ယောင်္ကျားကြီးတစ်ဦးတို့ ထွက်ပေါ်လာသည်။ သူတို့၏ အိမ်ကြီးရှင်များ ဖြစ်ကြသော ဦးသန်းလှိုင်နှင့် ဒေါ်ဝိုင်းတို့ပင် ဖြစ်လေသည်။ “ဘာဖြစ်နေကြတာလဲ …မောင်ဘမြင့်” လှေကားရင်း ရောက်သည့်နှင့် ဦးသန်းလှိုင်က မေးလိုက်လေ၏။ “ဘာဖြစ်သလဲတော့ မပြောတတ်ဘူး။ အစ်ကို့သ္မီးကိုသာ မေးကြည့်ပေတော့ ။ ကျုပ်ကတော့ စိတ်သိပ်ရှည်ချင်တာ မဟုတ်ဘူး” ကိုဘမြင့်က ပြောရင်း အိမ်ပေါ်သို့ တက်သွားသည်။ ဦးသန်းလှိုင်မှာ အနီးတွင်ရှိသော ဇနီးဖြစ်သူအား လှမ်း၍… “မယ်ဝိုင်း…မင်းသမီးကို မေးစမ်းပါဦး ဘယ်လိုဖြစ်တာလဲ” ဟူ၍ တစ်ဆင့် ပြောသလိုက်သဖြင့် ဒေါ်ဝိုင်းမှာ သမီးဖြစ်သူ မတင်ရီကို မသင်္ကသလိုနှင့် ...

သစ်ကွက်တွေက ငှားရင်း ကျွန်တော်ဦးစီးပြီး အလုပ်လုပ်ကြရပါတယ်။ အဖေက ဆေးကုပြီး ဝင်ငွေရှာသလို ကျွန်တော်နဲ့ ကောက်ရကလည်း သစ်ဆွဲရင်း ဝင်ငွေရှာပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့မိသားစု ချောင်ချောင်လည်လည် ရှိကြပါတယ်ဆရာ” “တယ်ဟုတ်ပါလားကွ၊ ဒါနဲ့ မင်းက ဘာမှုဖြစ်တာ” “ဘိန်းမှုပါ ဆရာ။ ကျွန်တော်တို့ဘက်မှာတော့ ဘိန်းဆိုတာ စွယ်စုံဆင် အရွယ်ရောက်တော့ မုန်ကျလာရင် ဘိန်းကျွေးပြီး ထိန်းသိမ်းမှ လွယ်ကူတယ်ဆရာ။ ချွန်းတွေ၊ ဓားမြှောင်၊ လှံတွေထက် အသုံးဝင်ပါ တယ်။ မိတ်လိုက်ရာသီ ဆင်တွေ မုန်ကျပြီဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ်ဆရာ။ နားရွက်အောက် မုန်တွင်းက ...

ကာ ဦးခေါင်းက ညာဘက်သို့ စောင်းနေသည့်ပုံဖြစ်သည်။ ဆွဲရင်းဆွဲရင်းဖြင့် ပုံက ပြီးလုနီးပါးဖြစ်လာသည်။ ထိုအခိုက်တွင် ‘တီ..’ နေ့လည်ဆယ့်နှစ်နာရီထမင်းစားနားချိန်ဘဲလ်တီးသံထွက်ပေါ်လာသည်မို့ အချို့သောနေ့စားဝန်ထမ်းတွေလည်း စားဖိုဆောင်သို့အသီးသီးထွက်သွားကြသည်။ ပန်းချီဆရာကမူ သူ၏အလုပ်တွင်သာစျာန်ဝင်နေသည်မို့ ဆက်လက်ရေးဆွဲနေလေသည်။ ထိုအခိုက်တွင် သူ၏အနောက်တွင် တစ်စုံတစ်ယောက် ရောက်နေသည်ဟု မသိစိတ်တို့က အချက်ပြနေလေရာ သူလည်းအနောက်သို့လှည့်ကြည့်လိုက်သည်။ “အမလေး” ပန်းချီဆရာသွေးပျက်သွားပြီး စုတ်တံကိုပစ်ချ၍ထွက်ပြေးခဲ့ရာ သရဲရထားအဆောက်အဦးအပြင်ဘက်သို့ တမုဟုတ်ချင်းရောက်ရှိသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်ရသည်မှာ ပြောင်နေသည့် ဦးခေါင်းကိုညာဘက်သို့စောင်းပြီး သူ့အားမျက်လုံးကြီးပြူးကာကြည့်နေသည့် သရဲကိုအနီးကပ်မြင်တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။ ဆိုရလျှင်ထိုသရဲ၏ပုံစံနှင့်အမူအယာသည် လက်ရှိပန်းချီဆရာ​ရေးဆွဲနေသည့်သရဲပုံနှင့်တစ်ပုံစံတည်းဖြစ်နေခြင်းရယ်ပင်။ အဆောက်အဦးအပြင်ဘက်သို့ရောက်တော့ ဝန်ထမ်းတွေကိုပြန်ပြောပြလေရာ ဝန်ထမ်းတွေကလည်း ပြန်လည်မတွေ့နိုင်တော့မှန်းသိပေမင့် စိတ်ဝင်စားကာ ...

အသုံးအနှုန်းပါဝင်နေ သဖြင့်ဆိုင်ရှင်အမျိုးသမီးကိုပင် ပြန်မဖြေနိုင်တော့ပေ။ “ဒီကနောင်ကြီးတို့ကို ကျွန်တော်မေးချင်တာလေးရှိလို့ဗျ ” “ဘာများလဲ မသိဘူး” “သြော် ဒီလိုပါ စောနက နောင်ကြီးတို့ပြောတဲ့အထဲမှာ မိစ္ဆာဆိုတာကိုကြားလိုက်မိလို့ အဲဒါဘာဖြစ်တာလဲလို့ သိချင်လို့ပါ…” “ဒီလိုငါ့ညီရေ ဟိုးမှာမြင်နေရတဲ့ တောင်ကြီးကိုမင်းတွေ့လား” “ဟုတ်တွေ့ပါတယ်” “အဲဒီတောင်ကို ဒုဘိတတောင်လို့ခေါ်တယ်၊ ဒို့သောပန်ရွာသူရွာသားတွေဟာ ဒုဘိတတောင်ပေါ်ကိုတက်ပြီး သစ်ခုတ်ဝါးခုတ်၊မျှစ်ချိုး၊ဆေးဥဆေးမြစ်ရှာပြီး အသက်မွေးကြတဲ့သူအများသား။ အခုဘယ်ကဘယ်လိုရောက်လာသလဲ မသိတဲ့မိစ္ဆာတစ်ကောင်ကြောင့် တောင်ပေါ်ကိုဘယ်သူမှမသွားရဲကြ တော့ဘူးကွ။ “ဘယ်လိုတွေများဖြစ်လို့လဲဗျ ကျွန်တော့်ကိုပြောပြပါဦး……” “အင်း…လွန်ခဲ့တဲ့၂ပတ်လောက်ကနေစတယ်လို့ ပြောရမှာပဲ ငါ့ညီရေ၊တောင်ပေါ်ကို သစ်ခုတ်သွားတဲ့ လှမောင်တို့ ညီအစ်ကို နှစ်ယောက်အိမ်ကိုတော်တော်နဲ့ ပြန်ရောက်မလာလို့ လိုက်ကြည့်တော့ ...

*သာဓုခေါ်ပါအမေ *📖📖📖📖 ******************************* ပရ ဂမ္ဘီရ လုံးချင်း၀တ္ထုတို။ ** နောင် ဝေ ဝေ ဝေ။ “အမေရေ အမေ့ကိုမခေါ်သွားကြပါနဲ့အီးဟီး” နောင်မွန်ရွာကလေးအတွင်း တဲအိမ်ကလေးရှေ့တွင် ရုတ်တရက်ထုချလိုက်သည့် ကြေးစည်သံနှင့်အတူ လူတစုက အလောင်းစင်အားမ,လိုက်နှင့် ဆယ်နှစ်အရွယ်ကောင်လေးတယောက်သည် ဝါးလုံးအားဆွဲခိုကာ ငိုယိုလေသည်။ “ဟာ ဒီကောင်လေး တင်မြတို့လာခေါ်ပါဟ ညနေစောင်းတော့မယ်” ငိုယိုနေသည့်မောင်လေးအား မိန်းမကြီးနှစ်ယောက်က ဆွဲခေါ်သွားကြသည်ကို မိဂျမ်းသည် ညောင်ရေအိုးက လေးကိုင်ပြီး ငေးကြည့်နေမိသည်။ မောင်လေးသည် ငယ်ရွယ်လွန်းသူမို့ လူကြီးများက သင်းချိုင်းသို့မလိုက်ခိုင်းပါ။ မိဂျမ်းကအသက်ဆယ့်သုံးနှစ်မို့ လိုက်ပါခွင့်ရသည်။ ရှားပါးမိသားစု၀င်မို့လည်းဖြစ်မည်။ ...

ကျွန်တော့် မျက်စေ့နှင့်ကို မြင်ခဲ့ရပါတယ် ခင်ဗျာ” ရှား။ ။”ဘယ်အနားမှာလဲ” ထိုသူ။ ။”ဟောဟို သင်္ချိုင်းကုန်း ဒီဘက်နားတင်ပါ ခင်ဗျာ၊ အစားခံရတဲ့လူက ဘယ်သူဘယ်ဝါတော့ မဆိုနိုင်ဘူး၊ ပက်လက်ကြီးကို လန်လို့၊ ဦးပေါ်သိုင်း က သူ့အပေါ်က လေးဘက်ကြီးကို ထောက်လို့ ခင်ဗျ” ရှား။ ။”ကိုင်း ဒါဖြင့် လာ၊ ကျုပ်တို့ကို လိုက်ပြစမ်း” ထိုသူ။ ။(ဆတ်ဆတ်တုန်လာပြန်၍) “မလုပ်တော်မူပါနှင့် ခင်ဗျာ၊ တောင်းပန်ပါရစေ” ရှား။ ။”ကျုပ်တို့နှင့်ကပဲ ၊ ဘာကြောက်စရာ ရှိသလဲ” ထို သူ။ ...

နဂါးဆေးပေါ့လိပ်ကလေးကို ဆက်တိုက်ဖွာလိုက်သေးတယ်။ပြီးတော့မှ……… “ဒီလိုကွ တာတေရ၊ငါတို့ရွာမှာ မကောင်းဆိုးရွားကြီး တစ်ကောင် ဝင်နေလို့ကွ” “ဟေ………ဟုတ်လား၊ဘာတွေ လုပ်လို့တုံး” “ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင် ဟင်းတွေ ပျောက် ပျောက်သွားတာကွ” “ဟေ………ဘယ်လိုကွ စံဘော်ရ” “ဒီလိုကွာ၊ဘုန်းကြီးကျောင်းဆွမ်းလှည့်ကျလို့ ဆွမ်းဟင်းအတွက် ဝက်သားတို့ ဘာတို့ နှစ်ပိဿာလောက် ချက်ထားတာမျိုးဆိုရင် ဟင်းတစ်တုံးမှ မကျန်အောင် စားသွားတာကွ” “ဟေ…………ဟုတ်လား၊ဒါဆိုရင် ဒီအကောင်က အိမ်ထဲဝင်နိုင်လို့ပေါ့ကွ” “အား……ဝင်နိုင်တယ်၊ဝင်နိုင်တယ်၊မီးဖိုချောင်ထဲမှာကို ဝင်စားတာကွ””အဲဒီလိုဟင်းတွေ ဝင်စားနေတာ မကောင်းဆိုးရွားကြီး မှန်း မင်းတို့ ဘယ်လိုလုပ်သိတုံး စံဘော်” ကျုပ်မေးလိုက်တော့ စံဘော်က ခေါင်းညိတ်ပြီး……… ...

ရွာပြင် ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် သူ ကျောင်း နေကျ စားကျက်မှာပဲ နွားတွေသွား ကျောင်းရောတဲ့ဗျို့။   ညနေစောင်းရင် နွားတွေမောင်းပြီး ပြန်လာ တာတဲ့။ သူ့ခြံနဲ့သူ မမှားအောင်ကို ပြန်ပို့တာ တဲ့ဗျ။ ရွာထဲကလူတွေ လန့်သွားကြတာပေါ့ ဗျာ။ နွားရှင်တွေကလည်း စိုးရိမ်ပြီး ငမိုး နင့် ကို ငါတို့ နွားကျောင်းမအပ်တော့ဘူးလို့ ပြော ကြတယ်။ အဲဒီလိုပြောရင် ငမိုးက အဲဒီနွား တွေကို မကျောင်းတော့ဘူးတဲ့ဗျ။   ဒါပေမဲ့ ဘိုးညီလေးတို့အိမ်ကတော့ ငမိုးကို ...

ထပ်လိုက်တော့ပျောက်သွားတာ ထပ်ပေါ်မလာတော့ဘူးကွ ” ” နောက်နေ့ညကျတော့လည်း ဒီလိုပဲကွထပ်ပေါ်လာ တယ် ငါတို့ဝိုင်းလိုက်ပြန်တော့ ပျောက်သွားတယ်ကွ” ” အခုဆို ၃ ညရှိပြီကွပေါ်လိုက်ပျောက်လိုက်နဲ့ ငါတို့ တစ်ရွာလုံးထိတ်လန့်နေပြီ ” ” ဒါ့ကြောင့်ဒီလိုကိစ္စတွေမှာနားလည်တာဆိုလို့မင်းပဲ ရှိတော့အကူညီလာတောင်းရတာပေါ့တာတေရာ ” ကျုပ်နည်းနည်းစဉ်းစားမိတယ်ဗျ။အခုလိုကိစ္စနဲ့ပတ် သက်ပြီးဖြစ်ခဲ့ဖူးပြီလေ။ ” ကဲဗျာ ကိုအောင်ဘုညနေထွန်သိမ်းပြီးတာနဲ့ ကျုပ် လာခဲ့မယ်ဗျာ အခုတော့အလုပ်လက်စလေးမြန်မြန်သိမ်း လိုက်ဦးမယ်ဗျို့ ” ကိုအောင်ဘုလည်း ကျုပ်ကိုကျေးဇူးတင်ကြောင်းပြောပြီး သူ့ရွာကိုပြန်သွားတယ်ဗျ။ကျုပ်လည်း ညနေစောင်း လောက်မှထွန်သိမ်းပြီးကမန်းကတန်းရေကိုချိုးလိုက်တာ ပေါ့ဗျာ။အမေချက်ထားတဲ့ကြက်သားဘူးသီးချက်လေးနဲ့ စားလိုက်တာဗိုက်တောင်တင်းသွားတာပဲဗျ။ စားသောက်ပြီးဆရာမနိုင်ရွာကိုထွက်လာတော့နေ တောင်အတော်ကြနေပြီဗျ။ ဆရာမနိုင်ရွာရောက်တော့ ...

အော်လိုက်မိလေသည်၊ ထိုအခါ ထိုလူက ‘ဆောရီး၊ ဆောရီး’ ဟု ပြောပြီး ၄င်း၏ ထိုင်ခုံဆီသို့ ပြန်သွားလေ၏။                                  ◻           ကျွန်ုပ်သည် ကျွန်ုပ်၏နံဘေးမှ မုတ်ဆိတ်ဖြူကြီးကို လှမ်းကြည့်လိုက်လေ၏။ မုတ်ဆိတ်ဖြူကြီးသညါ ၄င်း၏ခြေထောက် နှစ်ခုစလုံးကို ခုံပေါ်သို့ တင်၍ထားကြောင်း တွေ့ရလေ၏။ မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလိုလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ...