သေနတ်နဲ့လှမ်းပစ်တာနဲ့ မတက်ရဲဘဲ အိမ်ကိုပဲဝိုင်းထားရတယ်ဗျ” ဦးစံခိုင်တစ်ယောက် စိတ်ပူပန်သွားပြီး “ဘယ်လိုလုပ်ရမလဲကွာ၊ ဒီမှာကလေးက မွေးနေပြီကွ” ခင်ကြိုင်က “ထားလိုက်ပါသူကြီးရယ်၊ ခုနကပဲ ကလေးငိုသံကြားရပြီမဟုတ်လား၊ ခေါင်းထွက်နေရင်မကြာဘူးမွေးပါပြီဗျ၊ ရွာအရေးက အရေးကြီးပါတယ်ဗျာ” ဦးစံခိုင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် “ဟေ့ကောင်ခင်ကြိုင် မင်းသေသေချာချာစောင့်ကြည့်ထား၊ ကလေးမွေးပြီးရင် ဘာလေးမွေးတယ်ဆိုတာ ငါ့ကိုလာပြောစမ်းကွနော်” သူကြီးဦးစံခိုင်တစ်ယောက် သူဝတ်ဆင်ထားသည့် တောင်ရှည်ပုဆိုးကြီးကို ခါးတောင်းကျိုက်လိုက်ပြီးနောက် အိမ်ပေါ်မှပြေးဆင်းသွားလေရာ ဖိုးခွေးက သူကြီးကိုကြည့်ရင်း “သူကြီး၊ ဘာလက်နက်မှ မယူတော့ဘူးလားဗျ” “မယူတော့ပါဘူးကွာ၊ ဟေ့ကောင်ဖိုးခွေး မြန်မြန်လာကွ” သူကြီးဦးစံခိုင် ရွာအတွင်းသို့ အပြေးတစ်ပိုင်းဖြင့် ပြေးထွက်လာခဲ့သည်။ ဦးဘောဂတို့မှာ ...

မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလိုလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ။ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့နည်းများ ပါသေးလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေသည်။ ထို့ကြောင့် ကျွန်ုပ်က .. “ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတာဘူး၊ ဒါတွေ ဘယ်ပါပါ့မလဲ” ဟု ပြန်၍ပြောလိုက်လေသည်။ ထိုအခါ မုတ်ဆိတ်ဖြူကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ ပရုတ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း ...

မြေကြီးများနှင့် ရောလုံးနေသည့် မျက်နှာသုတ်ပဝါ အသေးလေးတစ်ထည်ကို တွေ့ရသည်။ မျက်နှာသုတ်ပဝါ ကလေး၏ အလယ်မှာ လက်ညှိုးလုံးခန့် မီးလောင်ပေါက်တစ်ခုရှိ၏။ ဆက်လက်၍ကြည့်လိုက်သောအခါ သေသူ၏ လက်ထဲမှာ ဆုပ်ထားသည့် ပစ္စည်းတစ်ခု၊ ယူကြည့်လိုက်တော့ အပြာရောင် ကော်ကြယ်သီးတစ်လုံး။ တွေ့ရှိ သက်သေခံပစ္စည်းများအား စနစ်တကျသိမ်းဆည်း၍ သက်သေ ခံ စာရွက်မှာ ဖြည့်စွက်သိမ်းဆည်းလိုက်သည်။ ရဲလုပ်ထုံးနှင့်အညီ မှတ်တမ်း တင်ဓာတ်ပုံများကို ရှုထောင့်အသီးသီးမှ ရိုက်ယူလိုက်သည်။ ပတ်ဝန်းကျင်ကို ဆက်လက် စူးစမ်းလေ့လာလိုက်သောအခါ အလောင်းမြှုပ်သည့်နေရာနှင့် ပေ (၂၀)ခန့်အကွာ မြေပြင်မှာ နီရဲသော သွေးကွက် များနှင့် ...

နောက်နေသူဖြစ်သည်။ “ဒေါ်မြကျင် မနက်ဆွမ်းဟင်းကောင်းကောင်းချက်နော် အခုတော့ ဆေးလိပ်တစ်လိပ်လောက် ပေးသောက်ပါဦး” “အင်း သည်အိမ်ရောက်ရင် ဗိုက်ထဲတစ်ခုခု မထည့်ရရင် မပြန်တဲ့ကောင် တစ်ခုခုမှ မရရင် ရေဖြစ်ဖြစ် သောက်သွားရမှ” “ဟဲဟဲဦးလေးတင်ဒို့ အစ်မမြင်ကျင်တို့လို သဒ်ဓါတရားကောငျးတဲ့ လင်မယား နောက်ကို သည့်ထက်ပိုပြီး ချမ်းသာအုံးမှာ” “အောင်ဝင်း” “ဗျာ’ “ဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက်ဆေးလိပ် တစ်လိပ် ပေးလိုက် မီးခြစ်ပါ တစ်ခါတည်း ယူခဲ့ကြ” “ဦးပုတင်ကြီးရောက်လာရင် တယ်အလုပ်ရှုပ်တာပဲ” “လူကြီးတွေရဲ့ သဒ်ဓါတရားကို မင်းကဖျက်ဆီးဦးမလို့လားကွ” “ကိုယ်ဟာကိုသောက်ချင်ရင် ကိုယ်ဟာကိုယ် ယူသောက်တာမဟုတ်ဘူး အင်း ...

စုန်းတွေတောင် ဒီ သစ်ခေါင်းပေါက် ဖိုးဝေကို  ကြောက်နေရတယ် ၊ “     “သူက ဘာလို့ နှောက် ယှက်နေတာ လဲ ဗျ “     “ငါလည်း မသိပါဘူးကွာ ဒီကောင်လေး ရဲ့ ပါရမီကတော့ အံ့မခန်းပဲကွ  အဲ့ဒါ‌ေကြာင့် တော်တော် များများ အ‌ေမှာင် ပညာသည် တွေက သစ်ခေါင်း‌ေပါက် ဖိုးဝေကို ဆုံးမပေးဖို့ ငါ့ကို ပြောထားတာ သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ မင်းအရွယ် လောက်ပဲ ရှိဦးမယ် “     ...

ရောက်လာတယ် သူကပယောဂတွေကုတတ်တယ် သူအိမ်ရောက်တာနဲ့ကျနော်ကိုလာကြည့်တော့ မဟုတ်သေးဘူးဒါကရိုးရိုးတန်းတန်းဖြစ်တဲ့ရောဂါမဟုတ်ဘုူး ငါ့တူလေးစုန်းစာဖြစ်နေတာစုန်းစာဆိုတာ စုန်းတွေစားတဲ့အစားအစာပေါ့ ကျနော်အဖေကိုခေါ်ပြီးပြောတယ် အဖေကလည်းခွင့်ပြုတယ်အထက်လမ်းဖြင့်ကုဖို့ကို မထူးတော့ဘူး ကောင်းမယ်ဆိုဘာဖြစ်ဖြစ်လုပ်မယ်ပေါ့ ညရှစ်နာရီလောက်ပေါ့ ဦးလေးက ဘေးမှာထိုင်ပြီးကျနော် နဖူးကိုကိုင်ပြီးဘုရားစာရွှတ်နေသည် ကျနော်အားပြည့်လာသလိုခံစားနေရသည် ဦးလေးဘုရားစာရွှတ်နေတုန်း ဘယ်ဘက်ကမှန်းမသိတဲ့ မိန်းမတယောက်ရဲ့ကျယ်လောင်စွာအော်ရီသံကို ပတ်ဝန်းကျင်တခုလုံးကြားလိုက်ရသည်သူရီသံက အတော်ခြောက်ခြားဖို့ကောင်းတယ်ဗျ အားလုံးကြားရသည် ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည် ရီသံမာခနနေတော့ပျောက်သွားပြန်သည် ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ ငါကယ်လို့မရတော့ဘူးပြောတော့အမျိုးတွေကော မိသားစုတွေကောအားလုံးငိုကြကုန်သည် အမေကဦးလေးကို ငါ့သားကိုရအောင်ကယ်ပေးပါ လို့ပြောပြီးငိုနေရှာတယ် ဒါနဲ့အိမ်ဘေးကအဖိုးတယောက်ရောက်လာပြီး ကျနော်အဖေအား မင်းရဲ့သားကို ငါသိတဲ့ ဆရာတယောက်နားသွားကုကြည့်ပါလား ပြောလာတော့သည်အားလုံးကလည်းကုကြည့်ရန်တိုက်တွန်း ကြတော့သည် ခုတော့ညနက်နေပြီ ဘယ်လိုလုပ်မလည်း ...

ထိုကုန်းအနီးတွင် တည် ရှိသော ရွာကိုလည်းကောင်း ခေါ်ဝေါ်ကြသည်။ ဟုတ်သည်၊ မဟုတ်သည် ခိုင်လုံသောအထောက် အထားမရှိသေးသော်လည်း ထိုဒေသတစ်ဝိုက်တွင် တရုတ်ပြေးမင်းနှင့် ဆက်နွယ်သော အမည်နာမ များကို တွေ့ရှိရသည်။ မင်းကြီးကုန်းနှင့် ခရီးဆယ် မိုင်မျှဝေးသော အကွာ၌ ရွာကြီးတစ်ရွာရှိသည်။ ထိုရွာကြီး၏ အမည်မှာ ‘တရုတ်မှော်’ဖြစ်၏။ ထို ရွာ၏ ရှေးယခင်က အမည်ရင်းမှာ ‘တရုတ်မျှော်’ ဖြစ်သည်ဟု ပြောကြ၏။ နောက်က ထပ်ကြပ်မကွာ လိုက်လာသော တရုတ် တပ်တို့ကို မျှော်ကြည့်ခဲ့သော နေရာဖြစ်၍ တရုတ် မျှော်ဟု ခေါ်ခဲ့ပြီး၊ ...

ပြန်ယူမယ် ကဲ ဘယ်လိုလဲ” “ဟေ့..ဟေ့..ကောင်..ကောင်..မျက်..မျက်. မှေး..မှေး..ငါ..မင်း..မင်းကို. .စ..မဟုတ်. ဟုတ်. ဘူး၊ သီ..သီ..ချင်းပါ..ဆို..ပြ..ပြ.. လိုက်.ဦးမယ်” “အေး မင်း တကယ်နော်၊ ဒီမှာ ငွေတစ်ကျပ်၊ ငါ တာတေကို အပ်လိုက်ပြီနော်” “ကဲ ဘထစ်ရေ ဆိုပေတော့၊ မထစ်မှ ဒီတစ် ကျပ် မင်းရမှာနော် ဟေ့ကောင်” ကျုပ်က ဘထစ်ကို ငွေတစ်ကျပ် ထောင်ပြ ရင်း ပြောလိုက်တယ်ဗျ “ကဲ ..ကဲ..ငါ..ငါ..စ..စ..ဆို..ပြီ..ပြီနော်” “အေးပါ စပါ စပါ အဆိုတော် မောင်ဘ ထစ်ရာ” ...

သူတို့အနားသွားထိုင်လိုက်တယ်။ “ကျွန်မအရမ်းမောလာလို့ ရေနွေးကြမ်းလေးတစ်ခွက်လောက် တိုက်ပါလားရှင့် ” “မတိုက်နိုင်ဘူး တိုက်လို့မရဘူး နင်ဘယ်ကလဲ ” ကျွန်မကိုလေသံမာမာနဲ့ နင်ဘယ်ကလဲလို့အဲဒီလူကြီးကမေးတယ်။ “ကျွန်မဝေါမြို့ ကပါ အခုရန်ကုန်ကနေ ဒီကိုပြေးလာတာမောလို့ရေနွေးလေး တစ်ခွက်တောင်မတိုက်ချင်ကြဘူး။ ဗမာလူမျိုးအချင်းချင်းအဲလောက်တော့ မနှမြောသင့်ပါဘူးရှင် ” “ငါပြောပြီးပြီပဲ နင့်ကိုတိုက်လို့မရဘူးလို့ သွားနင်ပြန်တော့ နင်နေတဲ့ဆီကိုပြန်တော့” အဲလူကြီးကကျွန်မကိုအသည်းအသန် ပြန်ခိုင်းတယ်၊ကျွန်မလည်းမပြန်ဘူးလို့ ပြောလိုက်တယ်။ “ဟေ့ကောင်တွေသွား ခေါင်းဆောင်ကိုသွားခေါ်ချေ ” အဲဒီလူကြီးကသူ့ဘေးကလူနှစ်ယောက် ကိုခိုင်းလိုက်ပါတယ်။ သူ့စကားဆုံးသွားတော့သူ့ဘေးက လူနှစ်ယောက်လည်းဖျက်ကနဲပျောက်သွားကြတယ်။ ဒါနဲ့ကျွန်မလည်းပေကပ်ပြီးထိုင်နေလိုက်တယ်။ ခဏလောက်နေတော့ “ဒုန်း ဒုန်း ဒုန်း” ဆိုပြီးအသံကြီးကိုကျွန်မကြားလိုက်ရ တယ်။ ...

ဟု ပြောလိုက်ရာ ခင်ခင်က… “မှန်တာပေါ့ အကိုရယ်.. တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်းရှိတယ်။ ကျန်တဲ့နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏။ ထို့နောက် ခင်ခင်က… “ဒါနဲ့ အကိုရယ် .. မေးရမှာတော့ အားနာပါတယ်။ အစ်ကို ဘာအလုပ်လုပ်လဲ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင်ရေ” ဟု ပြန်ဖြေလိုက်လျှင်… “ဒီလိုဆိုရင်တော့ ခင်ခင်က အကူအညီ တောင်းချင်တယ်။ ...