ဝိညာဥ်စုပ်တဲ့မိစ္ဆာ

အသုံးအနှုန်းပါဝင်နေ
သဖြင့်ဆိုင်ရှင်အမျိုးသမီးကိုပင်
ပြန်မဖြေနိုင်တော့ပေ။

“ဒီကနောင်ကြီးတို့ကို ကျွန်တော်မေးချင်တာလေးရှိလို့ဗျ ”

“ဘာများလဲ မသိဘူး”

“သြော် ဒီလိုပါ စောနက
နောင်ကြီးတို့ပြောတဲ့အထဲမှာ မိစ္ဆာဆိုတာကိုကြားလိုက်မိလို့
အဲဒါဘာဖြစ်တာလဲလို့ သိချင်လို့ပါ…”

“ဒီလိုငါ့ညီရေ ဟိုးမှာမြင်နေရတဲ့
တောင်ကြီးကိုမင်းတွေ့လား”

“ဟုတ်တွေ့ပါတယ်”

“အဲဒီတောင်ကို ဒုဘိတတောင်လို့ခေါ်တယ်၊
ဒို့သောပန်ရွာသူရွာသားတွေဟာ
ဒုဘိတတောင်ပေါ်ကိုတက်ပြီး
သစ်ခုတ်ဝါးခုတ်၊မျှစ်ချိုး၊ဆေးဥဆေးမြစ်ရှာပြီး
အသက်မွေးကြတဲ့သူအများသား။
အခုဘယ်ကဘယ်လိုရောက်လာသလဲ
မသိတဲ့မိစ္ဆာတစ်ကောင်ကြောင့်
တောင်ပေါ်ကိုဘယ်သူမှမသွားရဲကြ
တော့ဘူးကွ။

“ဘယ်လိုတွေများဖြစ်လို့လဲဗျ
ကျွန်တော့်ကိုပြောပြပါဦး……”

“အင်း…လွန်ခဲ့တဲ့၂ပတ်လောက်ကနေစတယ်လို့
ပြောရမှာပဲ ငါ့ညီရေ၊တောင်ပေါ်ကို
သစ်ခုတ်သွားတဲ့ လှမောင်တို့ ညီအစ်ကို
နှစ်ယောက်အိမ်ကိုတော်တော်နဲ့
ပြန်ရောက်မလာလို့ လိုက်ကြည့်တော့
တောထဲမှာလှမောင်ရဲ့အလောင်းကိုပဲ
ပြန်ပြီးတွေ့ကြတယ်လေ။
ဒါနဲ့ညီဖြစ်သူလှဆောင်ကို
လိုက်ရှာတော့တောင်ပေါ်က
ဂူတစ်လုံးထဲမှာအသက်ရှင်လျက်
သူ့ကိုပြန်ပြီးတွေ့လိုက်ရတယ်၊
ဒါပေမယ့်လှဆောင်က အရင်လိုမဟုတ်ပဲ
သွက်သွက်ခါအောင်ရူးသွားတယ်
လှဆောင်ကိုချော့ခေါ်ပြီးရွာမှာနေခိုင်း
ရတယ်။
လှဆောင်အမြဲရွတ်နေတတ်တာကတော့
ဝိညာဉ်စုပ်တဲ့မိစ္ဆာကြီး လာနေပြီ
လာနေပြီ ဆိုတာပါပဲ၊လှမောင်သေပြီး
နောက်၂ရက်လောက်ကြာတော့
ရွာထဲကဆေးဥသွားတူးတဲ့ မင်းမောင်လည်း ပြန်မလာလို့ လိုက်ကြည့်တော့ တောင်ပေါ်မှာ
အလောင်းပဲပြန်တွေ့ရတယ်၊
တစ်ယောက်ပြီးတစ်ယောက် သေလာလိုက်တာ ဒီကနေ့သေသွားတဲ့
သူရနဲ့ဆိုရင် ၉ယောက်တောင်ရှိပြီလေ
သေသွားတဲ့လူတွေဟာ ပါးစပ်ဟလျက်နဲ့
မျက်လုံးကြီးပြူးပြီးသေနေတာချည်းပဲ
ငါ့ညီ……”

“ဟုတ်တယ် ငါ့ညီရေ သူရကိုလည်းအစ်ကိုတို့တားကြပါ
သေးတယ်
တောင်ပေါ်မသွားဖို့ရာကို၊ဒါပေမယ့်
ဒီကောင်ကသိပ်ခေါင်းမာတာ
တားနေတဲ့ကြားကကိုသွားတော့
မသေသင့်ပဲသေရတာပေါ့ကွာ…”

“ဖြစ်နိုင်ရင်ဒီမိစ္ဆာကောင်ကို
မျက်နှာချင်းဆိုင်တွေ့ ပြီး သတ်ပစ်လိုက်
ချင်တယ်၊ဒါပေမယ့် အစ်ကိုတို့မှာ
သူ့ကိုနိုင်မယ့်နည်းလမ်းသိမှမသိပဲလေ
ဒါနဲ့ဒီကငါ့ညီကိုကြည့်ရတာ
သိုင်းပညာအတော်တတ်မယ့်ပုံပဲ
နောက်ကျောမှာလည်းဓါးရှည်ကြီးနဲ့
ဆိုတော့လေ…”

“ဟင်း…ဟုတ်ပါတယ်
ကျွန်တော်သိုင်းပညာတတ်ကျွမ်းပါတယ်
ပြီးတော့ကျွန်တော်ကလူသားတွေကို
အနိုင်ကျင့်ဗိုလ်ကျနေတဲ့မိစ္ဆာတွေကို
ရှာဖွေပြီးသုတ်သင်နေတဲ့လူတစ်ယောက်ပါ……”

“ဟေ…”

“ဟာ…”

ရွာသားနှစ်ယောက်လည်း
မိစ္ဆာနှင်သူ၏စကားကြောင့်
အံ့အားသင့်ခြင်း၊ဝမ်းသာခြင်းများဖြင့်
ပြည့်နှက်သွားတော့သည်။

“မိစ္ဆာနှင်သူဆိုတော့ မိစ္ဆာတွေကို
နိုင်တာပေါ့နော်…”

ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးက
ဝင်ရောက်မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပါတယ် ကျွန်တော်က
မိစ္ဆာတွေကိုတိုက်ခိုက်နှိမ်နင်း
နိုင်ပါတယ်၊အခုသောပန်ရွာသူရွာသားတွေ
ကြောက်နေကြတဲ့ဝိညာဉ်စုပ်မိစ္ဆာကို
လည်းကျွန်တော့်လက်နဲ့နှိမ်နင်း
ပေးသွားမှာပါ……”

“ဟာဝမ်းသာလိုက်တာငါ့ညီရာ”

“ဝမ်းသာလိုက်တာရှင်”

“ငါ့ညီကအခုလိုကူညီမယ်ပြောတော့
အစ်ကိုကပဲရွာသူရွာသားတွေအစား
ကျေးဇူးတင်ပါတယ်ကွာ…”

“မလိုပါဘူး အစ္ကိုရာ
ကျွန်တော့်အလုပ်က မိစ္ဆာတွေကို
နှိမ်နင်းဖို့ပဲမဟုတ်လား၊ဒီတော့မိစ္ဆာတွေကိုရှာပြီးသတ်ပေးရမှာ
ကျွန်တော့်တာဝန်ပဲပေါ့ဗျာ…”

“ဟုတ်တာပေါ့ ငါ့ညီရာ
ဒါပေမယ့်မိစ္ဆာကိုလျှော့မတွက်မိစေနဲ့
ငါ့ညီ ဂရုစိုက်ပြီးလုပ်ဦးကွ။

“စိတ်ချပါ အစ်ကို…
ကဲ ပြောနေကြာတယ် အခုပဲဒီမိစ္ဆာကို
သွားပြီးနှိမ်နင်းပစ်မယ်ဗျာ။

“အစ်ကိုတို့လည်းလိုက်ခဲ့ပါရစေညီလေး”

“ဟာ နေ နေပါ အစ်ကိုတို့မလိုက်ပါနဲ့
ရွာမှာပဲနေပြီး အေးအေးဆေးဆေး
နေကြပါ၊မိစ္ဆာကောင်ကိုသုတ်သင်ပြီး
တာနဲ့ကျွန်တော်ပြန်လာခဲ့ပါ့မယ်ဗျာ။

“ကောင်းပါပြီ ငါ့ညီ
ဒါနဲ့ ငါ့ညီနာမည်ကိုလည်းမသိရပါလား”

“ကျွန်တော်က မိစ္ဆာနှင်သူအောင်ဓူဝံပါ
သွားခွင့်ပြုပါဦး အစ်ကို”

မိစ္ဆာနှင်သူလည်းဒုဘိတတောင်ဆီသို့
ဦးတည်ပြီးလာခဲ့တော့သည်။

တောင်ကြီးတစ်ခုလုံးကြီးမားသည့်
သစ်ပင်ကြီးများကြောင့် စိမ်းစိုနေသည်။
သာယာသည့်ကျေးငှက်များ၏အသံက
သာယာနာပျော်ဖွယ်ရာအတိပင်
မိစ္ဆာနှင်သူလည်းဒုဘိတတောင်ပေါ်သို့
တဖြည်းဖြည်းနှင့်တက်လှမ်းလာခဲ့သည်။
နာရီပိုင်းခန့်အကြာမှတောင်တစ်ဝက်သို့
ရောက်ရှိလာသည်။

မိစ္ဆာနှင်သူလည်းမိစ္ဆာ၏
အငွေ့အသက်ကိုခံစားမိလာသည်။
မိမိနှင့်သိပ်မကွာသောနေရာ၌
မိစ္ဆာရှိရမည်ဟုအတတ်သိလိုက်သည်။
မိစ္ဆာနှင်သူလည်းဝိညာဉ်စုပ်မိစ္ဆာအား
သတိပြုမိစေရန် တေးသီချင်းတစ်ပုဒ်ကို
ညည်းဆိုနေလိုက်သည်။
တေးသီချင်းတစ်ဝက်ခန့်အရောက်တွင်
တော့ငြိမ်သက်နေသည့် သစ်ပင်ကြီးများ
စတင်လှုပ်ရှားလာသည်။
မိစ္ဆာနှင်သူလည်းမသိချင်ယောင်ဆောင်
ကာသီချင်းကိုဆက်လက်သီဆိုနေ
လိုက်သည်။

တဖြည်းဖြည်းနှင့်တောင်ကြီးတစ်ခုလုံး
ရုတ်ချည်းဆိုသလိုပင်မည်းမှောင်သွား
တော့သည်။
မိစ္ဆာနှင်သူအောင်ဓူဝံလည်း
မှော်ဓါးအားဆွဲထုတ်ပြီး ရန်သူကိုတိုက်ခိုက်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။

“ဟီး ဟီး ဟီး”

“နောက်ထပ်ဝိညာဉ်တစ်စုံ
စားခွင့်ကြုံပြန်ပြီဟေ့ ”

“ဟား ဟား ဟားဟား”

ခန္ဓာကိုယ်တစ်ခုလုံးနက်မှောင်ပြီး
လေပေါ်မှဆင်းသက်လာသော
မိစ္ဆာကောင်အားမြင်လိုက်ရလေသည်။
မိစ္ဆာကြီး၏မျက်နှာကအဖုအထစ်များဖြင့်
ပြည့်နှက်နေပြီး ပါးစပ်အတွင်းမှ အစွယ်ကြီးများကအပြင်သို့ငေါ့ထွက်
နေလေသည်။

“ဒီမယ်မိစ္ဆာကောင် မင်းငါ့ဝိညာဉ်ကို
စားချင်တိုင်းစားလို့ရမယ်ထင်နေလား”

“အံမယ်…ဒီလူသားက တယ်လည်း
အပြောကြီးသကိုး၊ပြောပါလေ ပြောပါ
မကြာခင်မင်းကငါ့လက်ချက်နဲ့
သေရတော့မယ့်လူတစ်ယောက်ပဲလေ
မသေခင်မင်းပြောချင်တာပြောသွား ပြောသွား,

“ဟား ဟား ဟား ဟား”

“ဝုန်း”

ရုတ်တရက်ဆိုသလို ဝိညာဉ်စုပ်မိစ္ဆာက
ဝုန်းကနဲလေပေါ်ပျံတက်ပြီး မိစ္ဆာနှင်သူ
အနီးသို့ရောက်လာကာတိုက်ခိုက်လေ
သည်။
မိစ္ဆာနှင်သူလည်းနောက်ဂျွမ်းထိုးကာ
ရှောင်တိမ်းလိုက်သဖြင့်
မိစ္ဆာ၏တိုက်ခိုက်မှုမှလွတ်သွားသည်။

“ငါ့လက်ကလွတ်မယ်ထင်နေသလား”

ဝိညာဉ်စုပ်မိစ္ဆာလည်း ဒေါပွပြီး
မိစ္ဆာနှင်သူအားတရစပ်တိုက်ခိုက်
တော့သည်။
မိစ္ဆာနှင်သူလည်း ဝိညာဉ်စုပ်မိစ္ဆာ၏
လက်သည်းအချွန်ကြီးများဖြင့်
မထိခိုက်မိစေရန် ကြိုးစားပြီးရှောင်တိမ်း
လိုက်သည်။

“မင်းပြီးရင် ငါ့အလှည့်ပဲဟေ့”

မိစ္ဆာနှင်သူလည်းမှော်ဓါးဖြင့်
တန်ပြန်တိုက်ခိုက်လိုက်လေသည်။
ဝိညာဉ်စုပ်မိစ္ဆာလည်း မိစ္ဆာနှင်သူအောင်ဓူဝံ၏ဓါးချက်များမှ
လွန်မြောက်ရန်အသည်းအသန်
တိမ်းရှောင်နေရတော့သည်။

“ရော့…ဒါကမိစ္ဆာနိုင်ဂါထာပဲ”

မိစ္ဆာနှင်သူလည်းလက်ထဲမှ
မိစ္ဆာနိုင်ဂါထာစာရွက်ဖြင့် ဝိညာဉ်စုပ်
မိစ္ဆာ၏ရင်ဝအားပစ်ပေါက်လိုက်သည်။

“ဝုန်း”

“အား…”

“ဘုံး”

မိစ္ဆာနိုင်ဂါထာ၏အစွမ်းကြောင့်
ဝိညာဉ်စုပ်မိစ္ဆာလည်း ဝုန်းကနဲနောက်သို့
လွင့်စင်သွားတော့သည်။
မြေပေါ်၌လဲကျနေသော မိစ္ဆာကြီးလည်း
ကုန်းရုန်းပြီးပြန်ထလိုက်ချိန်
မိစ္ဆာနှင်သူအောင်ဓူဝံက လက်ထဲမှ
မှော်ဓါးဖြင့်မိစ္ဆာ၏နှလုံးတည့်တည့်အား
ထိုးသွင်းလိုက်တော့သည်။

“စွတ်”

“အင့်…”

“အဟွတ်…”

“ရွဲ ရွဲ ရွဲ”

ဝိညာဉ်စုပ်သည့်မိစ္ဆာလည်း
မှော်ဓါးဖြင့်အထိုးခံလိုက်ရသဖြင့်
တစ်ကိုယ်လုံးလောင်ကျွမ်းကာ
ပြာမှုန့်အဖြစ်သို့ပြောင်းကာ
ပျောက်ကွယ်သွားလေတော့သည်။

သောပန်ရွာသူရွာသားများ၏
ဝိညာဉ်များအား အားပါးတရ
စားသောက်ထားသည့်ဝိညာဉ်စုပ်
မိစ္ဆာကြီးလည်းမိစ္ဆာနှင်သူ၏
လက်ချက်ဖြင့်သေဆုံးသွားရတော့သည်။
မိစ္ဆာကြီးသေဆုံးသွားသည်နှင့်
အောင်ဓူဝံလည်းသောပန်ရွာသို့
ပြန်လာခဲ့တော့သည်။

ရွာထိပ်တွင်ရောက်တော့
မတ်တပ်ရပ်ကာစောင့်နေကြသည့်
လူအုပ်ကြီးအားမြင်လိုက်ရသည်။

“ဟာ…ဟိုမှာမိစ္ဆာနှင်သူပြန်လာပြီဟေ့”

“ဟာဟုတ်ကွ သူမသေဘူးဟေ့”

“ဘယ်လိုလဲ ဟိုဝိညာဉ်စုပ်မိစ္ဆာကြီးကို
အနိုင်ယူခဲ့လား”

သောပန်ရွာသားများက မိစ္ဆာနှင်သူ
ပြောလာမည့်စကားများကိုစိတ်ဝင်
တစားဖြင့်နားစွင့်နေကြသည်။

“ဒီကနေ့ကစပြီး ဒုဘိတတောင်ပေါ်ကို
အန္တရာယ်ကင်းကင်းနဲ့သွားလာနိုင်ပါပြီ၊
ဝိညာဉ်စုပ်တဲ့မိစ္ဆာကြီးလည်း
မရှိတော့ပါဘူး”

“ဟေး…”

“ဟေး…မိစ္ဆာကြီးမရှိတော့ဘူးတဲ့ဟေ့”

“ပျော်လိုက်တာ အစ်ကိုရယ်
က်ြန္မတို့ရြာကိုအခုလိုကူညီလို့
ကျေးဇူးအထူးတင်ပါတယ်ရှင်…”

“ရပါတယ်ဗျာ
လူသားအချင်းချင်းပဲ ကူညီရမှာပေါ့၊
ကျွန်တော့်တာဝန်ကရိုင်းစိုင်းတဲ့မိစ္ဆာတွေ
ကိုသုတ်သင်ပစ်ဖို့ပါပဲ…”

“မိစ္ဆာနှင်သူကိုကျုပ်တို့ရွာသားတွေ”
ညစာနဲ့ကောင်းကောင်းဧည့်ခံပါရစေ”

“ဟုတ်ပါတယ်ရှင်
မိုးလည်းချုပ်တော့မယ်ဆိုတော့
ညစာနဲ့ကောင်းကောင်းဧည့်ခံပါရစေရှင်”

“လက်ခံပါတယ်ဗျာ
သောပန်ရွာသူရွာသားတွေကျွေးတဲ့
ညစာကိုကျွန်တော်ကောင်းကောင်းကြီး
စားသုံးပါ့မယ်…”

“လာဟေ့ လာဟေ့
မိစ္ဆာနှင်သူကိုရွာထဲခေါ်ခဲ့ကြဟေ့”

သောပန်ရွာသားများက မိစ္ဆာနှင်သူအား
အိမ်သို့ဖိတ်ခေါ်ပြီး ညစာများဖြင့်
ဧည့်ခံကျွေးမွေးကြလေသည်။
ညစာစားသောက်ပြီးသွားပေမယ့်
သောပန်ရွာများကမိစ္ဆာနှင်သူ
ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များအား
ပြန်ပြောခိုင်းကြသဖြင့် ညဉ့်ကြက်တွန်မှ
အိပ်ရာဝင်ခဲ့ရတော့သည်။

ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ