ကျိန်စာတိုက်ခဲ့သောမိန်းကလေး

မစွမ်းတဲ့နွားအိုးကြီးတွေက ငါအတွက် ဘာများသုံးစားရမှာမို့လို့လဲ ….ငါအသားကိုမထိနဲ့ ဖယ်စမ်း” ကိုင်ထားတဲ့ လက်နှစ်ဘက်ကိုအတင်းရုန်းခါလိုက်လေသည်။ “ဟေ့ကောင်တွေ ဘာရပ်ကြည့်နေတာလဲဟို ကောင်မလေးကို ခေါ်ခဲ့….”
“ဟုတ်…ကဲ့..သခင်ကြီး ”
“မရက်စက်ကြနဲ့ မတရားမလုပ်ကြနဲ့”
သူမထံ အတင်းအဓမ္မ လုယူဖို့ လုပ်နေတဲ့ လူတစ်စု
ကို သူမပြန်လည် ချေပဖို့ကြိုးစားလိုက်လေသည်။
” အဖွားကြီး ခင်ဗျားယောက်ကျားသေချင်လို့လား” လူငယ်တစ်ယောက် စားရှည်ဖြင့် မိုက်ရိုင်းခြိမ်းခြောက်မူတွေကြောင့် သူမလည်း ဟန့်တားမူတွေလည်း ရပ်ဆိုင်းလိုက်တော့သည်။ ထိုအဖြစ်ပျက်တွေကို အသက်၇ နှစ်သာရှိတဲ့ ကလေးတစ်ယောက်အတွက်တော့ဘာမှ နားမလည်ဖြစ်နေလေသည်။ သေချာတဲ့မှတ်ဥာဏ်တစ်ခုကတော့ မိခင်နှင့်ဖခင်ကိုမတရားအနိုင်ကျင့်နေတဲ့ မြင်ကွင်းကတော့
ဒီတစ်သက်မေ့လို့ရမယ်မထင်။

ဦးစိုင်းနော့ မှာလည်း သားနှစ်ယောက်ရှိိခဲ့လေသည်။
ဇနီးဖြစ်သူ ဆုံးပါးသွား၍ သူ့၏ဇာတ်ကြောင်းကို
ဖုံးကွယ်ထားရင် ဒီရွာလေးကို ပြောင်းရွှေ့လာကာ
ဇာတ်မြုပ်နေထိုင်းရင်း စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာလေသည်။အကြီးဆုံးသားဖြစ်သူ
စိုင်းလင်က အရမ်းမောက်မာရိုင်းစိုင်းသလောက် အငယ်ဆုံးသားဖြစ်သူ ဂျွန် ကတော့စိတ်ရင်းကောင်းနေလေသည်။

“ဂွမ်း”
အသက်အရွယ် နှင့် မလိုက်ဖက်အောင် ဆေးကျော
နေတဲ့ အိုးခွက်တစ်လုံး နော်ဟီ လက်ထဲက အမူမဲ့လွတ်ကျသွားလေသည်။ ထိုအရာကိုမြင်တော့ အသက်၁၃နှစ်အရွယ်သာရှိတဲ့ စိုင်းလင် က စိတ်ဆိုးမာန်ဆိုး ဖြင့်” ဟေ့ကောင်မနင် အဲ့လောက်တောင် နမော်နမဲ့နိုင် ရသလား” ပြောရင်း သူမ ဆံပင်များအား စောက်ဆွဲပစ်လိုက်လေသည်။နာကျင် မူကြောင့် နော်ဟီလည်း လက်အုပ်နှစ်ဖက်ချီပြီး “ကြောက်ပါတယ် သခင်လေးရယ် …နောက် မဖြစ်စေရပါဘူး အီးဟီးဟီးးး”
“အကို …မင်းမတရားအနိုင်မကျင့်ပါနဲ့ သူ့ခင်ဗျာ သနားပါတယ်”
” ဘာကွာ မင်းလို နို့နံမစင်သေးတဲ့ ကောင်ကများ အစေခံဘက်က ရပ်တည်နေရတယ်လို့
ငါ လုပ်လိုက်ရ သေအုန်းမယ်”
စိုင်းလင်နှင့် ဂျွန်နဲ့က အသက်အရွယ် လေးနှစ်ကွာခြားလေသည်။စိုင်းလင်းက သူ့အပေါ်ဆရာလုပ်ရင် မကြိုက်သလို ဂျွန်ကလည်း သူ့ရှေ့အနိုင်ကျင့်တာတွေ့ရင်လုံးဝလက်မခံပေ။ ဦးစိုင်းနော့လည်း သူ့ စိတ်မကြည်တဲ့အခါမျိုးဆိုရင် နော်ဟီကို ထမင်းလုံးဝမကျွေးပဲပစ်ထားတတ်သည်။ဒါကို သိနေတဲ့ ဂျွန်က အကိုနှင့်အဖေမသိအောင် အစားအသောက်များအားခိုးကျွေးလေ့ရ်ှိသည်။
” ဟင့် အင်း မယူပါရစေနဲ့ သခင်လေးရယ်ဦးလေးသိရင် နှိပ်စက် ကြမှာကြောက်တယ်”
“မင်း ဘာမှမကြောက်ပါ နဲ့ အဖေနဲ့ အကို မသိစေရပါဘူး” နော်ဟီ လည်း အတော်လေးဆာလောင်နေတာကြောင့် ဟန်မဆောင်နိုင်တော့ပဲအငမ်းမရ စားလိုက်လေသည်။ နှစ်တွေကြာလာသည့်နှင့်အမျှ
နော်ဟီ လည်း အရွယ်ရောက်လာလေသည်။
ပေပေတေတေ အခံစေမလေး တစ်ယောက်ဆိုပေမယ့် ရုပ်ရည် ရူပါအလွန် ချောမောလှပတဲ့
မိန်းကလေးတစ်ဦးဖြစ်လာလေသည်။
ဖြူဝင်းလှတဲ့အသားအရည်နှင့်မွေးရာပါ ရွှေဝါရောင်အဆင်းရှိတဲ့ ဆံနွယ်ရှည်တွေ ပိုင်ဆိုင်ထားပြီး၊
ကိုယ်လုံးကိုယ်ပေါက်ကလည်း သွယ်သွယ်လျလျ
လေးဖြစ်သောကြောင့် မြင်သူတိုင်းအဖို့ စိတ်ဝင်တစားကြလေသည်။ထိုအထဲမှာ သူမအလှတရားအောက်မှာ မူးယစ်နေတဲ့ စိုင်းလင်တစ်ယောက်လည်းပါဝင်နေလေသည်။အရက်မူးလာရင်လည်း တပည့်တစ်ပမ်းရဲ့ ပင့်မြှောက်မူကြောင့် အပျော်အပါးအနေနှင့်ကိုယ်ထိလက်ရောက် ကျူးလွန် ဖို့ကြိုးစား
လာလေသည်။
” ဟင် …သခင်လေးပါလား ” သူ့မ ရေချိုးပြီး၍
အဝတ်လှဲနေရာသို့ ရောက်လာတဲ့ စိုင်းလင် ကြောင့်
နော်ဟီ အရမ်းထိတ်လန့် တုန်လူပ်သွားသည်။

” မအော်နဲ့ …အော်ရင် သတ်ပစ်မယ် နင်ကို
ဟားးးးးဟားးးးး”မျက်နှာက အဆီမဝင်းဝင်းနဲ့
ရမ္မက်စိတ်တွေ့နှင့် တိုးကပ်လာတဲ့ စိုင်းလင် ကို
ကြည့်ပြီး နော်ဟီ ပို၍တုန်လူပ်သွားစေသည်။
” နော်ဟီ တောင်းပန်ပါတယ် သခင်လေးရယ်
ပြန်ပါတော့နော် ဦးလေးသိရင်နော်ဟီ ကို
သတ်လိမ့်မယ်…”
“မသိစေရပါဘူးကွာ ခဏလေးပဲ ငါအတွက် ပျော်တော်ဆက် မယားလုပ်ပေးယုံပဲ နင်ဘဝ ကောင်း
စားဖို့ပြောတာပါ ….”အခြေအနေလွန်စွာ ကွာခြား
နေတာကြောင့် ကျားရှေ့ သမင် ရောက်သွားလေသလားမသိ သူမ၏အပျိုစင် ဂုဏ်သိက္ခာ အား
ထိုး ကျွေးရတော့မည် အခြေအနေတစ်ခု
ဆိုက်ရောက်လာခဲ့တဲ့အချိန်……
“ဝှစ် ”
“ခွပ်”
“အား”အလျှင်အမြန်ရောက်လာတဲ့ လက်သီးတစ်ချက်ကြောင့် စိုင်းခင် အားခနဲ့ အော်လိုက်ပြီး အရက်အရှိိန်ကြောင့် မြေပြင်ပေါ် လှဲကြသွားလေသည်။
“ဟင် သခင်လေး ဂျွန် ”
ဂျွန်ထံ အားကိုးတကြီး နဲ့ နော်ဟီ ပြေးသွားလေသည်။”မင်း တော်တော်ယုတ်မာတဲ့ ကောင်ပါလား
ဒီ ကိစ္စ အဖေသိရင် မင်းတော့ မလွယ်ဘူးမှတ်”
ဖခင်ဖြစ်သူ ဦးစိုင်းနော့သည်လူစိတ်သာမရှိတာ
နော်ဟီအပေါ်ကြတော့ ကိုယ်ထိလက်ရောက်
ကျူးလွန်စော်ကား ခြင်းကို တားမြစ်ထားလေသည်။
“မင်း…မင်းး… ဘာမဟုတ်တဲ့ ကောင်မကြောင့်
ငါကိုထိုးတယ်ပေါ့ ဟုတ်လား” စိုင်းလင် လှဲကျနေရာ
က ထလိုက်သည်။ ” ညီအကိုချင်းမို့ ငါသည်းခံ
နေတာနော် မင်းတွေ့အုန်းမယ် ငါအကြောင်း” ဒေါသတွေ အလိတ်လိုက်ထွက်လာသော်လည်း ဒီကိစ္စ လူသိခံလို့မဖြစ်တာကြောင့် စိုင်းလင် အသာတကြည်
ရှောင်ထွက်သွားလေသည်။ ဒီလိုအဖြစ်အပျက်တွေ
ကြောင့် ဂျွန်လည်း သူမကို ပို၍ စိတ််မချဖြစ်နေမိတယ်။ ငယ်ရွယ်စဥ်ကတည်းက သူမကို စိတ်ဝင်စား
ခဲ့တဲ့ ဂျွန်လည်း သူ့ရင်ဘက်ထဲမှာ သိမ်းဝှက်ထားတဲ့ အချစ်တွေကို ထုတ်ဖော်ပြရင် ချစ်သူဘဝသို့ရောက်လာခဲ့လေသည်။ တစ်ဦးနှင့်တစ်ဦး
သံယောဇဉ် တွေကလည်း လိုတာထက်ပို၍ ငြိစွန်
သွားလေတော်၏။

ထိုအဖြစ်အပျက်တွေ သိသွားတဲ့ ဦစိုင်းနော်လည်း
ဒေါသပုန်းထသွားလေသည်။
” အဲ့ ကောင်မကိုဆုံးမ ကြစမ်း…”
“ဟုတ်…ဟုတ် သခင်ကြီး ” တပည့်ဖြစ်သူ နှစ်ယောက်က တိုင်မှာချည်နှောင်ထားတဲ့ နော်ဟီအား အမျိုးမျိုး ထိုးနှဲ့နှိပ်စက်ကြလေသည်။ ပါးစပ် မှာ ပိတ်စို့ထားတဲ့ မဝတ်စကြောင့် နာကြင်မူတွေရဲ့ ဝေဒနာတွေသူမ အလူးအလိမ့် ကျိတ်မှိတ်ခံစား
နေရလေသည်။ ထိုအကြောင်းတွေ သိရတော့ ဂျွန်
လည်း နော်ဟီ ကို အစွမ်းကုန်ကယ်ထုတ်ပြီး
တောထဲတစ်နေရာသို့ ထွက်ပြေးတိမ်ရှောင်သွား
ကြလေသည်။

“ဦးစိုင်နော့ မင်းဒီကိစ္စ ဘယ်လိုတာဝန်ယူ ဖြေရှင်းမလဲကွ…ခု ငါသမီးနဲ့ မင်းသားနဲ့က လူသိရှင်ကြား
ဖြစ်သွားပြီး ”

“ဒါက ဒီလိုရှိပါတယ် ဦမောက်ယင် ကျွန်ပ် သားအငယ်ကောင်က စုန်း ပြုစားခံလိုက်ရတာပါ”

“ဘာ….ဘယ်လို ရှင်းအောင်ပြော” ရွာအကြီးအကဲ
ဖြစ်သူ ဦးမောက်ယင် နာမလည်းစွာဖြင့် မေးလိုက်
လိုက်လေသည်။

“ကျွန်ပ်ဆီမှာ အစေခံ ခန့်ထားတဲ့ အမျိုးအမီး
တစ်ယောက်က ဝမ်းတွင်းစုန်း ပညာသည်တစ်ယောက်
ပါ ။ ကျွန်ပ်သားကို ကဝေအတတ်ပညာဖြင့် ပြုစား
ထားလို့ သူအခုလိုမျိုး လုပ်ရပ်တွေကြုံတွေ့နေတာပါ”

” ဝမ်းတွင်းစုန်းဟုတ် လား..စိုင်း.နော့…ငါ ဒီလောက်
တားမြစ်ရက်နဲ့ ကွာ၊ငါ ရွာကောင်းကျိုးအတွက်
ဒီစုန်းမကို ငါ အရှင်လတ်လတ်လိုချင်တယ်
သားသမီးကိစ္စကို တော့ နောက်ပိုင်း စဥ်းစားထား
ကြတာပေါ့”ဦးစိုင်းနောင့် အကောက်ကြံ ကုန်းချော
စကားကို ရွာသူကြီး ရိပ်မိဟန်မပေါ် “အခုလို နားလည်ပေးတဲ့ အတွက်လည်းအများကြီး ကျေးဇူးတင်ပါတယ် ကျွန်ပ်ခွင့်ပြုပါအုန်း…”
ရင်ဘက်ထဲက အလုံးကြီးကျသွား၍ စိတ်အေး
လက်အေးပြန်လာခဲ့သောလည်း ရင်ထဲမှာ
ကျန်နေသေးတဲ့ သောကမီးတွေကတော့ ငြိမ်းသက်
မသွားသေးပါ။
…………………………………………………………………..
၆လခန့်အကြာတွင်တောထဲ တစ်နေမှာ ကျင်လည်နေကြတဲ့ ဂျွန်တို့ဇနီးမောင်နှံ ကို တွေ့သွားကြတဲ့ ရွာသား၂ယောက်က ဦးစိုင်းနော့ကို ချက်ချင်းသတင်းပို့လိုက်ကြသည်။ ချက်ချင်းဆိုသလို ဦးစိုင်း‌‌နော့်က သားကြီးဖြစ်သူ စိုင်းလင်ကို ဦးဆောင်ခိုင်းပြီးလူအင်အားသုံး၍ စေလွှတ်လိုက်လေသည်။

“လိုက်ကြဟေ့ လိုက်ကြ ..”အနောက်က လူတစ်စု
အော်သံတချို့ကြောင့် ဂျွန်လည်း နော်ဟီလက်ကို
ဆွဲကာ ထွက်ပြေးလိုက်လေသည်။ သူ့တို့ဇနီးမောင်
နှံအနောက်က လူအုပ်ကြီးကလည်း ထက်ကြပ်
မကွာ လိုက်လာကြလေသည်။” အကို မရတော့
နော်ဟီ ကို တစ်ယောက်တည်း ထားခဲ့ပါတော့ ” ကိုယ်ဝန်အရင့်အမာကြီးမို့သူမ ဆက်ပြေးနိုင်စွမ်း
မရှိတော့ဘူးမို့ ခင်ပွန်းဖြစ်သူအတွက်အား ထိုသို့
ပြောလိုက်ရာ” နော် ရယ် ဘယ်လိုပြောရက်လိုက်တာလဲကွာအားတင်းထားစမ်းပါ ၊ ကိုယ်သေတဲ့အထိ နော် ကို စောင့်ရှောက်သွားမယ် ကိုယ်ရင်သွေးလေး လူလောက ရောက်ဖို့အတွက် နော်အသက်ရှင်မှ
ဖြစ်မယ်၊ ကိုယ်ကို ကတိပေးနေလားနော် ”
အကိုရယ် ဘာလို့ အဲ့လောက်ထိ ခေါင်းမာနေရတာလဲ ။ သူမလည်းမွေးဖွားဖို့ လအနည်းသာ လိုတော့တာမို့ ဗိုက်လေးကို အသာပွတ်လိုက်ပြီးဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချလိုက်သည်။ “အကို ရင်သွေးလေး
အတွက် နော်ဟီ အသက်ရှင်နေထိုင်ပါမယ်လို့
ကတိပေးပါတယ် ” ပါးပြင်က တလိမ့်လိမ့်
စီးဆင်းလာတဲ့မျက်ရည်တွေနှင့် ဂျွန်ကို သမင်လည်
ပြန်ကြည့်လိုက်ပြီး သူမလည်း ဆက်ပြေးဖို့ အစွမ်းကုန်
ကြိုးစားနေလေသည််။မျိုးရိုး အဆင့်အတိုင်း မတူညီကြတဲ့ အကိုနဲ့ နော်ဟီနဲ့ဟာ၊ ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာ မိုးနတ်မင်း ကလွဲ၍ မည်သူမှ ကြိုသိမည်မဟုတ်ပါလား။

“အညံ ခံလိုက်လိုက်စမ်းပါ ငါညီရာ..”
“ထွီး”
“မင်းလိုမျိုးကောင်မျိုးနဲ့ ညီအကိုအရင်းဖြစ်ရတာ
ငါ ရင်နာတယ်ကွ.. မင်းသတိရှိိရင် မင်းတစ်ယောက်
တည်းလာခဲ့စမ်းပါ ….”
ညီဖြစ်သူ ဂျွန်ရဲ့ စိန်ခေါ်သံတွေကြားရတော့
စိုင်းလင် မျက်မှောက်ကြုတ်လိုက်လေသည်။ မခံ
ချင်စိတ်တွေနှင့်ရှေ့ထွက်လားပြီး ” ဒီလောက် လေကြီးတဲ့အကောင် သေပေတော့” အလျင်အမြန်
ပြေးထိုးလိုက်တဲ့ လက်သီးကို ဂျွန် အသာလေး
တိမ်းရှောင်လိုက်ပြီး ညာလက်သီးနှင့် အကိုဖြစ်သူ
အား ထိုးကျွေးလိုက်သည်။
“ဝှစ် ”
“ခွတ်”
“ဘုတ်”
” အ မလေး သေပါပြီး..”မြေပေါ် လှဲကြသွားတဲ့
စိုင်းလင် ပို၍ ဒေါသဖြစ်မိလိုက်သည်။ ” ဟေ့ကောင်
တွေ ဘာရပ်ကြည့်နေတာလဲ လူစုခဲ့ပြီး ဟိုကောင်မ
ကို ရှာကြ ကျန်တဲ့ကောင်တွေ ဒီကောင်ကို ဝိုင်း
ဆုံးမကြ” စိုင်းလင် အမိန့်ပေးသံနှင့် တပြိုင်တည်း
ပါလာကြတဲ့ လူတချို့ကလည်းနော်ဟီ အနောက်
အားပြေးလိုက်ကြလေသည်။ကျန်ရစ်ခဲ့တဲ့ လူတွေကလည်း ဂျွန် ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြလေသည်။
ထိုအရာကို မြင်တော့ ဂျွန် တစ်ယောက်
နော်ဟီ အား စိတ်ပူသွားလေသည်။ ” ချကွာ ” လူတစ်ယောက် စကားသံနှင့်အတူ ပြေးဝင်လာကြတဲ့ လူ၅ယောက်က ဂျွန်ကို အပြင်းအထန် တိုက်ခိုက်
ကြလေသည်။ အင်းအားချင်မမျှ၍ ဂျွန် လည်း
ဒဏ်ရာဒဏ်ချက်တွေဖြစ် မြေပေါ်လှဲကျသွားလေသည်။ ထိုအချိန်ကိုအခွင့်ကောင်းယူလိုက်တဲ့
စိုင်းလင်က တပည့်ဖြစ်သူထံက ဓားရှည်ကို ဆွဲယူ
လိုက်ပြီး ” မင်းတို့နှစ်ယောက် နောက်ဘဝရောက်
မှ ပေါင်းဖက်နိုင်ပါစေကွာ ” ဂျွန် အသားထဲ
ထိုးဝင်လာတဲ့ ဓားကြောင့် ဂျွန် အားခနဲ အော်လိုက်
လေပြီး အကိုဖြစ်သူကို နားမလည်ဟန်ဖြင့်ကြည့်
လိုက်လေသည်။
” မင်း….တော်တော် လူမဆန်တဲ့အကောင် မင်းကို
အဖေခွင့်လွတ်မှာမဟုတ်ဘူး…”
“ဟားးဟားးးဟားး မင်းတစ်ကယ်ပဲ မသိခဲ့တာလဲ
ဂျွန်ရယ်..မင်းနဲ့ ငါနဲ့က ညီကိုရင်းတွေမှ မဟုတ်ခဲ့တာ
ကွာ၊ ငါအဖေဦးစိုင်းနော့်နဲ့ မင်းအဖေ ဦးဒိုးနော့်တို့
က ညီအကိုရင်းတွေပေါ့ကွာ မင်းအဖေရဲ့စည်းစိမ်
ဥစ္စာတွေကိုမက်တဲ့ ငါအဖေက မင်းအဖေနဲ့အမေကို
အဆိပ်ခပ်ပြီး သတ်လိုက်တာကွာ၊ အခု,မင်း,အလှည့်
ပဲ ဂျွန် ဟားဟားဟား” စိုင်းလင်သဘောကျရယ်မောလိုက်သည်။

” တော်..တော်ယုတ်မာတဲ့ သားအဖတွေ ”

ဂျွန် ဓားဒဏ်ရာတွေဖြင့် ထဖို့ဟန်ပြင်နေအခိုက် ရင်ဝ
တည့်တည့်ကို ထိုးသွင်းလိုက်တဲ့ ဓားကြောင့် ဂျွန်ပါးစပ်ထဲကသွေးတွေ ဒလောဟောစီးကျလာလေပြီး ဂျွန် လည်းမှောက်ခုံလှဲကျသွားပြီးအရာအားလုံး အမှောင်အတိဖြစ်သွားလေတော့သည်။

“အား …သေပါပြီး”

ပြေးရင်လွှာရင်း တစ်စုံတစ်ခုဝင်တိုက်မိတဲ့ နော်ဟီတစ်ယောက်မှောက်လျက်လှဲကြသွားပြီးခြေထောက်ကနာကျင်မူဒဏ်ကြောင့် သွေးများထွက်လေပြီး
တိုးတီးလေး ငြီးးးမိလိုက်တယ်။ စိတ်ထဲမှာအလိုလို ဂျွန်ကိုစိတ်ပူနေမိသွားသည်။”အကိုဘာမှ မဖြစ်ပါစေနဲ့ မိုးနတ်မင်း စောင့်ရှောက်ပါ ”
“ဟာ….ဟိုမှာ တွေ့ပြီးဟေ့…”အသံတစ်ခုကြောင့်
နော်ဟီလည်း လှဲကျနေရာကနေ ထဖို့ကြိုးစား
သောလည်း ခြေထောက်က ဒဏ်ရာကြောင့်
သူမအား အလွည်တကူ ဖမ်းမိသွားကြလေသည်။
…………………………………………………………………….

“ဒိီကောင်မလေးက စုန်းမတဲ့ လား ”
” ကြည့်စမ်းပါအုန်း ငယ်ငယ်ရွယ်ရွယ်လေး
နဲ့ ကွာ သနားပါတယ်..”
“ဘာသနားစရာလိုလဲ သူ့မပြစ်နဲ့ သူ့ပေါ့ မစား
ကောင်းတဲ့ အသီးကိုမှ သွားစားမိတာလေ”
“ဟုတ်ပါရဲ့ …ဒီရွာမှာ သူရှိနေရင် ရွာနာတယ်
အမြန်ဆုံးသတ်ပစ်ကြ…” လူတစ်စုရဲ့ ဝေဖန်သံတွေ
ကြားက…

” ရွမ်း ”
” ရွမ်း”

လက်ဝါးကပ်တိုင် မှာ ကြိုးဖြင့် ချည်နှောင်ထားတဲ့
နော်ဟီအား စိုင်းလင် မကျေနပ်ချက်များစွာဖြင့်
တိရစ္ဆာန်တစ်ကောင်လို ကြာပွတ်ဖြစ် အဆက်မပြက် ရိုက်နှဲနေလေသည်။
“မလုပ်ပါနဲ့ သခင်လေးရယ် နာလှချည်းရဲ့….
နော်ဟီ စုန်းမ မဟုတ်ပါရပါဘူး၊ ဘာပညာမှာလည်း
နော်ဟီ မတတ်ပါဘူး…နော်ဟီ ရင်သွေးလေးမွေးတဲ့အထိ စောင့်ဆိုင်ပေးကြပါ အဟီးဟီး…”
သူမ ငိုကြွေးရင်း အကူညီတောင်းဆိုသံတွေကို လူတစ်စုက မျက်ကွယ်ပြု ထားကြလေသည်။

“သနားရမယ်ဟုတ်လားးနင်ကြောင့် ငါညီလည်းသေခဲ့ရပြီး နင်ကို ခွင့်မလွှတ်ဘူး” ပြောပြောဆိုဆိုနဲ့
ကြာပွတ်နှင့်ရိုက်မယ့်အလုပ် အနောက်က ဦးမောက်ယင် နှင့် ဦးစိုင်းနော့တို့ရောက်လာလေသည်။

” တော်လောက်ပြီး စိုင်းလင် မထူးလည်း သူ့
အပြစ်ကို ဆေးကျောပေးရမှာပဲ ဒီလောက်နဲ့
ကျေနပ်လိုက်ကြပါ၊ သူကို ရေကန်ဆီ ခေါ်လာခဲ့ကြ”
ရွာသူကြီးဖြစ်သူ ဦးမောက်ယင် အမိန့်စကားကြောင့်
ဦးစိုင်းနော့မျက်နှာ ဝင်ခနဲဖြစ်သွားလေသည်။
ဦးစိုင်းနော့ တပည့်များကိုလည်း သူမအားလက်ဝါးကပ်တိုင် က ကြိုးများကို ဖြေလိုက်ပြီး
ရေကန်ကြီးဆီသို့ တရွတ်တိုက် ဆွဲခေါ် သွားကြလေသည်။ Ldohoရေကန်ကြီးနားက နတ်ကွင်း ရှေ့မှာ ဒူးတုပ် ထိုင်ခိုင်းလိုက်သည်။ နော်ဟီ လည်း အံ့တင်း
တင်းကျိတ်လိုက်ပြီး နတ်ကွင်းရှေ့အား ဤသို့ပြောဆိုလိုက်သည်။

” အို…တေဇိုး နတ်မင်းကြီး နော်ဟီ သည် စုန်းကဝေတစ်ယောက်မဟုတ်ခဲ့ပါ၊ နော်ဟီ အပေါ် မဟုတ်
မဟတ်တွေစွတ်စွဲနေတဲ့အပေါ် ဤရွာကို ဒဏ်ခတ်
ပေးပါ။ အခုလည်း အရမ်းချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဂျွန်
လည်း ဆုံးရူံးခဲ့ရသလို။ ဘာမှ မသိသေးတဲ့
ဟောဒီဗိုက်ထဲကကလေးတစ်ယောက်ကိုလည်း
ရူံးဆုံးရတော့မှာမယ်၊ ဤသစ္စာစကား မှန်ကန်မူကြောင့် ဤရွာမှာရှိိတဲ့ ကလေးတွေလည်းဟောဒီရေကန်မှာပဲ အဆုံးသတ်ပါပါစေ၊ ဤရွာကြီးလည်း အစားငတ်မွတ်ခေါင်းပါးတဲ့ ကပ်ကြီးဆိုက်မြိုက်လာခဲ့ရင်လည်း ဤရေသည် ဆားငံရည်သကဲ့သို့သောက်မရပါစေနဲ့ “ဟု
ကျိန်ဆိုခဲ့လေသည်။နော်ဟီ ကျိန်စာစကားကြားလိုက်ရတဲ့ တပြိုင်တည်း အားလုံးသောသူတွေလည်း ထိတ်လန့် တူန်လူပ် ကုန်ကြလေတော့သည်။
နော်ဟီသည် ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ ကျိန်ဆိုခဲ့သည်ဆိုတာတော့ နော်ဟီ တစ်ယောက်ကလွှဲ မည်သူမှသိဟန်မပေါ်ပေ။
နော်ဟီ ကျိန်စာကပဲ တစ်ကယ်အသက်ဝင်ခဲ့သလားမသိ
နော်ဟီ သေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဦးစိုင်း‌နော့ ဥစ္စာစည်းစိမ်တွေ မီးထဲပါသွားသလို
သားဖြစ်သူ စိုင်းလင်လည်း မီးထဲပါသွားလေသည်။
ထိုအကြောင်းတွေ သိရတော့ ဦးစိုင်းနော့တစ်ယောက်အရူးတစ်ယောက်ဖြစ်သွားရှာလေသည်။
လအနည်းငယ်ကြာလာသည့်နောက်ပိုင်းမှာတော့
ထိုရွာလေသည် မိုးခေါင်ရေခြားပါမူ ကြုံရလေပြီး။
တဖြေးဖြေး နှင့် မိုးခေါင်ရေရှားမူဒဏ်ကြောင့် အစားရေစာပြက်ကုန်ကြပြီး အချင်းချင်းတွေ
လည်း သတ်ဖြတ်စားသောက်လာကြတဲ့ အခြေ
အနေတစ်ခု ဆိုက်ရောက်လာခဲ့လေသည်။
အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း ထိုအဖြစ်
အပျက်တွေကြောင့် သူ့တို့လို မခံစားစေလိုတဲ့စိတ်နဲ့
ပဲ ခေါ်ဆောင်လာခဲ့ကြတဲ့ မိမိကလေးတွေနှင့်အတူ
ရင်နာနာနှင့်ပဲရေကန်ထဲမှာပဲ စတေးလိုက်ကြလေသည်။ မိခင်တ‌စ်ယောက်ရဲ့ သောကဆိုတဲ့မီးဟာ ကိုယ်အပေါ် လောင်းကျွမ်းနေတော့မှ နော်ဟီဆိုတဲ့ မိန်းကလေးအပေါ်
စာနာနားလည်းသွားကြတော့သည်။
ထိုရွာကြီးလည်း တစစီ ပျက်သုန်း သွာခဲ့ပြီး
Ldahoရေကန်ကြီးထဲက နောဟီအပါအဝင် အမျိုးသမီးတွေနှင့် ကလေးငယ်တွေရဲ့ ငိုကြွေးသံတွေလည်း
ခြောက်ခြားဖွယ်ကောင်းလှအောင် ဆူညံသွားလေတော့သည်။

လိုအပ်တာရှိခဲ့ရင် ဝေဖန်အကြံပြုနိုင်ပါတယ်။

စာပေချစ်မြတ်နိုးသူအားလုံး လေးစားလျက်…..

စာရေးသူ- အလင်းရောင်