးသာညိုအကြောင်းကိုလည်း တွေးနေမိတာဗျ။ အဲ့ဒီအချိန် ကိုအောင်တင်တစ်ယောက် ကျုပ်တို့ ခြံထဲဝင်လာတာကို တွေ့လိုက်ရတယ်။
“ဟာ••ကိုကြီးအောင်တင်လာဗျာ လက်ဖက်သုပ်စား ရေနွေးကြမ်းသောက်”
ကျုပ်ကပြောရင်း ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်တယ်ဗျ။ကိုအောင်တင်က ရေနွေးကြမ်းတစ််ခွက်သောက်လိုက်တယ်။
” ကိုကြီးအောင်တင်အလည်သက်သက်ပဲလား”
“အေးပေါ့ကွ အလည်ပဲပေါ့ ဒါနဲ့လေ ဖိုးပါ ဦးထွန်းသာကြီး ကျွတ်လွှတ်သွားတာကို မင်း သေချာမြင်ခဲ့ရလားကွ”
“ဟုတ်ကဲ့ မြင်ခဲ့ရတာပေါ့ဗျ ဦးထွန်းသာကြီးက ကျုပ်ကြည့်နေရင်းနဲ့ပျောက်သွားတာဗျ”
“အော်•• ဟုတ်လား •• မင်းမကြောက်ဘူးလား ဖိုးပါရ”
“မကြောက်ပါဘူးဗျာ ကျုပ်စိတ်ဝင်စားတာတွေ့ခွင့်ရလို့ ပျော်တောင်ပျော်သေးတယ်။”
“ကိုကြီးဖိုးပါ ကိုကြီးဖိုးပါ”
သံကုလားက ခြံဝကနေအော်ခေါ်နေတာဗျ
“ဟေ••• သံကုလား ဝင်လာခဲ့လေ ဘာဖြစ်လို့လဲ ”
“ကိုကြီးဖိုးပါကို ဘဘုန်းကြီးကခေါ်ခိုင်းလိုက်လို့ဗျ”
” ဟေ ဘာကိစ္စလဲကွ ”
” အဲ့ဒါတော့ မသိဘူး ကိုကြီးဖိုးပါ”
“ဘဘုန်းကြီးက ခေါ်တယ်ဆိုတော့ မြန်မြန်လေးသွားဖိုးပါရေ အရေးကြီးကိစ္စရှိလို့နေမယ် ငါလည်း အိမ်ပြန်လိုက်အုံးမယ်”
“အတူတူသွားမယ်လေဗျာ ကိုကြီးအောင်တင်ကလဲ”
ဟုတ်တယ်ဗျ ကျုပ်တို့ ဘုန်းကြီးကျောင်းကရွာလယ်ပိုင်းမှာရှိတာလေဗျာ ကျုပ်တို့ ရွာလယ်ပိုင်းကိုကျော်သွားရင် ရွာတောင်ပိုင်းကိုရောက်ပြီလေဗျာ။
ဒါနဲ့ ကျုပ်တို့သုံးယောက် တူတူထွက်လာတာပေါ့ဗျာ ရွာလယ်ပိုင်းရောက်တော့ ကျုပ်နဲ့ သံကုလားနဲ့က ဘုန်းကြီးကျောင်းထဲဝင်သွားတယ်။ကိုကြီးအောင်တင်ကတော့ သူ့အိမ်ကိုဆက်သွားတယ်ဗျ။
ဘုန်းကြီးကျောင်းထဲရောက်တော့ ဘဘုန်းကြီးနဲ့အတူထိုင်နေတဲ့ အသက်ကြီးကြိးလူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ။
“လာ•• ဖိုးပါ ထိုင်”
ကျုပ်က ထိုင်ပြီး ဘုရားကို ဦးတိုက်လိုက်တယ် ပြီးတော့ ဘဘုန်းကြီးကို ရှိခိုးလိုက်တယ်။
” ဖိုးပါ ဒါက ဘိုးမင်းထင်တဲ့ နယ်လှည့်ပြီး ပယောဂကုပေးနေတဲ့အထက်လမ်းပုဂ္ဂိုလ်တစ်ယောက်ပဲ မင်းက ဒီလိုကိစ္စမျိုးဆို စိတ်ဝင်စားတတ်တာသိလို့ မိတ်ဆက်ပေးဖို့ ခေါ်လိူက်တာ”
“တင်ပါ့ ဘုရား ”
“ဒကာ ဒါက ဦးဇင်းပြောတဲ့ တင်ထွန်းလေ အားလုံးကတော့ ဖိုးပါလို့ပဲခေါ်ကြတယ်။”
ဦးဇင်းက ကျုပ်အကြောင်းတွေတော့ ဘိုးမင်းထင်ကို ပြောပြထားတယ်ထင်တယ်ဗျ။ဘိုးမင်ထင်က အသားညိုညို အရပ်မြင့်မြင့်ဗျ ဥပဓိရုပ်ကလည်း ကြည့်လိုက်တာ နဲ့ အလိုလိုကြည်ညိုလာတယ်ဗျာ”
“လူလေးနာမည်က တင်ထွန်းဆို ဟုတ်လား”
“ဟုတ်ပါတယ်ဗျ ဒါပေမဲ့ ကျုပ်ကို တစ်ရွာလုံးက ဖိုးပါလို့ခေါ်ကြပါတယ် ဘိုးလည်းခေါ်လို့ရပါတယ်”
ဘိုးမင်းထင်ကခေါင်းညိတ်ပြီးဆက်ပြောတယ်ဗျ
“မောင်ဖိုးပါ မင်း သရဲတစ္ဆေအကြောင်းစိတ်ဝင်စားလားကွ”
“ဟာ စိတ်ဝင်စားတာပေါ့ ဘိုးရဲ့”
“မင်းသူတို့ကို မကယ်တင်ချင်ဘူးလား”
“ဗျာ••• ဘိုး သူတို့ကို ဘာလို့ကယ်တင်မှာလဲ သူတို့က လူတွေကို ဒုက္ခပေးနေတာမဟုတ်ဘူးလားဗျ”
“လူလေး အထင်မှားနေပြီ တချို့တွေက သနားဖို့ကောင်းလို့ ကယ်တင်ရသလို တချို့ကျတော့လည်း လူတွေကို ဒုက္ခပေးလို့ နှိမ်နင်းရတာလဲ ရှိတယ် နောက်ကျရင် လူလေးနားလည်လာပါလိမ့်မယ် ”
“ဟုတ်ကဲ့ဘိုး”
ကျုပ်နဲ့ဘိုးမင်းထင်နဲ့ စကားပြောနေတုန်း ကိုအောင်တင် အမောတကောနဲ့ ကျောင်းပေါ်တက်လာတယ်ဗျ။
“ဘဘုန်းဘုရား ဘဘုန်းဘုရား”
“ဟေ•• ဒကာအောင်တင် ဘာဖြစ်လို့လဲကွဲ့”
“ဟို•• အရီး••• အရီးခင်ကြည်ကို သရဲဝင်ပူးနေလို့ပါ”
” ဟေ••• ဟုတ်လား”
“တင်ပါ့ဘုရား အဲ့ဒါ ဘဘုန်းကိုလာပင့်တာပါဗျ”
“အေး ဘဘုန်းလည်း လောကီရေးရာတွေမှာ ဝင်မပတ်သက်ချင်ဘူးကွယ့်”
ဘဘုန်းက အဲ့လိုပြောတော့
“ကျုပ်ကူညီလိုက်ပါ့မယ်ဘုရား”
ဘိုးမင်းထင်က ဝင်ပြောတာဗျ
“ဖိုးပါ မင်းလည်း ဒကာကြီး မင်းထင်နောက်လိုက်ပြီး ကူညီချေ”
ဘဘုန်းက အဲ့လိုပြောတော့ ကျုပ်တို့လည်း ဘဘုန်းကို ရှိခိုးပြီးထွက်လာခဲ့ကြတယ်။
အရီးခင်ကြည်အိမ်ရောက်တော့ အရီးခင်ကြည်ကို လူကြီသုံးယောက်က ဝိုင်းချုပ်ထားတယ်ဗျ။
အရီးခင်ကြည်က အတင်းရုန်းနေတာ ယောကျာ်းသား သုံးယောက်က မနည်းဆွဲထားရတယ်ဗျ။ကျုပ်တို့ အိမ်ထဲရောက်တာနဲ့ဘိုးမင်ထင်က
“ဟိတ်ကောင် ခုချက်ချင်းတိတ်စိမ်း”
လို့ မာန်ပါပါငေါက်ပြီး ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားသွားရှိခိုးနေလိုက်တယ်။ပြီးမှ
“မင်းဒီကို လာခဲ့စမ်း”
ဘိုးမင်ထင်ကပြောတော့ လူသုံးယောက်လည်း အရီးခင်ကြည်ကိုလွှတ်ပေးလိုက်တယ်။အရီးခင်ကြည်က ရှေ့ကို တိုးလာတယ်ဗျ။
” မင်းဘယ်သူလဲ”
“ငါထွန်းသာ သူ့ယောကျာ်းထွန်းသာ”
“ဟေ••• ”
ကျုပ်တို့အားလုံး အံ့သြသွားကြတယ်ဗျ ဦးထွန်းသာကြီးက ကျွတ်လွတ်သွားပြီလေဗျာ အခု အရီးခင်ကြည်ကိုဝင်ပူးနေတာက ဦးထွန်းသာ ဆိုတော့ ကျုပ်တို့အံ့သြကုန်တာပေါ့
“ကဲ ဖြစ်ကြောင်းကုန်စင် ကျုပ်ကိုပြောစမ်း”
ဘိုးမင်းထင်က အေးဆေးတည်ငြိမ်စွာပြောလိုက်တယ်။
“ကျုပ်က အိမ်နောက်ဖေးက မန်းကျည်းပင်မှာ နေရပါတယ် အရင်က အဲ့ဒီအပင်မှာသရဲကြီးတစ်ကောင်နေပါတယ် သူကကျုပ်နဲ့လူစားလဲပြီး လွှတ်လပ်သွားပါပြီ ကျုပ်ကတော့ ဒီမန်းကျည်းပင်မှာပဲ သူ့နေရာကို အစားထိုးပြီးနေရတာပါ
ကျုပ်အဲ့လိုနေတာကို ဒီရွာကလူတွေကကြောက်ပြိး ဘုန်းကြီးပင့်ပြိး ကမ္မဝါရွတ်ကြပါတယ် ကျုပ်အရမ်းပူပြီး မခံနိုင်လို့ တခြားနေရာကို ရွေ့သွားရပါတယ် ဒါပေမဲ့ နောက်ဆုံး ကျုပ်ဒီနေရာမှာပဲပြန်နေရပါတယ်
နောက်ပြီး ဟို အထက်လမ်းဆရာလိုလိုနဲတစ်ယောက်က အင်းချပ်နဲ့ပေါက် အင်းပုဝါနဲ့ လုပ်လို့ ကျုပ် တစ်နေရာကိုလွှင့်သွားခဲ့ရပါတယ် သူတို့ကတော့ ကျုပ်ကျွတ်လွတ်သွားပြီပဲ ထင်နေခဲ့တာပါ ကျုပ်က ဒီမန်းကျည်းပင်မှာ ဟိုသရဲကြီးအစား လူစားလဲခံရတဲ့အတွက် အမျှဝေတာကိုလည်း သာဓုခေါ်လို့မရပါဘူး ကျုပ်ကိုကယ်ပါအုံး ဆရာကြီးရယ် အီး•• ဟီး ဟီး”
အရီးခင်ကြည်ကိုဝင်ပူးနေတဲ့ ဦးထွန်းသာကြီးပြောပြီး ငိုတော့တာပဲဗျို့။ ကျုပ်တို့လညး် အံ့သြသွားကြတယ်ဗျ။ ပြီးတော့ သနားလည်း သနားသွားတယ်။
“ကျုပ်ကူညီပါ့မယ် အခုတော့ ခင်ဗျား ထွက်သွားပေးပါ ဒီအမျိုးသမီးလည်း ပင်ပန်းလှပြီ”
“ဟုတ်ကဲ့ပါ ”
ဦးထွန်းသာကြီးကပြောပြိး ထွက်သွားတယ်ဗျ။
ကျုပ်တို့လည်း အရီးခင်ကြည်ကို သတိရအောင်ပြန်လုပ်ရတာပေါ့ဗျာ။
“ကဲလူလေး ဖိုးပါရေ ဦးထွန်းသာကြီးကို ကျွတ်လွတ်အောင်ကူညီကြရအောင်ကွယ်။”
ဘိုးမင်ထင်ကပြောတာဗျ
“ဘိုး••• ဦးထွန်းသာကြီးပြောတာ သူက လူစားလဲခံရတာဖြစ်တဲ့အတွက် သာဓုခေါ်လို့မရဘူးဆို ကျွတ်လွှတ်အောင်ဘယ်လိုလုပ်ပေးမလဲ”
ကျုပ်က နားမလည်လို့မေးလိုက်တာဗျ။
“ဟုတ်ပါတယ် ဖိုးပါရေ နောက်ကျရင် အကုန်သိသွားပါလိမ့်မယ် အခုတော့ ဒီရွှေညောင်ပင်ရွာရဲ့ ရွာသူကြီးကို ခေါ်ပေးလို့ရမလား”
“ရတယ်ဗျ ”
သံကုလားကဝင်ပြောတာဗျ ။
သံကုလားလည်း အိမ်ပေါ်ကချက်ချင်းဆင်းေပြးသွားတယ်။
ခနကြာတော့ သံကုလားနဲ့ အတူ သူကြီး ဦးဘဒင်ပါလာတယ်ဗျ။
“ကျုပ်က ဒီရွာသူကြီး ဦးဘဒင်ပါ ဘာကူညီရမလဲဗျ”
သူကြီးက ဘိုးမင်းထင်ကိုပြောတော့
“အော်ဒီလိုပါ ဒီရွာသား ဦးထွန်းသာကြီးက သူ့အိမ်နောက်က မန်းကျည်းပင်မှာ လူစားလဲခံရပြီး နေရပါတယ် ဒါကြောင့် သူကသာဓုမခေါ်နိုင်ပါဘူး။အဲ့ဒါကြောင့် သူသာဓုခေါ်နိုင်ဖို့အတွက်ဆို သူကြီးရဲ့ အမိန့်ပြန်တမ်းလိုအပ်လို့ပါ”
ဘိုးမင်းထင်ကပြောတာဗျ ပြီးတော့ အကြောင်းစုံရှင်းပြပြီး ဘယ်လို ပြောရမလဲဆိုတာပါ သင်ပေးလိုက်တယ်။
ပြိးတာနဲ့ ကျုပ်တို့အားလုံး မန်းကျည်းပင်နောက်ကိုသွားကြတယ်။ မန်းကျည်းပင်ရှေ့ရောက်တော့
” ဤမန်းကျည်းပင်မှာ လူစားလဲခံရပြီး စောင့်နေ့ရတဲ့ ဦးထွန်းသာကြီးခင်ဗျာ ဒီမန်းကျည်းပင်ဟာ ဟောဒီ ကျွန်ုပ် ပိုင်တဲ့ ရွာရဲ့ နယ်မြေထဲမှာရှိပါတယ် အဲ့ဒီအတွက်ကြောင့် ကျုပ်က ခင်ဗျားကို ဒီမန်းကျည်းပင်ကိုစောင့်နေရတဲ့ ဘဝက လွှတ်ပေးလိုက်ပါပြီ သင်လွတ်လွတ်လပ်လပ်နေနိင်ပါပြီ ”
သူကြီး ဦးဘဒင်က ဘိုးမင်းထင်သင်ပေးတဲ့အတိုင်းပြောလိုက်တယ်ဗျ။ အဲ့ဒီအချိန် မန်းကျည်းပင်တစ်ခုလုံး လေမတိုက်ပဲနဲ့လှုပ်ခတ်သွားတယ်။
ဘိုးမင်းထင်ကခေါင်းတစ်ချက်ညိတ်ပြီး
” ဦးထွန်းသာကြီးလွတ်လပ်သွားပါပြီ အခုသူ့အတွက်ကုသိုလ်ပြုလုပ်ပြီး အမျှအတန်းပေးဝေရင် သူသာဓုခေါ်နိုင်ပါပြီ အဲ့ဒါဆို သူကျွတ်လွတ်သွားပါလိမ့်မယ်။ ”
လို့ပြောတယ်ဗျ
အရီးခင်ကြည်လည်းမဆိုင်းမတွပဲနောက်နေ့မှာ သင်္ကန်းလှူ ဆွမ်းကပ်ဖို့စီစဥ်လိုက်တယ်ဗျ မနက်မိုးလင်းတော့ ဘဘုန်းကကြွလာတယ်ဗျ။
ကျုပ်တို့တွေလည်း တရားနာဖို့ အာရုံပြုနေကြတာပေါ့ဗျာ။ကျုပ်ဘေးဘီကိုကြည့်လိုက်တော့
ကျုပ်တို့ရွာသူရွာသားတွေရဲ့ဘေးမှာ ဦးထွန်းသာကြီးက ထိုင်ပြီး တရားနာနေတယ်ဗျ။ဘဘုန်းက တရားပေးပြီးလို့ အမျှအတန်းပေးဝေလိုက်တယ်။ ဒီတစ်ခါတော့ ဦးထွန်းသာကြီးတစ်ယောက် သာဓုခေါ်နိုင်သွားပြီဗျ ဦးထွန်းသာကြီးသာဓုခေါ်ပြီးတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က ကိုယ်ရောင်ကိုယ်ဝါတောက်ပလာတယ်ဗျ။ပြီးတော့ မျက်နှာက ပြုံးနေပြီး တဖြည်းဖြည်း အမှုန်ဖြစ်သွားပြီး ပျောက်သွားရောဗျို့။
ဒီလိုဆိုရင်တော့ ဦးထွန်းသာကြီးတစ်ယောက် တကယ်ကျွတ်လွတ်သွားပြီပေါ့ဗျာ
ကျုပ်တို့လည်း ကိစ္စတွေပြီးတာနဲ့ အိမ်ပြန်ခဲ့တာပေါ့ဗျာ။ကျုပ် အပါကြီးနဲ့ အမေကြီးကိုလည်း ဒီအကြောင်းပြန်ပြောပြတော့ အမေကြီးတို့လည်း အံ့သြနေကြတာပေါ့ဗျာ။ကျုပ်လည်း ကျုပ်စိတ်ဝင်စားတဲ့အရာတွေကို အခုလို ကိုယ်တွေ့ကြုံခွင့်ရခဲ့တော့ ကျေနပ်နေမိတာပေါ့ဗျာ။
ကျုပ်က ဦးထွန်းသာကြီးကို ဘာလို့မြင်နေရလဲဆိုတာ ခင်ဗျားတို့တွေးနေကြတယ်မလား ဘာလို့လဲဆိုတော့ ဘိုးမင်းထင်က ကျုပ်ကို သရဲမြင်နိုင်တဲ့ မျက်ကွင်းဆေးကွင်းထားပေးခဲ့လို့ပေါ့ဗျာ။ဒါကြောင့် ကျုပ် အကုန်လုံးကို မြင်ခဲ့ရတာပေါ့။
ပြီးပါပြီ။
#ဥာဏ်ထက်(ရောင်စဥ်)
အမှားပါရင် ခွင့်လွှတ်ပေးပါဗျ လိုအပ်ချက်များကိုလည်း ထောက်ပြနိင်ပါတယ်ဗျ
Leave a Reply