ကျောက်ခဲ လာခဲ့ ဝင်ခဲ့လေ” ကျောက်ခဲကလည်း ညက တော်တော်အိုက်မယ် ပုံပဲဗျ။ စွပ်ကျယ်ချိုင်းပြတ်လေး ဝတ်လို့။ ဝိုင်းထဲ ကို ခပ်သုတ်သုတ်ကျော် ဝင်လာတယ်။ “လာ ထိုင် ကျောက်ခဲ၊ ငါတို့တော့ ညက အိပ်မ ပျော်တာနဲ့ ခုမှပဲ အိပ်ရာထနိုင်တော့တယ်” “ဒါဆိုရင် ညက ခွေးအူသံကြီးကို ကိုကြီးတာတေ ကြားမှာပေါ့” “ဟာ…ကြားတာပေါ့ ကျောက်ခဲရဲ့” “အဲဒီကိစ္စ ရွာထဲမှာတော့ ကျွက်စီ ကျွက်စီ ဖြစ် နေပြီဗျို့” “ဟေ …ခွေးအူတာ ဘာဖြစ်လို့တုံး ကျောက်ခဲရဲ့” “ညက ...

ဖခင်မေတ္တာ ပေးရမှာပေါ့’’ “အခုမှ လူ့လောကထဲ ရောက်လာခါစ ဘာမှ မသိနားမလည်တဲ့၊ အပြစ်ကင်းစင်တဲ့ ကိုယ့်ရင်သွေးမွေးကင်းစလေးတွေကို အဖေကိုယ်တိုင်က သစ်ပစ်တယ်ဆိုတာ လူကြားလို့မှ မကောင်းပါဘူးကွယ်၊ မလုပ်သင့်ပါဘူး၊ မလုပ်လိုက်ပါနဲ့နော်’’ စသည်အားဖြင့်ပေါ့လေ။ သူတစ်ပါးရဲ့ အသက်ကို သတ်ခြင်းရဲ့ အပြစ်တွေရော၊ ဝဋ်ကြွေးရဲ့ သဘောတရားတွေရော၊ သံသရာလည်ပုံ သဘောတရားလေးတွေရော အမျိုးစုံ ရှင်းပြတော့မှ အဖေဖြစ်တဲ့ ပုဂ္ဂိုလ်က သဘောပေါက်သွားတယ်။ “အရှင်ဘုရား ကိုယ့်ကျောင်းကို အေးအေးချမ်းချမ်း ပြန်တော်မူပါ။ တပည့်တော် အခု သူတို့ကို မသတ်သေးပါဘူးဘုရား။ ဒါပေမဲ့ သူတို့ နည်းနည်းကြီးလာရင်တော့ ...

ထွက်လာခဲ့ပြီး “မတွေ့ဘူး မောင် အလုပ်ထဲကျန်ခဲ့မှာပေါ့ ရှာကြည့်အုံး . မောင် ညနေစောစောပြန်ခဲ့နော်” မနက်ထိ အကြောက်မပြေသေးသော ဇနီးသည်၏ ခေါင်းလေးအား တစ်ချက်ပုပ်ကာ “စိတ်ချ ညနေအစောပြန်ခဲ့မယ် သမီးလေးကိုဂရုစိုက် ခြံတံခါးပိတ်ထား” မေ ခေါင်းငြိမ့်ပြလိုက်ရင်း ကားမောင်းထွက်သွားသော ယောင်္ကျားကို မျက်စိရှေ့မှပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေပြီးမှ ခြံတခါးပိတ်ကာ ဝင်လာခဲ့သည်။ “သမီးလေးရေ ထတော့ မျက်နှာသစ်ပြီး မနက်စာ စားရအောင်” အိပ်ရာထက်မှသမီးလေးကို တစ်ချက်နမ်းရင်း နှိုးလိုက်လေသည်။ ထိုစဉ် နှိုးလာသော ထက်လွန်းက အခန်းဝအားကြည့်နေရင်းမှ “မေမေ ဘယ်ကဖွားဖွား ရောက်နေတာလဲ ...

စကားပြောပြီး အ်ိမ်ပြန်လာတာဖြစ်တဲ့အတွက်ဘယ်လိုမှမယုံနိုင်ပေ။           “ဒီကိစ္စက နောက်ရမဲ့ကိစ္စမှမဟုတ်တာ မြသစ္စာသိရအောင်လာပြောတာ အနောက်မှာတော့ သူရဲ့အလောင်းကိုထမ်းလာနေကြပြီ” “ဒါ…ဒါဆို ကို လှမောင်ပိုးထိပြီးဆုံးတာတကယ်ပေါ့” “မြသစ္စာ မြသစ္စာ သတိထားပါအုံး” “အရီးမြ ဘာဖြစ်တာလဲ” “မြသစ္စာ အသက်မရှိတော့ဘူး” “ဘယ်လို ကျုပ်ညီမ အသက်မရှိတော့ဘူး ဟုတ်လား” ကျော်စွာတစ်ယောက်လည်း ရင်ထုမနာရင်ကွဲပက်လက်ဖြစ်သွားရသည်။ထိုအချိန်မှာပဲ… “အူဝဲ …အူဝဲ”    သေဆုံး၍ ငိုကြွေးခြင်းများထဲမှ မွေးဖွား၍ငိုကြွေးခြင်းအစပြုစွာဖြင့် လောကထဲကိုကံဆိုးမှုတွေသယ်ဆောင်လာတဲ့ကလေးလေးတစ်ယောက်အဖြစ်မွေးဖွားလာခဲ့သည်။ “ထူးဆန်းတယ် ကလေးအသက်ရှင်တယ်ကျော်စွာ  မိန်းကလေးပဲ” “ကလေးအသက်ရှင်တယ် ဟုတ်လားအရီးမြ” “ဟုတ်တယ်ကျော်စွာ ကလေးကအတော်ထူးဆန်တာ မိခင်သေပြီးမှမွေးဖွားတယ်  ခုနှစ်လနဲ့မွေးပြီးအသက်ရှင်တဲ့ကလေး ...

ဘယ်လိုမှ ခေါ်လို့ မရတော့ဘဲ သေပါရောလား” “ဟင် ဒါဆို တကယ်ပဲပေါ့” ‘သြော် ဒီကောင်လေးနှယ် ကျားကိုက်ပါတယ်ဆို၊ အပေါက်ကလေးနဲ့လား လုပ်နေရသေး။ နင်နဲ့ ဘိုးခင်သောင်းနဲ့ သိတာပဲ ။ နင် မယုံရင် ဘိုးခင်သောင်းကို ချော့မေးကြည့်ပေါ့ ။ ဒါပေမဲ့ ခင်သောင်းက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးဟဲ့ ” “ဘာဖြစ်လို့လဲဗျ” “သြော် မယ်ခကို ကြောက်လို့ပေါ့ဟဲ့ ။ မပြောရဲလို့ပေါ့” “ဒါဆို ကျုပ်ကို သူ ဘယ်ပြောလိမ့်မတုံး အမေရ ကျုပ်က အရီးမယ်ခကို ...

မစွမ်းတဲ့နွားအိုးကြီးတွေက ငါအတွက် ဘာများသုံးစားရမှာမို့လို့လဲ ….ငါအသားကိုမထိနဲ့ ဖယ်စမ်း” ကိုင်ထားတဲ့ လက်နှစ်ဘက်ကိုအတင်းရုန်းခါလိုက်လေသည်။ “ဟေ့ကောင်တွေ ဘာရပ်ကြည့်နေတာလဲဟို ကောင်မလေးကို ခေါ်ခဲ့….” “ဟုတ်…ကဲ့..သခင်ကြီး ” “မရက်စက်ကြနဲ့ မတရားမလုပ်ကြနဲ့” သူမထံ အတင်းအဓမ္မ လုယူဖို့ လုပ်နေတဲ့ လူတစ်စု ကို သူမပြန်လည် ချေပဖို့ကြိုးစားလိုက်လေသည်။ ” အဖွားကြီး ခင်ဗျားယောက်ကျားသေချင်လို့လား” လူငယ်တစ်ယောက် စားရှည်ဖြင့် မိုက်ရိုင်းခြိမ်းခြောက်မူတွေကြောင့် သူမလည်း ဟန့်တားမူတွေလည်း ရပ်ဆိုင်းလိုက်တော့သည်။ ထိုအဖြစ်ပျက်တွေကို အသက်၇ နှစ်သာရှိတဲ့ ကလေးတစ်ယောက်အတွက်တော့ဘာမှ နားမလည်ဖြစ်နေလေသည်။ သေချာတဲ့မှတ်ဥာဏ်တစ်ခုကတော့ မိခင်နှင့်ဖခင်ကိုမတရားအနိုင်ကျင့်နေတဲ့ မြင်ကွင်းကတော့ ...

အိမ်လုံးပေါ်လာသော် လည်း ထရံမကာရသေးသဖြင့် အိမ်ပေါ်မတက် ရသေးပေ။ကိုတင်လှ၏ ယောက္ခမများက မြိ့ထဲရပ်ကွက်တစ်ခုမှာနေထိုင်ကြသည်။ ကလေးနှစ်ယောက်က အဘွားအိမ် သွားလိုက်၊ အိမ်လာလိုက်နှင့် ကူးချည်သန်းချည် လုပ်နေကြသည်။ “မိန်းမရေ…နောက်နှစ်ရက်လောက်ဆို အိမ်တက်လို့ ရရင် ကောင်းမှာပဲ” “ဘာဖြစ်လို့လဲ …နေ့ကောင်းလို့လား” “ဟုတ်တယ် …လာမယ့်အင်္ဂါနေ့ နေ့ကောင်းတယ် အိမ်သစ်တက်လို့လည်းကောင်းတယ်…ထရံမရသေး လည်း တက်နေလိုက်ကြတာပေါ့ ” ညနေထမင်းစားပြီသည်နှင့် တစ်ဖက်ရပ်တဲလေး အတွင်း ကိုတင်လှ ကျောဆန့်နေသည်။ အိမ်ကို ဆောက်ပေးသော ဘကြီးထွန်းတို့ ဆရာတပည့်လည်း ထမင်းစားပြီး ပြန်သွားပြီဖြစ်သည်။ အချိန်က ခြောက်နာရီခွဲခန့်ရှိပြီး မှောင်စပျိုးနေပြီ၊ ...

လုပ်ငန်းစကြလေသည်။   လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။   ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ   အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။   သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။   ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍   စျေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို   အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ   တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း   ””’အမတို့ပစ္စည်းတွေစျေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ်”””   အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။   ””ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကစျေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—–””’   ””’ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်စျေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့””’   အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ   အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။   နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။   အရင်ကမပြေလည်သောဦးသိန်းမိန်းမတွင်ရွှေများတစ်ဝင်းဝင်းနှင့်ပြောင်ပြောင်ရောင်ရောင်ဖြစ်လာသည်။   အရပ်ထဲကကြွေးရှင်များအားလည်းကြွေးများဆပ်ကာငွေကိုဖောဖောသီသီသုံးလာသည်ဟုသိလိုက်ရသည်။   ထိုအကြောင်းကိုအမေကအဖေ့အားပြန်ပြောပြရာအဖေလဲစိတ်မကောင်းဖြစ်သွာသည်။   ဆရာတော်အသေအချာပြောထားပါရက်လုပ်ရက်လေခြင်းတွေးကာဆရာတော်အား   ...

မြင်မက်သည်။ အိပ်မက်ထဲမှ အကြောင်းအရာသည် ချက်ချင်း မသိနိုင်။ ချက်ချင်းသိနိုင်မည် ဆိုလျှင်တောင် နဖူးတွေ့ ဒူးတွေ့မတွေ့လိုပေ။ မတွေ့အောင် ကာကွယ်နိုင်စွမ်းလည်း မရှိ။ အိပ်မက်က နိုးလာချိန်မှာ ဇောချွေးများ ပြန်နေသည်။ ချွေးများကို ပုဆိုးခါးပုံစဖြင့် သုတ်လိုက်သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ဇနီးသည်ကိုလည်း နှိုးမပြောရက်။ မိုးစင်စင်လင်းသည်အထိ လုံးဝအိပ်မရတော့ပေ။ ထို့နေ့ညမှာပင် မရွှေဆယ်တစ်ယောက်လည်း အိပ်မက်မြင်မက်သည်။ အိပ်မက်မှာ ကြောက်စရာကောင်းသော်လည်း အိပ်မက်ထဲကအတိုင်း ဖြစ်လည်းဖြစ်ချင် ဖြစ်လည်းမဖြစ်ချင် စိတ်ကလွန်ဆွဲနေသည်။ ထိုအိပ်မက်ကို ခင်ပွန်းသည်အား မပြောဖြစ်ဘဲ နှုတ်ပိတ်နေလိုက်သည်။ ပြောလိုက်လျှင် မိမိကဲ့သို့ ...

ဟဲ့.ည ည်းဟိုလူနဲ့ရန်ဖြစ်.ဒီလူနဲ့..ရန်ဖြစ်.. .ည ည်းကိုည ည်း ဘာထင်နေလို့….” “အမေရယ်…သဇင်.ဘာမဟုတ်တာလုပ်နေလို့လဲ..မှန်တာပြောလို့..လူတွေမုန်းလဲ မတတ်ဘူး. ပြောစရာရှိတာပြောရမှာပဲ.” “ဟဲ့.ကိုယ်မှန်တိုင်းလဲ ပြောလို့မရဘူး..လေ ပတ်ဝန်ကျင်နဲ့နေတာ ….ငါ တို့ကအိမ်ပြောင်းလာတာ.၃လကျော်ကျော်ပဲရှိသေးတယ်…ပတ်ဝန်ကျင်ကလူတွေက…ဘယ်သူကဖြူတယ်။ ဘယ်သူကမဲတယ် ဆိုတာသေချာမသိရသေးဘူး….ဒါတွေကို ခုအချိန်ထိလိုက်သင်ပေးနေရအောင်လဲညည်းကလေးမဟုတ်တော့ဘူး….အသက်ဖြင့် .(၂၀)ကျော်နေပြီး” “ဟုတ်ပါပြီး…ဟုတ်ပါပြိး.သဇင်အမှားပဲ…..ထားလိုက်တော့”ပြောရင်းဖြင့်….သဇင်တစ်ယောက်. ကလေးတစ်ယောက်လို .စိတ်ဆိုး၊စိတ်ကောက်စွာဖြင့်အိမ်ပေါ်သို့ပြေးတတ်သွားခဲ့လေသည်။ ပြေးတတ်သွားတဲ့.သမီးလေးကိုကြည့်ပြီး. ဒေါ်ခင်မမ..စိတ်မကောင်းဖြစ်ရပြန်လေသည်။ “ခက်တော့တာပဲ…ဒီကလေးမနဲ့တော့… ငါ..မရှိတော့ရင်၊ညည်းဘယ်လိုနေမလဲ…. ဘဝကိုဘယ်လိုဖြတ်သန်းမလဲ..” လင်ယောက်ကျားဖြစ်သူက..အလိုလိုက်သမျှ… သမီးလေးဘဝတော့..ရှေ့ဆက်မတွေးဝံ့စရာပဲ.. ဘာပဲဖြစ်ဖြစ် လမ်းမှန်ရောက်အောင်ပို့ပေးရမှာ ပဲ။ ထိုသို့တွေးတောရင်…ဝယ်လာတဲ့..ဟင်းများ.ချက်ပြုတ်ကာ….ယာခင်းဘက်သို့ထွက်လာခဲ့လေသည်…..ပိုးအနည်းငယ်ကျနေတာကြောင့်. …ပိုးကျတဲ့..အပင်များ.ခုတ်လှဲသင့်တဲ့အပင်ကိုခုတ်လှဲ..ပိုးချသင့်တဲ့အပင်ကိုပိုး ချ စသည့်ဖြင့်…တနေ့ကုန်..အလုပ်ရူပ်နေလေသည်။ .အိမ်ပြန်ရောက်တော့..သမီးဖြစ်သူက.ဆီးကြိုနေတယ်။ “အမေရယ်..မိုးချုပ်လိုက်တာ” “ဟုတ်ပ..သမီးရယ်…ယာခင်းပိုးကျလို့…အဲ့တာ..လုပ်နေရတာ.နဲ့မိုးချုပ်သွားတယ်…” “ဟုတ်လားမေမေ..ဒီဲလ လဲအသီးအထွက်နူန်း ...